← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 12 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 12 Ch. 107-108

အခန်း (၁၀၇)

သတ်ဖြတ်ခြင်းဓားအမှတ်အသားနှင့် ပြန်လည်မွေးဖွာခြင်းအမှတ်အသား

စနစ်၏အသံ စိတ်ထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။

အသံက ပုံမှန်ဖြစ်သော်လည်း ဤအချိန်မှာ မိုးခြိမ်းသံကဲ့သို့ မုန့်ချန်ချင်းကို အံ့အားသင့်သွားစေခဲ့သည်။

သူကြားလိုက်တာကို နတ်ဘုရားတွေသာသိမည်ဖြစ်သည်။

ဓားရည်ရွယ်ချက်... သန္ဓေသားပုံစံ?...

မုန့်ချန်ချင်းမျက်ခွံတွေကျုံ့သွားပြီး မျက်လုံးထဲ၌ အံ့အားသင့်မှုတွေ ပြသလာခဲ့သည်။

လက်နှစ်ဖက်လုံးလည်း မနေနိုင်ပဲ တင်းကြပ်သွား၏။

အကြီးအကဲရှေ့မှာရပ်နေလို့သာမဟုတ်လျှင် မျက်နှာအမူအရာကို ထိန်းထားနိုင်မည်တောင်မဟုတ်ပေ။

စိတ်ထဲမှာတော့ အတော်လေး စိတ်လှုပ်ရှားနေပြီဖြစ်သည်။

သူက အကြီးအကဲဆီမှ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကိုသာ လိုချင်ခဲ့ပေမယ့် မမျှော်လင့်ပဲ အပိုဆောင်းဆုလဒ်ပါရရှိခဲ့သည်။

ထို့ပြင် ရရှိခဲ့သည့်အပိုဆောင်းဆုလဒ်ကလည်း ဓားရည်ရွယ်သန္ဓေသားပုံစံဖြစ်၏။

ဤအရာကို ဓားကျင့်ကြံသူဘယ်လောက်များများ အိမ်မက်မက်နေသနည်း။

သူ့ရှေ့ရှိ ပုန်းကွယ်ထားသည့်အကြီးအကဲတောင် ဓားချီသာနားလည်ထားပြီး ယခုချိန်ထိ စစ်မှန်သည့်ရည်ရွယ်ချက်နယ်ပယ်ကို မတက်လှမ်းနိုင်သေးပေ။

ထိုအရာ ဘယ်လောက်ခက်ခဲလည်းဆိုတာ စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။

သူက အသက်ပြင်းပြင်းရူလိုက်၏။

မုန့်ချန်ချင်း စိတ်ထဲမှာလိမ့်တက်လာသည့်လှိုင်းတွေကိုဖိနှိပ်ပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သူက ခုချက်ချင်းပြန်ပြီး ရရှိတာတွေကို စုပ်ယူချင်နေပြီဖြစ်သည်။

"အရမ်းကြီးစိတ်မလှုပ်ရှားပါးနဲ့, ဒီလူအိုကြီးက အစောက်အရှောက်အကြီးအကဲတစ်ယောက်ပါပဲ..."

မုန့်ချန်ချင်း၏ အတော်လေးစိတ်လှုပ်ရှားနေသည့်အမူအရာကိုမြင်တော့ ယွင်ပုကျွယ်ပြုံးပြီး ပြောလိုက်သည်။

"မင်းငါ့ကို စီနီယာအကို ဒါမှမဟုတ် မိတ်ဆွေလို့ခေါ်လို့ ဘာအကျိုးကျေးဇူးမှရှိမှာမဟုတ်ဘူး... ရှိခဲ့ရင်တောင် ယူဖို့ မင်းမှာခွန်အားရှိမှရမှာ..."

မုန့်ချန်ချင်း ချက်ချင်း ဆွံ့အသွားပြီး "အကြီးအကဲ မင်းနာလည်မှုလွဲနေပြီဟု" သူ တကယ်ပြောချင်၏။

"ဒါနဲ့ စကားမစပ်, မင်းက သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို စဦးအဆင့်ထိ လေ့ကျင့်ပြီးပြီဆိုတော့ ဓားသိုင်းရဲ့အခြေခံကို နားလည်သွားပြီလို့ ဆိုလို့ရတယ်... ရှေ့ဆက်သွားချင်ရင် မင်းက ရှင်သန်ခြင်းနဲ့ သေခြင်းချီကို အများအပြားလိုအပ်လိမ့်မယ်..."

"အပြင်မှာလည်း မင်းသတ်ဖို့ နတ်ဆိုးကျင့်ကြံသူအများကြီးမရှိသလို မဆင်မခြင်လည်း လူသတ်မှုတွေ ကျူးလွန်လို့မရဘူး..."

ယွင်ပုကျွယ် ပြောလိုက်သည်။

မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွား၏။

ဤအရာက အမှန်တရားဖြစ်ပြီး သူစိုးရိမ်သည့်အရာလည်းဖြစ်သည်။

အဆုံးမှာတော့ ဤဖြစ်စဥ်မရှိပဲနှင့် အနာဂတ်သူ၏ဓားသိုင်းကျွမ်းကျင်မှုကို ရှင်းပြဖို့ခက်မည်ဖြစ်သည်။

ထို့ပြင် နောက်ပိုင်းပေါင်းစပ်သည့်အခါ ကျွမ်းကျင်အဆင့်အောင်မြင်မှုကို ရရှိမည်ဖြစ်သည်။

"ဒါကြောင့်, အပြစ်ပေးတောင်ထိပ်ကို သွား..."

"အဲ့မှာ နတ်ဆိုးကျင့်ကြံသူတွေကို ဖမ်းဆီးထားတဲ့ ကောင်းကင်အကျဥ်းထောင်နဲ့ မြေကမ္ဘာအကျဥ်းထောင်ရှိတယ်...."

"သူတို့ရဲ့ ရှင်သန်ခြင်းနဲ့ သေခြင်းချီတွေက အရမ်းသန်မာတယ်..."

"မင်းမှာသာ ယုံကြည်ချက်ရှိရင် သွားသတ်လို့ရတယ်... အစောက်အရှောက်နဲ့တွေ့ရင် ငါ့နာမည်သာပြောလိုက်..."

"ငါ့နာမည်က ယွင်ပုကျွယ်..."

ယွင်ပုကျွယ် မုတ်ဆိတ်ဖြူကို အသာအယာပွတ်ပြီး ဤနာမည်က သူ့အား အတိတ်က မှတ်ဉာဏ်အချို့ကို သတိရသွားစေသလိုပင်။

"ကောင်းပါပြီ, ကျေးဇူးတင်ပါတယ်, အကြီးအကဲ...."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။

နာမည််အတွက်တော့ သူက ဇယားမှ သိပြီးဖြစ်သည်။

"ဒါဆို ကျွန်တော်သွားလိုက်ပါအုန်းမယ်... ကျွန်တော်ပြန်ပြီး စဥ်းစားဖို့လိုတယ်..."

မုန့်ချန်ချင်း လက်ချင်းယှက်ပြောလိုက်သည်။

ထို့နောက် ဓားအလင်းတန်းအဖြစ်ပြောင်းကာ အလျှင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

"ဒီကလေး, ပေါ်လာတဲ့အချိန်တိုင်း လူကို အံ့အားသင့်စေတယ်..."

ယွင်ပုကျွယ် အကြည့်ပြန်ရုတ်ပြီး မြေပေါ်ရှိအကြီးအကဲခေါင်းကိုကြည့်ကာ မနေနိုင်ပဲ ခေါင်းညိတ်လိုက်၏။

အစောပိုင်းပြောခဲ့သလိုပင်, နယ်ပယ်ကြီးတစ်ခု ကျော်တိုက်ဖို့က လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

သူတောင် မလုပ်နိုင်ပေ။

ထို့ပြင် တောင်ထိပ်အသီးသီးရှိပါရမီရှင်တွေလည်း အများဆုံးမှ သရေသာ တိုက်နိုင်မည်ဖြစ်သည်။

သတ်ချင်လျှင်တော့ အတော်လေးခက်ခဲ၏။

စစ်မှန်ချီနှင့် စစ်မှန်အနှစ်သာရကြားရှိကွာခြားချက်က တကယ်ကို ကြီးမားသည့်တောင်ကြီးတစ်လုံးကဲ့သို့ဖြစ်၏။

"ဒါပေမယ့်လည်း ဒီလိုလုပ်နိုင်မှပဲ အဲ့ဒီလူရဲ့ အသိအမှတ်ပြုမှုကို ရနိုင်မှာ..."

"အတိတ်နဲ့လက်ရှိရဲ့ ပါရမီရှင်တွေကို ကံတရားမပါပဲ အောင်မြင်နိုင်မှာမဟုတ်ဘူး..."

"အထွတ်အထိပ်ဖြစ်ရာလမ်းက ပိုလို့တောင်ခက်ခဲသေးတယ်..."

ယွင်ပုကျွယ် ရေရွတ်လိုက်၏။

....

စိတ်ဝိညာဥ်တောင်ထိပ်ပြန်ရောက်သည့်အခါ မုန့်ချန်ချင်း အလျှင်အမြန်ပဲ အဆောက်အဦးထဲ ဝင်ရောက်သွားခဲ့သည်။

အထဲရောက်တော့ ခြေချိတ်ထိုင်ကာ အသက်ပြင်းပြင်းရူပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။

ထို့နောက် အချက်အလက်ဇယားကို ဆင့်ခေါ်လိုက်သည်။

[ပိုင်ရှင်- မုန့်ချန်ချင်း]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၇]

[အမြစ်ရိုး- အဆင့် ၂]

[နားလည်နိုင်စွမ်း- သာလွန်]

[ပါရမီစွမ်းရည်- စိတ်ဝိညာဥ်မျက်လုံး၊ ကျွမ်းကျင်လက်၊...]

[သွေးမျိုးဆက်- ကျောက်တုံးလူသားသွေးမျိုးဆက်၊ အစွမ်းထက်နတ်ဆိုးမျောက်ဝံ]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ ကောင်းကင်တိမ်လွာနဂါးခြေလှမ်း(စဦးအဆင့်)၊ လင်းလုံမဟာကြော့ကွင်းကောင်း (အဆင့် ၅)၊ ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ် (အဆင့် ၅)၊...]

[မပေါင်းစပ်ရသေးသည့်စွမ်းရည်- မရှိ]

[အပိုဆောင်းဆုလဒ်- စွမ်းရည်ရွေးချယ်ခြင်းကဒ် ၁ ကဒ်၊ မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်၊ ဓားရည်ရွယ်ချက်သန္ဓေသား]

နောက်ဆုံးအပိုင်းကိုမြင်သည့်အခါ, အထူးသဖြင့် နောက်ဆုံးစကားလုံးသုံးလုံးကိုမြင်သည့်အခါ မုန့်ချန်ချင်း နှလုံးသားထဲ နောက်တစ်ကြိမ် လှိုင်းထန်လာခဲ့သည်။

ဤအရာက သူမဖိနှိပ်နိုင်သည့်အရာဖြစ်သည်။

အဆုံးမှာတော့ ၎င်းမှာ ဓားရည်ရွယ်ချက်ဖြစ်သည်။

သိုင်းပညာ၏ဒဏ္ဍာရီလာအနှစ်သာရ၊ သမိုင်းတစ်လျှောက်မရေမတွက်နိုင်သည့်သိုင်းပညာရှင်တွေ လိုက်စားနေသည့် အမြင့်ဆုံးနယ်ပယ်ဖြစ်သည်။

၎င်းမှာ ဓားသန္ဓေသားပုံစံလေးတစ်ခုဆိုလျှင်တောင် အစစ်အမှန်ရည်ရွယ်ချက်၏တံခါးဝကို ကျော်ဖြတ်လိုက်ခြင်းဖြစ်သည်။

"ဓားရည်ရွယ်ချက်သန္ဓေသားကိုပေါင်းစပ်လိုက်ရင် ငါ့ခွန်အား ဘယ်လောက်တောင်တိုးလာမလဲမသိဘူး..."

မုန့်ချန်ချင်း စိတ်ထဲမှာ တွေးလိုက်သည်။

ဓားချီ၏တိုးမြှင့်မှုကကို သူ့ခွန်အားကို ၁၀ ဆ ကျော် တိုးသွားစေ၏။

ထိုသို့ဆိုလျှင် ဓားရည်ရွယ်ချက်ဆိုလျှင် ဘယ်လောက်တောင်ဖြစ်မည်နည်း။

ထို့ပြင် ဓားရည်ရွယ်ချက်၏တိုးမြှင့်မှုမှာ မရိုးစင်းပေ။ ၎င်းမှာ ပိုနက်နဲသည့်အရာတွေတောင် ပါဝင်နေပုံရပြီး အတိအကျဘာလဲဆိုတာတော့ သူလည်းမသိပေ။

ယခင်ဖတ်ဖူးသည့်ရှေးဟောင်းစာအုပ်တွေထဲ၌လည်း မှတ်တမ်းတင်ထားခြင်းမရှိပေ။

ကိုယ်တိုင်တွေ့ကြုံဖူးမှသာ သိိမည်ဖြစ်သည်။

သူက ဓားရည်ရွယ်ချက်ကို ချက်ချင်း မပေါင်းစပ်ပေ။

၎င်းမှာ ပစ္စည်းကောင်းတွေကို ဘေးဖယ်ထားတတ်သည့်အကျင့်ကြောင့် ဖြစ်နိုင်၏။

"စနစ်, စွမ်းရည်ရွေးချယ်ခြင်းကဒ်သုံးမယ်..."

"အကြီးအကဲယွင်ပုကျွယ်ရဲ့ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို ပေါင်းစပ်မယ်..."

မုန့်ချန်ချင်း ပြောလိုက်သည်။

ဒင်!

[စွမ်းရည်ရွေးချယ်ကဒ် အသုံးပြုနေပါသည်]

[ရရှိသောစွမ်းရည်- သန်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း (ကျွမ်းကျင်အဆင့်)]

[ချက်ချင်းပေါင်းစပ်လိုပါသလား]

"ပေါင်းစပ်မယ်..."

ဒင်!

[ပေါင်းစပ်ခြင်းစတင်ပါပြီ]

စကားသံထွက်ပေါ်လာသည်နှင့် နက်နဲသည့်အတွေးအမြင်တွေ သူ့စိတ်ထဲစီးဝင်လာပြီး ယခင်အချိန်တွေထက် များစွာသာလွန်နေခဲ့သည်။

သတ် သတ် သတ်

အချက်အလက်တစ်ခုချင်းစီတိုင်းနှင့် နားလည်နိုင်စွမ်းတစ်ခုချင်းစီတိုင်း၌ အကန့်အသတ်မရှိသည့် သတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နှက်နေခဲ့သည်။

ကံကောင်းစွာဖြင့် စနစ်က သန့်စင်ပေးပြီး ဘေးထွက်ဆိုးကျိုးအားလုံးကို ဖယ်ရှားပေးခဲ့သည်။

ယခင် သွေးမျိုးစက်ပေါင်းစပ်တုန်းက ကဲ့သို့ပင်။

မဟုတ်လျှင် အလွန်အမင်းသန်မာသည့်စိတ်စွမ်းအားမရှိလျှင် သူတောင့်ခံနိုင်မည်မဟုတ်ပေ။

ပေါင်းစပ်မှုက နာရီဝက်လောက်ကြာမြင့်ပြီး မုန့်ချန်ချင်း ဖြည်းညင်းစွာ မျက်လုံးဖွင့်လာသည်။

ဘုန်း!

ချက်ချင်းပဲ မုန့်ချန်ချင်းစိတ်နေစိတ်ထားအကြီးအကျယ်ပြောင်းလဲသွားပြီး သတ်ဖြတ်ခြင်းသခင်တစ်ယောက် ဆင်းသက်လာသကဲ့သို့ပင်။

အကြည့်တစ်ချက်နှင့် အလောင်းတောင်၊ သွေးပင်လယ်ကို ဖြစ်သွားစေနိုင်တာပဲဖြစ်သည်။

ထို့ပြင် ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကြောင့် အဆောက်အဦးတစ်ခုလုံး တုန်ခါလာခဲ့သည်။

ညာလက်မြောက်ပြီး လက်နှစ်ချောင်းကိုဓားပုံစံလုပ်လိုက်ရာ လက်ချောင်းထိပ်၌ မီးခိုးရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

၎င်းအတွင်း၌ ကြောက်မက်ဖွယ်စွမ်းအားတွေကိန်းအောင်းနေပုံရပြီး ထုတ်လွတ်လိုက်လျှင် အရာရာကို ဖျက်ဆီးနိုင်ပုံရ၏။

ခရက်!

မြေပြင်တောင့်မခံနိုင်တော့ပဲ ချက်ချင်းအက်ကွဲလာကာ နောက်ဆုံးတံခါးနားရောက်သွားမှ ရပ်တန့်သွားခဲ့သည်။

တစ်ခုသိထားရမှာက စိတ်ဝိညာဥ်တောင်ထိပ်ရှိအဆောက်အဦးတွေကို အလွန်အမင်းမာကျောသည့်အထူးသတ္တုတွေဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

သို့ပေမယ့် သူလက်မြောက်ပြီး စွမ်းအင်တစ်မျှင်လောက်ထုတ်ရုံဖြင့် အဆောက်အဦးက မခံနိုင်တော့ပေ။

စွမ်းအင်အပြည့်အဝသာထုတ်သုံးလျှင် ဘယ်လောက်အစွမ်းထက်လိုက်မလဲ စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။

"တကယ်ကို မြေကမ္ဘာအဆင့်မြင့်နဲ့ထိုက်တန်တယ်..."

"အဆင့်တူတွေကြားမှာတောင် ပြိုင်ဘက်ကင်းလောက်တယ်..."

မုန့်ချန်ချင်း လက်ပြန်ချပြီး အော်ရာအားလုံးကိုဖိနှိပ်ကာ အခြေအနေကို တည်ငြိမ်စေလိုက်၏။

သူက ထိုအရာကို ဂိုဏ်းထဲမှာမသုံးရဲပေ သို့မဟုတ် ဤနေရာမှာ မသုံးရဲဟု ပြောရမည်။

မဟုတ်လျှင် အော်ရာကအလွန်ပြင်းထန်ပြီး မလိုလားအပ်သည့်ပြဿနာတွေကို ဖိတ်ခေါ်နေမည်ဖြစ်သည်။

မနက်ကမှ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကိုရခဲ့ပြီး ညနေဘက်မှာ ကျွမ်းကျင်အဆင့်ကို ရောက်သွားခဲ့သည်။

မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကဲ့သို့ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းမှာ အဆင့်တူမှာ ထိပ်တန်းတည်ရှိမှုဖြစ်ပြီး စွမ်းအားက အလွန်အမင်းကောင်း၏။

သို့ပေမယ့် ကျင့်ကြံရာ၌ခက်ခဲသောကြောင့် လူများစွာ ရှောင်ဖယ်တတ်ကြသည်။

အဆုံးမှာတော့ သတ်ဖြတ်ရမည့်လိုအပ်ချက်က များလွန်း၏။

ထို့ပြင် အရေးကြီးဆုံးအချက်မှာ များပြားသည့်သတ်ဖြတ်ခြင်း၏သက်ရောက်မှုကို ခုခံဖို့ အလွန်ခက်ခဲတာဖြစ်သည်။

သတ်ဖြတ်ရုံဆို လူအများစုလုပ်နိုင်၏။ လက်တွေထုံကျဥ်တဲ့ထိ သတ်ရုံပင်။

သို့ပေမယ့် လူတစ်ယောက်၏ခန္ဓာကိုယ်ထဲ သတ်ဖြတ်ခြင်းအော်ရာစုပ်ယူဖို့က အတော်လေးအန္တရာယ်များသည့်ကိစ္စဖြစ်သည်။

၎င်းမှာ လူတစ်ယောက်၏စိတ်ကို နေ့စဥ်နေ့တိုင်း မီးရှို့နေတာနှင့်ယှဥ်တူပြီး တစ်ရက်လောက်ဂရုမမူမိလျှင် အကျိုးဆက်က နတ်ဆိုးလမ်းစဥ်သို့ ကျရောက်သွားမည်ဖြစ်သည်။

စဦးအဆင့်ထိကတော့ အဆင်ပြေသေး၏, အများကြီးသတ်ဖို့မလိုပေ။

သို့ပေမယ့် နောက်ပိုင်းတွေ၌ အရေအတွက်က တကယ်ကိုတုန်လှုပ်စရာပင်။

တစ်သောင်းက အစသာရှိသေးသည်။

နောက်ဆုံးပြီးပြည့်စုံခြင်းအဆင့်ရောက်ဖို့ဆို မကောင်းဆိုးဝါးဆန်စွာ သတ်ဖြတ်ဖို့ လိုအပ်၏။

ယွင်ပုကျွယ် ပြီးပြည့်စုံခြင်းအဆင့်မရောက်နိုင်တာ နားလည်နိုင်စွမ်းအပြင် ထိုအချက်ကြောင့်ဟု မုန့်ချန်ချင်း ခံစားမိ၏။

သူက ဆက်မလေ့ကျင့်ရဲတော့တာ ဒါမှမဟုတ် သတ်ဖြတ်ဖို့နည်းလမ်းမရှိတော့တာ ဖြစ်နိုင်၏။

အဆုံးမှာတော့ ဖြောင့်မတ်အင်စားစုတစ်ခုအနေဖြင့် နတ်ဆိုးကျင့်ကြံသူနှင့် နတ်ဆိုးသားရဲတွေကို သတ်ဖြတ်တာအပြင် မဆင်မခြင်သတ်ဖြတ်မှုတွေကျူးလွန်ဖို့က မဖြစ်နိုင်ပေ။

"စိတ်ဝိညာဥ်တောင်ထိပ်တပည့်တွေထဲမှာ ဒီဓားသိုင်းကို ငါတစ်ယောက်ပဲ လေ့ကျင့်နိုင်မှာ ကြောက်မိတယ်..."

မုန့်ချန်ချင်း သူ့လက်ချောင်းထိပ်နှင့် လက်ဖမိုးကိုကြည့်လိုက်သည်။

လက်ချောင်းထိပ်၌ ဓားအမှတ်အသားရှိနေပြီး ကြောက်မက်ဖွယ်အော်ရာတွေကို ထုတ်လွတ်နေခဲ့သည်။

လက်ဖမိုးမှာတော့ သန့်စင်သည့် ဖြူနက် ထိုက်ချီ ပုံသဏ္ဍာန် တစ်ခုရှိနေခဲ့သည်။

၎င်းတို့မှာ ဓားနည်းစနစ်နားလည်ခြင်း၏ အမှတ်သင်္ကေတတွေလည်းဖြစ်သည်။

အသက်ပြင်းပြင်းရူပြီး မုန့်ချန်ချင်း အာရုံပြန်စုစည်းပြီး ဇယားနောက်ဆုံးပိုင်းကို ကြည့်လိုက်သည်။

နောက်တစ်ခုက အရေးကြီးဆုံးကိစ္စ စတင်ပြီဖြစ်သည်။

အခန်း (၁၀၈)

အထွတ်အထိပ်ဓားရည်ရွယ်ချက်ထွက်ပေါ်လာခြင်း

ဓားရည်ရွယ်ချက်...

မုန့်ချန်ချင်းလက်တွေ အနည်းငယ်တင်းကြပ်နေပြီး မျက်လုံးတွေက ပူလောင်လာခဲ့သည်။

ဤစွမ်းရည်ပေါင်းစပ်ခြင်းက သူ့ခွန်အားကို အကြီးအကျယ်တိုးတက်သွားစေမည်ဖြစ်သည်။

"စနစ်, ဓားရည်ရွယ်ချက်သန္ဓေသား ပေါင်းစပ်မယ်..."

ဒင်!

[ပေါင်းစပ်ခြင်းစတင်ပါပြီ]

စကားလုံးတွေထွက်ပေါ်လာသည်နှင့် မုန့်ချန်ချင်း သူ့စိတ်ထဲ၌ တုန်လှုပ်မှုတစ်ခုသာ ခံစားလိုက်ရပြီး စောနကထက်တောင်ပိုများသည့်အချက်အလက်တွေ စီးဝင်လာခဲ့သည်။

အားလုံးက ဓားလမ်းစဥ်နှင့်ပတ်သက်သည့် အတွေးအမြင်တွေပင်။

မဟာတာအို၏အရိုးစင်းဆုံးအနှစ်သာရတွေဖြစ်ပြီး မဆုံးမရှိသည့်အမှန်တရားတွေဖြစ်သည်။

ထို့ပြင် သူ့စိတ်ထဲ၌ တုန်လှုပ်စရာကောင်းသည့်မြင်ကွင်းတွေတောင် ပေါ်လာခဲ့သည်။

၎င်းမှာ ရှေးမူလအစမှဖြစ်တည်လာသည့် ကြီးမားသည့်ပုံရိပ်ယောင်ဓားကြီးတစ်ခုဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကိုခုတ်ဖြတ်နိုင်သကဲ့သို့ပင်။

ထိုဓားကြီးပေါ်လာသည့်အခိုက်အတန့်၌ မုန့်ချန်ချင်းမနေနိုင်ပဲ တုန်လှုပ်မှုကိုခံစားလိုက်ရပြီး ခါးရှိကြက်သွေးရောင်ကောင်းကင်ဓားတောင် ရူးသွပ်စွာတုန်ခါလာခဲ့သည်။

၎င်းမှာ ဓားတို့၏သခင်ကို တွေ့လိုက်ရသလိုပင်, ဓားအိမ်ထဲမှထွက်ပြီး အရိုအသေပေးချင်နေခဲ့သည်။

သို့ပေမယ့် မုန့်ချန်ချင်း လက်တစ်ဖက်ဖြင့် တားထားလိုက်သည်။

"ဓားရည်ရွယ်ချက်..."

မုန့်ချန်ချင်း ထိုအထဲ၌ ကိုယ့်ကိုယ်ကို လုံးဝနစ်မြှပ်ထားပြီး အတွေးအမြင်တွေကို အဆက်မပြတ်စုပ်ယူနေခဲ့သည်။

....

ဝိညာဥ်တောင်ထိပ်...

၎င်းမှာ ဓားလမ်းစဥ်နှင့်ပတ်သက်ပြီး ထျန်လင်းစီရင်စုမှာသာမက အိမ်နီးချင်းစီရင်စုတွေမှာတောင် နာမည်ကြီး၏။

(မုန့်ချန်ချင်းနေတဲ့တောင်နဲ့ ရောမှာစိုးလို့ တောင်ထိပ် ၇ ခုထဲက တစ်ခုဖြစ်တဲ့ စိတ်ဝိညာဥ်တောင်ထိပ်ကို ဝိညာဥ်တောင်ထိပ်ဟု ပြောင်းသုံးပါမည်)

များစွာသောဓားပညာရှင်တွေလည်း ဤနေရာမှထွက်ပေါ်လာကြပြီး သူတို့၏နာမည်က တောင်ပိုင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သို့ပေမယ့် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာလောက်မှစပြီး အမည်မသိအကြောင်းပြချက်အချို့ကြောင့် ရုတ်တရက် ကျဆင်းလာခဲ့သည်။

ဝိညာဥ်တောင်၏တောင်ထိပ်မှာ အလွန်ကျယ်ဝန်းလှ၏။

ခန်းမများစွာ အဆက်ဆက်တည်ဆောက်ထားပြီး မိုးထိမြင့်သည့်မျှော်စင်တွေနှင့် ကြီးကျယ်ခမ်းနားလှ၏။

ဤနေရာက ဝိညာဥ်တောင်ထိပ်၏ ထိပ်သီးပိုင်းတွေ နေထိုင်ရာနေရာလည်းဖြစ်သည်။

အလွန်အမင်းအရေးပါသည့်ပုံရိပ်တွေသာ ဤနေရာမှာနေနိုင်ပြီး အကောင်းဆုံးအရင်းအမြစ်တွေကို ခံစားနိုင်၏။

ခန်းမအားလုံး၏အလယ်ဗဟို၌ ကြီးမားသည့်ခန်းမကြီးတစ်ခုရှိနေပြီး တံခါးအားလုံး တင်းကြပ်စွာပိတ်ထားသည်။

သို့ပေမယ့် ထိုအရာမှာ အထဲ၌ ဘယ်သူမှမရှိဟု မဆိုလိုပေ။

ဆန့်ကျင်ဘက်အနေဖြင့် ခန်းမထဲ၌ သွေးသွယ်သည့်ပုံရိပ်တစ်ခု ခြေချိတ်ထိုင်နေခဲ့သည်။

သူမမျက်နှာက အလွန်ငယ်ပြီး အသက်ဆယ်နှစ်အရွယ်ဖြစ်ကာ ဖြူဖွေးသည့်သွားတွေနှင့် နီရဲသည့်နှုတ်ခမ်းတွေရှိ၏။

အပြင်လောက၌ဆို သူမက ချစ်စရာကောင်မလေးတစ်ယောက်ဖြစ်မည်ဖြစ်သော်လည်း ဝိညာဥ်တောင်ထိပ်၌ သူမတည်ရှိမှုမှာ သာမန်မဟုတ်ပေ။

သူမက အတော်လေးရှားပါသည့်ဓားခန္ဓာကို ပိုင်ဆိုင်ထား၏။

ဝီ...

ရုတ်တရက် သူမရှေ့၌ လှုပ်ရှားမှုရှိလာ၏။

ထိုအခါ ကလေးမလေးမျက်လုံးဖွင့်လာပြီး အလျှင်အမြန်ပြေးသွားလိုက်ရာ မှန်သားကဲ့သို့မြေပြင်မှာစိုက်ထားသည့် ရိုးစင်းသည့်ဓားရှည်တစ်ချောင်းကို တွေ့လိုက်သည်။

ဓားရှည်၌ မည်သည့်ထူးခြားသည့်လက္ခာမှမရှိပေ။

သို့ပေမယ့် ၎င်းကိုမြင်ရရုံနှင့် လူတိုင်းအာရုံကိုဆွဲဆောင်နိုင်ပြီး တစ်လောကလုံး ၎င်းအပေါ်မှာ အာရုံစိုက်ထားသလိုပင်။

မသိစိတ်အရ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေ၏။

ဤအခိုက်အတန့်၌ ရှေးဟောင်းဓားမှာ အနည်းငယ်တုန်ခါနေပြီး ပြေးထွက်သွားတော့မလိုပင်။

"အဆုံးစွန်တာအို, နင်ငါ့ကို အသိအမှတ်ပြုလိုက်တာလား..."

ကလေးမလေး အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏မျက်လုံးကြီးတွေထဲမှာ ပျော်ရွင်မှုတွေ ပေါ်လာခဲ့သည်။

သူမဆရာပြောစကားအရ ဤဓားကို ယခင်မျိုးဆက် ကျွမ်းကျင်ပညာရှင်တစ်ယောက် ပြုလုပ်ခဲ့ပြီး အလွန်အမင်းအစွမ်းထက်၏။

ထို့ပြင် စိတ်ဝိညာဥ်လည်းပိုင်ဆိုင်ပြီး အတော်လေးမာနကြီးရာ မျိုးဆက်များစွာသော တောင်ထိပ်သခင်တွေ မသိမ်းသွင်းနိုင်ခဲ့ပေ။

ထို့ကြောင့် ဤနေရာမှာအမြဲရှိနေခဲ့တာဖြစ်သည်။

သူမက အလွန်ရှားပါးသည့်ဓားခန္ဓာဖြစ်ရာ အောင်မြင်မှုနိုင်ချေအတော်မြင့်၏။

ထို့ကြောင့် သိမ်းသွင်းနိုင်မည့်မျှော်လင့်ချက်ဖြင့် မကြခဏဤနေရာလာပြီး ရှေးဟောင်းဓားနှင့်စကားစမြည်ပြောလေ့ရှိသည်။

ယခင်က သူမအတော်လေးအားစိုက်ခဲ့သော်လည်း ရှေးဟောင်းဓားမှာတုံ့ပြန်မှုမရှိခဲ့ပေ။

သို့ပေမယ့် ယနေ့၌ နောက်ဆုံးမှာတော့ လှုပ်ရှားမှုအချို့ရှိလာခဲ့သည်။

သူမကြိုးစားမှုတွေ အရာထင်ခဲ့ပြီပင်။

ဤအရာကိုတွေးပြီး ကလေးမလေး ဓားကိုကိုင်ဖို့ လက်ဆန့်ထုတ်လိုက်သည်။

သို့ပေမယ့် နောက်တစ်ခဏ၌ ဓားချီတစ်ခုပေါက်ကွဲထွက်လာပြီး သူမကို လွင့်ပျံသွားစေကာ ကြီးမားသည့်ကျောက်တိုင်ကြီးထဲနစ်မြုပ်သွားစေခဲ့သည်။

အဟွတ်! အဟွတ်! အဟွတ်!

"နင်ဓားစုတ်,ဓားပဲ့, ဘာလို့လူတွေကို လက်လွတ်စပယ်ရိုက်နေတာလဲ... ကလေးကိုတောင်အလွတ်မပေးဘူး... နင်မရှက်ဘူးလား..."

ကလေးမလေးကျောက်တိုင်ထဲမှ တွားသွားထွက်လာပြီး ပါးစပ်ထဲ၌ဖုန်မှုန့်တွေအပြည့်ပင်။

သူမအလျှင်အမြန်ပဲ ထွေးထုတ်လိုက်ပြီး ကြည်လဲ့သည့်မျက်လုံးတွေ၌ မကျေနပ်ချက်တွေအပြည့်ပင်။

နောက်ဆုံးမှာ ရှေးဟောင်းဓား သူမကို လက်ခံခဲ့သည်ဟု ထင်ခဲ့ပေမယ့် ၎င်းမှာ ယခင်ကအတိုင်း ဘယ်သူ့ကိုမှ အထိမခံသေးပေ။

သူမဆရာပြောသလိုပင်, ၎င်းမှာ အလွန်ဂုဏ်သိက္ခာကြီးသည့်မိန်းမကြီးတစ်ယောက်လိုပင်။

"ငါ့ကိုလက်မခံရင် ဘာလို့ လှုပ်နေသေးလဲ?... တစ်ခုခုကိုခံစားမိလို့များလား..."

ကလေးမလေး မျက်မှောင်ကြုတ်လိုက်သည်။

သူမက မနေနိုင်ပဲ ပါးစပ်ထဲလက်ညိုးထည့်ကာ သူမ၏ရိုးစင်းသည့်ဦးနှောက်လေးကို အဆက်မပြတ်အလုပ်ပေးနေ၏။

....

တစ်နာရီကြာပြီးနောက် မုန့်ချန်ချင်း နောက်ဆုံးမှာ ဓားရည်ရွယ်ချက်သန္ဓေသားကို လုံးဝပေါင်းစပ်ပြီးသွားခဲ့သည်။

သူ့စိတ်ပင်လယ်ထဲ၌ မိုးကောင်းကင်ထိမြင့်မားသည့်ကြီးမားသည့်ဓားကြီးတစ်ချောင်း မားမားမတ်မတ်တည်ရှိနေခဲ့သည်။

ဓားကြီးမှာပုံရိပ်ယောင်သာဖြစ်သော်လည်း ဆန်းကြယ်သည့်အရောင်တွေထုတ်လွတ်နေကာ ဓားလမ်းစဥ်၏မရေမတွက်နိုင်သည့်အမှန်တရားတွေကဲ့သို့ပင်။

အလင်းတန်းတစ်ခုကတောင် အကျိုးအမြတ်များစွာရဖို့ လုံလောက်၏။

ဟူး...

မုန့်ချန်ချင်း မျက်လုံးပွင့်လာသည်။

ဤအခိုက်အတန့်၌ သူကိုကြည့်ရတာ ဓားတာအိုသခင်တစ်ယောက်လိုပင်ဖြစ်သည်။

မျက်လုံးအနက်ပိုင်းထဲ၌ အဆုံးမရှိသည့်ဓားအလင်းတန်းတွေ ဓားတာအိုမြစ်တစ်စင်းကဲ့သို့စီးဆင်းနေပြီး...

အဆုံးစွန်သောထက်ရှမှုတွေက အထက်ကောင်းကင်ကိုဖြိုချပြီး လောကကြီးကိုဖျက်ဆီးနိုင်သလိုပင်။

ဘုန်း!

နဂိုတကည်းကအပြင်းအထန်ထိခိုက်ထားသည့် အဆောက်အဦး နောက်ဆုံးမှာ တောင့်မခံနိုင်တော့ပေ။

လုံးဝပြိုကျပျက်ဆီးသွားပြီး ချက်ချင်းပဲ ဖုန်မှုန့်တွေ လေထဲပြည့်နှက်သွား၏။

ထိုက်ရွမ်ဂိုဏ်းသမိုင်းတစ်လျှောက်၌ စိတ်ဝိညာဥ်တောင်ထိပ်ရှိအဆောက်အဦးကိုဖြိုချနိုင်တာ သူက ပထမဆုံးတပည့်ဖြစ်မည်ပင်။

ရွစ်!

ဓားချီတစ်ခုထွက်ပေါ်လာပြီး ဖုန်မှုန့်တွေကို နှစ်ခြမ်းခွဲပျောက်ကွယ်သွားစေပြီး အထဲရှိမြင်ကွင်း ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း ဖုန်မှုန့်တွေအလယ်မှာရှိသော်လည်း လုံးဝဒဏ်ရာမရပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပိုင်ဓားရည်ချက်က အရာရာကို ချေမွဖျက်ဆီးလိုက်ရာ မည်သည့်အရာမှ သူ့အနားမကပ်နိုင်သောကြောင့်ဖြစ်သည်။

မုန့်ချန်ချင်း ဖြည်းညင်းစွာထရပ်လိုက်၏။

ဤအခိုက်အတန့်၌ သူ၏ဓားရည်ရွယ်ချက်ကို အသက်မသွင်းလျှင်တောင် လူတွေအား ဖျက်ဆီးမရသည့်ထင်မြင်ချက်ကို ပေးစွမ်းနေ၏။

ထိုအရာမှာ လူတစ်ယောက်ရပ်နေတာနှင့်မတူတော့ပဲ ဓားတစ်ချောင်းရပ်နေသလိုပင်။

အကြည့်တစ်ချက်နှင့်တင် အသွေးအသားကိုလှီးဖြတ်ပြိး ဝိညာဥ်ကို ဆုတ်ဖြဲနိုင်၏။

"ဒီတော့ ဒါက... ဓားရည်ရွယ်ချက်ပေါ့..."

မုန့်ချန်ချင်း အသက်ပြင်းပြင်းရူကာ အော်ရာအားလုံးပြန်ရုတ်သိမ်းပြီး ပြန်လည်တည်ငြိမ်စေလိုက်သည်။

မပေါင်းစပ်ခင်က ဓားရည်ရွယ်ချက်စွမ်းအားကို ဖြစ်နိုင်သမျှစိတ်ကူးကြည့်ဖူး၏။

သို့ပေမယ့် အမှန်တကယ်ပေါင်းစပ်ပြီးသည့်အခါ သူလျော့တွက်မိပြီဆိုတာ နားလည်လိုက်၏။

ဓားရည်ရွယ်ချက်...

ဓားချီနှင့်ယှဥ်လျှင် လုံးဝကို မတူညီသည့်နောက်တစ်ဆင့်ဖြစ်ပြီး နက်နဲပြီးဆန်းကြယ်လှသည်။

သူ့လက်ထဲ၌ဆို ဘယ်လိုအသုံးမကျသည့်ဓားသိုင်းမဆို အစွမ်းထက်သွားစေသည့် ဆန်းကြယ်သည့်အကျိုးသက်ရောက်မှုရှိ၏။

သာမန်ဓားသိုင်းတစ်ခုဆိုလျှင်တောင် ဓားရည်ရွယ်ချက်၏ကောင်းချီးပေးမှုဖြင့် မြေကမ္ဘာအဆင့်နည်းစနစ်ကဲ့သို့ စိတ်မကူးနိုင်သည့်စွမ်းအားမျိုးထုတ်ပေးမည်ဖြစ်သည်။

ဓားချီက ဓားနည်းစနစ်၏စွမ်းအားကို ၁၀ဆအထိတိုးမြှင့်ပေးနိုင်လျှင် ဓားရည်ရွယ်ချက်မှာ အဆ ၃၀ထိ တိုးမြှင့်ပေးနိုင်တာပဲဖြစ်သည်။

အဆုံးမှာတော့ ၎င်းမှာ သိုင်းပညာ၏စစ်မှန်သည့်အဓိပ္ပာယ်နှင့် အဆုံးစွန်နယ်ပယ်ဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းလောင်အောင် တိုးမြှင့်ပေးနိုင်၏။

ထို့ပြင် အရေးကြီးဆုံးအချက်မှာ ရည်ရွယ်ချက်၏စွမ်းအားက စိတ်ကို လွမ်းမိုးနိုင်တာပဲဖြစ်သည်။

ပိုင်နက်ကဲ့သို့ တိုက်ပွဲအတွင်း ရန်သူကို ရည်ရွယ်ချက်နယ်မြေအတွင်းဆွဲသွင်းနိုင်၏။

လူတစ်ယောက်၏ကိုယ်ပိုင် ပိုင်နက်ထဲ၌ မည်သူက ပြိုင်ဘက်မကင်းပဲနေမည်နည်း။

"အရမ်းအစွမ်းထက်တာပဲ..."

မုန့်ချန်ချင်း ညာလက်မြောက်ပြီး လက်ဝါးကိုကြည့်လိုက်သည်။

ယခင်ကဆို သူက တောင်ထိပ်အသီးသီး၏ပါရမီရှင်တွေနှင့် ယှဥ်ပြိုင်နိုင်ရုံသာဖြစ်ပြီး ယခုမှာတော့ အသာလေးအနိုင်ယူနိုင်ပြီဖြစ်သည်။

ဓားရည်ရွယ်ချက်နှင့် ရွယ်တူထဲမှာ သူ့ကို မည်သူက ယှဥ်နိုင်မည်နည်း။

ထို့ပြင် ဓားရည်ရွယ်ချက်သန္ဓေသားကိုပေါင်းစပ်စဥ်က မရေမတွက်နိုင်သည့်အတွေးအမြင်တွေကိုလည်း ဓားလမ်းစဥ်ထဲသို့ စုပ်ယူခဲ့သည်။

ဤအရာက သူ၏ဓားလမ်းစဥ်အပေါ်နားလည်မှုကို နောက်တစ်ဆင့်မြင့်သွားစေခဲ့သည်။

ဒဏ္ဍာရီလာကောင်းကင်အဆင့်ဓားသိုင်းသာမဟုတ်လျှင် မြေကမ္ဘာအဆင့်ဆိုလျှင်တောင် အကြည့်တစ်ချက်ဖြင့် ထိုးဖောက်မြင်နိုင်တာပဲဖြစ်သည်။

မနက်ကသူရခဲ့သည့် သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကဲ့သို့ပင်, အနာဂတ်နှင့်ပတ်သတ်ပြီး သံသယများစွာရှိခဲ့သည်။

၎င်းမှာ မြူတွေဝန်းရံနေပြီး အမှန်တရားကိုး မြင်နိုင်ဖို့ ခက်ခဲနေ၏။

သို့ပေမယ့် ယခုမှာတော့ သာမန်အတွေးတစ်ချက်နှင့်တင် အရာအားလုံးကို တိုက်ရိုက်မြင်နိုင်ပြီဖြစ်သည်။

All Chapters