အခန်း (၁၀၉-၁၁၀)
Vol. 12 Ch. 109-110
အခန်း (၁၀၉)
ဧကရာဇ်ကောင်းကင်ရတနာကျမ်း
"တောင်ထိပ် ၇ ခု သိုင်းပြိုင်ပွဲအတွက်တော့ စိုးရိမ်စရာမလိုတော့ဘူး..."
မုန့်ချန်ချင်း လက်ပြန်ချလိုက်သည်။
သူ့မျက်နှာက တည်ငြိမ်နေပြီး ရေလှိုင်းမရှိသည့် ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ဖြစ်သည်။
တာအိုဖန်တီးခြင်းနယ်ပယ်မရောက်လျှင်တောင် သူ၏လက်ရှိခွန်အားဖြင့် ယခင် ထိပ်ဆုံး ၂၀ အစား ပထမနေရာရဖို့ သေချာတာပဲဖြစ်သည်။
"ဒါပေမယ့် အဲ့အကြောင်းပြောမှ ဘာလို့ ခုချိန်ထိ တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲကို တရားဝင်မကြေညာသေးတာလဲမသိဘူး..."
မုန့်ချန်ချင်း မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
သဘောတရားအရဆို ဤကဲ့သိုဂိုဏ်းကိစ္စကြီး၌ အစောကြီးကတည်းက ပြင်ဆင်ပြီး ကြေညာထားသင့်သည်။
သို့ပေမယ့် ခုချိန်ထိ ဂိုဏ်းမှ မည်သည့်လှုပ်ရှားမှုမှ မမြင်သေးပေ။
"ဂိုဏ်းအဆင့်မြှင့်တင်ဖို့ကို အလေးပေးနေလို့များလား..."
မုန့်ချန်ချင်း စဥ်းစားလိုက်သည်။
ထို့နောက် နောက်တစ်ကြိမ်ခေါင်းခါယမ်းလိုက်သည်။
'မေ့လိုက်တော့, အလုံအလောက်သန်မာရင် ဘယ်လိုကိစ္စမှ ငါ့အပေါ် သက်ရောက်မှာမဟုတ်ဘူး...'
'ဒါ့ပြင် အရင်းအမြစ်အတွက်က ယာယီလုံလောက်နေပြီ...'
'တာအိုဖန်တီးခြင်းနယ်ပယ်ရောက်မှပဲ လိုတော့မှာ...'
"ဆက်ကျင့်ကြံကြတာပေါ့..."
မုန့်ချန်ချင်းခံစားချက် အတော်လေးကောင်းနေခဲ့သည်။
သို့ပေမယ့် ဘေးပတ်ပတ်လည်ရှိအပျက်အဆီးတွေကိုမြင်သည့်အခါ မနေနိုင်ပဲ ခေါင်းကိုက်သွား၏။
သူက တတ်နိုင်သလောက်ဖိနှိပ်ထားခဲ့သော်လည်း ပေါင်းစပ်ချိန်အတွင်း တစ်စုံတစ်ချို့တော့ လွတ်ထွက်သွားဆဲဖြစ်သည်။
အဆောက်အဦးကြီးပြိုကျသွားဖို့ မျှော်လင့်မထားပေ။
သူ ဘာတတ်နိုင်မည်နည်း, ဟာလာဟင်းလင်းထဲပဲ လေ့ကျင့်ရတော့မည်ဖြစ်သည်။
မုန့်ချန်ချင်း ခေါင်းအနည်းငယ်ခါယမ်းပြီး စိတ်ဝိညာဥ်တောင်ထိပ်ရှိအစီအရင်ကို အသက်သွင်းလိုက်သည်။
အနည်းဆုံး အပြင်ဘက်မှအကြည့်တွေကို ကာကွယ်ပေးနိုင်၏။
မူလ၌ အဆောက်အဦးက ဤကဲ့သို့အကျိုးသက်ရောက်မှုရှိပေမယ့် ယခုတော့ပြိုကျသွားပြီဖြစ်သည်။
အချိန်တွေကုန်ဆုံးသွားပြီး နောက်ထပ် ၇ ရက်ကုန်ဆုံးသွားခဲ့သည်။
မုန့်ချန်ချင်း အောင်မြင်စွာ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၈ ကို ချိုးဖျက်သွားခဲ့သည်။
တွက်ချက်ကြည့်လျှင် တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲမတိုင်ခင် တာအိုဖန်တီးခြင်းနယ်ပယ်ရောက်ဖို့က မဖြစ်နိုင်ပေ။
သို့ပေမယ့် မုန့်ချန်ချင်း မစိုးရိမ်ပေ။
သူ၏လက်ရှိခွန်အားဖြင့် လုံလောက်နေပြီဖြစ်သည်။
ဘုန်း!
စိတ်ဝိညာဥ်တောင်ထိပ်၌ ရုတ်တရက် တုန်ခါမှုတစ်ခုဖြစ်သွားပြီး ကြီးမားသည့်အရာတစ်ခု ကျလာသလိုပင်။
မုန့်ချန်ချင်း အစီအရင်ကို ပယ်ဖျက်လိုက်ရာ ၇မီတာလောက်ရှည်သည့်အကောင်ကြီးနှစ်ကောင် သူမျက်စိရှေ့ပေါ်လာခဲ့သည်။
ရှီမိသားစုမှ ညီအကိုတွေပင်။
ဤအခိုက်အတန့်၌ ယခင်ကနှင့်ယှဥ်လျှင် သူတို့ကျင့်ကြံရေးမှာ သိသိသာသာတိုးတက်လာပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၇ ကို ရောက်ရှိနေပြီဖြစ်သည်။
သူ့ထက်တစ်ဆင့်သာ နိမ့်တော့၏။
မုန့်ချန်ချင်း ထိုအရာကြောင့် မအံ့သြပေ။
အဆုံးမှာတော့ ဤနှစ်ကောင်က သူ့လိုမဟုတ်ပေ။
ခရမ်းမြူတောင်ထိပ်၏ယခင်တောင်ထိပ်သခင်က တပည့်အဖြစ်ခေါ်ယူထားခဲ့သည်။
သာမန်သိုင်းပညာရှင်တွေနဲ့မတူပဲ သူတို့၏အမြစ်ရိုးအပေါ် အရမ်းကြီးမှီခိုစရာမလိုပေ။
ထို့ကြောင့် ညီအကိုနှစ်ယောက်၏အမြစ်ရိုးမှာ အဆင့် ၃ သာဖြစ်သော်လည်း ကျင့်ကြံရေးက လျှင်မြန်နေဆဲဖြစ်သည်။
ထို့ပြင် ခွန်အားတိုးမြှင့်မှုနှင့် ညီအကိုနှစ်ယောက်၏အရွယ်အစားမှာလည်း ပိုကြောက်စရာကောင်းလာခဲ့သည်။
ယခင်က ၄ မီတာလောက်သာရှည်ပြီး ယခုမှာတော့ ၇ မီတာရှိနေပြီဖြစ်သည်။
ဤအတိုင်းသာဆက်သွားနေလျှင် အနာဂတ်၌ တောင်တန်းတွေနှင့်ပခုံးချင်းယှဥ်နိုင်ပြီး မိုးထိုးနေမည်ဖြစ်သည်။
"စီနီယာအကိုမုန့်..."
ရှီယောင် စိတ်လှုပ်တရှားနှုတ်ဆက်လိုက်၏။
သူ့အသံက ကလေးဆန်နေပြီး ကြမ်းတမ်းသည့်အသွင်အပြင်နှင့် လားလားမှမဆိုင်ပေ။
"စီနီယာအကိုမုန့်...."
ရှီဂွမ်း ပိုတည်ငြိမ်နေခဲ့သည်။
"မင်းတို့ ဘာလာလုပ်တာလဲ..."
မုန့်ချန်ချင်း အပျက်အဆီးထဲမှထလာ၏။
"တံခါးပိတ်ကျင့်ကြံပြီးရုံရှိသေး လူအိုကြီးနဲ ကျွန်တော်တို့ဆရာက လေ့ကျင့်ဖို့ တစ်စုံတစ်ယောက်ရှာခိုင်းလိုက်တာ..."
ရှီယောင်ပြောလိုက်သည်။
"စီနီယာအကိုမုန့်နေရာက ဖြတ်သွားတော့ နှုတ်ဆက်ကအောင်လာခဲ့တာ..."
တစ်ချိန်တည်းမှာပဲ သူက စိတ်ဝိညာဥ်တောင်ထိပ်ရှိ အခြေအနေကို သတိထားမိလိုက်သည်။
"စီနီယာအကိုမုန့် မင်းတစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တာလား... ဘယ်လိုလုပ် အိမ်တွေအားလုံး ပြိုကျနေတာလဲ.... ဘယ်သူလဲဆိုတာပြောစမ်းပါ, ကျွန်တော် အဲ့ကောင်ကို ကူရိုက်ပေးမယ်..."
ရှီယောင်လက်သီးဆုပ်ပြီး မျက်လုံးတွေက ကြမ်းကြုတ်နေခဲ့သည်။
"မဟုတ်ပါဘူး, ဒါက ငါ့ကျင့်ကြံရေးလှုပ်ရှားမှု ကြီးလွန်းသွားလို့ပါ..."
မုန့်ချန်ချင်းပြုံးပြီး ပြောလိုက်သည်။
"စီနီယာအကိုမုန့်ရဲ့ကျင့်ကြံရေးအရှိန်က တကယ်မြန်တာပဲ..."
ဤအရာကိုကြားသည့်အခါ ရှီဂွမ်း ရုတ်တရက် မုန့်ချန်ချင်း၏ကျင့်ကြံရေးအဆင့်ကို သတိထားမိပြီး တုန်လှုပ်သည့်အမူအရာ ပြသလာ၏။
အသက်ရွယ်တူပေမယ့် သူက သူ့ညီလိုမထုံပဲ ပိုဉာဏ်ကောင်း၏။
သူသိသလောက်ဆိုလျှင် စီနီယာအကိုမုန့်က လက်ရှိတစ်ယောက်တည်းဖြစ်ပြီး ဆရာတစ်ယောက်မှမရှိပေ။
ထို့ကြောင့် ကျင့်ကြံရေးအရင်းအမြစ်၌ သေချာပေါက် သူတို့ကိုယှဥ်နိုင်မည်မဟုတ်ပေ။
သို့ပေမယ့် စီနီယာအကိုမုန့်၏ကျင့်ကြံရေးက အမြဲသူတို့အထက်မှာရှိနေခဲ့သည်။
ဤအရာက အနည်းငယ်ကြောက်ဖို့ကောင်း၏။
"အရင်က အခွင့်ရေးလေးတစ်ခုတွေ့ခဲ့လို့ပါ..."
မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပဲ စုံစမ်းဖို့ သူ၏ကြည့်ရှုရေးမျက်လုံးကိုဖွင့်လိုက်သည်။
ယခု ညီအကိုနှစ်ယောက်က တိုးတက်လာပြီဖြစ်ရာ သူတို့၏ဇယား၌ ပြောင်းလဲမှုအချို့ရှိလာနိုင်၏။
ခရမ်းမြူတောင်ထိပ်မှ သူတို့ဘာတွေသင်လာလဲဆိုတာ မြင်ချင်မိသည်။
[မိတ်ဆွေ- ရှီဂွမ်း]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၇]
[....]
[သွေးမျိုးဆက်- ကျောက်တုံးလူသားသွေးမျိုးဆက်]
[သွေးမျိုးဆက်နည်းစနစ်- ဘုရင်ချပ်ဝတ်]
[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- ဧကရာဇ်ကောင်းကင်ရတနာကျမ်း, ပထမပုင်း- ကြယ်အသွင်ပြောင်းခြင်း (စဦးအဆင့်)၊ ပြောင်းလဲခြင်းတစ်သောင်းကြယ်စီးဆင်းခြင်းလက်ဝါး (စဦးအဆင့်)၊ ကြယ်ရောင်ဖြိုခွဲခြင်းအရိပ်ခြေလှမ်း (စဦးအဆင့်)၊ ကောင်းကင်အုတ်စိုးခြင်းခန္ဓာ (ပြီးပြည့်စုံခြင်းအဆင့်)၊ ....]
ရှီယောင်ဇယားလည်းအတူတူဖြစ်သည်။
အခြားစွမ်းရည်အချက်အလက််တွေ၌ အကြီးအကျယ်ပြောင်းလဲခြင်းမရှိသော်လည်း ကျင့်ကြံရေးနည်းစနစ်နှင့်သိုင်းပညာအပိုင်း၌ လုံးဝကိုပြောင်းလဲသွားခဲ့သည်။
"ဧကရာဇ်ကောင်းကင်ရတနာကျမ်း..."
မုန့်ချန်ချင်းမနေနိုင်ပဲ လေအေးတွေ ရူသွင်းလိုက်သည်။
ဤအရာက သာမန်နည်းစနစ်တစ်ခုမဟုတ်ပေ။
ထိုက်ရွမ်ဂိုဏ်း၏ ရတနာ ၇ ခုထဲမှ တစ်ခုဖြစ်ဖြစ်ပြီး ခရမ်းမြူတောင်ထိပ်၏ အထွတ်အထိတ်ခန္ဓာသန့်စင်နည်းစနစ်ဖြစ်၏။
၎င်း၌ စုစုပေါင်း အပိုင်း ၃ ပိုင်းရှိပြီး အပိုင်းတစ်ခုချင်းစီက မယုံနိုင်လောက်အောင်အစွမ်းထက်၏။
ထို့ပြင် အပိုင်းသုံးခုလုံးသာ တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားလျှင် ကမ္ဘာကြီးကိုအုပ်စိုးပြီး တောင်တန်းနှင့်မြစ်တွေကို ထိန်းချုပ်ဖို့ လုံလောက်၏။
ရှီမိသားစုမှညီအကို တောင်ထိပ်၏နည်းစနစ်ကို တိုက်ရိုက်သင်ကြားနိုင်မည်ဟု မျှော်လင့်မထားပေ။
ကြည့်ရတာ ခရမ်းမြူတောင်ထိပ်အထက်ပိုင်းလူတွေက သူတို့ကို အတော်လေး တန်ဖိုးထားပုံပင်။
ဝိညာဥ်တောင်ထိပ်၏အထွတ်အထိပ်နည်းစနစ်ကိုတော့ ဝိညာဥ်ဓားကျမ်းဟုခေါ်ပြီး ထိပ်တန်းအဆင့်ဓားနည်းစနစ် ၁၀မျိုးကျော်ပါဝင်၏။
၎င်းမှာ ဧကရာဇ်ကောင်ကင်ရတနာကျမ်းထက် အားမနည်းပေ။
ငါအဲ့ဓားသိုင်းကို ဘယ်အချိန်မှရမလဲ သိချင်မိသား...
"ညီအကိုနှစ်ယောက်ရဲ့နှစ်သက်မှုတိုးဖို့နည်းလမ်းရှာရမယ်..."
မုန့်ချန်ချင်းစိတ်ထဲ၌ မျှော်လင့်ချက်အရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။
သူ အရင်က စစ်မှန်သည့်ဧကရာဇ်ကောင်းကင်ရတနာကျမ်းကို မမြင်ဖူးသော်လည်း အခြားသူတွေပြောတာနှင့် သိုင်းကျမ်းဆောင်၌မှတ်တမ်းတင်ထားတာအချို့ကို မြင်ဖူး၏။
ဤကျမ်းက ခန္ဓာသန့်စင်ခြင်းကိုအထူးပြုပြီး အတော်လေးကျယ်ပြန့်၏။
ရုပ်ပိုင်းဆိုင်ရာခုခံမှုကို အကြီးအကျယ်တိုးမြှင့်ပေးနိုင်ရုံသာမက ခွန်အား၊ အရှိန်၊ စသည်တို့ကိုလည်း တိုးမြှင့်ပေး၏။
၎င်းမှာ ဒဏ္ဍာရီလာ စစ်မှန်နက်နဲချီကိုတောင် ထုတ်ပေးနိုင်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်၏။
ထို့ပြင် သူ့ရုပ်ခန္ဓာက ယခုချိန်၌ ခုခံရေးတစ်ခုသာအားကောင်းပြီး အခြားကဏ္ဍတွေ၌ ထိုမျှလောက်မကောင်းပေ။
ဘုရင်ချပ်ဝတ်နည်းစနစ်တစ်ခုတည်းနှင့် ဧကရာဇ်ကောင်းကင်ရတနာကျမ်းကို မယှဥ်နိုင်ပေ။
သူသာ ဤကျမ်းကိုရနိုင်လျှင် သူ၏ရုပ်ခန္ဓာ အပြစ်အနာဆာကင်းမဲ့သွားမည်ဖြစ်သည်။
အမှန်တော့ သိုင်းပညာရှင်တွေအတွက် အဆင့်မြင်လာလေလေ တိုက်စစ်အားကောင်းဖို့ထက် အားနည်းချက်တွေကို ပိုအာရုံစိုက်သင့်၏။
အဘယ်ကြောင့်ဆိုသော် မည်သူကမှ သင့်ကို ထိပ်တိုက်ရင်မဆိုင်သောကြာင့်ဖြစ်သည်။
သူတို့က သင်၏အားနည်းချက်နှင့် ပျော့ကွက်တွေကိုသာ အထိကထားတိုက်ခိုက်မည်ဖြစ်သည်။
သို့ပေမယ့် မုန့်ချန်ချင်း ယခုချိန်မှာတော့ ညီအကိုနှစ်ယောက်၏ နှစ်သက်မှုတိုးဖို့ အလျှင်မလိုသေးပေ။
အဆုံးမှာတော့ ညီအကိုနှစ်ယောက်၏ကျင့်ကြံရေးအောင်မြင်မှုမှာ စဦအဆင့်သာ ရှိသေးသည်။
ကျွမ်းကျင်အဆင့် ရောက်တဲ့ထိ စောင့်တာက ပိုကောင်း၏။
ဤနည်းဖြင့် ကုန်ကျစရိတ်ကို သက်သာစေပြီး သူ၏ကျွမ်းကျင်ကဒ်တွေကိုလည်း ချွေတာနိုင်မည်ဖြစ်သည်။
ပြီးပြည့်စုံခြင်းအဆင့်ထိ ဘာလို့မစောင့်လဲဆိုလျှင်တော့ ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံဖို့က အလွန်ခက်ခဲ၏။
ကျောက်တုံးလူသားသွေးမျိုးဆက်နှင့်တောင် အချိန်အတော်ကြာယူရမည်ဖြစ်သည်။
ကျွမ်းကျင်ကဒ်တွေရှိနေ၍ ထိုမျှလောက်အကြာကြီးစောင့်ဖို့မလိုအပ်ပေ။ တစ်ကဒ်လောက်သုံးလိုက်ရုံသာဖြစ်သည်။
"စီနီယာအကိုမုန့် အဆင့်ပြေရင် ကျွန်တော်တို့နဲ့ အပြစ်ပေးတောင်ထိပ်လိုက်ခဲ့ပါလား..."
ရှီယောင် စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်၏။
"အပြစ်ပေးတောင်ထိပ်?..."
မုန့်ချန်ချင်း မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
ဤအရာက ဂိုဏ်းထဲရှိလူတွေကို တုန်ယင်သွားစေသည့် ကြောက်မက်ဖွယ်နေရာတစ်ခုဖြစ်သည်။
အလည်သွားခဲ၏။
သို့ပေမယ့် ကျမ်းဆောင်စောင့်အကြီးအကဲ ပြောဖူး၏။ သူသာ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို ကျင့်ကြံချင်လျှင် ထိုနေရာသို့ သွားရမည်ဖြစ်သည်။
ထိုနေရာ၌ ဓားနည်းစနစ်တိုးတက်ဖို့လိုအပ်သည့် နတ်ဆိုးကျင့်ကြံသူများစွာကို ဖမ်းဆီးထားသည်။
"မင်းတို့က အပြစ်ပေးတောင်ထိပ်ကို ဘာသွားလုပ်မှာလဲ..."
မုန့်ချန်ချင်း မေးလိုက်သည်။
"ကျွန်တော်တို့ဆရာကပြောတယ်, ကျင့်ကြံရေးဆိုတာ အမြဲတံခါးပိတ်ကျင့်နေလို့မရဘူးတဲ့.... အမြဲလိုလိုပြိုင်ဘက်တွေကိုအနိုင်ယူပြီး ကိုယ်ပိုင်ခွန်အားနဲ့ စိတ်စွမ်းအားကို တိုးမြှင့်နေရမယ်တဲ့..."
ရှီဂွမ်းပြောလိုက်သည်။
"ပြီးတော့ အပြစ်ပေးတောင်ထိပ်မှာ နတ်ဆိုးကျင့်ကြံသူအများကြီးရှိပြီး ကျွန်တော်တို့စွမ်းရည်တွေတိုးအောင်လုပ်ဖို့ အကောင်းဆုံးပဲ..."
"ငါသိပြီ..."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ငါ အခုတော့ အပြစ်ပေးတောင်ထိပ်ကို မသွားသေးဘူး... တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲက မကြာခင်လာတော့မှာဆိုတော့ ငါ့ကျင့်ကြံရေးကို တိုးမြှင့်ဖို့ လိုသေးတယ်..."
"တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲ..."
ညီအကိုနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်သည်။
"ဆရာပြောတာမှတ်မိသေးတယ်..."
အခန်း (၁၁၀)
ဂိုဏ်း ၃ ဂိုဏ်းသိုင်းပြိုင်ပွဲကြီး
"ဆရာပြောတာတော့ အဲ့တာကို နောက်ရွေ့လိုက်ပြီတဲ့..."
ညီအကိုနှစ်ယောက် အံ့အားသင့်စရာတစ်စုံတစ်ခုပြောလိုက်ရာ မုန့်ချန်ချင်း ကြောင်သွား၏။
"ရွေ့လိုက်တယ်?..."
"ဟုတ်တယ်, ဂိုဏ်းအဆင့်မြှင့်တင်တော့မှာကြောင့်နဲ့တူတယ်, ဒါကြောင့် နောက်ဆုတ်လိုက်တာဖြစ်မယ်...."
ရှီဂွမ်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဘယ်အချိန်စမှာလဲ..."
မုန့်ချန်ချင်း မေးလိုက်သည်။
လက်ရှိ၌ အရင်းအမြစ်တွေကလုံလောက်သော်လည်း တာအိုဖန်တီးခြင်းနယ်ပယ်ရောက်သည့်အခါ သူ့အိတ်က နောက်တစ်ကြိမ်ဗလာဖြစ်သွားမည်ဖြစ်သည်။
မြန်ဆန်သည့်ကျင့်ကြံရေးအရှိန်ကို ထိန်းထားချင်လျှင် အဆင့် ၄ အရင်းအမြစ်တွေကို လိုအပ်၏။
သို့ပေမယ့် ထိုအရင်းအမြစ်တွေမှာ အလွန်အဖိုးတန်ပြီး ရရှိဖို့ မလွယ်ပေ။ တောင်ထိပ် ၇ခု သိုင်းပြိုင်ပွဲမှာ လက်ရှိ၌ သူ့အတွက် အရင်းအမြစ်ရဖို့ အမြန်ဆုံးနည်းလမ်းဖြစ်သည်။
"ဂိုဏ်း ၃ ခု သိုင်းပြိုင်ပွဲပြီးရင်..."
ရှီဂွမ်း ပြန်ပြောလိုက်သည်။
"ဂိုဏ်း ၃ ခုသိုင်းပြိုင်ပွဲ?..."
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။
၎င်းမှာ အသုံးအနှုန်းအသစ်တစ်ခုဖြစ်သော်လည်း မုန်တိုင်းထန်တော့မည့်အရိပ်အယောင်တွေ သယ်ဆောင်ထားခဲ့သည်။
"ဟုတ်တယ်, ဂိုဏ်းက အဆင့် ၁ ကို တိုးမြှင့်ချင်ပေမယ့် ပုန်းကွယ်နဂါးစားရှင်းမှာ အရေးမသာသေးဘူး... ဒါကြောင့် ဝမ်ရှန်းအဆောက်အဦးဆီမှာ သိုင်းပြိုင်ပွဲကျင်းပဖို့ လျှောက်ထားလိုက်တာ...."
"ပုန်းကွယ်နဂါးစာရင်းမှာ ကျွန်တော်တို့ဂိုဏ်းရယ်၊ နေမီးတောက်တောင်ကြားရယ်၊ ဝိညာဥ်ဘီလူးဂိုဏ်းရယ်က နေရာ သုံးပုံ ပုံ တစ်ပုံစီ ပိုင်ဆိုင်ထားကြတယ်..."
"ဒါကြောင့်ပဲ ဂိုဏ်း ၃ ဂိုဏ်းအတွင်းမှာ သိုင်းပြိုင်ပွဲဖြစ်လာတာ..."
"ဂိုဏ်းအသီးသီးက တာအိုဖန်တီးခြင်းနယ်ပယ်အထက် တပည့် ၅၀ စီပို့ပြီး အဆင့် ၃၀ အတွင်းဝင်ရမယ်..."
"ထိုက်ရွမ်ဂိုဏ်းတပည့်တွေ ပြိုင်ပွဲမှာ အဆင့် ၁ ရပြီး ထိပ်ဆုံးသုံးဆယ်မှာ နေရာအများဆုံးရတာနဲ့ အဆင့် ၁ ကို တိုးမြှင့်နိုင်ပြီ...."
ရှီဂွမ်း ပြောလိုက်သည်။
မကြာသေးခင်က တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲနှင့်ပတ်သက်ပြီး မည်သည့်သတင်းမှမရှိတာနှင့်ပတ်သက်ပြီး မုန့်ချန်ချင်း ရုတ်တရက် နားလည်သွားခဲ့သည်။
သူတို့က ဂိုဏ်းအဆင့်မြှင့်တင်သည့်ကိစ္စကို ရှေ့တန်းတင်ထားတာဖြစ်ပြီး တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲကို ဂိုဏ်း ၃ ခု သိုင်းပြိုင်ပွဲအဖြစ် ယာယီပြောင်းလဲခဲ့သည်။
ရှေ့တစ်ခုမှာ ဂိုဏ်းအတွင်းရေးဖြစ်ပြီး မည်သည့်အချိန်မဆို ကိုင်တွယ်လို့ရပြီး သိုင်းပြိုင်ပွဲကတော့ မတူပေ။
၎င်းမှာ များစွာသောအရာတွေကို ကိုယ်စားပြုပြီး ပထမတစ်ခုနှင့်ယှဥ်လျှင် များစွာပိုအရေးကြီး၏။
ဤအကျပ်အတည်းကိုကျော်ဖြတ်နိုင်လျှင် သူတို့က ပထမအဆင့်ဂိုဏ်းဖြစ်သွားပြီး ထျန်လင်းစီရင်စု၏ တစ်ခုတည်သော အုပ်စိုးသူအင်အားစုဖြစ်လာမည်ဖြစ်သည်။
အခြားအင်အားစုတွေဖြစ်သည့် နေမီးတောက်တောင်ကြား၊ ဘီလူးဝိညာဥ်ဂိုဏ်း၊ လေတိမ်မြို့တို့မှာ မော့ကြည့်ရုံသာ တတ်နိုင်တော့မည်ဖြစ်သည်။
"ပြီးတော့ သိုင်းပြိုင်ပွဲကြီးကို ၂ လနေရင် ကျင်းပလိမ့်မယ်..."
"အဲ့အချိန်ကျရင် အကိုမုန့် တာအိုဖန်တီးခြင်းနယ်ပယ်ချိုးဖျက်ပြီး ဝင်ပြိုင်နိုင်လောက်တယ်..."
"သိုင်းပြိုင်ပွဲကြီးရဲ့ဆုလဒ်တွေက တောင်ထိပ် ၇ ခု သိုင်းပြိုင်ပွဲဆုလဒ်တွေထက် မနည်းဘူး... အဆုံးမှာတော့ ဒါက ဂိုဏ်းအဆင့်တွေလေ..."
"အဆင့်မြင့်လေလေ,ဂိုဏ်းကပေးတဲ့ဆုလဒ်က များလေလေပဲ... ပထမနေရာသာရမယ်ဆိုရင်တော့.... အင်း ကျွန်တော်လည်းမသိဘူး...."
"ဆရာက အဲ့အချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောမပြဘူး..."
"ဘယ်လိုပဲဖြစ်ဖြစ်, သေချာပေါက် ကောင်းတာပဲဖြစ်မှာ..."
ရှီဂွမ်း သူသိသမျှကို ပြောလိုက်သည်။
ဤအရာတွေအားလုံးက ဂိုဏ်း မကြေညာသေးသည့် အတွင်းသတင်းတွေပင်။
ရှီညီအကိုလို အဓိကတပည့်တွေသာ အရင်ဆုံးသိနိုင်၏။
သို့ပေမယ့် ဂိုဏ်း ၃ ခုသိုင်းပြိုင်ပွဲကြီးက ၂ လသာကျန်တော့၍ ရက်အနည်းငယ်အတွင်း ကြေညာသင့်၏။
"ဆုလဒ်..."
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ် တောက်ပလာ၏။
သူက ဂိုဏ်းထဲမှဆရာမရှိ၍ အရာရာကို ကိုယ့်ကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ အဆင့်မြင့်အရင်းအမြစ်တွေပေးမည့် ပြိုင်ပွဲကြီး၌ ပါဝင်ယှဥ်ပြိုင်ရမည်ဖြစ်သည်။
"ငါသိပြီ..."
အသိပြန်ဝင်လာပြီး မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
"ပြောပြလို့ ကျေးဇူးပါ..."
"စီနီယာအကိုမုန့် မင်းက ယဥ်ကျေးလွန်းနေပါပြီ... ဒီသတင်းတွေအကုန်လုံးက အနှေးနဲ့အမြန် ကြေညာမှာပဲ..."
ရှီဂွမ်း ပြုံးလိုက်သည်။
"အကိုမုန့် အပြစ်ပေးတောင်ထိပ်ကို မသွားဘူးဆိုမှတော့ ကျွန်တော်တို့ အရင်သွားလိုက်ပါအုန်းမယ်..."
"အေး, သွားလေ..."
သူ့စကားဆုံးသည်နှင့် ရှီညီအကိုနှစ်ယောက် ကောင်းကင်ကို ပျံတက်သွားခဲ့သည်။
သူတို့၏ခုန်ကူးသည့်စွမ်းရည်က အံ့အားသင့်စရာကောင်းပြီး ခြေထောက်၌အပြာရောင်အလင်းတန်းတွေဝန်းရံနေကာ အဝေးရှိ စိတ်ဝိညာဥ်တောင်တစ်ခုဆီ ခုန်ကူးသွားသည်။
"တာတိုသိုင်းပညာ..."
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းယ် ကျဥ်းမြောင်းသွား၏။
၎င်းမှာ ကျမ်းမှလား ဒါမှမဟုတ် ကြယ်ရောင်ဖြိုခွဲခြင်းအရိပ်ခြေလှမ်း၏ အကျိုးသက်ရောက်မှုလား သူမသိပေ။
အကြည့်ပြန်ရုတ်ပြီး မုန့်ချန်ချင်း ရှီဂွမ်းပြောခဲ့တာတွေကို စီစစ်ကြည့်လိုက်သည်။
'ဂိုဏ်း ၃ ခု သိုင်းပြိုင်ပွဲကြီး... နောက်ဆုံးအဆင့်က ထိပ်ဆုံး ၃၀ အပေါ်မှာမူတည်တယ်...'
'ငါတို့က အဆင့် ၁ ရဖို့လိုရုံတင်မကဘူး ထိပ်ဆုံး ၃၀ ထဲမှာ နေရာအများဆုံးပိုင်ဆိုင်ဖို့လည် လိုတယ်...'
'စိတ်ဝင်စားစရာပဲ....'
'ပြီးတော့ အရင် ပုန်းကွယ်နဂါးစားရင်းပြောင်းလဲမှုတွေအပေါ်အခြေခံရင် အခြားဂိုဏ်းတွေ ထိုက်ရွမ်ဂိုဏ်းအဆင့်မတက်အောင် အစွမ်းကုန်ကြိုးစားကြမှာပဲ...'
မုန့်ချန်ချင်း ဆက်မတွေးတော့ပဲ အစီအရင်ဖွင့်ကာ ဆက်ကျင့်ကြံနေလိုက်သည်။
သူသာ သိုင်းပြိုင်ပွဲမှာ ပါဝင်လိုလျှင် တာအိုဖန်တီးခြင်းနယ်ပယ်ကို ဝင်ရောက်ရမည်ဖြစ်သည်။
ထို့ပြင် ဤတစ်ချိန်၌ ပြိုင်ဘက်မှာ တစ်ဂိုဏ်းတည်းသားတွေမဟုတ်ပဲ အခြားအင်အားစုနှစ်ခုမှ ထိပ်သီးပါရမီရှင်တွေဖြစ်သည်။
အထူးချွန်ဆုံးပါရမီရှင်တွေ စုဝေးကြမည်ဟု ပြောနိုင်၏။
သူက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသော်လည်း ပိုကောင်းအောင်ပြင်ဆင်ဖို့ လိုအပ်နေဆဲဖြစ်သည်။
....
ရက်ပေါင်းများစွာကြာပြီးနောက် ဂိုဏ်းအတွင်း၌ သတင်းတစ်ခုပျံ့နှံ့လာသည်။
"တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲ ယာယီရွေ့ဆိုင်းလိုက်သည်..."
"နောက်နှစ်လကြာ ဂိုဏ်း ၃ ဂိုဏ်းသိုင်းပြိုင်ပွဲကြီးပြီးမှ ပြန်လည်ကျင်းပမည်..."
ဤသတင်းက ချက်ချင်း ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဂိုဏ်းရင်ပြင်၌...
"မကြာသေးခင်က ဘာသတင်းမှထွက်မလာတာ မအံ့သြတော့ပါဘူး... လက်စသတ်တော့ ရက်ရွေ့လိုက်တာကိုး..."
"ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲကြီးက တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲထက်တောင် ပိုအရေးကြီးတယ်..."
တစ်စုံတစ်ယောက် ရေရွတ်လိုက်သည်။
အဆုံးမှာတော့ တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲမှာ ဂိုဏ်းထဲ၌ နှစ်စဥ်ကျင်းပနေသည့် လုပ်ရိုးလုပ်စဥ်ကိစ္စဖြစ်ပြီး ဂိုဏ်း ၃ ခုသိုင်းပြိုင်ပွဲမှာတော့ မတူပေ။
၎င်းမှာ ဂိုဏ်းက အခြားဂိုဏ်းတွေကိုလွမ်းမိုးနိုင်စွမ်းရှိမရှိနှင့် အဆင့် ၁ တက်လှမ်းနိုင်မလားဆိုတာကို ကိုယ်စားပြု၏။
"ဂိုဏ်း ၃ ဂိုဏ်း ထိပ်သီးပါရမီရှင်တွေရဲ့ တိုက်ပွဲကိုစိတ်ကူးကြည့်ရုံနဲ့ အတော်လေးတုန်လှုပ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းနေပြီ..."
"ဟုတ်တယ်..."
"ပုံမှန်ဆို, တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ရင်တောင် ကန့်သတ်ထားတာ... အခုလိုလူသိရှင်ကြားစုဝေးတာက အတော်လေးရှားတယ်..."
"တောင်ထိပ်အသီးသီးက ပါရမီရှင်တွေနဲ့ ဒီပြိုင်ပွဲမှာ သေချာပေါက် အေးအေးဆေးဆေးအနိုင်ရမှာ..."
"ဂိုဏ်းအဆင့်မြှင့်တင်မယ့်လမ်းကြောင်းက ရပ်တန့်လို့မရဘူး..."
လူများစွာ အလွန်ယုံကြည်မှုရှိနေကြ၏။
သို့ပေမယ့် အချို့က သူတို့အပေါ် ရေအေးတွေလောင်းချလိုက်သည်။
"အရမ်းကြီးအကောင်းမြင်မနေနဲ့... အဆင့်တက်ရမယ့်အခြေအနေတွေကိုလည်းပြန်တွေးကြည့်အုန်း... အဆင့် ၁ ရရမယ့်အပြင် ထိပ်ဆုံး ၃၀ မှာလည်း နေရာအများဆုံးရရမှာ..."
"ဘီလူးဝိညာဥ်ဂိုဏ်းသာ နေမီးတောက်တောင်ကြားကို အလျော့ပေးလိုက်ရင် နေမီးတောက်တောင်ကြား နေရာအများစု ပိုင်မသွားဘူးလား..."
ထိုစကားတွေထွက်ပေါ်လာသည်နှင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
"သေစမ်း, ငါ အရင်က ပုန်းကွယ်နဂါးစာရင်းပြောင်းလဲမှုတွေ ဘာလို့အရမ်းထူးဆန်းနေရလဲသိချင်နေတာ..."
"လေတိမ်မြို့ရဲ့ နဲ့မိသားစုတောင် တစ်နေရာစာပဲ ရှိတော့တာ..."
"ဒီတော့ သူတို့က ဒါကိုစောင့်နေတာကိုး..."
"စက်ဆုပ်စရာကောင်းလိုက်တဲ့ကောင်တွေ, သူတို့အနိုင်မရနိုင်တာနဲ့ မစားရတဲ့အမဲသဲနဲ့ပက်နေတယ်... တကယ်ရှက်စရာပဲ..."
လူများစွာ မကျေမနပ်ဖြစ်နေကြသည်။
"အား... ဂိုဏ်းအဆင့်မြှင့်တင်တာက ဘာလို့ ဒီလောက်ထိပြဿနာများနေရတာလဲ..."
"ရိုးရိုးရှင်းရှင်းဖြစ်လို့မရဘူးလား..."
"မဖြစ်နိုင်ဘူး... ဒါတွေက သန့်စင်နယ်မြေဗဟိုစီရင်စုက ထုတ်ပြန်ထားတဲ့စည်းမျဥ်းတွေပဲ... သူတို့က လက်ရှိခွန်အားကော အနာဂတ်အလားအလာကော နှစ်ခုလုံးကိုကြည့်တာ... နှစ်ခုလုံးက မရှိမဖြစ်လိုအပ်တယ်.... အကယ်၍ ငါတို့ကသာ အကြွင်းမဲ့အလားအလာကိုမပြနိုင်ရင် သန့်စင်နယ်မြေက အဆင့်တက်ခွင့်ပြုမှာမဟုတ်ဘူး... အဆုံးမှာတော့ အခြားအင်အားစုတွေရဲ့အလားအလာ အားမနည်းရင် ဆက်ယှဥ်ပြိုင်ဖို့ တန်ဖိုးရှိတယ်..."
"ဒါ့ပြင် အဆင့်တက်တဲ့အခါ အခြားအင်အားစုတွေကို အတော်လေးအထိနာစေတယ်... နယ်မြေနဲ့အရင်းအမြစ်အများစု ပေးအပ်ရမှာလေ..."
လူအုပ် ဆက်လက်ဆွေးနွေးနေခဲ့ကြသည်။
"ထားလိုက်တော့ ကိစ္စတွေက စီစဥ်ပြီသွားပြီဆိုတော့ ပြိုင်ပွဲဆီစေလွတ်မဲ့တပည့်တွေအကြောင်း ပြောရအောင်..."
"ဂိုဏ်းအသီးသီးက တပည့် ၅၀ စီ ပို့ရမယ်... ဒါက ငါတို့ထိုက်ရွမ်ဂိုဏ်းအတွက် အရမ်းကြီးမများဘူး... ခွဲကြည့်လိုက်ရင် တောင်ထိပ်တစ်ခုကို တပည့် ၇ ယောက်စီလောက်ပဲ..."
"အဲ့လိုမခွဲလောက်ဘူး... ခွန်အားအရပဲ ဆုံးဖြတ်မယ်ထင်တယ်...အချို့တောင်ထိပ်တွေက အားနည်းပြီး လူအများကြီးမပို့နိုင်ဘူး..."
"ပြီးတော့ အဓိကတောင်ထိပ်က စစ်မှန်တပည့် ၁ ယောက်ပဲရှိတာ..."
အဓိကတောင်ထိပ်အကြောင်းပြောသည့်အခါ လူတိုင်းနှလုံးသားတွေ ရိုသေလေးစားမှုတွေနှင့်ပြည့်နှက်သွား၏။
အဆုံးမှာတော့ လက်ရှိပုန်းကွယ်နဂါးစာရင်းအဆင့် ၁ က အဓိကတောင်ထိပ်၏ စီနီယာအကိုကြီးဖြစ်သည်။
မကြာသေးခင်နှစ်တွေ၌ သူက ဂိုဏ်းချုပ်လက်ခံခဲ့သည့် တပည့်တစ်ယောက်ဖြစ်သည်။