← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

ဂိုဏ်းအသီးသီး၏အခြေအနေ

ထိုက်ရွမ်ဂိုဏ်း၏ နံပါတ်တစ်စစ်မှန်တပည့်...

ဟန်လျိုယု...

တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၉ ဖြစ်ပြီး ပုန်းကွယ်နဂါးစာရင်းအဆင့် ၁ ဖြစ်သည်။

အမှန်တော့ ပုန်းကွယ်နဂါးစာရင်းအဆင့် ထိပ်ဆုံးနေရာတွေ၌ အများစုကို ထိုက်ရွမ်ဂိုဏ်းက ပိုင်ဆိုင်ပြီး အခြားအင်အားစုတွေရခဲ၏။

နေမီးတောက်တောင်ကြားတစ်ခုတည်းသာ အကြိမ်အနည်းငယ် ရဖူး၏။

အဓိကအင်အားစုကြီးလေးခုမှာ အင်အားချင်းညီမျှပေမယ့် ကွာဟချက်တွေတော့ရှိနေဆဲဖြစ်သည်။

နေမီးတောက်တောင်ကြာတစ်ခုသာ ထိုက်ရွမ်ဂိုဏ်းနှင့်ယှဥ်နိုင်ပြီး ဘီလူးဝိညာဥ်ဂိုဏ်းနှင့် လေတိမ်မြို့တို့မှာ အနည်းငယ်နိမ့်ကျသည်။

"စီနီယာအကိုဟန်သာ လှုပ်ရှားရင် သိုင်းပြိုင်ပွဲပထမနေရာက ကိတ်မုန့်လှီးရသလို လွယ်နေမှာ..."

လူတိုင်း ယုံကြည်မှုရှိကြသည်။

"ငါတို့ နေမီးတောက်တောင်ကြားရဲ့ မွေးရာပါမီးခန္ဓာ ကိုလည်းလျှော့မတွက်သင့်ဘူး... စီနီယာအကိုဟန်ကို မနိုင်ဘူးဆိုပေမယ့် အကြိမ်တိုင်းက ကပ်သီလေးရှုံးသွားတာ..."

"ကွာဟချက်က မကြီးဘူး... ဒီတစ်ကြိမ်သိသိသာသာတိုးတက်မှုမရှိရင် စီနီယာအကိုဟန်အပေါ် ခြိမ်းခြောက်မှုရှိနိုင်တယ်..."

ဤအရာကြားသည့်အခါ လူအများစု မနေနိုင်ပဲ ခေါင်းညိတ်လိုက်၏။

သို့ပေမယ့် သူတို့မျက်လုံးတွေထဲ၌ ယုံကြည်မှုတွေ ပြည့်ဝနေဆဲဖြစ်သည်။

အဆုံးမှာတော့ စီနီယာအကိုဟန်၏မှတ်တမ်းတွေက အဖြေပေးပြီးသားဖြစ်သည်။

ထို့ကြောင့် ယခုဦးစားပေးကိစ္စမှာ ထိပ်ဆုံး ၃၀ ရှိ အရေအတွက်ဖြစ်သည်။

မည်သူတွေကို စေလွတ်မည်နည်း။

တစ်ခဏ ရင်ပြင်၌ အမျိုးမျိုးသောထင်မြင်ချက်တွေဖြင့် ဆူညံသွား၏။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။

မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ နောက်တစ်လကုန်ဆုံးသွားခဲ့သည်။

ဤတစ်လအတွင်း ဂိုဏ်းတွေက သိုင်းပြိုင်ပွဲ၏ ဆုလဒ်တွေကို ကြေညာလာခဲ့သည်။

သက်စောင့်ဖန်တီးခြင်းဆေးလုံး....

နဂါးသွေးမြက်...

ချန်ယန်ဓား...

အစရှိသဖြင့်ပင်။

အားလုံးမှာ အဆင့် ၄ သို့မဟုတ် အဆင့် ၅ အဖိုးတန်အရင်းအမြစ်တွေပင်။

ပုံမှန်ဆို မြင်ရဖို့မပြောနှင့် အနံ့တောင်ရူလို့ရမည်မဟုတ်ပေ။

သို့ပေမယ့် ယခုတော့ အားလုံးထုတ်ယူလာခဲ့သည်။

ဤအရာက တပည့်တွေကို စိတ်အားထက်သန်သွားစေခဲ့သည်။

ဤအရင်းအမြစ်တွေက တပည့်အများစုအတွက် ဘာမှမဟုတ်သော်လည်း စိတ်ကူးတော့ယဥ်ကြည့်နိုင်သေးတာပဲဖြစ်သည်။

ထို့ပြင် တောင်ထိပ်အသီးသီးရှိ ထိပ်တန်းပါရမီရှင်တွေလည်း စတင်ထွက်ပေါ်လာပြီး ယခင်ကကဲ့သို့ တံခါးပိတ်မနေတော့ပေ။

ဝမ်ရှန်းအဆောက်အဦး၏လုပ်ဆောင်ချက်ကြောင့် ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲသတင်းမှာလည်း စတင်ပျံ့နှံ့လာခဲ့သည်။

ထျန်လင်းစီရင်စုတစ်ခုလုံးတောင် ဤအကြောင်းသိလာပြီး လူတိုင်းစတင်ဆွေးနွေးလာခဲ့သည်။

အဆုံးမှာတော့ ဤကိစ္စမှာ ထျန်လင်းစီရင်စုအတွက် ကမ္ဘာတုန်လှုပ်လောက်သည့် ကိစ္စကြီးဖြစ်သည်။

ထိုက်ရွမ်ဂိုဏ်းသာအောင်မြင်ခဲ့လျှင် အနာဂတ်၌ ပထမအဆင့်ဂိုဏ်းဖြစ်လာပြီး တစ်ခုတည်းသော အုပ်စိုးသူအင်အားစုဖြစ်လာမည်ဖြစ်သည်။

တောင်ပိုင်းနယ်မြေတစ်ခုလုံး၏အင်အားကိုလည်း အကြွင်းမဲ့ကိုယ်စားပြုနိုင်တော့မည်ဖြစ်သည်။

"ထိုက်ရွမ်ဂိုဏ်းက အရမ်းသန်မာပေမယ့် တကယ်တော့ အဆင့်တက်ဖို့က မလွယ်ဘူး... နေမီးတောက်တောင်ကြားနဲ့ ဘီလူးဝိညာဥ်ဂိုဏ်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး..."

"ဟုတ်တယ်, အဆင့်တက်သွားရင် ထိုက်ရွမ်ဂိုဏ်းက အကြီးအကျယ်ပြောင်းလဲသွားမှာ... သူတို့က ပိုများတဲ့နယ်မြေတွေ အရင်းအမြစ်တွေရရုံတင်မဟုတ်ဘူး ဗဟိုစီရင်စုရဲ့ အထောက်အပံ့တွေကိုလည်း နှစ်စဥ်ရရှိအုန်းမှာ..."

"အခြားအင်အားစုတွေက ခါးစီးခံရမှာလေ..."

တစ်ခဏ ဆွေးနွေးမှုတွေ ပလူပျံသွား၏။

....

တိမ်ရေမြို့(ယွင်ရွှေမြို့) မုန့်မိသားစု...

ဤအခိုက်အတန့်၌ မုန့်မိသားစု မိသားစုအစည်းအဝေးကျင်းပနေပြီး အံ့အားသင့်သည့်အသံတစ်ခုက တည်ငြိမ်မှုကို ချိုးဖျက်သွားခဲ့သည်။

"ဥက္ကဠ... အကြီးအကဲတို့..."

လူတစ်ယောက် ခန်းမထဲ စိတ်လှုပ်တရှား ပြေးဝင်လာခဲ့သည်။

"ဘာရေးကြီးသုတ်ပျာဖြစ်လာတာလဲ... ဒီမှာ မိသားစုအစည်းအဝေးကျင်းပနေတာ မသိဘူးလား..."

အကြီးအကဲတစ်ယောက် မတ်တပ်ထရပ်ပြီး မကျေမနပ်ပြောလိုက်သည်။

"ဘာကိစ္စလဲ..."

ဂုဟုန်ယွီ တူညီသည့်အသွင်အပြင်ရှိနေဆဲဖြစ်ပြီး ဝါးဦးထုပ်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

"ဥက္ကဠ, ကိစ္စကြီးပါ..."

ကလန်အဖွဲ့ဝင် တစ်ကိုယ်လုံးတုန်ယင်နေပြီး သူ့လက်ထဲ၌ စာရင်းတစ်ခုကို ကိုင်ထားသည်။

"ကျွန်တော့်တို့သခင်လေး ပုန်းကွယ်နဂါးစာရင်းကို တက်လှမ်းသွားပြီ..."

ဘာ...

ထိုစကားတွေထွက်ပေါ်လာသည်နှင့် ခန်းမတိတ်ဆိတ်သွားပြီး အပ်ကျသံတောင်ကြားနိုင်၏။

ဂုဟုန်ယွီ ပထမဦးစွာ အသိပြန်ဝင်လာပြီး ကလန်အဖွဲ့ဝင်ရှေ့ ဖျတ်ကနဲပေါ်လာကာ စားရင်ကို ယူလိုက်သည်။

၃၈ ခုမြောက်စာရွက်ပေါ်၌ မုန့်ချန်ချင်းရုပ်ပုံ ရှိနေခဲ့သည်။

ပတ်ဝန်းကျင်ရှိအကြီးအကဲတွေလည်း စုဝေးလာပြီး ရုပ်ပုံကိုမြင်သည့်ခါ အားလုံး တုန်လှုပ်စွာ ပင့်သက်ရှိုက်လိုက်ကြသည်။

အဆုံးမှာတော့.... ဤအရာက ပုန်းကွယ်နဂါးစာရင်းဖြစ်၏။

အလွန်အမင်းထူးချွန်သည့်လူတွေသာ ထိုစာရင်းပေါ်မှာရှိနိုင်ပြီး သူတို့၏သခင်လေး ပါဝင်နေခဲ့သည်။

နောက်ဆုံးအကြိမ်ပြန်လာချိန် သူပြသခဲ့သည့်ကျင့်ကြံရေးမှာ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်သာဖြစ်ရာ ထူးချွန်သည့်ပါရမီရှင်တွေနှင့် တွဲဖက်မြင်ဖို့က မဖြစ်နိုင်ပေ။

သို့ပေမယ့် စာရင်း၌ တကယ်ပဲ သူတို့သခင်လေး၏ရုပ်ပုံပါလာခဲ့သည်။

"ဟ...ဟ...ဟ... ကောင်းကင်ဘုံက ငါတို့မုန့်မိသားစုကို ကောင်းချီးပေးတာပဲ... ကောင်းကင်ဘုံက ငါတို့မုန့်မိသားစုကို ကောင်းချီးပေးတာပဲ..."

အကြီးအကဲများစွာ အသိပြန်ဝင်လာပြီး စိတ်လှုပ်တရှား ဟက်ဟက်ပက်ပက်ရယ်လိုက်ကြသည်။

"ငါတို့သခင်လေးက တကယ်ကိုရှားတဲ့ ပါရမီရှင်ပဲ..."

"ပုန်းကွယ်နဂါးစာရင်းတောင်ဝင်ခဲ့တယ်..."

"မုန့်မိသားစုတိုးတက်ကြီးပွားတော့မယ်... မုန့်မိသားစုတိုးတက်ကြီးပွားတော့မယ်..."

အကြီးအကဲတွေ စိတ်လှုပ်ရှားနေပြီး မုတ်ဆိတ်ဖြူတွေတုန်ယင်နေကာ အချို့ဆို မျက်ရည်တောင်ကျ၏။

သူတို့သခင်လေး ဘယ်လိုလုပ်ခဲ့လဲ သူတို့မသိပေမယ့် ထိုအရာက အရေးမကြီးပေ။ ရလဒ်ကသာ အဓိကဖြစ်၏။

အပြင်ဘက်ရှိလူတွေလည်း စတင် ကြွေးကြော်လာကြသည်။

ယွင်ရွှေမြို့မှာ နေရာငယ်လေးတစ်ခုဖြစ်ပြီး မုန့်မိသားစုမှာလည်း မိသားစုငယ်လေးတစ်ခုဖြစ်ရာ သူတို့က ဘယ်တုန်းကမှ ဤကဲ့သို့ကိစ္စမျိုး မမျှော်လင့်ထားပေ။

မိသားစုထဲ၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အနည်းငယ်ရှိရုံနှင့်တင် ဘိုးဘေးတွေကောင်းချီးပေးရာ ရောက်နေပြီဖြစ်သည်။

သို့ပေမယ့် ယခုတော့ သူတို့သခင်လေးက ပုန်းကွယ်နဂါးစာရင်းမှာပါလာခဲ့ပြီး ထျန်လင်းစီရင်စုကို တုန်လှုပ်သွားစေခဲ့သည်။

"ဒီကောင်လေး..."

ဂုဟုန်ယွီ အသိပြန်ဝင်လာပြီး သူမ၏ကြည်လဲ့သည့်မျက်လုံးတွေ၌ တုန်လှုပ်မှုတွေ ပြည့်နှက်နေခဲ့သည်။

မုန့်ချန်ချင်း ဤအဆင့်ထိ ကြီးထွားလာမည်ဟု သူမ မမျှော်လင့်ထားပေ။

၎င်းမှာ ပုန်းကွယ်နဂါးစာရင်းလေးသာဖြစ်သော်လည်း လူတိုင်းရနိုင်သည့်အရာမဟုတ်ပေ။

ထိပ်တန်းပါရမီရှိလူတွေသာ ပိုင်ဆိုင်ကြ၏။

မိန်မောနေရင်း ဂုဟုန်ယွီ မနေနိုင်ပဲ သူတို့ခွဲခွာချိန် မုန့်ချန်ချင်းပြောခဲ့တာတွေကို တွေးမိသွား၏။

"ဒေါ်လေး, လောကကြီးကအကျယ်ကြီးပါ... နဂါးဟိန်းသံကို အတူတူနားထောင်ကြတာပေါ့..."

"ဒီကောင်လေး တကယ်လုပ်နိုင်ခဲ့တာပဲ..."

ဂုဟုန်ယွီလက်တွေအနည်းငယ်တင်းကြပ်သွားပြီး ဖော်ပြလို့မရသည့်ခံစားချက်တွေ စိတ်ထဲမှာ လိမ့်တက်လာခဲ့သည်။

"ဟုတ်တယ်, နောက်ကိစ္စတစ်ခုရှိသေးတယ်..."

စိတ်လှုပ်ရှားမှုတွေအလယ်မှာပဲ ကလန်အဖွဲ့ဝင်ပြောလိုက်သည်။

"သခင်လေးအကြောင်းလား..."

ဂုဟုန်ယွီ သူ့ကိုကြည့်လိုက်သည်။

"မဟုတ်ပါဘူး, ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲကြီးအကြောင်းပါ...."

ကလန်အဖွဲ့ဝင် ခေါင်းခါယမ်းပြီး စတင်ရှင်းပြလိုက်သည်။

"ဒီတော့ ထိုက်ရွမ်ဂိုဏ်းက အဆင့် ၁ ကို တိုးမြှင့်တော့မှာပဲ..."

ခဏကြာပြီးနောက် ခန်းမထဲရှိလူတွေလည်း အခြေအနေကို နားလည်လာကြသည်။

အဆုံးမှာတော့ ယွင်ရွှေမြို့က နေရာငယ်လေးတစ်ခုဖြစ်ရာ သတင်းရောက်ရှိမှုနှေးပြီး ပုံမှန်ဆို အများကြီးဂရုမစိုက်ကြပေ။

ယခုကဲ့သို့ပင်, ဤအကြောင်းကို ယနေ့မတိုင်ခင်ထိ မသိခဲ့ကြပေ။

"ထိုက်ရွမ်ဂိုဏ်း အောင်မြင်ရမယ်..."

"ဒါမှ အနာဂတ်မှာ ငါတို့သခင်လေး ပထမအဆင့်ဂိုဏ်းရဲ့ စစ်မှန်တပည့်ဖြစ်လာမှာ..."

လူတိုင်း စိတ်လှုပ်ရှားနေကြသည်။

"ဒါနဲ့ ငါတို့သခင်လေးက ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မှာလား..."

"မပါလောက်ဘူး... သူတို့ပြောတာတော့ တာအိုဖန်တီးခြင်းနယ်ပယ်ရောက်မှ ဝင်ပြိုင်လို့ရမှာ... စာရင်းထဲမှာဖော်ပြထားတာအရ ငါတို့သခင်လေးက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၃ ပဲ ရောက်သေးတာ... လပေါင်းများစွာကျန်သေးရင်တောင် သခင်လေးက သတ်မှတ်ချက်ဖို့ရောက်ဖို့က မဖြစ်နိုင်ဘူး..."

တစ်စုံတစ်ယောက် ဖြေလိုက်သည်။

အခြားလူတွေလည်း ခေါင်းညိတ်လိုက်၏။

သခင်လေးမပါမှတော့ အများကြီးစိတ်ဝင်စားစရာမရှိပေ။

မဟုတ်လျှင် သူတို့က သေချာပေါက် နည်းလမ်းရှာပြီး လူကိုယ်တိုင်သွားကြည့်ကြမည်ဖြစ်သည်။

"ကောင်းပြီ, အခုချိန်ကစပြီး မိသားစုက ထိုက်ရွမ်ဂိုဏ်းအခြေအနေကို ပိုပြီးအားရုံစိုက်ထားရမယ်... အထူးသဖြင့် သခင်လေးအကြောင်းပဲ... တစ်ခုခုထူးခြားတာနဲ့ ချက်ချင်း ငါ့ကို အကြောင်းကြားပါ..."

ဂုဟုန်ယွီ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ကလန်အဖွဲ့ဝင် အပြင်းအထန် ခေါင်းညိတ်လိုက်၏။

"ပြီးတော့ သခင်လေး ပုန်းကွယ်နဂါးစာရင်းတက်လှမ်းသွားတဲ့သတင်းကို ဖြန့်လိုက်..."

"ခုချိန်ကစပြီး, ယွင်ရွှေမြို့မှာ..."

"မုန့်မျိုးရိုး နာမည်တွင်စေရမယ်..."

အခန်း (၁၁၂)

ဂိုဏ်းက မင်းကိုလျစ်လျူမရှုပါဘူး, ဒါပေမယ့်...

စိတ်ဝိညာဥ်တောင်ထိပ်ပေါ်၌ မုန့်ချန်ချင်း အပျက်အဆီးတွေကြား၌ ခြေချိန်ထိုင်နေဆဲဖြစ်သည်။

သို့ပေမယ့် သူ့ကိုယ်ပေါ်ရှိအော်ရာမှာ အထွတ်အထိပ်ကိုရောက်နေခဲ့သည်။

စီးဆင်းနေသည့်စစ်မှန်ချီတွေက ပိုလို့တောင် ထူးထည်းနေပြီး ပတ်ဝန်းကျင်၌ မြူတွေကဲ့သို့ ပျံ့နှံ့နေခဲ့သည်။

ဟူး...

ဤအခိုက်အတန့်၌ မုန့်ချန်ချင်း ရုတ်တရက် မျက်လုံးပွင့်လာသည်။

သန်မာသည့်အော်ရာတစ်ခုပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိသဲနှင့်ကျောက်တုံးတွေကို လွင့်ပျံသွားစေခဲ့သည်။

"ငါ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အထွတ်အထိပ်ကို ရောက်ပြီ..."

မုန့်ချန်ချင်း မျက်လုံးတွေ ပြန်လည်တည်ငြိမ်လာခဲ့သည်။

တကယ်တော့ လွန်ခဲ့သည့်လဝက်ကတည်းက သူက ဤအဆင့်ကို ရောက်နေခဲ့တာဖြစ်သည်။

သို့ပေမယ့် ယခုချိန်၌ အလျှင်မလိုသေးရာ အရှိန်အနည်းငယ်နှေးပြီး နယ်ပယ်ပိုခိုင်မာအောင်လုပ်နေခဲ့သည်။

"နောက်တစ်ဆင့်က တာအိုဖန်တီးခြင်းနယ်ပယ်ကို ချိုးဖျက်ဖို့ပဲ..."

မုန့်ချန်ချင်း သူ့သိုလှောင်လက်စွပ်ထဲမှ နောက်ဆုံးအရင်းအမြစ်ကိုထုတ်ယူလိုက်သည်။

သူက နတ်ဆိုးကျင့်ကြံသူများစွာကိုသတ်ဖြတ်ပြီး အရင်းအမြစ်တွေကိုစုဆောင်းသော်လည်း အများစုမှာ အရေအသွေးနိမ့်ပစ္စည်းတွေသာဖြစ်သည်။

အထူးသဖြင့် နတ်ဆိုးဂိုဏ်းအကြီးအကဲမှာ ဝေးချင်းလောက်နီးပါးကို ဆင်းရဲ၏။

အကုန်လုံးခြုံငုံကြည့်လျှင် ဆေးလုံးစိမ်းအကြီးအကဲသာ ကြွယ်ဝ၏။

ယခုချိန်သူရောက်နေသည့်အဆင့်မှာလည်း ဆေးလုံးစိမ်းအကြီးအကဲအကူအညီကြောင့်ဖြစ်သည်။

မဟုတ်လျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၇ ကတည်းက သူ့အိတ်ပြောင်နေပြီဖြစ်သည်။

"အိမ်မှာရှိတုန်း မိသားစုကိုမှီခိုပြီး အပြင်မှာဆို မိတ်ဆွေတွေကိုမှီခိုရမယ်ဆိုတဲ့ စကားက တကယ်မှန်တာပဲ..."

မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။

"အနာဂတ်မှာ ဒီလိုမိတ်ဆွေတွေ များများရှိဖို့ မျှော်လင့်တယ်..."

ထို့နောက် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ချိုးဖျက်ဖို့ ပြင်ဆင်လိုက်၏။

အရင်းအမြစ်များစွာ မကျန်တော့သော်လည်း တာအိုဖန်တီးခြင်းနယ်ပယ် ချိုးဖျက်ဖို့ လုံလောက်သင့်၏။

အဓိကမှာ စစ်မှန်ချီပြောင်းလဲခြင်းဖြစ်သည်။

သူက လင်လုံမဟာကြော့ကွင်းကောင်းကင် အကူအညီဖြင့် စစ်မှန်ချီမှ စစ်မှန်အနှစ်သာရပြောင်းလဲခြင်းကို အကြိမ်များစွာမြင်ဖူး၍ ဤဖြစ်စဥ်နှင့် ရင်းနှီးနေပြီဟု ပြောနိုင်သည်။

နားလည်မှုမလုံလောက်ပြီး အဆင့်ချိုးဖျက်မှုကျရှုံးမှာ စိုးရိမ်စရာမလိုပေ။

"ဆရာမုန့်, ရှိလားမသိဘူး..."

ရုတ်တရက် ရင်းနှီးသည့်အသံတစ်ခု အစီအရင်အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း အနည်းငယ် မျက်ခုံးပင့်လိုက်ပြီး ချက်ချင်းမှတ်မိလိုက်၏။

ထိုအရာက.. ကျမ်းဆောင်စောင့်အကြီးအကဲပင်။

သို့ပေမယ့် ဘာကြောင့် ဤနေရာရောက်လာသနည်း။

ညာလက်ဝှေ့ယမ်းပြီး အစီရင်ကို ပယ်ဖျက်စေလိုက်သည်။

အပြင်ဘက်၌ ယွင်ပုကျွယ် မတ်တပ်ရပ်နေခဲ့သည်။

"မင်း ဘယ်သူနဲ့တိုက်လို့ ဒီလိုပျက်စီးသွားတာလဲ..."

မုန့်ချန်ချင်းအပျက်အစီးပုံထဲထိုင်နေတာမြင်တော့ ယွင်ပုကျွယ် မနေနိုင်ပဲ ရယ်လိုက်သည်။

"ဘယ်သူနဲ့မှမတိုက်ခိုက်ပါဘူး, ကျင့်ကြံခြင်းရဲ့ သက်ရောက်မှုအချို့လေးပါ..."

မုန့်ချန်ချင်းပြုံးပြီး ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ့ညာလက်ကို အနည်းငယ်ပြန်ရုတ်လိုက်သည်။

ယွင်ပုကျွယ်ရောက်လာမှုက အမှန်တကယ်ရုတ်တရက်ဆန်ပြီး သတ်ဖြတ်ခြင်းအရိပ်အယောင်တွေ မြင်သွားစေလို့မဖြစ်ပေ။

မဟုတ်လျှင် ရှင်းပြရခက်မည်ဖြစ်သည်။

အဆုံးမှာတော့ သူက အပြစ်ပေးတောင်ထိပ်ကို ခုချိန်ထိ မသွားရသေးပေ။

"ဒါကိုပြန်ပြင်ဆင်ဖို့ မင်း ဂိုဏ်းထဲက အကြီးအကဲအချို့ကို ရှာနိုင်တယ်... ခုလိုအပြင်ဘက်ကြီးမှာထိုင်နေပြီး အစီရင်ပဲအားကိုးနေတာ ဖြစ်ကတက်စမ်းမနိုင်လွန်းဘူးလား..."

ယွင်ပုကျွယ် ပြောလိုက်သည်။

"ကျင့်ကြံရေးကို မသက်ရောက်သရွေ့ အဆင်ပြေပါတယ်..."

မုန့်ချန်ချင်း သာမန်အတိုင်းပြောလိုက်သည်။

သူက ပိုပြီးလက်တွေ့ကျ၏။

ပြင်ဆင်ဖို့တစ်စုံတစ်ယောက်ရှာတာက တစ်ရက်တည်းနှင့်ပြီးနိုင်သည့်အရာမဟုတ်ရာ သူက အချိန်မဖြုန်းချင်ပေ။

"အကြီးအကဲ ဒီနေ့ ဒီကို ဘာလာလုပ်တာလဲမသိဘူး..."

မုန့်ချန်ချင်းမေးလိုက်သည်။

"မင်းရဲ့ကျင့်ကြံရေးတိုးတက်မှုကို လာစစ်ရုံပါ... ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲကနီးကပ်လာပြီ... ပြီးတော့ မင်းကလည်း မျိုးစေ့ကောင်းတစ်ခုလေ..."

ယွင်ပုကျွယ် မုတ်ဆိတ်မွေးအနည်းငယ် သတ်လိုက်၏။

"ဂိုဏ်းမှာ တာအိုဖန်တီးခြင်းအဆင့် တပည့်နည်းနည်းတော့ရှိသင့်တယ်မလား... သူတို့က ဘာလို့ ကျွန်တော့်ကို တိုက်ရိုက်ရွေးချယ်လိုက်တာလဲ..."

မုန့်ချန်ချင်း အံ့အားသင့်သွား၏။

"ကျွန်တော်က ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာပဲရှိသေးတာလေ..."

တောင်ထိပ် ၇ ခု၌ တာအိုဖန်တီးခြင်းနယ်ပယ်ကျင့်ကြံသူအရေအတွက်မှာ အများကြီးမရှိသော်လည်း တစ်ရာလောက်တော့ရှိသေး၏။

ထိုကြောင့်လူအရေအတွက်မှာ ရှားပါးမနေပေ။

"ဒီဂိုဏ်း ၃ ဂိုဏ်းသိုင်းပြိုင်ပွဲမှာက ပါရမီရှင်တွေကြားက ပါရမီရှင်တွေပဲ... သာမန်တာအိုဖန်တီးခြင်းနယ်ပယ်တပည့်တွေကိုသွားခိုင်းရင် နေရာတွေဖြုန်းတီးရာပဲရောက်မှာ..."

ယွင်ပုကျွယ် ဖြေးညင်းစွာပြောလိုက်သည်။

"မင်းမှာ သန်မာတဲ့ဓားချီရှိသလို ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်နဲ့ တာအိုဖန်တီးခြင်းနယ်ပယ်ကို အနိုင်ယူနိုင်တယ်... ဒါကိုကြည့်ခြင်းအရ မင်းရဲ့အုတ်မြစ်ဘယ်လောက်ခိုင်မာလဲဆိုတာ ပြသနေတာပဲ..."

"မင်းသာ တာအိုဖန်တီးခြင်းနယ်ပယ်ရောက်ရင် အသန်မာဆုံးတွေက တစ်ယောက်ဖြစ်လိမ့်မယ်... ထိပ်ဆုံးအနည်းငယ်နဲ့မယှဥ်နိုင်ပေမယ့် ထိပ်ဆုံး ၂၀ ဒါမှမဟုတ် ၁၀ အတွင်းဝင်ဖို့က သေချာတယ်..."

"ဂိုဏ်းက သဘာဝအတိုင်းမင်းရဲ့တည်ရှိမှုကို လျစ်လျူရှုမထားပါဘူး..."

သိုင်းပညာချီမှာ တာအိုဖန်တီးခြင်းနယ်ပယ်ရှိ တပည့်တိုင်းနားလည်နိုင်သည့်အရာမဟုတ်ပေ။

အင်အားစုလေးခုလုံးမှတပည့်တွေကိုကြည့်လျှင်တောင် ၄၀ လောက်သာရှိ၏။

လေတိမ်မြို့က မယှဥ်ပြိုင်ရာ လူနှစ်ဆယ်သာကျန်တော့၏။

ထို့ကြောင့် ထိပ်ဆုံး ၃၀ ဝင်ရောက်နိုင်မည့်အခွင့်ရေးမှာ ထိုသာမန်တပည့်တွေထက် သိုင်းပညာချီပိုင်ဆိုင်ထားသည့်တပည့်တွေက ပိုမြင့်၏။

"ကျွန်တော်သိပြီ..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်ပြီး အများကြီး မအံ့သြပေ။

သူက သေချာပေါက် ဂိုဏ်း ၃ ဂိုဏ်းသိုင်းပြိုင်ပွဲနှင့် လွဲချော်မည်မဟုတ်ပေ။

အဆုံးမှာတော့ ဆုလဒ်များစွာရှိရာ ရှေ့လျှောက်သူ့ကျင့်ကြံရေးလိုအပ်ချက်နှင့် ကိုက်ညီ၏။

မူလ၌ အဆင့်ချိုးဖျက်ပြီးနောက် ဂိုဏ်းအထက်ပိုင်းတွေဆီသွားပြီး စာရင်းသွင်းဖို့ စီစဥ်ထား၏။

သို့ပေမယ့် မမျှော်လင့်စွာပဲ ဂိုဏ်းက သူ့အပေါ်အာရုံစိုက်ထားပြီး အဆင့်ချိုးဖျက်ချိန်ကို စောင့်နေတာဖြစ်သည်။

"မင်းရဲ့ အရင်ကျင့်ကြံရေးအရှိန်အရ နောက်နှစ်လကြာရင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၉ အထွတ်အထိပ်ရောက်မယ်လို့ ငါ ခန့်မှန်းခဲ့တာ..."

ယွင်ပုကျွယ် ညာလက်လှုပ်ရှားလိုက်ရာ ဆေးပုလင်းတစ်ခု သူ့လက်ထဲပေါ်လာခဲ့သည်။

ပုလင်းက ချိပ်ပိတ်ထားသော်လည်း သန်မာသည့်ဆေးရနံ့က ထုတ်လွတ်နေဆဲဖြစ်သည်။

မုန့်ချန်ချင်း အနည်းငယ်ရူကြည့်ရုံဖြင့် သူ့ကိုယ်ထဲရှိစစ်မှန်ချီထကြွလာကာ အသွင်ပြောင်းဖို့ လှုံ့ဆော်ခံနေရ၏။

"ဒါက ဘာလဲ..."

မုန့်ချန်ချင်း ဆေးပုလင်းကိုကြည့်လိုက်သည်။

သူ၏အဆင့် ၃ ဆေးပညာနှင့် ထိုအရာဘာလဲဆိုတာ အကြမ်းဖျင်းခန့်မှန်းမိ၏။

"အဆင့်လေး ရတနာဆေးလုံး- ခရမ်းဝိညာဥ်အနှစ်သာရဆေးလုံး..."

ယွင်ပုကျွယ်ပြောလိုက်သည်။

"တကယ်ပဲကိုး..."

မုန့်ချန်ချင်း အသက်ပြင်းပြင်းရူလိုက်၏။

ခရမ်းဝိညာဥ်အနှစ်သာရဆေးလုံး၏အကျိုးသက်ရောက်မှုမှာ ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးနှင့်ဆင်တူပြီး နှစ်ခုလုံးမှာ အဆင့်ချိုးဖျက်ဖို့ အရှိန်တင်နိုင်၏။

ထို့ပြင် ချိုးဖျက်ပြီးနောက် များပြားသည့်ဆေးစွမ်းအားကိုထုတ်ပေးကာ အချိန်ကုန်သက်သာစေ၏။

၎င်းမှာ အတော်လေးရှားပါးပြီး အဖိုးတန်လှကာ အပြင်ဘက်လောက၌ အဖိုးမဖြတ်နိုင်ပေ။

ထိုက်ရွမ်ဂိုဏ်းကဲ့သို့ အင်အားစုကြီးသာ ၎င်းတို့တပည့်တွေအဆင့်ချိုးဖျက်ဖို့အတွက် ထုတ်ပေးနိုင်၏။

"ဂိုဏ်းက မင်းကို လျစ်လျူရှုမထားပါဘူး.... ဒါပေမယ့်..."

ယွင်ပုကျွယ်တစ်စုံတစ်ခုပြောချင်ပေမယ့် စကာလုံးတွေကို ပြန်မျိုချထားလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အများကြီးမျှော်လင့်ထားတယ်..."

"ဒီခရမ်းဝိညာဥ်အနှစ်သာရဆေးလုံးက အစပဲရှိသေးတယ်... အနာဂတ်မှာ ပိုများတာတွေ လာလိမ့်မယ်..."

"ဒါပေမယ့် မင်းဘက်ကလည်း သိုင်းပြိုင်ပွဲမှာ ကောင်းကောင်းလုပ်ပြနိုင်ဖို့ လိုအပ်တယ်... ဘာကိုယ်မှဖုံးကွယ်မထားပဲ ရှေ့ကို သွားနိုင်သလောက်သွားပါ..."

"မင်းက ခုချိန်မှာ တာအိုဖန်တီးခြင်းနယ်ပယ်ကို မရောက်သေးပေမယ့် ထိပ်ဆုံး ၁၀ ယောက်ဝင်ဖို့ အကောင်းဆုံးပဲ..."

"အကြီးအကဲ ကျွန်တော့်ကို ယုံကြည်လွန်းနေပါပြီ..."

မုန့်ချန်ချင်း ဆေးပုလင်းကိုယူပြီး ပြုံးလိုက်သည်။

"ငါက လူငယ်မျိုးဆက်နဲ့ မိတ်ဆွေဖွဲ့ရင် အဲ့လူက သာမန်မဟုတ်လို့ပဲ..."

ယွင်ပုကျွယ် မုတ်ဆိတ်မွေးပွတ်ပြီး တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။

"အဆင့်ချိုးဖျက်ပြီးရင် ငါ့ဆီလာဖို့ အမှတ်ရပါ... မင်းကို တောင်ထိပ်အသီးသီးက ထိပ်တန်းပါရမီရှင်တွေနဲ့တွေဆုံဖို့ ခေါ်သွားပေးမယ်..."

"ထိပ်တန်းပါရမီရှင်တွေ..."

မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။

အတွင်းစည်းရောက်ကတည်းက သူ ထိုလူတွေ၏နာမည်ကို မကြာခဏကြားခဲ့ပေမယ့် တစ်ခါမှတော့ မတွေ့ဖူးပေ။

ထိပ်တန်းပါရမီရှင်တွေအနေဖြင့် သူတို့၏စွမ်းရည်ဇယားတွေက အတော်လေးအဖိုးတန်သင့်၏။

"သူတို့အားလုံးက အနာဂတ် မိတ်ဆွေရင်းတွေပဲ..."

မုန့်ချန်ချင်းပါးစပ် အနည်းငယ်တွန့်ကွေးသွား၏။

"ဒါ့ပြင်, အကြီးအကဲ ကျွန်တော့်ကို ဒီလိုယုံကြည်မှုရှိနေမှတော့ ပထမနေရာရအောင်ယူတာပေါ့... ထိပ်ဆုံး ၁၀ယောက်က လွယ်လွန်းပါတယ်..."

ယခင်ကဆို သူဤကဲ့သို့စကားမျိုးမပြောရဲပေ။

သို့ပေမယ့် ယခုမှာတော့ သူ့၌ အထွတ်အထိပ်ဓားရည်ရွယ်ရှိနေပြီဖြစ်သည်။

မျိုးဆက်တူ သိုင်းပြိုင်ပွဲ၌ မတော်တဆမှုသာမရှိခဲ့လျှင် သူ အားလုံးကို အသာလေး အနိုင်ယူနိုင်၏။

All Chapters