← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃)

ကျွန်တော်က ခုချိန်ထိ နောက်လာမဲ့ဂိုဏ်းချုပ်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးဘူးလား?

ချက်ချင်းပဲ မုန့်ချန်ချင်း အကြည့်ပြန်ရုတ်ပြီး သူ့လက်ထဲရှိဆေးပုလင်းကိုကြည့်လိုက်သည်။

ဤအရာက အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးတာဖြစ်သည်။

ဤရတနာဆေးလုံးနှင့် အဆင့်ချိုးဖျက်ခြင်းက သေချာသွားပြီဖြစ်သည်။

သူ့ကိုယ်ပိုင်အရင်းအမြစ်တွေက လုံလောက်သော်လည်း ၎င်းမှာယူဆချက်တစ်ခုသာဖြစ်ပြီး အနည်းငယ်တော့ လိုအပ်ချက်ရှိ၏။

သို့ပေမယ့် ဤဆေးလုံးနှင့်ဆို လုံးဝစိုးရိမ်စရာမလိုတော့ပေ။

ထို့ပြင် ဆေးလုံး၏ဆေးစွမ်းအားနှင့် သူက တာအိုဖန်တီးခြင်းနယ်ပယ်အဆင့် ၃ ထိတောင်ကျင့်ကြံနိုင်တာပဲဖြစ်သည်။

"ကျမ်ဆောင်စောင့်အကြီးအကဲပြောတာတော့ ဂိုဏ်းက ငါ့ကိုလျစ်လျူရှုမထားပဲ အတော်လေးမျှော်လင့်ထားတယ်တဲ့...."

မုန့်ချန်ချင်း ယွင်ပုကျွယ်၏အစောပိုင်းစကားတွေကို ပြန်တွေးပြီး ပဟေဠိဖြစ်နေခဲ့သည်။

အတော်လေးမျှော်လင့်ထားလျှင် ဘာကြာင့် လုံးလုံးလျားလျား လျစ်လျူရှုထားသနည်း။

ထိုစကားမှာ အတော်လေး ဝိရောဓိဖြစ်၏။

"မေ့လိုက်တော့, ဘာပဲဖြစ်ဖြစ်ကွာ..."

အထက်လူကြီးတွေနားလည်ရခက်တာကိုတွေးမိပြီး ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာမှာ သူယခုချိန် သိနိုင်သည့်ကိစ္စမဟုတ်ပေ။

ကျင့်ကြံရေးကိုအာရုံစိုက်တာပဲပိုကောင်း၏။

နာရီဝက်လောက်နားပြီး အခြေအနေကို အထွတ်အထိပ်ထိချိန်ညှိပြီးသည့်အခါ...

မုန့်ချန်ချင်း ခြေချိတ်ထိုင်ပြီး ခရမ်းဝိညာဥ်အနှစ်သာရဆေးလုံးကို တိုက်ရိုက်မျိုချလိုက်သည်။

သူက စတင်အဆင့်ချိုးဖျက်ပြီဖြစ်သည်။

အတွင်းပိုင်းအသိစိိတ်၌ ဒန်ထျန်က အလွန်ကျယ်ပြောပြီးနေပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အထွတ်အထိပ်ရောက်နေတာ ညွှန်ပြနေ၏။

နောက်တစ်ဆင့်က စစ်မှန်ချီတွေကို စစ်မှန်အနှစ်သာရအဖြစ်ပြောင်းလဲဖို့ဖြစ်သည်။

ဤအရာက ခွန်အားတိုးတက်မှု၏အနှစ်သာရဖြစ်ပြီး ၎င်းကိုနားလည်ဖို့ လူတစ်ယောက်က ဒန်ထျန်နှင့် စစ်မှန်ချီကို မြင့်မြင့်မားမားနားလည်ထားဖို့ လိုအပ်၏။

ဟူး...

အတွေးပေါ်လာသည့်အခါ မူလကတည်ငြိမ်နေသည့်ဒန်ထျန် တစ်ခုခုကိုခံစားမိပုံပေါ်ကာ ရုတ်တရက် လှိုင်းလုံးကြီးတွေ ထွက်ပေါ်လာခဲ့သည်။

....

အဓိကတောင်ထိပ်...

ထိုက်ရွမ်ဂိုဏ်း၏ တောင်ထိပ် ၇ ခုထဲရှိ အဆန်းကြယ်ဆုံး တောင်ထိပ်ဖြစ်သည်။

ဤအခြေအနေမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ မှစတင်ခဲ့တာမဟုတ်ပဲ အမြဲဤကဲ့သို့ ဖြစ်နေတာဖြစ်သည်။

လွန်ခဲ့သည့်နှစ် ၁၀၀ ကမှ ပိုပြီးပြင်းထန်လာခဲ့တာဖြစ်သည်။

အခြေအံအားဖြင့် တပည့်တွေ နောက်ထပ်လက်မခံတော့ပေ။

လက်ခံလျှင်တောင် အပြင်ဘက်မှ ဂိုဏ်းချုပ်ပြန်ခေါ်လာသူတွေဖြစ်သည်။

အဓိကတောင်ထိပ်၌ ခန်းမများစွာရှိပေမယ့် အခြေခံအားဖြင့် အလွတ်တွေဖြစ်သည်။

အချို့ပြောစကားအရ အဓိတောင်ထိပ်၌ လူနှစ်ယောက်သာရှိသည်ဟူ၍ပင်။

တစ်ယောက်က ဂိုဏ်းချုပ်ဖြစ်ပြီး နောက်တစ်ယောက်က ဟန်လျိုယုပင်။

ဂိုဏ်းချုပ်၏ အဓိကခန်းမ...

ဂိုဏ်တစ်ခုလုံး၌ ခမ်းနားအကြီးကျယ်ဆုံးနှင့် အမြင့်မားဆုံးအဆောက်အဦးဖြစ်ပြီး ကောင်းကင်နန်းတော်တမျှပင်။

ဤအခိုက်အတန့် အဓိကခန်းမထဲ၌ လူငယ်အမျိုးသားတစ်ယောက် မြေပြင်မှာ ဒူးထောက်နေခဲ့သည်။

သူ့မျက်နှာက ငယ်ရွယ်သော်လည်း အသက်ကတော့ ၂၆ ရှိပြီဖြစ်သည်။

အပြာဖျော့ဖျော့ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြယ်ရောင်ကဲ့သို့မျက်လုံးတွေနှင့် ဓားကဲ့သို့မျက်ခုံးတွေရှိသည်။

ထိုသူက ဟန်လျိုယုပင်။

ထိုက်ရွမ်းဂိုဏ်း၏ နံပါတ် ၁ စစ်မှန်တပည့်...

"ဆရာ, ဒီတစ်ချိန် ကျွန်တော် ပုန်းကွယ်နဂါးစာရင်း အဆင့် ၁ ရပြီး ဆရာ့ရဲ့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးခဲ့ပြီ..."

"သိုင်းပြိုင်ပွဲပြီးရင် ဂိုဏ်းရဲ့အထွတ်အမြတ်ကျင့်စဥ်ကို ကျွန်တော့်ဆီလွဲပေးနိုင်မလား..."

ဟန်လျိုယု မျှော်လင့်တကြီးကြည့်လိုက်သည်။

ခန်းမအနက်ပိုင်းထဲ၌ မြင့်မားသည့်ပုလ္လင်တစ်ခုရှိနေသည်။

ပုလ္လင်ပေါ်၌ တစ်စုံတစ်ယောက်ထိုင်နေပုံရပြီး ထိုပုံရိပ်၏တည်ရှိမှုက အစစ်အမှန်မဟုတ်သလို ဝေဝါးနေ၏။

"ငါအရင်ကလည်းပြောပြီးပြီ, ဒါက မင်းသင်ယူနိုင်တဲ့အရာမဟုတ်ဘူး..."

"နောက်တက်မဲ့ဂိုဏ်းချုပ်ပဲ အမွေဆက်ခံနိုင်မှာ..."

အသံက မှိန်ဖျော့ပြီး မည်သည့်ခံစားချက်မှမပါသော်လည်း မိုးခြိမ်းသံကဲ့သို့ နားတွေကိုအူသွားစေခဲ့သည်။

ခန်းမတစ်ခုလုံး တုန်ခါသွားသလိုပင်။

"ဘာလို့လဲ?..."

"ကျွန်တော်ပွဲဦးထွက်လာကတည်းက ရွယ်တူတွေထဲမှာ ကျွန်တော့်ကိုယှဥ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး...."

"ကျွန်တော်က နောက်တက်မဲ့ဂိုဏ်းချုပ်အဖြစ် အရည်အချင်းမပြည့်မှီသေးဘူးလား..."

ဟန်လျိုယု အံ့ကြိတ်ပြောလိုက်သည်။

သူ့အသံထဲ၌ ဒေါသတွေပါဝင်နေသော်လည်း မျက်နှာပေါ်မှာတော့ မည်သည့် မလေးစားမှုမှ မရှိပေ။

အဘယ်ကြောင့်ဆိုသော် ဤအရာက သူ့ဆရာဖြစ်သောကြောင့်ပင်။

သူ့ဆရာမရှိပဲနှင့် သူဆိုတာ ဖြစ်မလာနိုင်ပေ။

"မလုံလောက်သေးဘူး..."

အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

"အနာဂတ်မှာ, ကျွန်တော်သေချာပေါက် ဆရာ့ကိုကျော်တက်မှာ, ဒါကော မလုံလောက်သေးဘူးလား..."

ဟန်လျိုယု လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

"ဒီတော့... ဒါက မင်းဒဲ့အကန့်အသတ်လား..."

စကားသံထွက်ပေါ်လာပြီး ပုံရိပ်ပျောက်ကွယ်သွားခဲ့သည်။

ခန်းမက ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ဟန်လျိုယုနားထဲ၌ အစောပိုင်းက စကားတွေ ပဲ့တင်ထပ်နေခဲ့သည်။

အကန့်အသတ်... အကန့်အသတ်... အကန့်အသတ်....

"မလုံလောက်သေးဘူး?..."

"ဆရာ, မင်းရဲ့လိုအပ်ချက်က တကယ်မြင့်တာပဲ..."

ဟန်လျိုယု ခေါင်းခါယမ်းပြီး မတ်တပ်ရပ်လိုက်သည်။

သူက ဂိုဏ်းချုပ်ရထူးကို နည်းနည်းမှစိတ်မဝင်စားပဲ ဂိုဏ်း၏အထွတ်အမြတ်ကျင့်စဥ်ကိုသာ စိတ်ဝင်စားတာဖြစ်သည်။

ကလေးဘဝကတည်းက ထိုစွမ်းအားကို မျက်မြင်တွေ့ဖူး၏။

ထိုအရာက စစ်မှန်သောစွမ်းအားဖြစ်၏။

လှုပ်ရှားမှုတစ်ခုတည်းဖြင့် စကြာဝဠာကို ပြောင်းပြန်လှန်ပြီး တောင်တန်းနှင့်မြစ်ပြင်ကိုထိုးခွဲကာ အရာအားလုံးကို ဖျက်ဆီးနိုင်၏။

"ငါပြိုင်ဘက်ကင်းနေသ၍, ဆရာ အနာဂတ်မှာ မင်း ငါ့ကိုပဲ ရွေးချယ်ရမှာပါ..."

အသက်ပြင်းပြင်းရူပြီး ဟန်လျိုယုတစ်ဖက်လှည့်ကာ ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

နောက်တစ်နေ့...

အာရုံတက်ချိန် မနက်ခင်းလင်းရောင်ခြည်ကျဆင်းလာပြီ ကောင်းကင်က နှင်းဆီရောင်တိမ်တိုက်တွေဖြင့် ပြည့်နှက်နေ၏။

ပထမဆုံးနေရာင်ခြည် စိတ်ဝိညာဥ်တောင်ထိပ်အပေါ်ကျရောက်သည့်အခါ မုန့်ချန်ချင်း ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်လာသည်။

ဘုန်း!

သူ့ပတ်လည်ရှိမြေပြင်ပြိုကျလာပြီး အော်ရာကို ဆက်တောင့်မခံနိုင်တော့သလိုပင်။

သူမျက်လုံးအနက်ပိုင်း၌ ရွှေရောင်အလင်းတန်းတစ်ခုလည်းစီးဆင်းနေပြီး တစ်ကိုယ်လုံး၏ဖိအားက ကြောက်မက်ဖွယ်ကောင်းလောက်အောင်မြင့်တက်လာခဲ့သည်။

တာအိုဖန်တီးခြင်းနယ်ပယ်...

တစ်နေ့နှင့်တစ်ည ကျင့်ကြံပြီးနောက် မုန့်ချန်ချင်း နောက်ဆုံးမှာ ဤအဆင့်သို့ချိုးဖျက်နိုင်ခဲ့၏။

ပုံမှန်ဆို သူ၏နားလည်နိုင်စွမ်းနှင့်စွမ်းရည်အရ ဤလောက်မကြာသင့်ပေ။

အဓိကအကြောင်းပြချက်မှာ သူ၏စစ်မှန်ချီမှာ သာမန်လူထက် များစွာသာလွန်နေပြီး ဒန်ထျန်မှာ ၁၁ ဆလောက်ပိုကြီးနေတာကြောင့် ဖြစ်သည်။

ထို့ကြောင့် ပြောင်းလဲရသည့်ပမာဏမှာလည်း များ၏။

ကံကောင်းစွာဖြင့် ခရမ်းဝိညာဥ်အနှစ်သာရဆေးလုံး ရှိနေခဲ့သည်။ မဟုတ်လျှင် ရက်ပေါင်းများစွာ ကြာမည်ဖြစ်သည်။

"တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၁..."

မုန့်ချန်ချင်း ထရပ်လိုက်သည်။

အသက်ပြင်းပြင်းရူပြီး သူ့မျက်နှာ၌ ဖျော့တော့သည့်အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူက နောက်ဆုံးမှာ ဤအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

စစ်မှန်ချီ စစ်မှန်အနှစ်သာရကို ပြောင်းလဲသွား၍ သူ့ခွန်အားမှာလည်း အကြီးအကျယ် တိုးတက်သွားခဲ့သည်။

တာအိုဖန်တီးခြင်းနယ်ပယ်ဝင်ကာစမို့ သူ့ကိုလျော့မတွက်သင့်ပေ။

လင်းလုံမဟာကြော့ကွင်းကောင်းကင်သာ သုံးလျှင် စစ်မှန်အနှစ်သာရ၏အရည်အသွေးမှာ တာအိုဖန်တီးခြင်းနယ်ပယ် အထွတ်အထိပ်နားရောက်သွားမည်ဖြစ်သည်။

ကြာချိန်က အမွေးတိုင်တစ်တိုင်စာအချိန်သာ ဖြစ်သော်လည်း ထိုအချိန်အတွင်း ပြိုင်ဘက်ကို အနိုင်ယူဖို့ ဒါမှမဟုတ် သတ်ဖို့က လုံလောက်၏။

"ဒီတော့ ဒါက စစ်မှန်အနှစ်သာရပေါ့..."

မုန့်ချန်ချင်း သူ၏ဒန်ထျန်ထဲကို ကြည့်လိုက်သည်။

ဒန်ထျန် ပင်လယ်တစ်ခုအဖြစ်ပြောင်းလဲနေပြီး နေရာတိုင်း၌ ရွှေရောင်အရည်တွေစီးဆင်းနေကာ သန်မာသည့်အော်ရာကို ထုတ်လွတ်နေခဲ့သည်။

အစက်တိုင်း အလွန်အမင်းလေးလံပုံရပြီး ပြုတ်ကျလျှင် ကမ္ဘာမြေကြီးကိုတောင် ဖောက်ထွက်နိုင်၏။

သေချာပေါက်ပင်, ထိုအရာက ချဲ့ကားပြောခြင်းဖြစ်သည်။

သို့ပေမယ့် ပေးစွမ်းနေသည့်ခံစားချက်ကတော့ ဤအတိုင်းသာဖြစ်သည်။

အသိပြန်ရုတ်ပြီး မုန့်ချန်ချင်း ခန္ဓာကိုယ် အညောင်းအညာဆန့်လိုက်သည်။

ကျင့်ကြံရေးရလဒ်က ကျေနပ်စရာကောင်းသော်လည်း လုပ်ငန်းစဥ်က တကယ်ကို ပျင်းစရာကောင်း၏။

"အခု တာအိုဖန်တီးခြင်းနယ်ပယ်ရောက်ပြီဆိုတော့ ကျမ်းဆောင်စောင့်အကြီးအကဲကို အရင်ဆုံးသွားတွေ့ရမလား..."

မုန့်ချန်ချင်း အော်ရာပြန်သိမ်းပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။

"ဒါမှမဟုတ် အပြစ်ပေးတောင်ထိပ်ကို အရင်သွားရမလား... မဟုတ်လို့ နောက်ပိုင်းမေးလာခဲ့ရင် ဖြေရှင်းရခက်ပြီ..."

မုန့်ချန်ချင်း တစ်ခဏတွေးပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

အဆုံးမှာတော့ အကြီးအကဲဆီသွားတာက ထိုထိပ်တန်းပါရမီရှင်တွေနဲ့ တွေ့ဆုံရုံသာဖြစ်သည်။

အလျှင်လိုစရာမလိုပေ။

ထိုအတွေးနှင့် မုန့်ချန်ချင်း ဓားအလင်းတန်းအဖြစ်ပြောင်းပြီး ကောင်းကင်ပျံတက်ကာ အပြစ်ပေးတောင်ထိပ်သို့ ဦးတည်လိုက်၏။

ထိုနေရာ၌ နတ်ဆိုးကျင့်ကြံသူဘယ်လောက်များများ အကျဥ်းချထားလဲမသိရပေ။

အခန်း (၁၁၄)

တွမ့်ဟွမ်နှင့်တွေ့ဆုံခြင်း

အပြစ်ပေးတောင်ထိပ်....

ဤနေရာက ဂိုဏ်းထဲရှိကြောက်စရာအကောင်းဆုံးနေရာဖြစ်ပြီး လူတွေကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေ၏။

ပုံမှန်ဆို တစ်ယောက်မှ ဤနေရာကို မလာကြပေ။

အကျဥ်းချခံထားရသည့် နတ်ဆိုးကျင့်ကြံသူတွေကြောင့် အုံ့မှိုင်းနေသည့်အချက်အပြင် အပြစ်ပေးတောင်ထိပ်မှ ချမှတ်ထားသည့် စည်းမျဥ်းအမျိုးမျိးကြောင့်လည်းဖြစ်သည်။

ရမ်းကားကြမ်းတမ်းသည့်အခါ အပြင်းအထန်အရေးယူအပြစ်ပေးမည်ဖြစ်သည်။

တစ်ခါက တစ်စုံတစ်ယောက် ထိုကိစ္စနှင့်ပတ်သက်ပြီး ဂိုဏ်းချုပ်နှင့်အငြင်းပွားဖူးပေမယ့် အဖြေထွက်မလာခဲ့ပေ။

အဆုံးမှာတော့ ဤအတိုင်းသာ တိတ်တဆိတ် လက်ခံလိုက်ကြ၏။

ရွစ်!

ဓားအလင်းတန်းတစ်ခုဆင်းသက်လာပြီး အပြစ်ပေးတောင်ခြေမှာ ရပ်တန့်လိုက်၏။

ဤနေရာ၌ စောင့်ကြပ်နေသည့် တပည့်များစွာရှိနေခဲ့သည်။

၎င်းတို့၏အော်ရာအရ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေဖြစ်ပြီး တစ်ယောက်မှာ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ပင်။

ထို့ပြင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာ အတော်လေးရင်းနှီး၏။

"တွမ့်ဟွမ်?..."

မုန့်ချန်ချင်း အံံ့အားသင့်သွား၏။

တစ်ခါက အတွင်းစည်းပါရမီရှင်တပည့်မှာ ဘယ်လိုလုပ် ယခု ဤနေရာမှာ အစောင့်လုပ်နေရသနည်း။

"မုန့်ချန်ချင်း..."

တွမ့်ဟွမ် အနီးနားရှိ ကျောက်ဆောင်တစ်ခုကို ပျင်းရိစွာမှီနေပြီး မုန့်ချန်ချင်းကိုမြင်သည့်အခါ မသိစိတ်အရမတ်မတ်ရပ်သွား၏။

ထို့နောက် တစ်ခုခုကို သတိထားမိသွားပုံရကာ မျက်လုံးတွေ၌ မယုံနိုင်သည့်အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"မင်းကျင့်ကြံရေး...."

"ဒီမနက်မှ အဆင့်ချိုးဖျက်ခဲ့တာလေ..."

မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။

"တာအိုဖန်တီးခြင်းနယ်ပယ်..."

တွမ့်ဟွမ် မသိစိတ်အရ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး တုန်လှုပ်အမူအရာတစ်ခု သူ့မျက်နှာတစ်လျှောက်ဖြတ်ပြေးသွား၏။

သူတို့က လျို့ဝှက်နယ်မြေထဲ၌ ခြားနားမှုတွေရှိခဲ့သော်လည်း ခြုံငုံကြည့်လျှင် တူညီသည့်အဆင့်မှာရှိသေး၏။

သို့ပေမယ့် ယခုတော့ သူက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၃ သာရှိသေး၏။

တစ်ဖက်မှာတော့ မုန့်ချန်ချင်းက တာအိုဖန်တီးခြင်းနယ်ပယ်ကို ရောက်နေပြီဖြစ်သည်။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ငါတို့ကြားက ကွာဟချက်က ဒီလောက်တောင်ကြီးသွားပြီလား...

တွမ့်ဟွမ် မယုံနိုင်ဖြစ်နေပေမယ့် အမှန်တရားကတော့ သူ့ရှေ့မှာရှိနေခဲ့သည်။

ထို့ပြင် မုန့်ချန်ချင်း မနက်ခင်းနေရောင်ခြည်ကဲ့သို့ချည်းကပ်လာချိန် သူကတော့ ဤနေရာမှာ စောင့်ကြပ်နေရသည်။

ခြားနားချက်က ကြီးမားလွန်းသည်။

ရုတ်တရက် ထူးဆန်းသည့်ခံစားချက်တစ်ခု သူ့စိတ်ထဲ ထွက်ပေါ်လာခဲ့သည်။

အမှန်တော့ ဤအရာအတွက် သူ့ကိုယ်သူသာ အပြစ်တင်နိုင်၏။

ရွမ်ချင်းနယ်မြေ၌ သူ့ကိုယ်သူဖျက်ဆီးမိခဲ့ပြီး အပြင်ထွက်လာသည့်အခါ စိတ်ဓာတ်ကျနေခဲ့ရာ အထက်ပိုင်းအကြီးအကဲတွေကို အတော်လေး မကျေမနပ်ဖြစ်စေခဲ့၏။

ထို့ကြောင့် သူတို့က သူ့စိတ်ကိုပြင်ဆင်ဖို့ ဤနေရာကို စေလွတ်ခဲ့ခြင်းဖြစ်သည်။

"စီနီယာအကိုမုန့် ဒီကိုဘာလာလုပ်တာလဲမသိဘူး..."

ခံစားချက်တွေရှင်းလင်းပြီးနောက် တွမ့်ဟွမ် ပြောလိုက်သည်။

ဂိုဏ်းထဲ၌ ခွန်အားကသာ လေးစားရာဖြစ်သည်။

နှစ်ယောက်က အရမ်းကြီးမရင်းနှီးပြီး အချိန်အတော်ကြာသိလာခဲ့တာသာ မဟုတ်လျှင် စီနီယာအကိုဟုသာ ခေါ်ရမည်ဖြစ်သည်။

"နတ်ဆိုးကျင့်ကြံသူတွေသတ်ပြီး ဓာနည်းစနစ်ကျင့်ဖို့... ဟုတ်သားပဲ ဒီကိုလာဖို့ အကြီးအကဲယွင်ပုကျွယ် လွတ်လိုက်တာ..."

မုန့်ချန်ချင်း ပြောလိုက်သည်။

"အကြီးအကဲယွင်..."

တွမ့်ဟွမ်မျက်ခွံတွေ အနည်းငယ်ကျုံ့သွား၏။

သိသာစွာပင် သူက ယွင်ပုကျွယ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုသိထား၏။

ဒါမှမဟုတ် ဤနေရာရှိတပည့်အားလုံး ဤကဲ့သို့သတင်းမျိုး လက်ခံရရှိထားခြင်းဖြစ်သည်။

ထို့ပြင် ယွင်ပုကျွယ်မှာ တောင်ထိပ်သခင်နှင့် အဆင့်တူဖြစ်ပြီး အတိအကျပြောရလျှင် တစ်ခေတ်တည်းဖြစ်ကြ၏။

"သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားနည်းစနစ်လား..."

တွမ့်ဟွမ် ခဏတွေးပြီး မေးလိုက်သည်။

"ဟုတ်တယ်..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

နားလည်သည့်အမူအရာတစ်ခု တွမ့်ဟွမ်မျက်လုံးထဲ ဖြတ်ပြေးသွားသည်။

ဂိုဏ်းထဲ၌ သတ်ဖြတ်ခြင်းတာအိုနှင့်သက်ဆိုင်သည့် သိုင်းပညာအနည်းငယ်သာရှိသည်။

၎င်းတို့မှတစ်ခုမှာ ဤသန့်စင်သောသတ်ဖြတ်ခြင်းဓားနည်းစနစ်ဖြစ်သည်။

သို့ပေမယ့် ကျင့်ကြံသူအလွန်နည်း၏။

မမျှော်လင့်စွာပဲ မုန့်ချန်ချင်း ရွေးချယ်ခဲ့သည်။

သူ့ကိုအထင်ကြီးစေဆုံးက မုန့်ချန်ချင်း ကြီးထွားနှုန်းပင်။

သူက(မုန့်ချန်ချင်း) အကြီးအကဲယွင်နှင့်တောင် တန်းတူဆက်ဆံနိုင်ပြီး အဆင့်မြင့်သိုင်းပညာကို ရွေးချယ်နိုင်ခဲ့သည်။

သူကတော့...

"ဒါက သံမဏိအကျဥ်းထောင်အမိန့်... ဒီအမိန့်နဲ့ဆို မြေအောက်အကျဥ်းခန်းရဲ့ ပထမလေးထပ်ကို လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာနိုင်လိမ့်မယ်..."

"အထဲမှာ နတ်ဆိုးကျင့်ကြံသူတွေ၊ နတ်ဆိုးသားရဲတွေရှိပြီး စုစုပေါင်း တစ်သောင်းကျော်တယ်..."

"ခွန်အားအရတော့ မင်းအောက်ဆင်းသွားလေလေ သန်မာလေဖြစ်ပြီး လေးလွှာကနတ်ဆိုးကျင့်ကြံသူတွေကတော့ တာအိုဖန်တီးခြင်းနယ်ပယ်တွေပဲ..."

အများကြီးမတွေးပဲ တွမ့်ဟွမ်ပြောလိုက်သည်။

"ဒီလောက်များတယ်လား..."

မုန့်ချန်ချင်း အနည်းငယ်အံ့အားသင့်သွား၏။

တစ်သောင်းကျော်က နည်းသည့်ပမာဏမဟုတ်ပေ။

"ဂိုဏ်းက နှစ်တိုင်း အချို့ကို ရှင်းထုတ်ပစ်တာလေ... မင်းလာတာ လအနည်းငယ်နောက်ကျသွားလို့ မဟုတ်ရင် ဒီထက်တောင်ပိုများအုန်းမှာ... အားလုံးကို တပည့်တွေအရည်အချင်းတိုးဖို့နဲ့ သတ်ဖြတ်ခြင်းတာအိုကျင့်ကြံတဲ့တပည့်တွေအတွက် သုံးတာ..."

တွမ့်ဟွမ် တံဆိပ်ပြားတစ်ခု ထုတ်ယူလိုက်၏။

"နားလည်ပြီ..."

မုန့်ချန်ချင်း ခေါင်းညိတ်ပြီး တံဆိပ်ပြားကိုယူကာ ထွက်ခွာသွားခဲ့သည်။

ရှေ့ရှိသံမဏိတံခါးကြီး ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

အထဲ၌ အသူရာချောက်နက်ကဲ့သို့မဲမှောင်နေပြီး လူတွေ၏ကျောရိုးကို တုန်ယင်သွားစေ၏။

မုန့်ချန်ချင်းဝင်ရောက်သွားသည့်အခါ သံမဏိတံခါး ဖြည်းညင်းစွာ ပိတ်သွား၏။

"စီနီယာအကိုတွမ့်ဟွမ် ဒီတပည့်က ရွမ်ချင်းနယ်မြေထဲမှာ သွေးမျိုးဆက်နတ်ဆိုးသားရဲကို သတ်လုနီးပါးဖြစ်ခဲ့တဲ့ တစ်ယောက်မလား..."

အနီးနားရှိတပည့်များစွာ စိတ်လှုပ်တရှား မေးလိုက်သည်။

"ဟုတ်တယ်..."

တွမ့်ဟွမ် ခေါင်းညိတ်လိုက်သည်။

"တကယ့်ကိုပါရမီရှင်တစ်ယောက်ပဲ... ကျင့်ကြံရေးအရှိန်ကလည်း အရမ်းမြန်တယ်... သူက တာအိုဖန်တီးခြင်းနယ်ပယ်ကိုတောင် ရောက်နေပြီ စီနီယာအကိုတွမ့်ဟွမ်, မင်း..."

ထိုနေရာရောက်သည့်အခါ သူတို့ တစ်ခုခုမှားပြောမိပြီဆိုတာသိပြီး အလျှင်အမြန်ပါးစပ်ပိတ်လိုက်၏။

သို့ပေမယ့် နောက်ကျလွန်းသွားပြီဖြစ်သည်။

တွမ့်ဟွမ်မျက်နှာ မည်သည်းသွား၏။

.....

အပြစ်ပေးတောင်တောင်ထိပ် တောင်ကမ်းပါး၌ နယ်နိမိတ်မျဥ်းတစ်ခုရှိနေခဲ့သည်။

အထက်၌ ကောင်းကင်အကျဥ်းထောင်ရှိပြီး အောက်ဘက်၌ မြေအောက်အကျဥ်းထောင်ရှိနေခဲ့သည်။

"ဒါက လျို့ဝှက်နယ်မြေလို နေရာလွတ်အသေးစားတစ်ခုလား..."

သံမဏိတံခါးထဲဝင်ရောက်ပြီးနောက် မုန့်ချန်ချင်းမြင်လိုက်ရာက အတော်လေးကျယ်ပြောသည့် ကွင်းပြင်ကြီးပင်။

ပတ်ပတ်လည်း၌ ကမ်းပါယံလိုနံရံတွေရှိနေပြီး အကျဥ်းခန်းတွေ အပြည့်ဖြစ်သည်။

အထဲ၌ အမျိုးမျိုးသော နတ်ဆိုးကျင့်ကြံသူတွေနှင့် နတ်ဆိုးသားရဲတွေရှိပြီး ၆ ထောင်ကျော်လောက်ရှိ၏။

ဂိုဏ်း သူတို့ကို ဘယ်ကရလာလဲမသိပေမယ့် ပျက်ဆီးသွားသည့် နတ်ဆိုးဂိုဏ်းစခန်းတွေမှ စုဆောင်းထားတာ ဖြစ်နိုင်၏။

ယခု သူရောက်နေတာက မြေအောက်အကျဥ်းခန်း ပထမထပ်ဖြစ်သည်။

ထို့ကြောင့် ဤနတ်ဆိုးကျင့်ကြံသူတွေက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေသာ ဖြစ်သည်။

"ဟီ..ဟီ.. မျက်နှာသစ်လေးပါလား..."

တစ်ယောက်ယောက်လာနေတာခံစားမိတော့ နတ်ဆိုးကျင့်ကြံသူများစွာ အကျဥ်းခန်းတံခါးနားလာပြီး စူးစမ်းစွာကြည့်လိုက်ကြသည်။

သူတို့မျက်လုံးတွေ သွေးရှာသည့်အရိပ်အယောင်တွေ ဖြတ်ပြေးသွား၏။

နတ်ဆိုးကျင့်စဥ်, အထူးသဖြင့် အဆင့်နိမ့်နတ်ဆိုးကျင့်စဥ်တွေ၌ စိတ်အပေါ်လွမ်းမိုးမှု အတော်လေးများ၏။

ထိုအရာတွေကြောင့် ကျင့်ကြံသူတွေဟာ ပုံမှန်မဟုတ်ကြတော့ပေ။

"ငါ တကယ် သူ့ကိုစားချင်တယ်..."

နတ်ဆိုးကျင့်ကြံသူတစ်ယောက် လျှာသပ်လိုက်၏။

သူ့မျက်နှာက တွန့်လိမ်နေပြီး ကျော၌အဖုကြီးရှိကာ ခန္ဓကိုယ်အပေါ်ပိုင်းသာ ကျန်တော့၏။

သို့ပေမယ့် အသက်ရှင်နေဆဲဖြစ်ပြီး ရှင်သန်ခြင်းစွမ်းအင်တွေ အပြည့်ပင်။

"ဒီနတ်ဆိုးကျင့်ကြံသူတွေ... ကျင့်ကြံရေးနိမ့်လွန်းလွန်းလို့ ငါ့ကျင့်ကြံရေးအဆင့်ကို မမြင်နိုင်ကြတာဖြစ်မယ်..."

ဆူညံသံတွေ သူ့နားထဲ ဒီရေတစ်ခုတစ်ခုပဲ့တင်ထပ်နေတာ တကယ်ကို စိတ်ပျက်စရာကောင်း၏။

မုန့်ချန်ချင်းမျက်လုံးတွေ၌လည်း အေးစက်မှုအချို့ပြသလာသည်။

ထို့နောက် သံမဏိအကျဥ်းတောင်တံဆိပ်ကို အနီးနားကျောက်တိုင်တစ်ခုဆီ ထိုးစိုက်လိုက်သည်။

ဤတံဆိပ်ဖြင့် သူက တံခါးတွေကို တစ်ခုပြီးတစ်ခု ဒါမှမဟုတ် အကုန်လုံးတစ်ပြိုင်နက်တည်း ဖွင့်နိုင်တာပဲဖြစ်သည်။

ကျွီ! ကျွီ! ကျွီ!

ချက်ချင်းပဲ အကျဥ်းထောင်တံခါးအားလုံး ပွင့်လာခဲ့သည်။

ထိုအချက်ကြောင့် အစောပိုင်း ဆူညံသံတွေ တိတ်ဆိတ်သွားပြီး နတ်ဆိုးကျင့်ကြံသူတွေ ကြောင်သွားကြ၏။

အကျဥ်းထောင်တံခါးတွေ ရုတ်တရက်ပွင့်လာမည်ဟု သူတို့မမျှော်လင့်ထားပေ။

မုန့်ချန်ချင်း ရင်ပြင်အလယ်ကို လျှောက်သွားလိုက်သည်။

"ဟီ... ဟီ... ဒီတပည့် မှားဖွင့်မိတယ်နဲ့တူတယ်..."

နတ်ဆိုးကျင့်ကြံသူတစ်ယောက် ပထမဆုံးတုံ့ပြန်လာပြီး သူ့မျက်နှာ၌ စိတ်လှုပ်ရှားမှုတွေ ပြသနေခဲ့သည်။

အဆုံးမှာတော့ သူ့နားလည်နိုင်စွမ်းအရ မည်သူက အကျဥ်းထောင်တွေကို တစ်ခါတည်းဖွင့်မည်နည်း။

သူတို့အားလုံးက သွေးကြောပုံသွင်းခြင်းနယ်ပယ်တွေဖြစ်သော်လည်း အရေအတွက်အားဖြင့် ၆ ထောင်ကျော်လောက်ရှိတာဖြစ်သည်။

အတူတကွသာတိုက်ခိုက်လျှင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကိုတောင် အနိုင်ယူနိုင်၏။

"ဟီ... ဟီ..."

"ငါ ဒီကောင့်ပေါင်ကို လိုချင်တယ်..."

"ငါက ခေါင်း..."

ချက်ချင်းပဲ နတ်ဆိုးကျင့်ကြံသူအားလုံးအသိပြန်ဝင်လာပြီး သွေးရှာသည့်အရိပ်အယောင်တွေဖြင့် လေထဲခုန်ထွက်လာ၏။

သူတို့က ရင်ပြင်အလယ်ရှိ မုန့်ချန်ချင်းဆီပြေးဝင်သွားကြသည်။

အံ့အားသင့်စရာမြင်ကွင်းပင်။

နတ်ဆိုးကျင့်ကြံသူတွေ ကောင်းကင်မှပြုတ်ကျလာပြီး မုန့်ချန်ချင်းနေရာမှာတစ်ယောက်တည်းရပ်နေရာ အတော်လေးသေးငယ်လှ၏။

သို့ပေမယ့် နောက်တစ်ခဏ၌ ဗြောင်ကျသည့်အသံတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

"ဆူညံနေတာပဲ..."

ထိုစကားတွေထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သည့်ဓားအလင်းတန်းတွေ ထွက်ပေါ်လာပြီး နတ်ဆိုးကျင့်ကြံသူအားလုံး၏ခန္ဓာကိုယ်တွေကို ခုတ်ပိုင်းကာ မုန့်ချန်ချင်းကိုယ်ထဲပြန်ဝင်လာ၏။

ဖြစ်စဥ်တစ်ခုလုံးက အသက်ရူချိန်အနည်းငယ်သာ ကြာလိုက်၏။

ဘန်း! ဘန်း! ဘန်း!

ကောင်းကင်မှ ခန္ဓာကိုယ် ၆ ထောင်ကျော် မိုးရွာသကဲ့သို့ပြုတ်ကျလာပြီး မြေပြင်၌ အလောင်းတွေပုံသွား၏။

ထူထည်းသည့်သွေးနှံ့က ချက်ချင်းပဲ မြေအောက်အကျဥ်းထောင်ထဲမှာ ပြည့်နှက်သွားသည်။

နေရာတိုင်း၌ ကြက်သွေးရောင်ဖြစ်နေပြီး ငရဲခန်းတစ်ခုလိုပင်။

"ခုမှပဲ တိတ်ဆိတ်သွားတော့တယ်..."

မုန့်ချန်ချင်း သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

ထို့နောက် ညာလက်ကိုမြောက်လိုက်ရာ မရေမတွက်နိုင်သည့် သေခြင်းရှင်ခြင်းချီတွေ ဓားအမှတ်အသားဆီ တိုးဝင်လာခဲ့သည်။

ဤလူတွေက သာမန်လူတွေမဟုတ်ရာ ၎င်းတို့၏ သေခြင်းရှင်းခြင်းချီကလည်း အတော်လေး ကြွယ်ဝ၏။

အမှန်တော့ ဓားနည်းစနစ်အတွက်လိုအပ်သည့် သတ်ဖြတ်ခြင်းအရေအတွက်မှာ အတိအကျမရှိပေ။

လူအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်သည်။

ပစ်မှတ်က လုံလောက်အောင်သန်မာလျှင် လူပေါင်း တစ်ရာ ဒါမှမဟုတ် တစ်ထောင်နှင့်တောင် ညီမျှ၏။

ထို့ပြင် နည်းစနစ်ကျင့်ကြံသူ၏နားလည်နိုင်စွမ်းမှာ မြင့်လျှင်မြင့်သလို အများကြီးသတ်စရာမလိုပေ။

အဘယ်ကြောင့်ဆိုသော် ကျင့်စဥ်လည်ပတ်စဥ်၌ သေခြင်းရှင်းခြင်းချီ အလဟသဖြစ်မှု မရှိသောကြောင့်ပင်။

"ကဒ်အပေါ်မမှီခိုရင်တောင် ငါပြီးပြည့်စုံခြင်းအဆင့် ရောက်နိုင်လောက်တယ်..."

ညာလက်ရှိ ထူးဆန်းသည့် သေခြင်းရှင်းခြင်းချီအော်ရာကိုခံစားမိတော့ မုန့်ချန်ချင်း မျက်လုံးတွေ အရောင်လက်သွား၏။

ဓားရည်ရွယ်နှင့်ပေါင်းစပ်ပြီးနောက် သူ၏ဓားပညာအပေါ်နားလည်မှုမှာ အတော်လေးအဆင့်မြင့်လာခဲ့သည်။

ထို့ပြင် သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်း ဓားသိုင်းကိုလည်း အတော်လေး နားလည်လာပြီး ကျင့်ကြံချိန်၌ အမှားတွေ ရှိတော့မည်မဟုတ်ပေ။

သေခြင်းရှင်ခြင်းချီအားလုံးကို ဓားပေါ်မှာ အသုံးပြုနိုင်ဖို့ သူသေချာ၏။

ထို့ပြင် ယခု သူ၏ဓားနည်းစနစ်အဆင့်မှာလည်း ကျွမ်းကျင်အဆင့်ကိုရောက်နေရာ မြေအောက်အကျဥ်းထောင် ၄ လွှာရှိ သေခြင်းရှင်ခြင်းချီနှင့်ဆို ပြီးပြည့်စုံခြင်းအဆင့်ကို အမှန်တကယ် ရောက်နိုင်၏။

All Chapters