← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅)

နတ်ဆိုးဂိုဏ်းနှင့် သတ်ဖြတ်ခြင်းတာအို

အရေးကြီးဆုံးအပိုင်းမှာ သူက သတ်ဖြတ်ခြင်းအော်ရာကြောင့်သက်ရောက်မခံရတာပင်။

လူအများစု သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းကို ကျင့်ကြံချင်ကြပေမယ့် အဆုံးမှာတော့ တစ်ယောက်ပြီးတစ်ယောက် လက်လျော့ခဲ့ကြသည်။

၎င်းမှာ နားလည်ရခက်ခဲရုံသာမက သတ်ဖြတ်ခြင်းအော်ရာကြောင့်လည်းဖြစ်သည်။

တစ်ချိန်လုံး နားထဲ၊ စိတ်ထဲ၌ သတ် သတ် သတ် ဆိုသည့်အသံကို ကြားနေရသည်။

အချိန်ကြာလာသည်နှင့် ထိန်းချုပ်မှုတွေ ပျောက်ဆုံးလာပြီး သတ်ဖြတ်ခြင်းတာအိုအတွင်း လုံးဝကျဆင်းသွားခဲ့သည်။

မုန့်ချန်ချင်းလည်း ယခင်က ထိုအချက်ကိုစိုးရိမ်၍ ကျွမ်းကျင်ကဒ်ဖြင့် အဆက်မပြတ်မြင့်တင်ဖို့ တွေးခဲ့သေးသည်။

သို့ပေမယ့် ဓားရည်ရွယ်ချက်ကို ပေါင်းစပ်ပြီးနောက် ဤကဲ့သို့အသံမျိုး နောက်ထပ်မကြားရတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဓားရည်ရွယ်ချက်ကိုယ်တိုင်က စိတ်စွမ်းအားကို သယ်ဆောင်ထားသောကြောင့်ဖြစ်သည်။

သူ၏စိတ်ပင်လယ်ထဲမှာရှိနေသည့် ဧရာမပုံရိပ်ယောင်ဓားကြီးက ထိုအသံအားလုံးကို တိုက်ရိုက် ချေမွပစ်လိုက်သည်။

ဤနည်းဖြင့် နောက်ထပ် စိုးရိမ်ဖို့မလိုတော့ပေ။

"ကြိုးစားကြည့်ရမယ်... ပြီးပြည့်စုံခြင်းအဆင့်ရောက်သွားနိုင်ရင်တော့ အကောင်းဆုံးပဲ..."

မုန့်ချန်ချင်း သံမဏိအကျဥ်းထောင်အမိန့်ကိုယူပြီး လမ်းကြောင်းအတိုင်း အောက်ဆင်းသွားခဲ့သည်။

အချိန်တွေ ဖြည်းဖြည်းချင်းကုန်ဆုံးသွား၏။

မျက်စိတ်တစ်မှိတ်အတွင်း ညနေစောင်းသွားပြီဖြစ်သည်။

သံမဏိဂိတ်၌ တွမ့်ဟွမ်နှင့် အခြားသူတွေ ရပ်နေကြဆဲဖြစ်သည်။

"စီနီယာမုန့် ဘယ်အချိန်ထွက်လာမယ် မင်းထင်လဲ..."

တပည့်တစ်ယောက် မေးလိုက်သည်။

"သူက သတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံမှတော့ မြေအောက်အကျဥ်းထောင်က နတ်ဆိုးအားလုံးကို သတ်ရမှာပဲ..."

"ပထမသုံးထပ်က လွယ်တယ်ဆိုပေမယ့် အဓိကပြဿနာက လေးလွှာပဲ... အဲ့မှာရှိတဲ့ နတ်ဆိုးကျင့်ကြံသူအားလုံးက တာအိုဖန်တီးခြင်းနယ်ပယ်မှာ... သူတို့အခြေအနေက အထွတ်အထိပ်မှာမရှိဘူးဆိုပေမယ့် သန်မာနေဆဲပဲ... တစ်ယောက်ချင်းသတ်မှပဲရမယ်...."

"ဒါကြောင့် ငါ့ခန့်မှန်းချက်အရ ၅ ရက် ၆ ရက်လောက်တော့ကြာလိမ့်မယ်...."

အခြားတပည့်တစ်ယောက် တွေးပြီး ပြောလိုက်သည်

တွမ့်ဟွမ်အတွက်တော့ သူက လက်ပိုက်ပြီး ကျောက်တောင်မှာ မှီနေဆဲဖြစ်သည်။

မျက်လုံးမိတ်ထားပြီး စကားတစ်ခွန်းမှမပြောပေ။

ကြည့်ရတာ သူ့စိတ်အခြေအနေက မနက်ကနေ ခုချိန်ထိ ပြန်ကောင်းပုံမရသေးပေ။

မြေအောက်အကျဥ်းထောင် လေးလွှာမြောက်...

၎င်းမှာ အနက်ဆုံး အဆင့်လည်းဖြစ်သည်။

ဤနေရာ၌ အကျဥ်းချထားသည့် နတ်ဆိုးကျင့်ကြံသူတွေမှာ တာအိုဖန်တီးခြင်းနယ်ပယ်တွေဖြစ်ပြီး သာရဲတွေမှာပဲ အဆင့် ၄ သားရဲတွေဖြစ်သည်။

အချို့မှာ နှစ်ပေါင်းများစွာထဲက ရှိနေတာဖြစ်ပြီး အချို့မှာ မကြာသေးခင်ကမှ ဖမ်းခံထားရတာဖြစ်သည်။

အပြင်ဘက်လောက၌ အားလုံးမှာ လွမ်းမိုးနိုင်စွမ်းရှိသည့်ပုံရိပ်တွေဖြစ်ပြီး အစွမ်းထက်မိသားစုတွေ ထူထောင်ဖို့ လုံလောက်တာပဲဖြစ်သည်။

သို့ပေမယ့် ထိုက်ရွမ်ဂိုဏ်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မှာ ခုခုံမှုကင်းမဲ့နေခဲ့သည်။

ဘုန်း!

ကြီးမားသည့်ပုံရိပ်တစ်ခု မြေပြင်ပေါ်ပြုတ်ကျလာပြိး အနီရောင်သွေးတွေဖြန်းပက်ကုန်၏။

ထိုအရာမှာ နတ်ဆိုးသားရဲတစ်ကောင်မဟုတ်ပေ။

တာအိုဖန်တီးခြင်းနယ်ပယ်အဆင့် ၆ ဖြစ်သည့် နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတစ်ယောက်ပင်။

အသားအရည်က အလောင်းကောင်ကဲ့သို့ ဖြူဖြော့နေပေမယ့် ခန္ဓာကိုယ်မှာ အလွန်အမင်းမာကျောကာ ဓားလှံတွေ မထိုးဖောက်နိုင်လုနီးပေ။

သို့ပေမယ့် ယခုချိန် သူ့ခန္ဓာကိုယ်၌ ဓားရာတွေဖုံးကွယ်နေပြီး ခါးမှာလည်းပြတ်လုနီးပါးဖြစ်နေကာ အသားမျှင်လေးအနည်းငယ်သာ ကျန်တော့၏။

"အလောင်းကောင်ယင်နတ်ဆိုးဂိုဏ်း..."

မုန့်ချန်ချင်း ညင်သာစွာ ရေရွတ်လိုက်သည်။

အလောင်းကောင်ယင်နတ်ဆိုးဂိုဏ်းမှာ အဓိကနတ်ဆိုးဂိုဏ်း ၁၀ ဂိုဏ်းထဲမှတစ်ခုဖြစ်ပြီး ခွန်အားအတော်လေးသန်မာကာ အနည်းဆုံး စမ်းချောင်းဝါနတ်ဆိုးဂိုဏ်းထက် ပိုသန်မာ၏။

ဤဂိုဏ်းက ခန္ဓာသန့်စင်ခြင်းကို အထူးပြုပြီး များစွာသောအစွမ်းထက်ခန္ဓာသန့်စင်သူတွေ ထွက်ပေါ်ခဲ့၏။

သို့ပေမယ့် ၎င်းတို့၏နတ်ဆိုးသိုင်းပညာတွေကြောင့် အများစုမှာ အဆုံးသတ်မကောင်းပေ။

အာရုံပြန်စိုက်ပြီး မုန့်ချန်ချင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

လေးလွှာရှိ နတ်ဆိုးကျင့်ကြံသူအရေအတွက်မှာ ပထမသုံးလွှာလောက် မများပေ။

နှစ်ရာကျော်လောက်သာရှိ၏။

"အရမ်းသက်တောင့်သက်သာရှိတာပဲ..."

မုန့်ချန်ချင်း ဇက်ချိုးလိုက်၏။

သူ၏အဖြူရောင်ဝတ်ရုံမှာ အချိန်အတော်ကြာကတည်းက သွေးရောင်ပြောင်းနေပြီး နေရာတိုင်းသွေးတွေစီးဆင်းနေကာ မြေပြင်အနှံ့အလောင်းတွေအပြည့်ပင်။

ယခင်နှင့်အတူတူပင်, လေးလွှာသို့ရောက်သည့်အခါ သူက အကျဥ်းထောင်အားလုံးကို တစ်ပြိုင်နက် ဖွင့်လိုက်၏။

တစ်စုံတစ်ယောက်သာ ဤနေရာမှာရှိလျှင် သေချာပေါက် ကြောင်အသွားမည်ဖြစ်သည်။

အဆုံးမှာတော့ ဤနေရာရှိလူအားလုံးမှာ တာအိုဖန်တီးခြင်းနယ်ပယ်တွေဖြစ်ပြီး အလွန်သန်မာကြ၏။

သို့ပေမယ့် မုန့်ချန်ချင်း၏ နက်နဲသည့်အုတ်မြစ်နှင့် ဤနတ်ဆိုးအိုးကြီးတွေ သူ့ပြိုင်ဘက်ဘယ်လိုမှမဖြစ်နိုင်ပေ။

သိုးဘယ်လောက်များများ သိုးက သိုးပဲဖြစ်ပြီး ကျားကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။

"ဒီတိုက်ပွဲပြီးတော့ ငါအတော်လေးရလိုက်တယ်..."

မုန့်ချန်ချင်း သူ့မျက်နှာကိုပွတ်သပ်လိုက်ရာ အေးစက်သည့်အကြည့် သူ့လက်ချောင်းကြားမှ ပေါ်လာခဲ့သည်။

ဤလောက်များသည့် နတ်ဆိုးကျင့်ကြံသူတွေဝန်းရံပြီး တိုက်ခိုက်ဖို့ဖိအားပေးခံရတာ စိတ်လှုံ့ဆော်မှုမဖြစ်ဖို့က မဖြစ်နိုင်ပေ။

သူက ဓားရည်ရွယ်ချက်ကို အသုံးမပြုခဲ့သော်လည်း အခြားဝှက်ဖဲအားလုံး သဘာဝအတိုင်း ထုတ်သုံးခဲ့ရ၏။

ထို့ပြင် သူ၏တိုက်ခိုက်ရေးအတွေ့အကြုံလည်း အကြီးအကျယ်တိုးတက်လာပြီး အထူးသဖြင့် နတ်ဆိုးလမ်းစဥ်နှင့်ပတ်သက်ပြီးပင်။

ယခင်က စမ်းချောင်းဝါနတ်ဆိုးဂိုဏ်းတစ်ခုနှင့်သာ ယှဥ်ဆိုင်ဖူးပြီး ယခုဤနေရာမှာတော့ အမျိုးအစားများစွာ ရှိနေခဲ့သည်။

အဓိကနတ်ဆိုးဂိုဏ်း ၁၀ ဂိုဏ်းထဲရှိ အနည်းဆုံး ၆ ဂိုဏ်းနှင့် တွေ့ပြီးသွားပြီဖြစ်သည်။

သူက အနာဂတ်နှင့် ၎င်းတို့နှင့်တွေ့လျှင် စိတ်ထဲ၌အစီအစဥ်မရှိသည့် နလိန်းပိန်းတုံး ဖြစ်တော့မည်မဟုတ်ပေ။

ထို့နောက် ဤနေရာရှိ သေခြင်းရှင်ခြင်းချီကို စတင်စုပ်ယူလိုက်သည်။

ဟူး...

၎င်းမှာ လေပြင်းတစ်ခုတိုက်ခိုက်လာသလိုပင်... များပြားသည့် ဖြူနက်ချီတွေ အလောင်းတွေဆီမှထွက်ပေါ်လာခဲ့သည်။

အရည်အသွေးကော အရေအတွက်ပါ ပထမသုံးလွှာထက် အများကြီးသာလွန်နေပြီး ဒီရေလှိုင်းတစ်ခုကဲ့သို့ဖြစ်၏။

"အတော်များတာပဲ..."

မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။

ဤကဲ့သို့ပမာဏက သာမန်လူ တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။

မစုပ်ယူခင်တောင် သူက အရပ်မျက်နှာအသီးသီးမှ တိုးဝင်လာသည့် အဆုံးမရှိသည့်သတ်ဖြတ်ခြင်းအသံတွေကို ကြားနေရသည်။

၎င်းမှာ လူတစ်ယောက်၏အသိစိတ်ကို လုံးဝပြိုကွဲသွားဖို့ လုံလောက်၏။

ခန္ဓာကိုယ်ထဲသာ ပေါင်းစပ်လိုက်လျှင် အကျိုးဆက်မှာ စိတ်ကူးကြည့်နိုင်တာပဲ ဖြစ်သည်။

စိတ်ဆန္ဒအားနည်းသူတွေဆို ချက်ချင်း သတ်ဖြတ်ခြင်းသားရဲတွေ ဖြစ်ကုန်မည်ဖြစ်ပြီး စိတ်စွမ်းအားသန်မာသူတွေတောင် အချိန်အတော်ကြာ ပြဿနာရှိမည်ဖြစ်သည်။

သတ် သတ် သတ်...

သူ့နားထဲရှိအသံတွေ အဆက်မပြတ် ကျယ်လောင်စွာ ထွက်ပေါ်နေပြီး ဘယ်တော့မှ မရပ်တန့်တော့သလိုပင်။

သို့ပေမယ့် နောက်တစ်စက္ကန့်၌ သူ့စိတ်ထဲရှိ ဓားရည်ချက် ရုတ်တရက် တုန်ခါလာခဲ့သည်။

၎င်းမှာ နေဝင်ချိန်တီးသည့်ဗုံသံနှင့် မနက်ခင်းခေါင်းလောင်းသံကဲ့သို့ အရာရာကိုခွဲချေပြီး နတ်ဆိုးစိတ်အားလုံးကို သန့်စင်ပစ်လိုက်သည်။

ထို့နောက် လောကကြီးတိတ်ဆိတ်သွားခဲ့သည်။

မုန့်ချန်ချင်းနှုတ်ခမ်းတွေ အနည်းငယ် တွန့်ကွေးသွား၏။

ကြည့်ရတာ ဓားရည်ရွယ်ချက်၏အသုံးဝင်ပုံတွေကို ရှာဖွေရအုန်းမည်ဖြစ်သည်။

ဟူး...

သတ်ဖြတ်ခြင်းစိတ်နှလုံးကျင့်စဥ်လည်ပတ်လာပြီး ဖြူနက်ချီတွေ သူ့ပတ်လည်၌ လိမ့်တက်လာကာ လက်ဝါးထဲရူးသွပ်စွာ ပေါင်းစပ်လာခဲ့သည်။

ဓားရည်ရွယ်ချက်ရှိလျှင်တောင် မုန့်ချန်ချင်း သူ့ကိုယ်ထဲ၌ပေါက်ဖွားလာသည့် အေးစက်စက်ခံစားချက်တွေကို ခံစားမိနေဆဲဖြစ်သည်။

ယခင်က ထိုကဲ့သို့မဖြစ်ခဲ့ရခြင်းမှာ သေခြင်းချီပမာဏက သာမန်ပဲဖြစ်သောကြောင့်ဖြစ်သည်။

သို့ပေမယ့် ယခုတော့ တာအိုဖန်တီးခြင်းနယ်ပယ်သန်မာသူတွေဆီမှဖြစ်သည်။

အများကြီးမတွေးပဲ မုန့်ချန်ချင်း ခြေချိတ်ထိုင်လိုက်သည်။

သူ့အောက်ရှိမြေပြင် သွေးရေတွေကြောင့်ဗွက်ဖြစ်နေတာကို စိတ်ထဲမထားပဲ သတ်ဖြတ်ခြင်းနှလုံးသားကျင့်စဥ်ကို အဆက်မပြတ်လည်ပတ်ကာ နောက်ဆုံးအဆင့်ကို စတင်လိုက်၏။

၎င်းပြီးဆုံးသွားသည်နှင့် သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားမည်ဖြစ်သည်။

ဓားနည်းစနစ်၏အရေးကြီးဆုံးမှာ တစ်ခုက သန့်စင်သောဝိညာဥ်ချိပ်ပိတ်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ သတ်ဖြတ်ခြင်းဓားချီဖြစ်၏။

ရှေ့တစ်ခုမှာ ရှင်သန်ခြင်းစွမ်းရည်ကို အဆက်မပြတ်စုပ်ယူပြီး ခုခံရေးချိပ်ပိတ်ခြင်းစည်းအဖြစ်ပြောင်းခြင်းဖြစ်သည်။

ဓားနည်းစနစ်အညွှန်းအရ ၎င်းမှာ ပိုမြင့်သည့်နယ်ပယ်မှ တိုက်ခိုက်မှုတစ်ခုကိုတောင် ခုခံနိုင်သည်။

နောက်တစ်ခုက သေခြင်းချီကိုစုပ်ယူပြီး အလွန်အမင်းအစွမ်းထက်သည့် သတ်ဖြတ်ရေးဓားချီအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။

သို့ပေမယ့် သတ်ဖြတ်ခြင်းဓားချီကိုလည်း အဆင့်များစွာ ခွဲထား၏။

အကြမ်းဖျင်းအားဖြင့် ပုံရိပ်ယောင်နှင့် ဒြပ်ထုအဆင့် ဟူ၍ဖြစ်သည်။

ပြီးပြည့်စုံခြင်းအဆင့်တက်ဖို့ လူတစ်ယောက်က သတ်ဖြတ်ခြင်းဓားချီကို ဒြပ်ထုအဖြစ် လုံးဝပြောင်းလဲရမည်ဖြစ်သည်။

ယခု သူ့လက်ချောင်ထိပ်ဓားအမှတ်အသားတွေရှိ သတ်ဖြတ်ခြင်းဓားချီမှာ ပုံယောင်သာရှိသေး၏။

၎င်းမှာ အလွန်သန်မာနေပြီဖြစ်သော်လည်း ဒြပ်ထုအဆင့်တော့ မရောက်သေးပေ။

ဒြပ်ထုအဆင့်၌ အရည်အသွေးပိုင်းဆိုင်ရာ အကြီးအကျယ်ပြောင်းလဲသွားမည်ဖြစ်ပြီး အသုံးပြုသည့်အခါ ကောင်းကင်ဘုံဖြစ်စဥ်ကိုတောင် ဖန်တီးနိုင်၏။

စိတ်ပျံ့လွင့်မှုတွေကို ဖယ်ထုတ်ပြီ မုန့်ချန်ချင်း နှလုံးသားတစ်ခုလုံးကို သတ်ဖြတ်ခြင်းဓားချီအပေါ် နှစ်မြုပ်ထားလိုက်၏။

သူက ဓားနည်းစနစ်ကို အပြည့်အဝနားလည်သော်လည်း ဤနေရာရှိသေခြင်းရှင်ခြင်းချီကိုမှီခိုပြီး ပြီးပြည့်စုံခြင်းအဆင့် တက်လိုလျှင် စိတ်ပျံ့လွင့်လို့မရပေ။

မဟုတ်လျှင် အမှားလေးတစ်ခုကတောင် အားလုံးကို သဲထဲရေသွန်ဖြစ်သွားပြီး အစကပြန်စရမည်ဖြစ်သည်။

အခန်း (၁၁၆)

အကြီးအကဲ, မင်းက ဘယ်အဆင့်မှာလဲ...

နောက်တစ်နေ့၌ တပည့်အနည်းငယ် ငိုက်မျဥ်းနေကြချိန် ယခင်တိတ်ဆိတ်နေသည့် သံမဏိတံခါး ဆူညံသံထွက်ပေါ်လာခဲ့သည်။

"ဟမ်?..."

တပည့်တွေ ချက်ချင်းပဲ နိုးနိုးကြားကြားဖြစ်လာ၏။

ဝုန်း...

သူတို့က ကြီးမားသည့်သံမဏိတံခါးကြီး ဖြည်းညင်းစွာပွင့်လာတာကို ကြည့်နေခဲ့သည်။

နောက်တစ်ခဏ၌ ပြင်းထန်သည့်သွေးနံ့တစ်ခုထွက်ပေါ်လာပြီး မနက်လေပြေလေညင်းတောင် ကြက်သွေးရောင်ပြောင်းသွား၏။

ထို့နောက် သွေးရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ဘယ်သူဆိုတာ သိရဖို့ ခက်ခဲပြီး တစ်ကိုယ်လုံး သတ်ဖြတ်ခြင်းရည်ရွယ်ချက်တွေ ရစ်ဆိုင်းနေကာ အနက်ရောင်ဆံပင်ရှည်နှင့် ခါး၌ ဓားရှည်ကိုချိတ်ဆွဲထားခဲ့သည်။

ခြေလှမ်းတိုင်းက အဆုံးမရှိသည့်သတ်ဖြတ်ခြင်းအသံတွေ သယ်ဆောင်ထားပြီး သတ်ဖြတ်ခြင်းသခင်တစ်ယောက် ဆင်းသက်လာသလိုပင်။

တပည့်တွေ၏မျက်နှာ ချက်ချင်းဖြူဖြော့သွားပြီး ရေခဲတိုက်ထဲကျသွားသလို ခံစားလိုက်ကြရ၏။

ချွေးအေးတွေ ကျောရိုးတစ်လျှောက်စီးကျလာခဲ့သည်။

တွမ့်ဟွမ်တောင် မျက်လုံးပွင့်လာပြီး တုန်လှုပ်နေခဲ့သည်။

သူက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ဖြစ်သော်လည်း တုံ့ပြန်မှုက အခြားသူတွေထက် အနည်းငယ် ပိုကောင်း၏။

သို့ပေမယ့် အများကြီးတော့မဟုတ်ပေ။

သူ့ခန္ဓာကိုယ် မသိမသာ တုန်ယင်နေခဲ့သည်။

ထိုအရာအတွက် အကူအညီမရှိပေ။ ၎င်းမှာ ပင်ကိုယ်ဗီဇအရဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်မှာ သေခြင်းတရား၏ခြိမ်းခြောက်မှုကို ခံစားမိသောကြောင့်ဖြစ်သည်။

ထို့ပြင် သူမခုခံနိုင်သည့် အမျိုးအစားဖြစ်၏။

ကံကောင်းစွာဖြင့် ဤခံစားချက်မှာ တစ်ယောက်ယောက်က ပြန်လည်ဆွဲယူလိုက်သလို အလျှင်အမြန်ပျောက်ကွယ်သွားခဲ့သည်။

"တောင်းပန်ပါတယ်, ငါ ဒါကို ပြီးပြည့်စုံအောင် မထိန်းချုပ်နိုင်သေးဘူး..."

ပေါ်လာသည့်လူက သဘာဝအတိုင်း မုန့်ချန်ချင်းပင်။

သူက ခပ်ဖွဖွပြုံးနေပေမယ့် မျက်နှာ၌သွေးတွေပေနေရာ အနည်းငယ်ကြောက်စရာကောင်းနေ၏။

"မင်း လူ တစ်သောင်းကျော် သတ်ပြီးသွားပြီပေါ့...."

အသိပြန်ဝင်လာပြီး တွမ့်ဟွမ် တွေဝေမနေပဲ မေးလိုက်သည်။

"ဟုတ်တယ်, သတ်ပြီးပြီ..."

မုန့်ချန်ချင်း ခေါင်းညိတ်ပြီး သာမန်အတိုင်း သံမဏိအကျဥ်းထောင်တံဆိပ်ကို တွမ့်ဟွမ်ဆီ ပစ်ပေးလိုက်သည်။

ဤအရာကိုကြားသည့်အခါ တွမ့်ဟွမ် ကြောင်သွားပြီး သံမဏိအကျဥ်းထောင်တံဆိပ်တောင် မဖမ်းနိုင်ဖြစ်သွား၏။

ထိုအရာမှာ တစ်ရက်နှင့်တစ်ညသာ ကြာလိုက်၏။

အကျဥ်းထောင်က နတ်ဆိုးကျင့်ကြံသူတွေနှင့်ပြည့်နှက်နေပြီး ငြိမ်ပြီးအသတ်ခံနေကြမည်မဟုတ်ပေ။ အထူးသဖြင့် လေးလွှာပင်။

ဘယ်လိုလုပ် ဤလောက်မြန်မြန် ပြီးသွားရသနည်း။

စစ်မှန်ချီပြန်လည်သိုလှောင်ခြင်း တစ်ခုတည်းကကို အချိန်အတော်ကြာယူရမည်ဖြစ်သည်။

သို့ပေမယ့် တွမ့်ဟွမ် မမေးပေ။

အဆုံးမှာတော့ ဤအရာက အတုအယောင်လုပ်လို့ရသည့်အရာမဟုတ်ပေ။

နောက်ပိုင်း၌ သူတို့က ကိုယ်တိုင်မြင်တွေ့ရမည်ဖြစ်ပြီး မုန့်ချန်ချင်း၌လည်း လိမ်စရာအကြောင်းမရှိပေ။

တွမ့်ဟွမ်မသိတာက အမှန်တော့ မုန့်ချန်ချင်း မနေ့ညနေကတည်းက ပြီးစီးခဲ့တာဖြစ်သည်။

သူက တစ်ညလုံးကျင့်ကြံပြီး ယနေ့မနက်မှ ထွက်လာခဲ့တာဖြစ်သည်။

"ငါသွားလိုက်အုန်းမယ်... မင်းတို့ကောင်တွေ အထဲကို သန့်စင်လိုက်ကြအုန်း..."

မုန့်ချန်ချင်းပြောလိုက်သည်။

ထို့နောက် ဓားအလင်းတန်းအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားခဲ့သည်။

"ဘုရားရေ, ဒါက ကြောက်စရာကောင်းလွန်းတယ်... ငါကိုယ်ငါ သေတော့မယ်တောင်ထင်တာ..."

တပည့်တစ်ယောက် ခြေထောက်တွေ ပျော့ခွေသွားပြီး ဒူးထောက်ကျသွား၏။

ချွေးအေးတွေလည်း နဖူးမှ စီးကျလာပြီး အင်္ကျီတွေတောင် စိုဆွဲကုန်၏။

"ဟုတ်တယ်, ငါလည်း နောင်ဘဝကူးတော့မယ်လို့ ခံစားနေရတာ..."

အခြားတစ်ယောက် ဖြည်းဖြည်းချင်းအသိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်၏။

ယနေ့အဖြစ်အပျက်တွေကို အချိန်အတော်ကြာသည်ထိ မေ့ရတော့မည်မဟုတ်ပေ။

"သွားစို့, အထဲသွားကြည့်ရအောင်..."

တွမ့်ဟွမ် အသက်ပြင်းပြင်းရူပြီး အထဲလျှောက်ဝင်သွားခဲ့သည်။

အခြားသူတွေလည်း အလျှင်အမြန် နောက်မှလိုက်လာ၏။

ရိုးရိုးသားသားပြောရလျှင် သူတို့က လေးလွှာလုံးရှိ နတ်ဆိုးကျင့်ကြံသူတွေ တစ်ရက်တည်းနှင့် အကုန်သေသွားတာ မယုံကြပေ။

သို့ပေမယ့် အထဲဝင်လိုက်သည်နှင့်...

သွေးပင်လယ်ရင်ပြင်ကိုမြင်ပြီး အားလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။

စိတ်ဝိညာဥ်တောင်သို့ပြန်ရောက်သည့်အခါ မုန့်ချန်ချင်း တစ်ကိုယ်သန့်ရှင်းရေးလုပ်ပြီး သန့်ရှင်းသည့်အင်္ကျီပြောင်းဝတ်လိုက်သည်။

ထိုအခါမှသာ သူ့စိတ်တွေ ပြောင်းလဲသွားခဲ့သည်။

မဟုတ်လို့ အစောပိုင်းအခြေအနေကဆိုလျှင် သူ့ကို နတ်ဆိုးကျင့်ကြံသူလို့တောင် အထင်မှားနိုင်တာပဲဖြစ်သည်။

သတ်ဖြတ်ခြင်းတာအို...

၎င်းမှာ နယ်နိမိတ်မျဥ်းအပေါ် လမ်းလျှောက်နေရသလိုပင်။

ထိန်းချုပ်နိုင်လျှင် ဖြောင့်မတ်လမ်းစဥ်ဖြစ်ပြီး မထိန်းချုပ်နိုင်လျှင် နတ်ဆိုးလမ်းစဥ်သို့ ကျရောက်သွားမည်ဖြစ်သည်။

အားလုံးက ကျင့်ကြံသူအပေါ်မှာသာ မူတည်၏။

"စိတ်တည်ငြိမ်စေမယ့် ရတနာသာ မရှိရင် ငါ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ရဲမှာမဟုတ်ဘူး..."

မုန့်ချန်ချင်း မနေ့ညအခြေအနေကို ပြန်တွေးပြီး ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

သူ့၌ သူ့ကိုထောက်ပံ့ပေးဖို့ ဓားရည်ရွယ်ချက်ရှိသည်။

မဟုတ်လျှင် လွမ်းမိုးလာသည့် သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ခုခံနိုင်မည်မဟုတ်ပေ။

ဤအရာကိုတွေးပြီး မုန့်ချန်ချင်းပြုံးကာ ညာလက်ကို မြောက်ကြည့်လိုက်သည်။

လက်ပခုံပေါ်ရှိ ထိုက်ချိသဏ္ဍာန်အမှတ်အသားမှာ အဖြူရောင်ကြာပန်းအဖြစ်ပြောင်းနေပြီး အတော်လေးသန့်စင်၏။

သူ့လက်ချောင်းထိပ်ဓားအမှတ်အသားမှာလည်း လက်ဝါးထိပြန့်ကားနေပြီဖြစ်သည်။

အထဲ၌ ဖရိုဖရဲအပိုင်းအစတစ်ခုရှိနေခဲ့သည်။

သို့ပေမယ့် လူတစ်ယောက်သာ ထိုအရာကို အကြာကြီးစိုက်ကြည့်မိလျှင် ကြီးမားလှသော ထိန့်လန့်ဖွယ်ရာတစ်ခု ဆင်းသက်လာတော့မည့်အလား အဆုံးမရှိသည့် ကြောက်ရွံ့မှုတွေ စိမ့်ဝင်လာမည်ဖြစ်သည်။

အတော်လေးလွမ်းမိုးနိုင်စွမ်းရှိသည့် သတ်ဖြတ်ခြင်းစွမ်းအားပင်။

တစ်ညလုံးကျင့်ကြံပြီးနောက် အနည်းငယ်ပင်ပန်းနွမ်းနယ်နေသော်လည်း သူက ဓားနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိခဲ့၏။

အဖြူရောင်ကြာပန်းအမှတ်အသားမှာ သန့်စင်ဝိညာဥ်တံဆိပ်ဖြစ်ပြီး "သန့်စင်ကြာပန်း လောကကိုအသွင်ပြောင်းခြင်း" ဟုခေါ်သည်။

ဓားနည်းစနစ်အရ ၎င်းမှာ ပိုမြင့်သည့်နယ်ပယ်၏တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်သည်။

သို့ပေမယ့် တစ်ခါသုံးပြီးလျှင် အထဲရှိရှင်သန်ခြင်းစွမ်းအားကုန်ခမ်းသွားပြီး ပြန်လည်ဖြည့်တင်းဖို့ လိုအပ်သည်။

ဓားအမှတ်အသားမှာ သတ်ဖြတ်ခြင်းဓားချီဖြစ်ပြီး ခွန်အားတိုးပေးမြှင့်ပေးနိုင်ကာ မုန့်ချန်ချင်း မစမ်းသပ်ရသေးပေ။

သို့ပေမယ့် အာရုံခံကြည့်ရုံနှင့်တင် ၎င်းမှာ သူ့နှလုံးသားကို အပြင်းအထန်ခုန်ပေါက်သွားစေရာ စွမ်းအားကို စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။

"ငါ့ရဲ့လက်ရှိခွန်အားနဲ့ ဓားရည်ရွယ်ချက်မရှိရင်တောင် စစ်မှန်တပည့်တွေထဲမှာ ပထမရနိုင်တယ်..."

သူ့လက်ကိုအောက်ချပြီး ယုံကြည်မှုရှိသည့်အလင်းတန်းတစ်ခု မုန့်ချန်ချင်းမျက်လုံးတွေထဲမှာ ပေါ်လာခဲ့သည်။

သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းမှာ မြေကမ္ဘာအဆင့်တွေထဲရှိ ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်သည်။

သူ၏ဓားရည်ရွယ်ချက်၊ အမျိုးသောနည်းစနစ်တွေနှင့်သာပေါင်းစပ်လိုက်လျှင် ထိုဓားချက်ကို ခုခံနိုင်သည့်သူ အများကြီးမရှိပေ။

သေချာပေါက်ပင်၊ ထိုအရာအားလုံးမှာ သူ၏ခန့်မှန်းမှုသာဖြစ်ပြီး ထိုထိပ်တန်းပါရမီရှင်တွေနှင့် မရင်ဆိုင်ဘူးပေ။

"နောက်တစ်ဆင့်က သိုင်းကျမ်းဆောင်စောင့်အကြီးအကဲကို သွားတွေ့ရမယ်..."

မျှော်လင့်ချက်အရိပ်အယောင်အချို့ မုန့်ချန်ချင်းမျက်လုံးထဲ ဖြတ်ပြေးသွားသည်။

သူက ထိုထိပ်တန်းပါရမီရှင်တွေနှင့်တွေ့ဆုံရဖို့ အတော်လေးစိတ်အားထက်သန်နေခဲ့သည်။

....

သိုင်းကျမ်းဆောင်ကိုရောက်သည့်အခါ...

ယွင်ပုကျွယ် တူညီသည့်နေရာမှာ ရှိနေဆဲဖြစ်ပြီး မျက်နှာကို စာအုပ်တစ်အုပ်ဖြင့် ကာထား၏။

သို့ပေမယ့် မုန့်ချန်ချင်းရောက်လာသည့်အခါ ခံစားမိပြီး မတ်တပ်ရပ်လိုက်သည်။

"အကြီးအကဲ..."

မုန့်ချန်ချင်း အနည်းငယ် လက်ချင်းယှက်ပြောလိုက်သည်။

"မဆိုးပါဘူး... မဆိုးပါဘူး... ဒီတစ်ကြိမ် မင်းအဆင့်ချိုးဖျက်တာ ငါမျှော်မှန်းထားတာထက် နည်းနည်းပိုကြာသွားတယ်ဆိုပေမယ့် အောင်မြင်ရင်ရပြီ..."

ယွင်ပုကျွယ် အလွန်ကျေနပ်နေသည်။

ယခု မုန့်ချန်ချင်း ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်နိုင်ပြီဖြစ်သည်။

"လာ, ငါမင်းကို အဲ့ဒီနေရာ ခေါ်သွားပေမယ်..."

ယွင်ပုကျွယ် တစ်ဖက်လှည့်ပြီး အဝေးကိုကြည့်လိုက်သည်။

ထိုနေရာ၌ တောင်ထိပ်တစ်ခုရှိနေပြီး တိမ်တိုက်တွေထဲထိုးဖောက်ကာ မိုးထိအောင်မြင့်၏။

ထိုအရာက ဝိညာဥ်တောင်ထိပ်ပင်။

မုန့်ချန်ချင်းလည်း လှမ်းကြည့်လိုက်၏။

သူ အရင်က ဝိညာဥ်တောင်ထိပ်မှာ နေခဲ့ဖူးသော်လည်း ထိုစဥ်က အတွင်းစည်းတပည့်သာဖြစ်ပြီး တောင်အနိမ့်ပိုင်းမှာ ကန့်သတ်ခံထားရသည်။

စစ်မှန်တပည့်တစ်ယောက်အနေဖြင့် ယခု သူ့မှာ ကိုယ်စိတ်ဝိညာဥ်တောင်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ဝိညာဥ်တောင်ထိပ်ပေါ် တစ်ခါမှမရောက်ခဲ့ဖူးပေ။

ပြောပြီးနောက် ယွင်ပုကျွယ် လက်ဟန်တစ်ခုလုပ်လိုက်၏။

ထိုအခါ သိုင်းကျမ်းဆောင်နောက်မှ ဧရာမအနက်ရောင်ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။

၎င်းမှာ အဆင့် ၄ ပျံသန်းသားရဲဖြစ်ပြီး သံမဏိကဲ့သို့အမွေးအမျှင်တွေရှိ၏။

သူသာမမှားလျှင် ၎င်းမှာ သံမဏိငှက်မွေးသိမ်းငှက်ဖြစ်သည်။

အဆင့် ၄ သားရဲတစ်ကောင်အနေဖြင့် သဘာဝအတိုင်း အသိဉာဏ်ပိုင်းဆိုင်ရာ ထိန်းကျောင်းလို့ရ၏။

"လာ..."

ယွင်ပုကျွယ် အသာအယာပဲ ငှက်ကျောပေါ် ခုန်တက်လိုက်သည်။

မုန့်ချန်ချင်း နောက်မှလိုက်လာ၏။

ညွှန်း...

သံမဏိငှက်မွေးသိမ်းငှက် စူးဝါးစွာအော်လိုက်ပြီး ၎င်း၏အတောင်တွေကိုခတ်ကာ ဝိညာဥ်တောင်ထိပ်ဆီသို့ ဦးတည်လိုက်၏။

မုန့်ချန်ချင်း မနေနိုင်ပဲ သူ့စိတ်ထဲအချိန်အတော်ကြာကတည်းကရှိနေသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။

"အကြီးအကဲ, မင်းနယ်ပယ်က ဘယ်အဆင့်လဲ..."

All Chapters