← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇)

အထွတ်အထိပ်ဧကရာဇ်ဓားကျမ်း- မဟာဆင့်ကဲပြောင်းလဲခြင်း ဓား ၂၃ ချောင်း

ဇယားက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၁ ဟု အမြဲပြနေသော်လည်း သေချာပေါက်တော့ မမှန်နိုင်ပေ။

ထို့ကြောင့် မုန့်ချန်ချင်း အတော်လေး သိချင်နေခဲ့သည်။

"မင်းက အတော်လေးစိတ်ရှည်တာပဲ, ခုမှပဲမေးတော့တယ်..."

ယွင်ပုကျွယ် ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

"ဒါပေမယ့် ဒါက ဂိုဏ်းလျို့ဝှက်ချက်ဆိုတော့ ငါပြောလို့မရဘူး..."

"ဘယ်လိုပဲဖြစ်ဖြစ် တာအိုဖန်တီးခြင်းနယ်ပယ်ထက်တော့ ပိုသန်မာတယ်..."

"ကျွန်တော်သိပြီ..."

မုန့်ချန်ချင်း အနည်းငယ် ခေါင်းညိတ်လိုက်၏။

တာအိုဖန်တီးခြင်းနယ်ပယ်ထက်ပိုသန်မာ၏...ထိုအရာ၏အဓိပ္ပာယ်မှာ နတ်ဘုရားရရှိခြင်းနယ်ပယ်ကို ဆိုလိုသည်မဟုတ်လား။

ဤအရာကိုတွေးပြီး မုန့်ချန်ချင်းလက်တွေ အနည်းငယ် တင်းကြပ်သွားသည်။

နတ်ဘုရားရရှိခြင်းနယ်ပယ်...

အရင်ကဆို ထိုအရာက သူစိတ်မကူးရဲသည် အဆင့်တစ်ခုဖြစ်သည်။

ပြောကြတာတော့ ထိုနယ်ပယ်၌ အသိစိတ်ပင်လယ်ကို အာရုံစိုက်ကျင့်ကြံရပြီး ဝိညာဥ်လျို့ဝှက်ချက်တွေနှင့် နတ်ဘုရားစွမ်းရည်တွေကိုစူးစမ်းရမည်ဖြစ်သည်။

သို့ပေမယ့် အဆင့် ၂ ဂိုဏ်းတစ်ခုအနေဖြင့် ဤကဲ့သို့အစွမ်းထက်ကျွမ်းကျင်သူတွေရှိတာ မျှော်လင့်ထားပြီးဖြစ်သည်။

ထို့ပြင် နတ်ဘုရားရရှိခြင်းနယ်ပယ်မှာ ဂိုဏ်း၏ထိပ်တန်းအင်အားတစ်ခုဖြစ်သင့်၏။

ဤကဲ့သို့ကျွမ်းကျင်သူတစ်ယောက်က သိုင်းကျမ်းဆောင်၌ အစောင့်အဆောက်အကြီိးအကဲအဖြစ် နှိိမ့်ချနေနေခဲ့သည်။

မကြာမီ, သံမဏိငှက်မွေးသိမ်းငှက် တိမ်တွေကိုထိုးခွဲကာ ဝိညာဥ်တောင်ထိပ်သို့ ရောက်လာခဲ့သည်။

သူ့ရှေ့ရှိမြင်ကွင်းမှာ ဧရာမကျွန်းကြီးတစ်ခုနှင့် ဆင်တူပြီး သူ၏စိတ်ဝိညာဥ်တောင်ထိပ်ထက် များစွာ ပိုကြီး၏။

များစွာသောနန်းတော်တွေ အဆောက်အဦးတွေရှိပြီး လူသွားလူလာတွေနှင့် အားလုံးမှာ အလွန်အစွမ်းထက်ကြသည်။

ဤအရာက တကယ်ပဲ ဂိုဏ်း၏ဗဟိုချက်တစ်ခုဖြစ်၏။

"ဒီတစ်ကြိမ် ငါတို့ဝိညာဥ်တောင်ထိပ်က မင်းအပါအဝင် တပည့် ၁၀ ယောက်ဝင်ရောက်ယှဥ်ပြိုင်လိမ့်မယ်..."

ယွင်ပုကျွယ် ပြောလိုက်သည်။

"များလှကြီလား..."

မုန့်ချန်ချင်း အနည်းငယ် အံ့အားသင့်သွား၏။

အဆုံးမှာတော့ ထိုက်ရွမ်ဂိုဏ်း၌ တောင်ထိပ် ၇ ခုသာရှိတာဖြစ်သည်။

အကြမ်းဖျင်းတွက်ကြည့်လျှင် တောင်ထိပ်တစ်ခုကို ၇ ယောက်သာရှိသင့်၏။

"ဂိုဏ်းသခင်တောင်ထိပ်က အတော်လေးထူးခြားပြီး တပည့်တစ်ယောက်ပဲရှိတယ်... ဆေးဘုရင်တောင်ထိပ်ကတော့ ဆေးပညာပဲအဓိကထားတော့ တိုက်ခိုက်ရေးမှာ မသန်မာဘူး... အစီရင်တောင်ထိပ်ကလည်း အနည်းငယ်နောက်ကျကျန်နေခဲ့ပြီ..."

"ဒါကြောင့် ကျန်တောင်ထိပ် ၄ ခုကပဲ လူပိုစုလိုက်တာ..."

"သိုင်းပညာတောင်ထိပ်က ၁၀ယောက်၊ ခရမ်းမြူတောင်ထိပ်က ၁၂ ယောက်၊ အပြစ်ပေးတောင်ထိပ်က ၁၁ ယောက်..."

ယွင်ပုကျွယ်ရှင်းပြလိုက်သည်။

"ကျွန်တော်သိပြီ..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

ထိုအရာက အဓိပ္ပာယ်ရှိ၏။

သံမဏိငှက်မွေးသိမ်းငှက် နေရာကျယ်တစ်ခု၌ ဆင်းသက်လိုက်သည်။

ထိုအခါ လမ်းပြဖို့တစ်စုံတစ်ယောက် ချက်ချင်းရောက်လာပြီး သူတို့ကိုလေးလေးစားစား နှုတ်ဆက်လိုက်၏။

"အကြီးအကဲယွင်ကို နှုတ်ဆက်ပါတယ်..."

သိသာစွာပဲ သူတို့က ယွင်ပုကျွယ်အဆင့်အတန်းကို သိထားကြ၏။

မုန့်ချန်ချင်းအပေါ်လည်း အကြည့်တွေကျရောက်လာပြီး စူးစမ်းချင်စိတ်တွေအပြည့်ပင်။

အဆုံးမှာတော့ အကြီးအကဲယွင်က သီးသန့်နေတတ်ပြီး အခြားလူတွေနှင့်မြင်ရခဲ၏။ လူငယ်တပည့်လေးတစ်ယောက်နှင့်ဆိုလျှင်တော့ ပြောစရာကို မလိုတော့ပေ။

"အင်း..."

ယွင်ပုကျွယ် အနည်းငယ်ခေါင်းညိတ်ပြီး ရှေ့ကို လျှောက်သွားလိုက်သည်။

မုန့်ချန်ချင်း နောက်မှလိုက်သွား၏။

ခဏကြာပြီးနောက် သူတို့က နေရာတစ်ခုကို ရောက်လာခဲ့သည်။

၎င်းမှာ ဝိညာဥ်ခန်းမဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် ထိုနာမည်မှာ အတော်လေး ထင်ရှားလွန်း၏။

ခန်းမတံခါးမှာ အကျယ်ကြီးပွင့်နေပြီး အထဲမှ နက်ရှိုင်းသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအရာမှာ တစ်စုံတစ်ယောက် သင်ခန်းစာပို့ချနေပုံရ၏။

"အထဲမှာက တောင်ထိပ်သခင်လေ...သူက ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲကိုပြင်ဆင်တဲ့အနေနဲ့ တပည့်တွေကို ဓားလမ်းစဥ်နားလည်အောင် ကူညီနေတာ..."

"မင်းမှာ မေးစရာမေးခွန်းရှိရင် သူ့ကိုမေးနိုင်တယ်..."

"သူ့ရဲ့ဓားပညာအပေါ်နားလည်မှုက ငါ့ထက်သာတယ်..."

ယွင်ပုကျွယ်ပြောလိုက်သည်။

"တောင်ထိပ်သခင်..."

မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။

တောင်ထိပ်သခင်မှာ ဂိုဏ်းချုပ်နှင့် အဆင့်တူဖြစ်ပြီး အကြီးအကဲတွေထက်ပိုသန်မာ၏။

"မသိလိုက်ခင်မှာပဲ ငါဒီနေရာကို ရောက်လာခဲ့ပြီ..."

မုန့်ချန်ချင်း ဝိညာဥ်ခန်းမ၏ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။

ဤနေရာက ဘယ်သူမဆိုလာရသည့်နေရာမဟုတ်ပေ။

တပည့်များစွာ တောင်ခြေမှ ဤနေရာရောက်ဖို့ တစ်သက်လုံးကြိုးစားကြရ၏။

သူကတော့ အတော်လေးမြန်မြန်ရောက်လာခဲ့သည်။

ထို့နောက် အကြည့်ပြန်ရုတ်ပြီး မုန့်ချန်ချင်း ယွင်ပုကျွယ်နောက်လိုက်သွားသည်။

သူတို့အထဲဝင်လိုက်သည်နှင့် ခန်းမ တိတ်ဆိတ်သွားပြီး မရေမတွက်နိုင်သည့်မျက်လုံးတွေ သူတို့ဆီကြည့်လာသည်။

အထင်ရှားဆုံးပုံရိပ်ကတော့ သဘာဝအတိုင်း ခန်းမပုလ္လင်ပေါ််ရှိ တစ်ယောက်ပင်။

အသွင်အပြင်မှာ ယွင်ပုကျွယ်ထက် အနည်းငယ်ပိုငယ်သော်လည်း အိုနေပြီဖြစ်သည်။

တစ်ခေါင်းလုံးဆံပင်တွေ အနက်တစ်ချောင်းမှမကျန်တော့ပဲ ဖြူလုနီးပါးဖြစ်နေပေမယ့် မျက်လုံးတွေကတော့ မမျှော်လင့်ထားလောက်အောင် ကြည်လင်နေကာ အုံ့မှိုင်းမှုတွေရှိမနေပေ။

ထိုနေရာမှာထိုင်နေရုံနှင့်တင် သူ့အား တောင်တစ်လုံးကဲ့သို့အော်ရာကို ပေးစွမ်းနေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ကြား၌ မားမားမတ်မတ်ရပ်နေသည့် ဆန်းကြယ်တောင်တစ်လုံးကဲ့သို့ဖြစ်ပြီး ချည်းကပ်မရကာ အတော်လေး ခမ်းနားလှ၏။

ဤအရာက ဝိညာဥ်တောင်ထိပ်သခင် မိုဆူကွမ်းပင်။

"ဂျူနီယာညီမို, ငါလူခေါ်လာပြီ..."

ယွင်ပုကျွယ် သာမန်အတိုင်းပြောလိုက်သည်။

"ကျေးဇူးပါ, အကိုယွင်..."

မိုဆူကွမ်း ခေါင်းညိတ်ပြီး မုန့်ချန်ချင်းကို အပြုံးအနည်းငယ်ဖြင့် ကြည့်လိုက်သည်။

"ငါမင်းကို မင်းအတွင်းစည်းရောက်ကတည်းက တွေ့ချင်နေတာ... ဒါပေမယ့် စည်းမျဥ်းအချို့ကြောင့် ခုချိန်ထိ နှောင့်နှေးနေခဲ့တာ.."

"ဒီနေ့မင်းကိုမြင်ရတော့ တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ..."

"တောင်ထိပ်သခင် ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ..."

မုန့်ချန်ချင်း အလျင်းအမြန် အရိုအသေပေးလိုက်သည်။

တောင်ထိပ်သခင် ဤကဲ့သို့ချီးကျူးတာ ရှားပါး၏။

အောက်ရှိတပည့်အချို့ အံ့အားသင့်သည့်အမူအရာ ပြသလာကြသည်။

သူတို့က တောင်ထိပ်သခင်၏အပြုံးကို မြင်ရခဲသည်။

"ဒါချဲ့ကားတာမဟုတ်ဘူး... ဓားချီကို အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နဲ့ ဆုပ်ကိုင်မိဖို့က ငါတို့ထိုက်ရွမ်ဂိုဏ်းတည်ထောင်သူအပြင် တစ်ယောက်မှမလုပ်နိုင်သေးဘူး... မင်းက ဒီချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်..."

မိုဆူကွမ်း ဖြည်းညင်းစွာ ထရပ်လိုက်သည်။

မုန့်ချန်ချင်း အခွင့်အရေးကိုရယူပြီး စူးစမ်းရေးမျက်လုံးကို အသက်သွင်းလိုက်သည်။

တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် သူ၏ဇယားမှာ သာမန်ဟုတ်မည်မဟုတ်ပေ။

အခြေခံအချက်အလက်-

[အမည်- မိုဆူကွမ်း]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၅ (ယာယီ)]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၁]

[နားလည်နိုင်စွမ်း- သာလွန်]

[ပါရမီစွမ်းရည်- ခိုင်မာသောနှလုံးသား]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- အထွတ်အထိပ်ဧကရာဇ်ဓားကျမ်း- မဟာဆင့်ကဲပြောင်းလဲခြင်းဓား ၂၃ ချောင်း (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ မဟာဒြပ်စင်ငါးပါးလည်ပတ်ခြင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ .... ]

ဤအရာကိုမြင်တော့ မုန့်ချန်ချင်း မျက်ခွံတွေ အနည်းငယ် ကျုံ့သွားသည်။

သူ့ကိုတုန်လှုပ်သွားစေတာ အမြစ်ရိုးမဟုတ်သလို ကျင့်ကြံရေးနည်းစနစ်တွေလည်းမဟုတ်ပေ။

ထိုအရာမှာ ကျင့်ကြံရေးအဆင့်ဖြစ်၏။

နောက်ထပ် "ယာယီ" ဖြစ်ပြန်ပြီပင်။

တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် ကျင့်ကြံရေးအဆင့် ကျသွားဖို့က မဖြစ်နိုင်ပေ။

ဇယား၌လည်း ထိခိုက်ထားသည့်စွမ်းရည်မရှိပေ။

ထို့ကြောင့် ဖြေရှင်းချက်က တစ်ခုသာရှိတော့၏။

အကြီးအကဲယွင်ကဲ့သို့ ကျင့်ကြံရေးကို ချိပ်ပိတ်ထားပြီး နယ်ပယ်ကိုလျော့ချထားခြင်းဖြစ်သည်။

သို့ပေမယ့် ဘာကြောင့်လဲ?

ဂိုဏ်းထိပ်သီးတစ်ယောက်အနေဖြင့် သူ့ခွန်အားကို မပြသသင့်ဘူးလား? အဆုံးမှာတော့ တစ်ယောက်ချင်းစီသန်မာလေလေ ဂိုဏ်းသန်မာလေလေဖြစ်သည်။

ဘာကြောင့် သူတို့၏ကျင့်ကြံရေးတွေကို ချိပ်ပိတ်ထားရသနည်း။

"အကြီးအကဲယွင်လည်း ဒီအတိုင်းပဲ, တောင်ထိပ်သခင်လည်း ဒီအတိုင်းပဲ... အခြားတောင်ထိပ်သခင်တွေလည်း အတူတူပဲဖြစ်လောက်လား..."

ဤအရာကိုတွေးပြီး မုန့်ချန်ချင်းလက်တွေ တင်းကြပ်သွားသည်။

ရုတ်တရက် ဂိုဏ်းမှာ တွေးမရအောင်နက်နဲသည်ဟု သူခံစားလိုက်ရသည်။

သို့ပေမယ့် သေချာဖို့ အခြားတောင်ထိပ်သခင်တွေနှင့် ဂိုဏ်းချုပ်၏ ဇယားကို မြင်ရဖို့ လိုအပ်၏။

ဤနှစ်ယောက်တည်းသာ အကြောင်းပြချက်အချို့ကြောင့် သူတို့၏ကျင့်ကြံရေးချိပ်ပိတ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်၏။

"ကျင့်ကြံရေးချိပ်ပိတ်ထားတာတောင် နတ်ဘုရားရရှိခြင်းနယ်ပယ်မှာ ရှိနေတုန်းပဲ... ခွန်အားပြည့်သာဆို..."

မုန့်ချန်ချင်း မနေနိုင်ပဲ အသက်ပြင်းပြင်းရူလိုက်သည်။

အခန်း (၁၁၈)

မွေးရာပါဓားခန္ဓာ

"ဒီတော့ နင်က မုန့်ချန်ချင်းပေါ့..."

ရုတ်တရက် နူးညံ့သည့်အသံလေးတစ်ခုထွက်ပေါ်လာပြီး မုန့်ချန်ချင်း အသိပြန်ဝင်လာခဲ့သည်။

သူ့ရှေ့၌ မိန်မငယ်လေးတစ်ယောက်ရပ်နေပြီး ဆယ်နှစ်အရွယ်လောက်ဖြစ်ကာ နှင်းကဲ့သို့ဖြူဖွေးသည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သို့ပေမယ့် သူမဆီမှထုတ်လွတ်နေသည့်အော်ရာမှာ အလွန်ကြီးမားပြီး တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၇ ဖြစ်သည်။

သူမ၏အသက်အရွယ်၌ ဤကဲ့သို့အဆင့်ရောက်ဖို့က သာမန်လူမဖြစ်နိုင်ပေ။

မုန့်ချန်ချင်း စူးစမ်းရေးမျက်လုံးကို အသက်သွင်းလိုက်သည်။

အခြေခံအချက်အလက်-

[အမည်- မိုရှောင်ယု]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၇]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၁]

[နားလည်နိုင်စွမ်း- သာလွန်]

[အမြစ်ရိုး- မွေးရာပါဓားခန္ဓာ]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- မဟာဒြပ်စင်ငါးပါးလည်ပတ်ခြင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ အလင်းလိုက်ခြင်းဓားသိုင်း (ကျွမ်းကျင်)၊ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊....]

"တကယ် သူမပဲ..."

မုန့်ချန်ချင်း နှလုံးသား ခုန်ပေါက်သွား၏။

သူ အရင်က အလွန်အမင်းငယ်သည့်မွေးရာပါဓားခန္ဓာအကြောင်းကြားဖူး၏။

"တကယ့်ကိုပါရမီရှင်တစ်ယောက်ပဲ..."

အသိပြန်ဝင်လာပြီး မုန့်ချန်ချင်း အနည်းငယ် သက်ပြင်းချလိုက်သည်။

သူမက အလွန်အမင်းရှားပါးသည့် အဆင် ၁ အမြစ်ရိုးကို ပိုင်ဆိုင်ထားရုံသာမက မွေးရာပါဓားခန္ဓာလည်း ရှိနေခဲ့သည်။

မွေးရာပါဓားခန္ဓာမှာ ဓားသိုင်းပညာလေ့ကျင့်ခြင်းအတွက် အကောင်းဆုံးခန္ဓာအမျိုးအစားဖြစ်သည်။

ဓားအဟုန်ကိုဆုပ်ကိုင်မိခြင်းမှာ အသာအယာဖြစ်ပြီး အနာဂတ်ဓားဆန္ဒနားလည်ဖို့ အခွင့်အရေးလည်း အတော်မြင့်၏။

အချိန်သာပေးလိုက်လျှင် သူမအတွက် ထိုအရာကို နားလည်ဖို့က သေချာတာပဲဖြစ်သည်။

ထို့ပြင် ဓားခန္ဓာရှိသည့်သူ ထုတ်ဖော်လိုက်သည့် ဓားနည်းစနစ်မှာ သာမန်လူထုတ်ဖော်သည့် ဓားနည်းစနစ်ထက် ပိုအားကောင်း၏။

၎င်းမှာ သဘာဝအဆင့်မြင့်တင်ခြင်းတစ်မျိုးဖြစ်ပြီး အလွန်အမင်းလွမ်းမိုးနိုင်စွမ်းကြီး၏။

"ဟေး, နင် ဘာလို့ စကားမပြောတာလဲ..."

မိုရှောင်ယွင် သူမ၏ဖောင်းဖောင်းကစ်ကစ်လက်လေးကို မုန့်ချန်ချင်းရှေ့ ဝှေ့ယမ်းပြလိုက်၏။

"တောင်းပန်ပါတယ်, ငါအတွေးထဲမျှောသွားလို့ပါ..."

မုန့်ချန်ချင်း အနည်းငယ် ပြုံးလိုက်သည်။

"ဟမ့်, အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နဲ့ ဓားချီနားလည်နိုင်တယ်ဆိုပြီး နင့်ကိုယ်နင် အထင်ကြီးမနေနဲ့... အနာဂတ်မှာ ငါသေချာပေါက် နင့်ကို ကျော်တက်မှာ..."

"မဟုတ်ဘူး, အခုကို ငါ နင့်ထက်ပိုသန်မာနေပြီးသား..."

မိုရှောင်ယွင် ခါးထောက်ပြီး ရင်ကော့လိုက်သည်။

သို့ပေမယ့် သူမဘယ်လောက်ပဲ ရင်ကော့ပါစေ မုန့်ချန်ချင်းကို မော့ကြည့်ရစမြဲဖြစ်သည်။

အဆုံးမှာတော့ သူမက ပုလွန်းနေခဲ့သည်။

ထိုအရာကိုနားလည်တော့ ကို့ရို့ကားယားဖြင့် အကြည့်ပြန်ရုတ်လိုက်သည်။

"ဟုတ်ပါတယ်, နင်က အတော်ဆုံးပါ..."

မုန့်ချန်ချင်း ကလေးတစ်ယောက်နှင့် ငြင်းခုံမနေချင်ပေ။

အထူးသဖြင့် သူမက အနာဂတ်မိတ်ဆွေတစ်ယောက်ဖြစ်သောကြောင့်ပင်။

သူမစွမ်းရည်တွေက သူ့ကို အတော်လေး မနာလိုဖြစ်စေပြီး အထူးသဖြင့် မွေးရာပါဓားခန္ဓာပင်။

၎င်းမှာ ဓားသိုင်းကျင့်ခြင်းအတွက် မယုံနိုင်လောက်အောင်အကျိုးထူး၏။ သူက သူမနှင့်မိတ်ဆွေဖြစ်ဖို့ နည်းလမ်းရှာရမည်ဖြစ်သည်။

သို့ပေမယ့် လှုပ်ရှားမှုပြုလုပ်ဖို့ ပတ်ပတ်လည်၌ လူတွေများလွန်းနေခဲ့သည်။

"ဟမ့်, ဒါပိုကောင်းတယ်... အနည်းဆုံး နင့်မှာ အမြင်ကောင်းတွေရှိသားပဲ..."

မိုရှောင်ယွင် အတော်လေးကျေနပ်နေပြီး သူမနေရာပြန်သွားလိုက်သည်။

ထို့နောက် မိုဆူကွမ်းကို "မြင်လား, ငါကပိုတော်တာ သူဝန်ခံနေပြီ" ဆိုပြီးပြောနေသကဲ့သို့ မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

မိုဆူကွမ်း ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

မိုရှောင်ယု အရမ်းမောက်မာလာတာမှကာကွယ်ဖို့ သူက မကြာခဏ သူမကို မုန့်ချန်ချင်းနှင့် ယှဥ်ပြလေ့ရှိ၏။

ထိုအရာက သူမကို အတော်လေး ယှဥ်ပြိုင်လိုစိတ်ပြင်းထန်သွားစေခဲ့သည်။

မုန့်ချန်ချင်း မိုရှောင်ယုကို အာရုံမစိုက်တော့ပဲ အခြားသူတွေကို ကြည့်လိုက်သည်။

ဤလေ့ကျင့်ဖို့ရွေးချယ်ထားသည့်လူတွေက သဘာဝအတိုင်း အတော်လေးသန်မာကြ၏။

အားလုံးက အနည်းဆုံး တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၇ ဒါမှမဟုတ် ပိုမြင့်၏။

သူ့လိုတာအိုဖန်တီးခြင်းနယ်ပယ်အဆင့် ၁ က တကယ်ကို ချွင်းချက်ဖြစ်၏။

"ဒီတော့ မင်းက ဂျူနီယာမုန့်ပဲ... မင်းရဲ့ဂုဏ်သတင်းကို ကြားဖူးနေတာကြာပြီ... ဒီနေ့တွေ့ရတော့ တကယ်ကို အထင်ကြီးစရာပါလား..."

တပည့်တွေထဲရှိ တစ်ယောက် ပြောလိုက်သည်။

သူ့၌ နူးညံ့သည့်အမူအရာရှိပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အသက် ၃၀ အရွယ်လောက်ရှိ၏။

ကျင့်ကြံရေးမှာ တာအိုဖန်တီးခြင်းနယ်ပယ်အဆင့် ၉ အထွတ်အထိပ်ဖြစ်သည်။

"မင်းနာမည်က ဘာလဲ, စီနီယာအကို..."

မုန့်ချန်ချင်း မေးလိုက်သည်။

"ငါက လန်ချန်းပါ, ဝိညာဥ်တောင်ထိပ်တပည့်ကြီးလေ..."

လန်ချန်း အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။

"စီနီယာအကိုလန်..."

မုန့်ချန်ချင်း လက်ချင်းယှဥ်ပြီး ဇယားကို ကြည့်ရှုလိုက်သည်။

အခြေခံအချက်အလက်-

[အမည်- လန်ချန်း]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၉]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၁]

[နားလည်နိုင်စွမ်း- သာလွန်]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- မဟာဒြပ်စင်ငါးပါးလည်ပတ်ခြင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ အလင်းလိုက်ခြင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ ...]

မိုရှောင်ယုနှင့်ယှဥ်လျှင် လန်ချန်းဇယားမှာ အနည်းငယ်ပိုမြင့်၏။

သို့ပေမယ့် မုန့်ချန်ချင်း ထူးဆန်းတာတစ်ခုကို ရှာတွေ့ခဲ့သည်။

အဆင့် ၁ အမြစ်ရိုးနှင့် အသက် ၃၀ ဝန်းကျင်မှာ တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၉ သာရှိသေး၏။

အသက် ၁၀ နှစ်သာရှိသည် မိုရှောင်ယုမှာ တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၇ ကို ရောက်နေပြီဖြစ်သည်။

ထိုအရာကိုတွေးပြီး ၎င်းမှာ လန်ချင်း နောက်ပိုင်းမှစတင်ကျင့်ကြံခဲ့တာကို မုန့်ချန်ချင်း နားလည်လိုက်၏။

လူတိုင်းအတွက် အမြစ်ရိုးမှာ မွေးကတည်းက မသိနိုင်ပြီး အချို့က အသက် ၁၀ နှစ်မှသာ စတင်ကျင့်ကြံရတာဖြစ်သည်။

အခြားသူတွေလည်း သူတို့ကိုယ်သူတို့ မိတ်ဆက်လက်ပြီး မုန့်ချန်ချင်း ယဥ်ကျေးစွာ တုံ့ပြန်ကာ သူတို့၏ဇယားတွေကို စစ်ဆေးခဲ့၏။

မိုရှောင်ယု၊ လန်ချန်းတို့လောက် မဟုတ်သော်လည်း အထင်ကြီးစရာကောင်းနေဆဲဖြစ်သည်။

အချို့က ထူးကဲသည့်အမြစ်ရိုးတွေရှိပြီး အချို့က နားလည်နိုင်စွမ်းမြင့်ကာ အချို့က ပြိုင်ဘက်ကင်းပါရမီစွမ်းရည်တွေ ပိုင်ဆိုင်ကြ၏။

ကျင့်ကြံရေးနည်းစနစ်တွေနှင့် သိုင်းပညာတွေမှာလည်း ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး ထိပ်တန်းပါရမီရှင်တွေအဖြစ်ခေါ်ဖို့ ထိုက်တန််တာပဲဖြစ်သည်။

"အဆင့်မြင့်စွမ်းရည်တွေ အများကြီးပဲ..."

မုန့်ချန်ချင်းနှလုံးသား စိတ်လှုပ်ရှားမှုကြောင့် ပူလောင်လာခဲ့သည်။

၎င်းတို့ကို သူကိုယ်တိုင်အတွက် မသုံးနိုင်လျှင်တောင် ပယ်ဖျက်ပြီး ဆုလဒ်ကြီးတွေ ရနိုင်တာပဲဖြစ်သည်။

အားလုံးကို မိတ်ဆွေအဖြစ်ပေါင်းထည့်ရမည်ပင်။

တပည့်တွေကြားရှိ အပြန်အလှန်ဆက်ဆံမှုကိုမြင်တော့ မိုဆူကွမ်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"မင်းတို့အချင်းချင်းမိတ်ဆက်ပြီးပြီဆိုတော့ သင်ခန်းစာပြန်စလိုက်ရအောင်... မုန့်ချန်ချင်း မင်းလည်း ထိုင်နားထောင်လေ..."

"ကောင်းပါပြီ..."

မုန့်ချန်ချင်း ခေါင်းညိတ်ပြီး အာရုံပြန်စိုက်လိုက်သည်။

ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်မိထား၍ မိုဆူကွမ်းလည်း ဓားရည်ရွယ်ချက်ကို နားမလည်ထားလျှင် သူ့၌ သင်ယူစရာ အများကြီးရှိမည်မဟုတ်ပေ။

အမြင်ကျယ်ဖို့ မိုဆူကွမ်းနည်းစနစ်တွေကို ကြည့်ရှုရုံသာ တတ်နိုင်၏။

သူက အခြားသူတွေနှင့် ပိုဆက်ဆံချင်ပေမယ့် တောင်ထိပ်သခင်တစ်ယောက်၏စကားတွေကိုလည်း လျစ်လျူမရှုနိုင်ပေ။

"ဒါဆို ငါသွားတော့မယ်... မင်းစိတ်ဝိညာဥ်တောင်ထိပ်ကိုပြင်ဖို့ တစ်ယောက်ယောက်ပို့လိုက်မယ်... ဒါပေမယ့် မင်း အဲ့တာကို နောက်ပိုင်းကျလိုအပ်တော့မှာမဟုတ်ဘူး..."

ယွင်ပုကျွယ် မုတ်ဆိတ်မွေးသပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

ဤအရာကိုကြားသည့်အခါ မုန့်ချန်ချင်း မျက်ခုံးပင့်သွား၏။

ဘာကိုဆိုလိုတာလဲ?...

သူတို့က ငါ့ကို ပိုကောင်းတဲ့ကျင့်ကြံရေးနေရာပေးဖို့ စီစဥ်နေတာများလား?....

All Chapters