← Chapters

အခန်း (၄၂)

Vol. 5 Ch. 42

အခန်း (၄၂)

Vol. 5 Ch. 42

အခန်း (၄၂) မွေးရာပါသူငယ်အိမ်နှစ်ထပ်နှင့် ရရှိထားသော အဓိပတိတာအိုအရိုး

"ကောင်းပြီ... မင်းကို ခိုင်းစရာ အလုပ်တစ်ခုရှိတယ်... မင်းကို ငါ ယုံလို့ရမလား..."

ချင်လော့က လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။

စစ်မာဟောက်သည် သူ၏တွေဝေမှုမှ ရုန်းထွက်လာခဲ့ပြီး သူ၏ တိုက်ခိုက်လိုစိတ် အနည်းငယ် ပြန်လည်ရရှိလာပုံရပေသည်။

ချင်လော့၏ အတွေးများကို သူ နားမလည်ခဲ့သော်လည်း ချင်လော့၌ တိုက်ခိုက်လိုစိတ်များ ရှိနေဆဲဖြစ်ပြီး ထိုနေရာအတွက် ထပ်မံယှဉ်ပြိုင်မည်ဖြစ်ကြောင်း သူ သိရှိထားပေ၏။

"စစ်မာမိသားစုရဲ့ ဘိုးဘေးတွေရဲ့ သွန်သင်ချက်တွေကို စောင့်ထိန်းပြီး အသက်ထွက်တဲ့အထိ အရှင်မင်းသားအပေါ် သစ္စာရှိပါ့မယ်..."

ချင်လော့က ခေါင်းခါယမ်းလိုက်သည်။

"ပါးစပ်ကပြောတဲ့ သစ္စာစောင့်သိမှုကို ငါ မယုံဘူး..."

စစ်မာဟောက်သည် အနာဂတ်ချိန်တွင် သက်သေပြမည်ဟု ပြောဆိုချင်ခဲ့သော်လည်း ချင်လော့သည် စည်းမျဉ်းများနှင့်အညီ ကစားမည်မဟုတ်ကြောင်း မည်သူက သိမည်နည်း။

သေခြင်းရှင်ခြင်းတံဆိပ်ကို ရိုက်နှိပ်ခံရပြီးနောက် စစ်မာဟောက်သည် အနည်းငယ် တွေဝေနေဆဲဖြစ်ကာ သူ၏အသက်သည် ချင်လော့၏လက်ထဲတွင် ရှိနေကြောင်း သဘောပေါက်သွားခဲ့၏။

"မှတ်ထား... အခုကစပြီး မင်းက ငါ့လူပဲ... ငါတို့က ကံကြမ္မာတစ်ခုတည်းကို မျှဝေခံစားရမယ်... တကယ်လို့ ငါ အာဏာရလာခဲ့ရင် စစ်မာမိသားစုက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်…

"

"ဒါ့အပြင် နေရာပေါင်းစုံမှာ လောင်းကြေးထပ်တတ်တဲ့ မင်းရဲ့ စစ်မာမိသားစုရဲ့ ဗျူဟာကို ငါ တကယ် သဘောမကျဘူး..."

"ငါ့အမြင်အရဆိုရင် မိသားစုရဲ့ ရေရှည်တိုးတက်ကြီးပွားမှုအတွက် မင်းရဲ့ စစ်မာမိသားစုရဲ့ နည်းလမ်းပေါင်းစုံ သုံးတဲ့ချဉ်းကပ်မှုက ဆုံးဖြတ်ချက်မပြတ်သားမှုရဲ့ လက္ခဏာတစ်ခုပဲ... တစ်ခါတလေ စစ်မာမိသားစုက ပုန်ကန်ချင်တဲ့ ရည်ရွယ်ချက်တွေကြား မျှောသေလိုဖြစ်နေတယ်"

"အရှင်မင်းသား... ဒါက မဖြစ်နိုင်ပါဘူး..."

စစ်မာဟောက် စကားမဆုံးမီ ချင်လော့က ဖြတ်ပြောလိုက်သည်။

"မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ မှတ်ထား... အခု မင်းက ငါ့ရဲ့ စစ်သားပဲ... စစ်မာမိသားစုအတွက် မဟုတ်ဘဲ ငါ့အတွက် အမှုထမ်းရမယ်..."

"နောက်ထပ်... ငါ့ကို ကိစ္စတစ်ခု ကြေညာဖို့နဲ့ လူတစ်ယောက်အတွက် ဇာတ်ကောင်စရိုက်တစ်ခု ဖန်တီးပေးဖို့ မင်းရဲ့ စစ်မာမိသားစုရဲ့ အင်အားကို သုံးလိုက်ပေး..."

စစ်မာဟောက်က သူ၏စိတ်ထဲ၌ တွေးတောလိုက်သည်။

"ငါ့ကို စစ်မာမိသားစုအပေါ် သစ္စာမရှိစေချင်ပေမဲ့ စစ်မာမိသားစုရဲ့ အဆက်အသွယ်တွေကိုတော့ အသုံးပြုခိုင်းနေတုန်းပဲ..."

"အဲ့ဒီလူနာမည်က ရဲ့ချန်လို့ ခေါ်တယ်... မင်းက သူ့ကို သစ္စာစောင့်သိမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုကို တန်ဖိုးထားတဲ့သူ တစ်ယောက်အနေနဲ့ ပုံဖော်ပေးရမယ်... ပြီးတော့ အချစ်ဇာတ်လမ်း တစ်ပုဒ်ကိုလည်း လူသိရှင်ကြား ဖြစ်အောင် လုပ်ပေးရမယ်... ကံမကောင်းစွာနဲ့ပဲ သူက သူ့ရဲ့ ဇနီးသည်နဲ့ အတင်းအကျပ် ခွဲခွာခံခဲ့ရပြီး နောက်ဆုံးမှာ သူ မယူချင်တဲ့သူ တစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ် ဆိုတာမျိုးပေါ့..."

ဂုဏ်သတင်း ကျော်ကြားနေပြီဖြစ်သော ရဲ့ချန်သည် သတို့သမီးအား ခိုးယူရန် ကြိုးစားခြင်းမှ ရှောင်ကြဉ်မည်လားဆိုတာကို ချင်လော့က သိမြင်ချင်နေခဲ့ပေသည်။

အကယ်၍ သူသာ မသွားခဲ့ပါက သူ၏ ဂုဏ်သတင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ပြင် ရဲ့ချန်၏ ကံကြမ္မာသည် သူ့အတွက် အကူအညီများစွာ ရရှိရန် လုံလောက်နေပြီး သတို့သမီး ခိုးယူခြင်းက အမှန်တကယ်ပင် အောင်မြင်သွားနိုင်ကြောင်း ချင်လော့က ခံစားမိလေ၏။

‘ ခြေတံတစ်ရာရှိတဲ့ ကင်းခြေများတောင် အလွယ်တကူ မသေနိုင်ဘူး... အထူးသဖြင့် ဖျက်ဆီးပြီးရင် ပြန်လည်တည်ဆောက်နိုင်တာက အကြီးမားဆုံး စွမ်းရည်ဖြစ်တဲ့ ကံကြမ္မာသားတော်ဆိုရင် ပိုဆိုးတာပေါ့… ’

"မှတ်ထား... တောင်တန်းတစ်သောင်းနယ်မြေထဲက လူတိုင်းနီးပါးကို သိစေချင်တယ်... ရဲ့ချန်ရဲ့ နာမည်ကို သိတာနဲ့ လျိုရူယန်နဲ့ သူ့ရဲ့ အချစ်ဇာတ်လမ်းကို နားလည်သွားစေရမယ်... နတ်လက်နက်တောင်ကြားက သခင်လေးက ချစ်သူကို လုယူသွားပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေက ကံဆိုးတဲ့ချစ်သူတွေကို အတင်းအကျပ် ခွဲထုတ်လိုက်တယ်ဆိုတာမျိုးပေါ့..."

စစ်မာဟောက်သည် ချင်လော့၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရှိခဲ့သော်လည်း ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရမည်ကိုတော့ သူ သိရှိထားပေ၏။

ထို့ပြင် ဤကိစ္စသည် အတော်လေး လွယ်ကူပေသည်။ ကောလာဟလအချို့ ဖြန့်ပြီး လူထုအမြင်ကို ခြယ်လှယ်ရုံသာ မဟုတ်ပါလော။ ရိုးရှင်းလှပေ၏။

မြို့တော်အတွင်းရှိ ကိစ္စရပ်များကို စီစဉ်ပြီးနောက် သူနှင့်အတူ လိုက်ပါရန် မလိုအပ်ကြောင်း ချင်လော့က သူတော်စင်စုအား အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး မဟာချင်အင်ပါယာ၏ လျှို့ဝှက်နယ်မြေတစ်ခုသို့ ဝင်ရောက်ကာ ပွင့်လင်းစွာ ကျင့်ကြံခွင့်ပြုခဲ့သည်။

ဤသည်က လူများစွာကို စိတ်အေးသွားစေခဲ့၏။

ချင်လော့သည် နတ်ဆိုးနှိမ်နင်းရေးဌာနမှ လီယီ၊ တပ်မှူးသုံးဦးနှင့် အခြားလူအနည်းငယ်တို့နှင့်အတူ မြို့တော်အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။သူတို့အားလုံးသည် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရုပ်သွင်များကို ဖုံးကွယ်ကာ ရုပ်ဖျက်ထားခဲ့ကြသည်။

မြို့တော်မှ ထွက်ခွာခါနီးချိန်တွင် လျင်မြန်သော မြင်းခွာသံများ ချဉ်းကပ်လာခဲ့ပေ၏။

အဝေးမှ မြင်းတပ်စုတစ်စု ပြေးဝင်လာခဲ့သည်။

"အဲ့ဒီအလံကို ကြည့်လိုက်... 'ပဉ္စမမင်းသား' လို့ ရေးထားသလိုပဲနော်..."

"ဟုတ်တယ်... အဲ့ဒါ ပဉ္စမမင်းသားပဲ... သူက ဒီတစ်ကြိမ် ပုန်ကန်မှု တော်တော်များများကို နှိမ်နင်းခဲ့တာဆိုတော့ အရှင်မင်းကြီးက သေချာပေါက် ကောင်းကောင်း ဆုချလိမ့်မယ်..."

"ဒါမှ ငါတို့ မဟာချင်အင်ပါယာရဲ့ စစ်မှန်တဲ့ မင်းသားပဲ... မဟာချင်အင်ပါယာအတွက် အရပ်မျက်နှာ အသီးသီးမှာ တိုက်ပွဲဝင်နေတာ... မာနကြီးပြီး အာဏာရှင်ဆန်တဲ့ အဲ့ဒီ နဝမမင်းသားနဲ့ လုံးဝ မတူဘူးလေ..."

ချင်လော့မှာ ဆွံ့အသွားခဲ့ပေ၏။

သူက လူအနည်းငယ်ကိုသာ သတ်ခဲ့ရုံဖြင့် မည်သို့လုပ်၍ ဤမျှ ဆိုးရွားသော ဂုဏ်သတင်းကို ရရှိသွားရသနည်း။ မျှော်လင့်ထားသည့်အတိုင်းပင် ဗီလိန်ဟူသော အမည်နာမက ဖယ်ရှား၍ မရနိုင်ချေ။

"ဘယ်သူက ငြင်းမှာလဲ... ဒီနေ့ သူ မြို့တော်ကနေ ထွက်သွားမယ်လို့ ကြားတယ်... သူ ရောက်လာကတည်းက အရှင်မင်းကြီးက သူ့ကို မတွေ့ခဲ့ဘူးဆိုတော့ သူ့မှာ အနာဂတ်မရှိတော့ဘူးဆိုတာ ပြနေတာပဲလေ..."

ဤသည်ကို ကြားချိန်၌ လီယီ၏ အမူအရာက ပြောင်းလဲသွားသည်။ သူသည် သူ၏ လက်အောက်ငယ်သားများကို ချက်ချင်း တစ်ချက်ကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် ချင်လော့အား ပြောဆိုလိုက်၏။

"အရှင်မင်းသား... ကျွန်တော်တို့ရဲ့ သတင်းတွေ ပေါက်ကြားသွားပြီ... ကျွန်တော်တို့ စောင့်ကြည့်ခံနေရတယ်လို့တောင် ထင်တယ်..."

"ကျွန်တော်တို့ရဲ့ ထွက်ခွာမယ့်အချိန်ကို ပြောင်းလိုက်ရင် ဘယ်လိုလဲ..."

ချင်လော့က ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်သည်။

"ရပါတယ်... ဒီနေ့ ငါ ထွက်သွားမယ်ဆိုတာကို သူတို့ မသိမှာကိုပဲ ငါက ကြောက်နေတာ..."

"ငါ ရှေ့ထွက်မလာရင် ဘယ်လိုလုပ် လူသတ်လို့ရမှာလဲ..."

"ခိုးမယ့်သူခိုးကရှိနေတာပဲ… ငါ ချင်လော့က ဘယ်လိုလုပ်ပြီး အဲသူခိုးတွေရန်က မကာကွယ်နိုင်ရမှာလဲ..."

"သူတို့ ရောက်နေပြီဆိုမှတော့ အကုန်လုံးကို သတ်ပစ်လိုက်ရုံပေါ့..."

ချင်လော့သည် ရပ်တန့်လိုက်ပြီး သူ၏ အကြည့်များက အဝေးရှိ မြင်းတပ်စုအပေါ်သို့ ကျရောက်သွားပေ၏။ ထူးခြားစွာ ချောမောသော လူငယ်တစ်ဦးက ချင်လော့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ဒါက သွေးသားတော်စပ်တဲ့ အရင်းနှီးဆုံး ဆွေမျိုးဆိုတာလား..."

[ကံကြမ္မာသားတော်အား ရှာဖွေတွေ့ရှိခြင်း - ချင်ဖန်]

[အမည် - ချင်ဖန်]

[အသက် - ၃၅]

[ကံကြမ္မာအဆင့် - အဆင့် ၅]

[ကံကြမ္မာတန်ဖိုး - ၈၈၈၀၀၀]

[ခန္ဓာကိုယ် - မွေးရာပါသူငယ်အိမ်နှစ်ထပ်၊ ရရှိထားသော အဓိပတိတာအိုအရိုး၊ မီးနဂါးသွေးကြော]

[မွေးရာပါသူငယ်အိမ်နှစ်ထပ်ရှိသူများသည် လောက၏ လျှို့ဝှက်ချက်များစွာကို ထွင်းဖောက်မြင်နိုင်ပေသည်။ အဓိပတိတာအိုအရိုးသည် အစားထိုးရယူထားခြင်းဖြစ်ပြီး မီးနဂါးသွေးကြောမှာလည်း ရယူထားခြင်း ဖြစ်သည်။]

[ကျင့်ကြံမှုအဆင့် - လိုဏ်ဂူကောင်းကင်အဆင့် ၇ ]

[အဆင့်မြင့်ပြိုင်ဘက်များကို တိုက်ခိုက်ခြင်းက သူ့အတွက် ရေသောက်ရသကဲ့သို့ လွယ်ကူပေ၏။ အကယ်၍ သင့်တွင် သူတော်စင်အဆင့်အထက် စွမ်းအားမရှိပါက သူနှင့် ပေါ့ပေါ့ဆဆ ပဋိပက္ခမဖြစ်စေပါနှင့်၊ သို့မဟုတ်ပါက ဒုက္ခရောက်ရသူမှာ သင်ပင် ဖြစ်လာနိုင်ပေသည်။]

[မိတ်ဆက် - တော်ဝင်မိသားစုတွင် မွေးဖွားလာပြီး ရေတွက်၍မရနိုင်သော သစ္စာဖောက်မှုများနှင့် အကောက်ကြံမှုများကို မြင်တွေ့ကြီးပြင်းလာခဲ့သည်။ 'လူတိုင်းက ကိုယ့်အတွက်ကိုယ်ပဲ' ဟူသော ဆောင်ပုဒ်ကို သူ စွဲကိုင်ထားသည်။ သူ ရုတ်တရက် ပြန်လာရခြင်း၏ ရည်ရွယ်ချက်က ဘာဖြစ်မည်ဟု သင် ထင်သနည်း။]

ရွှီး…

ထက်မြက်သော အကြည့်တစ်ချက်က ချင်လော့အပေါ်သို့ တိကျစွာ ကျရောက်လာပြီး ချင်လော့၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များကို ထောင်မတ်သွားစေကာ တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အလားပင်။

စနစ်၏ သတိပေးချက်ကြောင့် ချင်လော့သည် အလန့်တကြား သတိဝင်လာခဲ့၏။

ဤချင်ဖန် ပြန်လာရသည့် အကြောင်းအရင်းမှာ သူ့ကြောင့်ပင် ဖြစ်နိုင်ပေသည်။ ချင်ဖန်က သူ့ကို တွေ့ရန် လာခဲ့ခြင်း ဖြစ်၏။

နောက်တစ်စက္ကန့်တွင် ချင်ဖန်သည် သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး တွေဝေနေရန်ပင် မတွေးတောတော့ဘဲ သူ၏ မြင်းတပ်စုကို ဦးဆောင်ကာ မြို့တော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ချင်လော့အား ကျောခိုင်းထားရင်း ချင်ဖန်က နောင်တရသည့် အရိပ်အယောင်ဖြင့် ပြောဆိုလိုက်သည်။

"သူက တကယ်ပဲ သာမန်သေမျိုး တစ်ယောက်ပါလား..."

အထူးသွေးကြော မရှိသူတစ်ဦးသည် သူ၏ အာရုံစိုက်မှုကို ခံရရန် မတန်ချေ။

"အဲ့ဒီကောင်က ငါ့ရဲ့ ပါရမီကို မြင်ချင်နေတာ ဖြစ်ရမယ်..."

ချင်လော့က သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။

"စိတ်ဝင်စားစရာပဲ... ပြိုင်ဘက်တွေက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်... သူတို့က ပိုစွမ်းအားကြီးလေ ပိုကောင်းလေပဲ... သူတို့က ပိုပါရမီရှိလေ ပိုကောင်းလေပဲ... အထူးသဖြင့်…”

"ဒီကံကြမ္မာတန်ဖိုးက တော်တော်လေး ဆွဲဆောင်မှု ရှိတာပဲ..."

မွေးရာပါဓားအရိုးနှင့် မိုးကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ခန္ဓာ ပိုင်ဆိုင်ထားသော ရဲ့ချန်သည် ချင်လော့၏ အမြင်တွင် ဤကမ္ဘာ၌ အစွမ်းထက်ဆုံး ဇာတ်လိုက်အဖြစ် ခေါ်ဆိုခံရရန် ထိုက်တန်နေပြီ ဖြစ်သည်။ မထင်မှတ်ထားဘဲ ချင်ဖန်သည် ရဲ့ချန်ထက်ပင် ပို၍ အစွမ်းထက်နေပေ၏။

"တကယ်လို့ မျှော်လင့်မထားတာ တစ်ခုခုသာ မဖြစ်လာခဲ့ရင် မဟာချင်အင်ပါယာက ချင်ဖန်ရဲ့ လက်ထဲကို ကျရောက်သွားမှာ သေချာတယ်..."

"ကျွတ် ကျွတ်... နှမြောစရာပဲ... သူက တိုက်ဆိုင်စွာနဲ့ ကံကြမ္မာသားတော် ဖြစ်နေလို့ မဟာချင်အင်ပါယာရဲ့ ချင်ဧကရာဇ် ပလ္လင်ပေါ်မှာ ဘယ်တော့မှ ထိုင်နိုင်မှာ မဟုတ်ဘူး..."

"သွားကြမယ်.."

ချင်လော့သည် တစ်ခါစားလျှင် တစ်လုပ်၊ တစ်ခါသတ်လျှင် တစ်ယောက်ဟူသော မူဝါဒကို စွဲကိုင်ထားပေသည်။

"ဒီနေ့ ငါ့ကို နတ်ဘုရားအသွင်ပြောင်းအဆင့်ဆီ တက်လှမ်းနိုင်အောင် အဲ့ဒီလူတွေ ကူညီပေးနိုင်ကြပါစေ..."

မျှော်လင့်ထားသည့်အတိုင်းပင် ဖိအားသည် တွန်းအားတစ်ရပ် ဖြစ်ပေ၏။ အလျင်စလို ဖြစ်နေသော ခံစားချက်ဖြင့် ချင်လော့သည် ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ချေ။

"မျှော်လင့်ရတာတော့ လူများလေ ပိုပျော်ဖို့ကောင်းလေပဲ…”

All Chapters