← Chapters

အခန်း (၄၄)

Vol. 5 Ch. 44

အခန်း (၄၄)

Vol. 5 Ch. 44

အခန်း (၄၄) နောက်ကွယ်မှ လျှို့ဝှက်ချက်က တပ်မှူးလုအား တရားမျှတမှု ရှာဖွေပေးရန် ဦးဆောင်စေခြင်း

ချန်ကျန့်ရှန်း၏ မြေးဖြစ်သူသည် ချင်လော့ကြောင့် သေဆုံးသွားခဲ့ရကြောင်း လူတိုင်း သိရှိထားကြသော်လည်း ယခုအခါ ချန်ကျန့်ရှန်းက ချင်လော့အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေခြင်းမှာ လူတိုင်းအား အလွန်အံ့အားသင့်သွားစေခဲ့၏။

ချင်လော့က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒီပြဇာတ်က အခု အဆုံးသတ်သင့်ပြီ..."

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ ချန်ကျန့်ရှန်း လှုပ်ရှားလိုက်ချိန်၌ အမျိုးသမီးသူတော်စင်သည် သူ၏ ပြိုင်ဘက် မဟုတ်တော့ချေ။ လူသားဧကရာဇ်အလံ၏ အကူအညီဖြင့် သူမသည် လျင်မြန်စွာ ရှုံးနိမ့်သွားခဲ့သည်။

ဖူး…

အမျိုးသမီးက သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွား၏။

"ချန်ကျန့်ရှန်း... ရှင်ရဲ့မြေးက မဟာချင်အင်ပါယာရဲ့ တော်ဝင်မိသားစု အတွင်းရေးပဋိပက္ခကြောင့် သေဆုံးသွားရတာကို ရှင်က မဟာချင်အင်ပါယာအတွက် ခွေးတစ်ကောင်လို အမှုထမ်းနေတုန်းပဲလား...ရှင်က တကယ်ကို အောက်တန်းကျလွန်းတယ်..."

ဖြန်း…

ချန်ကျန့်ရှန်းက သူမ၏ ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပေ၏။

အနက်ရောင် မျက်နှာဖုံး ကျွတ်ကျသွားပြီး လူတိုင်းရှေ့တွင် အတော်လေး လှပသော မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချန်ကျန့်ရှန်းက အေးစက်စွာ ပြောဆိုလိုက်သည်။

"မင်းရဲ့ နောက်ကွယ်ကလူကို ပြောပြစမ်း... မင်းအတွက် နည်းနည်း သက်သာအောင် လုပ်ပေးနိုင်ကောင်း လုပ်ပေးနိုင်လိမ့်မယ်..."

အမျိုးသမီးက မာနကြီးစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။

"စဉ်းတောင် မစဉ်းစားနဲ့..."

"ဒီနေ့ ငါ အမှားလုပ်မိတာကို ဝန်ခံတယ်... ဒါပေမဲ့ အနာဂတ်မှာ ငါ့အတွက် လက်စားချေပေးမယ့်သူ ရှိတယ်..."

သူမ၏ အကြည့်က ချင်လော့အပေါ် ကျရောက်သွားပြီး သူမက လှောင်ပြောင်လိုက်သည်။

"အဲ့ဒီ မန်စန်းတောက်က ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲဆိုတာ မင်း သိလား..."

"ငါ့ကို လွှတ်ပေးလိုက်... မန်စန်းတောက်က ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲဆိုတာနဲ့ မင်းကို ဘယ်သူက သတ်ချင်နေတာလဲဆိုတာကို ငါ ပြောပြမယ်..."

သူမ စကားမဆုံးမီမှာပင် မန်စန်းတောက်က မြေပြင်ပေါ်သို့ ရုတ်တရက် ဒူးထောက်ချလိုက်ပေ၏။

"နဝမမင်းသား... အရှင်မင်းသား ကျွန်တော့်ကို ချမ်းသာပေးပါ... အကုန်လုံးက အဋ္ဌမမင်းသားရဲ့ အစီအစဉ်တွေပါ... သူက ကျွန်တော့်ကို အရှင်မင်းသားကို သတ်ခိုင်းခဲ့တာပါ... သူပါ..."

ဘန်း... ဘန်း... ဘန်း…

မန်စန်းတောက်က အကြိမ်ကြိမ် ခေါင်းချတောင်းပန်နေသဖြင့် အမျိုးသမီး၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ရသည်။

"သူ့ရဲ့ နောက်ခံက အရေးမကြီးဘူး... မင်းရဲ့ နောက်ခံနဲ့ မင်းရဲ့ ရည်ရွယ်ချက်ကိုပဲ ငါ သိချင်တယ်..."

"ငါ့ကို လွှတ်ပေးရင် မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... မဟုတ်ရင် မင်းက အဆုံးအစမရှိတဲ့ လိုက်လံသတ်ဖြတ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်..."

အမျိုးသမီးက ခုခံနေဆဲပင် ဖြစ်၏။

ချင်လော့က လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းက ပြောင်းလဲသွားပြီး သူတို့သည် လူသားဧကရာဇ်အလံအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

ချင်လော့က အေးစက်စွာ ပြောဆိုလိုက်၏။

"သူမရဲ့ မူလအဆီအနှစ်စွမ်းအင်ကို ထုတ်ယူလိုက်..."

ရှီးဟွမ်က အေးစက်စွာ ပြောဆိုလိုက်သည်။

" သဘောအတိုင်းပဲ..."

"မင်းတို့ ဘာလုပ်နေတာလဲ... မလုပ်နဲ့..."

အမျိုးသမီးသူတော်စင်က အလန့်တကြား အော်ဟစ်လိုက်၏။

နောက်တစ်စက္ကန့်တွင် ရှီးဟွမ်က လှုပ်ရှားလိုက်ပြီး မူလအဆီအနှစ်များ ထုတ်ယူခံလိုက်ရ၏။

"မဟုတ်ဘူး..."

အမျိုးသမီးသူတော်စင်က အော်ဟစ် လိုက်ပြီး သူမ၏ အမူအရာက ဒေါသကြောင့် တွန့်လိမ်သွားသော်လည်း ရလဒ်ကို ပြောင်းလဲရန် နောက်ကျသွားခဲ့ပြီဖြစ်​ေလသည်။

သူမ သေဆုံးသွားခဲ့ချေပြီ။ အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီး စိတ်ကူးယဉ်ဆန်သော ဝိညာဉ်တစ်ခု လွင့်မျောထွက်လာခဲ့၏။

အဆိပ်ပြင်းသော အကြည့်တစ်ချက်က ချင်လော့နှင့် သူ၏ အဖော်များအပေါ်သို့ ကျရောက်သွားပေသည်။

"ငါ ငရဲ ကနေ မင်းတို့ကို စောင့်နေမယ်... မင်းတို့ သေရမယ်... မင်းတို့ သေချာပေါက် သေရမယ်..."

"ငါလက်ထဲ ဘာ ကိုင်ထားလဲဆိုတာ မင်းမသိဘူးမလား...အဲ့ဒီအရာက ငါဆီမှာ ရှိနေသရွေ့ မင်း ဘယ်တော့မှ အေးချမ်းတဲ့ ဘဝကို ရမှာ မဟုတ်ဘူး..."

ချင်လော့က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်ပြီး သူ၏ လက်ထဲတွင် ဝိညာဉ်ရိုက်နှက်ကြာပွတ်တစ်ခု ပေါ်လာခဲ့၏။

"နောက်ဆုံးစကားတွေ ပြောဖို့က အခုချိန်မှာ နည်းနည်း စောလွန်းနေသေးတယ်..."

"ငါ့ကို လုပ်ခွင့်ပေး..."

ရှီးဟွမ်က အနည်းငယ် စမ်းသပ်ကြည့်ချင်စိတ်ဖြင့် ပြောဆိုလိုက်သည်။

ချင်လော့က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"ငါ့ကို တောင်းဆိုလေ..."

ရှီးဟွမ်၏ မကျေနပ်သော အမူအရာက ချင်လော့အပေါ် ကျရောက်သွား၏။

"ကျေးဇူးပြုပြီး ငါ့ကို လုပ်ခွင့်ပေးပါနော်..."

ချင်လော့မှာ တုန်ရီသွားခဲ့သည်။

‘တောက်…’

ဤမိန်းမ၏ အသံက အရမ်း ချိုသာလွန်းလှပေ၏။ အမှန်တကယ်ပင် ရှီးဟွမ်သည် အသံကို ချွဲနွဲ့ကာ ပြောဆိုရန်ပင် သင်ယူထားခဲ့ပြီ ဖြစ်သည်။

"ကောင်းပြီလေ..."

"ရော့ ဒီမှာ... သူသိထားတဲ့ အရာအားလုံးကို ပြောအောင်လုပ်... ငါ သိချင်တဲ့ အရာအားလုံးကိုမေးခဲ့..."

ချင်လော့သည် လက်တစ်ချက်ဝှေ့ယမ်းကာ ဝိညာဉ်ချည်ကြာပွတ်နှင့် ဝိညာဉ်ရိုက်နှက်ကြာပွတ်တို့ကို ရှီးဟွမ်ထံသို့ ပေးအပ်လိုက်သည်။

ရှီးဟွမ်သည် ပစ္စည်းနှစ်ခုကို လက်ခံရရှိချိန်၌ သူမ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေ၏။

အမျိုးသမီး၏ စိတ်ကူးယဉ်ဆန်သော ဝိညာဉ်ကို စိုက်ကြည့်နေသည့် သူမ၏ မျက်လုံးများရှိ အကြည့်က အမျိုးသမီးအား ကျောချမ်းသွားစေခဲ့သည်။

"နောက်တစ်ခုက... သေခြင်းတရားဆိုတာ မင်း အလိုချင်ဆုံး အရာဖြစ်လာမယ်ဆိုတာကို ငါ သိစေရမယ်..."

"သေတာက မကြောက်စရာကောင်းဘူး... အကြောက်စရာအကောင်းဆုံးက သေချင်နေပေမဲ့ သေလို့မရတာပဲ..."

မကြာမီမှာပင် အမျိုးသမီးသူတော်စင်သည် သနားညှာတာရန် တောင်းပန်လာခဲ့၏။

"ဟင့်အင်း..."

"ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ... ငါ့ကို ချမ်းသာပေးပါ..."

"ဟင့်အင်း... ငါ မလိုချင်ဘူး... ငါ မလိုချင်ဘူး..."

နောက်ဆုံး၌ အမျိုးသမီးသည် ထပ်မံ၍ သည်းမခံနိုင်တော့ချေ။

"ငါ အကုန်လုံး ပြောပြပါ့မယ်... ငါ့ကို ချမ်းသာပေးပါ... ငါ့ကို ချမ်းသာပေးပါ..."

သူမ၏ စကားများအရ နောက်ကွယ်မှ ကြိုးကိုင်သူမှာ မည်သူဖြစ်ကြောင်း ချင်လော့ သိရှိသွားခဲ့သည်။ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ မဟုတ်ချေ။ ပိုမို တိကျစွာပြောရလျှင် ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ လုံးလုံးလျားလျား မဟုတ်ပေ။

ယင်းအစား လျှို့ဝှက်နဂါးတပ်အဖွဲ့ ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေ၏။

ချင်လော့ ကိုင်ဆောင်ထားသောအရာမှာ နဂါးအကြေးခွံ ဖြစ်ပေသည်။

ချင်လော့က မေးမြန်းလိုက်၏။

“သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ..."

"ဒဏ္ဍာရီတွေအရ နဂါးအကြေးခွံဆိုတာ နဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ပေါ်က အရေးအကြီးဆုံး အကြေးခွံပဲ... အတိုင်းအတာ တစ်ခုအထိ ဒါကို အသုံးပြုပြီး နဂါးတစ်ကောင်နဲ့ အတင်းအကျပ် သဘောတူညီချက် လုပ်နိုင်သလို နတ်နဂါးကိုတောင် ကျွန်အဖြစ် ခိုင်းစေလို့ ရနိုင်တယ်..."

"မဟာချင်အင်ပါယာမှာ နဂါးတစ်ကောင် ရှိတယ်... အသက်ရှင်နေတဲ့ နဂါးတစ်ကောင်ပဲ..."

ဤသတင်းသည် လုံးလုံးလျားလျား တုန်လှုပ်ဖွယ် ကောင်းလှပေ၏။

အသက်ရှင်နေသော နဂါးတစ်ကောင်တဲ့လား။

မဟာချင်အင်ပါယာသည် ကောင်းကင်ကိုပင် အာခံနိုင်လောက်အောင် ဖြစ်နေပေသည်။

"ဒီနဂါးက မြို့တော်ထဲမှာ ရှိနေရမယ်လို့ ငါ ထင်တယ်... ဒါမှမဟုတ် မြို့တော်မှာရှိတဲ့ နတ်ဆိုးနှိမ်နင်းရေးဌာနထဲမှာတောင် ရှိနေနိုင်တယ် မဟုတ်လား..."

ချင်လော့က မေးမြန်းလိုက်သည်။

လင်းရွှမ်သည် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ခဲ့ခြင်းက ဤအချက်အတွက် သက်သေတစ်ခု ဖြစ်ပေ၏။

နတ်ဆိုးနှိမ်နင်းရေးဌာနတွင် အဆင့် ၁၀၈ ဆင့်ရှိသော အကျဉ်းထောင်များ ရှိပြီး နတ်နဂါးသည် ထိုအကျဉ်းထောင်များအနက်မှ တစ်ခုခု၌ အကျဉ်းကျခံနေရခြင်းလည်း ဖြစ်နိုင်ပေသည်။

"ငါ မသိဘူး... ဒါက ငါသိသမျှ အရာအားလုံးပဲ..."

"ကောင်းပြီ... အခု မင်း အေးချမ်းစွာ သေဆုံးလို့ ရပြီ..."

ချင်လော့က ရှီးဟွမ်အား အေးစက်စွာ ပြောဆိုလိုက်၏။

"သူမရဲ့ ဝိညာဉ်ကို ဖျက်ဆီးလိုက်... အသန့်စင်ဆုံး ဝိညာဉ် မူလအဆီအနှစ်ကို ငါ လိုချင်တယ်..."

ရှီးဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"တခြားသူတွေရဲ့ ဝိညာဉ်ကို စုပ်ယူတာက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ် မဟုတ်ဘူးနော်..."

ချင်လော့က အေးစက်စွာ ပြောဆိုလိုက်၏။

"ဒါက အမိန့်ပဲ..."

အလျင်စလို ဖြစ်နေသော ခံစားချက်က ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ အဆင့်တက်လှမ်းရပေမည်။

လူသားဧကရာဇ်အလံကို သိမ်းဆည်းလိုက်ပြီးနောက် သူသည် အပြင်ဘက်သို့ ထွက်လာကာ ချန်ကျန့်ရှန်းအား လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။

"လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို ရှာ... ငါ တံခါးပိတ်ကျင့်ကြံဖို့ လိုတယ်..."

လူတိုင်း မယုံနိုင်လောက်အောင်ပင် ချန်ကျန့်ရှန်းက သူ၏ လက်နှစ်ဖက်ကို ရိုသေစွာ ယှက်ကာ ပြောဆိုလိုက်၏။

"အကုန်လုံး ပြင်ဆင်ပြီးပါပြီ... အရှင်မင်းသား... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."

နတ်ဆိုးနှိမ်နင်းရေးဌာနမှ ကျန်ရှိနေသူများသည် သူတို့ မြင်တွေ့လိုက်ရသည့် အရာများကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတော်စင်ဘုရင်အဆင့်မှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် ပြစ်ဒဏ်ခံနေရသော မင်းသားတစ်ပါးကို ဤကဲ့သို့ ဆက်ဆံနေခြင်းမှာ သူတို့အတွက် လောကကြီးကိုပင် မမှတ်မိတော့သကဲ့သို့ ခံစားလိုက်ရပေ၏။

"ဒါနဲ့..."

ချင်လော့က အခြားသူများဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။

"ဒီနေ့ မင်းတို့ အများကြီး မြင်တွေ့ပြီးပြီ..."

"ဒါကြောင့် မင်းတို့ကို ရွေးချယ်စရာ တစ်ခုပေးမယ်... ငါ့ကို သစ္စာခံမလား... ဒါမှမဟုတ် သွားပြီးတော့ သူတို့နဲ့ ပူးပေါင်းမလား..."

တွန့်ဆုတ်နေရန် အချိန်မရှိချေ။ လူတိုင်းသည် ချင်လော့၏ သေခြင်းရှင်ခြင်းတံဆိပ်ကို ရိုက်နှိပ်ခံလိုက်ရပေသည်။

ချင်လော့အား လာရောက်တိုက်ခိုက်သူ အားလုံးသည် ရှီးဟွမ်၏ မူလအဆီအနှစ် ထုတ်ယူခြင်းကို ခံလိုက်ရပြီး သူတို့၏ ဝိညာဉ်များကိုလည်း အထူး လျှို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုကာ စီမံဆောင်ရွက်ခဲ့သဖြင့် သန့်စင်ဝိညာဉ် မူလအဆီအနှစ်သာ ကျန်ရစ်ခဲ့ပေ၏။

ချင်လော့သည် နတ်နဂါးသွေးအဆီအနှစ်နှင့် လင်းရွှမ်၏ မူလအဆီအနှစ်များ အားလုံးကို ထုတ်ယူလိုက်သည်။ သူသည် သူ၏ ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်ကာ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းချင်နေခဲ့၏။ နတ်ဘုရားအသွင်ပြောင်းအဆင့်၏အဆင့် ၁ သည် သူ့၏ပန်းတိုင်မဟုတ်ချေ။

"မန်စန်းတောက်ရဲ့ ခေါင်းကို အဋ္ဌမမင်းသားရဲ့ စံအိမ်ဆီ ပို့လိုက်..."

"ပြီးတော့ ဒီကောင်ရဲ့ ခေါင်းကို မင်းသမီးရဲ့ စံအိမ်ဆီ ပို့လိုက်..."

"သူတို့က စစ်ကြေညာရဲမှတော့ အခုကစပြီး ရလဒ်တစ်ခုတည်း ရှိမယ်... အဲ့ဒါက သေတဲ့အထိ တိုက်ခိုက်ဖို့ပဲ ဆိုတာကို သူတို့ကို ပြောလိုက်..."

"ငါ ချင်လော့က သွေးသားတော်စပ်တဲ့ မိသားစု သံယောဇဉ်တွေကို ဂရုမစိုက်တာ မဟုတ်ဘူး... သူတို့က စည်းကျော်သွားလို့ပဲ..."

"ကုချင်းဖုန်းရဲ့ ခေါင်းကို နတ်ဆိုးနှိမ်နင်းရေးဌာနဆီ ပို့လိုက်ပြီး ကုချင်းဖုန်းက ဒီအရှင်မင်းသားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ သူတို့ကို ပြောလိုက်..."

"တကယ်လို့ နတ်ဆိုးနှိမ်နင်းရေးဌာနက ဒီကိစ္စကို တရားမျှတစွာ မဖြေရှင်းပေးဘူးဆိုရင်... ငါ မြို့တော်ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် သူတို့နဲ့ တစ်ယောက်ချင်း ရှင်းမယ်..."

"ဟုတ်သားပဲ... တပ်မှူးလုချန်နဲ့ ချူဟန်တို့ကို သွားရှာပြီး ဒီကိစ္စကို ငါ့အတွက် တရားမျှတမှု ရှာဖွေပေးဖို့ ဦးဆောင်ခိုင်းလိုက်…”

All Chapters