မင်းတို့က လူတွေရဲ့ အကျည်းတန်တဲ့ ဘက်ခြမ်းကို အထင်သေးနေမိကြတာပဲ
Vol. 32 Ch. 320
ကြည့်ရှုသူများက စခရင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလျက် ရှိကြပြီး အသံကိုလည်း အမြင့်ဆုံးထိ တိုးချဲ့လိုက်ကြသည်။
ဉာဏ်ကောင်းသူများ ဖြစ်ကြသဖြင့် ရင်းနှီးနေသည့် အတင်းအဖျင်း အနှံ့များက အတော်လေး ထုံသင်းနေပြီကို ခံစားမိလိုက်ကြသည်။
“ လွန်ခဲ့တဲ့ ၂၁ နှစ် နွေရာသီတုန်းက …..”
အဘိုးကြီးမှာ စစချင်းတုန်းကတော့ ကြက်သေသေသွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့သည့်နှယ် သူ့မျက်လုံးတို့ ပြူးကျယ်လာပြီး ပါးစပ်မှာလည်း ပွင့်အာသွားခဲ့၏။ သူ့အမူအရာက လုံးဝကို ကြောက်လန့်တုန်လှုပ်သွားခဲ့လေသည်။
“ ရှင် ဘာဖြစ်နေတာလဲ …” အဘွားကြီးက ရှုပ်ထွေးစွာ မေးလိုက်ပြီး “ ဘာလို့ သရဲ ခြောက်ခံရတဲ့ မျက်နှာမျိုး ဖြစ်နေရတာလဲ …..”
“ အရင် ၂၁ နှစ် နွေရာသီတုန်းက ဘာဖြစ်ခဲ့လဲ ….”
“ ချီးပဲ … အဲ့ မျိုးမစစ် ငါတို့ကို ကစားသွားပြီ …”
အဘိုးကြီးက စားပွဲကို လက်သီးဖြင့် ထုပြီး အံတင်းတင်းကြိတ်လိုက်သည်။ “ ငါတို့ကို ရဲတိုင်ချင်တဲ့ ကျောင်းသားမိဘတစ်ယောက်ကို မင်း မှတ်မိသေးလား ….”
“ ရှင်ပြောချင်တာ အဲ့တုန်းက …..”
အမယ်အိုကြီးလည်း တုန်ယင်သွားခဲ့ပြီး သူမ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ ကြည့်ရတာ ခင်များတို့ နှစ်ယောက်လုံး မှတ်မိသွားကြတဲ့ပုံပဲ …”
“ လွန်ခဲ့တဲ့ ၂၁ နှစ် နွေရာသီတုန်းက ခင်များက ကျောင်းဆရာတစ်ယောက် ဖြစ်နေသေးတုန်းပဲ ….” ချန်ယွီ့ နှာမှုတ်လိုက်ပြီး “ ကျောင်းက ပရဟိတ ရန်ပုံငွေ တစ်ခုကို လက်ခံရရှိခဲ့တယ် … ပြီးတော့ ကျောင်းအုပ်ကြီးကလည်း အတန်းတစ်တန်းချင်းစီတိုင်းကို ပိုက်ဆံ အညီအမျှ ခွဲဝေပေးပြီး အတန်းထဲက နွမ်းပါးပြီး ငွေကြေးအဆင်မပြေတဲ့ ကျောင်းသားတွေကို ပံ့ပိုးခိုင်းခဲ့တယ် ….”
“ ခင်များက အတန်းထဲမှာ အနွမ်းပါးဆုံး ကျောင်းသားကို ရှာပြီး.....၊ သူတို့ကို ငွေပေးလို့ရတယ် … ဒါပေမယ့် ရတဲ့ငွေ တစ်ဝက်ကို ခင်များဆီ လက်ဆောင်အနေနဲ့ ပြန်ပေးရမယ်ဆိုပြီး အရိပ်အမြွက်ပြခဲ့တယ် ….”
“ တကယ်လို့ သူတို့က အဲ့လို မလုပ်ဘူးဆိုရင် ငွေတွေကို ဘယ်လိုမျိုး ပြုမူနေထိုင်ရမလဲဆိုတာ သိတဲ့ မိဘတွေဆီပဲ ပေးလိုက်တော့မှာ …”
“ ဒါပေမယ့် ဆင်းရဲတဲ့ ကျောင်းသားလေး တစ်ယောက်ရဲ့ မိဘက ဆင်းရဲပေမယ့် တုံးအနေတာမျိုး မဟုတ်ဘူးလို့ ခင်များ ထင်မထားခဲ့ဘူး …”
“ သူက စဉ်းစားပါ့မယ်လို့ ပြောလိုက်ပြီး နောက်တစ်နေ့မှ ပြန်လာခဲ့ဖို့ တောင်းဆိုလိုက်တယ် …”
“ ခင်များကလည်း နောက်တစ်နေ့မှာ သူတို့အိမ်ကို ပြန်ရောက်သွားပြီး အရင်နေ့တုန်းက ပြောခဲ့တဲ့ စကားကိုပဲ ထပ်ပြီး ပြောတယ် … အဆုံးမှာတော့ တစ်ဖက်က ခင်များရဲ့ ပြောစကားတွေကို ကတ်ဆက်နဲ့ အသံသွင်းထားတယ်ဆိုတာ သိလိုက်ရတယ် ….”
“ သူက ခင်များပြောတဲ့ စကားလုံးတိုင်းကို မှတ်တမ်းတင်ထားပြီး ခင်များကို ရဲတိုင်ချင်တယ် ….”
“ ခင်များက ငွေတွေသုံး၊ အလုပ်ကြမ်းသမားတွေကို ဂန်းစတားယောင်ဆောင်ခိုင်းပြီး သူတို့ကို ခြိမ်းခြောက်တယ် .. ခင်များက လူမိုက်တွေ အများကြီးနဲ့ သိပါတယ်ပေါ့ …”
“ တကယ်လို့ တိပ်ခွေကို မပေးဘူးဆိုရင် လူမိုက်တွေနဲ့ ပညာပေးခိုင်းလိုက်မှာ …”
“ တော်တော့ …”
အဘိုးကြီးက တင်းမာသည့် လေသံဖြင့် ချန်ယွီ့ကို ဖြတ်ပြောလိုက်သည်။
သူ ယခုလေးတင်ပဲ အသိစိတ် ဝင်လာပြီး ဖြစ်၏။
ဤမြင်ကွင်းက အတော်လေးကို ဆင်တူနေသည်။
သူ့ထံသို့ နေ့တိုင်းနေ့ ပြဿနာ လာရှာကြသည့် လူမိုက်များက သူ ယခင်တုန်းက အသုံးပြုခဲ့သည့် လှည့်ကွက်များနှင့် တစ်ထေရာတည်းပင်။
သူက ခြိမ်းခြောက်သည်။ ဆက်တိုက် ခြိမ်းခြောက်သည်။ ကြမ်းကြမ်းတမ်းတမ်း ခြိမ်းခြောက်ခဲ့သည်။ သို့သော် တကယ့်လက်တွေ့တော့ မထိခိုက်စေခဲ့ပေ။
“ မိဘတွေဆိုတာ ကလေးရဲ့ လက်ဦးဆရာတွေ ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ခင်များတို့သားက ခင်များတို့ရဲ့ မကောင်းတဲ့ ဘက်ခြမ်းကို မြင်တွေ့ခဲ့ပြီးပြီ …”
“ ခင်များတို့နှစ်ယောက်ဆီကနေ လူတွေကို ဘယ်လို ခြောက်လှန့်ရမလဲ ဆိုတာလည်း သင်ယူနိုင်ခဲ့တယ် ….”
“ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် … သူ ခင်များတို့ဆီကနေ သင်ယူတတ်မြောက်ခဲ့တဲ့ အရာတွေကို ခင်များတို့ဆီ လက်တွေ့ ပြန်အသုံးချတယ် ….”
“ လူမိုက်တွေ ၊ ငွေတိုးပေးတဲ့လူတွေဆိုတာ သူ ငှားထားတဲ့ လူတွေပဲ ….”
“ ခင်များ မြင်လိုက်ရတဲ့ ဓားကလည်း တကယ်လို့ ပလတ်စတစ် ကစားစရာ အရုပ်လေးပဲ ….”
“ ဘယ်လိုနေလဲ … အစစ်နဲ့ တော်တော်လေး တူတယ်ဟုတ်… “
“ ခင်များသားက ခင်များ အရင်တုန်းက လုပ်ခဲ့တာကို ပြန်လုပ်ပြရုံလေးတင်ပဲ …”
“ ခင်များတို့တွေ ငယ်ငယ်တုန်းက ကိုယ့်မှာရှိတဲ့ အာဏာ အနည်းအကျဉ်းလေးကို အသုံးချပြီး ကိုယ်လိုချင်တာ ရအောင် ယူတယ် … အသက်ကြီးလာပြန်တော့လည်း ကိုယ့်သားဆီကနေ ဂုပ်သွေးစုပ်တယ် ….”
“ သားဖြစ်သူက လောင်းကစားသမား ဖြစ်လာတာကို သိသွားတော့ ခင်များတို့ လင်မယားနှစ်ယောက်လုံး သူ့ကို ကမ္ဘာမြေပေါ်ကနေ လက်စဖျောက်ပစ်ချင်တဲ့အထိပဲ …”
“ နောက်ပိုင်း အချိန်တန်လာတော့ ခင်များတို့သားကလည်း ကမ္ဘာကြီးထဲကနေ ပျောက်ကွယ်သွားခဲ့တယ် …”
“ ခင်များတို့နှစ်ယောက် ကျုပ်ဆီ ရောက်လာခဲ့တယ်ဆိုတာကလည်း ခင်များတို့သားစီကနေ နောက်ဆုံး အကျိုးအမြတ်ကို ညှစ်ယူချင်လို့ပဲ …”
ဤစကားပြောလိုက်သည်နှင့် ကွန်းမန့်အများအပြား ထွက်ပေါ်လာသည်။
သူတို့သားက ထွက်ပြေးသွားပြီး အဆက်အသွယ်လည်း ဖြတ်သွားခဲ့တယ်လေ …
အဲ့တာကို သားလုပ်သူဆီကနေ ဘယ်လိုမျိုး ငွေညှစ်နိုင်မှာလဲ …
ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်၏။ “ မင်းတို့က လူတွေရဲ့ အကျည်းတန်တဲ့ ဘက်ခြမ်းကို အထင်သေးနေမိကြတာပဲ … အသက်ရှင်နေတဲ့ သားတစ်ယောက်က သူတို့အတွက် အကျိုးအမြတ် ရစေတယ်ဆိုရင် သေသွားတဲ့ သားတစ်ယောက်ကရော သူတို့အတွက် အကျိုးမရှိစေနိုင်ဘူးလား ….”
“ ချီးပဲ ချီးပဲ … ဒင်းတို့သာ ငါ့မိဘတွေဆိုလို့ကတော့ တစ်ခါတည်း အတူသေပစ်လိုက်မယ် …”
“ ဒီလောက် အောက်တန်းကျပြီး ယုတ်မာရက်စက်တဲ့ အကြံမျိုးကို စဉ်းစားမိကြတယ်ဆိုတော့ ဒီ သားအမိတွေ အတိတ်ဘဝတုန်းက ကမ္ဘာမကြေ ရန်သူတွေ ဖြစ်ခဲ့ကြပုံပဲ …”
“ ဒေါက်တာချန် ပြောတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြပေးကြပါလားဟင် …”
“ ဘယ်လို အခြေအနေမျိုးအောက်မှာ ဆွေမျိုး အသိုင်းအဝိုင်းတွေက သေသွားတဲ့လူတစ်ယောက်ဆီကနေ အကျိုးအမြတ် ရနိုင်မယ်လို့ ထင်လဲ ….”
“ ဖက်ခ် … ဒေါက်တာချန် ဆိုလိုချင်နေတာ အဲ့တာကိုး …”
“ ဒီ အိုကြီးအိုမားနှစ်ယောက်က သူတို့သားအတွက် အသက်အာမခံ ကြီးကြီးမားမား ထားထားတာ ဖြစ်ရမယ် …”
အမြင်ထက်ရှသည့် ကြည့်ရှုသူများက ချန်ယွီ့၏ ပြောစကားမှတစ်ဆင့် သဲလွန်စတစ်ချို့ကို ဖမ်းဆုပ်နိုင်ကြပြီး ဖြစ်သည်။
စုံတွဲက သူတို့သားမှာ လောင်းကစားသမား ဖြစ်ကြောင်း သေချာနေပြီး လူမိုက်များထံ ပေးဆပ်စရာ ပိုက်ဆံမရှိတော့သဖြင့် ထွက်ပြေးသွားခဲ့၏။ ဤအတွေးလမ်းကြောင်းအတိုင်း လိုက်လံတွေးတောကြည့်မည်ဆိုလျှင် ဘာကြောင့် သူတို့သား အသက်ရှင်နေတုန်းပဲလားဟု မေးမြန်းရခြင်းအကြောင်းအရင်းကို သိဖို့ မခဲယဉ်းပေ။
ကြည့်ရှုသူများ၏ သုံးသပ်ချက်များကို မြင်တော့ ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်၏။
သူ့ လိုက်စထွင်း ပရိသတ်များ၏ လောဂျစ်ကျကျ တွေးခေါ်ပုံတို့မှာ ပိုပိုပြီး ကောင်းမွန်လာသည်။
ချန်ယွီ့က စကားလေး အနည်းငယ် စပေးရုံမျှသာ ရှိသေးသော်လည်း ကြည့်ရှုသူများက ရလဒ်ကို ချက်ချင်း သိနေကြပြီး ပြောလိုက်သည့် တစ်ခုချင်းစီတိုင်းကလည်း ယုတ္တိကျနေတော့သည်။
“ လူတိုင်း ခန့်မှန်းတာ မှန်ပါတယ် … အခြေအနေက အဲ့ဒီအတိုင်းပဲ …”
“ သူတို့သား ထွက်ပြေးသွားပြီးတဲ့နောက်မှာ စီအီးအိုက ချက်ချင်းပဲ စုံတွဲဆီ ရောက်လာပြီး စာရင်းရှင်းဖို့ လာရှာတယ် ….”
“ စုံတွဲကို လျော်ကြေး နှစ်ဆပြန်ပေးဖို့ တောင်းတယ် …”
“ စုံတွဲမှာက ပေးစရာ ပိုက်ဆံ မရှိဘူး … သူတို့သား လောင်းကစားကြောင့် အိမ်ကနေ ထွက်ပြေးသွားခဲ့တာကို တွေးမိတော့ မရေမတွက်နိုင်တဲ့ လူမိုက်တွေကလည်း သူတို့သားကို လိုက်ရှာနေကြမှာ ကျိန်းသေမှန်း စဉ်းစားမိကြတယ် …”
“ တကယ်လို့ အဲ့လူမိုက်တွေက သူတို့သားကို မသတ်ဘူးဆိုရင်တောင် အနည်းဆုံး ဒုက္ခိတဖြစ်အောင်တော့ လုပ်ကြမှာပဲ ….”
“ အဲ့အကြောင်းကို တွေးမိတော့ စုံတွဲက စီအီးအိုကို ပထုတ်ပြီး ကျန်တဲ့ငွေတွေ အားလုံးနဲ့ သူတို့သားအတွက် အသက်အာမခံ ဝယ်လိုက်တယ် …”
“ သူတို့သား သေသွားတာ ၊ ဒါမှမဟုတ် မသန်စွမ်း ဖြစ်သွားခဲ့ရင် သူတို့က အဲ့ဒီကနေ အကျိုးအမြတ် ရမှာပဲ ….”
“ ဒါပေမယ့် အဲ့မှာ ပြဿနာ ရှိတာက … “
“ သူတို့သားရဲ့ လက်ရှိ အခြေအနေကို ဘယ်လိုမျိုး သိနိုင်မှာလဲ ….”
နှစ်ဦးက လမ်းကြောင်းတစ်ခု လိုသည်။
သူတို့သား ကျန်းကျန်းမာမာ ရှိနေသေးလား ၊ အသက်ရှင်လျက် ရှိနေတုန်းလားဆိုတာကို မှန်မှန်ကန်ကန် ပြောပြပေးနိုင်မယ့် လမ်းကြောင်းပင်။
အကယ်၍ ချန်ယွီ့ကသာ သူတို့ကို သားဖြစ်သူ ဘယ်နေရာ ရောက်နေလဲ မသိချင်ဘူးလားဟု မမေးမြန်းခဲ့လျှင် သူတို့ မေးလာမည့် နောက်ထပ်မေးခွန်းက သားဖြစ်သူ ကိုယ်လက်အင်္ဂါ စုံလင်သေးရဲ့လား ဟူ၍ပင်။
ချန်ယွီ့က သူ မစုံတော့ဘူးလို့ ဖြေလိုက်သည်နှင့် သူတို့က ချက်ချင်းပဲ သက်ဆိုင်ရာ ဌာနများကို ဆက်သွယ်ကြလိမ့်မည်။
နည်းပညာတိုးတက်နေသည့် ခေတ်ကြီးထဲတွင် ၊ အာဏာပိုင်များဘက်က ကူညီပေးလိုစိတ် ရှိသရွေ့ သားလုပ်သူက မည်သည့်နေရာမှာပဲ ပုန်းအောင်းနေပါစေ ၊ သူ့ကို ရှာတွေ့နိုင်ဖို့ အခွင့်အလမ်းများသည်။
နောက်ပိုင်းတွင် အာမခံ ကုမ္ပဏီကို ဆက်သွယ်ပြီး များပြားလှသည့် လျော်ကြေးငွေများယူ၍ အေးဆေး ထိုင်စားရုံပင်။
ဒေါသထွက်နေသည့် ကြည့်ရှုသူများက ပလတ်ဖောင်း၏ စည်းမျဉ်းစည်းကမ်းများကို ခေါင်းထဲက ဖယ်ထုတ်ထားလိုက်ကြပြီး လူအိုကြီးစုံတွဲကို နည်းလမ်းမျိုးစုံဖြင့် ‘ယဉ်ယဉ်ကျေးကျေး’ နှုတ်ဆက်ကြတော့၏။
ကြည့်ရှုသူများထဲ ရောနှော ဝင်ရောက်နေသည့် ပလတ်ဖောင်း အက်မင်တစ်ချို့မှာ ရုံးခန်းထဲ၌ တစ်ယောက်ကိုယ်တစ်ယောက် ပြန်ကြည့်မိသွားခဲ့ကြသည်။
စည်းမျဉ်းအရဆိုပါက အခြားသူများကို စော်ကားပုတ်ခတ်သည့် ကွန်းမန့်များကို သေချာပေါက် ဘန်းသင့်၏။
သို့သော် အရေးကြီးဆုံးကတော့ … သူတို့လည်း ဤလူအိုနှစ်ယောက်ကို ဆဲချင်နေကြခြင်းပင်။
၎င်းတို့ကို မဘန်းသည်က စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ပြီး ၊ ၎င်းတို့ကို ဘန်းလိုက်ခြင်းက သူတို့၏ ကိုယ်ပိုင် အသိစိတ်ကို ဆန့်ကျင်နေသည်။ နောက်ပြီး …. ယင်းက ချန်ယွီ့ကိုပင် မကျေမချမ်း ဖြစ်သွားစေလောက်သည်။
ထားလိုက်တော့ …. သူတို့တွေ မမြင်ခဲ့ဘူးပဲ ထားလိုက်တော့မယ် …
“ မင်းတို့ စောက်ကလေကချေ တစ်သိုက်တွေ … ငါ့ကို ထပ်ဆဲရင် ဆဲကြည့်စမ်း … မင်းတို့ လိပ်စာတွေကို ချရေးထားပြီး မင်းတို့ အိမ်ရှေ့မှာ ပစ်လဲပြမယ် … ပြီးရင် ငါတို့သေတဲ့အထိ ပြုစုခိုင်းပစ်လိုက်မယ် … ဘာမှတ်နေလဲ ….”
စုံတွဲက ကြင်နာတတ်သူများဟူသည့် မျက်နှာဖုံးကို လုံးဝ ချွတ်ပစ်လိုက်ကြတော့ပြီး ကြည့်ရှုသူများကို ကျိန်ဆဲကာ ၎င်းတို့ အကျွမ်းကျင်ဆုံးဖြစ်သည့် အရှက်မရှိပြုမူခြင်းကို ကျင်လည်စွာ အသုံးချနေကြလေသည်။
“ မပူကြနဲ့ ကြည့်ရှုသူတို့ ….” ချန်ယွီ့ လူတိုင်းကို နှစ်သိမ့်လိုက်ပြီး “ သူတို့တွေ အိမ်ကနေ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး ….”
“ သူတို့ကို တစ်ယောက်ယောက်က ဓားထောက်ပြီး အတင်းအကြပ် ထွက်သွားခိုင်းရင်တောင် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး ….”
ထိုစကားလုံးများ ပြောထွက်လာသည်နှင့် စုံတွဲ၏ မောက်မာမှုတို့မှာ တစ်ဝက်မျှ လျော့ကျသွားခဲ့တော့သည်။
ကြည့်ရှုသူများဆိုလျှင် ပို၍ပင် သိချင်နေကြတော့၏။
သူတို့ အိမ်ကနေ ဘာလို့ မထွက်သွားနိုင်ကြတော့မှာလဲ …
ဧကန္တ … ကုမ္ပဏီ စီအီးအိုကြောင့်များလား …
“ မဟုတ်ဘူး ….” ကွန်းမန့်များကိုကြည့်ရင်း ချန်ယွီ့ ခေါင်းယမ်းလိုက်သည်။ “ ကုမ္ပဏီ စီအီးအိုက သူတို့စီကနေ လျော်ကြေးတောင်းခဲ့တယ်ဆိုပေမယ့် သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုတော့ မချုပ်ချုပ်ခဲ့ဘူး ….”
“ သူက ဥပဒေတွေကို နားလည်တယ်…”
“ နှစ်ယောက်က ဘာလို့ ထွက်သွားဖို့ ငြင်းဆန်နေရလဲဆိုတော့ သူတို့ ထွက်သွားတာနဲ့ ဘယ်သူကမှ သူတို့ကို ပိုက်ဆံ ပေးကြမှာ မဟုတ်တော့လို့ပဲ….”
စာစဉ် (၃၂) ပြီး၏။
( 19 May 2026, 2 : 55 PM )