← Chapters

ငါ့ညီမ … မင်းကတော့ကွာ

Vol. 32 Ch. 312

ငါ့ညီမ … မင်းကတော့ကွာ

Vol. 32 Ch. 312

သူ့ရှေ့ရှိ မြင်ကွင်းက ယုတ္တိနှင့်ပင် မညီပေ။

တာအိုဝတ်ရုံများ ဝတ်ဆင်ထားသည့် နတ်ဘုရားရုပ်ထုများ၊ သင်္ကန်းဝတ်ဆင်ထားသည့် ပုံစံမျိုးစုံနှင့် ဘုန်းကြီးရုပ်ထုများ၊ လူနှင့်တူသည့် ရုပ်ထုများပင် ရှိ၏။ သို့သော် ယင်းတို့က ကိစ္စမရှိပေ။

ဗီရိုအောက်ဘက်ကို ကြည့်လိုက်သောအခါ ဝမ်တဲ့ချွမ်မှာ မျက်လုံးများ ပြာဝေသွားပြီး ရှော့ခ်ရစွာဖြင့် ကြမ်းပြင်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့လေသည်။

ဗီရိုအောက်ဘက်ထဲတွင် မှင်ရောင်ကဲ့သို့ ပိန်းပိတ်မည်းနက်နေသည့် နတ်ဘုရားရုပ်ထုတစ်ခု ရှိ၏။

ရုပ်ထုက မည်းညစ်သည့် အရေပြား၊ စိမ်းဖန့်သည့် မျက်နှာနှင့် အစွမ်များ ရှိပြီး တစ်စုံတစ်ဦးကိုလည်း တက်နင်းထားသေး၏။

ပုံစံက နတ်ရုပ်ထုဟု ပြောရန် အတော်လေး ကွဲပြားနေသည်။

“ အစ်ကိုဝမ် … ရှင် အဆင်ပြေပါတယ်နော်….” ကောင်းရှင်းရန် စိုးရိမ်တကြီးနှင့် လှမ်းမေးလိုက်သည်။

“ ငါအဆင်ပြေတယ် ဘာမှမဖြစ်ဘူး …”

ဝမ်တဲ့ချွမ် သူ့ရင်ဘက်ကို လက်ဖြင့် ဖိနှိပ်ထားလိုက်၏။ ကံကောင်းစွာဖြင့် သူ့တွင် နှလုံးရှော့ခ် မရှိ၍ပင်။ နှလုံးရောဂါအခံရှိသည့် တစ်စုံတစ်ယောက်ကသာ ဤရုပ်ထုကို မြင်သွားခဲ့မည်ဆိုပါက နှလုံးရပ်လုနီးပါး ကြောက်လန့်သွားနိုင်လေသည်။

“ ငါ့ညီမရာ … မင်း နတ်ရုပ်ထုတွေ ကိုးကွယ်မယ်ဆိုလည်း ကိုးကွယ်ပါ … ဒါပေမယ့် နတ်နဲ့တူတာလေးတွေပဲ ကိုးကွယ်စမ်းပါဟ …”

“ တစ္ဆေလိုလို ၊ သရဲလိုလို ရုပ်ထုကြီးတွေကို ကိုးကွယ်စရာ မလိုပါဘူး … ဒါကြီးက ကောင်းတဲ့ဥစ္စာနဲ့လည်း မတူဘူး ….”

ထိုစကားကြားတော့ ချန်ယွီ့ ညင်သာစွာပြုံးလျက် “ ခင်များ ကိုးကွယ်နေတဲ့ နတ်ရုပ်ထုအမျိုးအစားတွေက တကယ့်ကို စုံလင်နေတာပဲ …”

“ ကျုပ်တောင် အတော်လေး မျက်စိပွင့်၊ နားပွင့် ဖြစ်သွားတယ် …”

“ ဘယ်ဘက်ဗွီရိုထဲရှိတဲ့ နတ်ရုပ်ထု လေးခုက ချမ်းသာခြင်း နတ်မင်းကြီး လေးပါး မဟုတ်လား ….”

ကောင်းရှင်းရန် ရှက်ကိုးရှက်ကန်းဖြစ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ချမ်းသာရေး နတ်မင်းကြီး လေးပါးဖြစ်သည့် ကွမ်းယွီ ၊ ကျောက်ကုန်းမင်၊ ပိကန်း ၊ ဖန်းလီပင် ရှိနေသည်။

ဤရုပ်ထုများ၏ တူညီသည့် အရာတစ်ခုကတော့ အခြားသူများကို ကောင်းချီးပေးပြီး ကိုးကွယ်သူ၏ ကံတရားနှင့် ကြွယ်ဝမှု စည်းစိမ်ဥစ္စာကို တိုးပွားစေခြင်းပင်။

ဝမ်တဲ့ချွမ် မြင်လိုက်ရသည့် အနက်ရောင် နတ်ရုပ်ထုက အနက်ရောင် ချမ်းသာရေး နတ်ဘုရားဖြစ်၏။

သူသည်လည်း ကြွယ်ဝမှုနှင့် ကံကောင်းခြင်းကို ကောင်းချီးပေးနိုင်သည်။

ကောင်းရှင်းရန်က မြေအောက်ခန်းထဲရှိ ရုပ်ထုများ၏ ဇစ်မြစ်ကို စတင်မိတ်ဆက်ပေးသည်။

ချန်ယွီ့ ပြောသည့်အတိုင်း တကယ့်ကို အမျိုးအစား စုံလင်လှ၏။

ရှေးဟောင်းနဲ့ ခေတ်သစ်၊ ပြည်တွင်းနဲ့ နိုင်ငံခြားက နတ်မင်းအပေါင်းတို့၏ ရုပ်ထုက သူမ၏ မြေအောက်ခန်းထဲ စုဝေးရောက်ရှိနေသည်ဟု ဆို၍ရသည်။

ကမ္ဘာလုံးဆိုင်ရာ နတ်မင်းကြီးများ ညီလာခံကို သူမ၏ မြေအောက်ခန်းလေးထဲမှာပဲ ကျင်းပလိုက်၍ရ၏။

ချမ်းသာရေး နတ်မင်းကြီးလေးပါးအပြင် နတ်တစ်ပိုင်းဟု ခေါ်ရမည့် နတ်ရုပ်ထုများလည်းရှိ၏။ ထိုသူတို့ကတော့ နိုင်ငံခြား နတ်များပင်။

ကောင်းရှင်းရန်က ဂျပန်၏ ချမ်းသာရေးနတ်မင်း အီဘီဆုကိုပင် ကိုးကွယ်ဝတ်ပြုထားသေးသည်။

ထိုအရာများကို ကြည့်ရင်း ဝမ်တဲ့ချွမ်မှာ တကယ့်ကို ငိုရအခက်၊ ရယ်ရအခက် ဖြစ်နေမိတော့၏။

ကောင်းရှင်းရန်၏ စုဆောင်းမှုနှင့် ယှဉ်လိုက်မည်ဆိုပါက ဝမ်တဲ့ချွမ်ကို အပျော်တမ်းစုဆောင်းသူ တစ်ဦးဟုသာ ခေါ်ဆိုရတော့မည်။

သူတို့နှစ်ဦးတွင် ကောင်းရှင်းရန်ကမှ တကယ့်ကို ပရော်ဖက်ရှင်နယ်စစ်စစ် ဖြစ်၏။

သူမက တန်နှင့်ချီသည့် ရုပ်ထုများကို ကိုးကွယ်ထားပြီး ၎င်းတို့၏ ဇစ်မြစ်နှင့် နာမည်များကိုပင် ရွတ်ပြနိုင်သည်။

ဝမ်တဲ့ချွမ် စိတ်ထဲကြိတ်၍ သက်ပြင်းချမိလိုက်သည်။

‘ ငါ့ညီမရာ … မင်းကတော့ တကယ့်ကို ကြမ်းလွန်းပါတယ် …’

“ ရှင်းရန် … မင်း နတ်ရုပ်ထုတွေ ဒီလောက်အများကြီး သိမ်းထားပြီး သူတို့အကုန်လုံးကို ရှိခိုးနိုင်လို့လား ….” ဝမ်တဲ့ချွမ်း မနေနိုင်ဘဲ မေးမြန်းလိုက်မိ၏။

“ လုပ်နိုင်တာပေါ့ ..”

ကောင်းရှင်းရန် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ဖြေဆိုလိုက်၏။

လတိုင်း၏ ပထမရက်နှင့် ဆယ့်ငါးရက်မြောက်နေ့တိုင်း ၊ သူမက မြေအောက်ခန်းသို့ ရောက်လာ၍ ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းကို ရိုရိုသေသေ ရှိခိုးပြီး နတ်ရုပ်ထုများအပေါ် ဖုန်တစ်စက်ပင် အတင်မခံပေ။

“ ငါ့ညီမ … မင်းကတော့ တကယ့်ကို အံ့ဩဖို့ကောင်းလွန်းပါတယ်….”

ဝမ်တဲ့ချွမ်က အနည်းငယ် စနောက်လိုသည့်သဘောဖြင့် ကောင်းရှင်းရန်၏ ရိုသေကိုင်းရှိုင်းမှုအပေါ် လက်မထောင်ပြလိုက်သည်။

“ ဒေါက်တာချန် … ရှင်အစောတုန်းက ပြောခဲ့တာ ဆန်းကြယ်မှုကို မြေအောက်ခန်းထဲရောက်မှပဲ သေချာရှင်းပြလို့ ရမှာဆိုပြီး ပြောခဲ့တယ်နော်…”

“ အခု ကျွန်မတို့ ဒီရောက်လာပြီ … အကြောင်းအရင်းကို ပြောပြလို့ ရပြီလား ….”

သာမန်အခြေအနေတွင်ဆိုပါက ကောင်းရှင်းရန်သည် ဝမ်တဲ့ချွမ်နှင့်အတူ သူမ၏ ရုပ်ထုများ ကိုးကွယ်သည့် အတွေ့အကြုံကို ပြောဆိုနေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဝမ်တဲ့ချွမ်က သူမကို ဤလောကကြီးထဲသို့ လမ်းကြောင်းပြသပေးခဲ့သူ ဖြစ်၏။ အကယ်၍ ဝမ်တဲ့ချွမ်ကသာ များပြားလှသည့် ရှေးဟောင်းပစ္စည်းများကို စုဆောင်းခဲ့ခြင်း မရှိဘူးဆိုလျှင် သူမသည်လည်း ဤလမ်းကြောင်းကို ရွေးချယ်မိခဲ့မှာ မဟုတ်ချေ။

ချန်ယွီ့သည် လက်ပင့်မြှောက်၍ ဗီရိုအောက်ခြေရှိ ရုပ်ထုတစ်ခုကို လက်ညှိုးညွှန်ပြလိုက်၏။

ယင်းက ကောင်းရှင်းရန် ရှင်းပြခဲ့ဖူးသည့် အနက်ရောင် ချမ်းသာရေးနတ်မင်းပင်။

“ ခင်များရဲ့ မျက်နှာပဲ ဖြစ်ဖြစ် ၊ အသားအရေပဲ ဖြစ်ဖြစ် … အကုန်လုံးက ဒီဟာကြောင့်ပဲ ….”

“ ဒါကြောင့် ဟုတ်လား …..”

ကောင်းရှင်းရန်မှာ အံ့အားသင့်သွားခဲ့ပုံပေါ်သည်.

အနက်ရောင် ချမ်းသာရေး နတ်မင်းက သူမကို ထိခိုက်စေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …

“ မှန်တယ် … အဲ့ဒီဟာပဲ ….”

“ ပြီးတော့ ခင်များ မိတ်ဆက်ခဲ့တဲ့ထဲ မှားသွားတဲ့ တစ်ချက်လည်းပါတယ် ….” ချန်ယွီ့က လေးနက်တည်ကြည်သည့် မျက်နှာအမူအရာဖြင့် “ အဲ့ဟာကို အနက်ရောင်ချမ်းသာရေး နတ်မင်းလို့ မခေါ်ဘူး … ချမ်းသာရေး နတ်ဆိုးဘုရားလို့ ခေါ်တယ် ….”

“ လူတစ်ယောက်ရဲ့ ကြွယ်ဝမှုကို တိုးမြင့်ပေးတဲ့ အပိုင်းမှာဆိုရင်တော့ … အဲ့ဟာက တကယ်လည်း အတိုင်းအတိုင်တစ်ခုလောက်အထိ ကံကောင်းမှုကို ယူဆောင်လာပေးတယ် ….”

“ ဒါပေမယ့် သူ ယူလာခဲ့ပေးတဲ့ ကံကောင်းမှုက ကံဆိုးမှုနဲ့ယှဉ်လိုက်ရင်တော့ ပြောပလောက်တဲ့အရာ မဟုတ်တော့ပါဘူး ….”

ထို့နောက် ချန်ယွီ့က ဝမ်တဲ့ချွမ်ကို ထိုရုပ်ထုအား ကိုင်တွယ်ကြည့်ခိုင်းလိုက်သည်။

ဝမ်တဲ့ချွမ်ကလည်း အဆိုပါ တောင်းဆိုမှုကို မငြင်းဆန်ခဲ့ပေ။ သူ ခါးကိုင်း၍ လက်ဆန့်တန်းပြီး အနက်ရောင် ချမ်းသာရေးနတ်ဆိုးဘုရားကို ထိတို့ကြည့်ဖို့ ကြိုးစားလိုက်၏။

သူ့လက်က အနက်ရောင် ချမ်းသာရေးနတ်မင်းကို ထိလိုက်သည့် အချိန်မှာပဲ ဝမ်တဲ့ချွမ်၏ ကြောက်လန့်တကြား အော်မြည်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ ဖက်ခ် … စောက်ကျိုးနည်း နာလိုက်တာ ….”

သရဲသဘက်ကို မြင်တွေ့လိုက်ရသည့်နှယ် ဝမ်တဲ့ချွမ်က ချက်ချင်းပဲ နောက်ဆုတ်သွားခဲ့၏။

“ ရှင်းရန် … ဒီရဲ့ အနက်ရောင် ရုပ်ထုက ဘာနဲ့ လုပ်ထားတာလဲ … ဘာလို့ အဲ့လောက်တောင် အေးစက်နေရတာ ….”

“ ကြွေနဲ့လေ ….” ကောင်းရှင်းရန် နှုတ်က လွှတ်ခနဲ ပြန်ဖြေလိုက်မိ၏။

“ လူကြီးမင်းဝမ် …” ချန်ယွီ့ ရှင်းပြလိုက်ပြီး “ ခင်များ ချမ်းသာရေး နတ်ဆိုးဘုရားရုပ်ထုကို ထိကြည့်လိုက်တော့ အရိုးခိုက်လောက်စေမယ့် အေးစက်မှုကို ခံစားလိုက်ရတယ်မလား ….”

“ ခင်များ တစ်စက္ကန့်လေးတောင် သည်းမခံနိုင်မယ့် အေးစက်မှုမျိုးပေါ့ ….”

“ ဟုတ်တယ် ဟုတ်တယ် … အဲ့အတိုင်းပဲ …”

ဝမ်တဲ့ချွမ်မှာ ကြောက်ရွံ့မှု မပြေသေးသည့် မျက်နှာအမူအရာဖြင့် ကမန်းကတမ်း ထောက်ခံလိုက်၏။

ရုပ်ထုက ပေးစွမ်းနေသည့် အေးတိအေးစက် ခံစားချက်က စကားလုံးနှင့် ဖော်ပြဖို့ရာ အင်မတန် ခဲယဉ်းလှသည်။

“ ဒေါက်တာချန် … ဘာတွေ ဖြစ်နေတာလဲဟင် …”

ကောင်းရှင်းရန်က ရှုပ်ထွေးနေသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။

“ ချမ်းသာရေး နတ်ဆိုးဘုရားလို့ ခေါ်မှတော့ …” ချန်ယွီ့ ပြောလိုက်ပြီး “ နတ်ဆိုးဆန်တဲ့ အရာတစ်ချို့ ရှိတာက ထုံးစံပါပဲ …”

“ သိပ္ပံရှုထောင့်ကနေကြည့်မယ်ဆိုရင် အဲ့ဒီရုပ်ထုအပေါ်မှာ အနှုတ်လက္ခဏာဆန်တဲ့ စွမ်းအင်တွေ သယ်ဆောင်ထားတယ် … အင်း …. ဘယ်လိုပဲပြောပြော ကျုပ်ကတော့ အဲ့လိုပဲ ခေါ်တယ် ….”

“ သာမန်လူတွေကတော့ အဲ့တာကို မိစ္ဆာချီလို့ ခေါ်လေ့ရှိကြတယ် …”

“ သာမန်လူတစ်ယောက်က အဲ့ချီကို ထိတွေ့ကိုင်တွယ်မိသွားခဲ့မယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်က ချက်ချင်းပဲ မခံမရပ်နိုင်လောက်အောင် နာကျင်လာမယ် … အဲ့ဒီရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားဖို့ ဆန္ဒရှိပြီး နောက်နောင် ဘယ်တော့မှ အဲ့ဒီအရာကို ကိုင်တွယ်ဝံ့ကြတော့မှာ မဟုတ်တော့ဘူး ….”

“ ဒီလိုကိုး … ငါသဘောပေါက်ပြီ ….” ဝမ်တဲ့ချွမ်က သူ့လက်ကို တဆတ်ဆတ်ခါရင်း မျက်မှောင်ကြုတ်၍ “ ရှင်းရန် … မင်း ကွမ်းယွီနတ်မင်း၊ အရဟံ ဆယ့်ရှစ်ပါး ၊ ကမ္ဘာမြေနဲ့ ဒါမှမဟုတ် တောင်တန်းကြီးတွေကို ကိုးကွယ်ရင်တောင်အဆင်ပြေတယ် ….”

“ ဘာလို့ ဒီလောက်ထိ နတ်ဆိုးဆန်တဲ့ အရာမျိုးကို ဝယ်ထားရတာလဲ …”

“ ညီမ မဝယ်ပါဘူး … သူများ လက်ဆောင်ပေးတာ ….” ကောင်းရှင်းရန် တီးတိုးဆိုလိုက်သည်။

“ မင်းကို ဘယ်သူလဲ ပေးတာ …”

ဝမ်တဲ့ချွမ် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ယခုအချိန်၌ ပြဿနာက ဖြေရှင်းပြီးပေတော့မည်။ ချန်ယွီ့ပြောခဲ့သည်မှာ ကောင်းရှင်းရန်၏ ပြဿနာက ဤ အနက်ရောင် ချမ်းသာရေး နတ်မင်း … ဖီးဖီးဖတ်ဖတ် … ချမ်းသာရေးနတ်ဆိုးဘုရားကြောင့် ဟူ၍ပင်။

ဝမ်တဲ့ချွမ်ကိုယ်တိုင် အနှီ အေးစိမ့်ပြီး လူကို ခြိမ်းခြောက်နေသည့် အရှိန်အဝါကို မျက်မြင်ကြုံတွေ့ခဲ့ရ၏။ အရာအားလုံးက ဤအရာသည် သာမန် ရုပ်ထုတစ်ခုမဟုတ်ကြောင်းကို ညွှန်းပြနေလျက် ရှိသည်။

ယင်းက တကယ့်ကို နတ်ဆိုးဘုရားစစ်စစ် ဖြစ်၏။

ပြဿနာမှာ ကောင်းရှင်းရန်ကလည်း ဤရုပ်ထုကို မဝယ်ခဲ့ဘဲ တစ်စုံတစ်ယောက်က သူမကို လက်ဆောင်ပေးခဲ့တာဖြစ်၏။ ထို့ကြောင့်လည်း သံသယ ဖြစ်ဖို့ ကောင်းနေလေသည်။

စီးပွားရေးလောကမှာ ရန်သူမပြတ်လပ်သည့် တိုက်ပွဲ စစ်မြေပြင်ကြီး တစ်ခုဖြစ်၏။

ကောင်းရှင်းရန်အပေါ် မလိုမုန်းထားရှိသည့် တစ်စုံတစ်ယောက်က ထောက်လှမ်းမရနိုင်မည့် နည်းလမ်းတစ်ချို့ဖြင့် သူမကို ပျက်စီးစေလိုနေမလား မပြောတတ်ပေ။

ထိုလူက ကောင်းရှင်းရန်တွင် ရုပ်ထုများ စုဆောင်းတတ်သည့် ဝါသနာကို သိရှိသွားခဲ့ပြီး ယခုလိုမျိုး ဆိုးယုတ်သည့် ရုပ်ထုကို အသုံးချ၍ သူမကို လုပ်ကြံလာခဲ့ခြင်း ဖြစ်ရမည်။

ကောင်းရှင်းရန်မှာ တစ်စုံတစ်ရာ ပြောလိုက်ချင်သော်ငြား အဆုံးတွင် တုံ့ဆိုင်းသွားခဲ့သည်။ ပြောဖို့ အခက်တွေ့နေဟန်ပင်။

“ ငါ့ညီမ … မင်းငါ့ကို အမြန်ပြောစမ်းပါ … မင်းကို ဒီရုပ်ထုပေးတဲ့ကောင်မှာ ကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိဘူးကွ ….”

“ ဘာမှ ချီတုံချတုံ ဖြစ်မနေနဲ့ … ငါ ဒင်းကို ချက်ချင်းရှာပြီး ဒီကိစ္စကို လူတိုင်းရှေ့မှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ခိုင်းမယ် ….”

ဝမ်တဲ့ချွမ် ကြိမ်းဝါးလိုက်သည်။

“ အစ်ကိုဝမ် … ကျွန်မ …..”

ကောင်းရှင်းရန်က ချန်ယွီ့ကို အကူအညီတောင်းသည့် အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။

“ အဲ့လောက်ထိ စိတ်မလောပါနဲ့ လူကြီးမင်းဝမ် …” ချန်ယွီ့ သာမန်လျှံကာ လေသံဖြင့် ဝင်ပြောလိုက်ပြီး “ ဒီကိစ္စက ရှင်းပြရမှာ နည်းနည်းရှုပ်တယ် ….”

“ ခင်များက ဒီနှစ်တွေထဲ မိန်းကလေးကောင်းကို အများကြီး ကူညီပေးခဲ့တယ် …. သူ ခင်များကို တိုက်ရိုက်ကြီးပြောလိုက်လျှင် ခင်များ အရှက်ရသွားလိမ့်မယ် ….”

“ ဒေါက်တာချန် … ငါတို့က လက်သည်ဘယ်သူလဲဆိုတာ ဆွေးနွေးနေကြတာလေ …” ဝမ်တဲ့ချွမ်မှာ ကြောင်အမ်းသွားခဲ့ပြီး “ ငါက ဘာကိစ္စ အရှက်ရစရာ ဖြစ်ရမှာ ….”

“ ဘာလို့ဆို လက်သည်တရားခံက ခင်များသူ့ဆီ ပို့ပေးလိုက်တဲ့ အထွေထွေမန်နေဂျာ ဖြစ်နေတာပဲ …” ချန်ယွီ့ ခွန်းတုံ့ပြန်ပေးလိုက်သည်။

“ သူလား ….”

ဝမ်တဲ့ချွမ်၏ မျက်နှာတစ်ခုလုံး အစိမ်းရောင်ပြောင်းသွားခဲ့သည်။

“ ဘယ်လိုလုပ်ပြီး သူဖြစ်နေတာလဲ …”

“ သူက ဘာလို့ မဖြစ်နိုင်ရမှာ ….”

ချန်ယွီ့ တန်ပြန် မေးခွန်းထုတ်လိုက်သည်။

“ ဒီရုပ်ထုကို တကယ်လည်း ခင်များ မိန်းကလေးကောင်းဆီ လွှတ်ပေးလိုက်တဲ့ အထွေထွေမန်နေဂျာက ပေးခဲ့တာ … ခင်များက သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလားလို့ မေးမယ်ဆိုရင်တော့ အင်း ရှိတယ် … ဒါပေမယ့် သိပ်မများဘူး ….

အလွန်ဆုံးရှိလှ … သူက မိန်းမလှလေးကို ကယ်တင်ပေးမယ့် သူရဲကောင်း ဇာတ်လမ်းကို ကိုယ်တိုင်ရိုက် ၊ ကိုယ်တိုင်သရုပ်ဆောင်နေရုံတင်လေးပါပဲ …. "

All Chapters