← Chapters

နတ်တွေ အများကြီး ကိုးကွယ်တာကလည်း တစ်မျိုးတစ်ဖုံတော့ ကောင်းတယ်

Vol. 32 Ch. 314

နတ်တွေ အများကြီး ကိုးကွယ်တာကလည်း တစ်မျိုးတစ်ဖုံတော့ ကောင်းတယ်

Vol. 32 Ch. 314

သူက အန္တရာယ်မျိုးစုံနှင့် ပြည့်နှက်နေသည့် ဤ ချမ်းသာရေး နတ်ဆိုးဘုရားကို ဝယ်ယူ၍ နိုင်ငံသို့ ပြန်သယ်သွားချင်သည်။

ကောင်းရှင်းရန်ကို ဆင်ခြေတစ်ခုသုံး၍ ဤရုပ်ထုအားပေးမည်။ သူမ ဖော်စပ်သည့်ဆေး၏ အရသာကို သူမကိုယ်တိုင် ပြန်မြည်းစမ်းသွားရစေမည်။ ထို့နောက်တွင်တော့ သူက ကယ်တင်ရှင် မင်းသားကြီးသဖွယ် ရှေ့သို့ ထွက်လာဖို့ရာ စီစဉ်ထားသည်။

ကောင်းရှင်းရန်၏ ပြဿနာကို ဖြေရှင်းပေးပြီး ရုပ်ထုကို လွင့်ပစ်လိုက်မည်ဆိုပါက အထွေထွေမန်နေဂျာသည်လည်း ကောင်းရှင်းရန်၏ အသက်သခင် ကျေးဇူးရှင် ဖြစ်လာပေမည်။

အကယ်၍ ကောင်းရှင်းရန်က သူ့အား လက်မထပ်လျှင်ပင် ပိုက်ဆံငွေ အမြောက်အများ ပေးမည်ကတော့ ကျိန်းသေသည်။ သူ့ကို စီးပွားရေး တစ်ခု စတင်ဖို့ရာလည်း ကူညီပေးပြီး သူမ၏ အဆက်အသွယ်များနှင့်လည်း မိတ်ဆက်ပေးလောက်၏။

သို့သော် သူ၏ စီစဉ်မှုက ကံကြမ္မာ၏ စီစဉ်မှုကိုတော့ မည်သို့ ကျော်လွန်နိုင်လိမ့်မည်နည်း။

ဝမ်တဲ့ချွမ်က ချန်ယွီ့နှင့် တွေ့ဆုံဖို့ ရေစက်ပါလာလိမ့်မည်ဟု အထွေထွေမန်နေဂျာက ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ချေ။

ထို့ပြင် ချန်ယွီ့ကလည်း သူတို့ ကုမ္ပဏီ ထိပ်သီးပိုင်းများ၏ ဉာဏ်များကောက်ကျစ်မှုများနှင့် ဝမ်တဲ့ချွမ်ဇနီး၏ ကိစ္စရပ်များကို ဖော်ထုတ်လိုက်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။

ကောင်းရှင်းရန် ပြဿနာ မတက်ခင်မှာပဲ သူကိုယ်တိုင်က ပြဿနာ တက်သွားခဲ့၏။

ထင်မှတ်မထားသည့် စပရိုက်အကြီးစား တစ်ခုက ရောက်ချလာခဲ့ပြီး ထောင်ဆယ်နှစ် ကျခံလိုက်ရသည်။

“ မျိုးမစစ် … ဒီကောင့်ဝမ်းထဲ မကောင်းတဲ့ အတွေးတွေးနဲ့ တကယ့်ကို ပြည့်နှက်နေတာပဲ ….”

ဝမ်တဲ့ချွမ်က အံကြိတ်ပြီး ကျိန်ဆဲလိုက်သည်။ “ ငါလည်း အဲ့တုန်းက တော်တော်အမြင်ကန်းခဲ့မိတယ် … သူက နယ်ပယ်ထဲမှာ နာမည်ကြီး မန်နေဂျာတစ်ယောက်ဆိုတော့ တစ်နှစ်လစာ ယွမ်တစ်သန်းကျော်နဲ့ သူ့ကို အုပ်စုရဲ့ အထွေထွေမန်နေဂျာ ရာထူးပေးလိုက်တယ် …”

“ ငါ့ကို ထောင်ချောက်ဆင်ရုံတင်မကဘူး … ရှင်းရန်အပေါ်မှာပါ ယုတ်မာတဲ့ စိတ်ဓာတ်တွေ ရှိနေတာပဲ … ထောင်ကျသွားတာ နည်းတောင်နည်းသေးတယ် ….”

“ အဲ့တာတွေ အကုန်လုံးက ပြီးခဲ့တဲ့ ကိစ္စတွေပါ လူကြီးမင်းဝမ် … ခင်များ စိတ်ကို အေးအေးထားပါ … သူ လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် အခု ပြန်ပေးဆပ်နေရပါပြီ ….”

နှစ်သိမ့်သည့် စကားတစ်ချို့ ဆိုပြီးနောက် ချန်ယွီ့က ချမ်းသာရေး နတ်ဆိုးဘုရား၏ နောက်ကျောဘက် နံရံသို့ ရောက်လာခဲ့ပြီး “ ကျုပ် ပြောတာ မမှားဘူးဆိုရင် အရင် တစ်လကျော်လောက်တုန်းက ရှေ့ခန်းအိမ်သာခန်းထဲမှာ မိလ္လာလျှံကျမှု ဖြစ်ခဲ့သေးတယ်မလား …”

ထိုစကားပြောပြီးနောက် ချန်ယွီ့သည် လောကကြီး၏ အံ့ဩဖွယ်ကောင်းမှုကို ရောထွေးနေသည့် စိတ်ခံစားချက်များနှင့် ကြိတ်ပြီး သက်ပြင်းချမိလိုက်သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ဒုတိယမြောက်ရက်နေ့က ကောင်းရှင်းရန်အတွက်တော့ ကံဆိုးသည့် နေ့တစ်နေ့ပင်။

တစ်ချိန်တည်းမှာပဲ လူသားအရိုးတစ်ချောင်းကို ပါးစပ်ထဲ ကိုက်ထားသည့် ခွေးဝါကြီးနှင့် ချန်ယွီ့ ဆုံတွေ့ခဲ့သည့် နေ့ရက်လည်း ဖြစ်သည်။

ထိုခွေးကြီး၏ လမ်းပြပေးမှုအောက်တွင် ချန်ယွီ့က စွန့်ပစ်ခြံတစ်ခြံကို ရှာတွေ့သွားခဲ့သည်။

သည်းထန်သည့် မိုးများ၏ ဆေးကြောခြင်းကို ခံလိုက်ရပြီးနောက် မြေအောက်တွင် ဆယ်စုနှစ်များစွာ မြုပ်နှံထားခဲ့သည့် အရိုးများက အပေါ်ပိုင်းသို့ ဆန်တက်လာသည်။

ကောင်းရှင်းရန် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။

လွန်ခဲ့သော တစ်လကျော်လောက်က မိုးအသည်းအထန် ရွာသွန်းခဲ့ပြီး ယင်းက ဗီလာဧရိယာအတွင်းရှိ မိလ္လာစနစ်ကို ပြည့်လျှံသွားစေခဲ့လေသည်။

ညစ်ညမ်းသည့် ရေများက ရေချိုးခန်းအပေါ်သို့ ထိုးတက်လာခဲ့ပြီး အညစ်အကြေးအများအပြားက ရေချိုးခန်းတံခါးဝကို လွန်၍ စီးဆင်းလာခဲ့သည်။ အနည်းစုက နံရံတစ်လျှောက် စီးဆင်းသွားခဲ့ပြီး မြေအောက်ခန်း အောက်ခြေဘက်အထိ ကျရောက်လာသည်။

ကောင်းရှင်းရန် စကားဆုံးတော့ ချန်ယွီ့က ဇာတ်လမ်းတစ်ရပ်လုံးကို စတင်ရှင်းပြသည်။

မိလ္လာထဲတွင် ညစ်ညမ်းမှုဟု သတ်မှတ်နိုင်သည့် အညစ်အကြေးအများအပြား ပါဝင်နေသည်။

ယင်းညစ်ညမ်းမှုက မှော်ဝင်ပစ္စည်းများ၏ ဝိဉာဏ်စွမ်းအင်ကို ဖျက်စီးပစ်နိုင်ရုံမျှမက မကောင်းသည့် နတ်ဆိုးဝိဉာဏ်တစ်ချို့ကိုလည်း ကိုင်တွယ်နိုင်စွမ်းရှိသည်။

သို့သော်လည်းပဲ … မကောင်းသည့် နတ်ဆိုးတိုင်းက ညစ်ညမ်းမှုကို ကြောက်ရွံ့နေသည်လို့တော့ မဆိုလိုပေ။

ပြည်ခြားနတ်ဖြစ်သည့် ချမ်းသာရေး နတ်ဆိုးဘုရားသည်လည်း ၎င်းတို့ထဲက တစ်ဦးပင်။

ညစ်ညမ်းမှုကြောင့် စွမ်းအင်များ ယုတ်လျော့သွားခြင်း မရှိရုံမျှမက၊ ၎င်း၏ ရှိရင်းစွဲ စွမ်းအင်များပင် ပို၍ အားကောင်းလာသည်။

ယခင်တုန်းက ချမ်းသာရေး နတ်ဆိုးဘုရားသည် အခြားသော နတ်မင်းရုပ်ထုများ၏ ဝိဉာဏ်ချီစွမ်းအင်ကြောင့် ဖိနှိပ်ခံထားရသည်ဆိုလျှင် ညစ်ညမ်းသည့်ရေများက နတ်ဆိုးဘုရားကို သန်မာအားဖြည့်သွားစေခဲ့သည်။

၎င်း၏ အရှိန်အဝါများက အခြားသော နတ်မင်းများ၏ ဝိဉာဏ်စွမ်းအင်ကို ဖိနှိပ်သွားခဲ့ပြီး ကောင်းရှင်းရန်၏ ခန္ဓာကိုယ်အပေါ်သို့ သက်ရောက်မှုတို့ စတင်ဖြစ်ပေါ်လာသည်။

ကံကောင်းထောက်မစွာဖြင့် … ကောင်းရှင်းရန်က နတ်မင်းအများအပြားကို ဝတ်ပြု ကိုးကွယ်နေခဲ့၍ပင်။

ဆိုးယုတ်သည့် အရှိန်အဝါက အနိုင်ယူသွားခဲ့သော်လည်းပဲ သက်ရောက်မှုကတော့ နည်းပါးသွား၏။

ထို့ကြောင့်လည်း ကောင်းရှင်းရန်သည် များပြားလှသည့် အသက်အနှစ်သာရ၊ ဓာတ်စွမ်းအင်နှင့် ဝိဉာဏ်စွမ်းအင်များကိုသာ ဆုံးရှုံးခဲ့ရပြီး နေရာမှာတင် တစ်ခါတည်း မသေဆုံးသွားခဲ့ခြင်းပင်။

အခြားသော နတ်ရုပ်ထုများ၏ အကာအကွယ်သာ ရှိမနေခဲ့ဘူးဆိုပါက ကောင်းရှင်းရန်သည် အချိန်အတော်ကြာကတည်းက ခြောက်ကပ်ပြီး သေဆုံးသွားသည့် အလောင်းကောင် အစစ် ဖြစ်နေလောက်ချေပြီ။

ဖြစ်ရပ်တစ်ခုလုံး၏ အမှန်တရားကို သိရှိလိုက်ရပြီးနောက် ကောင်းရှင်းရန်သည် အူများစိမ်းတက်လာသည်အထိ နောင်တရနေမိတော့၏။

တစ်ချိန်တည်းတွင် များပြားလှသည့် နတ်မင်းရုပ်ထုများကို ကိုးကွယ်ခဲ့မိသည့် သူမကိုယ်သူမလည်း တိတ်တိတ်လေး ကျေးဇူးတင်နေမိ၏။

နတ်မင်းတွေ အများကြီးကို ကိုးကွယ်တာကလည်း အနည်းနဲ့အများတော့ အသုံးဝင်သားပဲ …

အနည်းဆုံးတော့ သူမအသက်ကို ကယ်တင်နိုင်ခဲ့တယ်လေ …

ကောင်းရှင်းရန်နှင့် ဝမ်တဲ့ချွမ်တို့ နှစ်ဦးလုံးက ရုပ်လွန်ပညာရပ်၌ အပျော်တမ်းအဆင့်များသာ ရှိသော်လည်း နတ်ရုပ်ထုများနှင့် ဝိဉာဏ်ရေးရာပစ္စည်းများကို စုဆောင်းရာ၌ ကျွမ်းကျင်သူများဟု ဆိုနိုင်လေသည်။ ယခု သူတို့နှစ်ဦးကြားတွင် တူညီသည့် ဖြစ်ရပ်တို့ အများအပြား ဖြစ်ပျက်ခဲ့၏။

အတူညီဆုံးကတော့ သူတို့နှစ်ဦးလုံးသည် မိမိတို့ ကိုးကွယ်နေကြသည့် နတ်ရုပ်ထုများကြောင့် အသက်သေဆုံးလုနီးပါး ဖြစ်ပျက်ခဲ့ခြင်းပင်။

စင်အောက်ရှိ ချမ်းသာရေး နတ်ဆိုးဘုရားကို ကြည့်နေရင်း ချန်ယွီ့၏ အကြည့်က ရေခဲတမျှ အေးစက်လို့နေသည်။

နတ်ဆိုးဘုရား၏ မျက်လုံးများကလည်း အသက်ဝင် ရုပ်လုံးကြွလာသည့်နှယ် ၎င်းက ချန်ယွီ့အား ပြန်လည် စိုက်ကြည့်နေသည်ဟူသော ခံစားချက်အား ပေးစွမ်းလာနေတော့သည်။

၎င်း၏ မျက်လုံးထဲ၌ ရက်စက်ယုတ်မာမှုများပင် ရှိနေသည်။

ချန်ယွီ့ အေးစက်စွာ ပြုံးလိုက်ပြီး လေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန်တစ်ခု ရေးဆွဲလိုက်သည်။

သာမန် မျက်လုံးနှင့် မမြင်နိုင်သည့် ရွှေရောင် အလင်းတန်းတစ်ခုက စက်ဝိုင်းအတွင်းမှ ပြေးထွက်လာခဲ့ပြီး နတ်ဆိုးဘုရာ၏ မျက်ခုံးနှစ်ဘက်ကြားထဲသို့ ထိမှန်သွားခဲ့၏။

ကြွေနှင့် ထုလုပ်ထားသည့် နတ်ဆိုးဘုရား၏ ကိုယ်ထည်မှာ ရုတ်ချည်းကွဲကြေသွားခဲ့ပြီး ဒါဇင်ချီသည့် အစိတ်အပိုင်းများအဖြစ်သို့ ပြန့်ကျဲသွားခဲ့၏။

ကောင်းရှင်းရန်နှင့် ဝမ်တဲ့ချွမ်တို့ အံ့အားတကြီး မမြည်တမ်းနိုင်ခင်မှာပဲ ကွဲကြေသွားသည့် အစိတ်အပိုင်းများက ဖုန်မှုန့်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြ၏။

ချမ်းသာရေး နတ်ဆိုးဘုရားရုပ်ထုက အဘယ်ကြောင့် ကွဲကြေသွားခဲ့ပြီး ၎င်းနောက် အမှုန့်ဖြစ်သွားရလဲဆိုတာကို ခန့်မှန်းဖို့ရာ မခဲယဉ်းပေ။ အကုန်လုံးက ချန်ယွီ့ လက်ချက်သာ ဖြစ်၏။

“ မိန်းကလေးကောင်း ….” ချန်ယွီ့က ဘာမျှ မဖြစ်ပျက်ခဲ့သည့်နှယ် လေသံအမူအရာဖြင့် “ ဒီဖုန်မှုန့်တွေကို သန့်ရှင်းရေးလုပ်ပြီး အမှိုက်ပုံးထဲထည့်ဖို့ ဒုက္ခပေးရတော့မယ် …”

“ ဘာမှစိုးရိမ်စရာ မလိုတော့ဘူး … အခု အဲ့တာက ခင်များကို ဘာမှ မလုပ်နိုင်တော့ဘူး … သာမန် ဖုန်မှုန့်တွေ ဖြစ်သွားပြီ …”

“ နားလည်ပါပြီ ဒေါက်တာချန် …” ကောင်းရှင်းရန်က ခေါင်းညိတ်လိုက်ပြီး “ ဒါဆို အခု ကျွန်မရဲ့ အခြေအနေကျတော့ ဘယ်လို ဖြစ်သွားမှာလဲ …”

“ ရောဂါရဲ့ အဓိကပြဿနာကိုတော့ ဖြေရှင်းပြီးသွားပြီ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ဆိုလိုက်ပြီး “ ခင်များရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာအတွက်ကတော့ ကျုပ်ဆေးခန်းမှာ ဆေးတစ်မျိုးရှိတယ် … ခင်များရဲ့ ရောဂါနဲ့ အံကိုက်ပဲ ….”

“ ကျုပ် ပြန်ရောက်ရင် ခင်များကို ပေးမယ် …”

“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ရှင့်ကို ဒုက္ခအများကြီး ပေးမိသွားပြီ ….”

ကောင်းရှင်းရန်က စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည်။

ချန်ယွီ့က သူမကို အကြီးအကျယ် ဒုက္ခပေးနေသည့် ပြဿနာများအား လွယ်လွယ်ကူကူပဲ ဖြေရှင်းပေးသွားခဲ့လေသည်။

များမကြာမီ … သုံးဦးလုံး စိတ်ကျန်းမာရေးဆေးခန်းသို့ ပြန်ရောက်လာခဲ့ကြ၏။

ကတ်စတန်မာတစ်ဦးက တကယ်လည်း ဆိုင်သို့ ရောက်နေသည်။ သူမက အလှလေး တစ်ဦး ဖြစ်၏။

“ ဒေါက်တာချန် … ဒီမိန်းကလေးက ရှင့်ကို စောင့်နေတာ နာရီဝက်လောက်ရှိပြီ ..” ကျိုးခဲ့ရှင်းက ချန်ယွီ့ကို မြင်သည်နှင့် ချက်ချင်း ပြောလိုက်၏။

“ ဟယ်လို ….” ချန်ယွီ့ အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီး “ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦးဗျာ … ခဏဆို ကျုပ်လည်း ပြီးပါပြီ …”

“ ပြီးရင် ခင်များကို ကြည့်ပေးပါ့မယ် …”

အလှလေးက ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမျှ မဆိုပါဘဲ ထိုင်ခုံပေါ် ထိုင်နေသည်။

ချန်ယွီ့သည် စင်ပေါ်က ပစ္စည်းတစ်ခု ကောက်ယူလိုက်ပြီး ဆေးခန်းဝင်ပေါက်ဝတွင် ရပ်နေသည့် ကောင်းရှင်းရန်နှင့် ဝမ်တဲ့ချွမ်တို့ထံ ယူဆောင်သွားပေးလိုက်သည်။

“ မိန်းကလေးကောင်း … ဒီဆေးက ခင်များအတွက်ပဲ ….”

“ ဒါက ကျွန်မဆေး ဟုတ်လား ….”

ကောင်းရှင်းရန်၏ သာမန် အမြင်များမှာ ချန်ယွီ့၏ နောက်တစ်ကြိမ် ရိုက်ချခြင်းကို ခံလိုက်ရပြန်သည်။

ချန်ယွီ့လက်ထဲကိုင်ထားသည်က ‘ကောင်းလော့ကောင်း’အမှုန့်ထုပ်ဖြစ်၏။

ပြီးတော့ ချောကလက်အရသာနှင့်ပင်။

ဤအရာကို ကောင်းရှင်းရန် ရင်းရင်းနှီးနှီးကြီးကို မှတ်မိသည်။ သူမ အလယ်တန်းကျောင်းသူ ဘဝလောက်တုန်းကစပြီး ဖျော်ဖြေရေးနယ်ပယ်ထဲသို့ မဝင်ခင်အချိန်အထိ အဆိုပါ အမှုန့်ကို နေ့တိုင်း ဖျော်သောက်ခဲ့ဖူးသည်။

ထိုအရာက ရောဂါကုသပေးနိုင်သည်လို့လည်း သူမ ဘယ်တုန်းကမျှ မကြားခဲ့မိဖူးပါချေ။

“ ဒီထဲမှာ ကိုကိုးအမှုန့်တွေ အများကြီးပါတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ကိုကိုးအမှုန့်က အက်စ်ထရိုဂျင်လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းကို သန်မာစေပြီး အသားအရေကိုလည်း စိုပြေစေတယ် … ခင်များရဲ့ အသားအရေကို နူးညံ့ချောမွေ့သွားစေမှာ ကျိန်းသေတယ် …”

“ အရွယ်ရင့်လာတာကိုလည်း တိုက်ဖျက်ပေးတယ် … ကုန်ကုန်ပြောရရင် ဒီဆေးက ခင်များရဲ့ အလှကို ထိန်းသိမ်းပေးပြီး အရေပြားကို ပိုးထည်လေးလို ချောမွေ့သွားစေမယ့် ဆေးစွမ်းကောင်းပဲ ….”

“ ယူသွားပြီး နေ့တိုင်း တစ်ခွက် ပုံမှန် သောက်ပေး … တစ်ပတ်အတွင်းမှာ ခင်များ ပုံမှန် ပြန်ဖြစ်လာစေရမယ် …”

ပြောရင်းဖြင့် ချန်ယွီ့ သူ့ကိုယ်သူ ကြိတ်ပြီး ရယ်မောနေမိသည်။

ကောင်းရှင်းရန်က နတ်မင်းအများအပြားကို ကိုးကွယ်ပြီး … ထို့ကြောင့်လည်း ရာနှင့်ချီသည့် နတ်ဘုရားနတ်ထုများကို စုဆောင်းခဲ့တာ ဖြစ်၏။

၉၀ ရာခိုင်နှုန်းလောက်က အသုံးမဝင်သည့် ရွှံ့ရုပ်ထုများ ဖြစ်နေသော်လည်း ကျန်သည့် ၁၀ ရာခိုင်နှုန်းတွင်တော့ ဝိဉာဏ်စွမ်းအင်တစ်ချို့ ရှိနေသည်။

ယင်း ၁၀ ရာခိုင်နှုန်းကပဲ ကောင်းရှင်းရန်၏ အသက်ကို ကယ်တင်ပေးသွားခဲ့တာ ဖြစ်သည်။

မုန်တိုင်းကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့သော် ကောင်းရှင်းရန်၌ ဝိဉာဏ်စွမ်းအင် အများအပြား ကုန်ခမ်းနေသည်။

ကံကောင်းထောက်မ၍သာ အသက်မသေဆုံးခဲ့ခြင်းပင်။

ဆေးကို ခုနစ်ရက်သောက်ပြီးနောက်တွင် ပျောက်ဆုံးသွားသည့် အနှစ်သာရများ၊ စွမ်းအင်များနှင့် ဝိဉာဏ်စွမ်းအင်တို့က ဖြည်းဖြည်းချင်း ပြန်လည် သက်သာလာပေမည်။

ကောင်းရှင်းရန်က ကျေးဇူးတရားကို နားလည်သိတတ်သည့်လူ ဖြစ်သည်။

ကောင်းလော့ကောင်း ချောကလက်အမှုန့်အတွက် ယွမ်တစ်သိန်းအပြင် သူမ၏ ကျေးဇူးတင်မှုကို ပြသရန်အတွက် ယွမ်သုံးသန်းကိုလည်း လွှဲပေးခဲ့သေး၏။

ပြီးနောက် အိမ်သို့ အမြန်ပြန်ပြီး နတ်မင်းများကို ကျေးဇူးတင်ချင်နေသည့် ကောင်းရှင်းရန်က ဆေးခန်းတွင် ကြာကြာ ဆက်မနေတော့ဘဲ ကားမောင်းထွက်သွားခဲ့လေသည် ….

All Chapters