← Chapters

လောင်းကစားလုပ်တဲ့ ခွေးလို သားမိုက်

Vol. 32 Ch. 317

လောင်းကစားလုပ်တဲ့ ခွေးလို သားမိုက်

Vol. 32 Ch. 317

လူအိုစုံတွဲ၏ အဖြေများကို ကြားတော့ ကြည့်ရှုသူများမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။

ဒီ အသက် ရှစ်ဆယ်၊ ခုနစ်ဆယ် ဝန်းကျင်လောက် ရှိတဲ့ လူအိုကြီးနှစ်ယောက်က လိုက်စထွင်းထဲ ရောက်လာပြီး သူတို့သား အသက်ရှိနေတုန်းပဲလားဆိုပြီး မေးတယ် …

ဆိုလိုတဲ့သဘောက သူတို့ရဲ့ သားအပေါ် စိုးရိမ်ပူပန်စိတ် ရှိနေသေးတုန်းပဲ …

အဲ့လိုဆိုမှတော့ ဘာလို့ ချန်ယွီ့ရဲ့ အကူအညီကို ငြင်းပယ်နေရတာလဲ ….

ပြီးတော့ အဘွားကြီးရဲ့ စကားကရော ဘာကို ဆိုလိုချင်တာ …

သူတို့သားက သူတို့ ဝမ်းနည်းစေမယ့် အရာတစ်ခုခုကို ပြုလုပ်ခဲ့မိလို့လား …

လူအိုကြီး နှစ်ယောက်က သူတို့သား အသက်ရှင်နေတုန်းပဲလား ဆိုတာကိုပဲ သိချင်တယ် … သူ့သားကိုတော့ မမြင်ချင်ဘူးပေါ့….

“ အဘိုးနဲ့ အဘွား … အဘွားတို့သားက မလိမ္မာတဲ့ သားဆိုးမို့လို့လား …”

“ ခင်များတို့ သားအမိတွေ ဘာဖြစ်ခဲ့ကြတာလဲ … လူတိုင်းကို ပြောပြပေးလို့ မရဘူးလား ….”

“ ငါ့ သုံးသပ်ချက်တွေ အတိုင်းဆိုရင် ဒီအဘိုးကြီး အဘွားကြီး နှစ်ယောက် သူတို့သား အသက်ရှင်နေသေးတုန်းပဲလားလို့ မေးတာက … ဆိုလိုချင်တာ သူတို့တွေ အဆက်အသွယ်မလုပ်ဖြစ်တာ နှစ်အတော်ကြာနေပြီဆိုတဲ့ သဘောပဲ … “

“ ဘာမှမပူနဲ့ အဘိုး … ဒေါက်တာချန်က ကြင်နာတတ်ပါတယ် … အဘိုးတို့မှာ အခက်အခဲ တစ်ခုခု ရှိရင် သူ့ကို ပြောပြလိုက် … သူ အကောင်းဆုံး ကူညီပေးလိမ့်မယ် ….”

“ အဲ့ကလေးက မိဘတွေကို ဘယ်လောက်တောင် ရင်နာစေခဲ့လို့ မိဘလုပ်သူတွေက သူတို့သားကို မမြင်ချင်တော့တဲ့အထိ ဖြစ်နေရတာလဲ …”

ကြည့်ရှုသူများကတော့ သူတို့သားမှာ အနည်းဆုံး အသက် ၃၀၊ ၄၀ အရွယ်ခန့် ရှိနေလောက်ပြီဟု ခန့်မှန်းနေကြသည်။

သူတို့ရဲ့ မိသားစုသံယောဇဉ်ကို ဒီလိုတွေ ဖြစ်ပျက်လာရအောင် တကယ်ပဲ ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ ….

အဘိုးကြီးက အိုမင်းနေပြီဆိုသော်လည်းပဲ သူ့မျက်လုံး အမြင်တို့ကတော့ ကောင်းမွန်နေဆဲပင်။ ကြည့်ရှုသူများ ပေးပို့လာသည့် ကွန်းမန့်များကို ရှင်းရှင်းလင်းလင်း ဖတ်ရှုနိုင်သည်။

ထို့နောက် အဘိုးဖြစ်သူက ဘေးရှိ ဇနီးဖြစ်သူ အဘွားကြီးကို ကြည့်လိုက်၏။

အမယ်အိုကြီးကလည်း ခါးသက်နေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ ဟင်း ….”

အဘိုးကြီးက ရောထွေးနေသည့် စိတ်ခံစားချက်တို့ဖြင့် အသက်ပြင်းအရင် ချလိုက်၏။

“ ဘယ်မိဘက သူတို့ကလေးတွေကို ပစ်ထားရက်မှာလဲကွယ် …”

“ ငါတို့ သူနဲ့ မတွေ့ချင်ဘူးဆိုတာ သူ ပေးတဲ့ ပြဿနာတွေကို ပင်ပန်းလွန်းလို့ပဲ ….”

“ ငါတို့လို အိုကြီးအိုမားနှစ်ယောက် အေးအေးဆေးဆေး နေနိုင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး … တစ်ယောက်ယောက်က ငါတို့ကို ထပ်ပြီး ပြဿနာလာရှာမှာ ကြောက်တယ် ….”

ကြည့်ရှုသူများ ပေးပို့လာသည့် ကွန်းမန့်များက လူအိုစုံတွဲ၏ ဝမ်းနည်းသည့် စိတ်ခံစားချက်အပိုင်းကို ထိတွေ့မိသွားခဲ့သည်။

အဘိုးက လူတိုင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်၏။

သူတို့နဲ့ သားလုပ်သူတို့ ကြားထဲ နက်ရှိုင်းသည့် အဆင်မပြေမှုတို့ ရှိနေသည်မှာ အမှန်ပင်။

“ ငါ့သားလေးက ငယ်ငယ်တုန်းကတာ့ သားလိမ္မာလေးပါပဲ … အမှတ်တွေလည်းကောင်းတယ် ….”

“ မူလတန်းကနေ တက္ကသိုလ်တက်တဲ့အထိ ငါတို့နှစ်ယောက်ကို စိတ်မပူစေခဲ့ရဘူး …”

“ တက္ကသိုလ် ဘွဲ့ရပြီးတော့ မြို့ကြီး တစ်မြို့ကို သွားပြီး အလုပ်သွားလုပ်တယ် … အလုပ် အမြဲတမ်း များနေတာကြောင့် အမြဲတမ်း တစ်ကိုယ်တည်းပဲ ….”

“ ဆယ်နှစ်လောက် ကြာပြီးတော့ သူလည်း ကုမ္ပဏီထဲမှာ အလယ်တန်း မန်နေဂျာရာထူး အဆင့် ဖြစ်လာတယ် ….”

“ နောက်ပိုင်း ငါတို့ အဘိုးကြီးအဘွားကြီး လင်မယား အသက်ကြီးလာတော့ သူ့ရဲ့ လစာကောင်းတဲ့ အလုပ်ကို လက်လျှော့ပြီး ဇာတိမှာပဲ အလုပ်ပြန်လာလုပ်တယ် … ဒီမှာဆိုတော့ ငါတို့နှစ်ယောက်ကို ပြုစုစောင့်ရှောက်ရ လွယ်သွားတာပေါ့ ….”

“ ဒီရဲ့ ဆုံးဖြတ်ချက်က သူ့ကိုယ်သူတင် မကဘဲ ငါတို့နှစ်ယောက်လုံးကိုပါ ထိခိုက်လာစေမယ့် ဆုံးဖြတ်ချက်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ …”

အဘိုးကြီးက သားဖြစ်သူသည် အရာအားလုံးတွင် ထူးချွန်သူဖြစ်ကြောင်း ပြောပြသည်။ တစ်ခုတည်းပဲ ။ ယင်းကတော့ မိတ်ဆွေဖွဲ့ရတာ နှစ်သက်ခြင်းပင်။

ကောင်းသည့် သူငယ်ချင်းပဲဖြစ်ဖြစ်၊ ဆိုးသည့် သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ သူနှင့် ခင်မင်ရင်းနှီးသရွေ့ သူငယ်ချင်းလို ဆက်ဆံသည်။

ဤစကားကြားတော့ ကြည့်ရှုသူများမှာ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာကို ကြိုတင် မှန်းဆနိုင်သွားကြသည်။

အဘိုးပြောသည့်အတိုင်းဆိုလျှင် သူ့သားက မကောင်းသည့် လူတစ်ချို့နှင့် ပေါင်းသင်းမိပြီး လမ်းမှားရောက်သွားခဲ့တာ ဖြစ်လိမ့်မည်။

လူအိုကြီး စုံတွဲတို့၏ ရင်ကို ဟက်တက်ကွဲစေမယ့် ကိစ္စများစွာလည်း ပြုလုပ်ခဲ့မည်မှာ သေချာသလောက် ရှိ၏။

ထို့ကြောင့်လည်းပဲ လူအိုကြီးစုံတွဲမှာ သူ့ကို နောက်ထပ် မမြင်လိုတော့ခြင်းပင်။

အဘိုးကြီး၏ နောက်ဆက်တွဲ ရှင်းပြချက်များက ကြည့်ရှုသူများ၏ ခန့်မှန်းမှုကို အတည်ပြုပေးလိုက်လေသည်။

တကယ်လည်း ထိုအတိုင်း ဖြစ်ခဲ့၏။

သူ့သား ရင်းနှီးသည့် သူငယ်ချင်းများထဲ … တစ်ချို့က ဘာလက်ကြောမျှ မတင်းသည့် ငပျင်းများပင်။

“ ငါ့သားက စာနဲ့ အလုပ်အပေါ်ပဲ အာရုံစိုက်ခဲ့တော့ လူကို ဘယ်လို ကြည့်ပေါင်းရမလဲဆိုတဲ့ နေရာမှာကျ မကျွမ်းကျင်ဘူး …”

“ နောက်ပိုင်းမှာ အဲ့ဒီ လက်ကြောမတင်းတဲ့ လူပျင်းတွေကြောင့်ပဲ ငါ့သားက လမ်းမှားရောက်သွားခဲ့ပြီး လောင်းကစားစွဲသွားခဲ့တယ် ….”

အမယ်အိုကြီးက သူမ၏ မျက်ရည်များကို သုတ်လိုက်၏။

“ လနည်းနည်းကြာတော့ သူ့အဖေနဲ့ငါက ငါတို့သားလေး လောင်းကစားသမား ဖြစ်နေပြီဆိုတာကို သိလိုက်ရတယ် …”

“ သူ့စုထားတာတွေ အကုန်လုံး ရှုံးသွားရုံတင် မကဘူး … သူ့ ကောင်မလေးဆီကနေတောင် ယွမ်တစ်သိန်း ချေးထားခဲ့သေးတယ် ….”

ဇာတိမြို့သို့ ပြန်ရောက်လာပြီးနောက်တွင် သားဖြစ်သူက နောက်ခံကောင်းသည့် မိသားစုတစ်ခုက မိန်းကလေးနှင့် ဆုံတွေ့ခဲ့သည်။

နှစ်ယောက်လုံးက ငယ်ရွယ်ပြီး နာမည်ကြီးကျောင်းဆင်းများ ဖြစ်သည့်အလျောက် လက်ထပ်မည့်အခြေအနေသို့တိုင် ရောက်လာခဲ့ကြသည်။

ယခုအချိန်တွင်တော့ သူတို့သားမှာ လောင်းကစားသမား ဖြစ်လို့နေလေပြီ။

အစပိုင်း သေးငယ်သည့် လောင်းကြေးပြုမှုတို့ကတစ်ဆင့် ၊ နောက်ပိုင်း အလျှင်အမြန်ပဲ ယွမ်သောင်းချီ၊ သိန်းချီအဆင့်သို့ ရောက်ရှိလာခဲ့သည်။

သူ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား စုဆောင်းထားခဲ့သည့် စုငွေများအားလုံးကို အကုန်လောင်းပစ်ရုံမျှမက ဆုံးရှုံးသွားခဲ့သည်များအား ပြန်လည်ဖာထေးရန်အတွက် ချစ်သူကောင်မလေးထံကနေလည်း ယွမ်တစ်သိန်းကို ချေးယူခဲ့သေးသည်။

အကယ်၍ ကောင်မလေး၏ မိဘများက သူတို့ မိသားစု တစ်ခုခု ဖြစ်နေသောကြောင့်လားဟု စိတ်ပူပြီး လာရောက်မမေးမြန်းခဲ့လျှင် သူမတို့သားမှာ လောင်းကစား သမားတစ်ယောက် ဖြစ်နေသည်ကိုပင် သိခဲ့ရမှာ မဟုတ်ချေ။

သူ့ချစ်သူကောင်မလေးထံက ပိုက်ဆံချေးခဲ့သည့်အပြင် သားဖြစ်သူက သူ၏ အခြားသူငယ်ချင်းများထံကနေလည်း ငွေအများအပြား ချေးယူခဲ့သေးသည်။

“ အဲ့ကလေးက တော်တော် ရဲတင်းလွန်းတယ် ….” အဘိုးက တုန်ယင်နေသည့်လက်ဖြင့် လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး “ ငါတို့ ဒေသထဲ ငွေချေး ကုမ္ပဏီကနေ နောက်ထပ် တစ်သန်းတောင် ယူခဲ့သေးတယ် …”

“ အဲ့ကိစ္စ ဖြစ်ပြီးတဲ့နောက်ပိုင်း … သူ ချက်ချင်း ထွက်ပြေးသွားခဲ့တာပဲ …”

“ သူ့အမေနဲ့ ငါကတော့ နေ့တိုင်းနေ့ ရင်တမမနဲ့ ဖြစ်နေရတယ် …. တစ်ဖက်မှာလည်း သူ သေသလား ၊ ရှင်သလား စိတ်ပူနေရပြီး … နောက်တစ်ဖက်မှာကလည်း နေ့တိုင်းနေ့ အကြွေးရှင်တွေ အိမ်လာသောင်းကြမ်းတာကို ခံနေရတယ် …”

လူအိုကြီးနှစ်ဦး ချန်ယွီ့နှင့် ဆက်သွယ်နိုင်ခဲ့သည်က ၎င်းတို့၏ ဆွေမျိုးများက ဟူယွီပလတ်ဖောင်းကို ကူညီဒေါင်းလုပ်လုပ်ပေးခဲ့ပြီး မှတ်ပုံတင်ပေးခဲ့သောကြောင့်ပင်။

ဆွေမျိုးများ ပြောသည့်အတိုင်းဆိုလျှင် ချန်ယွီ့ လိုက်စထွင်း စတင်သည့်အချိန်တိုင်း ကြည့်ရှုသူအရေအတွက်က သန်းအနည်းငယ်မှ ဆယ်သန်းကျော်အထိ ရှိသည်ဆိုပင်။

လူအိုစုံတွဲက အိုမင်းနေပြီ ဆိုသော်လည်း လူပိန်းများတော့ မဟုတ်ကြပေ။

ဤမျှ များပြားလှသည့် လူများထဲ ၊ ငွေချေးပေးသည့် ကုမ္ပဏီက လူမိုက်တစ်ဦးဦးမှာ ချန်ယွီ့ လိုက်စထွင်းကို ကြည့်ရှုနေသည်မျိုး ဖြစ်နိုင်ပေသည်။

မဟုတ်လည်း အနည်းဆုံးတော့ ငွေချေးကုမ္ပဏီနှင့် ဆက်စပ်နေသူ တစ်ဦးတစ်ယောက်လောက်ကတော့ ရှိရမည်။

ချန်ယွီ့က သူတို့နှစ်ယောက်ကို သားဖြစ်သူ၏ တည်နေရာ ပြောပြလိုက်သည်နှင့် …

သားဖြစ်သူထံ အရင်ဦးဆုံး ရောက်သွားကြမည့်လူက ဒေသခံ ငွေချေးကုမ္ပဏီက လူမိုက်များ ဖြစ်မည်မှာ ကျိန်းသေပေါက်ပင်။

“ ဆေးစွဲတာက ကိုယ့်ကိုယ်ကို ဒုက္ခရောက်စေတယ်ဆိုပေမယ့် လောင်းကစား စွဲတာကတော့ တစ်မိသားစုလုံး ဒုက္ခရောက်စေတယ် ….”

“ ငါကတော့ ဖာချတာ ၊ လောင်းကစားလုပ်တာနဲ့၊ ဆေးစွဲတာတွေ အားမပေးဘူး …”

“ လောင်းကစားစွဲတာကတော့ တကယ်ဆိုးတာ ….”

“ အခု သူတို့သားက လောင်းကစားခွေး ဖြစ်သွားခဲ့ပြီဆိုတော့ သူ ဘယ်မှာ ရှိနေလဲ မသိချင်တာ မထူးဆန်းတော့ပါဘူး ….”

“ သနားဖို့ကောင်းလိုက်တဲ့ မိဘတွေ … ၊ သူတို့က သားဖြစ်သူကို မမြင်ချင်တာ မဟုတ်ဘူး … သားဖြစ်သူ လူမိုက်တွေ သေအောင် ရိုက်သတ်တာကို ခံရမှာစိုးရိမ်နေတာ …”

“ ငါ့မှာသာ အဲ့လိုသားမျိုး ရှိလို့ကတော့ သူနဲ့ သေတမ်းပြတ်ပဲ ….”

“ အဘိုးနဲ့အဘွား ဘာမှဝမ်းမနည်းနဲ့ … သူက သူ့လမ်းသူ လျှောက်သွားတာ … သူလုပ်ခဲ့တဲ့ အမှားအတွက် သူကိုယ်တိုင်ပဲ တာဝန်ယူသင့်တယ် ….”

ကြည့်ရှုသူများမှာ ခံပြင်းဒေါသထွက်နေကြပြီး လူအိုစုံတွဲနှစ်ယောက်က သားလုပ်သူကို မမြင်တွေ့ချင်သည်က မှန်ကန်သည့် လုပ်ရပ်ဟု ခံစားနေကြရ၏။

တွေ့လျှင်လည်း သားဖြစ်သူက သူတို့ဆီကနေ ပိုက်ဆံတောင်းမှာ သေချာသည်။

လူအိုကြီး နှစ်ယောက်က သာမန် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ၊ ပိုက်ဆံ များများစားစား မရှိသည်မှာ သိသာသည်။

မဟုတ်လည်း သားဖြစ်သူ၏ လောင်းကစားကြွေးများကို ပေးဆပ်လိုက်ခြင်းကြောင့် ယခုလို ဘဝမျိုး ရောက်သွားရသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အဲ့လိုသားမျိုးထက်စာရင် ဝက်မွေးလိုက်တာကမှ ပိုကောင်းသေးတယ် …

အနည်းဆုံးတော့ ဝက်က သတ်ပြီး စားလို့လည်းရသလို ရောင်းစားလို့လည်း ရတယ်လေ …

များပြားလှသည့် ကြည့်ရှုသူများက ပြောဆိုလာခဲ့ကြ၏။

သူငယ်ချင်း ၊ ဒါမှမဟုတ် ဆွေမျိုးများထဲ လောင်းကစားသမားများ ရှိကြသည့် ပရိသတ်များက လောင်းကစားလုပ်ခြင်း၏ ဆိုးကျိုးများကို လူတိုင်းထံ ပြောပြနေကြသည်။

လောင်းကစားက ရှုံးလေလေ၊ ပို၍ လောင်းကစားလုပ်ချင်လာလေလေ ဖြစ်၏။ ယင်းက လောင်းကစားသမားစိတ်ဓာတ်ပင်။

ပိုက်ဆံများ ဆုံးရှုံးသွားခဲ့သည်က အနည်းငယ် ကံဆိုးသွားသောကြောင့်ဟုသာ ယူဆကြသည်။

သူတို့၏ ကံကောင်းမှုများ ပြန်ရောက်လာသည်နှင့် ယခင်က ဆုံးရှုံးသွားခဲ့သည်များအားလုံးကို တစ်ချီတည်းနဲ့ ပြန်ယူနိုင်သည်။

၎င်းတို့ စုထားသည့် ပိုက်ဆံများ ကုန်စင်သည်အထိ လောင်းကြေးထပ်ပြီးသည့်နောက်တွင် နီးစပ်ရာများက ပိုက်ဆံများ ချေးငှားကြပြီး သူတို့ ပိုင်ဆိုင်ထားသည့် ပစ္စည်များအားလုံးကို ရောင်းနိုင်သမျှ ရောင်းကြသည်။

ရွေးချယ်စရာ မရှိတော့ပါက ခိုးဆိုးလုဝှက်၊ ဓားပြတိုက်ကြပြီး ဥပဒေချိုးဖောက်ဖို့ရာလည်း ဝန်မလေးကြတော့ပေ။

အစောပိုင်းနှစ်များ၌ ရွာထဲရှိ လောင်းကစားသမားများ လောင်းကစားသွေးကြွနေချိန်တွင် သူတို့၏ ဇနီးမယားများနှင့် ကလေးများကိုပင် လောင်းကြေးထပ်သည့် စားပွဲပေါ် တင်လေ့ရှိကြသည်။

ထိုသို့သော လူစားမျိုးကို ဗုဒ္ဓဆင်းကယ်လျှင်ပင် ကျွတ်တန်းဝင်နိုင်မှာ မဟုတ်ပေ။

လူအိုကြီးနှစ်ယောက်လုံးက ငိုကြွေးနေခဲ့ကြ၏။

ကြည့်ရှုသူများလည်း စိတ်မကောင်း ဖြစ်နေမိကြပြီး ၎င်းတို့ကို နှစ်သိမ့်ပေးသည့် ကွန်းမန့်များ ပေးပို့နေကြလေသည်။

“ ဒေါက်တာချန် … ဒီလင်မယားနှစ်ယောက်က ဒီလောက် သနားဖို့ ကောင်းနေတာကို မင်း ဘာလို့ ဘာစကားမှ မပြောတာနလဲ ….”

ကြင်နာတတ်သည့် ပရိသတ်တစ်ဦးက အထူးကွန်းမန့်တစ်ခု ရေးလာခဲ့သည်။

ကြည့်ရှုသူများထံမှ ရာနှင့်ချီသည့် စကားစာကြောင်းတို့က ချန်ယွီ့နှုတ်က စကားတစ်ခွန်းလောက် အကျိုးသက်ရောက်မှု မရှိမှာကို သူ ယုံကြည်သည်။

ချန်ယွီ့ နှုတ်ဖွင့်ဟပြီး လူအိုလင်မယားကို နှစ်သိမ့်လိုက်မည်ဆိုပါက လင်မယားနှစ်ယောက်လုံး၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်သွားနိုင်သည်။

“ ဒီလို ဖြစ်အောင် လုပ်ခဲ့တာလည်း သူတို့ပဲ …” ချန်ယွီ့ ထူးမခြားနားသည့် လေသံအမူအရာဖြင့် ပြောဆိုလိုက်ပြီး “ အခုလို ဖြစ်တာလည်း သူတို့နဲ့ တန်တယ် ….”

“ ဒါတွေ အကုန်လုံးက သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်တွေပဲကို နှစ်သိမ့်ပေးစရာ ဘာအကြောင်းရှိလို့ …”

All Chapters