← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

Ch 101

( အကိုကျောက် မင်းပဲ ဖြစ်ရမယ်)

အကြံအစည်က ပြီးပြည့်စုံသော်လည်း၊ လက်တွေ့အကောင်အထည်ဖော်ဖို့ရန် မလွယ်ကူချေ။

“ ငါဒီတစ်ခေါက် ကျင့်ကြံခြင်းကို မရွေးခဲ့လိုက်တော့ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းက နောက်ဆုံးအဆင့်ကို မပြီးသေးဘူး။ ဒီတော့ အလောင်းအမတခန္ဓာ မရသေးဘူး။ ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းလဲ မရသေးဘူး။ နှစ်ခုလုံးက အချိန်ပေးရအုံးမှာပဲ”

“ ဒါပေမဲ့ စုနီ ရှိနေတော့ ငါအခြေခံတည်ထောင်ခြင်းအဆင့်အတန်းကို ယူထားလို့ရတယ်။ မကြာခင်မှာပဲ အလောင်းအမတခန္ဓာကိုယ်ကို ရမယ်ထင်တာပဲ။ ဒါဆိုငါ့ရဲ့ကျင့်ကြံမှုက အရင်အတိုင်းပြန်ဖြစ်ပြီ”

လုယန် ထိုအတွေးကြောင့် အလျင်စလို မလှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။

ဘယ်လိုပင်ဆိုဆို ချန်ထိုက်ဟဲက အခြေခံတည်ထောင်ခြင်းကျင့်ကြံသူပဲ။ သူ့အနေနှင့် ကိုယ့်ကိုယ်ကို သန်မာအောင် လုပ်ပြီးမှ ချန်ထိုက်ဟဲကို ကြံစည်တာ ကောင်းပါသည်။

လုယန် ဂူအပြင်ထွက်ကာ လျိုရှင်းနှင့် တွေ့လိုက်ပြီး မဟာတာအိုစာအုပ်တစ်ဝက်ကို လက်ခံလိုက်သည်။

တစ်ဖက်သူ ထွက်သွားတဲ့အထိ စောင့်ကြည့်ပြီးမှ လုယန် ကိုယ်ယောင်ဖျောက်လိုက်ပြီး.. လက်ငါးချောင်းနှင့် အရင်တွက်ချက်သည်။ တည်နေရာအတိအကျကို သိရသည်နှင့် ကောင်းကင်ပြုပြင်တောင်ပေါ်ရှိ ဝေးလံသော ဂူတစ်ခုအတွင်း သွားလိုက်တော့၏။

ထိုဂူအတွင်းက ဒေါသတကြီး အော်ဟစ်သံတွေက အပြင်ကိုပါ ပျံ့လွင့်နေ၏။

“ ဒါငါ့ရဲ့အခွင့်အရေးပဲ။ ငါ့အပိုင်.. ငါ့အပိုင်ကို ဘယ်သူတောင်းစားက လုသွားမှန်းတောင် မသိသေးဘူး။ ငါ့ကို ကျိုးကြောင်းဆီလျော်စွာ ပြုမူဖို့ လာပြောနေတာလား။ ဖြစ်နိုင်မယ် ထင်လားကွ”

ထိုအသံက ကျောက်ရှဟယ်၏ အသံပင်။

ခန့်မှန်းထားသည့်အတိုင်းပင် လုယန် ​ထွက်ပေါ်လာသည်နှင့် ပန်းလုံအမွေအနှစ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။ ကျောက်ရှဟယ် ထပ်မံ ကျရှုံးရပြန်ကာ.. အခု ဒေါသတကြီး ဆဲရေးနေလေရဲ့။

ခဏကြာပြီးနောက် ဂူတံခါးပွင့်သွားပြီး အထဲကနေ အေးစက်သော မိန်းမလှတစ်ယောက် အပြင်ကိုထွက်လာသည်။

“ ကျောက်ရှဟယ်၊ ရှင်နဲ့ကျွန်မ ပြတ်ပြီ”

ချန်ချင်း က တစ်ချက်တောင် အနောက်လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။ သူမက လျိုရှင်းဆီ သွားတာပဲ ဖြစ်လေမည်။

ဂူအတွင်းထဲမှ ပစ္စည်းတွေ ရိုက်ခွဲနေသံတွေ ထပ်မံထွက်လာပြန်၏။

လုယန် နတ်အမြင်ဖြင့် ကြည့်လိုက်ချိန်မှာ ဒေါသတကြီး သောင်းကြမ်းနေသော ကျောက်ရှဟယ်ကို မြင်လိုက်၍ အနည်းငယ် ပြုံးသွားတော့သည်။

“ အကိုကျောက်၊ မင်းပဲ”

ဒီဘဝမှာ လုယန်၏ အကြီးဆုံးရန်သူသည် ပန်းလုံသခင်ဖြစ်သည်။

သို့ပေမဲ့ လုယန်က ကျင့်ကြံမှုအားလုံး ဖျက်ဆီးပြီး အစကပြန်စဖို့ မစီစဥ်ထားပါချေ။ ဘယ်လိုပင်ဆိုဆို၊ အဆင့်သုံးချီသိုင်းက အလွန်ရှားသည်။ ပန်းလုံအမွေအနှစ်ကို မလိုချင်လျှင် ရှေးဦးသူတော်စင်ဂိုဏ်း၏ သိုင်းတွေထဲက ရှာဖွေရမည်။

ရှေးဦးသူတော်စင်ဂိုဏ်းက ပိုပြီး မယုံရပေ။

အနည်းဆုံးတော့ ပန်းလုံအမွေအနှစ်၏ အန္တရာယ်ကို သူသိထားပြီးဖြစ်ကာ၊ ရှေးဦးသူတော်စင်ဂိုဏ်း၏ သိုင်းတွေက ဇဝေဇဝါ ဖြစ်နေရအုံးမည်။

ထို့ကြောင့် ပန်းလုံသခင်ကို ရင်ဆိုင်ဖို့ပဲ ကြိုးစားတော့မည်။

“ ဒီသိုင်းမှာ အန္တရာယ်ရှိတယ်ဆိုပေမဲ့ ဒါက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေ အတွက်ပဲ။ မဟုတ်ရင် ငါအဆင့်တက်ဖို့လုပ်တာနဲ့ ပန်းလုံသခင် ဘာလို့တန်းရောက်လာမှာလဲ”

“ အခြေခံတည်ထောင်ခြင်းကို အဆင့်တက်နိုင်ရင် သူရမဲ့အကျိုးက ပိုများသွားမှာကို မလိုအပ်ဘဲတော့ ဒီလိုလုပ်မှာ မဟုတ်ဘူး”

“ ဖြစ်နိုင်ချေက တစ်ခုပဲရှိတယ်။ ငါ အဆင့်တက်နိုင်တာနဲ့ သူ့ရဲ့ထိန်းချုပ်မှုအောက်က လွတ်သွားမှာ မလို့ပဲ။ ဒါကြောင့်ငါကို ​ကြိုတားနေတာ”

တစ်နည်းပြောရလျှင် ပန်းလုံသခင်၏ နှောက်ယှက်မှုအောက်မှာပဲ လုယန် အဆင့်တက် နိုင်ခဲ့ပါက၊ ထိန်းချုပ်မှုမှ အပြီးတိုင် လွတ်ကင်းနိုင်မည်ဖြစ်သည်။

သို့တိုင်အောင် လုယန် အလျင်စလို လုပ်လို့ မရသေးချေ။ ပန်းလုံသခင်က သူ့ကို ခြေရာခံနိုင်သည့်အပြင်၊ အခြေခံတည်ထောင်ခြင်းအလယ်နယ်ပယ် သန်မာမှုက လျော့တွက်လို့မရဘူး။

လုယန်ကိုယ်တိုင် အဆင့်မတက်နိုင်သေးဘဲ ထိပ်တိုက်ရင်ဆိုင်လို့ကတော့ သေချာပေါက် သေသွားလိမ့်မည်။ အဆင့်တက်ပြီးမှသာ အခွင့်အရေးအနည်းငယ် ရှိလာမှာပင်။

“ ငါဒီဘဝမှာ စစ်မှန်တပည့်တစ်ယောက် ဖြစ်အောင် လုပ်မယ်လို့ စီစဥ်ထားပေမဲ့လဲ အကုန်လုံးကို ဂိုဏ်းကို ပုံအပ်ထားလို့တော့ မရဘူး”

ဘယ်လိုပင်ဆိုဆို ဒီဂိုဏ်းက နတ်ဆိုးဂိုဏ်းတစ်ခုပဲ။

ယုန်တစ်ကောင်တောင်မှ ပုန်းစရာကျွင်းကို သုံးခုလောက် တူးထားတတ်တာ.. လူဆိုရင် ဘယ်လောက်တောင် ရှိမလဲ။

လုယန်လည်း နောက်ထပ် အရန်အစီအစဥ်တွေ အများကြီး ချထားပြီးသားပင်။ ပန်းလုံသခင် သူ့ကို လာရှာခဲ့လျှင် ရင်ဆိုင်နိုင်မည့် နည်းလမ်းတွေလဲ ပြင်ဆင်ထားသည်။

ကျောက်ရှဟယ်က လုယန်၏ အရန်အစီအစဥ်တွေထဲက တစ်ခုပဲ။

နောက်တစ်စက္ကန့်မှာ လုယန်က နတ်အာရုံကို အသုံးပြုပြီး ကျောက်ရှဟယ်၏ အသိစိတ်ကို ပြင်းထန်စွာ ဝင်စီးလိုက်သည်။

အရက်၏လွှမ်းမိုးမှု ပျောက်ကွယ်သွားကာ၊ ကျောက်ရှဟယ် မျက်လုံးကို ပြူးနေအောင် ဖွင့်လာခဲ့၏။ နိုးတစ်ဝက်၊ အိပ်တစ်ဝက် အခြေအနေအတွင်းမှာ သူ့မှတ်ဉာဏ်အတွင်း အတင်းဝင်ရောက်လာသော အချက်အလက် များစွာကို လက်ခံလိုက်ရသည်။

“ ငါဘယ်မှာလဲ..”

ကျောက်ရှဟယ် အချိန်တစ်ချို့ကြာသည်အထိ ပတ်ဝန်းကျင်ကို ကြောင်အစွာ လှည့်ပတ်ကြည့်ရှုနေသည်။ အတင်းဝင်ရောက်လာသောမှတ်ဉာဏ်တွေ အနည်ကျသွားချိန်မှပဲ သူ့မျက်နှာက သဘောပေါက်ဟန် ဖြစ်သွား၏။

“.. ဒါကငါ့အရင်ဘဝရဲ့ မှတ်ဉာဏ်တွေပဲ”

ထိုမှတ်ဉာဏ်အတွင်း သူနှင့် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရုပ်ချင်းဆင်တူသော လူငယ်တစ်ယောက်က တိမ်စိုင်ကြားမှာစီးနင်းနေရင်း ဂုဏ်ယူစွာ ရယ်မောနေတာကို သူမြင်ခဲ့ရသည်။

“ ဒီတော့ ငါကအရင်ဘဝမှာ ပန်းလုံသခင် ဖြစ်ခဲ့တာပေါ့လေ”

ကျောက်ရှဟယ် နားလည်သွားသည်။

“ ဒါကြောင့် ငါ့မှာအမွေအနှစ်ကို ဆက်ခံခွင့်ရှိနေတာပဲ။ အဲ့ဒါကအရင်ထဲက ငါ့အပိုင်ဖြစ်ခဲ့တာ။ ငါ့ရဲ့သုံးဘဝ ကံတရားဆိုတာက ပန်းလုံသခင်ဖြစ်တုန်းက ငါစုဆောင်းထားခဲ့တာတွေ ဖြစ်မယ်”

“ ငါ့မှာတစ်ခြားဘဝတွေရဲ့ မှတ်ဉာဏ်နဲ့ အတိတ်ဘဝ အရည်အချင်းတွေ မရှိတော့တာလည်း.. ပုံမှန်ပါပဲ။ အခြေခံတည်ထောင်​ခြင်းကျင့်ကြံသူ တစ်ယောက်ရဲ့ ကံတရားက ငါးဘဝပြီးရင် ကုန်ဆုံးတယ်။ အရင်ဘဝက ငါ့ရဲ့ငါးဘဝမြောက်ပဲ။ ငါ့ရဲ့ကံကောင်းမှုတွေ ကုန်ဆုံးပြီး နတ်အမြင်တွေ ပျောက်ကွယ်သွားလို့ မဟုတ်ရင် ငါဒီအခြေအနေကို ရောက်နေမှာ မဟုတ်ဘူး”

ကျောက်ရှဟယ်သည် ထိုမှတ်ဉာဏ်တွေကို သံသယ မဝင်ခဲ့ချေ။

မှတ်ဉာဏ်တွေက ပြည့်စုံပြီး အချိတ်အဆက် မိသည်။ တစ်ချို့ အပြစ်ပြောစရာ နေရာများမှာပင် ကျိုးကြောင်းသင့်သော ဖြေရှင်းချက်ရှိသည်။

ထို့အပြင် ထိုမှတ်ဉာဏ်များအတွင်းမှာ စစ်မှန်သော အရာတစ်ခုလည်း ရှိနေသေး၏.. နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း။

ကျောက်ရှဟယ် အသေးစိတ် အာရုံခံလိုက်ချိန်မှာ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း၏ အကြောင်းအရာတွေကို ပုံများနှင့်တကွ တစ်ခုချင်း မြင်ယောင်လာခဲ့သည်။

“ ဒါငါ့ရဲ့အရင်ဘဝတုန်းက မှတ်ထားတာတွေပဲ”

ထို့အပြင် စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်း သိုင်းကိုပါ မှတ်မိနေသေးသည့်အတွက် ကျောက်ရှဟယ် အပျော်လွန်သွားတော့သည်။

သို့ပေမဲ့ မကြာခင်မှာ သူ့မျက်နှာက ပြန်တည်ငြိမ်သွားလေသည်။

“ ငါ့ရဲ့ဒီဘဝမှာ တစ်​ယောက်ယောက်ငါ့ကို အကွက်ချကြံစည်ထားတာပဲ”

ကျောက်ရှဟယ် စဥ်းစားလိုက်သောအခါ.. ဖြတ်လတ်သော ဦးနှောက်က အဖြေတစ်ခု ထုတ်ပေးလာသည်။

“ ချန်ထိုက်ဟဲ”

အရင်တုန်းက တပည့်တစ်ယောက်အနေနဲ့ သူ့မှာ လေးစားမှုတွေ ရှိခဲ့သော်လည်း၊ အခုတော့ အမုန်းတွေသာ ဝင်ရောက်လာတော့၏။

“ ဒီကောင်က သူကိုယ်တိုင် အမတသခင်တစ်ယောက်ပဲ ရှိသေးတာကို ငါပြန်မွေးဖွားတာနဲ့ တပည့်အဖြစ် ယူလိုက်စရာလား။ ဒါငါ့ကိုသေချာပေါက် အခွင့်အရေးယူတာပဲ။ ပြီးတော့ ငါချန်ထားတဲ့ အမွေအနှစ်ကလဲ ရုတ်တရက် ပျောက်သွားခဲ့တယ်။ ဒါကို အဲ့ကောင် ပြန်ပြောခဲ့တာက၊ ငါနဲ့ အမွေအနှစ်က ကံကုန်သွားလို့တဲ့.. တောက်၊ အဓိပ္ပါယ်မရှိတာကွာ”

“ ငါ့ရဲ့အမွေအနှစ်ကို သူ ယူသွားတာများလား”

ကျောက်ရှဟယ် တွေးလေလေ၊ ဒေါသကြီးလေလေ ဖြစ်လာကာ၊ အချိန်အကြာကြီးနေပြီးမှပဲ ပြန်တည်ငြိမ်နိုင်တော့သည်။

“ အဲ့ခွေးကောင်က အင်အားကြီးတယ်။ ငါ မှတ်ဉာဏ်တွေ ပြန်ရနေတာကို သိခွင့်ပေးလို့ မဖြစ်ဘူး”

“ အခု သည်းခံထားရမယ်.. အချိန်ကောင်းကို စောင့်ရမယ်”

ကျောက်ရှဟယ်၏ အကြည့်က ပြတ်သားနေတော့သည်။ အရင်ဘဝမှာတုန်းက လေတွေမိုးကြိုးတွေကိုပါ လိုသလို ခိုင်းစေနိုင်ခဲ့သော သူ့ကိုယ်သူ ရှင်းလင်းစွာ မှတ်မိနေပါ၏။

“ ငါ့ရဲ့ဒီဘဝမှာ အခြေခံတည်ထောင်ခြင်းကို သေချာပေါက် ပြန်ရောက်စေရမယ်”

“ အခက်အခဲနဲ့အန္တရာယ်တွေ ထောင်ချီပြီး ရှိနေရင်တောင် ငါကောင်းကင်ကို ဆန့်ကျင်ပြီး အနိုင်ယူမယ်”

ဂူထဲမှာ ပြတ်သားမှုအပြည့်ဖြင့် ကျိန်ဆိုနေသော ကျောက်ရှဟယ်ကို ကြည့်ပြီး လုယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အတိတ်မှတ်ဉာဏ်တွေဆိုတာ လုယန် ဖန်တီးခဲ့သော ပြဇာတ်တစ်ခုဖြစ်ပြီး စုနီအကူအညီဖြင့် ကျောက်ရှဟယ်ကို လွှမ်းမိုးကာ သိမ်းသွင်းနိုင်ခဲ့သည်။

လက်ရှိကျောက်ရှဟယ်က လုယန်၏ ငါးစာပဲ။

လုယန် ဖမ်းဖို့ကြံစည်ထားသည့် ငါးကြီးကတော့ ပန်းလုံသခင် ဖြစ်သည်။

“ ကျောက်ရှဟယ်ကို အခြေခံတည်ထောင်ခြင်းအဆင့်အထိ တက်နိုင်အောင် ငါကူညီပေးမယ်။ ပြီးရင် ထွက်လာတဲ့ ပန်းလုံသခင်ကို အဲ့ကျမှ ညှပ်ဖမ်းတာပေါ့”

ကျောက်ရှဟယ်ကို ပန်းလုံသခင် အာရုံစိုက်နေချိန်မှာ လုယန်က အကာအကွယ်ယူပြီး အဆင့်တက်လို့ရသည်။

“ အကိုကျောက် စိတ်အေးလက်အေး ကျင့်ကြံလိုက်ပါ။ အကို ကျုပ်ကို ကာကွယ်ပေးတဲ့အတွက် အရင်ဘဝက အကြွေးကို ကြေပေးလိုက်မယ်”

….

Ch 102

( နေရာလဲခြင်း)

ကျောက်ရှဟယ်ကို လုယန် စိတ်ချသွားသည်။

“ အကိုကျောက်က သုံးဘဝစာ ကံတရားကြောင့် ဒီဘဝမှာ ကံကောင်းမှုတွေ အများကြီးရှိတယ်။ ငါ့အကူအညီ မပါတာတောင်မှ အခြေခံတည်ထောင်ခြင်းအဆင့် အခွင့်အရေးတွေ ရခဲ့သေးတာ၊ ငါသာ ကူညီပေးလိုက်ရင် အောင်မြင်နှုန်း ပိုမြင့်သွားမှာပဲ”

ဤကိစ္စက အချိန်ပေးလိုက်လျှင် ဖြည်းဖြည်းချင်း အောင်မြင်သွားလိမ့်မည်။

လုယန်အကြည့်ပြန်ရုတ်လိုက်ပြီး သူ၏ဂူကို ပြန်လာခဲ့လိုက်သည်။ ထို့နောက် စုနီကို ခေါ်လိုက်ပြီး အသေးစားအောင်မြင်မှု အဆင့်မှာပဲ ရှိသေးသော မွေးဖွားရာလျှို့ဝှက်ချက် ကြည့်ခြင်းသိုင်းနှင့် အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကို ပြီးပြည့်စုံအဆင့် ပြန်ရောက်အောင် ကျင့်ကြံလိုက်တော့၏။

ထိုသို့ဖြင့် ဆယ်ရက်ကုန်ဆုံးသွားခဲ့သည်.. ယနေ့ညမှာ အမှောင်ထုအားပိုပြီး လေပြင်းတိုက်နေသည်။

“ ညီလေးလု အထဲမှာရှိလား”

လျိုရှင်းတစ်ယောက် လုယန် ဂူပေါက်ကို ရောက်လာခဲ့သည်။

လုယန် ဂူတံခါးဖွင့်လိုက်ပြီး အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်၏။

“ လာပြီလား အကိုလျို၊ အခုလို ညကြီးလာပို့ပေးတာ ကျေးဇူးတင်လိုက်တာဗျာ”

လျိုရှင်း အံ့သြစွာ ပြန်မေးလိုက်သည်။

“ ဘာလာပို့ပေးတာလဲ”

အကြိမ်ကြိမ် ပြုလုပ်ပြီးသား အတွေ့အကြုံကြောင့် လုယန် စကားများများစားစား မဆိုတော့ဘဲ ချီစွမ်းအင်​ဖြင့် ဧရာမ လက်ဝါးတစ်ခု ဖန်တီးကာ၊ လျိုရှင်းကို စုပ်ကိုင်လိုက်သည်။

တပည့်အသစ်လေးကို စုပ်ယူပြီး ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကို အဆင့်တက်ဖို့ လုပ်နေသော လျိုရှင်းတစ်ယောက် တုံ့ပြန်ချိန်တောင် မရခဲ့ဘဲ ဧရာမ လက်ဝါးကြားမှာ ပိတ်မိသွားလေ၏။ ထို့နောက် ချက်ချင်းဆိုသလို ပြာဖြစ်သည်အထိ သန့်စင်ခံလိုက်ရပြီး.. မူလနတ်ချီမန္တာန်စာရွက်နှင့် ချီဝိညာဥ်တစ်သောင်း စာလိပ်သာ အောက်ကို ပြုတ်ကျလာလေ၏။

ထိုမြင်ကွင်းကြောင့် လုယန် အနည်းငယ် မှင်သက်သွားတော့သည်။

ပထမဆုံးဘဝမှာ အမုန်းတရားတွေ ဖြစ်စေခဲ့သော အနှီဂိုဏ်းတူအကိုက အခုတော့ သူ့ဘဝအဆက်ဆက်မှာ တည်ငြိမ်သော ထောက်ပံ့ရေးပစ္စည်းတစ်ခု ဖြစ်လာသည်။ ဤမူလနတ်ချီမန္တာန်စာရွက်ကလည်း အလွန်အသုံးဝင်သည်။

“ ကောင်းကင်ကံကြမ္မာကို ဖုံးကွယ်တဲ့အကြောင်း ပြောမှပဲ သတိရတော့တယ်။ ဟို ယွင်ဘိုးဘေးဆီမှာ ငါ့ထက်ပိုကောင်းတဲ့ ရတနာရှိနေတယ်လေ”

လုယန် နောက်ဆုံးဘဝတုန်းက ဂိုဏ်းကနေ အစောကြီးထွက်သွားခဲ့ရသည့်အတွက် ယွင်ဘိုးဘေးကို ဂရုမစိုက်နိုင်ခဲ့ချေ။

သို့ပေမဲ့ အခုက မတူတော့ဘူး။ သူက ဂိုဏ်းမှာပဲ နေပြီး စစ်မှန်တပည့်တစ်ယောက် ဖြစ်လာသည်အထိ တစ်ဆင့်ချင်း သွားဖို့ စဥ်းစားထား၏။

“ ယွင်ဘိုးဘေး လျှို့ဝှက်နယ်မြေထဲ ရောက်လာတာက ငါ့ကြောင့်မဟုတ်ဘဲ လျှို့ဝှက်နယ်မြေကို ပစ်မှတ်ထားတာ ပိုဖြစ်နိုင်တယ်။ သူ့ရဲ့ ရတနာက ရွှေအမြုတေကျင့်ကြံသူကိုတောင် ဖုံးကွယ်နိုင်စွမ်းရှိတယ်။ ငါသာအထဲဝင် အကွက်ချပြီး ရတနာကို ယူလိုက်နိုင်ရင် ငါ့အနာဂတ်လမ်းကြောင်းမှာ အများကြီး အကူအညီ ဖြစ်လာလိမ့်မယ်”

ထို့အပြင် လုယန် မမေ့သေးချေ။

ထိုအချိန်တုန်းက ယွင်ဘိုးဘေးက လျှို့ဝှက်နယ်မြေထဲဝင်ပြီး သူ့ကို အသားလွ​တ် ကြံစည်ခဲ့တာဖြစ်သည်။ သူသာ ဉာဏ်ပိုကောင်းပြီး ဖြေရှင်းနိုင်ခဲ့လို့ မဟုတ်လျှင် ကျင့်ကြံမှုပိတ်ဆို့ခံရပြီး အထဲမှာတင် သေသွားနိုင်ပါ၏။

ဤရန်ငြိုးက သေချာပေါက် မဖြစ်မနေ ဆပ်သင့်သည်။

လုယန် ချက်ချင်းပဲ ယွင်ဘိုးဘေးဆိုသော နာမည်ကို အနီမှတ်ပြထားလိုက်ပြီး ရန်သူတော်များအတွင်း စာရင်းသွင်းလိုက်တော့သည်။

လုယန်သည် လက်ရှိတွင် ဂူထဲမှာ ကြာပန်းပုံထိုင်နေခဲ့တာပင်။

သူ့အရှေ့မှာ အဖြူရောင်ချီဝိညာဥ်တစ်သောင်း စာလိပ်တစ်ခု ရှိသည်။ ထိုအရာက ဒျန်ထျန်အတွင်းမှာ သိမ်းဆည်းထားသော ချီဝိညာဥ်တစ်သောင်း စာလိပ်နှင့် မိုးနဲ့​မြေလို ကွာခြားသော ခံစားချက်ကို ပေးစွမ်းသည်။

လုယန် ချက်ချင်းပဲ တွက်ချက်လိုက်သည်။

လုယန် အဖြူရောင် ချီဝိညာဥ်တစ်သောင်း စာလိပ်ကို လှုတ်ယမ်းလိုက်ချိန်မှာ အထဲကနေ ချန်ရှီနန် ထွက်လာပြီး ဇဝေဇဝါ မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။

ထို့နောက် လုယန် ခရမ်းပုတ်ရောင်ချီဝိညာဥ်တစ်သောင်း စာလိပ်ကို လှုပ်ယမ်းလိုက်ပြန်ရာ၊ နောက်ထပ် ချန်ရှီနန်တစ်ကောင် ထွက်လာပြီး ဝိညာဥ်နှစ်ကောင် မျက်နှာချင်းဆိုင် ဖြစ်သွားကြသည်။

“ မင်းဘယ်သူလဲ”

“ မင်းကငါလား”

အသံနှစ်သံက တစ်ပြိုင်နက်ထဲ ထွက်လာကြပြီး နဂိုချန်ရှီနန်ဝိညာဥ်က ပိုအံ့သြနေဟန်ရှိသည်။ လုယန်နှင့် အတွေ့အကြုံအများကြီး ရပြီးသား ချန်ရှီနန်ကတော့ အလိုက်သင့်မေးလိုက်တာပင်။

လုယန်က ချန်ရှီနန်ကို တာဝန်ကြီးပေးဖို့ ဆုံးဖြတ်ထားမှတော့ အရင်ဦးဆုံး ထိုသူ၏ သစ္စာရှိမှုကို စစ်ဆေးဖို့ လိုအပ်လေသည်။ ထို့အပြင် သူက သူပိုင်ဆိုင်ထားသော ချန်ရှီနန်၏ ဝိညာဥ်မှာ စုနီလိုမျိုး ကန့်သတ်ချက်အများကြီးပါ ထားခဲ့သည်။ ထိုသူ သစ္စာဖောက်ဖို့ အတွေးတစ်ချက်ဝင်တာနှင့် အလိုအလျောက် ပျက်ဆီးရလိမ့်မည်။

“ လုပ်လိုက်”

လုယန် လက်တစ်ဖက်ယမ်းကာ အမိန့်ပေးလိုက်သည်နှင့် ချန်ရှီနန်က တုံ့ဆိုင်းမှုမရှိဘဲ မျက်စိရှေ့က ဝေဝါးနေဟန်ရသော သူ့ဝိညာဥ်ကို လက်ညိုးနှင့် ဖောက်ထွင်းပစ်လိုက်သည်။

သေဆုံးသွားသည့်အချိန်အထိ အဖြူရောင် စာလိပ်ထဲက ချန်ရှီနန်ခဗျာ ဘာကိုမှ နားမလည်နိုင်ခဲ့ချေ။

ဘယ်သူကသူ့ကိုသတ်သွားတာလဲ.. သူက ဘာလို့ အသတ်ခံလိုက်ရတာလဲ..

အလွန်ရှုတ်ထွေးစွာ သေဆုံးသွားခဲ့ရပြီးနောက် ထိုသူ ပိုင်ဆိုင်သမျှ ကံတရားတွေကို လက်ရှိ ချန်ရှီနန်က စုပ်ယူလိုက်သည်။ ချန်ရှီနန်၏ မျက်နှာက ပိုအသက်ဝင်လာ၏။

“ အခုကစပြီ မင်းက ချန်ရှီနန်အစစ်ပဲ”

.ယဥ်ကျေးနေသော စာလိပ်ဝိညာဥ်ကို ကြည့်ပြီး လုယန် ကျေနပ်စွာ ပြုံးလိုက်ကာ၊ မူလနတ်ချီမန္တာန်စာရွက်ဖြင့် တစ်ခါထဲ ဖုံးကွယ်ပေးလိုက်သည်။

ထိုအဆောင်စာရွက်မှာ လုယန်က ကိုယ်ပိုင်ချီစွမ်းအင်ပါ ထည့်ပြီး အားဖြည့်ထားသောကြောင့် ချန်ထိုက်ဟဲ အာရုံခံနိုင်တော့မှာ မဟုတ်ချေ။ လုယန်အတွက် ပိုပြီးအဆင်ပြေသွားသည်။ လိုအပ်လာလျှင် ချန်ရှီနန်က ချန်ထိုက်ဟဲကိုပါ သိမ်းသွင်းနိုင်လိမ့်မည်။

အကုန် အဆင်သင့်ဖြစ်သွားသောအခါ လုယန် ချန်ရှီနန်ကို အဝေးပို့လိုက်တော့သည်။

အဖြူရောင်ချီဝိညာဥ်တစ်သောင်း စာလိပ်ကိုတော့ လုယန် ဖျက်ဆီးပစ်လိုက်ပြီး သူ၏ကိုယ်ပိုင် စာလိပ်ထဲသန့်စင်ကာ အစွမ်းတိုးမြှင့်လိုက်သည်။

ထိုအချိန်တွင်.. ကောင်းကင်ပြုပြင်တောင်ထိပ်၏ လက်ဖက်ရည်ခြံဝန်းအတွင်း၌

ချန်ထိုက်ဟဲ မျက်နှာမကောင်းစွာ ထိုင်နေခဲ့သည်။ သူထိမ်းသိန်းထားခဲ့​သော ပန်းလုံအမွေအနှစ်ကို တစ်စုံတစ်​ယောက်က လုယူသွားခဲ့တာမလား။

“ စိတ်တိုစရာပဲ။ ပန်းလုံအမွေအနှစ်က ကျန်းရှီနယ်မြေရဲ့ ကျင့်ကြံမှုပုံစံဆိုပေမဲ့ ငါက ချန်အာကို စုပ်ယူနိုင်အောင်လို့ နိဗ္ဗာန်လမ်းကြောင်းမှာ ပျံသန်းနိုင်တဲ့ ဖီးနှစ်ခြောက်ကောင် ကျင့်ကြံရေးသိုင်းကို ကျင့်ခိုင်းထားပြီးသားပဲ။ အခု အခွင့်အရေးက လွတ်သွားပြီ။ ချန်အာအတွက် အခြေခံတည်ထောင်ခြင်းအခွင့်အရေးကို ငါဘယ်က သွားရှာပေးရတော့မှာလဲ”

ချန်ထိုက်ဟဲ ထပ်မံ သက်ပြင်းချလိုက်တော့၏။

“ ငါ့မှာဒီသမီးလေး တစ်​ယောက် ရှိတော့တာကို”

သူ၏တစ်ဦးတည်းသောသား ချန်ရှီနန်က တကယ်တော့ ချန်ထိုက်ဟဲ၏ တပည့်တွေကြားမှာ ဂုဏ်အယူရဆုံးဖြစ်သည်။ အသက်ငယ်ငယ်လေးနဲ့ ကြီးမြတ်သောနတ်အစွမ်းသိုင်းကို ကျင့်ကြံနိုင်ခဲ့ပြီး အောင်မြင်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

အချိန်ပေးလိုက်လျှင် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်လာပြီး ကောင်းကင်ပြုပြင်အဆင့်သုံးချီစွမ်းအင်အပြင် အခြေခံတည်ထောင်ခြင်းရတနာတစ်ခု၏ အပြင်ပိုင်းအထောက်အပံ့ကိုသာ ရရှိပါက၊ အဆင့်တက်ဖို့ သုံးဆယ်ရာခိုင်နှုန်း ရှိလာမှာ ဖြစ်သည်။ ထို့အပြင် နောက်ထပ် နှစ်ခြောက်ဆယ်နေလျှင် ကြုံရမည့် အမှောင်အလင်းစစ်ပွဲကြီးကြားမှာ နောက်ထပ် အဆင့်တက်ဖို့ တစ်ဆယ်ရာခိုင်နှုန်းကို ရနိုင်အုံးမည်။

သူ၏သားသည် အခြေခံတည်ထောင်ခြင်းမျိုးစေ့တစ်ဦး ဖြစ်သည်။

သို့ပေမဲ့ ပါရမီရှင်ကို ကောင်းကင်က မနာလိုလေသည်။ ရတနာရှာသော ဖြစ်စဥ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပြီး.. သူဘယ်လိုပဲ ရှာဖွေပါစေ၊ အဖြေထုတ်လို့ မရခဲ့ဘူး။ သားဖြစ်သူ အသက်ရှင်နေသေးသည် ဆိုသော ဝေဝါးဝါး ခံစားချက်ကိုသာ ရ​လေသည်။

“ ဟူး”

ချန်ထိုက်ဟဲ ထပ်မံ သက်ပြင်းချလိုက်သည်။ ထိုအချိန်မှာ ရုတ်တရက် လှုံ့ဆော်မှုတစ်ခုကို ခံစားလိုက်ရ၍ ချန်ထိုက်ဟဲ ခေါင်းထောင်သွားကာ ကံကြမ္မာကြိုးမျှင်တွေကို စတင် တွက်ချက်တော့သည်။

“ ဒါက.. ရှီနန်ရဲ့ ကံတရားမလား”

ချန်ထိုက်ဟဲ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ ကံကြမ္မာကြိုးမျှင်တွေမှတစ်ဆင့် အဆင့်ဆင့် အာရုံခံလိုက်ချိန်မှာ ကောင်းကင်ပြုပြင်တောင်ပေါ်ရှိ ဝေးလံသော ဂူတစ်ခုအတွင်းမှာ အဆုံးသတ်သွားခဲ့သည်။

ထိုဂူအတွင်းမှာ အလွန်အားနည်းနေသော ဝိညာဥ်တစ်ခုက ပျောက်ကွယ်လုအနေအထားဖြင့် ရှိနေ၏။

အသိစိတ်ပါ လွင့်မြောလုနီးပါး ဖြစ်နေပြီး စက္ကန့်ပိုင်းအတွင်း ဝိညာဥ်လွင့်ပေတော့မည်။ နောက်ဆုံး ဆန္ဒလေးတစ်ခုသာ လေထဲမှာ ပျံ့လွင့်လာသည်..

“ အဖေ..သားကို ခွင့်လွှတ်ပါ”

ဝုန်း

ချန်ထိုက်ဟဲ ချက်ချင်းပဲ ဟင်းလင်းပြင် တံခါးပေါက်ကတစ်ဆင့် ထိုနေရာကို သွားလိုက်ကာ၊ အပေါက်ရောက်သည်နှင့် ပျောက်ကွယ်လုနီးပါး ဝိညာဥ်ကို အတင်းအကျပ် စုဝေးလိုက်သည်။.

ချန်ထိုက်ဟဲ၏ အနောက်မှာ ရေသူထီးတစ်ကောင် ထွက်လာသည်။

..ကြေးနီခွံအင်းကွက်..

ထိုကမ္ဘာ့စွမ်းအင်ကြောမှတစ်ဆင့် ဖန်တီးထားသော အင်းကွက်က သတ္ထုဓာတ် အဓိကပါဝင်ပြီး သေဆုံးနေသော ရေဓာတ်ကို ပြန်ခေါ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် အသုံးပြုလိုက်လျှင် သေခြင်းတရားထဲမှ အသက်ဓာတ်ကို ရှာဖွေနိုင်၏။

အရင်ဘဝတုန်းက ချန်ထိုက်ဟဲတစ်ယောက်.. သားဖြစ်သူက မျက်စိရှေ့မှာ သေဆုံးသွားလျှင်တောင်မှ ပြန်စုဝေးနိုင်သည်ဟု ယုံကြည်ချက် ရှိရှိ ပြောခဲ့ခြင်းမှာလည်း ဤ အကြောင်းအရင်းကြောင့် ဖြစ်ပေသည်။ ဘယ်လောက် ပြင်းထန်သည့် ဒဏ်ရာရနေပါစေ ကြေးနီခွံအင်းကွက်ဖြင့် အန္တရာယ်ကို ပြောင်းလဲလို့ရသည်။

ကျင့်ကြံမှုမြင့်လေလေ၊ အကျိုးထူးလေလေပင်။

ချန်ထိုက်ဟဲ၏ အလယ်နယ်ပယ် ကျင့်ကြံမှုဖြင့် အင်းကွက်အစွမ်းကို အခြေခံပြီး ချန်ရှီနန်၏ ဝိညာဥ်ကို ပြန်စုဝေးရတာက အသေးအဖွဲ့လေးသာ ဖြစ်သည်။

…..

All Chapters