အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
Ch 107
(စစ်မှန်တပည့်တစ်ယောက် ဖြစ်လာခြင်း)
တစ္ဆေတစ်သောင်း၏ အလယ်ရှိ အရိုးတောင်၏ ဗဟိုချက်တွင် လုယန် လက်တစ်ဖက်မှာ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ကိုင်ထားကာ၊ ကြာပန်းပုံထိုင်ပြီး ဝင်လေထွက်လေ မှတ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်တွေက ပြည့်ဝစွာ ထွက်ပေါ်နေ၏။
တစ်ချိန်ထဲမှာ တစ္ဆေခန်းမ၏ အပေါ်တည့်တည့်ကို တောက်ပသော အလင်းတစ်ခု ဝင်ရောက်လာသည်။
အဆုံးမှာ ထိုအလင်းက ယန်ရှန်းအဖြစ် ပြောင်းလဲသွားသည်။ ယန်ရှန်းက ရောက်လာသည်နှင့် မျက်စိမှိတ်ကျင့်ကြံနေသော လုယန်၏ ကံတရားကို တိတ်တဆိတ် တွက်ချက်တော့သည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သူ မှင်သက်သွားလေသည်။
လုယန်သည် ကံတရားကို မဖုံးကွယ်ထားခဲ့ဘဲ အများစုကို ဖွင့်ပြထားသောကြောင့် ယန်ရှန်း တော်တော်လေး မှင်သက်သွားခဲ့သည်။
“ မင်းက..လုယန်လား”
သူ၏တွက်ချက်မှုအရ ဤလုယန်သည် လွန်ခဲ့သောဆယ်နှစ်ကမှ ဂိုဏ်းထဲဝင်လာသူ ဖြစ်သည်။ သို့ပေမဲ့ ချီသန့်စင်ခြင်းပြီးပြည့်စုံ သန်မာမှုကို ပိုင်ဆိုင်ထား၏။ ထိုအထိ လက်ခံပေးလို့ရပါသည်။ သို့ပေမဲ့ ထိုလုယန်က ကြီးမြတ်သောနတ်အစွမ်းပါဝင်သည့် သိုင်းတစ်ခုကိုပါ ကျွမ်းကျင်နေသေးသည်။ ဒါက အရမ်းကိုဆန်းကြယ်လွန်းပြီး သာမာန်နောက်ခံရှိသော တပည့်တစ်ယောက်အတွက် မဖြစ်နိုင်သော ကိစ္စပဲ။
အချိန်အကြာကြီးနေပြီးနောက်မှာ ယန်ရှန်း အဖြေထုတ်နိုင်သွားသည်။
“ မေးပါရစေ၊ ဒီဘက်က မိတ်ဆွေက ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ ဘယ်အမတသခင် ပြန်မွေးဖွားတာလဲ”
လုယန်, “.....”
လုယန် မဖြေနိုင်ခင်မှာပဲ ရွှမ်မင်က ရုတ်တရက် ထွက်လာကာ မျက်နှာကိုမဲ့ပြီး ဝင်ဖြေလာသည်။
“ ဘာကို ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ အမတသခင်လဲ။ ဒါကငါ့ရှေးဟောင်းကဝေဂိုဏ်းရဲ့ ဆက်ခံသူကွ”
“ ရှေးဟောင်းကဝေဂိုဏ်းဟုတ်လား”
ယန်ရှန်း ထပ်မံထိတ်လန့်သွားသည်။ သူလက်ချောင်းတွေချိုးပြီး တွက်ချက်ပြန်၏။ ထို့နောက် ရွှမ်မင်ကို အံ့သြစွာကြည့်လိုက်ပြီး..
“ ခင်ဗျားက ရှေးဟောင်းကဝေဂိုဏ်းရဲ့ နောက်ဆုံးဂိုဏ်းခေါင်းဆောင် ရွှမ်မင်လား”
“ ခြောက်ယောက်မြောက် ခေါင်းဆောင်ပဲ၊ နောက်ဆုံးခေါင်းဆောင် မဟုတ်ဘူးကွ”
ရွှမ်မင်က မကျေမနပ်ဖြစ်သွားပြီး လေသံမှာလည်း အေးစက်သွားသည်။ နောက်ဆုံးဆိုသော စကားကို ဒေါသထွက်သွားတာ သိသာလှ၏။
“ ငါ့ရဲ့ရှေးဟောင်းကဝေဂိုဏ်းက နှစ်သောင်းချီကြာအောင် ရှင်သန်ခဲ့ပြီး ဘယ်တုန်းကမှ မကျရှုံးခဲ့ဘူး။ လုယန်က ငါ့မျိုးဆက်ပဲ။ သူကမင်းတို့ဂိုဏ်းထဲဝင်ပြီး ခိုလှုံနေရုံတင်ကွ”
“ အိုး..”
ယန်ရှန်း ထိုစကားကြောင့် အံ့သြသွားခဲ့ပြီး မိနစ်အနည်းငယ်ကြာမှသာ သဘောပေါက်သော မျက်လုံးတွေ ဖြစ်သွားသည်။ ထိုသို့ဆိုလျှင် လုယန်၏ လျှင်မြန်လွန်းသော တိုးတက်နှုန်းက ဖြစ်နိုင်ချေရှိပါသည်။
ထို့နောက် ယန်ရှန်းက လုယန်ဘေးရှိ စုနီကို ကြည့်လိုက်ပြန်သည်။ တကယ်တော့ သူ မတိုက်ခိုက်ရသည့် အဓိကအကြောင်းအရင်းက သူမကြောင့်သာ ဖြစ်သည်။
‘ အခြေခံတည်ထောင်ခြင်းခန္ဓာကိုယ်နဲ့လား'
သူမကသာ ရှေးဟောင်းကဝေဂိုဏ်း၏ အခြေခံဖြစ်လျှင် သူမအကူအညီနဲ့ လုယန်က ကြီးမြတ်သောနတ်အစွမ်းကို တတ်မြှောက်ခဲ့တာ ဖြစ်နိုင်သည်။
ထိုသို့သိုင်းမျိုး၏ ခက်ခဲမှုက ချီသန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိပြီး အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်သွားတာနှင့် မပြောပတော့ချေ။ သို့ပေမဲ့ လုယန်က ထိုသိုင်းကို ဘယ်လိုရခဲ့တာလဲ။
ယန်ရှန်း တွက်ချက်နေရင်းမှ ရုတ်တရက် လမ်းကြောင်းပြောင်းကာ ကိုယ့်ကိုယ်ကို ပြန်တွက်ချက်ရတော့သည်။ ထို့နောက်..
“ မင်းက ငါ့မြစ်သုံးသွယ်အဖွဲ့ရဲ့ အဖွဲ့ဝင်လား”
ယန်ရှန်း၏ ပြောင်းလဲသွားသော မျက်နှာထားကို လုယန် တည်တည်ငြိမ်ငြိမ်လေးပဲ ကြည့်နေလိုက်သည်။
သူ၏ သိုင်းတွေအားလုံးထဲမှာမှ ယန်ရှန်း အာရုံခံလို့ရမည့်သိုင်းက တစ်ခုထဲပဲရှိသည်။ ထိုကောင်းကင်နတ်ဘုရားဒုက္ခအလင်းသိုင်းကို မြစ်သုံးသွယ်အဖွဲ့မှ သူလက်ခံခဲ့သည်ပဲ။
အခုတွက်ချက်လိုက်ချိန်မှာ အကုန်ထွက်ပေါ် လာလိမ့်မည်။ သူ၏လုပ်ဆောင်ချက်တွေက ရိုးသားပါသည်။ သူက စာချုပ်ပါ ချုပ်ပြီးသည့်အတွက် အခုဆို ယန်ရှန်း၏ လူတစ်ယောက် ဖြစ်လာခဲ့ပြီ။
သူ၏တစ်ခြားစွမ်းရည်တွေကတော့ စစ်မှန်တပည့် ဖြစ်လာပြီးနောက် နေရာတစ်ခု ရလာမှပဲ ထုတ်ပြလိုက်လျှင် သံသယ ဝင်ခံရတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူအမြန်ဆုံး စစ်မှန်တပည့်တစ်ယောက် ဖြစ်လာဖို့ လိုအပ်သေးသည်။
စစ်မှန်တပည့်တစ်ယောက် ဖြစ်လာချင်လျှင် ဂိုဏ်းထဲက အမတသခင်တစ်ယောက်၏ ထောက်ခံမှုလိုအပ်သည်။ ထိုထောက်ခံမှုကို ရခဲ့လျှင် ဂိုဏ်း၏ယုံကြည်မှုကို ရလိုက်တာနှင့် အတူတူပဲ။
တစ်နည်းပြောရလျှင် နောက်ခံပေါ့… နောက်ခံမရှိလျှင် ကိုယ်က သူများ၏ အသုံးချခံပဲ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် လုယန်က ရှေးဟောင်းကဝေဂိုဏ်း၏ နောက်ဆုံးဆက်ခံသူဆိုသော သူ၏တန်ဖိုးကို ခိုင်မာစွာ ထုတ်ပြလိုက်သည်။
“ အကိုကြီးကိုပြန်ဖြေပါတယ်။ အဲ့ဒါအမှန်ပဲ”
လုယန် လေးစားစွာ ဆက်ပြော၏။
“ အမဖေးရှ ကျုပ်ကို ဖိတ်ခေါ်ခဲ့တာပါ။ ကျုပ်အရင်တုန်းက အဲ့ဒီကိစ္စကို ဖုံးကွယ်ခဲ့တာမလို့ အကိုကြီးကို အပြစ်မမြင်စေလိုပါဘူး”
“ ဒီလိုပေါ့လေ”
ယန်ရှန်းက လုယန်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီးမှ မေးလိုက်သည်။
“ ဒါဆို မင်းဆက်ဖုံးကွယ်ထားလို့ ရသေးရက်နဲ့ ဘာလို့ ဖော်ထုတ်ပစ်လိုက်ရတာလဲ။ မင်းက မင်းရဲ့ ရှေးဟောင်းကဝေဂိုဏ်းကို ပြန်တည်ထောင်ချင်နေတာလား”
ယန်ရှန်းသည် လုယန်၏သရုပ်ကိုတော့ သံသယမဝင်ခဲ့ချေ။ အနည်းဆုံးသူ၏ တွက်ချက်မှုက လုယန်၏ဘေးမှာ ရှေးဟောင်းကဝေဂိုဏ်း၏ နောက်ဆုံးဂိုဏ်းခေါင်းဆောင် ရွှမ်မင်ရှိနေမှန်း ပြောထားသည်။ ရွှမ်မင်ကိုယ်တိုင်က လုယန်ကို အတည်ပြုပေးမှတော့ သူက သံသယဝင်နေစရာလား။ လုယန်လိုမျိုး ချီသန့်စင်ခြင်းသာရှိသေးသော ကျင့်ကြံသူက ရွှမ်မင်ကိုတော့ မလှည့်စားနိုင်လောက်ဘူးလေ..
“ အကိုကြီးအထင်မှားနေပြီ”
လုယန် ခေါင်းယမ်းကာ ဆက်ပြောလိုက်၏။
“ ကျုပ်က ရှေးဟောင်းကဝေဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့ပေမဲ့ အခုလက်ရှိမှာ ရှေးဦးသူတော်စင်ဂိုဏ်းသားတစ်ယောက်ပဲ။ ဂိုဏ်းကနေ ခွဲထွက်ပြီး သီးသန့်ဂိုဏ်းတစ်ခု တည်ထောင်ဖို့ စိတ်ကူးမရှိပါဘူး”
“ ရှေးဟောင်းကဝေဂိုဏ်းရဲ့ အမွေအနှစ်ကိုလဲ ရှေးဦးသူတော်စင်ဂိုဏ်းကို မျှဝေချင်ပါတယ်”
“ ..အိုး”
ယန်ရှန်းတစ်ယောက် ရွှမ်မင်ကို လှည့်ကြည့်လိုက်သည်။ ဘာတုံ့ပြန်ချက်မှ ပြမလာသော ရွှမ်မင်ကြောင့် သူ ဇဝေဇဝါ ဖြစ်သွားတော့၏။ လုယန်နှင့်ထိုသူ ကြိုတင်ဆွေးနွေးထားကြသလား သူသေချာ မသိတော့ပေ။
နှစ်ပေါင်းထောင်ချီကြာပြီးနောက်မှာ ရွှမ်မင်လဲ အသိတရားတစ်ချို့ရခဲ့သည်။ အမွေအနှစ် ကျန်ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ.. ဂိုဏ်း၏ ဆက်လက်ရှင်သန်ရေးသည်သာ အဓိက ဖြစ်၏။ သူတို့အနေနှင့် အင်အားကြီး အကာအကွယ်တစ်ခု လိုချင်လျှင် ဒါက ပေးသင့်သော တန်ကြေးတစ်ခုပဲ။
“ စိတ်ဝင်စားစရာပဲ”
ယန်ရှန်းတစ်ယောက် လုယန်ကို အပြုံးမမည်သော အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။
“ မင်းက ရှေးဟောင်းကဝေဂိုဏ်းရဲ့ အမွေအနှစ်ကို အသုံးပြုပြီး အမြင့်ကို တက်ချင်နေတာပေါ့”
“ မရလို့လား” လုယန် ပြန်မေးလိုက်သည်။
“ ဟားဟားဟား၊ ရတာပေါ့.. သေချာပေါက်ရတယ်”
ယန်ရှန်း စိတ်လိုလက်ရ ရယ်မောလိုက်ပြီးနောက် မျက်လုံးထဲက သံသယတွေလဲ ပျောက်ကွယ်သွားကာ၊ လုယန်ကို လက်ခံစွာ ကြည့်လိုက်၏။
“ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်ဆိုတဲ့ အတိုင်းပဲ”
ရှေးဦးသူတော်စင်ဂိုဏ်းမှာ.. လူတစ်ယောက်၏ ကံကြမ္မာကိုလဲမကြည့်ဘူး၊ ပြန်မွေးဖွားခြင်းကိုလဲ ဂရုမစိုက်ဘူး၊ နောက်ခံကိုလဲ မကြည့်ဘူး၊ မင်းမှာသာ တန်ဖိုးရှိသရွေ့ ရသည်။
မင်းမှာတန်ဖိုးရှိနေသရွေ့ ရှေးဟောင်းကဝေဂိုဏ်း၏ ဆက်ခံသူမကလို့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ဆက်ခံသူ ဖြစ်နေလျှင်တောင် ဂရုမစိုက်ပါချေ။
ယန်ရှန်း ချက်ချင်းပဲ လုယန်၏ ဆိုလိုရင်းကို နားလည်စွာ မေးလိုက်သည်။
“ မင်းက စစ်မှန်တပည့် ဖြစ်လာချင်တာလား”
လုယန် ချက်ချင်း လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်သည်။
“ အကိုကြီးက သေချာသိတာပဲ”
“ ငါသဘောတူပေးလို့ရတယ်”
ယန်ရှန်းက အပြုံးတစ်ခုနှင့် ဆက်ပြောသည်။
“ မင်းက ရှေးဟောင်းကဝေဂိုဏ်းရဲ့ အမွေအနှစ်ကို ပေးဖို့တောင် ဆန္ဒရှိတာပဲ။ မင်းကို စစ်မှန်တပည့်တစ်ယောက်ဖြစ်လာဖို့ ငါထောက်ခံပေးလို့ရပါတယ်”
လုယန်ကို ကြည့်နေသော ယန်ရှန်း၏ အကြည့်တွေလည်း ပြောင်းလဲသွားသည်။ နဂိုက သူစိမ်းဆန်သော အကြည့်များက.. လုယန်က မြစ်သုံးသွယ်အဖွဲ့ထဲကို ဝင်ထားပြီး သူကိုယ်တိုင် ထောက်ပံ့ပေးမည်လို့ ဆုံးဖြတ်လိုက်သည်နှင့် ပျိုးထောင်ပေးဖို့လိုအပ်သော ညီငယ်လေးတစ်ယောက်ကို ကြည့်နေသလို ပြောင်းလဲသွား၏။
‘ ငါနဲ့ အကိုကြီးချုံကွမ်နဲ့က နှစ်ရှစ်ဆယ်နေရင် အဲ့ဒီနေရာကိုသွားဖို့ သဘောတူထားတာနဲ့ ကွက်တိပဲ'
ယန်ရှန်းအနေနှင့် လျိုဝူယန်းကို တော်တော်လေး သဘောတွေ့သော်လည်း၊ အခြေခံတည်ထောင်ခြင်းကို အဆင့်တက်ခြင်းက သေရေးရှင်ရေးအပေါ် မူတည်နေသည့်အတွက်၊ လျိုဝူယန်းတစ်ယောက်ထဲကိုပဲ အားကိုးလို့ မရပါချေ။ တစ်ခြားအစားထိုး ရှာထားလည်း မမှားဘူး။
ထို့အပြင် လုယန်က လျိုဝူယန်းထက်တောင် ပိုအရည်အချင်းရှိသေး၏။
“ ကျေးဇူးပါအကိုကြီး”
လုယန် အရိုအသေပေးပြီးသည်နှင့် စိတ်ထဲမှာ တစ်ခါထဲ စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်၏။ အခုတော့ သူသည် စစ်မှန်တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီ။
သို့ပေမဲ့ ဒါကနာမည်တစ်ခုသာ ဖြစ်သေးပြီး တကယ့်နောက်ခံတော့ မရသေးချေ။ သူအခုထိ ဂိုဏ်း၏ယုံကြည်မှုကို မရသေးဘူး။ ထိုအတွက် အချိန်အများကြီး လိုအပ်အုံးမည့်ပုံပင်။
‘ဒါပေမဲ့ အရေးမကြီးပါဘူး'
‘ အခု ငါလိုတဲ့တစ်ခုတည်းသောအရာက အချိန်ပဲ'
တိမ်ပင်လယ်ထဲက ရှေးဦးသူတော်စင်ဂိုဏ်းတွင်..
အထွဋ်အမြတ်မီးချောက်ကမ်းပါးသည် ဂိုဏ်းခေါင်းဆောင်နေထိုင်ရာ နေရာဖြစ်ပြီး၊ တစ်ခြားသော အမတအရှင်များလည်း တံခါးပိတ်ကျင့်ကြံနေကြသည်။ ထိုနေရာကို တာဝန်ကျ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ချုံကွမ် တစ်ဦးတည်းသာ ဝင်ခွင့်ရှိ၏။
ထိုအချိန်တွင် သူရဲကောင်းဆန်သော အရှိန်အဝါများနှင့် ချုံကွမ်က တိတ်ဆိတ်သော အခန်းတစ်ခုရှေ့မှာ ရပ်နေရင်းမှ လက်ချိုးတွက်ချက်နေ၏။
‘ အချိန်ကျတော့မယ်'
အချိန်ဘယ်လောက်ကြာသွားသည် မသိ၊ ချုံကွမ် နောက်ဆုံးတော့ ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ တစ်ချိန်ထဲမှာ သူ့အရှေ့က အခန်းအတွင်းမှ ခပ်တိုးတိုးညည်းသံတစ်ခု ထွက်ပေါ်လာပြီး၊ ကျက်သရေရှိသော ပုံရိပ်တစ်ခု တစ်လှမ်းချင်း ထွက်လာသည်။
“ အရှင်မဖေးရှုကို ဂါရဝပြုပါတယ်”
ချုံကွမ်က အပိုစကားတစ်ခွန်းမှ မဆိုဘဲ အရိုအသေပြုလိုက်သည်။
“ထပါ”
နူးညံ့သော အသံကိုပြန်ကြားမှပဲ ခေါင်းပြန်ဖော်လိုက်၏။
“ ယဥ်ကျေးနေဖို့ မလိုပါဘူး။ မင်းရဲ့ကျင့်ကြံဆင့် ဘယ်လိုနေလဲ ချုံကွမ်”
“ အနည်းငယ်သော တိုးတက်မှုရှိပါတယ်ဗျ”
ချုံကွမ်က တည်ငြိမ်စွာ ဆက်ပြောသည်။
“ လွန်ခဲ့တဲ့ ရက်တစ်ချို့ကမှ ကျုပ်ရဲ့ နောက်ဆုံးလမ်းကြောင်းကို ပြီးမြှောက်ခဲ့တာပါ။.အမြုတေတည်နေရာကို ရယူဖို့ပဲ ကျန်ပါတော့တယ်”
“ သံမီးဖိုအင်းကွက်က ပြီးသွားပြီလား”
ဖေးရှု ချက်ချင်း ပျော်ရွှင်သွားသည်။
“ သံမီးဖိုးအင်းကွက်က ဒါလောင်ဆေးလုံးကြီးနဲ့ သက်ဆိုင်တယ်။ ဒါဆို မင်းရဲ့ တာအိုလမ်းကြောင်းမှာ ယဲ့ဖန်းဆေးလုံးကြီး၊ ကျစ်ရှုဆေးလုံးကြီး၊ ကျန်းမန်ဆေးလုံးကြီး ရှိပြီးသားဆိုတော့ မင်း ဆေးလုံးကြီး လေးလုံး လုံး.ပြည့်သွားပြီ။ မီးအိမ်ရှင်တည်နေရာက မင်းရဲ့လက်တစ်ကမ်းမှာပဲ”
“ မင်း ဘယ်အချိန် အဆင့်တက်ဖို့ စီစဥ်ထားလဲ”
“ ကျုပ် အချိန်ယူရအုံးမှာပါ” ချုံကွမ် ခေါင်းယမ်းလိုက်သည်။
“ ဖေကံကောင်းက မသေသေးဘူး။ သူ့အနောက်မှာ ထောက်ပံ့နေတဲ့ အမတအရှင်တစ်ယောက်လဲ ရှိသေးတယ်။ ကျုပ် အလျင်စလို လုပ်လိုက်မိရင် အောင်မြင်ဖို့ ခက်ခဲသွားပါလိမ့်မယ်”
“ ဒါကြောင့် တည်နေရာနားကို ပိုတိုးနိုင်ဖို့ ကျုပ်စီစဥ်ထားပါတယ်”
“ အိုး” ဖေးရှုအနည်းငယ်.အံ့သြသွားပြီးမှ ခေါင်းညိတ်လိုက်သည်။
“ ဟုတ်ပြီ၊ မင်းရဲ့ကျင့်ကြံမှုနဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့ အကူအညီတော့ လိုလိမ့်မယ်”
“ ကျုပ် ရွေးချယ်ထားတဲ့သူတွေ ရှိပါတယ်” ချုံကွမ် ခေါင်းညိတ်ပြလိုက်သည်။
ဖေးရှုလဲ အများကြီးထပ်မမေးတော့ချေ။
“ မင်းရဲ့နည်းလမ်းကို တို့အမြဲတမ်း.ယုံကြည်ပြီးသားပါ။ ဒါပေမဲ့ ဒီတစ်ခေါက် တို့အပြင် ထွက်လာတာက တာအိုတိုက်ပွဲအတွက်ပဲ”
“ တာအိုတိုက်ပွဲလား၊ မစောလွန်းဘူးလားဗျ” ချုံကွမ် အနည်းငယ် မှင်သက်သွားသည်။
ဖေးရှု ခေါင်းယမ်းလိုက်ကာ
“ မဟာကပ်ဘေးက နီးကပ်လာနေပြီး ကောင်းကင်ကြယ်တွေလဲ စည်းချက်မမှန်တော့ဘူး။ ဒါက ကြိုတင်ခန့်မှန်းပြီးသားပါ။ စစ်မှန်တပည့်တွေကို ဆင့်ခေါ်လိုက်တော့”
“ ..ဟုတ်ကဲ့”
ချုံကွမ် ခေါင်းညိတ်လိုက်ပေမဲ့ အနည်းငယ် စိတ်ပူနေသော အရိပ်အယောင်က မျက်လုံးအတွင်းမှာ အထင်းသားမြင်နေရသည်။
လွန်ခဲ့သောဆယ်နှစ်ကဆိုလျှင် သူစိတ်ပူမိမှာ မဟုတ်ဘူး။ ထိုအချိန်က ယန်ရှန်းက အခြေခံတည်ထောင်ခြင်းကို အဆင့်မတက်သေးသည့်အတွက် သူတစ်ယောက်ထဲနှင့် တိုက်ခိုက်အားကောင်းသည်။
သို့ပေမဲ့ အခု ယန်ရှန်းက အဆင့်တက်ခဲ့ပြီ။
တစ်ခြားအရည်အချင်းရှိ စစ်မှန်တပည့်တွေ ရှိပေမဲ့ သူတို့တွေက တောင်ပိုင်း၏ နေရာအသီးသီးမှာ နေရာချထားပေးပြီး ဖြစ်သောကြောင့် အလွယ်တကူ ပြောင်းရွှေ့လို့မရပေ။
ပြောင်းရွှေ့လို့ရသော စစ်မှန်တပည့်ထဲမှာလည်း အံ့ဖွယ်အရည်အချင်းရှိပြီး ရလဒ်ကောင်းကို ထုတ်ပေးနိုင်သော စစ်မှန်တပည့်မှာ တစ်ယောက်သာရှိ၏။
ထိုအကြောင်းအရင်းကြောင့်ပဲ ရန်သူဘက်က တာအိုတိုက်ပွဲအတွက် အချက်ပြလာတာ ဖြစ်ပေမည်။ ရှေးဦးသူတော်စင်ဂိုဏ်း၏ အာဏာကို မှေးမှိန်အောင် ကြိုးစားနေကြတာပင်။
“ ဒီတစ်ခေါက် ရှေးဦးသူတော်စင်ဂိုဏ်းဘက်က ရှုံးတော့မှာပဲ”
ထိုအတွေးကြောင့် ချုံကွမ် မနေနိုင်စွာ သက်ပြင်းချလိုက်သည်။
…..
Ch 108
( စစ်မှန်တပည့်)
အထွဋ်အမြတ်မီးချောက်ကမ်းပါး အောက်တွင်..
အမဲရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် တရားထိုင်နေခဲ့သည်။ ထိုသူ၏ မျက်နှာက မည်းမှောင်နေကာ.. ဝင်လေထွက်လေ မှတ်ရင်း အချိန်အကြာကြီးနေပြီးနောက်တွင် အပေါ်က တိမ်စိုင်တွေကို မော့ကြည့်လိုက်၏။
ဝုန်း
တိမ်စိုင်တွေ လှုတ်ခတ်လာခဲ့ပြီး တန်ပြန်စွမ်းအင်လှိုင်းတစ်ခုက တရားထိုင်နေသော လူငယ်အပေါ် သက်ရောက်လာသည်။
ထိုလူငယ်၏ မျက်လုံးထဲ အလင်းရိပ်တစ်ချို့ ဖြတ်ပြေးသွားပြီး သူ၏နတ်စွမ်းအင်ကို အဆုံးအစွန် ဖွင့်ချလိုက်သည်။ သူ အသည်းအသန် ကျင့်ကြံထားရသော ကောင်းကင်အပ်ကြောင်းစစ်မှန်ချီက အရှေ့ ပြေးသွားပြီး.. လာတိုက်ခိုက်နေသော တိမ်လှိုင်းကို.တည်ငြိမ်စေလိုက်သည်။
သို့ပေမဲ့ ထိုသူ အသက်မရှုနိုင်ခင်မှာပဲ နောက်ထပ် လှိုင်းလုံးတစ်ခု ထွက်လာပြန်၏။
“ လာစမ်းပါ”
ထိုလူငယ် ရွတ်ဆိုလိုက်သည်နှင့်.. ကောင်းကင်အပ်ကြောင်းချီက ဓား၊ လှံ၊ ချွန်း.. စသည်ဖြင့် မျိုးစုံသော လက်နက်တွေအဖြစ် ပြောင်းလဲပြီး ဒုတိယတိမ်လှိုင်းနှင့် ထိပ်တိုက်တွေ့လိုက်သည်။
ဘန်း
ကျယ်လောင်သော အသံအပြီးမှာ လူငယ်၏ မျက်နှာက အနည်းငယ် နီရဲသွားကာ ခြေတစ်လှမ်း အနောက်ဆုတ်သွားသည်။ သို့ပေမဲ့ ဒုတိယမြောက် တိမ်လှိုင်းကိုတော့ အောင်မြင်စွာ ဖိနှိပ်လိုက်နိုင်သည်။
သို့တိုင်အောင် တိမ်စိုင်တွေက လက်မလျော့သေးချေ။ လူငယ်ကျင့်ကြံနေသော ကောင်းကင်အက်ကြောင်းချီက ကောင်းကင်နှင့်မြေကြီး၏ အဆီအနှစ်ကို စုပ်ယူနိုင်သောကြောင့် တိမ်စိုင်တွေကို ရန်စသလို ဖြစ်နေ၏။ တိမ်စိုင်တွေက ပိုမိုကြမ်းတမ်းလာကာ၊ တတိယမြောက်အကြိမ်တွင် လှိုင်းလုံးသုံးလုံးဖြင့် နှစ်ဖက်ညှပ်တိုက်တော့၏။
“ ဟမ့်”
ဒီတစ်ခေါက်တော့ ထိုလူငယ် စိတ်မအေးနိုင်တော့ပေ။ သူ့မျက်နှာက ချက်ချင်းရဲတောက်သွားကာ တိမ်စိုင်တွေကြားထဲက ကုန်ဆုံးစပြုလာသော စစ်မှန်ချီကို သတိထားမိလိုက်သည်။
နှစ်ဖက်လုံးက ဘယ်ဘက်ကမှ အနိုင်မရကြချေ။
ထိုမြင်ကွင်းကြောင့် လူငယ် နောက်ဆုံးတော့ အံတင်းတင်းကြိတ်လိုက်ပြီး လက်ဟန်ပြောင်းလိုက်ကာ တိမ်စိုင်တွေထဲ ပို့ထားသော ကောင်းကင်အက်ကြောင်းစစ်မှန်ချီကို ပြန်ရုတ်သိမ်းလိုက်သည်။
ထိုသူ အစွမ်းရုတ်လိုက်သည်နှင့် တိမ်လှိုင်းတွေလည်း အားနည်းသွားကာ၊ နောက်ဆုံးလုံးဝ ပျောက်ကွယ်သွားသည်။
ဟူး
အမဲရောင်ဝတ်လူငယ် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သို့ပေမဲ့ စွမ်းအင်ကုန်ခမ်းသွားသော ခန္ဓာကိုယ်က လေတိုက်ဒဏ်ကိုပင် မခံနိုင်တော့ဘဲ ယိမ်းနွဲ့လာ၏။ သူချက်ချင်း လှေငယ်တစ်ခု ဖန်တီးလိုက်ပြီး တိမ်စိုင်တွေနှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။ ထို့နောက် ကုသဆေးတစ်လုံးသောက်ကာ၊ အသက်ရှုလည်ပတ်မှုကို ပြန်ကျင့်ကြံရ၏။ အချိန်အနည်းငယ် နေပြီးမှသာ နဂိုအခြေအနေကို ပြန်ရောက်လာခဲ့သည်။
ထိုအချိန်မှာပဲ ကောင်းကင်ထက်က အလင်းတစ်ခု ကျလာသည်။
ထိုအလင်းက ချောမောသော လူငယ်တစ်ယောက်အဖြစ် ပြိုကွဲသွားသည်။ ပိုးနဖူးစည်းနှင့် အမွှေးယပ်တောင် ကိုင်ထားသော ထိုလူငယ်က လှေငယ်အစွန်းမှာ ရပ်နေပြီး ပြုံးပြလာသည်။
“ ထျန်းဟဲ မင်းတိုးတက်လာတာပဲ”
“ ဒီ အထွဋ်အမြတ်မီးချောက်ကမ်းပါးကို ဝန်းရံထားတဲ့ ချိန်ခွင်တိမ်ထုရဲ့ သဘောတရားက ကိုယ်ထုတ်လိုက်တဲ့အစွမ်းထက် ပိုအားကောင်းတဲ့ တိမ်လှိုင်းတွေ ထုတ်လွှတ်ဖို့ပဲ”
“ သာမာန်ချီသန့်စင်ခြင်းပြီးပြည့်စုံ နယ်ပယ် ကျင့်ကြံသူတွေဆို ပုံမှန် တိမ်လှိုင်းတစ်ခုပဲ ခံနိုင်ရည်ရှိကြတာ”
“ အဆင့်သုံးချီစွမ်းအင်ရှိတဲ့ ငါတို့စစ်မှန်တပည့်တွေကြားထဲမှာတောင်မှ တိမ်လှိုင်းနှစ်ခုအပြင် ခံနိုင်တဲ့သူ သိပ်မရှိဘူး။ တိမ်လှိုင်းသုံးခုကိုခံနိုင်ရင် အဲ့လူက ဆရာကြီးပဲ။ ဒါပေမဲ့ ထျန်းဟဲ မင်းက လေးခုတောင်ခံနိုင်တယ်။.တကယ်ကို ထူးချွန်တာပဲ”
ထိုလူ၏ ချီးကျူးမှုကို အမဲရောင်ဝတ်လူငယ် ချင်ထျန်းဟဲက တော်တော်လေး ကျေနပ်သွားပေမဲ့ ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။
“ ကျုပ်က နှစ်အနည်းငယ် ပိုကျင့်ကြံခွင့် ရခဲ့ရုံပါပဲ”
“ ကျုပ် စစ်မှန်တပည့်တစ်ယောက်ဖြစ်လာတာ နှစ်တွေအများကြီးကြာပြီပဲ။ အခုမှ တိမ်လှိုင်းလေးခုကို ထိန်းချုပ်နိုင်တာပါ”
“ အဲ့ဒီတုန်းက ယန်ရှန်းဆိုရင် တိမ်လှိုင်းကိုးခုလုံးကို အနိုင်ယူနိုင်ခဲ့တယ်”
ထိုစကားကြောင့် ရွက်လှေထိပ်က လူငယ်၏ မျက်နှာထက်မှာ လေးစားရိပ်တစ်ချို့ ဖြတ်ပြေးသွားကာ
“ အကြီးအကဲတွေပြောတာတော့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေပဲ ဒီချိန်ခွင်တိမ်ထုကို ကျော်ဖြတ်နိုင်တာတဲ့။ သူတို့ရဲ့ မြင့်မားတဲ့အဆင့်အတန်းနဲ့ ကျင့်ကြံမှုကြောင့် တစ်ခါထဲ လှိုင်းဆယ်ခုလုံးကို ဖိနှိပ်နိုင်သွားတာလို့ပြောတယ်”
“ အဲ့ဒီတုန်းက ယန်ရှန်းက ကိုးခုတောင် ဖိနှိပ်နိုင်ခဲ့ပြီဆိုတော့ တကယ်ကို အမတသခင်တစ်ယောက်ဖြစ်လုနီးနီးပဲ”
သူတို့နှစ်ယောက်လုံး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် ချင်ထျန်းဟဲက ရုတ်တရက် မော့ကြည့်လာကာ
“ ရှရှင်း မင်းက ပုံမှန်ဆို ဂူထဲမှာပဲ ကျင့်ကြံနေတတ်တာပါ။ ဒီနေ့ဘယ်လိုလုပ် အချိန်ရသွားတာတုန်း”
“ မင်း သတင်းမကြားသေးဘူးလား”
ရှရှင်းက အနည်းငယ် အံ့သြစွာကြည့်လာပြီးမှ ဆက်ပြောသည်။
“ အရှင်မ ဖေးရှု အပြင်ထွက်လာပြီး တာအိုစစ်ပွဲဆင်နွှဲဖို့ အမိန့်ပေးထားတယ်တဲ့။ သူမကိုယ်တိုင် တိုက်ပွဲကို ကြီးကြပ်မှာ”
“ ဖိတ်ကြားစာတွေ အရပ်လေးမျက်နှာလုံးကို ပို့ပြီးသွားပြီ”
“ ကျုပ်တို့စစ်မှန်တပည့်တွေအပြင် တစ်ခြားချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတွေကိုလဲခေါ်ထားတယ်။ ဒီထဲက အားအနည်းဆုံးက ချီသန့်စင်ခြင်းနှောင်းပိုင်းပဲ”
“ အော်ပြီးတော့ ကံဆိုးသွားတဲ့တစ်ကောင်လဲ ရှိသေးတယ်။ သူ့ခဗျာ မကြာခင်ကမှ စစ်မှန်တပည့် ဖြစ်ခဲ့ရတာ အခုတော့ တစ်ခါထဲ ဆွဲခေါ်ခံလိုက်ရပြီ”
“ အိုး” ချင်ထျန်းဟဲ မျက်ခုံးတစ်ဖက် ပင့်သွားပြီး စိတ်ဝင်တစားမေးလိုက်သည်။
“ ဘယ်သူလဲ။ ဘယ်အမတသခင်က ခေါ်ခဲ့တာလဲ”
“ ယန်ရှန်းခေါ်ခဲ့တာ ပြောတာပဲ”
ရှရှင်း၏မျက်နှာထားက ရုတ်တရက် ထူးဆန်းသွားပြီးမှ ဆက်ပြော၏။
“ ကျုပ်သိသလောက်တော့ သူက တစ်ခါမှ စစ်ပွဲအတွေ့အကြုံ မရှိသေးဘူး”
“ တစ်ခါမှတောင်လား”
ချင်ထျန်းဟဲလဲ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ့မျက်နှာက ရွံရှာရိပ်သန်းသွားကာ
“ ချန်ရှီနန် နောက်တစ်ကောင်လား”
စစ်မှန်တပည့်တွေထဲမှာ နှစ်မျိုးရှိသည်။ တစ်ဆင့်ချင်းကြိုးစားမှုဖြင့် စစ်ပွဲတွေကြားမှာ နေရာယူခဲ့ရသူတွေနှင့်၊ နောက်ခံအင်အားကို သုံးပြီး ထိုနေရာကိုဝယ်ခဲ့သူတွေ ဖြစ်သည်။
ချင်ထျန်းဟဲနှင့် ရှရှင်းတို့အတွက် ဒုတိယမြောက်လူစားတွေက သူတို့နှင့်မထိုက်တန်သော ရွံရှာဖွယ် ကပ်ပါးကောင်တွေသာ ဖြစ်၏။
တစ်ချိန်ထဲမှာ ချန်ရှီနန်တို့လို သူတွေကကျတော့ ချင်ထျန်းဟဲတို့ကို ကံကောင်းပြီး နေရာရလာသော သုံးစားမရသည့်ကောင်တွေအဖြစ်သာ အထင်သေးကြသည်။
“ ကျုပ်မသေချာဘူး”
ရှရှင်း ခေါင်းယမ်းကာ ပြုံးပြလိုက်သည်။
“ ဒါပေမဲ့ စစ်ပွဲကျ အဲ့ကောင်ဘာကောင်လဲ သိရမှာပဲ”
“ ချန်ရှီနန်လို အမှိုက်ကောင်ဖြစ်နေပြီး ကျုပ်တို့ကို နှောင့်နှေးအောင် လာလုပ်လို့ကတော့ တစ်ခါထဲ ပညာပေးပစ်မယ်”
“ အင်းကောင်းတယ်”
ချင်ထျန်းဟဲ ခေါင်းညိတ်လိုက်ပြီး စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ လာမည့်စစ်ပွဲအကြောင်း စဥ်းစားလိုက်သည်နှင့် သူ့နှလုံးသားက တောက်လောင်လာကာ၊ လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်လိုက်ရ၏။
စစ်မှန်တပည့်တစ်ယောက်အနေနှင့် သူသည် စစ်ပွဲတွေကြားကနေ ယနေ့အောင်မြင်မှုဆီ ရောက်နိုင်ခဲ့တာဖြစ်သည်။ ယနေ့အခြေအနေကို ရောက်လာဖို့အတွက် မရေမတွက်နိုင်သော သေရေးရှင်ရေးကို ကျော်ဖြတ်ပြီးမှ ရလာခဲ့သည်။ ဒီတစ်ခေါက် သူအနိုင်ရခဲ့လျှင် သူ၏အဆင့်တက်နှုန်းက ငါးဆယ်ရာခိုင်နှုန်းကို.ရောက်ရှိသွားလိမ့်မည်။
ထို့ကြောင့် ဒီတစ်ခေါက်သူသေချာပေါက် အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထား၏။
ထိုအချိန်မှာပဲ ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ အပြေးဝင်လာသော မိုးကြိုးသွားများကို တွေ့လိုက်ရသည်။
“ တစ်ယောက်ယောက် လာနေတယ်”
စကားပြောနေသော နှစ်ယောက်သား ချက်ချင်း တိတ်သွားကြပြီး အသံလာရာကို အံ့သြမှုတစ်ချို့ဖြင့် ကြည့်လိုက်ကြ၏။
အသံတွေပိုကျယ်လာသည်နှင့် သူတို့မျက်နှာတွေလည်း တည်တံ့သွားသည်။
သာမာန် လွတ်မြောက်အလင်းတစ်ခုကတောင်မှ အခုလို ပြင်းထန်သော ပေါက်ကွဲအားနှင့် ကျယ်လောင်သော ပေါက်ကွဲသံကို ဖော်ထုတ်နိုင်တာ၊ ထိုသူအသုံးပြုသော အဖျက်စွမ်းအားက ဘယ်လောက်ပြင်းထန်လိုက်မလဲ။
နောက်တစ်စက္ကန့်မှာ ထိုလွတ်မြောက်အလင်းက သူတို့အနားရောက်လာသည်။
ဘုန်း
ပြင်းထန်သော စွမ်းအင်က ချိန်ခွင်တိမ်ထုကို ချင်ထျန်းဟဲထက် အဆပေါင်းများစွာ သက်ရောက်စေလိုက်သည်။
ချက်ချင်း တိမ်လှိုင်းဆယ်ခုလုံး အပြင်ပေါက်ထွက်လာ၏။
သို့ပေမဲ့ ရှရှင်းနှင့် ချင်ထျန်းဟဲ မတုံ့ပြန်နိုင်ခင်မှာ ပိုဝေးသော ကောင်းကင်ထက်မှ အလင်းတစ်ခု ဖြာကျလာပြီး အရိုင်းဆန်နေသော တိမ်လှိုင်းဆယ်ခုကို ရိုက်ချလိုက်သည်။
ဘန်း
မမြင်ရသော လက်တစ်ခု လာဖိလိုက်သည့်နှယ် ချိန်ခွင်တိမ်ထုတစ်ခုလုံး တည်ငြိမ်သွားသည်။ တိမ်စိုင်တွေကြားမှာ လူတစ်ယောက်၏ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။
“ ဒီနေရာလား”
လုယန် လှည့်ပတ်ကြည့်လိုက်ချိန်တွင် လှေထိပ်မှာရပ်နေသော တပည့်နှစ်ယောက်ကို မြင်လိုက်သောကြောင့် သူပါဆင်းလိုက်သည်။
“ မင်းတို့နှစ်ယောက်”
လုယန် စကားမဆုံးသေးခင်မှာပဲ အစောပိုင်းက တိမ်လှိုင်းဆယ်ခုလုံးကို တစ်ချက်ထဲ ဖြေရှင်းသွားသော လုယန်၏အစွမ်းကို မျက်မြင်တွေ့လိုက်ရသည့် နှစ်ယောက်က ချက်ချင်း အပြိုင်အဆိုင် အရိုအသေပေးလာကြ၏။
“ တပည့် ချင်ထျန်းဟဲ”
“ တပည့်ရှရှင်း”
“ အမတသခင်ကို အရိုအသေပေးပါတယ်”
……