← Chapters

အခန်း ၄၂၉

Vol. 37 Ch. 429

အခန်း ၄၂၉

Vol. 37 Ch. 429

အပိုင်း (၄၂၉)

“မိုးတိတ်သွားပြီ။”

တွမ်ပိက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျုပ် တာတမံ တစ်ပိုင်းကို မြန်မြန် ဖျက်ဆီးပစ်လိုက်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီတစ်ကြိမ် ရေလွှမ်းမိုးမှုကြီးကို ကျိုးလီ တကယ်ပဲ အောင်မြင်အောင် လုပ်သွားနိုင်လောက်တယ်။ ကျိုးလီ... ဒီလူသောင်းချီကို ခင်ဗျားနဲ့အတူ အဖော်ပြုပေးလိုက်တာ ခင်ဗျားအတွက် တန်ပါတယ်လေ။

အောက်ယွီ... ခင်ဗျားက အရမ်း ရက်စက်တယ် ဆိုပေမဲ့ ကျုပ်လောက် ရက်စက်နိုင်ပါ့မလား။ ခင်ဗျားက ကျုပ်တို့ လူစုလောက် ရက်စက်နိုင်ပါ့မလား။ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် လူသိန်းချီကို သေအောင် လုပ်ရဲတယ်၊ အပြစ်မဲ့ ပြည်သူ သိန်းချီကို သတ်ရဲတယ်။ ခင်ဗျား လုပ်ရဲလား။ ခင်ဗျား သတ်ရဲလား။

အောက်ယွီ... ခင်ဗျားက ကျုပ်တို့လောက် မရက်စက်ဘဲနဲ့ ကျုပ်တို့နဲ့ ဘယ်လို လာကစားမလဲ။ အခု ကျိုးလီ သေသွားပြီဆိုတော့ ခင်ဗျားရဲ့ အာဏာ သံတြိဂံအဖွဲ့လည်း လုံးဝ ပျက်စီးသွားပြီ။ ခင်ဗျား ဘယ်လို ဆက်ကစားမလဲဆိုတာ ကျုပ်ကြည့်ချင်သေးတယ်။”

အောက်ယွီ... ခင်ဗျားက ကျုပ်ကို သတ်ချင်တယ် ဟုတ်လား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။ စိတ်ကူးယဉ်နေတာပဲ။ ခင်ဗျားက ကျုပ်တို့ ဝေမြို့စားကြီး အိမ်တော်ကို ဖျက်ဆီးချင်တာ ပိုပြီးတော့တောင် စိတ်ကူးယဉ်နေသေးတယ်။ ခင်ဗျား စောင့်နေလိုက်။ ကျုပ်တို့ရဲ့ တန်ပြန်တိုက်ခိုက်မှု မကြာခင် စတင်တော့မယ်။ ခင်ဗျားတို့ တစ်မိသားစုလုံးကို သေလုမျောပါး ဖြစ်အောင် သေချာပေါက် လုပ်ပစ်မယ်။”

ဝေမြို့စားကြီး တွမ်ပိသည် စိတ်ထဲရှိ ဒေါသများကို အစွမ်းကုန် ပေါက်ကွဲထုတ်နေသည်။

သူ ဘယ်လိုလုပ် မမုန်းဘဲ နေနိုင်မည်နည်း။ အောက်ယွီ၏ လက်ချက်ဖြင့် သူသည် အကြိမ်ပေါင်း မည်မျှတိုင်အောင် ရှုံးနိမ့်ခဲ့ရပါသနည်း။

ယခုမူ သူ၏ မိသားစုမှာလည်း အောက်ယွီကြောင့် ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့ရလေ၏။ ညီမဖြစ်သူ တွမ်ယွင်နှင့် အချစ်ဆုံးသား တွမ်ယွီတို့မှာလည်း အောက်ယွီကြောင့်ပင် အသက်ဆုံးပါးခဲ့ကြရသည်။

သူကိုယ်တိုင်မှာလည်း အတုအယောင် သေဆုံးမှုဖြင့် ဟန်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ရတော့မည် ဖြစ်ရာ၊ တစ်သက်လုံး တည်ဆောက်ခဲ့သမျှသော ဂုဏ်သိက္ခာနှင့် စည်းစိမ်ချမ်းသာ အရပ်ရပ်တို့သည်လည်း လေထဲတွင် လွင့်စင်ပျက်သုဉ်းသွားရတော့မှာ ဖြစ်၏။

“အောက်ယွီ... ခင်ဗျား စောင့်နေလိုက်။ စောင့်နေလိုက်။ ခင်ဗျားတို့ တစ်မိသားစုလုံးကို သေချာပေါက် သတ်ပစ်မယ်။ သေချာပေါက် သတ်ပစ်မယ်။”

စိတ်ထဲရှိ ဒေါသများကို ပေါက်ကွဲထုတ်ပြီးနောက် ဝေမြို့စားကြီးက သက်ပြင်းချကာ ပြောလိုက်သည်။ “ကျန်းကျိုးမြို့နဲ့ မြို့တော်ကို သတင်းပို့လိုက်။ ကိစ္စ အောင်မြင်သွားပြီလို့။”

“အမိန့်တော် အတိုင်းပါ။” စစ်သည် အချို့သည် တောင်အောက်သို့ အမြန် ဆင်းသွားပြီး ကျန်းကျိုးမြို့နှင့် မြို့တော်သို့ အသီးသီး သတင်းပို့ရန် ထွက်ခွာသွားကြတော့၏။

“နောက်ဆက်တွဲ အနေနဲ့... ကျုပ်ကိုယ်ပွားရဲ့ အလောင်းကို သေချာ ပြင်ဆင်ထားရမယ်။ အသက်ရှင်ရင် လူကို မြင်ရမယ်၊ သေရင် အလောင်းကို မြင်ရမယ် ဆိုတာ သေချာအောင် လုပ်ရမယ်။” ဝေမြို့စားကြီး တွမ်ပိက ပြောလိုက်သည်။

“အမိန့်တော်အတိုင်းပါ။”

“သွားကြစို့။” တွမ်ပိက ပြောလိုက်၏။

သူသည် လန်ကျိုး၏ ဤငရဲပြည်ကဲ့သို့သော မြင်ကွင်းကို နှမြောတသစွာကြည့်နေမိသည်။ ဤသည်မှာ သူကိုယ်တိုင် ဖန်တီးခဲ့သော မြင်ကွင်း ဖြစ်သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို အေးအေးဆေးဆေး မကြည့်နိုင်တော့ချေ။

“သွား...” တွမ်ပိ၏ အမိန့်ပေးသံနှင့်အတူ လူယုံတော် ဆယ်ယောက်ကျော်ခန့်သည် သူ့ကို ခေါ်ဆောင်ကာ တောင်အောက်သို့ ဆင်းသွားပြီး လုံးဝ ထွက်ပြေးလွတ်မြောက်သွားတော့၏။

ယခုအခါ မိုးတိတ်သွားပြီဖြစ်ပြီး လေလည်း သိပ်မပြင်းတော့သောကြောင့် ပင်လယ်ပြင်သို့ သင်္ဘောဖြင့် ထွက်ခွာရန် အချိန်ကောင်းပင် ဖြစ်သည်။

တစ်နာရီခန့် အကြာတွင် ဝေမြို့စားကြီး တွမ်ပိ စီးနင်းလာသော ပင်လယ်ကူး သင်္ဘောကြီးသည် လန်ကျိုးမှ မိုင်ဆယ်ချီ ဝေးကွာသွားပြီဖြစ်ပြီး ကုန်းမြေကို မမြင်ရတော့ချေ။

ဤတစ်ကြိမ် ထွက်ခွာသွားပါက တောင်ပိုင်းကျိုးအင်ပါယာသို့ ဘယ်အချိန်မှ ပြန်လာနိုင်မည်နည်း။

မီတျဲ ချိုင့်ဝှမ်းတွင် လူတစ်ယောက်၏ ရုပ်ရည်ကို ပြောင်းလဲပေးနိုင်သော ထူးခြားသည့် ပညာရပ် တစ်ခု ရှိသည်ဟု ကြားသိရသောကြောင့် သေချာပေါက် သွားရောက်ပြီး ရုပ်ရည် ပြောင်းလဲကာ တောင်ပိုင်းကျိုးသို့ ပြန်လာပြီး ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝမှုများကို ခံစားရမှာဖြစ်သည်။

တိုင်းတစ်ပါးတွင် ခိုလှုံနေထိုင်ရသည်မှာ လုံခြုံမှုရှိသည်ဟု ဆိုနိုင်သော်လည်း ကျိန့်ဟိုင်မြို့စား မိသားစုမှာ ယခင်က ပင်လယ်ဓားပြများ ဖြစ်ခဲ့ဖူးသည့်အတွက် တိုင်းတစ်ပါး၌ အင်အားတောင့်တင်းလှသော်ငြား တစ်ပါးသူ၏ လက်အောက်တွင် ခိုကပ်နေရခြင်းသာ ဖြစ်၏။

အနည်းဆုံးအနေဖြင့် တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်လည်ရောက်ရှိလာချိန်တွင် အောက်ယွီတစ်မိသားစုလုံး မည်သို့မည်ပုံ ပျက်စီးပြုန်းတီးသွားသည်ကို မိမိတို့ မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့် ရရှိနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ဝေမြို့စားကြီး တွမ်ပိ သည် ရုတ်တရက် ထူးဆန်းသော ရင်းနှီးမှု တစ်ခုကို ခံစားလိုက်ရ၏။

ယခင်က ကျန်းကျိုးမြို့ ယွဲ့တန်းဖျင်၏ နာမည်ကြီး ပညာရှင် တစ်ဦးသည် စာမေးပွဲ မသမာမှုကိစ္စ ပေါ်ပေါက်သွားပြီးနောက် တိုင်းတစ်ပါးသို့ ထွက်ပြေးခဲ့စဉ်က အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း ဟေးပင်းထိုင် နန်ကုန်းအာ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ကို သူ အလိုအလျောက် သတိရသွား၏။

“ဖွီ... ဖွီ... ဖွီ...” ဝေမြို့စားကြီး တွမ်ပိသည် ကိုယ့်ကိုယ်ကိုယ် အလိုအလျောက် တံတွေး ထွေးလိုက်မိသည်။ ‘ဘာဖြစ်လို့ ဒီအတွေးမျိုး ဝင်လာရတာလဲ။ အရမ်း အတိတ်နိမိတ် မကောင်းတာပဲ။ အခု ကျုပ်ကို လာဖမ်းမယ့် ဟေးပင်းထိုင်မှ မရှိတာ။ အခုချိန်မှာ ကျုပ် တွမ်ပိက ဧကရာဇ်ဘက်မှာ ရပ်တည်နေတဲ့သူ ဖြစ်နေပြီလေ။’

သို့ပေမည့် ဤအချိန်တွင် တွမ်ပိ၏ မျက်စိရှေ့တွင် အနည်းငယ် မှုန်ဝါးသွားပြီး သင်္ဘောကုန်းပတ်ပေါ်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာတော့၏။

တွမ်ပိ အလွန် အံ့ဩသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရသည်။ ‘ဒီလူက ဘယ်သူလဲ။ သူ ဘယ်လိုလုပ် ဒီသင်္ဘောပေါ် ရောက်လာတာလဲ။’

“ဝေမြို့စားကြီး... ဘာလို့ ဒီလောက် အလောတကြီး ထွက်သွားရတာလဲ။ ကျုပ်နဲ့အတူ လိုက်ခဲ့ပါ။ ဧကရာဇ်ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် သွားရိုက်ကြတာပေါ့။” ယွမ်ထျန်းရှဲ့က ပြုံးလျက် ပြောလိုက်၏။

“ခင်ဗျား... ခင်ဗျားက ဘယ်သူလဲ။” တွမ်ပိက တုန်ယင်စွာ မေးလိုက်သည်။

“ကျုပ် ဘယ်သူလဲ ဆိုတာ ခင်ဗျား သိစရာ မလိုပါဘူး။ ကျုပ်နဲ့ လိုက်ခဲ့ရင် ရပါပြီ။”

တွမ်ပိသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး အံ့ဩစွာ မေးလိုက်၏။ “ခင်ဗျား... ခင်ဗျား တစ်ယောက်တည်းလား။”

“ဟုတ်တယ်။”

ဝေမြို့စားကြီး တွမ်ပိက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အဲဒါဆိုရင်တော့ ခင်ဗျားက တကယ်ကို သေလမ်းရှာနေတာပဲ။ ခင်ဗျား တစ်ယောက်တည်းနဲ့ ကျုပ်ကို လာဖမ်းချင်တယ် ဟုတ်လား။ ကျုပ်ရဲ့ သိုင်းပညာက ဘယ်အဆင့်ရှိလဲ ခင်ဗျားသိလား။ ကျုပ်ဆီမှာ ထိပ်တန်း သိုင်းပညာရှင်တွေ ဘယ်လောက် ပါလာလဲ ခင်ဗျား သိလား။”

တွမ်ပိက လက်ဝှေ့ယမ်းပြလိုက်ရာ ချက်ချင်းပဲ ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့် ထွက်လာပြီး ယွမ်ထျန်းရှဲ့ကို ဝိုင်းရံလိုက်ကြတော့၏။

“သူ့ကို သတ်ပစ်လိုက်။” တွမ်ပိက အမိန့်ပေးလိုက်သည်။

“အမိန့်တော်အတိုင်းပါ။” ဤ ထိပ်တန်းသိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်သည် ယွမ်ထျန်းရှဲ့ ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့၏။

ဆယ်စက္ကန့်အကြာတွင် တိုက်ပွဲ ပြီးဆုံးသွားတော့၏။ တွမ်ပိ ခေါ်ဆောင်လာသော ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော် အားလုံး အသတ်ခံလိုက်ရပြီး သူကိုယ်တိုင်လည်း ဓားတစ်လက်ဖြင့် လည်ပင်းကို အရွယ်ခံလိုက်ရတော့သည်။

“သွားကြစို့ ဝေမြို့စားကြီး။ ကျုပ်တို့နဲ့ လိုက်ခဲ့ပါ။”

.................

တတိယလ နှစ်ဆယ့်ခြောက်ရက်နေ့...

မြင်းခွာသံများက မြို့တော်၏ မိုးသောက်ယံ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့၏။

“လန်ကျိုးရဲ့ အရေးပေါ် သတင်း... လန်ကျိုးရဲ့ အရေးပေါ် သတင်း။”

ချက်ချင်းပဲ မြို့တံခါးများ ပွင့်သွားပြီး လမ်းမပေါ်ရှိ လူတိုင်း ဖယ်ရှားပေးလိုက်ကြသည်။

မြို့တော်၏ ပြည်သူသန်းချီ အံ့ဩသွားကြတော့၏။ ‘လန်ကျိုးမှာ ဘာတွေ ဖြစ်သွားတာလဲ။ ဒီလောက်တောင် အရေးပေါ် ဖြစ်နေရတာ။ သေချာပေါက် ပြဿနာကြီးသွားပြီပဲ။’

ယခုအချိန်တွင် နန်းတော်အတွင်း၌ ဧကရာဇ်သည် ညီလာခံ ကျင်းပနေပြီး အဓိကကိစ္စကြီး နှစ်ခုကို ဆွေးနွေးနေသည်။

ပထမတစ်ခုမှာ သေချာပေါက် လန်ကျိုး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စပင် ဖြစ်သည်။ ဒုတိယတစ်ခုမှာ ပဉ္စမလတွင် ကျင်းပမည့် နွေဦး စာမေးပွဲကြီးကိစ္စ ဖြစ်၏။

အဓိက အရေးကြီးဆုံးမှာ ပထမကိစ္စ ဖြစ်သည်။ လန်ကျိုး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ဆူနာမီအပြီးတွင် ငွေသား နှစ်သန်းနီးပါး ထုတ်ပေးခဲ့ပြီးဖြစ်ရာ ဤဒုက္ခသည် သိန်းချီသည် အသက်ရှင်နိုင်ပြီ ဖြစ်သည်။

နောက်ဆက်တွဲ အနေဖြင့် လန်ကျိုးကို ပြန်လည် တည်ဆောက်ရန် လိုအပ်ချက်များ ရှိနေသေးရာ ငွေကြေးများကို မည်သို့ ရှာဖွေမည်နည်း။

ထို့အပြင် ရေတပ် တစ်ဝက် ပျက်စီးသွားပြီဖြစ်ရာ မူလ အရွယ်အစားအတိုင်း ပြန်လည် ဖွဲ့စည်းသင့်သည်လား။ ထိုသို့ဆိုလျှင် စစ်တပ် တိုးချဲ့ရမည်ဖြစ်ပြီး ငွေကြေးများ ထပ်မံ လိုအပ်မှာဖြစ်သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ အခြေခံအင်အား မည်မျှပင် ကြီးမားစေကာမူ ယခုအချိန်တွင် အမှန်တကယ်ပင် ခမ်းခြောက်နေပြီ ဖြစ်၏။

“သတင်း... သတင်း... သတင်း... လန်ကျိုးရဲ့ အရေးပေါ်သတင်း…” အပြင်ဘက်မှ ရုတ်တရက် အလျင်စလို အသံများ ထွက်ပေါ်လာတော့သည်။

ဧကရာဇ်၏ မျက်နှာ တုန်ယင်သွားပြီး အမိန့်ပေးလိုက်၏။ “ဝင်... ဝင်လာခဲ့။”

ဟေးပင်းထိုင် စစ်သည်တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင် လိုက်သည်။ “အရှင်မင်းမြတ်... လန်ကျိုးမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြစ်ရေတွေ ကြီးလာပြီး တာတမံတွေ ကျိုးပေါက်သွားပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ရေလွှမ်းမိုးမှုကြီး လန်ကျိုးထဲကို ဝင်ရောက်လာပြီး လန်ကျိုးခရိုင် မိုင်ရာချီ ရေအောက် ရောက်သွားကာ သေကြေဒဏ်ရာရသူ မရေမတွက်နိုင်အောင် ရှိပါတယ်။

ကိုယ်စားလှယ် အမတ်၊ အိမ်ရှေ့စံမင်းသား ကျိုးလီဟာ ရေလွှမ်းမိုးမှုရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အရိပ်အယောင် ပျောက်ကွယ်သွားကာ အသက်ရှင်ခြင်း သေဆုံးခြင်းကို မသိရသေးပါဘူး။ ဝေမြို့စားကြီး တွမ်ပိလည်း ရေလွှမ်းမိုးမှုရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သူနဲ့ တွမ်မိသားစုဝင် ရာချီ အားလုံး တိုင်းပြည်အတွက် အနစ်နာခံသွားပါပြီ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ညီလာခံတစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြတော့၏။

ဧကရာဇ် ဝမ်ယွင်၏ ခန္ဓာကိုယ် ပြင်းထန်စွာ ယိမ်းယိုင်သွားပြီး မတ်တတ်ရပ်၍ပင် မရနိုင်တော့သကဲ့သို့ ဖြစ်သွားကာ နဂါးစားပွဲကို အတင်းအကျပ် ဖမ်းဆွဲထားလိုက်ရသည်။

“ကျုပ်ရဲ့ လန်ကျိုး၊ ကျုပ်ရဲ့ သားတော်၊ ကျုပ်ရဲ့ အမတ်ကြီးတွေ…. ကောင်းကင်ဘုံ... လန်ကျိုးက ပြည်သူတွေ ဘာအပြစ် လုပ်ခဲ့လို့လဲ။ ခင်ဗျားက ဘာဖြစ်လို့ ဒီလောက်တောင် ဘေးအန္တရာယ်တွေ ခဏခဏ ပေးနေရတာလဲ။”

ထို့နောက် ဧကရာဇ် သည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မေ့လဲသွားတော့၏။

“အရှင်မင်းမြတ်... အရှင်မင်းမြတ်....”

“သမားတော်... သမားတော် အမြန်ခေါ်...”

ရည်ရွယ်ချက်ရှိသူ အချို့၏ ဖြန့်ဝေမှုအောက်တွင် ဤသတင်းသည် နန်းတော်သို့ မရောက်ရှိမီကပင် မိုင်ထောင်ချီအထိ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သတင်းပို့သူသည် ရောက်ရှိရာ နေရာတိုင်းတွင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ခဲ့သောကြောင့် ဖြစ်သည်။

“လန်ကျိုး တာတမံကျိုးပေါက်၊ ရေလွှမ်းမိုးမှုကြီးမား၊ ဝေမြို့စားကြီး တွမ်ပိနဲ့ မိသားစုဝင် ရာချီ အားလုံး တိုင်းပြည်အတွက် အနစ်နာခံသွားပြီ။”

“လန်ကျိုး တာတမံ ကျိုးပေါက်၊ ဝေမြို့စားကြီး တိုင်းပြည်အတွက် အနစ်နာခံသွားပြီ။”

“လန်ကျိုး တာတမံကျိုးပေါက်၊ ဝေမြို့စားကြီး တိုင်းပြည်အတွက် အနစ်နာခံသွားပြီ။”

ထို့နောက် လောက၏ ပြည်သူ့အသံကို ထိန်းချုပ်ထားသော ယွဲ့တန်းဖျင် အဖွဲ့အစည်းသည် ချက်ချင်း ထွက်ပေါ်လာပြီး ရူးသွပ်မတတ် စိတ်လှုပ်ရှားအောင် ဖန်တီးကြတော့၏။

ဝေမြို့စားကြီး၏ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် စိတ်လှုပ်ရှားဖွယ်ကောင်းသော အဖြစ်အပျက်များစွာကို တီထွင်ဖန်တီးခဲ့ကြသည်။

အထူးသဖြင့် နောက်ဆုံးအချိန် တာတမံကျိုးပေါက်ချိန်တွင် ဝေမြို့စားကြီးသည် မိသားစုဝင် ရာချီကို ခေါ်ဆောင်ကာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကြီးကျယ်ခမ်းနားစွာ အနစ်နာခံခဲ့သည့် မြင်ကွင်းကို အချိန်တိုအတွင်း လူသန်းချီက ချီးကျူးဂုဏ်ပြုလာကြတော့၏။

ထို့အပြင် ထူးဆန်းသည်မှာ မိုင်ထောင်ချီကွာဝေးသော ပြည်နယ်နှင့် ခရိုင်များတွင်ပါ ဝေမြို့စားကြီး တွမ်ပိ တိုင်းပြည်အတွက် ကယ်ဆယ်ရေး လုပ်ဆောင်ရင်း နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားစွာ အနစ်နာခံခဲ့သည့် ကြီးမားသော လုပ်ရပ်ကို တစ်ချိန်တည်းလိုလို ချီးကျူးဂုဏ်ပြုလာကြခြင်းပင် ဖြစ်သည်။

အထူးသဖြင့် သေဆုံးခါနီးတွင် ဝေမြို့စားကြီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ခဲ့ပုံကိုပါ ဖော်ပြထား၏။ “ကောင်းကင်ဘုံ... ကျုပ် တွမ်ပိက အသက်ကို စတေးပြီး ယဇ်ပူဇော်ပါတယ်။ လန်ကျိုးက ပြည်သူတွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

ထို့နောက် ကောင်းကင်ပေါ်မှ မိုးသည်းထန်စွာ ရွာသွန်းမှုများ အမှန်တကယ်ပင် ရပ်တန့်သွားခဲ့၏။ ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်များနှင့် အနည်းငယ် တူနေသော်လည်း လူအများ၏ စိတ်နှလုံးကို ပိုမို ထိခိုက်စေနိုင်သည်။

နောက်ဆုံးတွင် ဝေမြို့စားကြီး တွမ်ပိသည် မိသားစုဝင် ရာချီကို ခေါ်ဆောင်ကာ ရဲရင့်စွာ အနစ်နာခံခဲ့သောကြောင့် ကောင်းကင်ဘုံကို လှုပ်ခတ်သွားစေခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကို ရပ်တန့်စေကာ လန်ကျိုးမှ ပြည်သူ သန်းချီကို ကယ်တင်နိုင်ခဲ့သည်ဟု အမှန်တကယ်ပင် ပျံ့နှံ့သွားတော့၏။

ဤပြည်သူ့အသံ လှိုင်းတံပိုးကြီးနှင့်အတူ လောကက ပြည်သူ သန်းချီ၏ ဝေမြို့စားကြီး အိမ်တော်အပေါ် မြင်တွေ့မှုမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားတော့သည်။

‘ဘာပဲဖြစ်ဖြစ် သေသွားတဲ့သူက အရေးကြီးဆုံးပဲလေ။ ဝေမြို့စားကြီးတောင်မှ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အတွက် အနစ်နာခံသွားပြီပဲ။ ခင်ဗျားတို့ ဘာလိုချင်သေးလဲ။ သူက မကြီးကျယ်ဘူးလား။ အရင်က ဝေမြို့စားကြီး အိမ်တော်ရဲ့ အမှားတွေကို ခွင့်မလွှတ်နိုင်ဘူးလား။’

မြို့စား တစ်ယောက်နှင့် မိသားစုဝင် ရာချီ၏ အနစ်နာခံမှုက ပြည်သူ့အသံ ရပ်တည်ချက်ကို လုံးဝ ပြောင်းပြန် ဖြစ်သွားစေခဲ့၏။

ထို့နောက် ကျန်းကျိုးမြို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဦးဆောင်မှုအောက်တွင် ကျန်းကျိုးမြို့ တစ်ခုလုံးရှိ လူသောင်းချီသည် ဝေမြို့စားကြီးအတွက် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ခဲ့ကြသည်။

လူသောင်းချီသည် ဝေမြို့စားကြီး၏ အိမ်တော် အရှေ့သို့ လာရောက်ကာ ဝမ်းနည်းပူဆွေးခဲ့ကြ၏။

..............................

All Chapters