← Chapters

အခန်း ၄၄၃

Vol. 38 Ch. 443

အခန်း ၄၄၃

Vol. 38 Ch. 443

အပိုင်း (၄၄၃)

မင်းသမီး ဝူရွှမ်းသည် လှပသော မျက်လုံးများကို မှေးကာ အေးစက်စက်ဖြင့် မေးလိုက်၏။ “အောက်ယွီ... ကျွန်မမှာ ဘာအပြစ်အနာအဆာမှ မရှိဘူးလို့ ထင်တာပဲ။ ရှင် ဘယ်လိုများ သိသွားတာလဲ။ ယွမ်ထျန်းရှဲ့က ရှင့်ကို ပြောပြတာလား။”

ယခုအခါ သူမသည် ဟန်ဆောင်မနေတော့ဘဲ သူ၏ မူလအသံအတိုင်း ပြန်လည် ပြောင်းလဲသွားတော့သည်။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အရင်တစ်ခေါက် ကျုပ်ကို မသတ်ခင်က ခင်ဗျားက ကျုပ်မှာ မှာစရာစကား ရှိသေးလားလို့ မေးခဲ့တယ်လေ။ ခင်ဗျားရဲ့ အသံကို တမင် ပြောင်းလဲထားပေမယ့် လေယူလေသိမ်းကတော့ အတူတူပဲ။ ပြီးတော့ ခင်ဗျားလို မိန်းမမျိုးကို တစ်ခါ မြင်ဖူးရင် ဘယ်သူမှ မေ့နိုင်မှာ မဟုတ်ဘူး။”

မင်းသမီး ဝူရွှမ်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အဲဒါဆို ကျွန်မလည်း ရှင့်ကို အမှန်အတိုင်း ပြောပြမယ်။ အဲနေ့က ရှင့်ကို မသတ်ခဲ့တာက ပထမအချက် အနေနဲ့ အပေးအယူ မတည့်သေးလို့ပဲ။ ဒုတိယအချက် အနေနဲ့ သတ်ဖို့ ခက်ခဲလို့ပဲ။ ဒါပေမဲ့ အခုတော့ မတူတော့ဘူး။ အဲဒီလူက ရှင့်ဘေးမှာ မရှိတော့ဘူးလေ။”

အဲဒီလူက မည်သူနည်း။ သေချာပေါက် ယွမ်ထျန်းရှဲ့ ဖြစ်၏။

“ကျွန်မက ယွမ်ထျန်းရှဲ့ကို တကယ်ပဲ ဒေါသမထွက်စေချင်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ မဖြစ်မနေ ဒေါသထွက်စေရတော့မယ်။ ပြီးတော့ သူ့ကို သိပ်ပြီးလည်း မကြောက်ပါဘူး။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ဆွဲထုတ်သွားပြီး ခေါင်းဖြတ်လိုက်။”

ချက်ချင်းပဲ အမျိုးသမီး သိုင်းပညာရှင်အချို့ ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို ခေါင်းဖြတ်ရန် တိုက်ရိုက် ဆွဲထုတ်သွားကြတော့၏။

ဤအချိန်တွင် ယွင်ကျုံးဟဲ့ ဘာလုပ်သင့်သနည်း။ သူက အောင်ယွီ မဟုတ်ကြောင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုရမည်လား။

ထိုသို့ပြုလုပ်ရန်မှာ အခြေအနေအရ မဖြစ်နိုင်ပေ။ ထိုသို့လုပ်ဆောင်ပါက သူ၏ အဆင့်အတန်းမှာ ပေါ်လွင်သွားပေလိမ့်မည်။

အရေးအကြီးဆုံးအချက်မှာ မင်းသမီး ဝူရွှမ်းသည် သူမ၏ အစ်မအရင်းဖြစ်သူ ကျင်းကျုံးယွဲ့ကိုပင် ရက်စက်စွာ ဒုက္ခပေးဝံ့သူဖြစ်ရာ ခဲအိုတော်စပ်သူ မိမိကိုမူ ပို၍ပင် ညှာတာလိမ့်မည် မဟုတ်ပေ။

သူ့ကို နန်းဆောင် အပြင်ဘက် ခြံဝင်းထဲကို ဆွဲထုတ်သွားပြီး အမျိုးသမီး သိုင်းပညာရှင် တစ်ဦးက ဓားရှည်ကြီးကို ဆွဲထုတ်ကာ အမြင့်သို့ မြှောက်၍ ခုတ်ချရန် ပြင်လိုက်သည်။

ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “မင်းသမီး ဝူရွှမ်း... ခင်ဗျားက ဘယ်နိုင်ငံက မင်းသမီးလဲ။ တာ့ရှန်း အင်ပါယာကများလား။ ဒါဆို ခင်ဗျားက တကယ်ပဲ ကျင်းမျိုးရိုးလား၊ ဒါမှမဟုတ် နုမျိုးရိုးလား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ မင်းသမီး ဝူရွှမ်း၏ လှပသော မျက်လုံးများကျုံ့သွားပြီး လက်ကို ချက်ချင်း မြှောက်လိုက်တော့သည်။

ထိုအမျိုးသမီး သိုင်းပညာရှင်လည်း ရပ်တန့်သွားတော့၏။

မင်းသမီး ဝူရွှမ်းက အမိန့်ပေးလိုက်သည်။ “သူ့ကို အထဲ ပြန်ခေါ်လာခဲ့။ ပြီးရင် ရှင်တို့ ထွက်သွားကြ။ ဘယ်သူမှ အနားမကပ်နဲ့။”

အမျိုးသမီး သိုင်းပညာရှင်သည် ယွင်ကျုံးဟဲ့ကို နန်းဆောင် အတွင်းသို့ ပြန်လည် ခေါ်ဆောင်လာပြီးနောက် ထွက်ခွာသွားပြီး တံခါးကို ပိတ်ထားလိုက်ရာ နန်းဆောင် တစ်ခုလုံးတွင် ယွင်ကျုံးဟဲ့နှင့် မင်းသမီး ဝူရွှမ်း နှစ်ဦးတည်းသာ ကျန်ရှိတော့၏။

မင်းသမီး ဝူရွှမ်းက မေးလိုက်သည်။ “ပြောစမ်းပါ။ ရှင် ဘာဖြစ်လို့ ဒီလို ခန့်မှန်းချက်တွေ လုပ်ရတာလဲ။ ယွမ်ထျန်းရှဲ့က ရှင့်ကို ပြောပြတာလား။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်၏။ “တာ့ရစ်တောင် မီးတောင် ပေါက်ကွဲပြီးတည်းက ကျုပ် ယွမ်ထျန်းရှဲ့နဲ့ တကယ် မတွေ့ရသေးဘူးလို့ ပြောရင် ခင်ဗျား ယုံမလား။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်၏။ “ကျွန်မ ယုံတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီး ကျုပ် ခန့်မှန်းမိတာပါ။”

မင်းသမီး ဝူရွှမ်းက မေးလိုက်၏။ “ခန့်မှန်းတာလား။ ယွမ်ထျန်းရှဲ့တောင် ကျွန်မရဲ့ သွေးသား ဆင်းသက်မှုကို မသိတာကို ရှင်က ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အကြောင်းရင်း အနည်းငယ် ရှိပါတယ်။ ပထမအချက်... နုဧကရာဇ်ရဲ့ မြေအောက် သင်္ချိုင်းဂူ မြေပုံဟာ ဘာလို့ တခြားသူတွေ လက်ထဲမှာ မရှိဘဲ ကျင်းမိသားစု လက်ထဲမှာပဲ ရှိနေရတာလဲ။ ခင်ဗျားတို့က သင်္ချိုင်းဂူကို တည်ဆောက်ခဲ့သူတွေလား။ ဒါမှမဟုတ် တာ့ရှန်း အင်ပါယာရဲ့ မျိုးဆက်တွေများလား။

ဒုတိယအချက်... ခင်ဗျားနဲ့ ကျင်းကျုံးယွဲ့ တို့ဟာ အရမ်း ငယ်ရွယ်ကြတယ်။ အထူးသဖြင့် ခင်ဗျားဆိုရင် အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာကို သိုင်းပညာက ဒီလောက်အထိ မြင့်မားနေတာဟာ တကယ်ကို စဉ်းစားလို့တောင် မရနိုင်ဘူး။

တတိယအချက်... နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျုပ် ဖတ်ဖူးတယ်။ အဲဒီထဲက ရွှံ့ရုပ်တုတွေဟာ အရင်တုန်းက အသက်ရှင်နေတဲ့ လူတွေနဲ့ မြှုပ်နှံထားတာတဲ့။ ပြီးတော့ လူတစ်သိန်းလောက်တောင် ရှိတယ်။ အဲဒီလူတွေဟာ သာမန်လူတွေနဲ့ သိပ်မတူကြဘူး။

ပထမဆုံး အရပ်အမောင်းပဲ။ ခြောက်ပေကျော်တဲ့ လူအနည်းငယ်ကို ရှာဖို့က လွယ်ပေမယ့် သောင်းချီ ရှာဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲမှာ ခြောက်ပေကျော်တဲ့ လူက တစ်သိန်းနီးပါးလောက် ရှိနေတယ်။ ဒါကြောင့် နုဧကရာဇ် မသေခင်မှာ သွေးသားကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခုခုကို ရှာတွေ့ခဲ့တာ ဖြစ်ရမယ်။”

မင်းသမီး ဝူရွှမ်းက အေးစက်စက် ပြုံးကာ မေးလိုက်၏။ “ဒီလောက်ပဲလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဒါတင်မကသေးဘူး။ အရေးအကြီးဆုံးက ခင်ဗျားတို့ရဲ့ မျက်လုံးတွေက သာမန်လူတွေနဲ့ နည်းနည်းကွာခြားနေလို့ပဲ။”

“မျက်လုံးတွေလား။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်ကို စက္ကူ တစ်ရွက်လောက် ပေးလို့ရမလား။”

မင်းသမီး ဝူရွှမ်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ စက္ကူတစ်ရွက်သည် ယွင်ကျုံးဟဲ့၏ အရှေ့သို့ ညင်သာစွာ လွင့်ပျံလာတော့သည်။

ယွင်ကျုံးဟဲ့ သည် စက္ကူပေါ်တွင် မျက်လုံး သူငယ်အိမ် နှစ်ခုကို ရေးဆွဲလိုက်၏။ “ဘယ်ဘက်က သာမန်လူတွေရဲ့ မျက်လုံး သူငယ်အိမ်ပဲ။ အထဲက အနက်ရောင် သူငယ်အိမ်က အဝိုင်းပုံစံ ရှိတယ်။ မင်းသမီး ဝူရွှမ်းရဲ့ မျက်လုံး သူငယ်အိမ်ကတော့ နည်းနည်း ဘဲဥပုံစံ ရှိပြီး ရှည်လျားတဲ့ ပုံစံမျိုး ဖြစ်တဲ့အတွက် ကြောင်မျက်လုံးနဲ့ နည်းနည်း ဆင်တူတယ်။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “နုဧကရာဇ် သင်္ချိုင်းဂူထဲက ရွှံ့ရုပ်တုအဖြစ် မြှုပ်နှံခံရတဲ့ လူတွေရဲ့ ပုံတူပန်းချီ တွေကို ကျုပ် ကြည့်ဖူးတယ်။ အဲဒီထဲက လူတချို့ရဲ့ အနက်ရောင် သူငယ်အိမ်က ဘဲဥပုံစံ ဖြစ်နေတာကို တွေ့ရတယ်။”

မင်းသမီး ဝူရွှမ်းသည် သူ၏ လှပသော မျက်လုံးများကို ပြူးကျယ်ကာ မှန်တစ်ချပ်ကို ယူ၍ သေချာစွာ ကြည့်ရှုလိုက်၏။

“ဒါက အရမ်း... အရမ်းကို သိမ်မွေ့တဲ့ အသေးစိတ် အချက်တစ်ခုပါ။ ရှင် ဘယ်လိုလုပ်ပြီး သတိထားမိသွားတာလဲ။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ကျွန်မကိုယ်တိုင်တောင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ သတိထားမိတာပါ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အဲဒီနေ့က မင်းသမီး ဝူရွှမ်းကို တွေ့လိုက်ရချိန်မှာ ဘာလို့မှန်းမသိဘူး အရမ်းကို မှတ်မိနေခဲ့တယ်။ အိပ်မက်တွေထဲမှာတောင် ခင်ဗျားရဲ့ မျက်နှာကို ခဏခဏ မြင်မက်ခဲ့တယ်။ ခင်ဗျားရဲ့ မျက်နှာက သာမန် မိန်းကလေးတွေနဲ့ မတူဘူးလို့ ကျုပ် ခံစားရပေမယ့် ဘယ်နေရာမှာ မတူတာလဲ ဆိုတာကိုတော့ သေချာ မပြောတတ်ခဲ့ဘူး။

အချိန်တွေကြာလာတာနဲ့အမျှ အိပ်မက်ထဲမှာ ခင်ဗျားရဲ့ မျက်နှာက ပိုပိုပြီး ဝေဝါးလာပေမယ့် မျက်လုံးနှစ်လုံး ကတော့ ပိုပိုပြီး ရှင်းလင်းလာတယ်။ အဲဒီတော့မှ ခင်ဗျားရဲ့ သူငယ်အိမ်က ကြောင်မျက်လုံးနဲ့ နည်းနည်း ဆင်တူနေတာကို ကျုပ် သတိထားမိသွားတာပဲ။”

မင်းသမီး ဝူရွှမ်း၏ မျက်လုံးများမှာ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလေသည်။ လူတစ်ယောက်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝိညာဉ်ကို ဆွဲယူသွားနိုင်မည့် မျက်လုံးမျိုးဖြစ်ပြီး တစ်ခါ မြင်ဖူးပါက လုံးဝ မေ့ပျောက်၍ မရနိုင်လောက်အောင် စွဲမြဲနေစေသည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျားရဲ့ တာဝန်က တိုင်းပြည် ပြန်လည် တည်ထောင်ဖို့ပဲ မဟုတ်လား။ တာ့ရှန်းအင်ပါယာကို ပြန်လည် တည်ထောင်ဖို့လေ။ အဲဒီတုန်းက နုဧကရာဇ် ဘာလို့ ရုတ်တရက် သေဆုံးသွားရတာလဲ၊ တာ့ရှန်းအင်ပါယာ ဘာလို့ ရုတ်တရက် ပျက်စီးသွားရတာလဲ ဆိုတာတွေနဲ့ တာ့ရှန်း အင်ပါယာရဲ့ သမိုင်းကြောင်းတွေ လုံးဝ ပျောက်ကွယ်နေတာတွေက အားလုံး လျှို့ဝှက်ချက်တွေချည်းပဲ။

ဒါတင်မကသေးဘူး။ နုဧကရာဇ် သင်္ချိုင်းဂူအောက်က ဓားနဲ့ လက်နက်တွေဟာ နှစ်ထောင်ချီကြာနေပေမယ့် အခုထိ သံကိုတောင် ဖြတ်နိုင်စွမ်း ရှိနေသေးတယ်။ အခုခေတ် လက်နက် ထုတ်လုပ်ရေး နည်းပညာတွေထက် အများကြီး ပိုအဆင့်မြင့်နေတာတွေ အားလုံးက ပဟေဠိတွေချည်းပါပဲ။”

မင်းသမီး ဝူရွှမ်းသည် ဘုရင်မ ထိုင်ခုံပေါ်တွင် ဖြည်းညင်းစွာ ပြန်ထိုင်လိုက်သည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒုတိယမင်းသား ကျိုးကျီက ခင်ဗျားကို ကျုပ်ကို လုပ်ကြံဖို့ အပ်နှံခဲ့ဖူးတယ်။ ဒါကြောင့် သူက ခင်ဗျားတို့ရဲ့ တိုင်းပြည် ပြန်လည် တည်ထောင်ရေး အင်အားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေလောက်တယ်။

ကျင်းကျုံးယွဲ့က ခင်ဗျားရဲ့ အစ်မဖြစ်ပြီး သူမက အနောက်ဘက် သဲကန္တာရမှာ မထင်မှတ်ဘဲ ကြီးမားတဲ့ အခြေခံ အင်အားတွေကို တည်ဆောက်နိုင်ခဲ့တယ်။ ပြီးတော့ သူက ခင်ဗျားကို နေရာအနှံ့ လိုက်ရှာနေတာ။ ခင်ဗျားက ခင်ဗျားရဲ့ တိုင်းပြည် ပြန်လည် တည်ထောင်ရေး တာဝန်အတွက် ရိုလန်မြို့ထဲကို ခိုးဝင်ပြီး ကျင်းကျုံးယွဲ့နေရာကို အစားထိုးကာ သူ့ရဲ့ အခြေခံအင်အားတွေကို လုယူခဲ့တာပဲ။

မင်းသမီး ဝူရွှမ်း... ခင်ဗျားက တကယ်ကို ရက်စက်တာပဲ။ ကျင်းကျုံးယွဲ့က ခင်ဗျားရဲ့ အစ်မအရင်းလေ။ သူ့ကိုတောင် ခင်ဗျားက ဒုက္ခပေးရက်တာလား။”

ယွင်ကျုံးဟဲ့က အေးစက်စက်ဖြင့် မေးလိုက်သည်။ “ကျုပ် သိချင်တာက ကျင်းကျုံးယွဲ့ရဲ့ လက်အောက် ငယ်သားတွေနဲ့ သူ့ရဲ့ မိသားစုဝင်တွေကရော ခင်ဗျားက ကျင်းကျုံးယွဲ့ကို အစားထိုးလိုက်ပြီ ဆိုတာကို သိကြရဲ့လား။”

မင်းသမီး ဝူရွှမ်းသည် သူမ၏ လှပသော လက်ကို ဆန့်ထုတ်ကာ လေထုထဲတွင် ညင်သာစွာ တီးခတ်နေသည်။ ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာတော့၏။ သူမ၏ လက်ချောင်းများ လေထုထဲတွင် တီးခတ်နေခြင်းက စောင်းတီးသံများကိုပင် ထွက်ပေါ်လာစေ၏။

‘ချီးတဲ့မှ... ကျုပ်က စောင်းနတ်ဆိုးလား၊ ခင်ဗျားက စောင်းနတ်ဆိုးလား။ ခင်ဗျားရဲ့ သိုင်းပညာက အရမ်းကို မြင့်မားလွန်းနေပြီ။ ပြီးတော့ ခင်ဗျားရဲ့ လက်ကလည်း အရမ်းကို လှပပြီး ဆွဲဆောင်မှု ရှိလွန်းနေတယ်။’

မျက်စိရှေ့ရှိ ဤမင်းသမီး ဝူရွှမ်းသည် ကျင်းကျုံးယွဲ့၏ ပုံစံအတိုင်း ပြင်ဆင်ထားသောကြောင့် အမှန်တကယ်ပင် လောကကို လှုပ်ခတ်စေလောက်အောင် လှပပြီး နိုင်ငံတစ်နိုင်ငံကိုပင် ပျက်စီးစေနိုင်လောက်အောင် လှပသည်ဟု ဆိုနိုင်သည်။

ကျင်းကျုံးယွဲ့သည် ကလေးမွေးဖွားပြီးနောက် ဤမျှလောက်အထိ လှပလာခဲ့ခြင်းများ ဖြစ်နိုင်မည်လား။ လောကတွင် သူမနှင့် ယှဉ်ပြိုင်နိုင်မည့် အမျိုးသမီး မည်သူ ရှိနိုင်ဦးမည်နည်း။

“ပြောလို့ ပြီးပြီလား။” မင်းသမီး ဝူရွှမ်းက မေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် သိချင်တာက တောင်ပိုင်းကျိုးအင်ပါယာက ကျုပ်ကို သတ်ဖို့ ခင်ဗျားကို ဘယ်လောက် ဈေးပေးခဲ့လဲ ဆိုတာပဲ။”

မင်းသမီး ဝူရွှမ်းက ပြန်ပြောလိုက်၏။ “ရှင် သိစရာ မလိုပါဘူး။ လာကြစမ်း... ယွင်ကျုံးဟဲ့ကို ဆွဲထုတ်သွားပြီး ခေါင်းဖြတ်လိုက်။”

ရိုလန်မြို့ နန်းတော်ထဲတွင် တောင်ပိုင်းကျိုးအင်ပါယာ၏ ကိုယ်စားလှယ်အမတ် အောက်ယွီကို ဆွဲထုတ်လာပြီး နန်းဆောင်အရှေ့ရှိ ခေါင်းဖြတ်စင်ပေါ်သို့ တင်လိုက်သည်။

သူ့ကို ဓားမော့ကြီး အောက်တွင် ဖိထားပြီး ပြင်းထန်စွာ ဖိချလိုက်ရာ ဝဖြိုးသော ခေါင်းကြီး ပြတ်ကျသွားတော့၏။

အပြင်ဘက်မှ လူတစ်ယောက်က ကြည့်ရှုပြီးနောက် မျက်နှာ အနည်းငယ် တုန်ယင်သွားကာ ချက်ချင်း ခေါင်းငုံ့ပြီး လှည့်ထွက်သွားတော့သည်။

အခြား လူတစ်ယောက်၏ အနားမှ ဖြတ်သွားစဉ် သတိမထားမိသကဲ့သို့ ပြောလိုက်၏။ “အောက်ယွီ သေပြီ။”

ထိုလူကလည်း ဘာမှ မကြားလိုက်ရသကဲ့သို့ ဆက်လက်ကာ အပြင်ဘက်သို့ လျှောက်သွား၏။ ထို့နောက် နှစ်နာရီခန့် အကြာတွင် မြင်းအချို့ ရိုလန်မြို့မှ ထွက်ခွာသွားကြတော့သည်။

ယွင်ကျုံးဟဲ့ နောက်တစ်ကြိမ် နိုးလာချိန်တွင် အခန်းတစ်ခန်း အတွင်း၌ ရောက်ရှိနေကြောင်း သိလိုက်ရ၏။

“ကျွန်မတို့က ရှင်နဲ့ ဆင်တူတဲ့ လူဝကြီး တစ်ယောက်ကို ရှာပြီး ခေါင်းဖြတ်လိုက်တာ။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ဒါကြောင့် ရှင် သေပြီဆိုတဲ့ သတင်းက မကြာခင် တချို့လူတွေရဲ့ နားထဲကို ရောက်သွားလောက်ပြီ။”

ယွင်ကျုံးဟဲ့က မျက်နှာသေဖြင့် နေနေလိုက်၏။

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “အရင်တစ်ခေါက် ရှင့်ကို လုပ်ကြံတုန်းက ရှင် ဘယ်သူလဲ ဆိုတာကို ကျွန်မ တကယ် ဂရုမစိုက်ခဲ့ပါဘူး။ ရှင့်ကို သတ်တာဟာ ပုရွက်ဆိတ် တစ်ကောင်ကို သတ်တာလိုပဲ သဘောထားခဲ့တာ။ ဒါပေမဲ့ ယွမ်ထျန်းရှဲ့က ရှင့်ကို ဝင်ကယ်လိုက်တော့ ကျွန်မက ရှင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သွားရှာကြည့်လိုက်မိတယ်။

အဲအချိန်မှာ ရှင့်ရဲ့ ပါရမီတွေကို တွေ့ပြီး အရမ်း အံ့ဩသွားခဲ့ရတယ်။ ဒီတစ်နှစ်အတွင်းမှာ ရှင်က ဒီလောက်များတဲ့ ကိစ္စတွေကို လုပ်ခဲ့တာပဲ။ ရှင်က တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှုကို အသုံးချပြီး တောင်ပိုင်းက တိုင်းရင်းသား ပုန်ကန်သူ တစ်သိန်းကျော်ကို သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ ယွမ်ထျန်းရှဲ့က ရှင့်ကို မသတ်တဲ့အပြင် ကာကွယ် ပေးထားသေးတယ်။

ရှင်က လန်ကျိုး ပင်လယ်ပြင်မှာ ဖြစ်မယ့် ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကိုတောင် တစ်လကြိုတင်ပြီး ခန့်မှန်းနိုင် ခဲ့သေးတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ ခန့်မှန်းချက် မဟုတ်ဘူး။ တောင်ပိုင်းကျိုး ဧကရာဇ်ဟောင်းရဲ့ ခန့်မှန်းချက်ပါ။ ပြီးတော့ ကျုပ်ကို အိပ်မက် လာပေးခဲ့တာပါ။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ကျွန်မရှေ့မှာ လိမ်ပြောနေတာ အသုံးမဝင်ပါဘူး။ ဒါပေမဲ့ ဒါက ရှင့်ရဲ့ အကောင်းဆုံး လှည့်ကွက် တစ်ခုပါပဲ။ တောင်ပိုင်းကျိုး ဧကရာဇ်ဟောင်းရဲ့ နိုင်ငံရေး ကိုယ်စားလှယ် ဖြစ်လာပြီး နန်းတွင်းမှာ အထူးခြားဆုံး အဆင့်အတန်း တစ်ခုကို ရရှိသွားခဲ့တာပဲ။”

All Chapters