← Chapters

အခန်း ၄၄၅

Vol. 38 Ch. 445

အခန်း ၄၄၅

Vol. 38 Ch. 445

အပိုင်း (၄၄၅)

ယွင်ကျုံးဟဲ့ ရုတ်တရက် သတိထားမိသွားသည်မှာ ဤမင်းသမီး ဝူရွှမ်းနှင့် ကျင်းကျုံးယွဲ့ တို့သည် အကောင်းဆုံး ပေါင်းစပ်မှု တစ်ခု ဖြစ်ကြောင်းပင်။

မင်းသမီး ဝူရွှမ်းသည် ရည်မှန်းချက် ကြီးမားပြီး တိုင်းပြည် ပြန်လည် တည်ထောင်ရေးကိုသာ စိတ်အားထက်သန် နေသောကြောင့် သူမကို အတွင်းရေးကိစ္စများ စီမံခန့်ခွဲစေပြီး ကျင်းကျုံးယွဲ့ကမူ တိုက်ပွဲဝင်ရန်သာ ဆန္ဒရှိသောကြောင့် သူမကို စစ်တပ် ဦးဆောင်၍ တိုက်ပွဲဝင်စေခြင်းပင် ဖြစ်သည်။

ဤညီအစ်မ နှစ်ဦး၏ အတွင်းအပြင် ပူးပေါင်းဆောင်ရွက်မှုသည် ပြိုင်ဘက်ကင်း ဖြစ်လာမည်မှာ သေချာသည်။ အရှေ့တိုင်း အင်ပါယာများတွင် ဧကရာဇ် တစ်ပါးတည်းသာ ရှိနိုင်သော်လည်း အနောက်တိုင်း နိုင်ငံများတွင်မူ ဘုရင် နှစ်ပါး ရှိနေခြင်းမှာ အဆန်းမဟုတ်ချေ။

မင်းသမီး ဝူရွှမ်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ရှင်က ကျွန်မကို ကျင်းကျုံးယွဲ့ရဲ့ အခြေခံအင်အားတွေကို လုယူတယ်၊ သူမ ဟန်ဆောင်တယ်လို့ ပြောတယ်မလား။ တကယ်ကို ...”

အချို့သော စကားများကို မင်းသမီး ဝူရွှမ်း အနေဖြင့် ထုတ်မပြောချင်တော့ချေ။ အထူးသဖြင့် ထိုကလေးငယ် နှစ်ယောက်ကို ပြောရမည်ဆိုလျှင် ယခင်က ကျင်းကျုံးယွဲ့က ကိုယ်တိုင် နို့တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား သူမ အဆိပ်မိသွားပြီးနောက် ကလေးငယ်များသည် ဆိတ်နို့နှင့် နွားနို့များကိုသာ သောက်သုံး ရတော့၏။ သို့ပေမည့် အိပ်ရာဝင်ချိန်တွင်မူ မိခင်၏နို့ကို စို့ပြီးမှသာ အိပ်ပျော်တတ်ကြသောကြောင့် ရလဒ်အနေဖြင့် ဤတာဝန်မှာ မင်းသမီး ဝူရွှမ်း ထံသို့ ရောက်ရှိလာခဲ့၏။

မင်းသမီး ဝူရွှမ်း သည် အပျိုစင် တစ်ဦး ဖြစ်သော်လည်း ညတိုင်းကလေးငယ် နှစ်ယောက်ကို အိပ်ပျော်အောင် သိပ်ပေးနေရပြီး အဆိုးဆုံးမှာ ကလေးများ သွားပေါက်လာသောကြောင့် ကိုက်တတ်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် မကြာသေးမီက မင်းသမီး ဝူရွှမ်း၏ ဘဝမှာလည်း ငရဲပြည်ကဲ့သို့ ဖြစ်နေခဲ့သည်။ သို့ပေမည့် သူမ မည်သို့ လုပ်နိုင်မည်နည်း။ ကလေးငယ် နှစ်ယောက်က သူမကို အဒေါ်အဖြစ် အသိအမှတ်ပြုပြီး မိခင် အဖြစ်ပါ သတ်မှတ်ထားကြပြီ ဖြစ်၏။

“ကျင်းကျုံးယွဲ့ အတွက် အချိန် ဘယ်လောက်ကျန်သေးလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“ဆယ့်သုံးရက်။” မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်၏။

လန်ပိက ဝင်ပြောလိုက်သည်။ “တာ့ရှီး အင်ပါယာရဲ့ ကိုယ်စားလှယ်က ပြောသွားတယ်။ အချိန်စေ့တာနဲ့ သခင်မက တာ့ရှီး အိမ်ရှေ့စံကို လက်မထပ်ရင် အဆိပ်တက်ပြီး သေသွားမှာပဲတဲ့။ နတ်ဘုရားတွေတောင် ကယ်လို့ မရဘူးတဲ့။”

ယွင်ကျုံးဟဲ့၏ မျက်လုံးများ အနည်းငယ်ကျုံ့သွားတော့၏။

ဤ တာ့ရှီးအင်ပါယာ၏ အိမ်ရှေ့စံ၏ လုပ်ရပ်များမှာ အမှန်တကယ်ပင် တိုက်ရိုက်ဆန်ပြီး ယုတ်မာလေသည်။ အရှေ့တိုင်း အင်ပါယာများကဲ့သို့ သွယ်ဝိုက်သော နည်းလမ်းများကို မသုံးဘဲ ဟန်ဆောင်မှုများကိုပင် ဂရုမစိုက်ချေ။

ကျုပ်ကို လက်ထပ်မည်လား၊ သို့မဟုတ် သေမည်လား ဆိုသည်ကို ချက်ချင်း ရွေးချယ်ခိုင်းနေသလိုပင်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှီးလျန်နိုင်ငံ၏ ဤဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အနောက်ဘက် တိုက်ခိုက်ရေး မဟာဗျူဟာမှာ မည်မျှလောက် အောင်မြင်ခဲ့ပြီး ရှီးလျန် တော်ဝင်မိသားစုကို မည်မျှလောက် မောက်မာလာစေခဲ့ကြောင်း သိရှိနိုင်သည်။

လန်ပိက ဆက်ပြောလိုက်၏။ “တာ့ရှီး အင်ပါယာ ဧကရာဇ်ရဲ့ အမိန့်တော်အရ သခင်မက တာ့ရှီး အိမ်ရှေ့စံကို လက်ထပ်လိုက်တာနဲ့ သူမကို ရိုလန် ဘုရင်မအဖြစ် ခန့်အပ်မယ်တဲ့။ ဒါပေမဲ့ သဘောမတူဘူးဆိုရင် သူမကို အဆိပ်တက်ပြီး သေပါစေလို့ လွှတ်ထားရုံတင် မကဘူး၊ တပ်တော် သုံးသိန်း စေလွှတ်ပြီး ရိုလန်မြို့ကို မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ပစ်မယ်တဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆိုလိုတာက တာ့ရှီး အင်ပါယာရဲ့ တပ်တော်ကြီးက လမ်းမှာ ရောက်နေပြီပေါ့။”

“ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်၏။ “မင်းသမီး ဝူရွှမ်း... ခင်ဗျား ကျုပ်ကို ဘာလုပ်ခိုင်းချင်တာလဲ။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်သည်။ “ကျွန်မရဲ့အစ်မ ကျင်းကျုံးယွဲ့ကို ကယ်တင်ဖို့ပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်လိုကယ်ရမလဲ။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်သည်။ “ရှင်က တောင်ပိုင်းကျိုးအင်ပါယာမှာ ရှိနေတုန်းက တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှုကို ကြိုတင် ခန့်မှန်းနိုင်ခဲ့သလို လန်ကျိုး ပင်လယ်ပြင်ရဲ့ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကိုလည်း တစ်လကြိုတင်ပြီး ခန့်မှန်းနိုင်ခဲ့တယ်လေ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပြီးတော့ကော။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ကျွန်မက ရှင့်ကို မီတျဲ ချိုင့်ဝှမ်းကို သွားပြီး ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေးကို ယူလာပြီး ကျင်းကျုံးယွဲ့ကို ကယ်တင်ခိုင်းချင်တာ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဖြေဆေးကို ဘယ်လို ယူရမလဲ။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်သည်။ “အဲဒါက ရှင့်ရဲ့ ပြဿနာပဲ။ တကယ်တော့ ကျွန်မက လူဆယ်ယောက်လောက်ကို မီတျဲချိုင့်ဝှမ်းကို လွှတ်ပြီး ဖြေဆေး တောင်းခိုင်းခဲ့ဖူးပေမယ့် အားလုံး ကျရှုံးခဲ့တယ်။ ရှင်က တောင်ပိုင်းကျိုးအင်ပါယာမှာ အံ့ဩစရာတွေ အများကြီး ဖန်တီးနိုင်ခဲ့လို့ ရှင် အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်မ ရှင့်ကို မသတ်ဘဲ အသက်ချမ်းသာပေးထားတဲ့ အကြောင်းရင်းပဲ။”

လန်ပိက ဝင်ပြောလိုက်၏။ “မီတျဲ ချိုင့်ဝှမ်းဟာ အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လောကမှာ အံ့ဩစရာ အကောင်းဆုံး အဆိပ်တွေကို ပိုင်ဆိုင်ထားပါတယ်။ မီတျဲ ချိုင့်ဝှမ်းရဲ့ အဆိပ်တွေကို မီတျဲ ချိုင့်ဝှမ်းကလွဲရင် ဘယ်သူမှ မဖြေနိုင်ပါဘူး။ ဒါကြောင့် အဆိပ်ခတ်တဲ့သူက တာ့ရှီး အင်ပါယာရဲ့ အိမ်ရှေ့စံ ဖြစ်ပေမယ့် ဒီအဆိပ်ကလည်း မီတျဲ ချိုင့်ဝှမ်းကနေ ရလာတာ ဖြစ်လို့ ဖြေဆေးကလည်း မီတျဲ ချိုင့်ဝှမ်းမှာပဲ ရှိပါတယ်။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ရှင်က ရှင့်အဖေ အောက်ရှင်းရဲ့ အဆုတ်နာရောဂါကို ကုသဖို့ နတ်ဆေးကို လိုချင်နေတာ မဟုတ်လား။ ကျွန်မတို့ဆီမှာ နတ်ဆေး နည်းနည်းကျန်သေးတယ်။ ရှင်က မီတျဲ ချိုင့်ဝှမ်းကနေ ဖြေဆေး ရလာပြီး ကျင်းကျုံးယွဲ့ကို ကယ်တင်နိုင်ရင် ကျွန်မတို့က ရှင့်ကို နတ်ဆေး ပေးမယ်။”

အမည်ခံ နတ်ဆေး ဖြစ်သော ပင်နီဆီလင်ကို ယွင်ကျုံးဟဲ့ ကိုယ်တိုင် ပိုင်ဆိုင်ထားသော်လည်း တိုက်ရိုက် အသုံးပြု၍ မရနိုင်ချေ။ အသုံးပြုလိုက်ပါက မည်းညစ်သော ငွေကြေးများကို ခဝါချပြီးမှ အသုံးပြုရသကဲ့သို့ သူ၏ အဆင့်အတန်းမှာ လုံးဝ ပေါ်ထွက်သွားမှာ ဖြစ်၏။

ထို့အပြင် ပင်နီဆီလင် အတွက် မဟုတ်လျှင်တောင်မှ ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ကို မဖြစ်မနေ ကယ်တင်ရမှာ ဖြစ်သည်။ ဤအမျိုးသမီးသည် သူ့ကလေး နှစ်ယောက်၏ မိခင် ဖြစ်သောကြောင့်ပင်။

“ကောင်းပြီ... ကျုပ် သဘောတူတယ်။” ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “မီတျဲ ချိုင့်ဝှမ်းဟာ ဒီနေရာကနေ မိုင်သုံးထောင့်ငါးရာ ဝေးတယ်။ လမ်းတစ်ဝက်မှာ မြင်းပြောင်းစီးစရာ နေရာ မရှိဘူး။ ကျွန်မ ရှင့်ကို မြင်းကောင်း တစ်ကောင် ပေးမယ်။ ပြီးတော့ မြင်းဆယ်ကောင်လောက် ထပ်ပေးမယ်။ ဒါပေမဲ့ ရှင့်ကို အစောင့်အရှောက်တွေတော့ မပေးနိုင်ဘူး။ ယွမ်ထျန်းရှဲ့က ရှင့်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးလိမ့်မယ်။”

လန်ပိက ဝင်ပြောလိုက်သည်။ “ရှင် မြန်မြန် လုပ်ရလိမ့်မယ်။ ဆယ့်သုံးရက်ကြာရင် သခင်မက အဆိပ်တက်ပြီး သေသွားတော့မှာပါ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ် အခုချက်ချင်း ထွက်သွားမယ်။”

ထို့နောက် ယွင်ကျုံးဟဲ့သည် လှည့်ထွက်သွားတော့၏။ ယခုအချိန်တွင် သူသည် ကျင်းကျုံးယွဲ့အပေါ် ဂရုစိုက်မှုနှင့် ချစ်ခင်မှုများကို အလွန်အကျွံ မပြသနိုင်ချေ။ ထိုသို့ ပြသလိုက်ပါက သူ၏ အဆင့်အတန်းမှာ ပိုမို ပေါ်ပေါက်သွားမှာ ဖြစ်သည်။

မင်းသမီး ဝူရွှမ်းသည် တိုင်းပြည် ပြန်လည် တည်ထောင်ရေးအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သူ ဖြစ်ပြီး သူမသည် တောင်ပိုင်းကျိုးအင်ပါယာ၏ ဒုတိယမင်းသားနှင့်လည်း ယခင်က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ရှိထားခဲ့ဖူး၏။

ကျင်းကျုံးယွဲ့ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ‘ဆယ့်သုံးရက်... ဆယ့်သုံးရက်... ငါ မင်းကို သေချာပေါက် အချိန်မီ ပြန်လာကယ်မယ်။’

သူနှင့် ကျင်းကျုံးယွဲ့ တို့ကြားရှိ ရန်ငြိုးများကို ဘေးဖယ်ထားမည်ဆိုလျှင်ပင် ကလေး နှစ်ယောက်ကို မိခင် မရှိဘဲ လုံးဝ မထားနိုင်ချေ။

“ဒါက မီတျဲ ချိုင့်ဝှမ်းရဲ့ မြေပုံ၊ ဒါက မြင်းကောင်း။”

မင်းသမီး ဝူရွှမ်းက ဆက်ပြောလိုက်၏။ “နောက်တစ်ခု ကျွန်မ ရှင့်ကို မဖြစ်မနေ ပြောရလိမ့်မယ်။ မီတျဲ ချိုင့်ဝှမ်းကို ခွင့်ပြုချက် မရှိဘဲ ဝင်တဲ့သူတွေက အခြေခံအားဖြင့် သေချာပေါက် သေရတာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အခု ကျုပ်က ခွင့်ပြုချက် မရှိဘဲ ဝင်တာလား။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်၏။ “သေချာတာပေါ့။ မီတျဲ ချိုင့်ဝှမ်းက ရှင့်ကို ဖိတ်ကြားမထားဘူးလေ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “မေးခွန်းတစ်ခု ရှိပါသေးတယ်။ ကျုပ် နည်းနည်း သံသယ ဖြစ်နေလို့ပါ။ ခင်ဗျားက ပိုင်ယင်မြို့က ဆိုတော့ မီတျဲ ချိုင့်ဝှမ်းက မျက်နှာသာ မပေးဘူးလား။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်၏။ “မီတျဲ ချိုင့်ဝှမ်းနဲ့ ပိုင်ယင်မြို့က သေခြင်းရှင်ခြင်း ရန်သူတွေပါ။ ရှင့်အဖေဟာ အရင်တုန်းက တောင်ပိုင်းကျိုးအင်ပါယာရဲ့ နံပါတ်တစ် အာဏာရှိတဲ့ အမတ် ဖြစ်ခဲ့ဖူးတာတောင် မီတျဲ ချိုင့်ဝှမ်းက မျက်နှာသာ ပေးခဲ့လို့လား။ လောကက လူတွေက မီတျဲ ချိုင့်ဝှမ်းကို အားကိုးရပေမယ့် မီတျဲ ချိုင့်ဝှမ်းကတော့ လောကက လူတွေကို အားကိုးစရာ မလိုပါဘူး။”

‘မီတျဲ ချိုင့်ဝှမ်းက တကယ်ကို အစွမ်းထက်တာပဲ။ အဲဒီတုန်းက မင်းသမီး ရှန်ရှန်း မီတျဲ ချိုင့်ဝှမ်းထဲ ဝင်ပြီး ဆေးကုသခွင့် ရခဲ့တာက ဆရာတော် ဝူရှင်းရဲ့ မျက်နှာသာပေးမှုကြောင့်ဖြစ်ပြီး မင်းသမီး ရှန်ရှန်း တစ်ယောက်တည်းကိုပဲ ဝင်ခွင့်ပြုခဲ့တာ။ တော်ဝင်မိသားစုက ဘယ်သူ့ကိုမှ လိုက်ပါခွင့် မပြုခဲ့ဘူး။’

မင်းသမီး ဝူရွှမ်းက မေးလိုက်သည်။ “ရှင် ဘာလို့ မသွားသေးတာလဲ။ ဘာကို စောင့်ချင်နေသေးလို့လဲ။”

ယွင်ကျုံးဟဲ့ ဘာကို စောင့်ချင်နေသနည်း။ သေချာပေါက် ကလေး နှစ်ယောက် ထွက်လာမယ့် အချိန်ကို စောင့်ချင်နေခြင်းဖြစ်သည်။ ထိုကလေးများ သူ၏ကလေးများဖြစ်ပြီး မွေးတည်းက တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သို့သော်ငြား ယခုအချိန်တွင် ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆို၍ မဖြစ်နိုင်သေးပေ။ အကယ်၍ သူ၏ ယွင်ကျုံးဟဲ့ဟူသော အဆင့်အတန်းသာ ပေါ်ပေါက်သွားပါက ထမ်းဆောင်နေသည့် တာဝန်ဝတ္တရားဟူသမျှ အချည်းနှီး ဖြစ်သွားမည့်အပြင် သူကိုယ်တိုင်လည်း သေလုမျောပါး အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

“သွားပြီ။”

“မှတ်ထား... ရှင့်မှာ ဆယ့်သုံးရက်ပဲ အချိန်ရှိတယ်။” မင်းသမီး ဝူရွှမ်းက သတိပေးလိုက်သည်။

ယွင်ကျုံးဟဲ့သည် ရုပ်ဖျက်ကာ မြင်းကောင်းကို စီးနင်းပြီး ဘုရင်မ အိမ်တော်၏ နောက်ပေါက်မှ ထွက်ခွာသွားတော့၏။

ယနေ့ ရိုလန်မြို့ သည် လွန်ခဲ့သော နှစ်ရက်ကလောက် မစည်ကားတော့ဘဲ လမ်းမများပေါ်တွင် မြင်းစီးဓားပြ တပ်ဖွဲ့များသာ ပြည့်နှက်နေကာ တည်ကြည်လေးနက်သော အငွေ့အသက်များ ပိုမို လွှမ်းမိုးနေသည်။

သာမန် ပြည်သူများပင်လျှင် တာ့ရှီး အင်ပါယာ၏ တပ်တော်ကြီးသည် လမ်းတွင် ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ မြို့ရိုးအနီးသို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရှိထားကြသည်မှာ ထင်ရှားလို့နေ၏။

မီတျဲ ချိုင့်ဝှမ်းသည် အနောက်မြောက်ဘက်တွင် တည်ရှိပြီး ယွင်ကျုံးဟဲ့သည် ရိုလန်မြို့မှ ထွက်ခွာပြီးနောက် မြောက်ဘက်သို့ တောက်လျှောက် ဦးတည်သွားတော့၏။ ဤနေရာသည် လူသူကင်းမဲ့သော ကျောက်စရစ်ခဲ မြေပြင်ဖြစ်ပြီး မည်သူမှ ပုန်းအောင်း၍ မရနိုင်ချေ။

ယခင်က ယွင်ကျုံးဟဲ့သည် ယွမ်ထျန်းရှဲ့က သူ၏ အနီးတွင် အမြဲတမ်း ရှိနေကြောင်း သိရှိထားသော်လည်း တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသလို စကားပင် မပြောဆိုခဲ့ဖူးချေ။ ယွင်ကျုံးဟဲ့ကသာ ပြောပြီး သူက နားထောင်နေခဲ့ခြင်းသာ ဖြစ်သည်။

သို့ပေမည့် ယခုအခါ ယွင်ကျုံးဟဲ့သည် သူ၏ ဘယ်ညာ နှစ်ဖက်စလုံးတွင် လူငါးယောက်စီ ပါဝင်ကာ သူ့အနားတွင် အမြဲတမ်း လိုက်ပါလာသည်ကို မြင်တွေ့နေရ၏။

‘ဒီလူတွေက ယွမ်ထျန်းရှဲ့ရဲ့ လူတွေလား။ ဟွမ်ထျန်းသာသနာက သိုင်းပညာရှင် တွေလား။ ဘယ်သူက ယွမ်ထျန်းရှဲ့ လဲ။’

ဤလူများ အားလုံးသည် အနက်ရောင် အဝတ်အစားများဖြင့် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားကြသောကြောင့် မျက်နှာကို လုံးဝ မမြင်ရချေ။

“ခင်ဗျားတို့ ဟွမ်ထျန်း သာသနာနဲ့ မီတျဲ ချိုင့်ဝှမ်းတို့ ပတ်သက်မှု ရှိလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“မရှိဘူး။”

ယွမ်ထျန်းရှဲ့၏ အသံသည် နားထဲသို့ တိုက်ရိုက် ဝင်ရောက်လာသော်လည်း မည်သည့် အနက်ရောင် ဝတ်စုံရှင်က စကားပြောနေသည်ကို ယခုတိုင် ခွဲခြား၍ မရနိုင်သေးချေ။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီမီတျဲချိုင့်ဝှမ်းက ဘာနောက်ခံ ရှိလို့လဲ။ ဘာလို့ ဒီလောက် လျှို့ဝှက်ဆန်းကြယ် နေရတာလဲ။”

“မီတျဲ ချိုင့်ဝှမ်းရဲ့ တည်ထောင်သူက သန့်စင်သောကျောင်းတော်က လာတာလို့ ကောလာဟလတွေ ရှိတယ်။”

‘သန့်စင်သောကျောင်းတော်... ခင်ဗျားက ဒါကို ချင်းယွီနျန် (နာမည်ကြီး တရုတ်ဇာတ်လမ်းတွဲ) လို့ ထင်နေတာလား။’

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “သန့်စင်သောကျောင်းတော် ဆိုတာ ဘယ်လို နေရာမျိုးလဲ။”

“လောကမှာ လျှို့ဝှက်အဆန်းကြယ်ဆုံး နေရာ တစ်ခုပဲ။ ရှိလည်း ရှိသလို မရှိဘူးလို့လည်း ပြောလို့ရတယ်။ သန့်စင်သောကျောင်းတော်ထဲကို ဝင်သွားတဲ့ သူတိုင်း ပြန်ထွက်လာရင် လောကကြီးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။”

‘ဒီလောက်တောင် အစွမ်းထက်တာလား။’

ယွင်ကျုံးဟဲ့က ဆက်မေးလိုက်သည်။ “ဒါဆို တာ့ရှန်း အင်ပါယာရဲ့ နုဧကရာဇ်ကရော။”

“နုဧကရာဇ်လည်း သန့်စင်သောကျောင်းတော်ကို ရောက်ဖူးတယ်လို့ ကောလာဟလ ရှိတယ်။ သူ ပြန်ထွက် လာပြီးနောက် တာ့ရှန်း အင်ပါယာဟာ လောက တစ်ခုလုံးကို လွှမ်းမိုးသွားပြီး တစ်ဝက်လောက်ကို အုပ်ချုပ်နိုင်ခဲ့တယ်။

မီတျဲ ချိုင့်ဝှမ်းရဲ့ တည်ထောင်သူဟာလည်း သန့်စင်သောကျောင်းတော်ကို ဖူးမြော်ပြီးနောက် ပြန်ထွက်လာတဲ့အခါ အံ့ဩစရာကောင်းတဲ့ ဆေးပညာတွေကို တတ်ကျွမ်းလာပြီး သေလူကို ပြန်ရှင်စေနိုင်ကာ အရိုးပေါ်မှာ အသား ပြန်ပေါက်စေနိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့လို့ ထာဝရ မသေနိုင်တဲ့ လုပ်ငန်းစဉ်တွေကို တည်ဆောက်နိုင်ခဲ့တာပဲ။”

…………………

All Chapters