← Chapters

အခန်း (၆၄၅)

Vol. 43 Ch. 645

အခန်း (၆၄၅)

Vol. 43 Ch. 645

အခန်း (၆၄၅) ကောင်းကင် ရုပ်သေး ကျင့်စဉ်နှင့် မိုးကဲ့သို့ ရှည်လျားသော သက်တမ်း အပိုင်း (၃)

နောက်ထပ် လဝက်ခန့် တံခါးပိတ် ကျင့်ကြံခြင်းဖြင့် အချိန်ကုန်လွန် သွားပြီးနောက်..

ဖန်ရှောင်က စုယွီထံ လာရောက်ပြီး သတင်းပို့လာသည်။

“ဦးလေးငယ်... ကျွန်မ အင်မော်တယ် တပ်မတော် ကို ဦးဆောင်ပြီး အရိုင်းနယ်မြေ ထဲကို ခဏလောက် သွားချင်တယ်... အင်မော်တယ် မြို့တော် ထဲမှာ အသား သိပ်မကျန်တော့ဘူး... အရိုင်းနယ်မြေ ထဲက သားရဲတွေကို သွားပြီး အမဲလိုက်ရမယ်လေ..”

အရိုင်းနယ်မြေ မှာ ဝိညာဉ်စွမ်းအင် လုံးဝ မရှိပါချေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအင် ရှိသော မည်သည့် ရတနာ သို့မဟုတ် ပစ္စည်းမျှ ထိုနေရာတွင် ရှိမနေနိုင်ပေ။ သို့သော် ထိုနေရာ၌ ထူးခြားသော သက်ရှိများ... ဥပမာ သားရဲများ ကဲ့သို့သော အရာများတော့ ရှိနေ၏။

ထိုသားရဲများတွင် မိစ္ဆာ အရှိန်အဝါများ မရှိသော်ငြား... သူတို့၏ ခန္ဓာကိုယ် စွမ်းအားများမှာ အလွန်အမင်း ကြီးမား ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုကဲ့သို့သော ထူးခြားသည့် ပတ်ဝန်းကျင် အခြေအနေများ အောက်တွင်... သူတို့၏ ခန္ဓာကိုယ်များမှာ ထူးခြားသော စွမ်းအားများကို သိုလှောင်ထားနိုင်ပြီး... ခန္ဓာကိုယ် သန့်စင်ခြင်း အတွက် အလွန် အကျိုးရှိလှသည်။

အင်မော်တယ် တပ်မတော် သည် အဓိကအားဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်များကိုသာ လေ့ကျင့်ကြ၏။ သူတို့၏ အဓိက လိုအပ်ချက်မှာ ဝိညာဉ်ကျောက်တုံး များ သို့မဟုတ် အခြားသော အရင်းအမြစ်များ မဟုတ်ဘဲ အရိုင်းနယ်မြေ ရှိ သားရဲများ၏ အသားနှင့် သွေးများသာ။

စုယွီက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ...”

အနက်ရောင် ဒေါသ စစ်သည်တော် ၏ အကာအကွယ်နှင့် ဟင်းလင်းပြင် တာအို ဥပဒေသ စွမ်းအားများ ရှိနေသဖြင့် သူ၏ လုံခြုံရေး အတွက် စိတ်ပူစရာ မရှိပါချေ။

လိုအပ်သည်များကို ခေတ္တမျှ ပြင်ဆင်ပြီးနောက်... စုယွီသည် ဖန်ရှောင်၊ ထို့အပြင် စတုတ္ထမြောက် အင်မော်တယ် မြို့တော် မှ မူလဝိညာဉ် အလယ်အလတ်အဆင့် အရှင်သခင် နှစ်ပါး တို့နှင့်အတူ အင်မော်တယ် တပ်မတော်သား တစ်ထောင်ကို ဦးဆောင်ကာ... စတုတ္ထအဆင့် စစ်သင်္ဘောကြီး တစ်စီးပေါ်သို့ တက်ရောက်ပြီး အရိုင်းနယ်မြေ ဆီသို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။

အရိုင်းနယ်မြေ ကြီးမှာ အလွန်တရာ ကျယ်ဝန်းလှ၏။

စစ်သင်္ဘောကြီးသည် အရိုင်းနယ်မြေ ၏ အစွန်အဖျားသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်... အပြင်ဘက်ရှိ သဘာဝ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အလွန်အမင်း ကျဆင်းသွားခဲ့တော့သည်။ လူအုပ်ကြီးသည် စစ်သင်္ဘော ပေါ်မှ ဆင်းသက်လိုက်ကြပြီး... ဖန်ရှောင်က လက်ကို ဝှေ့ယမ်းကာ စစ်သင်္ဘောကို ပြန်လည် သိမ်းဆည်းလိုက်၏။

အရိုင်းနယ်မြေ ပေါ်သို့ ပထမဆုံး ခြေချလိုက်ချိန်တွင် စုယွီ အနေဖြင့် အနည်းငယ် နေရခက် သွားရ၏။

ဤကဲ့သို့သော နေရာမျိုးတွင် မန္တန်စွမ်းအားကို အသုံးပြုရန် လုံးဝ မဖြစ်နိုင်သလောက် ရှိရုံသာမက... အချိန်ကြာမြင့်စွာ နေထိုင်ပါက ကျင့်ကြံခြင်း အဆင့်များပင် ဆုတ်ယုတ်သွားနိုင်၏။

သူသည် လေအေးတစ်ချက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး... သူ၏ မန္တန်စွမ်းအားများကို ဒန်တျန် အတွင်း၌ ချိတ်ပိတ်ထားလိုက်ကာ အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်သည်။

ဘေးတွင် ရှိနေသော ဖန်ရှောင်က စုယွီသည် သူ၏ မန္တန်စွမ်းအား များကို အပြည့်အဝ ချိတ်ပိတ် ဖုံးကွယ်ထားသည်ကို သတိပြုမိသွားပြီး မျက်နှာပေါ်တွင် အပြုံးရ်ိပ် တစ်ခုဖြင့် မေးလိုက်၏။

“ဦးလေးငယ်... ဘယ်လိုလဲ...”

“ရှေ့ဆက်သွားရင် ဝိညာဉ်စွမ်းအင် တစ်စက်မှ ရှိတော့မှာ မဟုတ်ဘူး... ကျွန်မတို့ ခန္ဓာကိုယ် စွမ်းအားကိုပဲ သုံးရတော့မယ် နော်”

ဖန်ရှောင်က သတိပေးလိုက်သည်။

“တကယ်လို့ ဦးလေးငယ် ရဲ့ ခန္ဓာကိုယ် စွမ်းအားက မလုံလောက်ဘူး ဆိုရင် ကျွန်မ ခဏလောက် ထမ်းပေးလို့ ရတယ်နော်” ဟု ဖန်ရှောင်က ကမ်းလှမ်းလိုက်၏။

မူလဝိညာဉ် အလယ်အလတ်အဆင့် အကြီးအကဲ နှစ်ဦး ဖြစ်သော ကျန်ဟောင် နှင့် ချန်ချွမ်း တို့မှာလည်း သူတို့၏ ကိုယ်ပိုင် မန္တန်စွမ်းအား များကို ချိတ်ပိတ်နေကြသည်။

၎င်းအစား သူတို့၏ ခန္ဓာကိုယ်များမှ ကြမ်းကြုတ် ရက်စက်ပြီး သွေးစွန်းနေသော အရှိန်အဝါများ ထွက်ပေါ်လာတော့၏။

သူတို့၏ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် အရှိန်အဝါများမှာ မူလဝိညာဉ် အဆင့် အစ ကျင့်ကြံသူများနှင့် တန်းတူပင် ဖြစ်တော့သည်။

ဖန်ရှောင်၏ အရှိန်အဝါမှာမူ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အထွတ်အထိပ်နှင့် နှိုင်းယှဉ်နိုင်၏။

သူတို့၏ နောက်တွင် ရှိနေသော အင်မော်တယ် တပ်မတော်သား တစ်ထောင်မှာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်များကို လေ့ကျင့်ထားသူများ ဖြစ်ကြပြီး... အဆင့် (၂) မှ အဆင့် (၃) အကြားတွင် ရှိနေကြကာ... အခြေခံ တည်ဆောက်ခြင်း အဆင့် နှင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့် တို့နှင့် ညီမျှ၏။

သို့သော် သူတို့သည် အခင်းအကျင်း ပညာရပ်များ တွင်လည်း ကျွမ်းကျင်ကြ၏။ အကယ်၍ ဤစစ်သည်တော် တစ်ထောင်သာ ပူးပေါင်း တိုက်ခိုက်မည် ဆိုပါက မူလဝိညာဉ် အလယ်အလတ်အဆင့် ရှိသူများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။

“ခန္ဓာကိုယ် စွမ်းအား ဆိုတာက မင်း ဦးလေးငယ် အကျွမ်းကျင်ဆုံး အရာပဲ”

စုယွီက ကြွားလုံးထုတ်လိုက်သည်။ သူသည် ခန္ဓာကိုယ် စွမ်းအားကိုသာ အသုံးပြုရခြင်းနှင့် အနည်းငယ် အသားကျသွားပြီးနောက်... အပင်များ ရှားပါးပြီး လူသူကင်းမဲ့သော အထီးကျန် မြေရိုင်းပြင်ကြီးကို လှမ်းကြည့်လိုက်၏။

စုယွီက မျက်မှောင် အနည်းငယ် ကြုတ်ကာ မေးလိုက်သည်။

“ငါတို့ အမဲလိုက်ဖို့ ဘယ်ကို သွားရမလဲ...”

အကြီးအကဲ ကျန်ဟောင် က ပြုံးလျက် ပြန်ဖြေလာ၏။

“ငါတို့ အထဲကို လီ သုံးထောင်လောက် ဝင်သွားပြီးရင် တောင်ကတုံး တစ်ခုကို ရောက်မယ်... အဲဒီနေရာက အရိုင်းနယ်မြေ ရဲ့ အစွန်အဖျား အတွင်းပိုင်း ဖြစ်ပြီး အစွမ်းထက်တဲ့ သားရဲတွေ အများကြီး ရှိသလို အရင်းအမြစ် တွေလည်း ပေါများတယ်... အဲဒါက ငါတို့ ပုံမှန် အမဲလိုက်တဲ့ နေရာပဲ...”

“သွားကြတာပေါ့...”

စုယွီက ဆိုလိုက်သည်။

မန္တန်စွမ်းအားကို အသုံးမပြုနိုင်သော်ငြား သူတို့၏ သွားလာနှုန်းမှာ ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့်ပင် အလွန် မြန်ဆန်လှ၏။

အင်မော်တယ် တပ်မတော်သား တစ်ထောင် အကြားရှိ ဝိညာဉ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများက... သူတို့ကို အမြုတေ ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် နှင့် အဆင့်နှောင်းပိုင်း ကျင့်ကြံသူများ၏ အမြန်နှုန်းနှင့် တန်းတူ ရှိစေသည်။

ဖန်ရှောင်သည် စုယွီ၏ အမြန်နှုန်းမှာ သူမထက် လုံးဝ မနှေးကွေးကြောင်း တွေ့ရသောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“ဦးလေးငယ်... ဦးလေးငယ် ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က ကျင့်ကြံခြင်း ထက် ပိုပြီး အစွမ်းထက်နေတာလား...”

ဦးလေးငယ်သည် မန္တန်စွမ်းအား ကိုသာမက ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကိုပါ လေ့ကျင့်ရုံသာမက... ဆေးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့၊ ရုပ်သေး ပညာရပ် နှင့် အခင်းအကျင်း ပညာရပ် တို့ကိုပါ လေ့ကျင့်နေရသေးသည် မဟုတ်ပါလော။

ဒီဦးလေးငယ် က ဒီလောက်များပြားတဲ့ စွမ်းအားတွေကို ဘယ်ကများ ရနေတာပါလိမ့်။

“အာရုံ မလွင့်စေနဲ့...”

စုယွီက သတိပေးလိုက်သည်။

“ဂါး...”

စုယွီ သတိပေးလိုက်သည်နှင့် တစ်ပြိုင်နက်... အရှေ့ဘက်မှ အရပ် (၃) ကျန်းခန့် မြင့်မားသော တောင်တန်းကြီးလို အနီရောင် ဝက်မိစ္ဆာ တစ်အုပ် က သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ ၎င်းတို့၏ အရေအတွက်မှာ တစ်ရာကျော်ခန့် ရှိ၏။

ထို ဝက်မိစ္ဆာ များကို မြင်သောအခါ အကြီးအကဲ ကျန်ဟောင် မှာ ကြောက်ရွံ့သွားခြင်း မရှိဘဲ ပို၍ပင် စိတ်လှုပ်ရှားလာတော့၏။

“ဒါတွေက သွေးဝက်တွေပဲ... သူတို့က သိပ်ပြီး အစွမ်းမထက်ပေမယ့် ဒုတိယအဆင့် အထွတ်အထိပ် လောက်ပဲ ရှိတယ်... ဒါပေမဲ့ သူတို့ရဲ့ အသားက အရမ်းကို အရသာရှိတယ်... ကြွပ်ရွပြီး အရည်ရွှမ်းတယ်... ထူးခြားတဲ့ ရနံ့လည်း ရှိပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အတွက် အများကြီး အကျိုးရှိတယ်ကွ...”

“လှုပ်ရှားကြမယ်... သူတို့ အားလုံးကို ရှင်းပစ်လိုက်...”

အင်မော်တယ် တပ်မတော် ၏ ညီညွတ်သော တိုက်ခိုက်မှု အောက်တွင်... ဝက်မိစ္ဆာ အုပ်ကြီးမှာ အသက် သုံးဆယ်စာ အချိန်ပင် မပြည့်မီ အကုန်လုံး မျိုးတုံး သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။

ဝက်မိစ္ဆာ အားလုံးကို ထိုနေရာမှာပင် ချက်ချင်း ဖျက်ဆီးပြီး... အသားနှင့် သွေးများကို ခွဲခြားကာ သေချာစွာ သိမ်းဆည်းလိုက်ကြသည်။

အရိုင်းနယ်မြေ ၏ အနက်ရှိုင်းဆုံး နေရာသို့ သွားရာ လမ်းတစ်လျှောက်တွင်... စုယွီနှင့် အခြားသူများမှာ အပြင်ဘက် အရိုင်းနယ်မြေ ထက်မနည်းသော သားရဲများကို ကြုံတွေ့ခဲ့ရ၏။

ဆယ်ရက်ပင် မပြည့်မီမှာပင်... သူတို့သည် ကြိုတင် သတ်မှတ်ထားသော အမဲလိုက်ရာ တောင်ကတုံး သို့ ရောက်ရှိသွားကြသည်။

သို့သော် သူတို့ ထိုနေရာသို့ ရောက်ရှိချိန်တွင်... တောင်ကတုံး အတွင်းမှ ပြင်းထန်သော တိုက်ပွဲကြီး တစ်ခု၏ အသံများကို ကြားလိုက်ရသဖြင့်... စုယွီ၊ ဖန်ရှောင်၊ ကျန်ဟောင် နှင့် ချန်ချွမ်း တို့၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားတော့၏။

တစ်ယောက်ယောက်က သူတို့၏ အမဲလိုက်ကွင်းကို လုနေသည်ပင်။

တောင်ကတုံး အတွင်း၌၊

အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုမှာ တောင်ကုန်း တစ်ခုပေါ်တွင် ရပ်နေ၏။

သူက အောက်ခြေရှိ ပေလေးဆယ် အရှည် အနီရောင် မြွေဟောက် မိစ္ဆာကြီး ကို လူတစ်ထောင်ကျော်က ဝိုင်းဝန်း တိုက်ခိုက်နေသည်ကို အပေါ်စီးမှ ကြည့်ရှုနေသည်။

ထို မြွေဟောက် မိစ္ဆာကြီး ၏ ချီစွမ်းအင် မှာ အလွန်အမင်း အစွမ်းထက်ပြီး စတုတ္ထအဆင့် အလယ်အလတ် သားရဲ တစ်ကောင်နှင့် နှိုင်းယှဉ်နိုင်၏။

သို့သော် ဝိုင်းဝန်း တိုက်ခိုက်မှုများ အောက်တွင်... မြွေဟောက် မိစ္ဆာကြီး မှာ သွေးသံရဲရဲနှင့် ဒဏ်ရာများ အနှံ့အပြား ရရှိနေပြီး ထွက်ပြေးရန် လမ်းစ မရှိတော့ချေ။

အကယ်၍ သည်ဗျူဟာ အတိုင်းသာ ဆက်သွားပါက ရက်အနည်းငယ် အတွင်း သူတို့ အနိုင်ရသွားမည်မှာ သေချာ၏။

သို့သော် ထိုအခိုက်အတန့်တွင် အဖြူရောင် ဝတ်စုံရှင် ၏ နောက်ကျောဘက်သို့ ပုံရိပ်တစ်ခု ရောက်ရှိလာပြီး ရိုသေစွာဖြင့် သတင်းပို့လာသည်။

“တာအိုသားတော်... အင်မော်တယ် နန်းတော် က လူတွေ လာနေပါတယ်... သူတို့က စတုတ္ထမြောက် အင်မော်တယ် မြို့တော် ဆိုတဲ့ နေရာကနေ လာကြတာပါ...”

ထိုစကားကို ကြားသောအခါ အဖြူရောင် ဝတ်စုံရှင် မှာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။

“လူ ဘယ်လောက် လာလဲ...”

“တစ်ထောင် ပါ...”

အဖြူရောင် ဝတ်စုံရှင် သည် မျက်မှောင်ကို ပြန်လည် ဖြေလျှော့လိုက်ပြီး အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

“ထွက်သွားခိုင်းလိုက်... တကယ်လို့ ယွီလုံ နန်းတော် ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးရဲတယ် ဆိုရင်... သူတို့ရဲ့ အသက်တွေနဲ့ ပြန်ပေးဆပ်ဖို့ ပြင်ထားကြပစေ…”

All Chapters