← Chapters

အခန်း (၆၃၉)

Vol. 43 Ch. 639

အခန်း (၆၃၉)

Vol. 43 Ch. 639

အခန်း (၆၃၉) မူလဝိညာဉ် အဆင့် (၂) နှင့် ရှေးဟောင်း အရိုင်းနယ်မြေ အပျက်အစီးများ အပိုင်း (၂)

သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရသည့် ခံစားမှုမှာ ယခင်ကထက် များစွာ သိသိသာသာ တိုးတက်လာခဲ့သည်။

ဤစွမ်းအင်များမှာ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများ အဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး စုယွီ၏ ဒန်တျန် အတွင်းသို့ စီးဝင်သွားကာ... ထိုမှတစ်ဆင့် သူ၏ မူလဝိညာဉ် အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားတော့၏။

စုယွီသည် သူ၏ မူလဝိညာဉ်မှာ မျက်စိဖြင့် မြင်နိုင်လောက်အောင် လျင်မြန်စွာ ကြီးထွား သန်စွမ်းလာသည်ကို ကိုယ်တိုင် မြင်တွေ့နေရသည်။

သူ၏ ခန္ဓာကိုယ်၊ လက်မောင်းများနှင့် တင်ပျဉ်ခွေ ထိုင်နေသော ခြေထောက်များမှာလည်း သိသိသာသာ ပိုမို ကြံ့ခိုင် တောင့်တင်းလာခဲ့တော့၏။

ဆယ်ရက်ကျော် ကြာပြီးနောက် မှသာ ဤထူးခြားသော ဖြစ်စဉ်မှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

စုယွီ၏ အရှိန်အဝါမှာ မြေနှင့် ကောင်းကင် ကဲ့သို့ ကြီးမားလှသော အပြောင်းအလဲ တစ်ခုကို ဖြတ်သန်းခဲ့ရ၏။ ယခုအခါတွင် သူသည် မူလဝိညာဉ် အဆင့်သို့ စတင် ရောက်ရှိချိန်ကထက် များစွာ ပိုမို အစွမ်းထက်လာခဲ့တော့သည်။

“ဟူး...”

စုယွီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လေပူတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်ရာ... လျှို့ဝှက်ခန်း အတွင်း၌ လေဆင်နှာမောင်း တစ်ခု ရုတ်ချည်း ရစ်ဝဲလာတော့၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြည့်ဝ စုံလင်လှသော သက်စောင့်အားအင် များဖြင့် ပြည့်နှက်နေသည်။

ဤသက်စောင့်အားအင် သက်သက်ဖြင့်ပင် သာမန် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်ရန် လုံလောက်လှ၏။

သာမန် မူလဝိညာဉ် အဆင့် အစ ကျင့်ကြံသူများပင် ဤအရှိန်အဝါကြောင့် ထိတ်လန့် တုန်လှုပ်သွားနိုင်သည်။

၎င်းက သက်ရှိများ၏ အဆင့်အတန်း ကွာခြားချက်ပင်။

“ဟင်း…. နောက်ဆုံးတော့ မူလဝိညာဉ် အဆင့် (၂) ကို ရောက်လာခဲ့ပြီပဲ...”

စုယွီသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူ မူလဝိညာဉ် အဆင့်သို့ တက်လှမ်းခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ်ကျော် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။

သူသည် ကျင့်ကြံခြင်းကို အရှိန်မြှင့်ရန်အတွက် နည်းလမ်းပေါင်းစုံနှင့် အရင်းအမြစ် အမျိုးမျိုးကို အသုံးပြုခဲ့သော်ငြား... အဆင့်တစ်ဆင့် တက်ရန် နှစ်ပေါင်း သုံးဆယ်ကျော် အချိန်ယူခဲ့ရဆဲပါပင်။

ကျင့်ကြံသူများ အဆင့်မြင့်လာလေလေ၊ ပိုမို အစွမ်းထက်လာလေလေ... သူတို့၏ စိတ်နေစိတ်ထားများမှာ ပိုမို အေးစက်လာပြီး အရာရာကို လျစ်လျူရှုလာတတ်ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပါချေ။

တောင်တန်းများပေါ်တွင် နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံပြီးနောက် မှသာ မူလဝိညာဉ် အဆင့် (၁) မှ (၂) သို့ တက်လှမ်းရန် နှစ်ပေါင်း သုံးဆယ်ကျော် အချိန်ယူခဲ့ရသည် မဟုတ်ပါလော။

ပိုမို မြင့်မားသော အဆင့်များတွင် ကျင့်ကြံရန်မှာ ဤထက်ပင် များစွာ ပိုမို ခက်ခဲပေလိမ့်မည်။

အကယ်၍ သင်သာ ပေါ့ပေါ့ပါးပါးလေး တစ်ကြိမ် နှစ်ကြိမ်လောက် တံခါးပိတ် ကျင့်ကြံလိုက်မည် ဆိုလျှင်... ဆယ်စုနှစ်တွေ ..သို့မဟုတ် နှစ်တစ်ရာလောက်တောင် လွယ်လွယ်လေး ကုန်ဆုံးသွားနိုင်သည်လေ။

စုယွီ အတွေးများကို စုစည်းလိုက်ပြီး ကျွမ်းကျင်မှု မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။

[ကျင့်ကြံခြင်း အဆင့် - မူလဝိညာဉ် အဆင့် (၂)]

[သက်တမ်း - (၂၆၂/၂၁၃၂) နှစ်]

[ကျင့်စဉ် - ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ် အဆင့်၊ ဒုတိယ အလွှာ၊ ကျွမ်းကျင်မှု ၀.၀၁%)၊ ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင် ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၄၂.၁၃%)၊

သွေးဝေလငါး လမင်းမြို ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၅၀%)၊

အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ပြီးပြည့်စုံခြင်း)၊ ...

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၄၁.၀၆%)]

[မန္တန် - သစ်သားနွယ်ပင် မန္တန် (ပြီးပြည့်စုံခြင်း)...

ယင်ယန် လွတ်မြောက်ခြင်း နည်းစနစ် (ပြီးပြည့်စုံခြင်း)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ် (ပြီးပြည့်စုံခြင်း)

၊ ပုစဉ်း ပိုးတုံးလုံးအချိန်တာအို (အဆင့်မြင့်၊ ကျွမ်းကျင်မှု ၂၆.၈၂%)၊

ဟင်းလင်းပြင် ခွဲထွက်ခြင်း ဟင်းလင်းပြင် တာအို ကျင့်စဉ် (အစပြု၊ ကျွမ်းကျင်မှု ၄၇.၆၄%)]

“ငါ့ရဲ့ သက်တမ်းက (၁၂၃) နှစ်တောင် တိုးလာတာပဲ...”

စုယွီသည် သက်တမ်း ကိန်းဂဏန်း အပြောင်းအလဲကို မြင်သောအခါ စိတ်ထဲမှ အသာ ရေရွတ်လိုက်မိသည်။

နှစ်ပေါင်း သုံးဆယ် ကုန်လွန်သွားခဲ့သော်လည်း သူ၏ သက်တမ်းမှာ အနှစ် တစ်ရာကျော် တိုးလာခဲ့သဖြင့် သူ လုံးဝ အရှုံးမပေါ်ခဲ့ပါချေ။

ကျင့်စဉ်များကို ထပ်မံ ကြည့်ရှုလိုက်သောအခါ... ဓာတ်ကြီးငါးပါး ကျင့်စဉ်မှာ မူလဝိညာဉ် အဆင့် (၂) သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင် ကျင့်စဉ်မှာမူ ယခုအခါ မူလဝိညာဉ် အဆင့် (၄) နှင့် နှိုင်းယှဉ်နိုင်နေပြီ။ စတုတ္ထအဆင့် အတွက် လိုအပ်သော ခန္ဓာကိုယ် သန့်စင်ခြင်း မန္တန် အမှတ်အသား (၉၉,၉၉၉) ခု အနက်မှ လေးသောင်းကျော်ကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် အောင်မြင်စွာ ရေးထွင်းနိုင်ခဲ့တော့သည်။

ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ သာမန် မှော်ရတနာများထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်ကြောင်း စုယွီ ခံစားသိရှိနေ၏။

သန္ဓေသား အဆင့်ရှိ မှော်ရတနာ တစ်ခုနှင့်ပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိကောင်း ရှိနေနိုင်ပေလိမ့်မည်။

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်မှာ ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင် ကျင့်စဉ် ထက် အနည်းငယ် အားနည်းနေသေးသော်ငြား... မူလဝိညာဉ် အလယ်အလတ်အဆင့် အရှင်သခင် တစ်ပါးနှင့် တန်းတူပင်။

ဟင်းလင်းပြင် ခွဲထွက်ခြင်း ဟင်းလင်းပြင် တာအို ကျင့်စဉ် နှင့် ပုစဉ်း ပိုးတုံးလုံးအချိန်တာအို ကျင့်စဉ် တို့၏ တိုးတက်မှု နှုန်းမှာသာ အနည်းငယ် နှေးကွေးနေခဲ့၏။

တစ်ခုက ဟင်းလင်းပြင်နှင့် သက်ဆိုင်ပြီး အခြားတစ်ခုက အချိန်ကာလနှင့် သက်ဆိုင်သော ထိုမန္တန် နှစ်ခုမှာ သာမန် တာအို မန္တန်များနှင့် လုံးဝ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် နက်နဲလှ၏။

ကျင့်ကြံခြင်း အဆင့် တက်သွားပြီးနောက် စုယွီသည် တံခါးပိတ် ကျင့်ကြံကာမှ ချက်ချင်းပင် အပြင်ထွက်လာခဲ့သည်။

သူက ယွီခယ်အာ နှင့်အတူ ရက်အနည်းငယ် အချိန်ဖြုန်းပြီးနောက်... မာထျန်းလင် အား ရွှေအမြုတေ ကျင့်စဉ်နှင့် ပတ်သက်သော အသိအမြင် အချို့ကို သင်ကြားပေး၏။

ထို့နောက်မှာတော့... စုယွီသည် ပိုင်ဟွာဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကာ ဖန်ရှောင်နှင့် တွေ့ဆုံရန် ဂိုဏ်းတော်ဆီသို့ ပြန်လည် ဦးတည်လာခဲ့သည်။

*

မြေကမ္ဘာအင်မော်တယ် တိလင် မြို့တော်။

ဖန် အိမ်တော်ဝယ်..

ဖန်ရှောင်က စုယွီကို လှိုက်လှဲစွာ ကြိုဆိုလာပါသည်။

လမ်းတစ်လျှောက်တွင် ဖန်မိသားစုဝင်များနှင့် အမှုထမ်း အားလုံးက သူတို့ကို ရိုသေစွာ နှုတ်ဆက်ကြ၏။

“သခင်မလေးရှောင်၊ အကြီးအကဲစု...”

စုယွီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“သူတို့က ငါ့ကို သိနေကြတာလား...”

ထိုအခါ ဖန်ရှောင်က ချိုမြစွာ ပြုံးလိုက်ရင်း ဖြေသည်။

“ကျွန်မ အဖေက ဖန်မိသားစုရဲ့ ခေါင်းဆောင်လေ... ကျွန်မ အရိုင်းနယ်မြေကို သွားမယ်ဆိုတာရယ်... ဦးလေးငယ်က လိုက်လာမယ် ဆိုတာရယ်ကို သူ ကြားထားတယ်... ဒါကြောင့် ဦးလေးငယ် အကြောင်းကို ကြိုပြီး လေ့လာထားပြီး မိသားစုဝင်တွေနဲ့ အမှုထမ်းတွေကို မလေးမစား မလုပ်မိအောင် သေချာ မှတ်ထားဖို့ မှာထားလို့ပါ...”

'ဪ... ဒီလိုကိုး...'

ဖန်အိမ်တော်၏ ပင်မခန်းမဆောင်သို့ ရောက်ရှိချိန်တွင်... ဖန်မိသားစု ခေါင်းဆောင်မှာ အကြီးအကဲ ဟွမ်ကျူး နှင့်အတူ စကားစမြည် ပြောဆိုနေ၏။ စုယွီကို မြင်သောအခါ သူတို့သည် ခေတ္တမျှ စကားပြောဆို နှုတ်ဆက်ပြီးနောက် မိသားစု ခေါင်းဆောင်မှာ အလိုက်တသိဖြင့် ထွက်ခွာသွားသည်။

စုယွီက ဟွမ်ကျူး ကို အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်၏။

“စီနီယာ... ခင်ဗျားလည်း အရိုင်းနယ်မြေကို အတူတူ လိုက်မှာလား...”

ဟွမ်ကျူးက ခေါင်းညိတ်ပြလိုက်သည်။

“ဒီတစ်ခေါက် မင်းတို့ သွားရမယ့် နေရာက အရိုင်းနယ်မြေ ထဲက အင်မော်တယ် နန်းတော်ရဲ့ စတုတ္ထမြောက် မြို့တော်ပဲ... ဒီမြို့တော်က အရိုင်းနယ်မြေ ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ရှိပြီး... အင်မော်တယ်တို့ရဲ့ ဝိညာဉ်မဲ့ သင်္ချိုင်း နဲ့ သိပ်မဝေးဘူး... အဲဒီနေရာက အရမ်းကို အန္တရာယ် များတယ်...”

“ငါလည်း မင်းတို့နဲ့ အတူတူ လိုက်ခဲ့မယ်... အဲဒီကို ရောက်ရင်တော့ ငါ စတုတ္ထမြောက် အင်မော်တယ် မြို့တော်မှာပဲ နေမယ်... မြို့တော်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုခု မရောက်လာမချင်း ငါ ဝင်မပါဘူး...”

စတုတ္ထမြောက် အင်မော်တယ် မြို့တော် တဲ့လား။

စုံစမ်း မေးမြန်းမှုများ ပြုလုပ်ပြီးနောက် စုယွီ သိရှိလိုက်ရသည်မှာ... အရိုင်းနယ်မြေသို့ သွားရောက်မည့် ဖန်ရှောင်၏ အဓိက တာဝန်မှာ အသစ် ဖွင့်လှစ်ထားသော စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို အပြည့်အဝ ထိန်းချုပ်ရန်နှင့်... ယုံကြည် စိတ်ချရသော အင်မော်တယ် တပ်မတော် တစ်ခုကို လေ့ကျင့် ပျိုးထောင်ရန်ပင် ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် သူတို့သည် စတုတ္ထမြောက် မြို့တော်ကို အခြေစိုက်စခန်း အဖြစ် အသုံးပြုကာ အရိုင်းနယ်မြေ အတွင်းရှိ အင်မော်တယ် နန်းတော်၏ အုတ်မြစ်ကို ခိုင်မာစွာ ထိန်းချုပ်ထားကြရမည်။

ဆိုလိုသည်မှာ... အခြားသော တာအိုသားတော်များ သို့မဟုတ် အင်မော်တယ် နန်းတော်မှ အကြီးအကဲများ အားလုံးက သူတို့ကို အသိအမှတ် ပြုလာစေရန် လုပ်ဆောင်ရမည် ဖြစ်၏။

ထိုသို့ လုပ်ဆောင်နိုင်မှသာ အင်မော်တယ် နန်းတော်၏ ဆက်ခံသူ အဖြစ် သူမ၏ အဆင့်အတန်းကို တည်ဆောက်ရန်အတွက် ခိုင်မာသော အုတ်မြစ်တစ်ခု ဖြစ်လာမည် မဟုတ်ပါလော။

‘ဒီတာဝန်က…’’

စုယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး နောက်ထပ် မေးခွန်းများ မမေးတော့ပါချေ။

ဖန်ရှောင် အနေဖြင့် ဤတာဝန်များကို ထမ်းဆောင်နိုင်စွမ်း ရှိမရှိ သူ ဂရုမစိုက်ပါ။

အကယ်၍ သူ အရိုင်းနယ်မြေသို့ ရောက်သွားလျှင်တောင် ငါးသေတစ်ကောင်အလား လုံးဝ လှုပ်ရှားမည် မဟုတ်ကြောင်း သူ အသေအချာ ဆုံးဖြတ်ထားပြီး ဖြစ်၏။

‘ကျင့်ကြံသင့်တဲ့ အချိန်မှာ ကျင့်ကြံမယ်... ဆေးဖော်သင့်တဲ့ အချိန်မှာ ဆေးဖော်မယ်...။ တကယ်လို့ အပြင် မထွက်ဘဲ နေလို့ ရမယ်ဆိုရင်... သူ ကိုယ့်ခြံဝင်း ထဲကနေ ခြေတစ်လှမ်းတောင် အပြင်ချမှာ မဟုတ်ဘူး။

အေးအေးဆေးဆေး ကျင့်ကြံရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ...။ တကယ်လို့ သူသာ အရိုင်းနယ်မြေ ထဲမှာ အနှစ် သုံးဆယ်၊ လေးဆယ်လောက် တံခါးပိတ် ကျင့်ကြံခွင့် ရမယ်ဆိုရင်... မူလဝိညာဉ် အဆင့် (၃) ကို ရောက်ဖို့က လုံးဝ ပြဿနာ မဟုတ်တော့ဘူးလေ...။ ဖန်ရှောင်က စံအိမ်တော် သခင် အစ်ကိုကြီး ရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မလား ဆိုတာကတော့... သူမရဲ့ အရည်အချင်း အပေါ်မှာပဲ မူတည်တော့မှာပေါ့'

*

နှစ်နှစ် ကြာပြီးနောက်။

ဖန်ရှောင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်မှာ နှစ်နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမ ပြန်လည် ထွက်ပေါ်လာချိန်တွင် သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် အဆင့် (၁) သို့ ရောက်ရှိနေခဲ့တော့သည်။

သူမ၏ အရှိန်အဝါ အပြောင်းအလဲကို အာရုံခံမိလိုက်သော စုယွီ၏ မျက်ဝန်းများမှာ လျှပ်တစ်ပြက် တောက်ပသွားသည်။

ဒီအခြေခံ အရှိန်အဝါက... အရင်ကထက် အများကြီး ပိုပြီး အစွမ်းထက်နေသလိုပဲ။'

တူမလေးက အဆင့် (၇) ရွှေအမြုတေနဲ့ များ ကျင့်ကြံထားတာလား...'

စုယွီ နောက်ထပ် ဘာမျှ မမေးမြန်းတော့ပါချေ။

ဖန်ရှောင် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီးနောက် ဟွမ်ကျူး သည် တိလင် မြို့တော် သို့ လူတစ်ထောင်ခန့် ခေါ်ဆောင်လာခဲ့ပြီး ထိုသုံးဦး တွေ့ဆုံခဲ့ကြသည်။

ထို့နောက် သူတို့သည် တိလင် မြို့တော်ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြုကာ အရိုင်းနယ်မြေ သို့ တိုက်ရိုက် ရွှေ့ပြောင်းသွားကြတော့သတည်း။

All Chapters