← Chapters

အခန်း (၆၄၀)

Vol. 43 Ch. 640

အခန်း (၆၄၀)

Vol. 43 Ch. 640

အခန်း (၆၄၀) မူလဝိညာဉ် အဆင့် (၂) နှင့် ရှေးဟောင်း အရိုင်းနယ်မြေ အပျက်အစီးများ အပိုင်း (၃)

အရိုင်းနယ်မြေ အတွင်းရှိ မြေကမ္ဘာအင်မော်တယ် နန်းတော်၏ အင်မော်တယ် မြို့တော် လေးခု အနက်... ပထမဆုံး မြို့တော် တစ်ခုတည်းတွင်သာ နေရာရွှေ့ပြောင်း အခင်းအကျင်း တပ်ဆင်ထား၏။

ထို့ကြောင့် စုယွီ၊ ဟွမ်ကျူး နှင့် ဖန်ရှောင် တို့သည် ပထမ မြို့တော်မှတစ်ဆင့် သူတို့ တာဝန် ထမ်းဆောင်ရမည့် စတုတ္ထမြောက် အင်မော်တယ် မြို့တော်သို့ ရောက်ရှိရန် ခြောက်လခန့် အချိန်ယူခဲ့ရသည်။

စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို မူလက မြေကမ္ဘာအင်မော်တယ် နန်းတော်မှ မူလဝိညာဉ် အဆင့် (၉) ရှိ အစွမ်းထက် အရှင်သခင် တစ်ပါးက စောင့်ကြပ်နေ၏။ သူ၏ အမည်မှာ ဟွမ်ရှီထောင် ဖြစ်ပြီး ခြင်္သေ့တစ်ကောင်၏ ကြမ်းကြုတ်မှုမျိုးနှင့် ခမ်းနား ကြီးကျယ်လှသော ယောက်ျားသား တစ်ဦးပင်။

သူသည် တာအိုဆရာ ထျန်းယွီ ၏ စီနီယာ အစ်ကို တော်စပ်ပြီး... သူ၏ ကျောပြင်ထက်တွင် လူတစ်ရပ်စာထက်ပင် ပိုမို ကြီးမားသော ဧရာမ ပုဆိန်ကြီး တစ်လက်ကို လွယ်ထားတတ်သည်။

သူ၏ ရုပ်သွင်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော်ငြား... ဟွမ်ရှီထောင် သည် စုယွီ၊ ဖန်ရှောင် နှင့် ဟွမ်ကျူး တို့အပေါ်တွင်မူ နူးညံ့ သိမ်မွေ့စွာ ဆက်ဆံသည်။ သူ ကိုယ်တိုင်ပင် သူတို့ကို မြို့တော် အတွင်းသို့ လိုက်လံ ပို့ဆောင်ပေးခဲ့၏။

“ငါ အရက်ကောင်းကောင်းနဲ့ စားစရာတွေ ပြင်ဆင်ထားတယ်... မြို့တော်ဝန် အသစ် တစ်ယောက် ရောက်လာမယ်လို့ စံအိမ်တော် သခင်ကြီး က ပြောထားလို့ ကြိုပြင်ထားတာ...”

“ဟားဟားဟား... ငါ သိသားပဲ... ညီမလေးဖန် လာမယ် ဆိုတာ ငါ သေချာ သိနေခဲ့တယ်...”

စားသောက်ပွဲ ပြီးဆုံးသွားပြီးနောက်.. စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ အဓိက ပုဂ္ဂိုလ်များကို အကြမ်းဖျင်းအားဖြင့် နားလည် သဘောပေါက်သွားခဲ့လေပြီ။

ဟွမ်ရှီထောင် အပြင် နောက်ထပ် မူလဝိညာဉ် အဆင့် အရှင်သခင် (၁၂) ပါး ရှိနေသေး၏။

ထိုအထဲတွင် နှစ်ပါးမှာ မူလဝိညာဉ် အဆင့်နှောင်းပိုင်းတွင် ရှိနေပြီး... ကျန်ရှိသူများမှာ အလယ်အလတ်နှင့် အစပိုင်း အဆင့်များတွင် အသီးသီး ရှိနေကြသည်။

ထိုသူများမှာ မြို့တော် အတွင်းရှိ အရေးကိစ္စ အသီးသီးကို စီမံ ခန့်ခွဲရန် တာဝန် ယူထားကြရ၏။

၎င်းတို့ အနက်မှ ငါးဦးမှာ မြို့တော်၏ မူလ အင်အား (၂,၀၀၀) ရှိသော အင်မော်တယ် တပ်မတော် ကို တိုက်ရိုက် ကွပ်ကဲရန် တာဝန် ရှိကြ၏။

ယခု ဟွမ်ကျူး ခေါ်ဆောင်လာသော အင်အား (၁,၀၀၀) ကိုပါ ပေါင်းထည့်လိုက်မည် ဆိုပါက... စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွင် တပ်ဖွဲ့ဝင် အင်အား (၃,၀၀၀) ကျော် ရှိလာမည်။

ထိုသူများ၏ ကျင့်ကြံခြင်း အဆင့်များမှာ အမျိုးမျိုး ကွဲပြားနေပြီး အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများက အများစု ဖြစ်ကြ၏။ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ရှိသူများမှာမူ လူတစ်ထောင်ပင် မပြည့်ပါချေ။

ဟွမ်ရှီထောင် က စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ ရည်ရွယ်ချက်များကို စုယွီနှင့် ဖန်ရှောင် တို့အား ရှင်းပြနေခဲ့သည်။

“အရိုင်းနယ်မြေ ထဲက အင်မော်တယ် မြို့တော် တွေရဲ့ လုပ်ငန်းစဉ် တွေက အပိုင်း သုံးပိုင်း ရှိတယ်... ပထမ တစ်ခုက အနီးအနားက အရင်းအမြစ် နယ်မြေတွေကို စောင့်ကြပ်ဖို့... ဝိညာဉ်ကျောက်တုံး တွေ ဒါမှမဟုတ် တခြား အဆင့်မြင့် ဝိညာဉ် သတ္တုရိုင်း တွေကို တူးဖော်ဖို့... ပြီးတော့ အဖိုးတန် ဝိညာဉ် ဆေးပင် မျိုးစုံကို စုဆောင်းဖို့ပဲ...”

“ဒုတိယ အချက်ကတော့ အခွင့်အလမ်းတွေနဲ့ ရတနာတွေကို ရှာဖွေဖို့ အတွက်... အရိုင်းနယ်မြေ ထဲက အန္တရာယ်များတဲ့ နေရာတွေ၊ လူသူ ကင်းမဲ့တဲ့ နေရာတွေနဲ့ သေမင်းတမန် နယ်မြေတွေကို စူးစမ်း လေ့လာဖို့ပဲ...”

“နောက်ဆုံး အချက်ကတော့... အရိုင်းနယ်မြေ ထဲက တခြား အင်အားစုတွေရဲ့ အုတ်မြစ်နဲ့ အင်အားကို အားနည်းအောင် လုပ်ဖို့နဲ့... သတင်း အချက်အလက်တွေ စုဆောင်းဖို့ပဲ...”

“ဒီနေရာက အင်မော်တယ် မြို့တော် ဆိုတာထက် ခံတပ်ကြီး တစ်ခုနဲ့ ပိုတူပါတယ်...”

ဖန်ရှောင်က ဟွမ်ရှီထောင် အား မေးလိုက်၏။

“ဒါဆို ကျွန်မတို့ ပုံမှန် နေ့ရက်တွေမှာ ဘာလုပ်ရမလဲဟင်...”

ဟွမ်ရှီထောင် က ပုခုံးတွန့်ပြလိုက်ပြီး ဆိုသည်။

“ထူးထူးခြားခြား လုပ်စရာ မရှိပါဘူး... အင်အား သုံးထောင် ရှိတဲ့ အင်မော်တယ် တပ်မတော် ကို တပ်ဖွဲ့ ခြောက်ဖွဲ့ ခွဲထားပြီး... တစ်ဖွဲ့ချင်းစီက သတ်မှတ်ထားတဲ့ နယ်မြေတွေကို စူးစမ်း လေ့လာတာ ဒါမှမဟုတ် အပြင်ကို ကင်းလှည့်တာတွေ လုပ်ကြတယ်... တကယ်လို့ ကြီးမားတဲ့ ရှာဖွေ တွေ့ရှိမှု တစ်ခုခု ရှိလာရင်တော့ ငါတို့ ကိုယ်တိုင် လှုပ်ရှားဖို့ လိုအပ်လာမှာပေါ့...”

စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွင် ခေတ္တ နေထိုင်ရင်း... မြို့တော် ပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်နှင့် အင်အားစုများ ဖြန့်ကျက်ထားမှု မြေပုံ တစ်ချပ်ကို ဟွမ်ရှီထောင် ထံမှ ရယူလိုက်သည်။

ထိုမြေပုံများကို လေ့လာ ကြည့်ရှုပြီးနောက်... သူသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် ၎င်း၏ ကြွက်အုပ်ကြီးကို မြို့တော် ပတ်ဝန်းကျင်ရှိ အရင်းအမြစ်များကို လျင်မြန်စွာ ရင်းနှီး ကျွမ်းဝင်စေရန် အမိန့်ပေး၍ စေလွှတ်လိုက်တော့၏။

မူလက စုယွီသည် သူ မြို့တော် အတွင်း ကျင့်ကြံနေစဉ် ကောင်းကင်မိုးကြိုး ကြွက်အုပ်ကြီးအား သူ၏ လျှို့ဝှက် အစောင့်တပ်ဖွဲ့ အဖြစ် အသုံးပြုရန် ရည်ရွယ်ထားပါသည်။

သို့သော် မထင်မှတ်ဘဲ ကောင်းကင်မိုးကြိုး ကြွက်အုပ်ကြီးကို စေလွှတ်ပြီး တစ်လပင် မပြည့်သေးမီ အချိန်အတွင်း... ကြွက်ဘုရင်မှာ မြို့တော်သို့ ကပျာကယာ ပြန်ရောက်လာပြီး စုယွီထံ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့လာသည်။

“သခင်... ကျွန်တော်တို့ထဲက တစ်ကောင်က ရှေးဟောင်း လျှို့ဝှက် အပျက်အစီး နယ်မြေ တစ်ခုကို ရှာတွေ့ထားတယ် ဗျ...”

“ကျွန်တော် သွားစစ်ကြည့်ပြီးပြီ... အဲဒီ နယ်မြေရဲ့ အတားအဆီးက အရမ်းကို သိုသိုသိပ်သိပ် ဖုံးကွယ်ထားတာ... သာမန် စတုတ္ထအဆင့် လျှို့ဝှက်နယ်မြေ တွေတောင် သူ့လောက် မကောင်းဘူး...”

“ဒီလို နေရာမျိုးမှာ ကြီးမားတဲ့ အခွင့်အရေးတွေ ရှိနေနိုင်တယ်...”

“သခင်... ကျွန်တော်တို့ သွားကြည့်ကြမလား...”

စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို မျက်လုံးအိမ် ကျဉ်းမြောင်းစွာဖြင့် စိုက်ကြည့်လိုက်ပြီး တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

“ရှေးဟောင်း လျှို့ဝှက် အပျက်အစီး နယ်မြေ ဟုတ်လား... အဲဒါကို မင်း ဘယ်နေရာမှာ တွေ့ခဲ့တာလဲ...”

ကြွက်ဘုရင်သည် စုယွီ ပေးထားသော မြေပုံကို ထုတ်ယူလိုက်ပြီး ခေတ္တမျှ စိုက်ကြည့်ပြီးနောက်... နေရာ တစ်ခုကို ၎င်း၏ ခြေသည်းဖြင့် ထောက်ပြလိုက်၏။

“ဒီနေရာမှာပါ...”

ထိုနေရာမှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် များစွာ မဝေးကွာလှဘဲ မိမိတို့ ထိန်းချုပ်ထားသော နယ်မြေ၏ အစွန်အဖျားတွင် တည်ရှိနေသည်။

သို့သော် ထိုနေရာမှ အနည်းငယ် ထပ်မံ လွန်ကဲသွားပါက... နီရဲနေသော သေမင်းတမန် နယ်မြေကြီး တစ်ခုကို တွေ့မြင်ရပေလိမ့်မည်။

အင်မော်တယ်တို့၏ ဝိညာဉ်မဲ့ သင်္ချိုင်း။

စုယွီသည် ရှေးဟောင်း လျှို့ဝှက် အပျက်အစီး နယ်မြေ တည်ရှိရာ နေရာကို တစ်ချက် ကြည့်လိုက်ပြီးနောက်... သေမင်းတမန် နယ်မြေကြီးကိုပါ ထပ်မံ ကြည့်ရှုလိုက်သည်။ သူ၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း... မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်လိုက်တော့၏။

“ငါ တာအိုဆရာ အရိပ်နီ အသွင်နဲ့ သွားကြည့်လိုက်မယ်... တကယ်လို့ သိပ်ပြီး အန္တရာယ် မများဘူး ဆိုရင်တော့ အခွင့်အရေးတွေ ရှိမရှိ အထဲဝင်ပြီး ရှာကြည့်တာပေါ့…”

All Chapters