← Chapters

အခန်း (၆၄၃)

Vol. 43 Ch. 643

အခန်း (၆၄၃)

Vol. 43 Ch. 643

အခန်း (၆၄၃) - ကောင်းကင် ရုပ်သေး ကျင့်စဉ်နှင့် မိုးကဲ့သို့ ရှည်လျားသော သက်တမ်း အပိုင်း (၁)

သို့တိုင်အောင် ချပ်ဝတ်နက် ရုပ်သေး၏ စွမ်းအားကို ခံစားလိုက်ရချိန်တွင်မူ စုယွီ၏ မျက်ဝန်းများ၌ ပြင်းပြသော ဝမ်းသာ ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေတော့၏။

ဤရုပ်သေးမှာ သာမန် စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး တစ်ခုကဲ့သို့ မရိုးရှင်းပါချေ။ ၎င်း၏ စစ်ဝတ်စုံနှင့် အနက်ရောင် ဓားကြီးမှာ သာမန် မှော်ရတနာများ မဟုတ်ဘဲ ရှေးဟောင်း ခေတ်ကာလမှ အမွေအနှစ်များ ဖြစ်ကာ ရှေးဟောင်း နည်းလမ်းများဖြင့် ဖန်တီးထားခြင်း ဖြစ်၏။

စုယွီ အာရုံခံမိသလောက် ချပ်ဝတ်နက်၏ ကာကွယ်နိုင်စွမ်းမှာ ထိပ်တန်း အဆင့်နိမ့် မှော်ချပ်ဝတ် တစ်ခုနှင့် နှိုင်းယှဉ်နိုင်ပြီး... အနက်ရောင် ဓားကြီး၏ ထက်မြက်မှုမှာလည်း ထိပ်တန်း အဆင့်နိမ့် မှော်ဓား တစ်လက်ထက် မနိမ့်ကျလှပါချေ။

ဤရုပ်သေး ရှိနေခြင်းဖြင့် သူ၏ စွမ်းအားမှာ ကြီးမားလှသော အပြောင်းအလဲ တစ်ခုကို ဖြတ်သန်းရတော့မည် ဖြစ်၏။

"ကိုယ်ပွား ရုပ်သေး ကို ပင်လယ်ပြင် ကနေ ပြန်ခေါ်ပြီး... ဒီချပ်ဝတ်နက် ရုပ်သေး ကို ကိုယ်ပွား အသစ် အဖြစ် ပြောင်းလဲလိုက်လို့ ရတယ်..."

ဤအခိုက်အတန့်တွင် စုယွီ၏ ရင်တွင်း၌ နက်ရှိုင်းလှသော ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသည်။

အဲဒီ ရှေးဟောင်း လျှို့ဝှက်နယ်မြေ က ဘယ်လို နေရာမျိုးကြီးလဲ... လမ်းမပေါ်က ရုပ်သေး တစ်ရုပ်ကို ကောက်ယူလာတာတောင် စတုတ္ထအဆင့် ထိပ်တန်း ဖြစ်နေရတယ်လို့။

ယွီလုံ နန်းတော် အနီးတစ်ဝိုက်တွင် လဝက်ခန့် ကြာအောင် ပုန်းအောင်းနေပြီးနောက်... နောက်ကွယ်မှ လိုက်လံ ဖမ်းဆီးမည့်သူများ မရှိကြောင်း အသေအချာ အတည်ပြုပြီးမှသာ စုယွီသည် အခင်းအကျင်း အလံများကို ပြန်လည် သိမ်းဆည်းကာ... စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဆီသို့ သတိကြီးစွာဖြင့် ပြန်လည် ထွက်ခွာလာခဲ့သည်။

စတုတ္ထမြောက် အင်မော်တယ် မြို့တော်သို့ ပြန်ရောက်သောအခါ မှသာ စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်အား... အစောပိုင်းက ထိုနေရာ တစ်ဝိုက်တွင် ကောင်းကင်မိုးကြိုး ကြွက် အနည်းငယ်ကို အစောင့်ချထားရန် ညွှန်ကြားခဲ့သည်။ သို့သော် အလွန်အမင်း အနီးကပ် မစောင့်ကြည့်ရန်လည်း သတိပေးထားခဲ့၏။ အကယ်၍ ထိုနေရာတွင် ထူးခြားသော လှုပ်ရှားမှု တစ်ခုခု ရှိလာပါက ချက်ချင်း သတင်းပို့ရန် မှာကြားထားခဲ့၏။

စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ အရေးကိစ္စများ... အရိုင်းနယ်မြေ အတွင်းရှိ အင်မော်တယ် တပ်မတော်၏ ကင်းလှည့်မှုများနှင့် အခြားသော ကိစ္စရပ်များမှာ စုယွီ ဝင်ရောက် စွက်ဖက်ရန် မလိုအပ်ပါချေ။

သူသည် ကိုယ်ပိုင် ဂူစံအိမ် အတွင်း၌သာ အချိန်ပြည့် နေထိုင်ပြီး... နေ့စဉ် ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း၊ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို တိုးတက်အောင် လေ့ကျင့်ခြင်းနှင့် ချပ်ဝတ်နက် ရုပ်သေးကို လေ့လာခြင်း တို့ဖြင့်သာ အချိန်ကုန်လွန်စေခဲ့၏။

တစ်နှစ်ကျော် ကြာပြီးနောက်..

တစ်နေ့တွင် စုယွီသည် ချပ်ဝတ်နက် ရုပ်သေး၏ ဦးခေါင်း အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်း အတွင်းသို့ သူ၏ ဝိညာဉ်စွမ်းအား အချို့ကို မတော်တဆ ထည့်သွင်းမိသွားသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်စစီ ပြတ်တောက်နေသော မှတ်ဉာဏ် အပိုင်းအစများမှာ သူ၏ ဦးနှောက် အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့၏။

“အင်မော်တယ် ယွဲ့ နန်းတော်... ယနေ့မှစပြီး မင်းက ဒီနေရာကို ငါ့အတွက် စောင့်ကြပ်ပေးရမယ်...”

“တကယ်လို့များ တစ်နေ့နေ့မှာ ငါ အင်မော်တယ် တစ်ပါး ဖြစ်လာခဲ့မယ် ဆိုရင် ငါ ပြန်လာခဲ့မယ်...”

“အင်မော်တယ်တွေရဲ့ ခြေရာက ရှာရခက်တယ်... ဒီ အင်မော်တယ်တို့ရဲ့ ဝိညာဉ်မဲ့ သင်္ချိုင်း က...”

“စစ်သူကြီးကို သတင်းပို့ပါတယ်... အပြင်ဘက်မှာ နှစ်တစ်ထောင် ကြာတဲ့အထိ ဘာထူးခြားမှုမှ မရှိပါဘူး ခင်ဗျာ...”

“ကောင်းကင် ရုပ်သေး ကျင့်စဉ် ဟုတ်လား... အနက်ရောင် ဒေါသ စစ်သည်တော် လား... ဒါဆို ငါတို့ရဲ့ ခန္ဓာကိုယ်တွေက ရုပ်သေးတွေများလား... ဒါပေမဲ့ ဒီအရာက အရမ်းကို နက်နဲလွန်းတယ်... ငါ နားမလည်ဘူး... တစ်လုံးမှကို နားမလည်တာ...”

“ကောင်းကင် တားမြစ် မန္တန် ... ဒီမန္တန်က ငါတို့ရဲ့ ဓားသိုင်းတွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ်...”

“မင်း ဘယ်လောက်ကြာကြာ ဆက်ပြီး တောင့်ခံထားနိုင်ဦးမလဲ...”

“သိပ်မကြာတော့ပါဘူး... ဒါပေမဲ့ နောက်ထပ် နှစ်ထောင်အနည်းငယ် လောက်တော့ ကင်းလှည့်နိုင်ပါသေးတယ်...”

ဤမှတ်ဉာဏ်များ သူ၏ စိတ်ထဲသို့ ဝင်ရောက်လာချိန်တွင် စုယွီ၏ မျက်နှာ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

သူ၏ မျက်လုံးအိမ်များမှာ အလွန်အမင်း အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရတော့၏။ ဒီရုပ်သေး က အရင်တုန်းက ကိုယ်ပိုင် အသိဉာဏ် ရှိခဲ့တာလား။

အဲဒီ လျှို့ဝှက်နယ်မြေရဲ့ နာမည်က အင်မော်တယ် ယွဲ့ နန်းတော် တဲ့လား။

ဤရှုပ်ထွေး ပြတ်တောက်နေသော မှတ်ဉာဏ်များ၏ အစပိုင်းတွင်... အလွန်ပင် သာယာနာပျော်ဖွယ် ကောင်းပြီး လွင့်မျောနေသော အသံတစ်ခု ပါဝင်နေ၏။ ထိုအသံမှာ အလွန် ဝေဝါးနေသော်ငြား... ၎င်းမှာ မိန်းမသား ကျင့်ကြံသူ တစ်ဦး၏ အသံဖြစ်ကြောင်း စုယွီ ကောင်းစွာ ခွဲခြား သိရှိလိုက်သည်။

All Chapters