← Chapters

အခန်း (၆၄၄)

Vol. 43 Ch. 644

အခန်း (၆၄၄)

Vol. 43 Ch. 644

အခန်း (၆၄၄) - ကောင်းကင် ရုပ်သေး ကျင့်စဉ်နှင့် မိုးကဲ့သို့ ရှည်လျားသော သက်တမ်း အပိုင်း (၂)

ထိုအရာများ အပြင် လျှို့ဝှက်နယ်မြေ အတွင်း၌ ကိန်းအောင်းနေသော လျှို့ဝှက်ချက်များကိုလည်း ဤမှတ်ဉာဏ်များမှ တစ်ဆင့် စုယွီ အကြမ်းဖျင်းအားဖြင့် နားလည် သဘောပေါက်သွားခဲ့တော့သည်။

သူ၏ လက်ထဲရှိ ချပ်ဝတ်နက် ရုပ်သေး ကဲ့သို့သော ရုပ်သေးများမှာ အနည်းငယ်မျှသာ ရှိနေခြင်း မဟုတ်ပါချေ။

ချပ်ဝတ်နက် ရုပ်သေး များ၏ အထက်တွင် ‘ငွေရောင် စစ်သူကြီး’ နှင့် ‘ရွှေရောင် စစ်ဝတ်စုံ ခေါင်းဆောင်’ ဟု အမည်ရသော ပိုမို အစွမ်းထက်သည့် သက်ရှိ နှစ်ပါး ရှိနေသေးကြောင်း သူ သိလိုက်ရ၏။

သူတို့၏ အရောင်အသွေးများမှာလည်း ကွဲပြားခြားနားကြသည်။

ချပ်ဝတ်နက် ရုပ်သေး များမှာ နန်းတော် အတွင်း၌ ကင်းလှည့်ရန် တာဝန် ရှိကြ၏။ ငွေရောင် စစ်သူကြီး က ချပ်ဝတ်နက် ရုပ်သေး ကိုးရုပ်ကို ကွပ်ကဲရပြီး... ရွှေရောင် စစ်ဝတ်စုံ ခေါင်းဆောင် ကမူ နန်းတော် တစ်ခုလုံး၏ ကာကွယ်ရေး အင်အားစု အားလုံးကို တာဝန်ယူ ထိန်းချုပ်ရ၏။

ထိုနေရာကြီးမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်၏။

စုယွီ၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။

ဤမှတ်ဉာဏ်များ အတွင်း၌ စစ်သူကြီး နှင့် ခေါင်းဆောင် တို့၏ အစွမ်းအစများနှင့် ပတ်သက်၍ မှတ်တမ်းမတင်ထားသော်ငြား... ချပ်ဝတ်နက် ရုပ်သေး၏ စွမ်းအားကို ကြည့်ခြင်းအားဖြင့် စစ်သူကြီးက ပဉ္စမအဆင့် သက်ရှိ တစ်ပါး ဖြစ်မနေနိုင်ဘူးလား။

ဒါဆို ခေါင်းဆောင် ကရော ဘယ်လို အဆင့်မျိုးလဲ...။ သူက ပဉ္စမအဆင့် ထိပ်တန်း ရုပ်သေး လား... ဒါမှမဟုတ် ပဉ္စမအဆင့် ထက်တောင် ပိုပြီး မြင့်မားနေတဲ့ အဆင့်မျိုးများလား။

စုယွီ၏ မျက်နှာမှာ မှင်သက်သွားပြီး ဤမှတ်ဉာဏ်များကြောင့် သူ၏ ခံစားချက်များမှာ အနည်းငယ် ဂယက်ရိုက်သွားခဲ့ရ၏။

အချိန်အတော်ကြာပြီးနောက် မှသာ စုယွီသည် သတိပြန်ဝင်လာပြီး သူ၏ မျက်လုံးအိမ်များမှာ အစွမ်းကုန် ကျဉ်းမြောင်းသွားတော့သည်။

“ဟင်း...”

“တကယ်လို့ ငါသာ အဲဒီ လျှို့ဝှက်နယ်မြေ ထဲက ရုပ်သေး တွေ အားလုံးကို ရလိုက်မယ် ဆိုရင်... ဒါက တကယ့်ကို...”

စုယွီမှာ ကြောက်ရွံ့ တုန်လှုပ်မှုများက ဖုံးလွှမ်းသွားခဲ့တော့သည်။

လျှို့ဝှက်နယ်မြေ အတွင်းရှိ ပစ္စည်းများနှင့် လျှို့ဝှက်ချက်များမှာ သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမို ကြီးမား ကျယ်ပြန့်နေ၏။

ထိုအတွေးမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသော်လည်း... သူ ချပ်ဝတ်နက် ရုပ်သေးကို ယူဆောင်လာခဲ့စဉ်က နိုးထလာသော ကြောက်မက်ဖွယ် သက်စောင့်အားအင် ကြီးကို ပြန်လည် အမှတ်ရလိုက်ချိန်တွင်မူ... ထိုအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်သည်။

ထိုနေရာကို နောက်တစ်ကြိမ် လုံးဝ ထပ်မဆွသင့်တော့ပေ။

အနည်းဆုံးတော့ သူ ကိုယ်တိုင် အဲဒီနေရာကို ရင်ဆိုင်နိုင်စွမ်း ရှိသည်ဟု အပြည့်အဝ မယုံကြည်ရသေးသရွေ့... ကိုယ့်သေတွင်း ကိုယ်တူးသလို သွားမလုပ်သင့်ပေ။

ဤလျှို့ဝှက်ချက်ကို သူ၏ ရင်ထဲ၌သာ ယာယီ ဖုံးကွယ်ထားရမည်။

“အင်မော်တယ် ဂိတ်တံခါး ကနေ အင်အားစုတွေ စေလွှတ်လိုက်မယ် ဆိုရင်တောင်... အဲဒီနေရာကို ကိုင်တွယ်နိုင်ဖို့ မလွယ်လောက်ဘူး...”

စုယွီသည် ဤကိစ္စကို ဂိုဏ်းတော်သို့ သတင်းပို့ရန် ဆိုသည့် အတွေးကိုပါ ဖိနှိပ်ပစ်လိုက်သည်။

ချပ်ဝတ်နက် ရုပ်သေး၏ ပြတ်တောက်နေသော မှတ်ဉာဏ်များ အရ... အထဲတွင် ချပ်ဝတ်နက် ရုပ်သေး အနည်းဆုံး အဒါဇင်နှင့်ချီ၍ ရှိနေနိုင်ကြောင်း ညွှန်ပြနေ၏။

၎င်းတို့မှာ စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး ဒါဇင်ပေါင်းများစွာ ဖြစ်သည်။

ထို့အပြင် ချပ်ဝတ်နက် ရုပ်သေး ထက် ပိုမို အစွမ်းထက်သော ငွေရောင် စစ်သူကြီး၊ ရွှေရောင် ခေါင်းဆောင် တို့လည်း ရှိနေသေးသည် မဟုတ်ပါလော။

အကယ်၍ အင်မော်တယ် မြို့တော်၏ အင်အားစုများက ထိုနေရာကို မကိုင်တွယ်နိုင်ဘဲ ဘေးအန္တရာယ်ကြီး တစ်ခုကို ဖန်တီးမိကာ ဆုံးရှုံးမှု ကြီးမားသွားပါက... ယခု သူ ရရှိထားသော အေးချမ်းသည့် ကျင့်ကြံခြင်း နေ့ရက်များကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် မဟုတ်တော့ပါချေ။

ထို့အပြင် ထိုအချိန်တွင် ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုမှာ လုံးဝ သေးငယ်မည် မဟုတ်ဘဲ... အင်မော်တယ် ယွဲ့ နန်းတော် ၏ တည်ရှိမှုပင် ပေါ်ပေါက်သွားနိုင်၏။

ထိုအချိန်သို့ ရောက်လျှင် ၎င်းမှာ အင်မော်တယ် မြို့တော် တစ်ခုတည်း၏ ပြဿနာ မဟုတ်တော့ပါချေ။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အင်မော်တယ် ဂိုဏ်းတော်ကြီးများ အပြင်... အခြားသော ကျင့်ကြံခြင်း ကမ္ဘာများမှ ကျင့်ကြံသူများနှင့် မိစ္ဆာ မျိုးနွယ်စုများပါ ဝင်ရောက် လုယက်လာကြမည်မှာ အသေအချာပင်။

‘အခြေအနေကို သေချာ နားလည်လာတဲ့ အချိန်အထိ... ဒါမှမဟုတ် ငါ့ရဲ့ စွမ်းအားတွေ ဒီထက် ပိုတိုးတက်လာတဲ့ အချိန်အထိ စောင့်တာ အကောင်းဆုံးပဲ’

စုယွီသည် သူ၏ စိတ်ထဲရှိ ဖရိုဖရဲ ဖြစ်နေသော အတွေးများကို ဖိနှိပ်လိုက်ပြီး... ထိုမှတ်ဉာဏ်များ ထဲမှ တန်ဖိုးရှိသော အရာများကို ပြန်လည် စုစည်းလိုက်သည်။ ထိုအထဲတွင် ‘အနက်ရောင် ဒေါသ စစ်သည်တော်’ တွေ့မြင်ခဲ့ရသော ‘ကောင်းကင် ရုပ်သေး ကျင့်စဉ်’ ၏ အစိတ်အပိုင်း အချို့လည်း ပါဝင်၏။

ထိုကျင့်စဉ်တွင် ‘အနက်ရောင် ဒေါသ စစ်သည်တော်’ ကို ဖန်တီးခဲ့သည့် အမွေအနှစ် မှတ်တမ်းများလည်း ပါဝင်သော်ငြား... ကံမကောင်းစွာဖြင့် ၎င်းမှာ မပြည့်မစုံ ဖြစ်နေသည်။

“ကောင်းကင်က ပေးသနားထားတဲ့ မိုးကဲ့သို့ ရှည်လျားသော သက်တမ်း... အနက်ရောင် ဒေါသ စစ်သည်တော်... အကန့်အသတ်မဲ့ စွမ်းအားတွေနဲ့...”

ဆက်လက် ဖတ်ရှုသွားရင်း... စုယွီသည် အနက်ရောင် ဒေါသ စစ်သည်တော် ပြုစုထားသော အရေးကြီးသည့် မှတ်တမ်း တစ်ခု အနီးတွင် ရပ်တန့်သွားသည်။

“အနက်ရောင် ဒေါသ စစ်သည်တော် တွေရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းက ‘ဝိညာဉ်’ ပဲလား... ဝိညာဉ် မရှိတဲ့ သူတွေက ရုပ်သေးတွေနဲ့ အတူတူပဲတဲ့...”

ဒါက ရုပ်သေး အကြောင်း ပြောနေတာ မဟုတ်ဘူးလား။ ဒါမှမဟုတ် ဒီအရာက အရင်တုန်းက ရုပ်သေး တစ်ရုပ် မဟုတ်ခဲ့တာများလား။

အနက်ရောင် ဒေါသ စစ်သည်တော် ၏ ရုပ်သေး အမွေအနှစ်နှင့် ပတ်သက်သော ဤမှတ်ဉာဏ်ကို အကြိမ်ကြိမ် လေ့လာပြီးနောက်... စုယွီသည် အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းသော ကောက်ချက် တစ်ခုကို ရရှိသွားခဲ့သည်။

ဆိုလိုသည်မှာ အပြည့်အဝ ပြီးပြည့်စုံသော အနက်ရောင် ဒေါသ စစ်သည်တော် ဆိုသည်မှာ... လက်ရှိ သူ ပိုင်ဆိုင်ထားသော ဝိညာဉ်မဲ့နေသည့် ချပ်ဝတ်နက် ရုပ်သေး နှင့် လုံးဝ မတူညီနေပေ။

‘ဝိညာဉ်’ ပါရှိသော အနက်ရောင် ဒေါသ စစ်သည်တော် ၏ စွမ်းအားမှာ ယခု ချပ်ဝတ်နက် ရုပ်သေး နှင့် နှိုင်းယှဉ်လျှင် မိုးနှင့် မြေကဲ့သို့ ကွာခြားနေမည် ဖြစ်၏။

ထို ‘ဝိညာဉ်’ ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကိုမူ မှတ်ဉာဏ်များထဲတွင် ဖော်ပြထားခြင်း မရှိသော်ငြား... စုယွီ ကတော့ ၎င်းမှာ ရတနာ ဝိညာဉ် ကဲ့သို့သော အရာမျိုး ဖြစ်နိုင်ကြောင်း ခန့်မှန်းမိသည်။

“ဒီ ကောင်းကင် ရုပ်သေး ကျင့်စဉ် က အဲဒီ အင်မော်တယ် မြို့တော် ရဲ့ မျှော်စင်ကြီး ထဲမှာ ရှိနေတာပဲ... အဲဒါက တကယ့်ကို ထူးခြား ပြောင်မြောက်တဲ့ ရုပ်သေး အမွေအနှစ် တစ်ခု ဖြစ်ရမယ်... အဲဒါကို ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ငါ စဉ်းစားရမယ်...”

စုယွီ၏ မျက်ဝန်းများတွင် လောဘရောင်များ တလက်လက် တောက်ပလာတော့၏။

ဤ ကောင်းကင် ရုပ်သေး ကျင့်စဉ် အပြင်... မျှော်စင်ကြီး အတွင်း၌ အခြားသော တာအို အမွေအနှစ်များစွာ လည်း ရှိနေပါသေး၏။

သို့သော် ကံမကောင်းစွာဖြင့် ချပ်ဝတ်နက် ရုပ်သေး ထံမှ ကျန်ရစ်ခဲ့သော မှတ်ဉာဏ် အပိုင်းအစများ အားလုံးမှာ မပြည့်မစုံ ဖြစ်နေခဲ့တော့သည်။

‘ဒါက ငါ့ကို အင်မော်တယ် ယွဲ့ နန်းတော် အပျက်အစီး တွေဆီ ထပ်သွားပြီး လေ့လာဖို့ ဗြောင်ကျကျ မြှူဆွယ်နေတာ မဟုတ်ဘူးလား’

သို့သော် သူ့စွမ်းအားများ တိုးတက်မလာသေးသရွေ့ ထိုနေရာသို့ သွားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုနေရာသည် အလွန်တရာ အန္တရာယ်များလွန်းလှသဖြင့် မကြာမီ ကာလအတွင်း စုယွီ ထပ်မသွားရောက်ဝံ့ပါချေ။

တစ်လခန့် ကြာပြီးနောက် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်မှာ မထင်မှတ်ဘဲ သတင်းတစ်ခုနှင့် ပြန်ရောက်လာခဲ့သည်။

“သခင်... အပျက်အစီး တွေရဲ့ လျှို့ဝှက်နယ်မြေ က ပျောက်ကွယ်သွားပြီ ထင်တယ်... ကျွန်တော် သူ့ရဲ့ တည်ရှိမှုကို အာရုံမခံနိုင်တော့ပါဘူး”

စုယွီ၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အတန်ကြာ စဉ်းစားပြီးနောက် ညွှန်ကြားလိုက်၏။

“မင်းရဲ့ မျိုးဆက်တွေကို ပြန်ခေါ်လိုက်တော့... အဲဒီနေရာကို ဆက်ပြီး စောင့်ကြည့်နေဖို့ မလိုတော့ဘူး”

လျှို့ဝှက်နယ်မြေက တကယ်ပဲ ပျောက်ကွယ်သွားတာလား။

စုယွီ လုံးဝ မသိသလို... ထပ်မံ၍ သွားရောက်လည်း မစုံစမ်းရဲပါချေ။

သို့သော် သူ့အတွက် အခြေအနေများမှာ ကောင်းမွန်လာခဲ့လေပြီ။

မတော်တဆ ကံကောင်းမှုကြောင့် စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး တစ်ခုကို ရရှိခဲ့ရာ အသက်ကို ကာကွယ်ရန်အတွက် အားထားစရာ လက်နက်သစ် တစ်ခု ပိုင်ဆိုင်သွားခဲ့တော့သည်။

ထို့အပြင် အနက်ရောင် ဒေါသ စစ်သည်တော် ၏ အကာအကွယ်နှင့် ဟင်းလင်းပြင် တာအို ဥပဒေသ ၏ စွမ်းအားများလည်း သူ၏ လက်တွင်း၌ ရှိနေ၏။ ဝိညာဉ်ခွဲထွက်အဆင့် ရှိသူများမှလွဲ၍ ကျန်သူများထဲတွင် သူ့ကို ဒုက္ခပေးနိုင်မည့်သူ လုံးဝ မရှိသလောက် ရှားပါးသွားပါ၏။

စတုတ္ထမြောက် အင်မော်တယ် မြို့တော် ကို စတုတ္ထအဆင့် ဝိညာဉ်သွေးကြော တစ်ခုပေါ်တွင် တည်ဆောက်ထားသည်။ ဧရာမ ဝိညာဉ်စုဆောင်းခြင်း အခင်းအကျင်းကြီး၏ အထောက်အကူကြောင့် အင်မော်တယ် မြို့တော် အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အလွန်အမင်း မြင့်မားနေသည့်အတွက် စုယွီကဲ့သို့ လူများ၏ နေ့စဉ် ကျင့်ကြံခြင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်လှပါ၏။

*

ဂူစံအိမ် အတွင်း၌။

စုယွီ၏ ဘေးရှိ ချီသန့်စင်အိုး သည် သဘာဝ ဝိညာဉ်စွမ်းအင် များကို အဆက်မပြတ် ဝါးမြို စုပ်ယူကာ ဝိညာဉ်အရည်များ အဖြစ်သို့ ဖန်တီးနေသည်။ စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည် စက်များမှာ ချီသန့်စင်အိုး အတွင်း၌ တစ်စက်ပြီး တစ်စက် စုပုံလာတော့၏။

စုယွီမှာမူ ကျောက်စိမ်း ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး... သူ၏ စိတ်အခြေအနေမှာ တည်ငြိမ် အေးချမ်းနေကာ ဦးနှောက် အတွင်း၌ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်အား လည်ပတ်နေစေသည်။

သူသည် သူ၏ ပတ်ဝန်းကျင်ကို အချိန် တာအို နိယာမ ဖြင့် လွှမ်းခြုံထားလိုက်ရာ... သူ့ပတ်လည်ရှိ အချိန်ကာလ စီးဆင်းမှုမှာ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေတော့၏။

အချိန် တာအို နိယာမ ၏ စွမ်းအားကို အသုံးပြု၍... စုယွီသည် မူလဝိညာဉ် အဆင့် သစ်သားဓာတ် ကျင့်စဉ် အသစ်တစ်ခုကို အဆက်မပြတ် နားလည် သဘောပေါက်ရန် ကြိုးစားနေသည်။ ၎င်းကို ဓာတ်ကြီးငါးပါး ကျင့်စဉ် အတွင်းသို့ ပေါင်းစပ် ထည့်သွင်းရန် အားထုတ်နေ၏။

လပေါင်းများစွာ ကြာပြီးနောက်..

စုယွီ၏ ကိုယ်ပေါ်တွင် မန္တန်စွမ်းအား လှုပ်ခတ်မှု အနည်းငယ်ကို သတိပြုမိနိုင်၏။

သူ၏ မျက်နှာပေါ်တွင် ပီတိ အပြုံး တစ်ခု ပေါ်လာပြီးနောက်... မူလဝိညာဉ် အဆင့် ကျင့်စဉ် အသစ်တစ်ခုကို သူ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ် အတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့တော့သည်။

ထို့ကြောင့် အနည်းငယ် ပြောင်းလဲသွားသော ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို အသုံးပြု၍ ကြီးမားသော သွေးကြောလှည့်ပတ်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်... သူ၏ အရှိန်အဝါတွင် သိမ်မွေ့သော ပြောင်းလဲမှုများစွာကို မြင်တွေ့လာရ၏။

ဤကာလအတွင်း စဉ်ဆက်မပြတ် ကျင့်ကြံလာခဲ့ခြင်းကြောင့် ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ အရည်အသွေးမှာ အမှန်တကယ်ပင် သိသိသာသာ တိုးတက်လာခဲ့သည်။ ဤဖြစ်စဉ် တစ်လျှောက်လုံးတွင် စုယွီ၏ ဓာတ်ကြီးငါးပါး တာအိုနယ်မြေ မှာလည်း သေးငယ်သော အသွင်ပြောင်းလဲမှုများကို ကြုံတွေ့နေရကြောင်း သိသာ ထင်ရှားလာ၏။

မန္တန်စွမ်းအား များကို လွယ်ကူစွာ ကျင့်ကြံနိုင်သော်လည်း... တာအိုနယ်မြေ တစ်ခုကို သန့်စင် မြှင့်တင်ရန်မှာ အလွန်တရာ ခက်ခဲလှသည်။ သို့သော် စုယွီအတွက်မူ ထိုပြဿနာမှာ လုံးဝ မရှိသလောက်ပင်။

စတုတ္ထအဆင့် ဝိညာဉ်အရည် များနှင့်... အသစ် ဖန်တီးထားသော ဝိညာဉ်အရည်များ အတွင်း ပါဝင်သည့် နတ်ဘုရား စွမ်းအားများကို နေ့စဉ် နေ့တိုင်း သန့်စင် စုပ်ယူခြင်းဖြင့် တာအိုနယ်မြေ ၏ အသွင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်နိုင်၏။

ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို အဆက်မပြတ် နားလည် သဘောပေါက်ရန်နှင့် အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်း အပြင်... ဓာတ်ကြီးငါးပါး မဟာတာအို ကို နားလည်ရန် ‘အထက်ဘုံ သန့်စင်သော မူလတာအို ဥပဒေသ’ ၏ အကူအညီကိုပါ ရယူထားခြင်းကြောင့်... သူ၏ ဓာတ်ကြီးငါးပါး တာအိုနယ်မြေ မှာ အဆက်မပြတ် သန့်စင် မြှင့်တင်ခံနေရ၏။

သူ၏ ဓာတ်ကြီးငါးပါး တာအိုနယ်မြေ ၏ အနှစ်သာရကို အကြမ်းဖျင်း ခန့်မှန်းပြီးနောက် စုယွီ စိတ်ထဲမှ တွက်ဆလိုက်သည်။

“ငါ အခြေခံ တာအိုနယ်မြေ အဆင့်နားကို ရောက်နေလောက်ပြီ...”

All Chapters