အခန်း (၄၀၁)
Vol. 41 Ch. 401
အခန်း(၄၀၁) လက်ဝှေ့ယမ်းပြီး နတ်ဆိုးသူတော်စင်ကို သတ်ဖြတ်ခြင်း၊ ဓားဖြင့် ကောင်းကင်အလောင်းကို ဖိနှိပ်ခြင်း
တိတ်ဆိတ်သွားသည်။
လကြည့်ဆောင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားတော့၏။
လူတိုင်း အသက်ရှုသံကို ထိန်းကာ ရွှေရောင်အခေါင်းကို စိုက်ကြည့်နေကြသည်။
အခေါင်းမျက်နှာပေါ်တွင် အလင်းတံခါးတစ်ခု ပေါ်လာပြီး ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် တိမ်တိုက်များကြားတွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်လို့နေသည်။
သူ ပေါ်လာသည့်အခိုက် ကောင်းကင်ယံ၌ ထူးခြားဖြစ်စဉ်များလည်း ပေါ်မလာသလို ကမ္ဘာတုန်ဟီးစေမည့် အရှိန်အဝါများလည်း ထွက်ပေါ်မလာပေ။
သွေးရောင်ကင်းမဲ့သည် အရိုးအိုကြီးတစ်စုသာ လေပြေတစ်သုတ်က ထိုသူကို ဖုန်မှုန့်ဖြစ်အောင် လွင့်စင်သွားစေမည့်အလား။
သာမန်လူအိုကြီးတစ်ဦးပမာ ကောင်းကင်ယံဝယ် ရပ်လို့နေသည်မှာ ဖြစ်တည်မှုအားလုံးကို တိတ်ဆိတ်လို့သွားစေသည်။ မိုးမြေတွင် သူ့ပုံရိပ်သာ လက်ဝယ်ကျန်ရစ်တော့သည့်အလား လူတိုင်း သူ့ကို မှင်သေစွာ ကြည့်နေကြ၏။
လူအိုကြီးသည် နောက်ဆုံးတော့ မျက်လုံးများ ပွင့်လာခဲ့သည်။ ထိုပွင့်လာသည့်ခဏ ကောင်းကင်ကြီး နက်မှောင်သွားပြီး တောင်တန်းများ တုန်ယီလာကာ နေနှင့်လတို့ အရောင်မှိန်သွား၏။
သူ့ကိုယ်ပေါ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါကြီးသည် ကမ္ဘာကြီးကို လွှမ်းမိုးလို့သွားသည်။
ထိုအခိုက် သူသည် ဖြစ်တည်မှုတို့၏ အထွတ်အထိပ်အရှင်တစ်ပါး ဖြစ်လာပေသည်။ သက်ရှိအားလုံး အကြင်သူကို ဦးညွှတ်ကြပြီး ဥပဒေသတို့သည် သူ့အလိုကို လိုက်လျောကုန်ကြ၏။
[T/N ထွီ အရိုးအိုကြီးကို ညွှန်းဆိုနေတာ]
ဘုရင်များ ဒူးထောက်ကြကုန်၏။ မဟာပဏ္ဍိတများ သူတို့ ခြေထောက်ကို ထိန်းထားကြရသည်။
လကြည့်ဆောင်ဘက်လှည့်၍ ဒူးထောက်နေသော ကျင့်ကြံသူများ ပို၍ များပြားလာနေသည်။
၎င်းသည် ဝိညာဉ်ထဲတွင် ကိန်းအောင်းနေသော အကြောက်တရားနှင့် ဖိနှိပ်မှုဖြစ်သည်။ နက်နဲသည့် စွမ်းအားမဲ့မှုသည် လူအများကို ဒူးထောက်အရှုံးပေးချင်စိတ် ဖြစ်ပေါ်လာစေ၏။
“သူတော်စင်တစ်ပါးပဲ”
ရှီးမျိုးနွယ်စုဘိုးဘေးသည် မကောင်းသော အရှိန်အဝါကို ခံစားမိသောကြောင့် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။
ချောင်ရို့ချန်နှင့် ရှောင်ချန်းတို့ပင် လေးနက်လာသည်။ သူတို့ မတ်တပ်ရပ်နေကြသော်လည်း သူတို့ခြေထောက်များ ပြင်းထန်စွာ တုန်ယင်နေကြ၏။ သူတို့ တာအိုအနှစ်သာရကိုသာ နားလည်မထားပါက တာအိုနှလုံးသား ပျက်စီးသွားနိုင်သည်။
ဝါရင့်ကျင့်ကြံသူများပင် အံ့ဩဘနန်း ဖြစ်နေတော့၏။
“ကောင်းကင်အလောင်းဂိုဏ်းက သူတို့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”
“သူတော်စင်အဆင့် အလောင်းပေါ်လာတော့ ကောင်းကင်အောက်က ဘယ်အရာကများ တားဆီးနိုင်ပါဦးမလဲ”
“မဟာပဏ္ဍိတမိုးမြေတော့ ဒီတစ်ခါ ပျက်ကိန်းဆိုက်ပြီ”
ချူဖုန်း နှုတ်ခမ်းအသာ တွန့်ကွေးသွား၏။
“သူတော်စင်အလောင်း စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဟိုအခွံမရှိတဲ့ ဝိညာဉ်စုတ်ထက် ပိုမိုက်တယ်”
“မင်း”
နတ်ဆိုးသူတော်စင်ကျို့ယွမ် ယခုလို အချိန်အခါသမယ၌ ထိုကောင်လေး ငေါ့တော့တော့စကားလုံးများ သုံးလာမည်ဟု မထင်ထား။
“အပြောကတော့ ထက်လှချည်ရဲ့။ ဒါပေမဲ့ မင်း သေနေ့တော့ စေ့ပြီ”
ချူဖုန်း၏ အမူအရာသည် ကစားလိုဟန် ပြောင်းသွား၏။
“အဘိုးကြီး ကျုပ်တော့ ခင်ဗျား ကျုပ်လို့ မသတ်နိုင်လို့ အကူအညီမဲ့ပြီး ဒေါသထွက်နေတာကို မြင်ရတာ ပျော်လာသလိုပဲ”
ထိုစကားများသည် ထိခိုက်မှု မပေးနိုင်သော်လည်း စော်ကားမူကတော့ ပြင်းထန်သည်။
“ငါ မင်းကို အရှင်လတ်လတ်အရေခွံခွာပစ်မယ်”
နတ်ဆိုးသူတော်စင်ကျို့ယွမ် အော်ဟစ်လိုက်သည့်အခါ သူ့အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်သွားတော့သည်။ ယခုအခါ သူသည် သူတော်စင်အလောင်းနှင့် ယှဉ်တွဲတိုက်ခိုက်တော့ပေမည်။
သူတော်စင်နှစ်ပါး၏ အရှိန်အဝါ ဆင်းသက်လာသည်။ မဟာပဏ္ဍိတများပင် ယိမ်းထိုးလာကြ၏။ ကောင်းကင်ယံတွင် တိုက်ခိုက်နေသည့် မဟာပဏ္ဍိတများပင် သူတို့ပူးပေါင်းမှုအောက်တွင် ဟန်ချက်ပျက်သွားကြသည်။
ချူဖုန်းတစ်ယောက်သာ ထိုက်တန်တောင်ကြီးအလား မလှုပ်မယှက် ငြိမ်သက်နေသည်။
သူ အောက်က ရှောင်ချန်းကို လှည့်ကြည့်ပြီး တည်ငြိမ်စွာ ပြော၏။
“တပည့် ငါ မင်းကို ဓားတစ်သောင်းတို့အပြန်ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ကို သရုပ်ပြပေးမယ်။ မျက်တောင်မခတ်တမ်း ကြည့်ထား”
လူအုပ်ကြီးသည် အံ့ဩစွာ သက်ပြင်းချကြရ၏။
မောက်မာလိုက်လေခြင်း။
သူတောင်စင်နှစ်ပါးကို တစ်ယောက်တည်း ရင်ဆိုင်နေရသော်လည်း သူ့တပည့်ကို ကျင့်ကြံခြင်းအရာ၌ လမ်းညွှန်ပေးနေ၏။
သူတို့ အံ့ဩမှုများ မပျောက်ကွယ်သေးခင် ချူဖုန်းထံမှ အင်မော်တယ်အလင်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ဖြတ်ပိုင်းသွားသည်။
သူတော်စင်တို့ ဖိနှိပ်ထားသည့် ကမ္ဘာကြီးတွင် အလင်းတန်းဖြတ်သန်းရာ နေရာတိုင်းသည် စုတ်ပြဲသွားတော့၏။
ချူဖုန်း ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ သူ့လက်ထဲတွင် ဓားကိုင်ထား၏။ ထိုသေးငယ်သည့် ခြေတစ်လှမ်းက အမှောင်ထုကို ဖြိုခွင်းပြီး အာရုဏ်ဦးကို ဆောင်ကြည်းပေးမည့်အလားပင်။
“အင်မော်တယ်ခန္ဓာကိုယ်”
ကြည့်ရှုနေသူများ ထိတ်လန့်တကြား အော်လိုက်မိသည်။
“မဟာပဏ္ဍိတမိုးမြေက အင်မော်တယ်ခန္ဓာကိုယ်ကို နိုးထထားတာပဲ။ သူ အထွတ်အထိပ်မဟာပဏ္ဍိတစ်ပါးဖြစ်လာတာ မအံ့ဩတော့ပါဘူး။ ဒါက သူတော်စင်တွေကို စိန်ခေါ်ရဲတဲ့ အကြောင်းအရင်းပေါ့လေ”
သူတို့အားလုံးအတွက် အင်မော်တယ်ခန္ဓာဆိုသည်မှာ ဒဏ္ဍာရီလာအဆင့်ပေ။ ထိုခန္ဓာကို နိုးထသူများသည် ကောင်းကင်မှ ခန့်အပ်ခြင်းကို ခံရပြီး တာအိုကို အမိန့်ပေးနိုင်ကြသည်။
ရွှမ်ထျန်းတိုက်ကြီးတွင် နတ်ဘုရားဧကရာဇ်များ မရှိသလို နတ်ဘုရားဘုရင်များသည် ဒဏ္ဍာရီမျှသာ။ ထိုကြောင့် သူတော်စင်များ အုပ်စိုးကြသည်။
အင်မော်တယ်ဧကရာဇ်များ ရှိခဲ့ဖူးသည့် မှတ်တမ်းမှတ်ရာများသည် မြင့်မြတ်နယ်မြေများ၌သာ ရှိပေ၏။
ယခု အင်မော်တယ်ခန္ဓာနိုးထလာသည့် မဟာပဏ္ဍိတတစ်ပါးကို မြင်သည့်အခါ လူတိုင်း ကြောင်အသွား၏။
နတ်ဆိုးသူတော်စင်ကျို့ယန်နှင့် သူတော်စင်အလောင်းတို့ ချူဖုန်း၏ အင်မော်တယ်အလင်းတန်းများကြောင့် အတင်းအကြပ် ရပ်တန့်လိုက်ရသည်။
နတ်ဆိုးသူတော်စင်ကျို့ယန်သည် အလောင်းသူတော်စင်ကို ပြောလိုက်သည်။
“တာအိုရောင်းရင်း အတူတူ တိုက်ခိုက်ရအောင်”
အလောင်းသူတော်စင်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
“ချောက်နက်သက်ဆင်းခြင်း”
နတ်ဆိုးသူတော်စင်ကျို့ယန် ဦးစွာ တိုက်ခိုက်သည်။ သူ့အော်သံနှင့်အတူ ကောင်းကင်ယံ၌ ချောက်နက်ကြီးတစ်ခု ပေါ်လာသည်။
၎င်းတွင် ကြောက်မက်ဖွယ်ရာ နတ်ဆိုးစွမ်းအင်နှင့် ပြင်းထန်သည့် စုပ်ယူအားတို့ ပါဝင်ကာ သက်ရှိအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်စွမ်း ရှိသည်။
ကမ္ဘာကြီးသည် အမှောင်ထုထဲတွင် နစ်မြှုပ်သွားပြီး ချူဖုန်း၏ အင်မော်တယ်အလင်းသာ တောက်ပနေတော့၏။
အလောင်းသူတော်စင် ဘာမှမပြောချေ။ သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ့နောက်တွင် ကြောက်မက်ဖွယ် ငရဲကိုးထပ်ပေါ်လာတော့၏။
ဖျော့တော့နေသည့် လက်ဖဝါးကြီးတစ်ဖက် ငရဲထဲမှ ထွက်ပေါ်လာသည်။ ထိုလက်ဖဝါးနောက်တွင် တစ္ဆေနတ်ဘုရားဓမ္မရုပ်တုကြီး ထွက်ပေါ်လာ၏။
ထိုဓမ္မရုပ်တုသည် ကျန်းထောင်ချီမြင့်ကာ မိုးမြေကို ပြိုကွဲသွားစေမည့်အလား မားမားမတ်မတ် ရပ်လို့နေသည်။
“ဖိနှိပ်စမ်း”
နတ်ဆိုးသူတော်စင်ကျို့ယွမ် အော်ဟစ်လိုက်သည့်အခါ ကောင်းကင်ယံက နတ်ဆိုးချောက်နက်ကြီး ကျဆင်းလာပြီး လေဟာနယ်ပြိုပျက်ကာ တိမ်တိုက်များ ပျောက်ကွယ်ကုန်သည်။
ဆက်တိုက်ဆိုသလိုပင် တစ္ဆေနတ်ဘုရားဓမ္မရုပ်တုထံမှ လက်ဝါးတစ်ဖက် ထွက်လာပြီး ချူဖုန်းထံ ဦးတည်လာသည်။ ထိုလက်ဖဝါး ကျဆင်းမလာသေးသော်လည်း တော်တန်းများ ပြိုကျကုန်ပြီး မြေပြင်များ အက်ကွဲကုန်သည်။
“တာအိုတစ်သောင်းတို့ အပြန်”
ချူဖုန်း အော်ဟစ်လိုက်ပြီး သူ့ဓားကို မြှောက်လိုက်သည်။ သူ့နောက်တွင် မရေမတွက်နိုင်လောက်သော တာအိုများ သရုပ်ပေါ်လာပြီး တာအိုအနှစ်သာရတို့ ဖွဲ့တည်လာ၏။
ကလန်
သူ့ဓားကို ခုတ်ချလိုက်သည့်အခိုက် တာအိုသရုပ်သဏ္ဍန်များသည် ဖရိုဖရဲအဖြစ် စုပေါင်းသွားပြီး ဓားအလင်းတန်းအဖြစ် ပေါင်းစုသွား၏။
ဓားစွမ်းအင်သည် လီတစ်သန်းကို လွှမ်းခြုံသွားပြီး အေးစက်စက်အလင်းတန်းသည် လောကသုံးထောင်ကို ဖြတ်တောက်သွားသည်။
ရွှမ်ထျန်းတိုက်ကြီးပေါ်မှ ကျင့်ကြံသူများသည် ထိုဓားချက်ကို မှင်တက်စွာ ကြည့်နေကြ၏။
မြောက်ပိုင်းချောက်နက် တော်ဝင်မြို့တော်မှ မြင့်မြတ်ဧကရာဇ်သည် မျက်လုံးများ ပွင့်လာပြီး မြောက်ပိုင်းတောရိုင်းမြို့တော် ဖြစ်သည့် ရှီးမိသားစုတည်ရှိရာ မြို့တော်ကို ကြည့်လိုက်ရင်း ရေရွတ်သည်။
“ဘယ်လိုလုပ်ပြီး သူတော်စင်အဆင့်ဓားချက် ပေါ်လာရတာလဲ။ မဟုတ်ဘူး။ ဒါက သူတော်စင်ဓားကွက်မဟုတ်ဘူး။ သူတော်စင်စွမ်းအားထက် နည်းနည်း အားနည်တယ်”
ဝမ်တောက်ကျောင်းတော်တွင် ကျောင်းအုပ်ကြီးသည် ထိုဓားချက်ကို ကြည့်ပြီး တီးတိုးရေရွတ်သည်။
“ဒီကောင်လေးရှောင်ဖုန်း ကောင်းကင်ကိုတောင် ဖြတ်ပိုင်းတော့မယ်”
မြင့်မြတ်နယ်မြေများဖြစ်သည့် ငရဲကိုးထပ်မြင့်မြတ်နယ်မြေ၊ နတ်ဘုရားဓားမြင့်မြတ်နယ်မြေတို့မှ သူတော်စင်များသည် လသာဆောင်ပေါ်မှ ဓားချက်ကို အာရုံစိုက် ကြည့်လာကြ၏။
လသာဆောင်အတွင်း လူတိုင်းသည် ထိုဓားကို ကြည့်နေကြ၏။
“ဆရာဘိုးဘိုးရဲ့ တစ်သောင်းပုံတစ်ပုံတောင် စွမ်းအားမရှိသေးဘူးပြောတာ နှိမ့်ချပြောတယ်ထင်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့ကြမှပဲ အမှန်တရားကို ပြောတယ်ဆိုတာ သိရတော့တယ်”
ရှောင်ချန်းနောက်မှ ရှီးမန့်ယဲ့ တီးတိုး ရေရွတ်သည်။
ရှောင်ချန်း တိတ်ဆိတ်နေသည်။ ထိုဓားချက်သည် သူ့ကို တုန်လှုပ်သွားစေသည်။
‘ငါလည်း တစ်နေ့ကျရင် ဆရာ့လို ဓားကွက်ကို ထုတ်သုံးနိုင်ရမယ်’
ထိုအခိုက် အချိန်ပင် အေးခဲသွားရသည်။
ဓားချက်သည် အောက်ခြေမဲ့သည့် နတ်ဆိုးချောက်နက်ကြီးကို ဖြတ်တောက်သွားပြီး တစ္ဆေနတ်ဘုရား၏ ဓမ္မရုပ်တုကြီးကို ချေဖျက်လိုက်၏။
ဓားဖြတ်သန်းရာ နေရာတိုင်း မရှိမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ခဏအတွင်း သူတော်စင်တို့ အလဲလဲ အပြိုပြို ဖြစ်ကုန်၏။
သူတော်စင်ထူးခြားဖြစ်စဉ်များ ပျောက်ကွယ်ကုန်သည်။
ဓားချက် အပြီးသတ်သွား၏။
ကမ္ဘာမြေပေါ်သို့ နေရောင်ခြည် ပြန်လည် ထွန်းလင်းလာ၏။
လူတိုင်း ကောင်းကင်ယံမှ ချူဖုန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
“ဓားတစ်ချက်နဲ့ သူတော်စင်တွေကို ဖိနှိပ်လိုက်တယ်”
ရှီးမျိုးနွယ်စုဘိုးဘေးသည် ထိုမြင်ကွင်းကို ကြည့်ပြီး သူ့အသံက တုန်ယင်နေတော့သည်။၊
ချူဖုန်းသည် တည်ငြိမ်စွာသာ။ ငြိမ်သက်နေသည့် သူ့အကြည့်က သူတော်စင်အဆင့် အလောင်းနှင့် သူတော်စင်ဝိညာဉ်တို့အပေါ် ကျရောက်သွား၏။
“ဘယ်သူ အရင်သေချင်လဲ”
ထိုသည်ကို ကြားသော် နတ်ဆိုးသူတော်စင်ကျို့ယန် နောက်သို့ တစ်လှမ်းဆုတ်သွား၏။ သူတော်စင်အလောင်းသည် သူ့လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်၏။
“ဘာမှမပြောတော့ဘူးလား။ ဒါဆိုလည်း မင်းတို့နှစ်ယောက်လုံး တူတူသေလိုက်တော့”
ချူဖုန်း စကားအဆုံးတွင် သူသည် လက်ကို ဝှေ့ယမ်းပြီး နတ်ဆိုးသူတော်စင်ကျို့ယန်ကို ခုတ်ပိုင်းသည်။
“မဟုတ်ဘူး”
နတ်ဆိုးသူတော်စင်ကျို့ယန် ထွက်ပြေးရန် ကြိုးစားသော်လည်း ထိုဓားချက်သည် သူ့ကို ထိန်းချုပ်ထားကြောင်း တွေ့ရသည်။ သူ ငရဲကိုးထပ်သို့ ထွက်ပြေးရင်တောင် ဓားချက်ထံမှ မလွတ်မြောက်နိုင်ပေ။
ကလန်
ဓားအလင်းတန်း ကျဆင်းလာပြီး နတ်ဆိုးသူတော်စင်ကျို့ယန် ဝိညာဉ်ခန္ဓာသည် အေးခဲသွားပြီး အမူအရာက တောင့်တင်းသွား၏။
ဘုန်း
မိုးခြိမ်းသံကြီးနှင့်အတူ နတ်ဆိုးသူတော်စင်ကျို့ယန်သည် ဖုန်မှုန့်ဖြစ်သွားတော့၏။ ဝိညာဉ်သလင်းကျောက်တစ်ခုသာ မြေပြင်ပေါ် ကျန်ရစ်ခဲ့သည်။
ထိုသည်ကို မြင်သော် သူတော်စင်အလောင်းသည် အလိုလိုလှည့်ပြီး ရွှေရောင်ခေါင်းတလားထံသို့ ပြေးတော့သည်။
မျက်စိတစ်မှိတ်အတွင်း သူတော်စင်အလောင်းသည် ခေါင်းတလားထဲသို့ ရောက်သွားတော့၏။
ကလစ် ကလစ်
ရွှေရောင်ခေါင်းတလားကြီး ဖြည်းညှင်းစွာ ပိတ်သွားသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်း ကြောင်အသွားသည်။ သူတော်စင်အလောင်းသည် မဟာပဏ္ဍိတမိုးမြေ ဓားချက်ကြောင့် ထိတ်လန့်တုန်လှုပ်သွား၏။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ”
ချူဖုန်း ပြောပြီးသည်နှင့် သူ ဓားကို ခုတ်ပိုင်းချသည်။
ရွှေရောင်ခေါင်းတလားကြီး ပိတ်ဆိုးသွားသည့်အခါ ဓားအလင်းက အတွင်းသို့ ဝင်သွား၏။
ဘုန်း
ပြင်းထန်သည့် ပေါက်ကွဲမှုကြီးသည် လီတစ်ရာဝန်းကျင်ကို တုန်ခါသွားစေပြီး မိုးမြေကို အထက်အောက် ဗြောင်းဆန်သွားစေသည်။
ထို့နောက် အရာအရာ ငြိမ်သက်ကုန်သည်။
မိုးမြေကြားတွင်
ဓားတစ်လက်၊ အမျိုးသားတစ်ဦး၊ သေမျိုးလောကအလယ်၌ ငြိမ်သက်စွာသာ။
ရွှီချိုက်ချန် ထိုသည်ကို ကြည့်ပြီး မနေနိုင်စွာ ကဗျာတစ်ပုဒ် စပ်ဆိုမိ၏။
“လက်တစ်ဖက် ဓားတစ်လက်အဝှေ့မှာ သူတော်စင်နှစ်ပါးကို သတ်ဖြတ်၊ အကြင်သူလို သူမျိုး ဤကမ္ဘာဝယ် ထပ်မရှိနိုင်။ ယောကျ်ားစစ်တစ်ဦး၏ သို့ကနှယ်”