အခန်း (၄၀၂)
Vol. 41 Ch. 402
အခန်း(၄၀၂) တိုက်ပွဲ အဆုံးသတ်ခြင်း
ကောင်းကင်ယံတွင်
မဟာပဏ္ဍိတခြောက်ပါးသည် သူတို့အောက်က သူတော်စင်အဆင့်တိုက်ပွဲ အဆုံးသတ်ကို မြင်လိုက်ရသည်။ အခြေအနေက ရုတ်ခြည်း တစ်ဖက်သက်ဆန်သွားတော့သည်။
သူတော်စင်များ ကျဆုံးသွားသည့် မဟာပဏ္ဍိတများဘက်သည် အရှုံးဖက်သို့သာ ဦးတည်နေတော့၏။
နတ်ဆိုးဓားဝိညာဉ်သည် မိုးကုပ်စက်ဝိုင်းသို့ ဦးစွာ ထွက်ပြေးတော့သည်။
ပင်းယန်၏ နှုတ်ခမ်းများ အသာ တွန့်ကွေးသွားသည်။
“နင် လွတ်နိုင်မယ်ထင်လား”
သူမ ပြောပြီးသည်နှင့် ဓားကို ညှင်သာစွာဝှေ့ယမ်းသည်။ ကောင်းကင်ယံတွင် ထိုက်ချီကားချပ်တစ်ခု ပေါ်လာတော့သည်။
ကားချပ်ကျဆင်းလာပြီးနောက် နတ်ဆိုးဓားဝိညာဉ်နှင့် နတ်ဆိုးဓားကြားမှ ဆက်သွယ်မှုသည် ချက်ချင်းဆိုသလို ပြတ်တောက်သွား၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ငါနဲ့ နတ်ဆိုးဓားကြားက ဆက်နွယ်မှုကို ဘယ်လို ဖြတ်တောက်လိုက်တာလဲ”
ပင်းယန် တည်ငြိမ်စွာ ပြောသည်။
“နင့် အသိပညာက အရမ်းနိမ့်တယ်။ ငါ့ဓားဝိညာဉ်အဖြစ် နာနာခံခံ လက်ခံလိုက်စမ်း”
ထို့နောက် သူမသည် စေတီအသေးစားလေးတစ်ခု ဖန်တီးလိုက်ပြီး ဓားဝိညာဉ်ကို အတွင်း၌ ချိတ်ပိတ်လိုက်၏။
ဆက်တိုက်ဆိုသလိုပင် သွေးနဂါးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
မဟာပဏ္ဍိတရွှေတောင်ပံ ပြုံး၏။
“မင်း ဘယ်ပြေးမလဲ”
သူသည် ချက်ချင်းဆိုသလို့ အသွင်စစ်ကို ထုတ်ဖော်လိုက်ပြီး အတောင်ပံကြီးကို ခပ်ကာ ပျောက်ကွယ်သွား၏။
သူ ပြန်ပေါ်လာချိန်တွင် မေးရိုးကြားတွင် နဂါးကြီးတစ်ကောင်ကို ကိုက်ခဲထား၏။
သွေးနဂါးသည် မယုံကြည်နိုင်စွာ ကြည့်နေ၏။
“မင်း ဘယ်လို့နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားတာလဲ။ ငါတို့နှစ်ယောက်လုံးက စီးတော်ယာဉ်တွေလေ”
ဖြောင်း
မဟာပဏ္ဍိတရွှေတောင်ပံသည် သွေးနဂါကို သူ့အတောင်ပံဖြင့် ပိတ်ရိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“ငါ့ကို မင်းလို စီးတော်ယာဉ်နဲ့ လာယှဉ်နေတာလား။ သူက ငါ့အစ်ကိုကွ”
သွေးနဂါး “...”
သူ တိတ်တဆိတ်သာ ကံတရားကို လက်ခံလိုက်သည်။
မဟာပဏ္ဍိတများကြားတွင် မဟာပဏ္ဍိတအရိပ်သာ ကျန်တော့၏။ သူသ့ကို တောက်လောင်နေသည့် နေမင်းက ဝန်းရံထားသည့်အတွက် မည်သည့်နေရာကိုမှ ထွက်မပြေးနိုင် ရှိနေသည်။
“နင် ရှုံးပြီ”
မဟာပဏ္ဍိတကျန်းယန် တည်ငြိမ်စွာ ပြောသည်။
“မဟာပဏ္ဍိတတစ်ပါးအနေနဲ့ နင့်ကို ဂုဏ်သိက္ခာရှိစွာ သေခွင့်ပေးမယ်”
မဟာပဏ္ဍိတအရိပ် နှာခေါင်းရှုံ့သည်။
“မြောက်ပိုင်းချောက်နက်မှာ တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ အရိပ်တပ်သားတွေပဲ ရှိတယ်။ အသက်ကို အဆုံးစီရင်သွားတဲ့ ငကြောက်ဆိုတာ မရှိဘူး။ တိုက်ချင်တယ်ဆိုလည်း တိုက်တာပေါ့။ ချောက်နက်အရိပ်သတ်ဖြတ်ခြင်း”
သူပြောပြီးသည်နှင့် ချောက်နက်ဓမ္မရုပ်တုကြီးတစ်ခု သူ့နောက်တွင် ဖြစ်တည်လာ၏။ သူသည် မရေမတွက်နိုင်သော အရိပ်များအဖြစ် ပြောင်းလဲပြီး မဟာပဏ္ဍိတကျန်းယန်ကို အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်တော့၏။
“သေခါနီးအထိ ခေါင်းကြောမာနေတုန်း”
မဟာပဏ္ဍိတကျန်းယန် သူ့ဓားကို လွှဲယမ်း၍ အရိပ်တစ်ခုကို ခုတ်ပိုင်းလိုက်သည်။ တစ်ခဏအတွင်း ကျန်သည့် အရိပ်အားလုံး ပျောက်ကွယ်သွား၏။ မဟာပဏ္ဍိတအရိပ်သည် တဖြည်းဖြည်း ပုံပေါ်လာသည်။ သူ ဘာမှမပြောတော့ချေ။ ထိုအခိုက် သူသေရတော့မည်ဖြစ်ကြောင်း သိလိုက်ရ၏။
ဇွက်
မဟာပဏ္ဍိတကျန်းယန် သူ့ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် မဟာပဏ္ဍိတအရိပ်သည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းသွား၏။
ထိုဓားချက်နှင့်အတူ အရာအားလုံး အဆုံးသတ်သွားသည်။
ကောင်းကင်ယံတွင်
ရှီးရွှမ် ပြုံးလိုက်သည်။
“မင်းတို့ ဝှက်ဖဲတွေ ကုန်သွားပြီ။ အခု ငါတို့ကြားက ရန်ကြွေးကို ဖြေရှင်းကြတာပေါ့”
သူ့စကားအဆုံး ကြောင်အနေသည့် လူငါးယောက်သည် ရတနာများ ထုတ်ယူပြီး ထွက်ပြေးတော့၏။
ချူဖုန်း တည်ငြိမ်စွာ ကြည့်နေသည်။
“ရှောင်ချန်း၊ တာ့ချန်း၊ ချင်းအာ၊ ပေ့ရွှမ်း မင်းတို့ ကံကြမ္မာသားတော်တစ်ယောက်စီ လိုက်ဖမ်း။ ကျောက်ဝူကျိကိုတော့ ဖယ်ထားလိုက်။ ရီရှန်း မင်း ကျောက်ဝူကျိကို ကိုယ်တွယ်လိုက်”
“အမိန့်အတိုင်းပါ”
ချူဖုန်း ရှီးရွှမ်ကို ကြည့်လိုက်၏။
“ရွှမ်အာ တိုက်ပွဲပြီးပြီ။ လုပ်စရာ ရှိတာ ဆက်လုပ်”
“ဟုတ်”
ရှီးရွှမ် အခမ်းအနားစင်မြင့်မှ ပျောက်ကွယ်သွားပြီး ဖျော့တော့နေသည့် အမျိုးသမီးရှစ်ဦးကို ကြည့်လိုက်သည်။
ပျော်နေသူရော ဝမ်းနည်းနေသူပါ ရှိနေသည်။ ကျောက်ကျိရို့သည် အငြိုးကြီးသော မိန်းမများကို ပြစ်တင်ရှုပ်ချဟန်ဖြင့် ကြည့်နေ၏။
နောက်ဆုံးတော့ သူတို့တစ်ယောက်မှ အစ်ကိုရွှမ်၏ အချစ်ကို ပြိုင်ဆိုင်ခွင့်မရှိတော့ချေ။ ထိုအမျိုးသမီးများသည် ဝက်လှောင်အိမ်ထဲသို့ ဆွဲသွင်းခံရတော့ပေမည်။ ကျောက်ကျိရို့အဖေသည်လည်း ကျေနပ်နေသည်။ အစပိုင်းတွင် သူ့သမီး အရှုပ်အထွေးများကြား ဝင်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ရှီးမိသားစုသည် မဟာပဏ္ဍိတများကိုပင် ဖိနှိပ်နိုင်မည်ဟု မထင်ထားခဲ့ချေ။
ယခု ရှီးမိသားစုသည် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ကို လွှမ်းမိုးနိုင်တော့ပေမည်။ ရှီးရွှမ်၏ ယောက္ခမအနေဖြင့် သူ့အနာဂတ်သည် တောက်ပနေပေတော့မည်။ ရှီးမိသားစု ဂိုဏ်းဂဏများကို ဖျက်ဆီးချိန်၌ သူ အကျိုးအမြတ်ပေ ရနိုင်ပါ၏။
မြောက်ပိုင်းတောရိုင်း အိမ်ရှေ့စံလည်း တူညီစွာ ထိတ်လန့်သွားသည်။ သူ့သားရှီးရွှမ်သည် မဟာပဏ္ဍိတမိုးမြေ၏ တပည့်ဖြစ်ကြောင်း မေ့လျော့နေခဲ့၏။
ရှီးရွှမ် ပြောလိုက်သည်။
“ကျင်းရှီ ရှေ့တက်ခဲ့”
အမျိုးသမီးရှစ်ဦးထဲတွင် ရင်သပ်ရှုမောဖွယ် အလှလေးတစ်ဦး မျက်လုံးများကို မှိတ်လျက် ရှေ့သို့ ဆုံးဖြတ်ချက်ပြတ်သားစွာ လှမ်းလာ၏။ လူအုပ်ကြီးထဲတွင် လေးထောင့်မျက်နှာဖြင့် လူငယ်လေးတစ်ဦးသည် လက်သီးများကို တင်းနေအောင် ဆုပ်ထားသည်။ သူ့ဘေးက အကြီးအကဲတစ်ဦး သူ့လက်မောင်းကို ဆုပ်ကိုင်းရင်း တီးတိုးပြောသည်။
“ဟောက်အာ စိတ်ရှည်တာက ကပ်ဆိုးတွေကို တားဆီးနိုင်တယ်။ မင်းစိတ်ထိန်းထား”
ရှီးဟောက် အံကြိတ်ရင်း ရှီးဟွမ်ကို ကြည့်နေသည်။
“ရှီးဟွမ် မင်း ဒီနေ့ အစ်မရှီကို ဒဏ်ရာရအောင်လုပ်ရင် ငါ မင်းအရိုးကို ပြာကျအောင် လုပ်ပစ်မယ်လို့ ကျိန်ဆိုတယ်”
ကျင်းရှီသည် ရှီးဟွမ်ရှေ့သို့ လျှောက်လာပြီး တည်ငြိမ်စွာ ပြောသည်။
“မင်းသားရွှမ် ဆက်လုပ်ပါ”
ရှီးရွှမ် ပြောလိုက်သည်။
“ငါ ဘာလုပ်ရမှာလဲ။ ငါမင်းကို လက်ထပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားထားဘူး။ ဒီပွဲက ကျင်းမိသားစုတောင်းဆိုလို့ ဖြည့်ဆည်းပေးတာ။ ငါတို့ ရှီးမိသားစုက ရှီးမျိုးနွယ်ဝင်တစ်ယောက်နဲ့ မင်းကို လက်ထပ်ပေးမယ်လို့ပဲ ပြောထားတာ။ ငါ ဖြစ်နေရမယ်လို့ မဆိုလိုဘူး”
ထိုစကားလည်း ကြားရော ကြည့်ရှုသူများ ကြောင်အကုန်သည်။ သူတို့ ရှီးရွှမ်၏ ရည်ရွယ်ချက်ကို မသိတော့ချေ။
‘အခုချိန်က ရှုံးနိမ့်သူတွေကို သတ်ဖြတ်ပြီး သူတို့မိသားစုတွေရော သူတို့ကိုပါ ရှင်းထုတ်သင့်တယ် မဟုတ်ဘူးလား’
မြောက်ပိုင်းမင်းသားတောင် သူ့သားကို သံသယဖြင့် ကြည့်လို့နေ၏။
ကျင်းရှီ၏ မျက်နှာပေါ်တွင် စိတ်ပျက်ဟန်များ ဖြတ်ပြေးသွားသည်။
“အရှင့်သား ရှင်ကျွန်မကို သတ်ချင်သတ်လိုက်ပါ။ ဘာလို့ အရှက်ခွဲနေမှာလဲ”
ရှီးရွှမ် သူမကို လျစ်လျူရှူလျက် အိမ်ရှေ့မင်းသားကို အသာ ဦးညွှတ်သည်။
“အဖေ သားတို့ စေ့စပ်ကတိကဝတ်ကို ဖျက်ပေးဖို့ တောင်းဆိုပါတယ်။ ကျင်းရှီကို သားအစား ရှီးဟောက်နဲ့ လက်ထပ်ပေးလိုက်ပါ”
လူအုပ်ကြီး အံ့ဩကုန်သည်။
“ဘာတွေဖြစ်နေတာလဲ”
“ရှီးရွှမ် ဘာတွေစီစဉ်နေတာလဲ”
“…”
အတိတ်တွင် အိမ်ရှေ့စံသည် ဆန့်ကျင့်ကောင်း ဆန့်ကျင်နိုင်သော်လည်း ယခု သူ့သားသည် သူ့လုပ်ပိုင်ခွင့်ထက် ကျော်လွန်သွားကြောင်း သိသည့်အတွက် ခေါင်းညိတ်လိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျင်း ဒီလက်ထပ်ပွဲကို သဘောတူလား”
ဘုတ်
ကြောက်လန့်နေသည့် ကျင်းမျိုးနွယ်စုခေါင်းဆောင်သည် ထိုင်ခုံပေါ်မှ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွား၏။ မည်သည့်ကျင့်ကြံသူမှ မရယ်မောပေ။ သူတို့သာ သူ့နေရာ၌ ထိုထက် အခြေအနေဆိုးလောက်ပေမည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ယူပြီးနောက် စေ့စပ်လက်ထပ်ပွဲသည် ပျက်ပြယ်သွားတော့၏၊
ကျင်းရှီသည် ရှီးရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်ပြီး ဒူးထောက်ချလိုက်သည်။
“ကျင်းရှီ အရှင့်သားရဲ့ ဘုန်းတန်ခိုးတော်ကို ကျေးဇူးတင်ပါတယ်။ ဒီကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး”
“မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး”
ရှီးရွှမ် လူအုပ်ကြီးဘက်သို့ လှည့်လိုက်သည်။
“ရှီးဟောက် မင်း လူအုပ်ထဲ ပုန်းနေတုန်းလား”
လူအုပ်ကြီးသည် ရှီးဟောက်ကို စတင်ရှာဖွေတော့သည်။ ခဏအကြာတွင် မြင့်မြတ်တာအိုကျောင်းတော် ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးသည် လူအုပ်ထဲမှ ထွက်လာ၏။
ထိုသူသည် ရှီးဟောက်ပင်။ သူသည် ရှီးရွှမ်၏ ဆုံးဖြတ်ချက်ကို မယုံနိုင်ဖြစ်နေဆဲပင်။
သို့သော် သူမွေးဖွားကတည်းက ကံကြမ္မာချင်းဖလှယ်ခဲ့သည်ကို သတိရပြီး ကျေးဇူးတင်စိတ်တော့ မရှိပေ။ မည်သို့ပင်ဆိုစေ ရှီးရွှမ်သည် သူ့မွေးရာပါသူတော်စင်အရိုးကို ယူသွားပြီးနောက် သူ့ကျင့်စဉ်လမ်းကြောင်း ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသည်။
“ရှီးရွှမ် မင်းဘာလိုချင်လို့လဲ”
ပရိတ်သတ်များက စပ်စုလိုစိတ်ဖြင့် မျက်လုံးအရောင် တောက်လာကြသည်။
ရှီးရွှမ် တည်ငြိမ်စွာ ပြောသည်။
“မင်းဘာလို့ ခုနတုန်းက ဝင်မနှောင့်ယှက်တာလဲ”
ရှီးဟောက် ပြန်ဖြေသည်။
“ငါတို့ပြဿနာက ရှီးမျိုးနွယ်အတွင်းရေးပဲ။ ငါသာ မင်းကို ငါ့ခွန်အားနဲ့ အနိုင်ယူနိုင်ရင် ဆုလဒ်က ငါ့အတွက်ပဲ။ တခြားသူတွေပေါ် မှီခိုတာက ငါ့လမ်းစဉ် မဟုတ်ဘူး”
“ကောင်းတယ်”
ရှီးရွှမ် ပြောလိုက်သည်။
“သူ့ကို ခေါ်သွားတော့။ ဒီစင်ပေါ်က လက်နက်တွေက မဆိုင်သူကို မထိခိုက်ခင် ခေါ်သွား”
“ကျေးဇူးပဲ”
ရှီးဟောက် စင်မြင့်ပေါ်သို့ တက်လိုက်ပြီး ကျင်းရှီလက်ကို ဆွဲလိုက်သည်။ ထိုစဉ် ရှီးရွှမ်၏အသံက သူ့ကို တားသည်။
“နေဦး”
“မင်း စိတ်ပြောင်းသွားပြီလား”
ရှီးဟောက် သူ့ကို ရန်လိုစွာ ကြည့်၏။
“မဟုတ်ဘူး။ မဟာပဏ္ဍိတစ်ပါးရဲ့ တပည့်အနေနဲ့ ငါ့စကားက တည်တယ်။ ငါ ပြန်ပေးရမဲ့ တစ်ခုကို သတိရသွားလို့”
ရှီးရွှမ်၏လေသံသည် သူခရီးထွက်မည့်အလား ပေါ့ပေါ့ပါးပါး ပြောနေသည်။
သို့သော် ရှီးမျိုးနွယ်ဝင် အကြီးအကဲများက သူ့စကားကြောင့် ဖျော့တော့သွားသည်။
အိမ်ရှေ့စံက ပထမဦးစွာ ပြောလာသည်။
“ရွှမ်အာ မင်းမဟုတ်မှလွဲရော”
ရှီးမျိုးနွယ်ဘိုးဘေးပင် စင်ပေါ်သို့ ပျံသန်းလာသည်။
“ရွှမ်အာ ဒါ မင်းဆုံးဖြတ်ရမဲ့ အရာမဟုတ်ဘူး”
ထိုသည်က ရှီးဟောက်၏ အမူအရာကို ရုတ်ခြည်း ပြောင်းလဲသွားစေသည်။ သူချက်ချင်းပင် ရှီးရွှမ် ပေးမည့်အရာကို နားလည်သွား၏။ သို့သော် ဘိုးဘေး၏အမူအရာကို ကြည့်ရင်း ထိုသည်က မဖြစ်နိုင်မှန်း သိသွားသည်။
လူအုပ်ကြီးသည် သိချင်စိတ်ဖြင့် လောင်မြှိုက်နေကြသည်။
‘ရှီးရွှမ်က ဘာပြန်ပေးမှာမလို့ မဟာပဏ္ဍိတပါ လန့်သွားရတာလဲ’
ထိုစဉ် ကောင်းကင်ယံမှ အသံတစ်သံ ထွက်လာသည်။
“ငါက ရှီးရွှမ်ရဲ့ ဆရာပဲ။ ငါ့စကားကို အရင်နားထောင်သင့်တယ်”
လူအုပ်ကြီးသည် ထက်ကောင်းကင်မှ သူကို သတိရသွားပြီး လေးစားစွာ ပြောသည်။
“ကျွန်တော်တို့ မဟာပဏ္ဍိတမိုးမြေရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်”
ချူဖုန်းသည် မဟာပဏ္ဍိတဘွဲ့ခံထားသော်လည်း သူတော်စင်တစ်ပါးနှင့် မခြားနားပေ။
ချူဖုန်း ရှီးရွှမ်ကို ကြည့်လိုက်၏။
“ရှောင်ရွှမ်း ငါ့ပြောတာ မှတ်မိလား။ မင်း ငါ့တပည့်ဖြစ်တုန်းကလေ”
“တပည့် ဘယ်တော့မှ မမေ့ပါဘူး”
ရှီးရွှမ် ရိုသေလေးစားစွာ ဖြေသည်။
ချူဖုန်း ပြုံးသည်။
“ဒါဆို မင်းစိတ်ကြိုက်သာလုပ်။ မင်း ဘာရွေးချယ်ရွေးချယ် ဆရာ မင်းဆုံးဖြတ်ချက်ကို သဘောတူတယ်”
အခြားသူများသာ ထိုသို့ပြောပါက မောက်မာသည့် စကားဖြစ်နိုင်သော်လည်း ချူဖုန်းကတော့ သဘာဝအတိုင်း ပြောနေနိုင်သေည်။
“ဒီတပည့် ဆရာ့ကို ကျေးဇူးတင်ပါတယ်”
ရှီးရွှမ် ပြောပြီးနောက် သူ့ကိုယ်ပေါ်မှ မြင့်မြတ်အလင်းများ ထွက်လာသည်။ သူ့အမူအရာသည် နာကျင်မှုကြောင့် တွန့်လိမ်သွား၏။ သူ့အသားအရေပင် စုတ်ပြတ်သွားသည်။
“အား”
အချိန်တစ်ခုအကြာ၌ ရှီးရွှမ်ထံမှ မြင့်မြတ်အလင်းများ တောက်ပနေသည့် အရာတစ်ခု ထွက်လာ၏။