← Chapters

အခန်း (၄၀၆)

Vol. 41 Ch. 406

အခန်း (၄၀၆)

Vol. 41 Ch. 406

အခန်း(၄၀၆) ဒုတိယစီနီယာအစ်ကိုက ပိုပိုပြီး ကြောက်ဖို့ကောင်းလာတယ်

ပိန်းပိတ်အောင်နက်မှောင်သည့် လမ်းကြောင်းဝယ်

လေတိုက်သံများ မရှင်းမရှင်း ထွက်ပေါ်နေသည်။

မည်သူမှ စကားမပြောသော်လည်း ချောင်ရို့ချန်ကို ကြည့်နေသည့် အကြည့်များတွင် မေးခွန်းများဖြင့် ပြည့်နှက်နေ၏။

ချောင်ရို့ချန် နှုတ်ခမ်းများ အသာတွန့်ကွေးသွားပြီး နတ်ဘုရားအာရုံကို သုံး၍ အသံပို့လွှတ်သည်။

“ဒီကောင်လေး အရူးလုပ်တာ မခံနဲ့။ ငါ ဒီလှည့်ကွက်ကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သုံးခဲ့သေးတယ်”

ထိုသည်ကို ကြားသော် လူတိုင်းတွင် သံသယများ ရှိသေးသော်လည်း ချူချန်းဟန်၏ တုံ့ပြန်ပုံကို သိချင်ကြသည်။

ထင်ထားသည့်အတိုင်းပင် ချူချန်းဟန်သည် မည်သည့် တုံ့ပြန်မှုမှ မမြင်သော် သူ ပြန်လှည့်သွား၏။

ချောင်ရို့ချန်တို့သည် သူ့နောက် ဆက်လိုက်လာကြသည်။

ခြေလှမ်းရာချီ လျှောက်ပြီးနောက် ချူချန်းဟန် နောက်တစ်ကြိမ် ထပ်ရပ်ပြီး တူညီသည့်စကားကို ပြောလာ၏။

ထိုအခိုက် ကျင့်ကြံသူများအားလုံး ချောင်ရို့ချန်ကို လက်မထောင်ပြကြသည်။

သိပ်မကြာခင် ချူချန်းဟန်သည် ကျောက်တုံးခန်းမအဝင်ဝသို့ ရောက်လာပြီး တူညီသည့် လှည့်ကွက်ကို ထပ်သုံးသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရချေ။

သူ ရေရွတ်လိုက်သည်။

“ငါ့အာရုံကများ မှားနေတာလား”

ဝမ်တောက်ကျောင်းတော် တပည့်များသည် ထိုသည်ကို ကြားသော် အော်ရယ်မိလုနီးပါးပင်။ ထို့နောက် သူတို့ ချောင်ရို့ချန်ကို ကြည့်သည့်အကြည့်များတွင် လေးစားမှုများ ပို၍ တိုးပွားလာ၏။

ချူချန်းဟန်သည် သူ့နှလုံးသားထဲတွင် ပြင်းစွာသော မလွယ်ကူမှုကို ခံစားလိုက်ရသည်။ သူ ခန်းမထဲတွင် သူ့ဆရာဘိုးဘေးအကြောင်းစဉ်းစားရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် မြှင့်တက်သွားသည်။

မဟာပဏ္ဍိတမိုးမြေ လိုက်မလာသ၍ သူ မစိုးရိမ်ပေ။ အခြားသူများအတွက် တစ်ယောက်ယောက်လာရင် တစ်ယောက်သေမည်။ နှစ်ယောက်လာရင် နှစ်ယောက်လုံး သေပေလိမ့်မည်။

ချူးချန်ဟန် ကျောက်တံခါးပေါ်က ယန္တရားကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။

ဘုန်း

ကျောက်တုံးတစ်ခါး ပွင့်သွားပြီး ဖုန်မှုန့်များ ပျောက်ကွယ်သွား၏။

ချူချန်းဟန်နောက်သို့ ချောင်ရို့ချန်တို့ ကပ်၍ လိုက်ဝင်သွားသည်။ သို့သော် သူတို့ရှေ့က မြင်ကွင်းကြောင့် မှင်တက်သွား၏။

ကျောက်ခန်းတွင် အခေါင်းတစ်ရာ ရှိသည်။

ထိုအထဲတွင် ခေါင်းတလားကိုးခုမှာ‌ ထောင်မတ်နေကြပြီး ရွှေရောင်ဖျော့ဖျော့ သမ်းကာ တစ်ခုချင်းစီ၌ သိသာထင်ရှားသော အသက်နဂါးခုနစ်ကောင် ရေးထိုးထားသည်။

မူလအားဖြင့် ချူချန်းဟန်သည် ယင်စွမ်းအင်နှင့် အန္တရာယ်ရှိသော အရှိန်အဝါကို သုံး၍ ဤနေရာတွင် ကျင့်ကြံရန် ရည်ရွယ်ထားသည်။ သို့သော် သူ့နှလုံးသားထဲတွင် စိုးရိမ်စိတ်များ ကြီးမားလာသည့်အတွက် သူ ထပ်ခေါ်လိုက်၏။

“ရှီးရွှမ် ငါ့ရဲ့ အခြေခံဖြစ်တဲ့ ကောင်းကင်အလောင်းဂိုဏ်းကို မြင်ချင်နေတာမလား။ ငါ အခု မင်းကို ခေါ်လာပြီလေ။ ဘာလို့ မင်းကိုယ်မင်း ကိုယ်ထင်မပြတာလဲ”

သူ လက်ကိုဝှေ့ယှမ်းရာ ကျောက်ခန်းမတစ်လျှောက် တစ္ဆေမီးတောက်များ တောက်ပလာသည်။

ခေါင်းတလားတစ်ခုချင်းစီသည် ကြောက်မက်ဖွယ် အလင်းတန်းများ တောက်ပနေပြီး ပတ်ဝန်းကျင်က ခြောက်ခြားဖွယ် ထူးဆန်းနေ၏။

“ဟားဟားဟားဟား”

ရယ်သံကျယ်ကြီး ထွက်လာ၏။

“ဆရာတူညီလေးတွေနဲ့ ငါ့တပည့်တို့ ဒီကောင်စုတ်လေးကို ကြည့်စမ်း။ သူက ငါတို့တကယ် ဘယ်သူမှန်းတောင် မသိဘဲ ဒီတစ်လျှောက်လုံး လှည့်ကွက်ကို သုံးလာတယ်”

ထိုအသံအဆုံးတွင် ချူချန်းဟန် ရှေ့၌ ပုံရိပ်တချို့ ပေါ်လာသည်။ ထိုသူတို့ ဝမ်တောက်ကျောင်းတော် ဝတ်စုံကို ဝတ်ထားသည်ကို မြင်သော် သူ့မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာသည်။

“ရှီးရွှမ်က မင်းတို့ကို ဒီမှာ လာအသေခံဖို့ လွှတ်လိုက်တာလား”

ချောင်ရို့ချန် ရယ်မောသည်။

“သေချာပေါက် မဟုတ်ဘူးပေါ့။ ငါက ဂျူနီယာညီလေးအတွက် အတားအဆီးတချို့ကို လာရှင်းပေးတာ။ ဒါဆို သူ့အထွတ်အထိပ်လမ်းစဉ်ကို လျှောက်လှမ်းရင် ဘယ်သူမှ မတားဆီးနိုင်တော့ဘူး”

လင်းမို ပြောလိုက်သည်။

“ဆရာ ဒီကြွက်စုတ်လေးက ဆရာဘယ်သူလဲတောင် မသိဘူး။ သူ မြေအောက်ကမ္ဘာရောက်သွားရင် နောင်တရနေဦးမယ်”

ထိုစကားကြောင့် ချောင်ရို့ချန်သည် လင်းမို ပခုံးကို ပုတ်ပေးလိုက်သည်။

“ကောင်လေး ငါ မင်းကို အရမ်းကျေနပ်သွားပြီ။ မင်း ငါ့ဆီကနေ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို သင်ချင်လား”

လင်းမိုသည် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို ကျင့်ကြံသူ ဖြစ်သည်။ ထိသည်ကို ကြားသော် သူ စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်သည်။

“လင်းမို့ ဆရာ့ကို ဂါဝရပြုပါတယ်”

ချောင်ရို့ချန် အလွန်ကျေနပ်သွားပြီး သူ့ကိ ထူပေးလိုက်၏။

“ ဉာဏ်ကောင်းတယ်။ ဒီနေရာက ခန္ဓာကိုယ်သန့်စင်ဖို့ နေရာကောင်းတစ်ခုပဲ။ ငါ ဒီကောင်လေးကို သတ်ပြီးရင် မင်းကို ကျင့်စဉ်တစ်ခု လက်ဆင့်ကမ်းပေးမယ်”

ထိုမြင်ကွင်းက ချူချန်းဟန်ကို ဒေါသထွက်သွားစေသည်။

သူသည် ဒေါသများဖြင့် ချောင်ရို့ချန်ကို ကြည့်လာ၏။

“ငါ မင်းဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး။ ဒီနေ့ မင်း ဒီမှာ သေရမယ်”

ချူချန်းဟန် ဒေါသတကြီး အော်လိုက်သည်။ သူသည် ပစ်လွှတ်ပြီးစ မြားတစ်စင်းအလား ဖြစ်နေသော်လည်း စစ်မှန်ကံကြမ္မာအဆင့်အတွင်း၌ လျော့တွက်၍ မရချေ။

သို့သော် ချောင်ရို့ချန်အတွက်တော့ ထိုသည်က ဘာမှမဟုတ်ပေ။ သူ့မျက်နှာတွင် လှောင်ပြုံးကိုတပ်ဆင်ထား၏။

“မင်းလုပ်စရာရှိတာ ဆက်လုပ်ပါ”

“…”

ချူချန်းဟန် ထူးဆန်းသည့် ရှေးခေတ်စာလုံးများ ရွတ်ဖတ်လာသည်။

သူ ရွတ်ဖတ်နေစဉ် မြေပြင်ပေါ် လျဲလျောင်းနေသည့် ကျောက်တုံးအခေါင်းတချို့သည် စတင် တုန်ယင်လာ၏။

ခရက်...ခရက်

စူးရှသည့် နားကလော်စရာ အသံများနှင့်အတူ ခေါင်းတလားများ ဖြည်းညှင်းစွာ ပွင့်လာပြီး အထဲမှ ဖြူဖျော့သော လက်များ ဆန့်ထွက်လာ၏။ ထို့နောက် ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်နေသည့် အလောင်းများ တစ်လောင်းပြီးတစ်လောင်း ထွက်လာသည်။

တစ်ခဏအတွင်း ကျောက်တုံးခန်းမအတွင်း၌ သေဆုံးခြင်း အရှိန်အဝါများ ပြည့်နှက်သွား၏။

“နီဗားနားရှင်သန်ခြင်းအဆင့်ကိုးလောင်းတောင်”

လင်းမို ထိုမြင်ကွင်းကို ကြည့်ပြီး သူ့အသံက အနည်းငယ် တုန်ယင်သွား၏။

ချူချန်းဟန် ထိုသည်ကို ကြားသော် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဝမ်တောက်ကျောင်းတော်က ကောင်စုတ်တွေ ဒီနေ့နေရာက မင်းတို့ သင်္ချိုင်းဖြစ်လာပြီ။ စိတ်ချ ငါမင်းတို့အလောင်းကို မပျက်စီးစေရဘူး။ ငါ သေချာလေး သိမ်းဆည်းပြီး ရှီးရွှမ်ဆီ ပို့ပေးမယ်။ ဒါမှ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ သေဆုံးရတဲ့ နာကျင်မှုကို သိနိုင်မှာ”

ချောင်ရို့ချန်သည် ချူချန်းဟန်ကို လျစ်လျူရှုပြီး လင်းမိုကို မျက်လုံးလှန်ပြလိုက်သည်။

“ကောင်စုတ်လေး မင်းဘာလို့ ဒီလောက်ကြောက်နေတာလဲ။ သူတို့အသက်ရှင်နေရင်တောင် ငါမကြောက်ဘူး။ ငါတို့လို ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေက ဘာကိုမှ မကြောက်တတ်တဲ့ တာအိုနှလုံးသားရှိရမယ်။ မဟုတ်ရင် မင်း ကြမ်းတမ်းရက်စက်တဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုကျင့်ကြံမှာလဲ”

လင်းမို လျင်မြန်စွာ ခေါင်းညိတ်သည်။

“ဆရာပြောတာ မှန်ပါတယ်။ ဒီတပည့် သတ္တိကြောင်သွားပါတယ်”

ချောင်ရို့ချန် သူ့လည်ပင်းကို ဆန့်ထုတ်ပြီး တည်ငြိမ်စွာ ပြောသည်။

“ဒီနေ့တော့ ငါမင်းကို ငါတို့သောင်းပြောင်းပညာရပ်ဌာနရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်က ဘယ်လောင်တောင် စွမ်းအားကြီးလဲဆိုတာ ပြတာပေါ့”

သူပြောပြီး ရှေ့သို့ တစ်လှမ်းတက်လိုက်၏။ နောက်တစ်ခဏတွင် သူ့ကိုယ်ပေါ်မှ တောက်ပသည့် နတ်ဘုရားအလင်းတို့ ဝင်းလက်လာ၏။

ထိုအခိုက် သူသည် ထူးခြားစွာ အရပ်မြင့်မားပြီး ခန့်ညားသွားပုံရကာ သူ၏ ကြောက်မက်ဖွယ်အရှိန်အဝါများသည်လည်း တဖြည်းဖြည်း မြင့်တက်လို့လာသည်။

ထိုသည်ကို မြင်သော် ချူချန်းဟန်၏ အမူအရာသည် ပြင်းစွာ ပြောင်းလဲသွားပြီး သူ့အကြည့်တွင် အကြောက်တရာများ ပြည့်နှက်သွားသည်။

“မင်းက ချောင်ရို့ချန်ပဲ”

“ဟုတ်တယ်။ မင်းအနည်းဆုံးတော့ ငါ့ကို သိသားပဲ။ ဒီမြင့်မြတ်သားတော် နာမည်ကို သိပြီဆိုတော့ မင်းကို စိတ်ကူးအိပ်မက်ထဲကနေ နိုးထလာအောင် လုပ်ပေးမယ်”

ထိုသို့နှယ် ချောင်ရို့ချန်သည် သူ့လက်ကို မြှောက်ကာ ချူချန်းဟန်ကို ထိုးနှက်လိုက်သည်။

ဘုန်း

လက်သီးသံကြီးထွက်လာပြီး လက်သီးအားအင်နောက်တွင် မိုးကြိုးလျှပ်စီးတို့ ထွက်လာသည်။

လက်သီးသွားရာ လမ်းကြောင်းတွင် ယင်စွမ်းအင်တို့ လွင့်စင်သွား၏။

ဘုန်းခနဲ မြည်သံကျယ်ကြီးနှင့်အတူ နီဗားနားရှင်သန်ခြင်းအဆင့် အလောင်းသည် ဖုန်မှုန်များအဖြစ် ‌ပေါက်ကွဲသွားပြီး အလောင်းအမြူတေတစ်ခုသာ မြေပြင်ပေါ်၌ ကျန်ရစ်ခဲ့သည်။

ဝေါင်း

ကျန်သည့် ရှစ်လောင်းက အတူတူ တိုက်ခိုက်လိုက်သည်။

ထိုတစ်ခဏ ကျောက်တုံးခန်းမထဲတွင် ကြောက်မက်ဖွယ်ယင်စွမ်းအင်နှင့် အလောင်းချီတို့နှင့် ပြည့်နေသည်။

ချောင်ရို့ချန်သည် မကြောက်ရွံ့သည့်အပြင် နီဗားနားရှင်သန်ခြင်းအဆင့် အလောင်းရှစ်လောင်းကို ထိပ်တိုက်ရင်ဆိုင်ရင်း သူ့လက်သီးကို ပစ်လွှတ်လိုက်၏။

“ပြင်းထန်တာအိုနတ်ဘုရားလက်သီး”

လက်သီးချက်သည် အထွတ်အထိပ်အားအင်နှင့် ‌တောက်လောက်နေသည့် ယန်စွမ်းအင်ကို သယ်ဆောင်ထားသည်။

လက်သီးကျဆင်းလာပြီးနောက် ကြီးမားသည့် နတ်ဘုရားလက်သီးပုံရိပ်ကြီး ထွက်ပေါ်လာသည်။

ဝုန်း

နားပင်စေလောက်သည့် အက်ကွဲသံကြီးနှင့်အတူ အလောင်းရှစ်လောင်း နောက်သို့ ဆုတ်လိုက်ရသည်။

ချောင်ရို့ချန် ဘယ်ဖက်လက်ဖြင့် တစ်လောင်းကို လှမ်းဖမ်းကာ ဦးခေါင်းခွံကို ကြိတ်ချေသည်။ ညာဖက်လက်ဖြင့် နောက်ထပ် တစ်လောင်း၏ ခေါင်းကို ခွဲလိုက်၏။

ထို့နောက် လျင်မြန်သည့် ခြေကန်ချက်များဖြင့် နောက်ထပ်ခေါင်းနှစ်ခုကို ရိုက်ခွဲလိုက်သည်။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာ နီဗားနားရှင်သန်ခြင်းအဆင့် အလောင်းကိုးလောင်းတွင် လေးလောင်းသာ ကျန်တော့၏။

ကျန်ရှိနေသည့် လေးလောင်းမှာ သူတို့ အခေါင်းများထံသို့ အလိုလို ပြေးသွားကြတော့သည်။

မြင်ကွင်းက လူတိုင်းက ဆွံ့အသွားစေသည်။

သို့သော် သူတို့ကို ပို၍ ထိတ်လန့်သွားစေသည်မှာ ချောင်ရို့ချန် နောက်ဆက်တွဲလုပ်ရပ်ပင်။

ချောင်ရို့ချန်သည် ခေါင်းတလားထဲမှ မြို့စားအဆင့် အလောင်းနှစ်လောင်းကို ဆွဲထုတ်လိုက်ပြီး သူတို့ခေါင်းခွံများကို ကြိတ်ချေကာ ခန္ဓာကိုယ်ကို နောက်ပြန် လိမ်ချိုးလိုက်၏။

ဘုန်း

ကျန်သည့် မြို့စားအဆင့်အလောင်းနှစ်လောင်သည် ခေါင်းတလားပြန်ပိတ်ရန် အခွင့်အရေး ရသွား၏။

ကံမကောင်းစွာပင် ချောင်ရို့ချန်သည် သူတို့ကို ချမ်းသာပေးရန် ရည်ရွယ်ချက် မရှိချေ။

ဘုန်း

လက်သီးတစ်ချက်ဖြင့် သူ အခေါင်းကို ဖျက်ဆီးလိုက်သည်။ ထို့နောက် သူ အလောင်းအမြူတေကို ယူလိုက်ပြီး ထုတ်ယူပြီး နောက်ဆုံး ခေါင်းတလားကို ထပ်မံ ဖျက်ဆီးလိုက်ပြီး အတွင်းက မြို့စားအဆင့် အလောင်းကို ကြိတ်ချေလိုက်၏။

တိတ်ဆိတ်ခြင်း

ကျောက်တုံးခန်းမသည် တိတ်ဆိတ်ခြင်းထဲ ညင်သာစွာ ဝင်ရောက်သွားသည်။

ဝူး...ဝူး..

လေအေးများ တိုက်လာသည်။ အေးစက်သည့် လေပြေသည် ချူချန်းဟန်၏ နှလုံးသားမှတစ်ဆင့် အရိုးထိတိုင် အေးစက်သွားစေသည်။

သူ တာအို‌ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကို မြင်ဖူးသော်လည်း ယခုလိုတော့ မဟုတ်ပေ။

‘သူက တာအိုပေါင်းစည်းခြင်းအဆင့်ရော ဟုတ်လို့လား။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူရော ရှိလို့လား’

ဝမ်တောက်ကျောင်းတော်မှ တပည့်များလည်း မှင်တက်သွားသည်။ ဟန်ပင်းဘေးတွင် မန်ဒလာက သူ့လက်မောင်းကို တင်းကြပ်စွာ ဖက်လိုက်မိ၏။

“ဒုတိယစီနီယာအစ်ကိုက ပိုပိုပြီး ကြောက်ဖို့ကောင်းလာတယ်”

ဟန်ပင်း၏ တိုးညှင်းသည့် ရေရွတ်သံသည် ကြာမြင့်စွာ တိတ်ဆိတ်မှုနောက်တွင် ထွက်ပေါ်လာ၏။

ချောင်ရို့ချန် ပခုံးတွန့်လိုက်သည်။

“သူတို့ဒီလောက်အားနည်းနေမယ်လို့ မထင်ထားဘူး။ သူတို့က ရှီးမိသားစုက မြို့စားအဆင့်တွေလောက် မသန်မာဘူး။ မဟုတ်ရင် ငါ သူတို့ကို လက်သီးတစ်ချက်တည်းနဲ့ သတ်လို့မရဘူး”

ဟန်ပင်း ခက်ခက်ခဲခဲ ပြောသည်။

“စီနီယာအစ်ကို နောက်ခါ တိုက်မယ်ဆိုရင် ကျွန်တော့်ကို အရင်သတိပေးပါ။ ကျွန်တော် စိတ်ပြင်ဆင်ထားဖို့လိုတယ်”

“ရတယ်”

ချောင်ရို့ချန် ချူချန်းဟန်ကို ကြည့်ပြီး ပြုံးလိုက်သည်။

“ကောင်စုတ်လေး မင်းမှာ ဝှက်ဖဲတွေရှိရင် သုံးတော့”

All Chapters