← Chapters

အခန်း (၄၀၇)

Vol. 41 Ch. 407

အခန်း (၄၀၇)

Vol. 41 Ch. 407

(၄၀၇) အလောင်းကိုးလောင်း လမင်းဆင့်ခေါ်ခြင်း

“မင်း အနား ထပ်ကပ်မလာနဲ့”

ယခုအချိန်ဝယ် ချူချန်းဟန် အလွန်ထိတ်လန့်နေသဖြင့် ဤနေရာက သူ့ကိုယ်ပိုင် နယ်မြေဖြစ်ကြောင်းကိုပင် လုံးဝမေ့လျော့သွားသည်။

သူက အလိုလို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ခြေချော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။

ချောင်ရို့ချန် အထင်အမြင်သေးစွာ ပြောလိုက်သည်။ “ပျင်းစရာကောင်းလိုက်တာ။ မင်းတို့လို ကံကြမ္မာသားတော်တွေဆိုတာ သတ်ရခက်တယ်လို့ ဆရာ ပြောပေမဲ့ ငါတော့ သတ်ရခက်တယ်လို့ မခံစားရဘူး။ မင်း ရှောင်ယီ ခင်ပွန်းလောက်တောင် အသုံးမကျဘူး”

စုန့်ကျောက်ယီ ပြောစရာစကား ကုန်ဆုံးသွားသည်။

‘ခေါင်းစဉ်က ငါ့ဆီ ဘယ်လိုလုပ် ရောက်လာတာလဲ။ ပြီးတော့ ငါ့ခင်ပွန်းက သူလေ’

ချူချန်းဟန် တောင်းပန်ချင်သော်လည်း ယခုအချိန်တွင် သူသည် လည်ပင်းညှစ်ခံထားရသော ဘဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး စကားတစ်ခွန်းမျှပင် မဟဟနိုင်တော့ပေ။

တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချောင်ရို့ချန်သည် ထပ်ပြောနေရန် စိတ်မရှည်တော့ပေ။ သူ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချူချန်းဟန်ထံ လက်သီးဖြင့် ထိုးချလိုက်သည်။

ဘုန်း

ထိုလက်သီးချက်က ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး ကျောက်ခန်းမတွင် မိုးခြိမ်းသံအလား ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

ထိုတိုက်ခိုက်မှုကြောင့် အခန်းတစ်ခုလုံး ပြိုကျသွားတော့မည့်အလား ထင်မှတ်ရသည်။

ချူချန်းဟန် တိုက်ခိုက်မှုကို မြင်သောအခါ သူ၏ သူငယ်အိမ်များ ချက်ချင်း ကျယ်လာသည်။ ထိုအခိုက်တွင် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က သေဆုံးသွားခဲ့သော သူ့အဘေးကိုပင် မြင်လိုက်ရသည့်အလား။

နောက်ဆုံး အခိုက်တွင် အော်ဟစ်လိုက်သည်။ “ဘိုးဘေး ကျွန်တော့်ကို ကယ်ပါဦး”

စကားသံများပင် မဆုံးသေးမီ ကျောက်ခန်းမ အတွင်းရှိ ခေါင်းတလားတစ်ခု ရုတ်တရက် ပွင့်ထွက်လာသည်။ အတွင်းမှ အလောင်းကောင် အငွေ့အသက်များ ရစ်ပတ်နေသော လက်တစ်ဖက် ထွက်ပေါ်လာပြီး ထိုလက်သီးချက်ကို အလွယ်တကူ ပိတ်ဆို့လိုက်သည်။

ဟူး... ဟူး... ဟူး...

ချူချန်းဟန် သေချာပေါက် သေရတော့မည့် အခြေအနေမှ လွတ်မြောက်သွားသည့် ပီတိကို ခံစားရင်း အသည်းအသန် အသက်ရှူနေရသည်။

ဂျွတ်... ဂျွတ်...

ခေါင်းတလား ဖြည်းညှင်းစွာ ပွင့်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ကာ အလောင်းကောင်ချီများဖြင့် ဖုံးလွှမ်းနေသည့် အလောင်း တစ်ခု ပေါ်လာသည်။

ခန္ဓာကိုယ်ကို မြူခိုးများဖြင့် ဖုံးကွယ်ထားသဖြင့် မည်သူမျှ ၎င်း၏ မျက်နှာအစစ်ကို မမြင်နိုင်ချေ။

သို့သော် ထုတ်လွှတ်လိုက်သော မဟာပဏ္ဍိတ အရှိန်အဝါက လူတိုင်းကို စိုးရိမ်မကင်း ဖြစ်သွားစေသည်။

အလောင်း၏ ခြေလှမ်းများက နှေးကွေးသော်လည်း ခြေတစ်လှမ်း လှမ်းတိုင်း တစ်ခန်းလုံးကို တုန်လှုပ်သွားစေသည်။

ဒုတ်၊ ဒုတ်၊ ဒုတ်

လေးလံသော ခြေသံများကြောင့် ဝမ်တောက်ကျောင်းတော်တပည့်များ၏ နှလုံးသားများ လည်ချောင်းဝသို့ ရောက်လာကြသည်။ သောင်းပြောင်းပညာရပ်ဌာနမှ အဆင့်နိမ့်တပည့် နှစ်ဦးဆိုလျှင် လုံးဝ သတိလစ် မေ့မြောသွားကြသည်။

ဟန်ပင်း၊ ဖုန်းမူ နှင့် အခြားသူများ၏ အခြေအနေမှာလည်း ပိုမို ကောင်းမွန်မနေပေ။ နတ်ဘုရား ခန္ဓာကိုယ်များ ရှိနေသည့်တိုင် သူတို့ နှလုံးသားများ တုန်ယင်နေပြီး တာအိုနှလုံးသားများ ပျက်ဆီးလုမတတ် ဖြစ်နေ၏။

ချောင်ရို့ချန် သူ့မျက်လုံးများကို မှေးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“မဟာပဏ္ဍိတ အလောင်း တစ်ခုပဲ။ မင်းတို့ကောင်းကင်အလောင်းဂိုဏ်းမှာ အခြေခံအုတ်မြစ်တော်တော်လေး ကျန်နေသေးတဲ့ပုံပဲ။ ငါ ဒီကို လာရတဲ့ခရီးက အလကား မဖြစ်သွားဘူး”

သူ့မိသားစု ဘိုးဘေး ပေါ်လာသည်ကို မြင်သောအခါ ချူချန်းဟန်၏ မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာသည်။ သူ အေးစက်စွာ ပြောလိုက်သည်။ “ချောင်ရို့ချန် မင်းက ဝမ်တောက်ကျောင်းတော် မြင့်မြတ်သားတော်ဆိုတော့ မင်း အဆင့်ကျော် စိန်ခေါ်တိုက်ခိုက်နိုင်ပေမဲ့ မဟာပဏ္ဍိတတစ်ပါးရဲ့ ရှေ့မှာတော့ ဘာမှ မဟုတ်ဘူး”

ချောင်ရို့ချန် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး တည်ကြည်စွာ ပြန်ဖြေလိုက်သည်။ “မင်းပြောတာ မှန်ပါတယ်။ ငါသာ အင်မော်တယ်ခန္ဓာကိုယ်ကို နိုးထလာခဲ့မယ် ဆိုရင်တော့ တိုက်ခိုက်နိုင်သေးတာပေါ့။ ဒါပေမဲ့ အခု ငါ့အခြေအနေနဲ့ဆိုရင် မဟာပဏ္ဍိတအလောင်းကို မရင်ဆိုင်နိုင်သေးဘူး”

“ဒါပေမဲ့ မင်း မှားသွားပြီ။ ငါ့အမွေအနှစ်က မင်းထက် အများကြီး သာလွန်တယ်”

“ငါ့ဆရာက မင်းတို့ ဘိုးဘေးကို နဂါးကိုးကောင်ရွှေခေါင်းတလားထဲမှာ ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးဖူးတယ်။ နောက်ခံအင်အားနဲ့ ငါ့ကို ယှဉ်မလား။ အဆင့်အတန်းယှဉ်မလား။ မင်း နိုင်မယ်ထင်လား”

“ဟားဟားဟား”

ချူချန်းဟန် ရူးသွပ်စွာ ရယ်မောလိုက်သည်။ “မင်းပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ။ ငါတို့ ကောင်းကင်အလောင်းဂိုဏ်းရဲ့ ယင်ကိုးပါးချောက်နက်က ကောင်းကင်လျှို့ဝှက်ချက်တွေ အားလုံးကို ဖြတ်တောက်ထားတယ်။ မင်း အကူအညီ ခေါ်ချင်ရင်တောင် အခွင့်အရေး မရှိဘူး”

“ဒီညရဲ့ နောက်ဆုံး အောင်နိုင်သူက ငါ ချူချန်းဟန်ပဲ ဖြစ်ရမယ်”

ချောင်ရို့ချန် သူ့ကို သနားစရာကောင်းသလို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီလေ။ ငါ အနှစ်သက်ဆုံးက ပြိုင်ဘက်ရဲ့ မျှော်လင့်ချက်ကို တစ်ဆင့်ချင်း ဖျက်ဆီးပြီး သူတို့ကို မျှော်လင့်ချက်ကင်းမဲ့စွာ သေဆုံးသွားစေတာပဲ။ အထူးသဖြင့် မင်းလို ပါရမီရှင်မျိုးတွေကိုပေါ့။ အခု မင်း အတန်ဖိုးထားဆုံး မဟာပဏ္ဍိတအလောင်းကို ဖျက်ဆီးပြမယ်”

စကားပြောနေစဉ် သူ အခန်းနောက်သို့ အနည်းငယ် ဦးညွှတ်လိုက်သည်။ “ဘိုးဘေးကျန်းယန် ဒီတပည့်က လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ် “

“ဟီးဟီး ကောင်လေး၊ နောက်ဆုံးတော့ နင် ငါ့ကို သတိရသွားပြီပေါ့။ ဒီမဟာပဏ္ဍိတအလောင်းကို ကိုယ့်ဘာသာ ဖြေရှင်းပြီး ငါ့ကို ပွဲကောင်းတစ်ပွဲ ပြတော့မယ်ထင်လို့”

အမှောင်ထုထဲမှ ရှင်းလင်းပြီး သာယာသော ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာသည်။ ထို့နောက် ကျောက်ခန်းမ အတွင်း၌ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာသည်။

မဟာပဏ္ဍိတအလောင်းပင် ထိုအလင်းတန်း၏ ရှေ့တွင် မျက်လုံးကို ဖွင့်မထားနိုင်ပေ။

လူတိုင်း ထိုဘက်သို့ လှည့်ကြည့်လိုက်ရာ ခန်းမထက်တွင် လောင်ကျွမ်းနေသော နေမင်းကြီး တစ်စင်း ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။

ထိုနေမင်းကြီးအတွင်းမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်။

ထိုပုံရိပ် ထွက်ပေါ်လာသည်နှင့် ဟန်ပင်းနှင့် အခြားသူများသည် သူတို့ခန္ဓာကိုယ်မှ ဖိနှိပ်ထားသော ဝန်ထုပ်ဝန်ပိုးကြီး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။

ချူချန်းဟန် မကြာမီ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုပုံရိပ်မှာ ယခင်က မဟာပဏ္ဍိတအရိပ် ကို ဖိနှိပ်ခဲ့သော ဝမ်တောက်ကျောင်းတော် မဟာပဏ္ဍိတပေ။

“ခင်ဗျား ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာတာလဲ”

ချူချန်းဟန် ခန်းမထက်က မဟာပဏ္ဍိတကို မယုံကြည်နိုင်လောက်အောင် မှင်တက်နေသော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။ ချူဖုန်း သူ့ကို လာရောက် ဖိနှိပ်မည် မဟုတ်ကြောင်း တွက်ချက်ထားသော်လည်း မဟာပဏ္ဍိတကျန်းယန် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

မဟာပဏ္ဍိတကျန်းယန် နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။ “ငါက တာ့ချန် ရဲ့ အစောင့်အရှောက်ပဲ။ ငါ ဒီမှာ ရှိနေတာ ဘာဆန်းလို့လဲ။ ကလေးလေး နင့်လို အားနည်းတဲ့သူကို ငါ အန္တရာယ် မပေးဘူး။ စိတ်ချထားလိုက်ပါ၊ ဒါပေမဲ့ ကောင်းကင်အလောင်းဂိုဏ်းက အရူးအိုကြီးတွေကိုတော့ ဝမ်းသာအားရ လက်ခံပေးပါ့မယ်”

“ ခင်ဗျား ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မဟာပဏ္ဍိတကိုးပါးကိုတော့ တစ်ယောက်တည်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဒီနေ့ ခင်ဗျားတို့ အားလုံးနဲ့အတူ ကျုပ်ပါ အသေခံမယ်”

ထိုသို့ပြောပြီးနောက် ချူချန်းဟန်သည် သူ၏ လက်သည်းကို အသုံးပြု၍ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ပြီး ကောင်းကင်အလောင်းဂိုဏ်း မန္တန်ကို နောက်တစ်ကြိမ် ရွတ်ဆိုလိုက်သည်။

မဟာပဏ္ဍိတကျန်းယန် ဖြစ်စေ၊ ချောင်ရို့ချန်၊ ဟန်ပင်း နှင့် ဖုန်းမူတို့ ဖြစ်စေ မည်သူကမျှ သူ့ကို တားဆီးရန် လှုပ်ရှားခြင်း မရှိပေ။

လင်းမိုနှင့် အခြားအပြင်စည်းတပည့်တစ်ဦးသာ ဆရာနှင့်ဘိုးဘေးပုံရိပ်တို့ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်ရှုနေကြပြီး သူတို့ ဘာလုပ်ရန် ရည်ရွယ်ထားသလဲ ဆိုတာကို သိချင်နေကြသည်။

မန္တန်ရွတ်ဆိုသံ ထွက်ပေါ်လာသည်နှင့် ချူချန်းဟန်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ညှိုးနွမ်းသွားပြီး သွေးများသည် အခန်းထဲတွင် မတ်ထောင်နေသော ခေါင်းတလား ရှစ်ခုဆီသို့ ပျံသန်းသွားသည်။

သွေး ပူဇော်မှုနှင့်အတူ ကျန်ရှိနေသော ခေါင်းတလား ရှစ်ခု ဖြည်းညှင်းစွာ ပွင့်လာပြီး မဟာပဏ္ဍိတအလောင်းရှစ်လောင်း ခေါင်းတလားများထဲမှ လျှောက်ထွက်လာကြသည်။

မဟာပဏ္ဍိတအလောင်းကိုးခု ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကျောက်ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အလောင်းချီနှင့် ယင်ချီများက မြေပြင်မှ ထွက်ပေါ်လာပြီး သူတို့ပတ်လည်တွင် အဆက်မပြတ် စုစည်းသွားကြသည်။

မဟာပဏ္ဍိတအလောင်းကိုးလောင်းသည် သူတို့လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ကြပြီး တရှူးရှူး မြည်သံများ ထုတ်လွှတ်လိုက်ကြသည်။

“ဟို့ ဟီး ရွှီး”

ထိုအသံများနှင့်အတူ အခန်းတွင်းရှိ ခေါင်းတလားရာပေါင်းများစွာ ပွင့်ထွက်လာပြီး အလောင်းများ အပြင်သို့ ခုန်ထွက်လာကာ မဟာပဏ္ဍိတအလောင်းကိုးခုနားသို့ စုဝေးသွားကြသည်။

သူတို့အရှိန်အဝါများ ဆက်လက် မြင့်တက်နေသည်။ အခန်း၏ ကြမ်းပြင်မှ မှိန်ဖျဖျ အစိမ်းရောင် အလင်းတန်း တစ်ခု ထုတ်လွှတ်လာပြီး ခန်းမအထက်တွင် အလင်းအစီအရင်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

၎င်းသည် မှိုင်းညို့ပြီး ထူးဆန်းကျောချမ်းဖွယ်ကောင်းသော အစီအရင်တစ်ခု ဖြစ်သည်။

ထိုကဲ့သို့ ထူးဆန်းသည့် မြင်ကွင်းက မဟာပဏ္ဍိတကျန်းယန်ကိုပင် အနည်းငယ် စိုးရိမ်လာစေသည်။ ထိုအရာ အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ပုန်းကွယ်နေနိုင်ကြောင်း သူမ အာရုံခံမိလိုက်သည်။

ချောင်ရို့ချန်နှင့် သူ့ဂျူနီယာညီလေး နှစ်ယောက်၏ အမူအရာများ လေးနက်သွားသည်။ သူတို့ သုံးယောက်သည် သိုလှောင်အိတ် လက်စွပ်များထဲမှ ဓားကျောက်စိမ်းများကို ယူလိုက်ပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်ကြသည်။

အလင်းအစီအရင်ထဲမှ သွေးလတစ်စင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုသွေးလမင်း ပေါ်လာသည့် အခိုက်တွင် ၎င်းက မဟာပဏ္ဍိတကျန်းယန် တာအိုအနှစ်သာရမှ ဖန်တီးထားသော နေမင်း အလင်းရောင်ကိုပင် လွှမ်းမိုးသွားသည်။

“ဟားဟားဟား”

ထိုမြင်ကွင်းကြောင့် ချူချန်းဟန် ကျယ်လောင်စွာ မရယ်မောတော့၏။ သူသည် ယခုအခါ ပိန်းချုံးပြီး သွေးစုပ်ခံထားရသဖြင့် ခြောက်သွေ့သောအလောင်း တစ်ခုနှယ် အမူအရာက အထူးတလှည် ရက်စက် ကြမ်းကြုတ်နေသည်။

သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများက ချောင်ရို့ချန် အပေါ် ကျရောက်သွားသည်။ “ချောင်ရို့ချိန် ခုနက ငါ့ကို သတ်ဖို့ အခွင့်အရေးရပေမဲ့ မင်း မလုပ်ခဲ့ဘူး။ အခု အလောင်းကိုးလောင်း လမင်းဆင့်ခေါ်ခြင်း ပြီးမြောက်သွားပြီ။ ငါ့ဘိုးဘေးကိုးပါးက သူတော်စင်အလောင်းတစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့ အားလုံး အဲဒီ သူတော်စင်အလောင်း အသစ်ရဲ့ အစာဖြစ်သွားလိမ့်မယ်။ ငါ မင်းတို့ကို ငါနဲ့အတူ ငရဲကို ဆွဲချသွားမယ်”

“အလောင်းကိုးလောင်းလမင်းဆင့်ခေါ်ခြင်းက တကယ်ပဲ အထင်ကြီးစရာ ကောင်းတယ်။ မင်းတို့ ကောင်းကင်အလောင်းဂိုဏ်းက လုံးဝ အသုံးမကျတာတော့ မဟုတ်ဘူး”

ချောင်ရို့ချန် လေသံက ခန်းမထက်ရှိ မဟာပဏ္ဍိတကျန်းယန်ကို မော့ကြည့်နေစဉ် ပုံမှန်မဟုတ် တည်ငြိမ်နေခဲ့သည်။ “ဘိုးဘေး ဒီမဟာပဏ္ဍိတအလောင်းဆေးလုံး ကိုးလုံးကို ကျွန်တော်တို့ သုံးယောက် နှစ်လုံးစီ ယူမယ်ဆိုရင် လွန်ရာကျသွားမလား “

မဟာပဏ္ဍိတကျန်းယန် ခေါင်းညိတ်လိုက်သည်။ “ပြဿနာ မရှိဘူး။ ငါ သဘောထား ကြီးပေးပါ့မယ်။ သုံးလုံး ဆိုရင် လုံလောက်တယ်”

သူတို့၏ ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုက ချူချန်းဟန် အတွက်တော့ သူတို့ သူ့ကို အလေးမထားကြောင်း ရှင်းလင်းနေသည်။

ချူချန်းဟန် အံကို တင်းတင်းကြိတ်လိုက်သည်။ “မင်းတို့ ကြိုက်သလောက် မာနကြီးနေကြစမ်းပါ။ ခဏနေရင် မင်းတို့ ဒီလို မာနကြီးနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့ ကောင်းကင်အလောင်းဂိုဏ်းရဲ့ ဒုတိယမြောက် သူတော်စင်အလောင်း က မွေးဖွားလာတော့မယ်”

“နှမြောစရာပဲ”

ချောင်ရို့ချန် အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။ “မင်းကို စောင့်နေဖို့ ငါတို့မှာ အချိန်မရှိဘူး။ ဂျူနီယာညီလေးတို့ တိုက်ကြ”

“ဟုတ်ကဲ့ပါ”

ဟန်ပင်းနှင့် ဖုန်းမူ တို့ ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် သူတို့လက်များကို ဖြည်းညှင်းစွာ မြှောက်ကာ မဟာပဏ္ဍိတအလောင်းတစ်ခုဆီသို့ ဓားကျောက်စိမ်း များကို ချိန်ရွယ်လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ ချူချန်းဟန် သူ ရှင်းပြ၍မရသော အကြောင်းပြချက်များကြောင့် ယခင်က ပျောက်ကွယ်သွားခဲ့သောနိမိတ်ဆိုးက သူ့နှလုံးသားကို နောက်တစ်ကြိမ် ရစ်ပတ်လာသည်ကို ခံစားလိုက်ရသည်။

ချောင်ရို့ချန်နှင့်ဂျူနီယာညီလေးနှစ်ယောက်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ “ဆရာ ကျွန်တော်တို့ကို ကူညီပါ။ ခုတ်ပိုင်းလိုက်”

All Chapters