← Chapters

အခန်း ၈၅၀

Vol. 43 Ch. 850

အခန်း ၈၅၀

Vol. 43 Ch. 850

အပိုင်း (၈၅၀) ကျင်းရှီရုံအား လက်ချည်းသက်သက် ဆွဲဖြဲခြင်း

လင်းယွမ်က အသက်ကို ဝအောင် ရှူသွင်းလိုက်သည်။ ရွှေမွေးခြင်္သေ့မိစ္ဆာ အသွင်ပြောင်းထားသည့် အခြေအနေတွင် သူ၏ မျက်ဝန်းအိမ်များက ရွှေရောင် တောက်ပနေ၏။

"ဆရာလင်း... ကျွန်တော်တို့ အတူတူ ဝင်တိုက်ကြမယ်... သူ့ကိုသာ ဖြိုနိုင်ရင် မုန်ယာအဖွဲ့က သူ့အလိုလို ပြိုကွဲသွားမှာပဲ" ကျောက်ခိုင်က အလျင်အမြန် ပြောလိုက်သည်

ထိုအချိန်မှာပင် ဟင်းလင်းပြင်က အနည်းငယ် ပုံပျက်သွားပြီး "ဝမ်ယောက်ငါး" အသွင်ဖြင့် လီချင်းဟွာ ရောက်ရှိလာသည်။

သူကလည်း လေးနက်သော အသံဖြင့် ဝင်ပြောသည် "ဆရာလင်း... အတူတူ ဝင်တိုက်ကြမလား"

မလှမ်းမကမ်းမှ "မီးလင်းယုန်" အသွင်ဖြင့် လီရှန်ယန်နှင့် "လီနီယာ စွမ်းအင်သားရဲ" အသွင်ပြောင်းထားသည့် တင်းယန်တို့လည်း အလျင်အမြန် ပျံသန်းလာကြသည်။

သို့ဖြစ်ရာ လင်းယွမ်၏ အနောက်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင် လေးယောက် စုရုံးရောက်ရှိလာပြီ ဖြစ်သည်။

မည်သို့ပင် ကြည့်စေကာမူ လင်းယွမ်တို့ဘက်က အင်အားပိုမို သာလွန်နေသည်မှာ အသိအသာပင် ဖြစ်၏။

သို့သော် မျက်နှာချင်းဆိုင်ရှိ ကျင်းရှီရုံကမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်အေးဆေးစွာဖြင့် သူတို့ကို စိုက်ကြည့်နေလေသည်။

ထို့နောက် သူက ခပ်ဟဟ ရယ်မောလျက် "ဘယ်လိုလဲ... အကုန်လုံး ဝိုင်းတိုက်ကြမလို့လား... ဟားဟား... ကောင်းတယ်... အားလုံး အတူတူ ဝင်ခဲ့ကြ"

သူသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ရဲတင်းစွာပင် စိန်ခေါ်လိုက်လေသည်။

အားလုံး၏ ရင်ထဲတွင် ဒေါသများ ပိုမို ပေါက်ကွဲလာပြီး ဤလူသည် ကမ်းကုန်အောင် မောက်မာလွန်းသည်ဟု ခံစားလိုက်ကြရ၏။

လင်းယွမ်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ဘက်မှ လူရိပ်တစ်ခု အလျင်အမြန် ပြေးလွှားလာသည်။

"ဆရာလင်း... ဒုက္ခပါပဲ... လေပေါ်ကျွန်းက အကူအညီ တောင်းနေတယ်... ရန်သူတွေက လေပေါ်ကျွန်းကို ဝင်တိုက်နေကြလို့ အပေါ်ကလူတွေ မခံနိုင်တော့ဘူးတဲ့"

ရောက်လာသူမှာ ရှီဟိုင်ကျူး ဖြစ်ပြီး သူ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်က ရုတ်တရက် ခေါင်းမော့ကာ မျက်နှာချင်းဆိုင်ရှိ ကျင်းရှီရုံကို စိုက်ကြည့်လိုက်၏။

"မင်းလူတွေလား"

ကျင်းရှီရုံက နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်ပြီး "ငါ့လူတွေကို အများကြီး သတ်ထားတာဆိုတော့ ငါလည်း အတိုးနည်းနည်း ပြန်ယူသင့်တယ် မဟုတ်ဘူးလား"

လင်းယွမ်၏ မျက်နှာက အုံ့မှိုင်းသွားပြီး အပိုစကားများ ဆက်မပြောတော့ဘဲ လက်ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည် "သွား... စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ပြင်ဆင်ထားကြ... ဒီကောင့်ကို ငါ့သာ ထားလိုက်"

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တိုက်ပွဲကွင်းပြင်မှ အလျင်အမြန် ဆုတ်ခွာသွားကြလေသည်။

ကျင်းရှီရုံကမူ ၎င်းကို အရေးမစိုက်ပေ။ သူ၏ မျက်လုံးများက လင်းယွမ်ကိုသာ အာရုံစိုက် စူးစိုက်ကြည့်နေ၏။

သူက လက်ညှိုးကို ကွေးယမ်းပြလိုက်ပြီး "လာခဲ့စမ်း... မုန်ယာအဖွဲ့ကို စိန်ခေါ်ရဲတဲ့ မင်းဆီမှာ ဘယ်လောက်တောင် အစွမ်းတွေ ရှိနေလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့"

လင်းယွမ်က အပိုစကား မပြောတော့ဘဲ ရေမျက်နှာပြင်ကို အားကုန် ဆောင့်နင်းလိုက်သည်။

"ဘုန်း"

ရွှေမွေးခြင်္သေ့မိစ္ဆာ၏ ခန္ဓာကိုယ်ကြီးက ရွှေရောင် လျှပ်စီးတန်းတစ်ခုအလား မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျင်းရှီရုံ၏ အရှေ့သို့ ရောက်ရှိသွားတော့၏။

ချွန်ထက်သော လက်သည်းနှစ်ဖက်ဖြင့် ကျင်းရှီရုံကို အားကုန် ကုတ်ခြစ်လိုက်သည်။

ကျင်းရှီရုံက လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ လက်မောင်းနှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ ကာကွယ်လိုက်ရာ "ဘန်း" ဟူသော အသံနှင့်အတူ လင်းယွမ်၏ ရွှေရောင် လက်သည်းများကို တိုက်ရိုက် ဖမ်းဆုပ်မိသွားလေသည်။

ထို့နောက် သူက လှောင်ပြောင်လိုက်သည် "ထပ်လာပြန်ပြီလား... မင်းရဲ့ ခွန်အားက ငါ့ထက် သာတယ်လို့ တကယ်ပဲ ထင်နေတာလား... ခုနက ငါ အလစ်ငိုက် ခံလိုက်ရလို့ပါကွ... ငါ့ရဲ့ ဒီ မျိုးရိုးဗီဇ ပုံစံက သတ္တုဓာတ်နဲ့ ခွန်အား နှစ်မျိုးစလုံး ပေါင်းစပ်ထားတဲ့ မျိုးရိုးဗီဇမျိုးစေ့ကနေ လာတာ... မင်းကများ ငါနဲ့ ခွန်အားချင်း ယှဉ်ရဲသေးတယ်ပေါ့"

ထိုသို့ပြောရင်း သူက အားကုန် ထုတ်သုံးလိုက်ရာ ရွှေရောင် သတ္တုလက်မောင်းနှစ်ဖက်ရှိ ကြွက်သားများ ရုတ်တရက် ဖောင်းကားလာပြီး လက်မောင်းနှစ်ဖက်စလုံး သိသိသာသာ ကြီးထွားလာတော့သည်။

ထိုမျှသာမက ကြွက်သားများ ဖောင်းကားလာမှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ခွန်အားများ ပေါ်ထွက်လာပြီး လင်းယွမ်၏ လက်မောင်းများကို တဖြည်းဖြည်းချင်း ဖိချလာလေသည်။

လင်းယွမ်၏ ရင်ထဲတွင် အံ့သြသွားရသည်။ တစ်ဖက်လူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သည် သူနှင့် သိပ်ကွာခြားပုံ မပေါ်ပေ။

သို့သော် ရန်သူ၏ ဤမျိုးရိုးဗီဇ ပုံစံသည် ခွန်အားပိုင်းတွင် အထူး ထောက်ပံ့ပေးနိုင်စွမ်း ရှိနေပုံရသည်။

သူ၏ ရွှေမွေးခြင်္သေ့မိစ္ဆာ အသွင်မှာမူ အမှန်တကယ်တွင် ခွန်အားပိုင်း၌ အားသာချက် သိပ်မရှိလှပေ။

သူ အမှန်တကယ် အားသာသည်မှာ မိုးကြိုးမျို ပင်ကိုယ်အစွမ်းနှင့် ၎င်းတွင် ပါဝင်သော ထပ်ဆောင်း ပင်ကိုယ်အစွမ်း တစ်ခုသာ ဖြစ်သည်။

သို့သော် ရွှေမွေးခြင်္သေ့မိစ္ဆာတွင် ခွန်အားနှင့် ပတ်သက်သော မျိုးရိုးဗီဇ အရည်အသွေးများ မရှိသော်လည်း၊

လင်းယွမ်တွင် အခြားသော အစွမ်းများ မြောက်မြားစွာ ရှိနေသေးသည်။ သူ ယခင်က မဲနှိုက်ရရှိခဲ့သော အဖြူရောင်အဆင့် နတ်ဘုရား အစွမ်းတစ်ခုကို အသုံးမပြုခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။

ယခု တစ်ဖက်လူက သူနှင့် ခွန်အားချင်း ယှဉ်ပြိုင်လိုနေသဖြင့် လင်းယွမ်က ချက်ချင်းပင် လှောင်ပြုံး ပြုံးလိုက်သည်။

"ကြွက်သားပေါက်ကွဲအစွမ်း"

"ဘုန်း"

လင်းယွမ်၏ နှလုံးက ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်လာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညှစ်ထုတ်လိုက်မှုကြောင့် မြောက်မြားစွာသော သွေးများက တစ်ကိုယ်လုံးသို့ စီးဆင်းပျံ့နှံ့သွားလေသည်။

သူ၏ လက်မောင်းများတွင်လည်း ကြွက်သားများ တစ်ပတ်လည် ဖောင်းကားထွက်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းယွမ်၏ ခွန်အား အရည်အသွေးက နှစ်ဆတိတိ တဟုန်ထိုး မြင့်တက်သွားတော့၏။

ဤသည်မှာ လူသားအသွင်ဖြင့် ခွန်အား နှစ်ဆ မြင့်တက်သွားခြင်း မဟုတ်ဘဲ ရွှေမွေးခြင်္သေ့မိစ္ဆာ မျိုးရိုးဗီဇ အသွင်ဖြင့် ခွန်အား နှစ်ဆ မြင့်တက်သွားခြင်းပင် ဖြစ်သည်။

ရွှေမွေးခြင်္သေ့မိစ္ဆာသည် ခွန်အားကို အဓိက အားပြုသော သတ္တဝါ မဟုတ်သော်ငြားလည်း ၎င်း၏ ခွန်အားမှာ ၁၉၀၀ မှတ် နီးပါးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ယခု နောက်တစ်ကြိမ် နှစ်ဆ ထပ်မံ မြင့်တက်သွားရာ အမှတ် ၄၀၀၀ နီးပါးအထိ တိုက်ရိုက် ရောက်ရှိသွားတော့၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အား အရည်အသွေးဖြင့်ဆိုလျှင် သူ၏ ရှေ့မှောက်ရှိ ကျင်းရှီရုံသည် ထည့်ပြောစရာပင် မလိုတော့ပေ။ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ပြည့်ဝသွားသည့် ကြယ်နတ်ဘုရား အဆင့်ရှိ သန္ဓေပြောင်း သတ္တဝါကြီးများပင်လျှင် ယခု အခြေအနေမှ လင်းယွမ်ထက် များစွာ သာလွန်နိုင်မည် မဟုတ်တော့ချေ။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် တစ်ဖက်လူ၏ လက်သည်းနှစ်ဖက်မှ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော ကြောက်မက်ဖွယ် ဧရာမ ခွန်အားကြီး တစ်ခု စီးဆင်းလာသည်ကို ကျင်းရှီရုံ ရုတ်တရက် ခံစားလိုက်ရသည်။

ထိုဧရာမ ခွန်အားကြီး၏ ပြင်းထန်မှုမှာ သူ တောင့်ခံထားနိုင်စွမ်း ရှိသည့် အရာမျိုး လုံးဝ မဟုတ်ပေ။

"အား"

ကျင်းရှီရုံက မကျေမချမ်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဆက်လက် ခုခံရန် ကြိုးစားနေဆဲ ဖြစ်သည်။

သို့သော် နောက်တစ်ခဏတွင် ရွှေမွေးခြင်္သေ့မိစ္ဆာက ရုတ်တရက် ပါးစပ်ကို ဟကာ ကျင်းရှီရုံ၏ မျက်နှာတည့်တည့်ဆီသို့ အားကုန် အော်ဟစ်လိုက်လေ၏။

"ဂါး"

ထိုဟိန်းဟောက်သံတွင် ကြောက်မက်ဖွယ် အကောင်းဆုံးသော စိတ်စွမ်းအင် တိုက်ခိုက်မှုများ ပါဝင်နေသည်။

၎င်းမှာ ရွှေမွေးခြင်္သေ့မိစ္ဆာ၏ နောက်ထပ် ပင်ကိုယ်အစွမ်း တစ်ခုဖြစ်သော "တုန်လှုပ်ခြောက်ခြားခြင်း" ပင် ဖြစ်ပေသည်။

ဤအစွမ်းသည် ယခုလက်ရှိ ရွှေမွေးခြင်္သေ့မိစ္ဆာ၏ စိတ်စွမ်းအင် အရည်အသွေးအပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။

ရန်သူ၏ စိတ်စွမ်းအင် အရည်အသွေးသည် ရွှေမွေးခြင်္သေ့မိစ္ဆာကို မယှဉ်နိုင်သရွေ့ ဤတိုက်ခိုက်မှု၏ လွှမ်းမိုးခြင်းကို သေချာပေါက် ခံရမည် ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် ကျင်းရှီရုံ၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် ကစဉ့်ကလျား ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာလေသည်။

ဦးနှောက်ကလည်း ထိန်းချုပ်၍ မရနိုင်တော့ဘဲ ကြောက်ရွံ့ ထိတ်လန့်သည့် ခံစားချက်များ လွှမ်းမိုးလာတော့၏။

ကျင်းရှီရုံ တစ်စုံတစ်ရာ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် လင်းယွမ်က လက်သည်းနှစ်ဖက်ကို အားကုန်သုံးကာ ရက်စက်စွာ ဆွဲဖြဲလိုက်သည်။

"ဘုန်း"

သူ၏ ဧရာမ ခွန်အားကြီးအောက်တွင် မျက်မှောက်ရှိ ကျင်းရှီရုံမှာ စက္ကန့်ပိုင်းအတွင်း အရှင်လတ်လတ် နှစ်ပိုင်းပြတ်သွားတော့၏။

အူများနှင့် ကလီစာများက ချက်ချင်းပင် အောက်သို့ ပြုတ်ကျလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပူနွေးသော သွေးများက ပင်လယ်ရေပြင်ကြီးကို နီရဲသွားစေသည်။

ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်း သတ္တဝါများ ချက်ချင်း ရူးသွပ်စွာ အုံခဲလာကြပြီး ထိုသွေးသားများကို အလုအယက် ကိုက်ဖြတ် စားသောက်ကြလေသည်။

လင်းယွမ်က ကျန်ရှိနေသော အသားတုံးများကို လွှင့်ပစ်လိုက်ပြီး ကောင်းကင်ယံသို့ အလျင်အမြန် မော့ကြည့်လိုက်သည်။

သို့သော် သူ တိမ်တိုက်များဆီသို့ မပျံသန်းရသေးမီမှာပင် ကောင်းကင်ယံရှိ လှိမ့်တက်နေသော တိမ်မည်းများကြားမှ ကြောက်မက်ဖွယ် ဖိအားများစွာ ရိုက်ခတ်လာသည်ကို ချက်ချင်း အာရုံခံလိုက်မိ၏။

လင်းယွမ်၏ ရင်ထဲတွင် လေးလံသွားပြီး မျက်နှာထားက အနည်းငယ် တင်းမာသွားသည်။

"အရမ်း ပြင်းထန်တဲ့ အငွေ့အသက်တွေပဲ... တစ်ပြိုင်တည်း နှစ်ခုတောင်လား"

"မုန်ယာအဖွဲ့က လူတွေပဲ ဖြစ်မလား"

မုန်ယာအဖွဲ့တွင် ဤမျှလောက် အစွမ်းထက်သော အစွမ်းပိုင်ရှင်များ များပြားနေသည်လားဟု တွေးမိကာ လင်းယွမ်မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

ဤအငွေ့အသက် နှစ်ခု၏ ပြင်းအားသည် ခုနက ကျင်းရှီရုံထက် အနည်းငယ်မျှပင် လျော့ကျခြင်း မရှိကြောင်း လင်းယွမ် ခံစားနေရ၏။

သူ စိတ်ထဲတွင် အံ့သြသံသယ ဖြစ်နေစဉ် သူ၏ တွေးတောမှုများ မဆုံးခင်မှာပင် ဧရာမ အရိပ်ကြီး နှစ်ခုက တိမ်မည်းများကြားမှ အလျင်အမြန် ပျံသန်းဆင်းသက်လာကာ တိမ်တိုက်များကို ထိုးဖောက်ပြီး ရေတွက်မရနိုင်သော လျှပ်စီးမိုးကြိုးများနှင့်အတူ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

"ဒုန်း"

ကောင်းကင်ယံမှ လျှပ်စီးမိုးကြိုးများ အဆက်မပြတ် ပေါက်ကွဲနေပြီး မုန်တိုင်းနှင့် မိုးသည်းထန်မှုအောက်တွင် ဧရာမ အရိပ်ကြီး နှစ်ခုက ရှေ့ဆင့်နောက်ဆင့် ကျဆင်းလာသည်။

ဦးစွာ ပျံသန်းဆင်းသက်လာသည်မှာ ခေါင်းသုံးလုံးပါသော ဖွတ်နဂါးကြီး တစ်ကောင်ပင် ဖြစ်၏။

၎င်း၏ တစ်ကိုယ်လုံးတွင် မီးတောက်များ လောင်ကျွမ်းနေပြီး ဖွတ်ခေါင်း သုံးလုံးပေါ်မှလည်း မီးများ အဆက်မပြတ် မှုတ်ထုတ်နေကာ မီးခိုးငွေ့လုံးကြီးများ ထွက်ပေါ်နေသည်။

တစ်ကိုယ်လုံးကို အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းထားပြီး ကျောဘက်ရှိ အသားမာ တောင်ပံတစ်စုံမှာ လင်းနို့တောင်ပံများနှင့် တူညီကာ လေပြင်းများကို တိုက်ခတ်စေသည်။

သို့သော် ဤဧရာမ သတ္တဝါကြီးနှင့် ယှဉ်လိုက်လျှင် အနောက်မှ ကပ်ပါလာသော နဂါးခေါင်းပါသည့် လိပ်ကြီးက လင်းယွမ်ကို ပို၍ အံ့သြသွားစေသည်။

နဂါးခေါင်းလိပ်ကြီးသည် စက်လုံးပုံစံ လေပေါ်ကျွန်း တစ်ခုကို နင်းလျက် ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။

ထိုလေပေါ်ကျွန်းပေါ်မှ မြောက်မြားစွာသော သွေးများက စီးကျနေပြီး မိုးရေများ၏ ဆေးကြောမှုအောက်တွင် ရေကြီးနေသော ပင်လယ်ထဲသို့ အဆက်မပြတ် စီးကျကာ ရေထဲမှ သန္ဓေပြောင်း သတ္တဝါများကို ရူးသွပ်စွာ စုရုံးရောက်ရှိလာစေသည်။

လင်းယွမ်က ထိုစက်လုံးပုံစံ လေပေါ်ကျွန်းကို လှမ်းကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် သူ၏ ရင်ထဲ၌ အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်နှင့် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

"ပုရွက်ဆိတ်ဘီလူးကျွန်း"

လင်းယွမ်က စက်လုံးပုံစံ အဖြစ် ဖိညှစ်ခံထားရသော ထိုကျွန်းကို စိုက်ကြည့်နေမိသည်။ ထိုအရာက လျှိုချင့်ဟုန်၏ ပုရွက်ဆိတ်ဘီလူးကျွန်းပင် ဖြစ်ပေသည်။

ယခုအခါ ကျွန်းတစ်ကျွန်းလုံးမှာ ထိုလိပ်ကြီး၏ မည်သည့် နည်းလမ်းဖြင့်မှန်းမသိ ဖိညှစ်မှုကြောင့် စက်လုံးကြီး အဖြစ်သို့ အရှင်လတ်လတ် ပြောင်းလဲသွားခဲ့လေပြီ။

တွေးကြည့်ရုံဖြင့်ပင် ကျွန်းပေါ်ရှိ သက်ရှိအားလုံးမှာ ဖိညှစ်ခံရပြီး သေဆုံးသွားကြပြီ ဖြစ်ကြောင်း သေချာနေ၏။

ထိုအပေါ်တွင် လူသားများ၏ ခိုလှုံရေးစခန်း တစ်ခု ရှိနေခဲ့သည် မဟုတ်ပါလော။

လျှိုချင့်ဟုန်၏ စခန်းမှာ သိပ်မကြီးမားလှသော်လည်း အနည်းဆုံး လူငါးရာကျော်တော့ ရှိနေခဲ့သည်။

လူငါးရာတောင်မှ။

ဒီလိုနဲ့ပဲ သေကုန်ကြပြီ။

ထို့အပြင် ဤမျှ အဖြစ်ဆိုးလှသော နည်းလမ်းဖြင့် သေဆုံးသွားခဲ့ကြခြင်းပင်။

လင်းယွမ်၏ ရင်ထဲတွင် မိုးတိမ်များအထိ လွှမ်းမိုးသွားသော ဒေါသများက ချက်ချင်းပင် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရ၏။

"တိရစ္ဆာန်ကောင်တွေ"

ဤစကားလုံးများက လင်းယွမ်၏ သွားကြားထဲမှ ကြိတ်ကာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လင်းယွမ်က အားကုန် ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်က လေထဲတွင် ရှိနေစဉ်မှာပင် မျိုးရိုးဗီဇ အသွင်ကို ပြောင်းလဲလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှေရောင် ရွှေမွေးခြင်္သေ့မိစ္ဆာ အသွင်မှနေ၍ အပြာရောင် ရေဒြပ်စင်များဖြင့် ဖွဲ့စည်းထားသော နတ်ရေစင်ဖီးနစ်ငှက် အသွင်သို့ တိုက်ရိုက် ပြောင်းလဲသွားတော့သည်။

ဆက်ရန်...

All Chapters