← Chapters

အခန်း ၈၅၁

Vol. 43 Ch. 851

အခန်း ၈၅၁

Vol. 43 Ch. 851

အပိုင်း (၈၅၁) ဆွဲငင်အားသံလိုက်စက်ကွင်း အချင်းချင်း တိုက်ခိုက်ခြင်း

"ဘုန်း"

လင်းယွမ် ပျံသန်းမလာခင်မှာပင် လိပ်ကြီးမျိုးရိုးဗီဇအသွင် ပြောင်းလဲထားသော ကျင်းရှီရုံက ဧရာမ ပုရွက်ဆိတ်ဘီလူးကျွန်းကြီးကို အားကုန် တွန်းထုတ်လိုက်သည်။

"ဝုန်း" ဟူသော အသံနှင့်အတူ ပုရွက်ဆိတ်ဘီလူးကျွန်းကြီးသည် ကြောက်မက်ဖွယ် ဥက္ကာခဲကျည်ဆန်ကြီးတစ်ခုအလား နတ်ရေစင်ဖီးနစ်ငှက်အသွင် ပြောင်းလဲထားသော လင်းယွမ်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်သွားတော့သည်။

လင်းယွမ်က သူ၏ အတောင်ပံအစုံကို အားကုန် ခတ်လိုက်သည်။

ထိုခဏ၌ပင် ရေလွှမ်းမိုးနေသော ရေပြင်ပေါ်တွင် လှိုင်းလုံးကြီးများ လိမ့်တက်လာပြီး ဧရာမလှိုင်းလုံးကြီးများ ရူးသွပ်စွာ ရစ်ခွေတက်လာကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားလှသော ရေတံတိုင်းကြီးတစ်ခုအဖြစ် ဖြစ်ပေါ်သွားလေသည်။

ဆူနာမီလှိုင်းတံပိုးကြီးနှင့်တူသော ဧရာမလှိုင်းလုံးကြီးသည် ပုရွက်ဆိတ်ဘီလူးကျွန်းနှင့် အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်မိသွားသည်။

"ဝုန်း"

ရေတံတိုင်းကြီးမှာ ပေါက်ကွဲထွက်သွားပြီး ပုရွက်ဆိတ်ဘီလူးကျွန်း၏ အဟုန်မှာလည်း ချက်ချင်း ကျဆင်းသွားတော့သည်။

၎င်းတို့နှစ်ခု ဝင်တိုက်မိရာမှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရေတံတိုင်းကြီးက ဆက်တိုက်ဆိုသလို လှည့်ပတ် ရိုက်ခတ်နေသည်။

ကျွန်းကြီးမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် လင်းယွမ်က အတောင်ပံများကို ထပ်မံခတ်လိုက်ရာ ပြင်းထန်သော ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ဧရာမကျွန်းကြီးကို ရေအောက်သို့ ဆွဲချသွားလေသည်။

တစ်ချိန်တည်းမှာပင် ခေါင်းသုံးလုံးပါ ပုတ်သင်မီးနဂါးကြီးကလည်း အတင်း ဝင်ရောက်လာပြီ ဖြစ်သည်။

အလယ်မှ နဂါးခေါင်းက သံသယဖြင့် မေးလိုက်သည်ကို ကြားလိုက်ရသည်။ "ရွှေကိုယ်ထည်ဘီလူးကြီးရော"

နဂါးခေါင်းနှင့် လိပ်ကြီးမှာ ပျံသန်းလာပြီး အောက်ဘက်ရေပြင်ကို တစ်ချက်ကြည့်လိုက်ရာ ရေပေါ်တွင် ပေါ်လိုက်မြုပ်လိုက်ဖြစ်နေသော ရွှေရောင်လက်မောင်းပြတ် နှစ်ဖက်ကို ရုတ်တရက် သတိထားမိလိုက်သဖြင့် ၎င်း၏ မျက်ဝန်းများထဲတွင် လေးနက်မှုတို့ ဖြတ်ပြေးသွားသည်။

"ဟိုဘက်ကို ကြည့်လိုက်"

ခေါင်းသုံးလုံး ပုတ်သင်နဂါးက ချက်ချင်း လှည့်ကြည့်လိုက်ရာ ရေမျက်နှာပြင်ပေါ်ရှိ ရွှေရောင်အသားတုံးများကို တွေ့လိုက်ရသဖြင့် ၎င်း၏ နှာခေါင်းများမှ မီးများ ပန်းထွက်လာပြီး မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ပေါ်လာသည်။

"သေသွားတာလား"

"ဒီ လင်း ဆိုတဲ့ကောင်က ရွှေကိုယ်ထည်ဘီလူးကြီးကို သတ်နိုင်တယ်ပေါ့"

သူတို့ စကားပြောနေစဉ်မှာပင် ရေအောက်မှ ရေနဂါးတစ်ကောင် ရုတ်တရက် ကောင်းကင်သို့ ထိုးတက်လာပြီး နဂါးခေါင်းနှင့် လိပ်ကြီးဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပြေးဝင်သွားသည်။

သို့သော် နဂါးခေါင်းနှင့် လိပ်ကြီးက အောက်သို့ တစ်ချက်သာ ငုံ့ကြည့်လိုက်ပြီး နောက်တစ်ခဏတွင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ချက်ချင်း ပုံပျက်သွားကာ အားကောင်းလှသော ဆွဲငင်အားသံလိုက်စက်ကွင်းက တိုက်ရိုက် ပေါက်ကွဲထွက်လာလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုရေနဂါးမှာ "ဘုန်း" ဟူသော အသံနှင့်အတူ ကြောက်မက်ဖွယ် ဆွဲငင်အားသံလိုက်စက်ကွင်း၏ ဖိကြိတ်မှုကြောင့် ရေလှိုင်းအစက်အပြောက်များအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ရေအောက်မှ ရေစီးကြောင်းများဖြင့် ပုံဖော်ထားသော ဧရာမ သားရဲကြီးများ မရေမတွက်နိုင်အောင် ပစ်လွှတ်လာပြန်သည်။

ထိုသားရဲကြီးများထဲတွင် ဒေါသထွက်နေသော ခြင်္သေ့များ... ကျားရဲများ... ကျားသစ်များနှင့် ဝံပုလွေဆိုးကြီးများ ပါဝင်နေသည်။

အကောင်တိုင်းသည် ပေ(၃၀၀)နီးပါး ကြီးမားပြီး လိပ်ကြီးနှင့် ခေါင်းသုံးလုံး ပုတ်သင်မီးနဂါးဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

ထိုရေဖြင့် ပုံဖော်ထားသော သတ္တဝါကြီးများသည် လိပ်ကြီး၏ ပေ(၃၀၀) ပတ်လည်အတွင်းသို့ လုံးဝ ကပ်၍မရသည်ကို တွေ့လိုက်ရသည်။ အနားကပ်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းပတ်လည်ရှိ ကြောက်မက်ဖွယ် ဆွဲငင်အားသံလိုက်စက်ကွင်းကြောင့် ချက်ချင်း အမှုန့်ကြိတ်ခံလိုက်ရသည်။

ထို့နောက် နဂါးခေါင်းနှင့် လိပ်ကြီး၏ တန်ပြန်တိုက်ခိုက်မှုကလည်း ရောက်ရှိလာပြီ ဖြစ်သည်။

၎င်းက ပါးစပ်ကြီးကိုဟကာ ပြင်းထန်သော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။

"ဝေါင်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆွဲငင်အားလှိုင်းတစ်ခုကို ၎င်းက တိုက်ရိုက် ထွေးထုတ်လိုက်ရာ ကြောက်မက်ဖွယ် အက်ကွဲလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့ရှိ ရေဖြင့် ပုံဖော်ထားသော သားရဲကြီးများဆီသို့ ချက်ချင်း ပစ်လွှတ်လိုက်လေသည်။

"ဘုန်း... ဘုန်း... ဘုန်း"

ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ဤဆွဲငင်အားလှိုင်းနှင့် ထိတွေ့မိသော နေရာတိုင်းတွင် အားကောင်းလှသော ဆွဲငင်အားသံလိုက်စက်ကွင်း ချက်ချင်း ဖြစ်ပေါ်လာသည်။

ဆွဲငင်အားသံလိုက်စက်ကွင်း၏ ပုံပျက်မှုအောက်တွင် ထိုရေဖြင့် ပုံဖော်ထားသော ဧရာမ သားရဲကြီးများမှာ တိုက်ရိုက် လိမ်ကောက်ပြိုကွဲသွားပြီး ရေစီးကြောင်းများအဖြစ် ပေါက်ကွဲထွက်သွားကြသည်။

ထိုခေါင်းသုံးလုံး ပုတ်သင်မီးနဂါးကတော့ ပို၍ပင် ရိုင်းစိုင်းလှသည်။ ကြောက်မက်ဖွယ် မီးတောက်ကြီးများကို ပါးစပ်မှ တိုက်ရိုက် ထွေးထုတ်လိုက်ပြီး တံမြက်လှည်းသလို ရိုက်ခတ်လိုက်ရာ ရေသားရဲကြီးများနှင့် ဝင်တိုက်မိသွားပြီး ၎င်းတို့နှစ်ခုကြား ချက်ချင်းဆိုသလို ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာလေသည်။

ကျင်းရှီရုံ၏ ခေါင်းသုံးလုံး ပုတ်သင်မီးနဂါး၏ မီးတောက်များကို တကယ်တမ်းတော့ အစွမ်းပိုင်ရှင် အများစုက ကာကွယ်နိုင်စွမ်း မရှိကြပေ။

ဘာပဲဖြစ်ဖြစ် သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းက အလွန်မြင့်မားလွန်းနေပြီး မီးဓာတ်ဖြင့် စုစည်းထားသော မီးတောက်များ၏ သတ်ဖြတ်နိုင်စွမ်းကလည်း အလွန်ကြီးမားလွန်းလှသည်။

သို့သော် လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းကလည်း ထိုနည်းတူစွာ နိမ့်ပါးမနေပေ။ သူ၏ ရေဓာတ်ဖြင့် ပုံဖော်ထားသော ဧရာမသားရဲကြီးများ၏ တိုက်ခိုက်နိုင်စွမ်းကလည်း တစ်ဖက်လူ၏ မီးတောက်များထက် လျော့နည်းမည် မဟုတ်ပေ။

ထို့ကြောင့် ရေနှင့် မီး ဝင်တိုက်မိသောအခါ သဘာဝအရ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မည်သူကမှ မည်သူ့ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ပေ။

"မီးဓာတ်နဲ့ ဆွဲငင်အား အစွမ်းကိုး"

လင်းယွမ်က နတ်ရေစင်ဖီးနစ်ငှက်မှတစ်ဆင့် ဤမျိုးရိုးဗီဇအသွင်စုံ ရန်သူများ၏ ဓာတ်သဘာဝ အစွမ်းများကို လျင်မြန်စွာ စမ်းသပ်သိရှိလိုက်သည်။

သူက ထိုနဂါးခေါင်းနှင့် လိပ်ကြီးကို ကြည့်လိုက်ပြီး ရင်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။

"ဒီမုန်ယာအဖွဲ့ထဲမှာ ဆွဲငင်အားအစွမ်းနဲ့ ဟူဝေ တစ်ယောက် ရှိနှင့်ပြီးသားပဲ... အဲ့ဒီ ဟူဝေကတောင် မုန်ယာရဲ့ အကြီးကဲ ဒါရိုက်တာ ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်နေတာ"

"အခု ဘယ်လိုလုပ် နောက်တစ်ယောက် ထပ်ပေါ်လာရတာလဲ... ပြီးတော့ ဒီတစ်ယောက်က ဟူဝေထက်တောင် ပိုစွမ်းနေသေးတယ်"

"ဒီလူလည်း သေချာပေါက် ဒါရိုက်တာ ဆယ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်ရမယ်... ဒါပေမဲ့ ဒီဆွဲငင်အားအစွမ်းက ပေါ်လာဖို့ ဒီလောက်လွယ်နေလို့လား"

ထိုခေါင်းသုံးလုံး ပုတ်သင်ကြီးက မီးတောက်များကို မှုတ်ထုတ်ရင်း အတောင်ပံခတ်ကာ ပျံတက်လာပြီး လူ့အသံဖြင့် ပြောလိုက်သည်။ "မင်းက ဒီထိုက်ယန်တောင်ရဲ့ ခေါင်းဆောင် လင်းယွမ်ဆိုတာလား"

နဂါးခေါင်းနှင့် လိပ်ကြီးကလည်း အလားတူပင် ပြောလိုက်သည်။ "ငါ့ရဲ့ ကိုယ်ပွားဖြစ်တဲ့ ရွှေကိုယ်ထည်ဘီလူးကြီးကို သတ်နိုင်တယ်ဆိုတော့ မင်းမှာလည်း အစွမ်းနည်းနည်း ရှိပုံရတယ်"

ခေါင်းသုံးလုံး ပုတ်သင်က "မင်းကို အခွင့်အရေး တစ်ကြိမ်ပေးမယ်... ငါ့ဆီမှာ လက်နက်ချပြီး မုန်ယာထဲ ဝင်မယ်ဆိုရင် မုန်ယာရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ထဲ ဝင်ဖို့ ငါ ခွင့်ပြုပေးနိုင်တယ်... အဲ့ဒီလိုမှမဟုတ်ရင်..."

နဂါးခေါင်းနှင့် လိပ်ကြီးက "မင်း မိသားစုတစ်စုလုံးကို သတ်ပြီး မင်းရဲ့ ကျွန်းကို ဖျက်ဆီးပစ်မယ်"

သားရဲကြီးနှစ်ကောင်က တစ်လှည့်စီ စကားပြောလိုက်ကြပြီး သတ်ဖြတ်လိုသော အငွေ့အသက်များက လင်းယွမ်ထံသို့ လွှမ်းခြုံလာသည်။

လင်းယွမ်၏ အတောင်ပံများ တုန်ခါသွားပြီး ကိုယ်ခန္ဓာမှာ လေထဲသို့ ပျံတက်သွားသည်။ သူက ဘယ်ဘက်ရှိ ခေါင်းသုံးလုံး ပုတ်သင်နဂါးကြီးကို တစ်ချက်ကြည့်လိုက်ပြီး ညာဘက်ရှိ နဂါးခေါင်းနှင့် လိပ်ကြီးကိုလည်း တစ်ချက်ကြည့်လိုက်သည်။

သူ ရုတ်တရက် နားလည်သွားပြီး ပြောလိုက်သည်။ "မင်းတို့အကုန်လုံးက ကျင်းရှီရုံရဲ့ ကိုယ်ပွားတွေလား"

ခေါင်းသုံးလုံး ပုတ်သင်နဂါးကြီးက အေးစက်စွာ ရယ်မောလိုက်သည်။ "ကြည့်ရတာ အရမ်းကြီးတော့ မတုံးသေးဘူးပဲ"

နဂါးခေါင်းနှင့် လိပ်ကြီးက ပြောလိုက်သည်။ "မင်းက ငါ့ရဲ့ ကိုယ်ပွားတစ်ခုကို သတ်နိုင်တယ်ဆိုတော့ အစွမ်းနည်းနည်းတော့ ရှိသားပဲ... အဲ့ဒါကြောင့်လည်း မင်းကို အသက်ရှင်ခွင့် ပေးထားတာ"

"ငါ အခွင့်အရေး မပေးဘူးလို့ မပြောနဲ့... သေချာလား ရှင်ချင်လား ကိုယ့်ဘာသာ ရွေးချယ်"

လင်းယွမ်၏ ရင်ထဲတွင် တိတ်တဆိတ် အံ့သြသွားမိသည်။ ကျင်းရှီရုံ၏ ကိုယ်ပွားသုံးခုစလုံးတွင် မည်သည့် ကိုယ်ပွားမဆို ၈၀% အထက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်း ရှိနေကြသည်တဲ့လား။

သူ့ရဲ့ ပင်မခန္ဓာကိုယ်ကရော ဘယ်လောက်တောင် စွမ်းနေမလဲ။

"နေပါဦး... ကျင်းရှီရုံရဲ့ ကိုယ်ပွားဖန်တီးတဲ့ အစွမ်းက ဘယ်ကရောက်လာတာလဲ"

လင်းယွမ် ရုတ်တရက် သတိရသွားသည်။ ကျင်းရှီရုံ၏ ကိုယ်ပွားဖန်တီးနိုင်စွမ်းမှာ ဝူယောင်ပန်းဆီမှ ပုံတူကူးချထားခြင်းများ ဖြစ်နေမလား။

ဒီလိုဆိုရင်တော့ ဒီနဂါးခေါင်းနဲ့ လိပ်ကြီးရဲ့ ဆွဲငင်အားသံလိုက်စက်ကွင်း အစွမ်းကလည်း ဟူဝေဆီကနေ ပုံတူကူးချထားတာ သေချာနေပြီ။

လင်းယွမ်၏ ရင်ထဲတွင် တဖြည်းဖြည်း လေးလံလာတော့သည်။

"သူက ဒီလူတွေရဲ့ အစွမ်းကို ပုံတူကူးချနိုင်ရုံတင်မကဘူး... ကိုယ်ပွားဖန်တီးတဲ့ အစွမ်းကို သုံးပြီးတော့ ဒီအစွမ်းတွေကို ခွဲထုတ်လို့တောင် ရနေသေးတယ်... ပြီးတော့မှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ အဆင့်ရောက်အောင် ကျင့်ကြံနိုင်တာပဲ"

"တော်တော်ကောင်းတဲ့ ပုံတူကူးချအစွမ်းပဲ... တော်တော်ကောင်းတဲ့ ကျင်းရှီရုံပါလား... တကယ်ကို အစွမ်းထက်တာပဲ"

လင်းယွမ် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

ဒီကျင်းရှီရုံကတော့ လက်ရှိအချိန်အထိ သူကြုံဖူးသမျှထဲမှာ အစွမ်းဆုံး ရန်သူပါပဲလား။

တစ်ဖက်လူ၏ ပုံတူကူးချအစွမ်းမှာ စနစ်ထက်ပင် ပို၍ အားသာချက်တစ်ခုကဲ့သို့ တည်ရှိနေခြင်း ဖြစ်သည်။

သူ၏ အကြည့်တစ်ချက်က ရေအောက်သို့ နစ်မြုပ်သွားသော ပုရွက်ဆိတ်ဘီလူးကျွန်းဆီသို့ ရောက်သွားသည်။

ယခုအချိန်တွင် ပုရွက်ဆိတ်ဘီလူးကျွန်းကြီးမှာ မရေမတွက်နိုင်သော သန္ဓေပြောင်းငါးများ၏ ဝိုင်းရံမှုကို ခံနေရပြီး ရူးသွပ်စွာ ကိုက်ဖြတ်စားသောက်ခြင်းကို ခံနေရသည်။

ပုရွက်ဆိတ်ဘီလူးကျွန်းပေါ်တွင် သေဆုံးသွားခဲ့ကြသော ထိုလူများကို တွေးမိလိုက်သည်။ ၎င်းတို့အားလုံးမှာ လေပေါ်ကျွန်းမှ လူများဖြစ်ကြသော်လည်း သူလက်အောက်ခံအဖြစ် သိမ်းသွင်းကာ တာဝန်ထမ်းဆောင်စေခဲ့သော အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။

သို့သော် လင်းယွမ်အတွက်တော့ ဤအရာအားလုံးမှာ ထိုက်ယန်တောင် အင်အားစု၏ အရင်းအမြစ်များပင် ဖြစ်သည်။

ယခုတော့ ဤသို့ဖြင့် ကျင်းရှီရုံ၏ ဖျက်ဆီးမှုကို ခံလိုက်ရပြီဖြစ်ရာ သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ စုစည်းလာတော့သည်။

ခေါင်းမော့ကာ နဂါးနှင့် လိပ်ကြီးကို ကြည့်လိုက်ပြီးနောက် လင်းယွမ်က နတ်ရေစင်ဖီးနစ်ငှက်၏ အတောင်ပံများကို ခတ်လိုက်ရာ ဧရာမ လှိုင်းလုံးကြီးများက သူ၏ ပတ်လည်တွင် ရစ်ခွေစီးဆင်းလာသည်။

"ငါ့ကို သေစေချင်တာလား... မင်းတို့မှာ အဲ့ဒီအစွမ်းရှိမရှိ အရင်ကြည့်ရသေးတာပေါ့"

နဂါးခေါင်းနှင့် လိပ်ကြီးက ထိုစကားကို ကြားသောအခါ ချက်ချင်း အေးစက်စွာ ရယ်မောလိုက်သည်။ "သေလမ်းရှာနေတာပဲ"

နောက်တစ်ခဏတွင် ၎င်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားသည်။ ကြည့်ရသည်မှာ လေးလံထိုင်းမှိုင်းလှသော နဂါးခေါင်းနှင့် လိပ်ကြီးမှာ အမြောက်ဆန်တစ်ခုကဲ့သို့ ချက်ချင်း လွင့်စင်ပျံတက်သွားပြီး လင်းယွမ်ဆီသို့ ဝီစီမှုတ်သံကဲ့သို့ အသံပြုကာ ပြေးဝင်လာတော့သည်။

၎င်းက တိုက်ရိုက် ပျံသန်းလာခြင်း မဟုတ်ဘဲ ဆွဲငင်အားသံလိုက်စက်ကွင်းကို အသုံးပြု၍ မောင်းနှင်လာခြင်း ဖြစ်သည်။ မိမိ၏ ဆွဲငင်အားသံလိုက်စက်ကွင်းနှင့် ကမ္ဘာဂြိုဟ်၏ ဆွဲငင်အားသံလိုက်စက်ကွင်းကို တွန်းကန်စေကာ တိုက်ရိုက် လွင့်စင်အရှိန်တင်လာခြင်း ဖြစ်သည်။

ထို့ကြောင့်သာ ၎င်းက ဤမျှ လျင်မြန်နေခြင်း ဖြစ်သည်။

၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရေစီးကြောင်းဖြစ်စေ၊ မိုးရေဖြစ်စေ အားလုံး လိမ်ကောက်လည်ပတ်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ ပတ်လည် ပေရာပေါင်းများစွာမှ မိုင်ဝက်ကျော်အထိ အကွာအဝေးတစ်ခုလုံး ပုံပျက်သွားပြီး မည်သည့်အရာဝတ္ထုကမျှ ၎င်း၏ ခန္ဓာကိုယ်အနီးသို့ လုံးဝ ကပ်၍မရနိုင်ပေ။

လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ "မင်းတစ်ယောက်တည်းပဲ ဆွဲငင်အားသံလိုက်စက်ကွင်းကို ထိန်းချုပ်နိုင်တယ် ထင်နေတာလား"

သူက အေးစက်စွာ ရယ်မောလိုက်ပြီး ခန္ဓာကိုယ်ကို ရုတ်တရက် လှည့်ပတ်လိုက်ရာ ရေစီးကြောင်းများက လေထဲတွင် အလျင်အမြန် ထိုးတက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟင်းလင်းပြင်ထဲ၌ ဧရာမ ရေစီးကြောင်း သင်္ကေတကြီး တစ်ခုအဖြစ် ဖြစ်ပေါ်သွားလေသည်။

ထိုသင်္ကေတမှာ ဧရာမ ရေတံတိုင်းကြီးတစ်ခုအလား မရပ်မနား လည်ပတ်စီးဆင်းနေသည့် တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကလည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။

ဟင်းလင်းပြင်ကြီး ပုံပျက်လိမ်ကောက်နေသည်ကို ဝေဝါးဝါး မြင်တွေ့နိုင်ပြီး ဧရာမ ရေတံတိုင်းကြီးထဲမှနေ၍ အလွန်အားကောင်းလှသော ဆွဲငင်အားသံလိုက်စက်ကွင်းကြီး တစ်ခု မွေးဖွားလာလေသည်။

"ဝှီး"

နဂါးခေါင်းနှင့် လိပ်ကြီးမှာ ဤရေတံတိုင်းနှင့် နီးကပ်လာလေလေ ၎င်း၏ အရှိန်မှာ ပို၍ နှေးကွေးလာလေလေ ဖြစ်သည်။

အကြောင်းမှာ နှစ်ခုစလုံးက ဆွဲငင်အားသံလိုက်စက်ကွင်းများ ဖြစ်ကြပြီး အချင်းချင်း တွန်းကန်နေကြသောကြောင့် ၎င်း၏ အရှိန်မှာ သဘာဝအလျောက် လျင်မြန်စွာ ကျဆင်းသွားရခြင်း ဖြစ်သည်။

နဂါးခေါင်းနှင့် လိပ်ကြီးမှာ အနည်းငယ် အံ့သြသံသယဖြစ်သွားသည်။ "ဆွဲငင်အားသံလိုက်စက်ကွင်း... မင်းက ဘယ်လိုလုပ်ပြီး ဆွဲငင်အားသံလိုက်စက်ကွင်း ဖန်တီးနိုင်တာလဲ"

လင်းယွမ်က လုံးဝ ဂရုမစိုက်ဘဲ အတောင်ပံနှစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို အားကုန် ရိုက်ခတ်လိုက်သည်။

ချက်ချင်းပင် ရေတံတိုင်းကြီး တစ်ခုလုံးက ရှေ့သို့ အလျင်အမြန် တွန်းတက်သွားကာ မြည်ဟည်းသွားတော့သည်။

ပတ်ဝန်းကျင်တွင်လည်း အလားတူ ဧရာမ ရေလှိုင်းကြီးများ လိမ့်တက်လာပြီး ဟင်းလင်းပြင်ထဲတွင် ဆွဲငင်အား ရေတံတိုင်းများအဖြစ် လျင်မြန်စွာ စုစည်းသွားကြသည်။

ဤရေတံတိုင်းများ အားလုံးက သင်္ကေတပုံစံအဖြစ် ပေါင်းဆုံသွားကြပြီး ဤနည်းအားဖြင့် များပြားလှသော ဆွဲငင်အား လှောင်အိမ်ကြီးများအဖြစ် ဖြစ်ပေါ်သွားလေသည်။

အရပ်လေးမျက်နှာရှိ ရေတံတိုင်းများ အချင်းချင်း တွန်းကန်မှုကြောင့် နဂါးခေါင်းနှင့် လိပ်ကြီးကို နေရာတွင်ပင် တိုက်ရိုက် ရပ်တန့်သွားစေသည်။

နဂါးခေါင်းနှင့် လိပ်ကြီးက အလွန်ဒေါသထွက်သွားပြီး ဧရာမ ပါးစပ်ကြီးကိုဟကာ ဆွဲငင်အားလှိုင်းကို ထွေးထုတ်လိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

ဧရာမ ဆွဲငင်အားလှိုင်းက ပတ်လည်ရှိ ရေတံတိုင်းများကို ရူးသွပ်စွာ ဗုံးကြဲတိုက်ခိုက်တော့သည်။

သို့သော် ဆွဲငင်အား တွန်းကန်မှုအောက်တွင် ဆွဲငင်အားလှိုင်းသည် ရေတံတိုင်းအနီးသို့ပင် မကပ်နိုင်သေးဘဲ ရုတ်တရက် ရပ်တန့်သွားရလေသည်။

ဆွဲငင်အားကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဆွဲငင်အားပင် ဖြစ်ပုံရသည်။

နှစ်ခုကြား တွန်းကန်ခြင်းနှင့် ဆွဲငင်ခြင်းတို့သည် မူလကတည်းက ဆန့်ကျင်ဘက် အစွန်းနှစ်ဖက် ဖြစ်ပေသည်။

နဂါးခေါင်းနှင့် လိပ်ကြီးက ဆက်တိုက် ဒေါသတကြီး ဟိန်းဟောက်နေပြီး ၎င်း၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဆွဲငင်အားကို မပြတ် ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ ဆွဲအားအဖြစ် ပြောင်းလဲကာ တစ်ခါတစ်ရံ တွန်းအားအဖြစ် ပြောင်းလဲလေသည်။

သို့သော် ၎င်း မည်သို့ပင် ပြောင်းလဲစေကာမူ ရေတံတိုင်းထဲတွင် ပိတ်မိနေပြီး လုံးဝ ထွက်ပြေး၍ မရနိုင်ပေ။

ခေါင်းသုံးလုံး ပုတ်သင်နဂါးကြီးက ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ အနည်းငယ် အံ့သြသွားသည်။

"မင်းက ဆွဲငင်အား သင်္ကေတကို တတ်မြောက်ထားမယ်လို့ မထင်ထားဘူး"

"ကြည့်ရတာ ဟူဝေက မင်းလက်ထဲမှာ သေသွားပြီထင်တယ်"

လင်းယွမ်က ရေတံတိုင်း ဆွဲငင်အား သင်္ကေတကို အသုံးချ၍ နဂါးခေါင်းနှင့် လိပ်ကြီးကို ထိန်းချုပ်ထားရင်း တစ်ချိန်တည်းမှာပင် ခေါင်းသုံးလုံး ပုတ်သင်နဂါးကြီးဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

"ကျင်းရှီရုံ... မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီလို့ တကယ် ထင်နေတာလား... ဒီနေ့ မင်း ငါ့ရဲ့ ခိုလှုံရေးစခန်းကို ဖျက်ဆီးခဲ့ပေမဲ့ နောက်တစ်နေ့ကျရင် မင်းရဲ့ မုန်ယာအဖွဲ့ဆီကို သွားသတ်ပြီး မင်းရဲ့ စခန်းတွေကို ငါ သေချာပေါက် ဖျက်ဆီးပစ်မယ်"

ခေါင်းသုံးလုံး ပုတ်သင်နဂါးကြီးက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး လှောင်ပြောင် ရယ်မောလိုက်သည်။ "မင်းသဘောပါပဲ... ငါက မုန်ယာအဖွဲ့ကို တကယ် ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား"

"ငါ့အတွက်ကတော့ ငါဘယ်မှာရှိလဲ... အဲ့ဒီနေရာက မုန်ယာပဲ"

"အဲ့ဒီလူတွေ... အဲ့ဒီကျွန်းတွေက ငါ့အတွက် အလုပ်အကျွေးပြုတဲ့ ကိရိယာတွေသက်သက်ပဲ"

"ဒါ့အပြင် မင်းက ငါ့ကိုတောင် ခြိမ်းခြောက်နေသေးတာလား... နဂါးခေါင်းနဲ့ လိပ်ကြီးရဲ့ အစွမ်းကို ချေဖျက်နိုင်ရုံနဲ့ မင်းကိုယ်မင်း တော်လှပြီလို့ တကယ် ထင်နေတာလား"

"ဒီနေ့ မင်းကို မီးတောက်ရဲ့ စွမ်းအားက ဘယ်လိုလဲဆိုတာ ပြပေးမယ်"

ခေါင်းသုံးလုံး ပုတ်သင်နဂါးကြီးက အတောင်ပံများကို အားကုန်ခတ်လိုက်သည်ကို တွေ့လိုက်ရပြီး နောက်တစ်ခဏတွင် ကောင်းကင်သို့ အလျင်အမြန် ပျံတက်သွားသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်ကဲ့သို့ နီရဲသော သင်္ကေတ အများအပြား ပေါ်လာသည်။

ခန္ဓာကိုယ်အထက်အောက် တစ်ခုလုံးတွင်လည်း တောက်လောင်နေသော မီးတောက်ကြီးများ လောင်ကျွမ်းလာတော့သည်။

"နဂါးမီးတောက် - ငရဲမီးလျှံ"

"ဝှီး"

ခေါင်းသုံးလုံး ပုတ်သင်နဂါးကြီး၏ ပါးစပ်ထဲမှ ကြမ်းတမ်းလှသော မီးတောက်ကြီးများ အားကုန် ပန်းထွက်လာပြီး အရပ်လေးမျက်နှာသို့ ချက်ချင်း လောင်ကျွမ်းသွားတော့သည်။

မီးတောက်များက ကောင်းကင်တစ်ခုလုံး လွှမ်းခြုံနေသော မီးပင်လယ်ကြီးအလား လင်းယွမ်ဘက်ရှိ အဆုံးအစမဲ့ ဧရာမ ရေလှိုင်းကြီးများဆီသို့ အလျင်အမြန် ဖုံးအုပ်လာသည်။

ရေမျက်နှာပြင် တစ်ခုလုံးပေါ်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် ရေနှင့် မီး နယ်မြေနှစ်ခုအဖြစ် ဖြစ်ပေါ်သွားလေသည်။

ဧရာမ မီးတောက်ကြီးများ လောင်ကျွမ်းလာသဖြင့် မရေမတွက်နိုင်သော ရေကြီးမှုများမှာ ရေခိုးရေငွေ့များအဖြစ် အငွေ့ပျံသွားရသည်။

ကြောက်မက်ဖွယ် အပူချိန်အောက်တွင် ရေအောက်ရှိ သတ္တဝါများမှာ အသီးသီး အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာကြသည်။

သန္ဓေပြောင်းငါးများမှာ တစ်ကောင်ပြီးတစ်ကောင် ဗိုက်လန်ကာ ရေပေါ် ပေါလောပေါ်လာကြသည်။

ရေထဲမှ တူးဟင်းနေသော အနံ့များ ဆက်တိုက် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ် မီးတောက်ကြီးများက ရေငွေ့များကို မပြတ် အငွေ့ပျံစေသည်။

ထိုဘက်ရှိ ဆွဲငင်အား ရေတံတိုင်းမှာလည်း ယခုအချိန်တွင် အလျင်အမြန် အငွေ့ပျံနေပြီး မကြာမီ ပေါက်ကွဲတော့မည့်အခြေအနေကို မြင်လိုက်ရသဖြင့် နဂါးခေါင်းနှင့် လိပ်ကြီးမှာ အလွန် ဝမ်းသာသွားသည်။

၎င်းက ချက်ချင်းပင် ရေတံတိုင်းကို အားကုန် ဝင်တိုက်လေတော့သည်။

နှစ်ခုစလုံး၏ ဆွဲငင်အားသံလိုက်စက်ကွင်းများ အချင်းချင်း ဝင်တိုက်မိရာ ပိုမိုအားကောင်းသော ဆွဲငင်အားသံလိုက်စက်ကွင်းက သဘာဝအတိုင်း အသာစီးရသွားတော့သည်။

ဆက်ရန်...

All Chapters