အခန်း ၈၅၅
Vol. 43 Ch. 855
အပိုင်း (၈၅၅) ဟင်းလင်းပြင်နန်းတော်
"ချွတ်မှာဖြင့်ချွတ်... သနားစရာကောင်းအောင် ဟန်ဆောင်မနေနဲ့"
"ကောင်မလေး... ငါတို့ကို အကြပ်အတည်းမတွေ့စေနဲ့... ငါတို့ကလည်း နင့်ကောင်းကျိုးအတွက် ပြောနေတာ"
"အမ... မြန်မြန်လဲဝတ်ပါ... အမ မဝတ်ဘူးဆိုရင် ခဏနေ ဥက္ကဋ္ဌကျင်း ဝင်လာလို့ ငါတို့ အမကို သေချာမပြင်ဆင်ပေးထားတာ တွေ့ရင် ငါတို့ကိုပါ အပြစ်ပေးလိမ့်မယ်"
"ညီမလေး... အမတို့ကို အခက်မတွေ့စေနဲ့... ဒီအဝတ်အစားတွေကို မြန်မြန်လဲဝတ်ပါ... ညီမလေးက အမတို့ရဲ့ ကာမစိတ်ကြွဆေး မိထားတာ... ညီမလေးရဲ့ စိတ်စွမ်းအင်က ဘယ်လောက်ပဲ အားကောင်းနေပါစေ... သိပ်ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး"
"ဟူး... ညီမလေး... အမတို့လည်း ညီမလေးလိုပဲ ဒီအခြေအနေကို ဖြတ်သန်းခဲ့ရတာ... အစတုန်းက အမတို့ ဖမ်းခေါ်ခံရတော့ သေချင်သေပါစေဆိုပြီး အလျှော့မပေးခဲ့ကြဘူး"
"ဒါပေမဲ့ နောက်ပိုင်းကျမှ ဥက္ကဋ္ဌကျင်းက ငါတို့မိန်းမတွေအပေါ် ဆက်ဆံတာနဲ့ သူ့တပည့်တွေအပေါ် ဆက်ဆံတာ မတူဘူးဆိုတာ သိလာရတယ်... သူက ငါတို့ကို တကယ် မြတ်နိုးတာ"
"ဒီမှာ ကြည့်လေ... စားစရာရှိတယ်... သောက်စရာရှိတယ်... သန္ဓေပြောင်းသားရဲတွေလည်း မရှိဘူး... ဒီမှာ ညီမလေးက ဥက္ကဋ္ဌကျင်း တစ်ယောက်တည်းကို သေချာပြုစုပေးရုံနဲ့ အေးအေးဆေးဆေး နေသွားလို့ရပြီ"
"ဟိုအခန်းတွေထဲမှာ မာကျောက်ခုံတွေရှိတယ်... အပန်းဖြေခန်းရှိတယ်... ရုပ်ရှင်ရုံရှိတယ်... ဒီမှာ ရုပ်ရှင်တောင် ကြည့်လို့ရသေးတယ်... ကပ်ဘေးမတိုင်ခင်ကနဲ့ ဘာမှမကွာဘူး... ဒီနေရာက ဘယ်လောက်တောင် ပျော်စရာကောင်းလဲ"
"ဟုတ်တယ် ကောင်မလေး... နင်က အကောင်းအဆိုးကို နားမလည်တာ... စဉ်းစားကြည့်လေ... ဘာပဲဖြစ်ဖြစ် နင်က နောက်ဆိုရင်လည်း ယောက်ျားတစ်ယောက်ယောက်နဲ့ အိပ်ရမှာပဲ... ဘယ်သူနဲ့အိပ်အိပ် အတူတူပဲ မဟုတ်ဘူးလား... ဥက္ကဋ္ဌကျင်းက အနည်းဆုံးတော့ ငါတို့ကို လုံလောက်တဲ့ ပစ္စည်းဥစ္စာတွေ ပေးနိုင်တယ်... ပြီးတော့ ဒီကပ်ဘေးကာလကြီးမှာ ငါတို့ကို ဇိမ်ကျကျ ရှင်သန်ခွင့် ပေးထားနိုင်သေးတယ်"
"နင်က ငယ်လွန်းနေတော့ သဘောမပေါက်သေးတာ"
"စဉ်းစားကြည့်လေ... ကပ်ဘေးမတိုင်ခင်တုန်းကဆိုရင်တောင် ယောက်ျားသွားရွေးရင် ပစ္စည်းဥစ္စာပြည့်စုံတဲ့သူကို ရွေးရတာပဲ မဟုတ်လား... အခု ကပ်ဘေးကာလကြီးမှာ ပိုပြီးအရည်အချင်းရှိတဲ့ ယောက်ျားကို ရှာရမှာပေါ့... ဥက္ကဋ္ဌကျင်းက ဘယ်လောက်တောင် စွမ်းလဲ... သူနဲ့နေရတာ ဘာများမကောင်းလို့လဲ"
ပတ်ဝန်းကျင်ရှိ အမျိုးသမီးများက တစ်ယောက်တစ်ပေါက်ဖြင့် လုယွီယန်ကို အလယ်တွင် ဝိုင်းရံကာ ဖျောင်းဖျနေကြ၏။
လုယွီယန်က နားကိုပိတ်ထားပြီး ငိုယိုအော်ဟစ်နေသည် "မလုပ်ဘူး... မလုပ်ဘူး... ရှင်တို့ ဘာမှဆက်မပြောကြနဲ့... ဟင့်ဟင့်... အိမ်ပြန်ချင်တယ်... အိမ်ပြန်ချင်တယ်"
ခန္ဓာကိုယ် ကောက်ကြောင်းအချိုးအစားပြေပြစ်ကာ ရွှေရောင်ဆံပင်ကောက်ကောက်နှင့် မြို့ပြအလှမယ်တစ်ဦးက လျှောက်လာပြီး သူမဘေးတွင်ရပ်ကာ အနည်းငယ် ကိုင်းညွတ်လိုက်၏။
ထိုအခိုက် ဝတ်စုံဖြင့် ဖုံးအုပ်ထားသော ဆွဲဆောင်မှုရှိလှသည့် ရင်သားအစုံက တွဲကျလာရာ လုယွီယန်ပင်လျှင် မနေနိုင်ဘဲ ဆွဲဆောင်ခံသွားရသည်။
အမျိုးသမီးက ပြုံးလိုက်သည် "ယွီယန်... အပြင်ဘက်မှာက ရေလွှမ်းမိုးနေတဲ့ ကပ်ဘေးကြီးလေ... ငါတို့အတွက် အိမ်ဆိုတာ ဘယ်မှာရှိတော့မှာလဲ... တကယ်တော့ နင်က ဒီနေရာကို အိမ်လို့ သတ်မှတ်လို့ရပါတယ်... ငါတို့အားလုံးက နင့်ရဲ့ မိသားစုဝင်တွေ ဖြစ်လာနိုင်တာပဲ"
သူမ၏ လေသံက နူးညံ့ပြီး တိုးညင်းစွာ ဖျောင်းဖျနေသည်။ မျက်စိဖြင့်မမြင်နိုင်သော စိတ်စွမ်းအင်တစ်ခုက လုယွီယန်၏ တင်းမာလှုပ်ရှားနေသော စိတ်ခံစားချက်များကို ဖြည်းညင်းစွာ နှစ်သိမ့်ပေးနေ၏။
သူမက လုယွီယန်အပေါ် သန္ဓေပြောင်းအစွမ်းကို အသုံးပြုနေခြင်းပင်။
အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သော်လည်း လုယွီယန်၏ အရည်အသွေးများကတော့ သဘာဝအားဖြင့် မမြင့်မားလှပေ။
သူမက အစွမ်းနိုးထလာသည်မှာ နောက်ကျလွန်းသည့်အပြင် ကျင့်ကြံရန်ကိုလည်း သိပ်စိတ်မဝင်စားသောကြောင့် အစွမ်းကျင့်ကြံမှု တိုးတက်နှုန်းမှာလည်း မမြန်ဆန်ပေ။
ယခုအချိန်အထိ မျိုးရိုးဗီဇမျိုးစေ့ကို အနိုင်နိုင် ဖွဲ့စည်းနိုင်ရုံမျှသာ ရှိသေးသည်။
ယခုအချိန်တွင် ဤမြို့ပြအလှမယ်၏ စိတ်စွမ်းအင်ဖြင့် နှစ်သိမ့်မှုကို ခံရသောအခါ ချက်ချင်းပင် သူမ၏ အကြည့်များက အနည်းငယ် ဝေဝါးလာပြီး ခေါင်းထဲတွင် ဤနေရာ၌ နေရသည်မှာလည်း မဆိုးပါဘူးဟူသော ဖျောင်းဖျသံများ အဆက်မပြတ် ထွက်ပေါ်နေသကဲ့သို့ ဖြစ်လာသည်။
ပတ်ဝန်းကျင်ရှိ မိန်းကလေးများ၏ ဆူညံနေသော စကားသံများကလည်း ရိုက်သွင်းခြင်းခံရသကဲ့သို့ သူမ၏ ခေါင်းထဲသို့ အဆက်မပြတ် ဝင်ရောက်လာရာ သတိလစ်မတတ် မူးဝေလာစေသည်။
သူမက မူးမူးဝေဝေဖြင့် မတ်တတ်ရပ်လာပြီးနောက် ထိုမြို့ပြအလှမယ်၏ ဖျောင်းဖျမှုအောက်တွင် သူမ၏ သင်္ဘောသားဝတ်စုံကို စတင်ချွတ်လိုက်ရာ အေးစက်ဖြူလျော်နေသော အသားအရေနှင့် ကြီးမားပြည့်ဖြိုးသော ရင်သားအစုံက ပေါ်လွင်လာ၏။
ပတ်ဝန်းကျင်ရှိ အမျိုးသမီးများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားကြပြီး အံ့သြမှုနှင့် မနာလိုမှု အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။
"ဟယ်... ကြီးလိုက်တာ"
"ဖြူလိုက်တာ... ဒါကြောင့် ဥက္ကဋ္ဌကျင်းက အထဲကို ထည့်လိုက်တာကိုး"
"ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ကောင်းတဲ့အရာ နှစ်ခုကို ပိုင်ဆိုင်ထားတော့ ဥက္ကဋ္ဌကျင်း စိတ်ဝင်စားသွားတာ မဆန်းပါဘူး"
"သူ့ပုံစံကို ကြည့်ရတာ အသက် ၂၀ တောင် မပြည့်လောက်သေးဘူးမလား"
"အသက် ၁၈... ၁၉ လောက်ပဲ ရှိဦးမယ် ထင်တယ်... ငယ်ငယ်လေးကတည်းက မြေခွေးမလေးများ ဖြစ်နေတာလား"
"ဒီခန္ဓာကိုယ်က တကယ်ကို ရမ္မက်ကြွစရာပဲ"
အမျိုးသမီးအချို့မှာ မနေနိုင်ဘဲ မနာလိုသော အမူအရာများ ပေါ်လွင်လာကြသည်။
သို့သော် သူတို့က လုယွီယန်ကို ဘာမှမလုပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် လုယွီယန်သည် ကျင်းရှီရုံ ထည့်ပေးလိုက်သူဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျင်းရှီရုံက သူမကို မခံစားရသေးခင်အချိန်အထိ သူတို့အနေဖြင့် တစ်ဖက်လူကို လုံးဝ အန္တရာယ်မပေးရဲကြပေ။
ထိုအချိန်တွင် အခြားအမျိုးသမီးများက သစ်သားစည်ပိုင်းတစ်လုံးကို သယ်လာကြပြီး ကွင်းပြင်နှင့် မနီးမဝေးရှိ အပြာရောင်ကြွေထည် ပန်းချီဒီဇိုင်းဖြင့် ကာရံထားသော ကုလားကာအတွင်းသို့ လျင်မြန်စွာ ချထားကြသည်။
ထိုဧရိယာကို ဇာကုလားကာများဖြင့် ဖုံးအုပ်ထားပြီး အပြာရောင်ကြွေထည် ဒီဇိုင်းဖြင့် ကုလားကာများက ကြည့်ရသည်မှာ တော်တော်လေး အနုပညာဆန်လှ၏။
ကုလားကာအတွင်းတွင် ကြီးမားသော ကုတင်တစ်လုံးရှိပြီး ထိုအပေါ်တွင် စောင်များကို သပ်ရပ်စွာ ခေါက်တင်ထားသည်။
လုယွီယန်က မူးမူးဝေဝေဖြင့် ထိုမြို့ပြအလှမယ်နောက်မှ ကုလားကာဆီသို့ လျှောက်သွားရာ ခြေလှမ်းများက ယိမ်းယိုင်နေ၏။
မကြာမီ အသက် ဆယ်ကျော်သက်အရွယ် မိန်းကလေးအချို့က ကုလားကာကို လှန်လိုက်ရာ အထဲတွင် သစ်သားစည်ပိုင်းတစ်လုံး ရှိနေသည်။
သစ်သားစည်ပိုင်းထဲတွင် ရေနွေးများ အပြည့်ထည့်ထားပြီး ရေထဲတွင် ပန်းပွင့်ဖတ်အချို့ မျောလွင့်နေ၏။
လုယွီယန်ကို အမျိုးသမီးနှစ်ဦးက တွဲခေါ်သွားပြီး ရေချိုးစည်ပိုင်းထဲသို့ ဝင်စေသည်။
ထိုရေချိုးစည်ပိုင်းထဲမှ ရေနွေးငွေ့များ အထက်သို့ ပျံ့လွင့်နေစဉ် သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေပေါ်တွင် သွေးရောင်များ ဖြန်းပက်လာပြီး ပါးပြင်များမှာလည်း ရဲတက်လာ၏။
သူမက သတိမထားမိဘဲ ခြေထောက်နှစ်ချောင်းကို စေ့ထားလိုက်မိသည်။ အလွန်တရာ နေရထိုင်ရခက်နေပြီး ရင်ထဲတွင် ဟာလာဟင်းလင်းဖြစ်ကာ တစ်စုံတစ်ခုက မိမိကို လာရောက် ဖြည့်ဆည်းပေးစေချင်နေသည်။
အရိုးထဲတွင်လည်း မရေမတွက်နိုင်သော ပုရွက်ဆိတ်များ တွားသွားနေသကဲ့သို့ ခံစားရကာ မနေနိုင်ဘဲ ညည်းသံလေးများ ထွက်ပေါ်လာ၏။
ရင်ထဲမှ ပူလောင်သော ခံစားချက်တစ်ခုက တစ်ကိုယ်လုံးသို့ အဆက်မပြတ် စီးဆင်းသွားသည်။
ထိုမြို့ပြအလှမယ်ကဲ့သို့ ဝတ်စားထားသော အမျိုးသမီးက သစ်သားစည်ပိုင်းအပြင်တွင် ရပ်နေကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုချိတ်ဆွဲလျက် သူမ၏ လက်နှစ်ဖက်မှ ပန်းရောင်စွမ်းအင်များက သစ်သားစည်ပိုင်းဆီသို့ အဆက်မပြတ် စီးဆင်းနေသည်။
ဘေးရှိ အမျိုးသမီးအချို့က ဤမြင်ကွင်းကို ကြည့်ရင်း ရယ်မောကာ နောက်ပြောင်နေကြ၏။
"အမမော့... အမရဲ့ အစွမ်းက တဖြည်းဖြည်း ပိုစွမ်းလာတာပဲ... ဒါကြောင့်လည်း ဥက္ကဋ္ဌကျင်းက အမကို လက်မလွှတ်နိုင်ဖြစ်နေတာကိုး"
မော့ ဟုအမည်ရသော အမျိုးသမီးက နောက်လှည့်မကြည့်ဘဲ အစွမ်းကို ဆက်လက် အသုံးပြုရင်း ပြောသည် "နှမြောစရာပဲ... ဟိုဘက်အခန်းထဲက မိန်းမတချို့က အခုထိ အလျှော့မပေးသေးဘူး... ငါ့ရဲ့ ဒီ ကာမစိတ်ကြွ အစွမ်းက ကျင့်ကြံတာ အဆင့်မမြင့်သေးဘူးဖြစ်မယ်"
"ဟားဟား... အမမော့က နှိမ့်ချနေတာပါ... ချန်ချိုးယွဲ့တို့အဖွဲ့က စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်တွေလေ... အမရဲ့ အစွမ်းကို ခံနိုင်ရည် အရမ်းမြင့်တော့ အမရဲ့ ဖြားယောင်းတာကို မခံရတာက ပုံမှန်ပါပဲ"
"နှမြောစရာကောင်းတာက ဥက္ကဋ္ဌကျင်းက လူကောင်းလုပ်ချင်နေပြီး အတင်းအဓမ္မ မလုပ်ချင်တာပဲ... ငါသာဆိုရင် သူတို့ကို အစောကြီးကတည်းက အိပ်ပစ်လိုက်ပြီ... ဟွန့်"
"ဟုတ်တယ်... သီလစောင့်တဲ့ မိန်းမမြတ်တွေလည်း မဟုတ်ဘဲနဲ့... အပြစ်ကင်းတဲ့ပုံ လာဖမ်းနေတယ်"
"မှန်တာပေါ့... ကပ်ဘေးမတိုင်ခင်က ရည်းစားဘယ်နှစ်ယောက်တောင် ထားခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ"
လူအချို့က တစ်ယောက်တစ်ပေါက်ဖြင့် ပြောဆိုနေကြရာ စကားလုံးများထဲတွင် ကဲ့ရဲ့ရှုတ်ချမှုများနှင့် မနာလိုမှုများ ပြည့်နှက်နေ၏။
ထိုသို့ ပြောနေစဉ် ရုတ်တရက် အပြင်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
"ရပ်လိုက်... ရှင် ဘယ်သူလဲ"
"ယောက်ျားတစ်ယောက် ဘယ်လိုလုပ် ရောက်လာတာလဲ... ဥက္ကဋ္ဌကျင်းရော"
"ရှင် ဘယ်သူလဲ... မလှုပ်နဲ့"
...
အမျိုးသမီးတစ်စုက အော်ဟစ်ကြပြီး သူတို့၏ အစွမ်းကိုယ်စီကို အသီးသီး အသက်သွင်းလိုက်ကြသည်။
လင်းယွမ် ရုတ်တရက် ဤနေရာသို့ ရောက်လာခြင်းက မသေးငယ်သော ဆူပူအုံကြွမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
ဤအမျိုးသမီးများက သူ့ကို လျင်မြန်စွာ ဝိုင်းရံလိုက်ကြပြီး အချို့အမျိုးသမီးများဆိုလျှင် လက်ပါလာကြပြီ ဖြစ်သည်။
မည်းမှောင်သော မီးခိုးတန်းတစ်ခုက အနောက်ဘက်မှနေ၍ သူ့ကို တိတ်တဆိတ် ဝင်ရောက် တိုက်ခိုက်လာသည်။
လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်ရုံသာ ပြုလုပ်ပြီး အစွမ်းကို တိုက်ရိုက် လည်ပတ်ကာ ဆွဲငင်အား သင်္ကေတ တစ်ခုကို ဖွဲ့စည်းလိုက်၏။
"ဘုန်း... ဘုန်း... ဘုန်း"
ထိုအခိုက် ပတ်ဝန်းကျင်ရှိ အမျိုးသမီးများမှာ ဆွဲငင်အား သင်္ကေတ ကြောင့် လွင့်စင်ထွက်သွားကြသည်။
"အ"
"သေပါပြီရှင့်"
"ကယ်ကြပါဦး"
အမျိုးသမီးများက ဆွဲငင်အားကြောင့် မြေပြင်ပေါ်သို့ ဟိုဘက်ဒီဘက် လဲကျသွားကြပြီး စူးစူးဝါးဝါး အော်ဟစ်နေကြ၏။
လင်းယွမ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။
သူက ဤနေရာရှိ အခြေအနေကို တစ်ချက်ကြည့်ပြီးနောက် ရင်ထဲတွင် ချက်ချင်း သဘောပေါက်သွားသည်။
ဤဟင်းလင်းပြင်က ကျင်းရှီရုံ၏ ကိုယ်ပိုင် ဟင်းလင်းပြင်နန်းတော် ဖြစ်နေပြီး သူက ဤနေရာတွင် အမျိုးသမီး အများအပြားကို မွေးထားကာ သူ့အတွက် ပျော်ပါးရန် အသုံးပြုနေခြင်းပင်။
လင်းယွမ်၏ မျက်နှာက မှိုင်းညို့သွားပြီး အော်မေးသည် "ဆံပင်နှစ်ခွနဲ့ မိန်းကလေးတစ်ယောက်ကို မြင်မိကြလား"
အိမ်ထောင်ရှင်အမျိုးသမီးပုံစံ အမျိုးသမီးတစ်ဦးက အော်ဟစ်သည် "ရှင် တကယ်တော့ ဘယ်သူလဲ... ရှင် ဘယ်လိုဝင်လာတာလဲ... ဒီနေရာက ဥက္ကဋ္ဌကျင်းရဲ့ ကိုယ်ပိုင် ဟင်းလင်းပြင်လေ... ရှင် ဘယ်လိုဝင်လာတာလဲ"
သူမက ရင့်သီးသော လေသံဖြင့် မေးခွန်းထုတ်သည် "ရှင် ခိုးဝင်လာတာလား... ရှင် သေဖို့သာပြင်တော့... ဥက္ကဋ္ဌကျင်းသာ သိသွားရင် ရှင် သေချာပေါက် သေပြီပဲ"
သို့သော် သူမ ထိုသို့ အော်ဟစ်နေစဉ် အခြားအမျိုးသမီးအချို့က ရုတ်တရက် အသိဝင်လာကြ၏။
တစ်ယောက်က အလျင်စလို အော်ဟစ်သည် "အစ်ကိုချောလေး... ရှင်... ရှင် ကျွန်မကို အပြင်ခေါ်ထုတ်သွားပေးလို့ ရမလား... ရှင် ဝင်လာနိုင်တယ်ဆိုတော့ သေချာပေါက် ပြန်ထွက်လို့ရတယ် မဟုတ်လား"
"တောင်းပန်ပါတယ်... ရှင် ကျွန်မကို အပြင်ခေါ်ထုတ်သွားပေးပါလား... ဟင့်... ရှင့်ကို တောင်းပန်ပါတယ်"
သူမက ထိုသို့ အော်လိုက်သောအခါ အခြားအမျိုးသမီးများအားလုံးလည်း အသိဝင်လာကြသည်။
ဟုတ်တာပေါ့... ဒီလူက ခိုးဝင်လာနိုင်မှတော့ သေချာပေါက် ခိုးထွက်သွားလို့ ရမှာပေါ့။
အကယ်၍သာ ထွက်ပြေးနိုင်ခဲ့လျှင် သူတို့အနေဖြင့် စတုရန်းပေ သုံးထောင်ပင် မပြည့်သော ဤနေရာ၌ ဆက်လက် ပိတ်လှောင်ခံနေစရာ မလိုတော့ပေ။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်၏။
ထိုစဉ် မနီးမဝေးရှိ ကုလားကာအတွင်းမှ အမျိုးသမီးအချို့ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးများက လင်းယွမ်ကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ကြောင်အမ်းသွားကြ၏။
ထို့နောက် သူတို့၏ မျက်နှာများ ပြောင်းလဲသွားပြီး စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အထဲရှိ မော့ ဟုအမည်ရသော အမျိုးသမီး ချက်ချင်း အလွန်အမင်း အံ့သြသွားပြီး လက်ထဲရှိ အစွမ်းကို အမြန်ရပ်တန့်ကာ အပြင်သို့ လျင်မြန်စွာ ပြေးထွက်လာရင်း မေးသည် "ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ"
သူမက ပါးစပ်ဟ၍ မေးလိုက်ချိန်တွင်ပင် အပြင်ဘက်ရှိ အခြေအနေကို မြင်လိုက်ရပြီ ဖြစ်သည်။
ဤသို့ ကြည့်လိုက်မိရာ အလွန်အမင်း အံ့သြသွားရ၏။
သူမက စိတ်အလိုအလျောက် လင်းယွမ်ကို အော်မေးသည် "ရှင်... ရှင်က ဘယ်သူလဲ"
လင်းယွမ်က သူမကို ဂရုမစိုက်ဘဲ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ ဤဘက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
သူက ထိုကုလားကာအတွင်းသို့ တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာအမူအရာ အပြင်းအထန် ပြောင်းလဲသွား၏။
"ယွီယန်"
ထိုခဏ၌ သူက သစ်သားစည်ပိုင်းဆီသို့ အလျင်စလို လျှောက်သွားသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ခြေလှမ်းများကို ပြန်ရပ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သစ်သားစည်ပိုင်းအတွင်းရှိ ရေပြင်က ကြည်လင်နေပြီး ပန်းပွင့်ဖတ်များ မျောလွင့်နေသော်လည်း ထိုနုပျိုသော ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိသောကြောင့်ပင်။
လင်းယွမ်က အသက်ကို ဝဝရှူသွင်းလိုက်ပြီး မိမိ၏ သုမာရု ဟင်းလင်းပြင်အတွင်းမှ ရေချိုးဝတ်စုံတစ်ထည်ကို အမြန်ရှာဖွေကာ လက်ကို ဝှေ့ယမ်း၍ ရေချိုးစည်ပိုင်းကို ဖုံးအုပ်လိုက်၏။
ထို့နောက်မှ သူက ရှေ့သို့တိုးသွားပြီး အလျင်တလို မေးသည် "ယွီယန်... ယွီယန်"
ဆက်ရန်...