← Chapters

အခန်း ၂၈၀၁

Vol. 221 Ch. 2801

အခန်း ၂၈၀၁

Vol. 221 Ch. 2801

အဆတစ်ရာစနစ် စာစဥ်(၂၂၁)

အခန်း(၂၈၀၁)

ပေဟန်အင်မော်တယ်မြို့သည် ပေဟန်ပြည်နယ်၏ အချက်အချာအကျဆုံးနှင့် အစည်ကားဆုံး နေရာတွင် တည်ရှိသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်သည် ပေဟန်အင်မော်တယ်မြို့တွင် တည်ရှိသည်။

ဤနေရာတစ်ဝိုက်တွင် မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော မြေဆီလွှာ ကောင်းမွန်သည့် မြေရိုင်းများ၊ ဆန်းကြယ်သော သစ်ပင် ပန်းမန်များ၊ အင်မော်တယ် စမ်းချောင်းများနှင့် အင်မော်တယ် ကျောက်တုံးများ ရှိပြီး အင်မော်တယ်သွေးကြောများသည်လည်း နဂါးကြီးများ ကဲ့သို့ အရပ်မျက်နှာ အနှံ့ကနေ စုဝေးနေကြသည်။

ပေဟန်အင်‌မော်တယ်မြို့တော်သည် အင်မော်တယ်သွေးကြော များစွာ၏ အလယ်ဗဟိုတွင် တည်ရှိနေခြင်းကြောင့် လမင်းကြီးကို ကြယ်တာရာများက ဝိုင်းရံထားသည့်နှယ် ဖြစ်နေခဲ့သည်။

အမည်မဲ့အင်မော်တယ် ညီလာခံ ပြီးဆုံးပြီးနောက်တွင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ် မြို့တော်တွင် အချိန်ကြာမြင့်စွာ မနေထိုင်ခဲ့ပေ။

သူက အရှင်ယင်ယွဲ့တို့ လူစုကို နှုတ်ဆက်ကာ ပေဟန်အင်မော်တယ် မြို့တော် ဆီသို့ တစ်ကိုယ်တော် ခရီးထွက်လာခဲ့သည်။

ပေဟန်ပြည်နယ်သည် အလွန်တရာ ကျယ်ဝန်းသော နယ်မြေ ဖြစ်သည်။

အမည်မဲ့အင်‌မော်တယ် မြို့တော်နှင့် ပေဟန်အင်‌မော်တယ် မြို့တော်သည် ပေဟန်ပြည်နယ် အတွင်း၌ တည်ရှိသော်လည်း အကွာအဝေးကမူ အတော်လေး ဝေးကွာနေခဲ့၏။

ကျန်းချန်က ပထမဦးစွာ ကျိလင်အင်မော်တယ် မြို့တော်ဆီ ပြန်သွားခဲ့ပြီး ကျိလင် အင်‌မော်တယ်ဂိုဏ်းသို့ သွားကာ ချူလင်းယွင်နှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက်တွင် ကျိလင် အင်မော်တယ်မြို့ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ တစ်ဆင့် ပေဟန်အင်‌မော်တယ် မြို့တော် ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က တည်ဆောက်ထားသောမြို့ ဖြစ်သည့် အတွက် ပေဟန်အင်‌မော်တယ် မြို့တော်သည် အမည်မဲ့အင်မော်တယ် မြို့တော်နန်းတော်ထက် ပိုမို ခမ်းနားထည်ဝါသလို ပို၍လည်း စည်းကားသည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ပေဟန်အင်မော်တယ် မြို့တော်တွင် အစွမ်းထက် ကျင့်ကြံသူ ပေါများကြောင်း တွေ့ရှိခဲ့သည်။

ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကို နေရာအနှံ့တွင် တွေ့မြင်နိုင်ပြီး တစ်ခါတစ်ရံတွင် တလော့ အင်မော်တယ် တစ်ပါး သို့မဟုတ် နှစ်ပါး၏ အရှိန်အဝါကိုပင် ခံစားမိတတ်သည်။

ပေဟန်အင်မော်တယ်မြို့တော်တွင် တစ်ခဏမျှ လှည့်လည်ကြည့်ရှုပြီးနောက်တွင် ကျန်းချန်သည် မြို့လယ်ရှိ မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နန်းတော် ဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်လာခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် အင်‌မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ သာမက တလော့အဆင့်ကျင့်ကြံသူ အများအပြား ရှိသည်။

ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံး၏ ကောင်းကင်ယံသဖွယ် ဖြစ်ပြီး ၎င်း၏ အထွတ်အထိပ် အဆင့်အတန်းကို မည်သူမျှ မလှုပ်ခတ်နိုင်ပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် နီးကပ်လာလေလေ ယင်း အင်မော်တယ်ဘုရင်အဆင့် ​အင်အားစု၏ အရှိန်အဝါကို ပို၍ ခံစားလာရလေလေ ဖြစ်သည်။

သိပ်သည်းသော အဆီအနှစ်များသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

နန်းတော်၏ အတွင်းပိုင်းတွင် မိုးသီးမိုးပေါက်များ ကဲ့သို့ ပြည့်နှက်နေသည့် အင်မော်တယ်ချီများနှင့် အင်မော်တယ်ဥပဒေသများ တောက်ပစွာ လင်းလက်နေခဲ့၏။

ထိုအရာများသည် မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ချန်ထားရစ်ခဲ့သည့် ဥာဏ်အလင်းပွင့်ခြင်း ဥပဒေသများ ဖြစ်သည်။

ဤနေရာက စစ်မှန်သော နိဗ္ဗာန်ဘုံတစ်ခု ဆိုလည်း မမှားပေ။

“ရပ်စမ်း.. ဒါက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ပဲ.. အပြင်လူတွေ အနားကပ်ခွင့်မရှိဘူး”

နန်းတော်တံခါးဝတွင် ပေတစ်ရာခန့် မြင့်မားသည့် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အင်မော်တယ် နှစ်ဦး ရပ်နေကြသည်။

ထိုအင်မော်တယ်နှစ်ဦး၏ အရှိန်အဝါက အတော်လေး ခန့်ညားပြီး ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကာ အသံက ခေါင်းလောင်းသံ ကဲ့သို့ ကျယ်လောင်၏။

စန်းယွင်ပြည်နယ်တွင် ရှိစဥ်က ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးကို နယ်မြေတစ်ခု၏ အရေးပါသော ပုဂ္ဂိုလ်ဟု ယူဆနိုင်သော်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်တွင်မူ ရွှေအင်မော်တယ် အဆင့်သည် တံခါးစောင့် အဆင့်သာ ရှိသည်။

ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တစ်ခုတည်းသော အင်မော်တယ်ဘုရင် အဆင့် အင်အားစု ဆိုသော ဂုဏ်ပုဒ်နှင့် အလွန်ပင် ထိုက်တန်နေခဲ့သည်။

ကျန်းချန်က ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ နှစ်ဦးကို ဂါဝရပြုကာ ပြောလိုက်သည်။

“ကျွန်တော်က ကျန်းချန်ပါ.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်ချင်လို့ပါ.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိပါရစေ”

ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် အင်မော်တယ်တစ်ပါးက ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို ဝင်ချင်တိုင်း ဝင်လို့မရဘူး.. မင်းအနေနဲ့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ တပည့် ဖြစ်ချင်ရင်တော့ နောက်ထပ် ခြောက်လအကြာမှာ ကျင်းပမဲ့ အဖွဲ့ဝင် အသစ် ရွေးချယ်ပွဲကြရင် ဒီကို တစ်ခေါက် ပြန်လာခဲ့ပါ”

ထိုစကားကိုကြားလျှင် ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေရှိ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် ထံသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်တော့မည် ဖြစ်ရာ သူ့အနေဖြင့် နောက်ထပ် ခြောက်လအထိ စောင့်ဆိုင်းနေ၍ မဖြစ်ပေ။

အကယ်၍ အဖွဲ့ဝင်အသစ် ခေါ်ယူပွဲအထိ စောင့်ဆိုင်းနေမည်ဆိုလျှင် အရာအားလုံး နောက်ကျသွားပေလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် အင်‌မော်တယ်ကျောက်တုံး တစ်ထောင်ကို ထုတ်ယူ၍ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် အင်မော်တယ် နှစ်ပါးကို ယဥ်ကျေးစွာ ကမ်းပေးလိုက်သည်။

“စီနီယာတို့.. အဖွဲ့ဝင်အသစ် ခေါ်ယူပွဲ အပြင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်နိုင်မဲ့ တခြား နည်းလမ်း ရှိသေးရင် သိချင်ပါတယ်”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် အင်မော်တယ်ဘုရင် အဆင့် အင်အားစု ဖြစ်ပြီး နန်းတော်တံခါးဝကို စောင့်ကြပ်နေသည့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ နှစ်ဦးသည်ပင် သူကိုင်တွယ်နိုင်မည့်သူများ မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်က တခြားနည်းလမ်း ရှိ မရှိ မေးမြန်းလိုက်သည်။

“ပေဟန်အင်မော်တယ်မြို့တော်မှာ ပေဟန်အင်မော်တယ်ပြိုင်ပွဲစင်မြင့်ရှိတယ်.. အဲဒီနေရာက ပေဟန်မြို့တော်က လူငယ်ပါရမီရှင်တွေ တစ်ယောက်နဲ့တစ်ယောက် ပညာစမ်းကြတဲ့ နေရာပဲ.. တကယ်လို့ မင်းက ပေဟန်အင်မော်တယ်ပြိုင်ပွဲစင်မြင့် ပေါ်မှာ သုံးပွဲဆက်တိုက် အနိုင်ရမယ်ဆိုရင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ အာရုံစိုက်မှုကို ရရှိနိုင်ပြီး နန်းတော်ထဲ ဝင်ရောက်ခွင့် ရလိမ့်မယ်.. တကယ်လို့ ငါးပွဲဆက်တိုက် အနိုင်ရခဲ့ရင်တော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ အဆင့်မြင့် အကြီးအကဲတွေက မင်းကို တပည့် အဖြစ် ကိုယ်တိုင် လက်ခံလိမ့်မယ်”

ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အင်‌မော်တယ်သည် ကျန်းချန်ထံမှ အင်မော်တယ် ကျောက်တုံးများကို လက်ခံလိုက်ပြီးနောက်တွင် လေသံက ချက်ချင်းဆိုသလို ပျော့ပြောင်းသွားခဲ့သည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ၏ စကားကိုကြားလျှင် ကျန်းချန်၏ စိတ်ထဲတွင် ဝမ်းသာသွားခဲ့သည်။

ပေဟန်အင်‌မော်တယ် မြို့တော်သည် မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နယ်မြေ တစ်ခုလုံး၏ အချက်အချာမြို့တော် ဖြစ်သည်။

ဤနေရာတွင် ထူးချွန်သောပါရမီရှင် အများအပြား ရှိသော်လည်း ကျန်းချန်သည် သူ၏ ကိုယ်ပိုင်ခွန်အား အပေါ်တွင် အတိုင်းအတာ တစ်ခု အထိ ယုံကြည်မှု ရှိနေခဲ့၏။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲမှ ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရလျှင်ပင် သုံးပွဲ ဆက်တိုက် သို့မဟုတ် ငါးပွဲ ဆက်တိုက် အနိုင်ယူရန်မှာ သူ့အတွက် ပြဿနာ ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။

ကျန်းချန်က ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် တည်ရှိသော နေရာကို စုံစမ်းပြီးနောက်တွင် ထိုနေရာသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်သည် ပေဟန်အင်မော်တယ် မြို့တော်၏ မြို့လယ်တွင် တည်ရှိပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် သိပ်မဝေးပေ။

ထို့ကြောင့် ကျန်းချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ထွက်လာပြီး မိနစ်အနည်းငယ် အတွင်းမှာပင် ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့် ဆီသို့ ရောက်ရှိသွားခဲ့သည်။

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ လူငယ်ပါရမီရှင် အားလုံးအတွက် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က တည်ဆောက်ပေးထားသည့် ပြိုင်ပွဲစင်မြင့် ဖြစ်သည်။

ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို အမည်မသိ အင်မော်တယ်ကျောက်တုံး တစ်မျိုးဖြင့် ပြုလုပ်ထား၏။

ပေဟန်အင်မော်တယ်မြို့တော် စတင် တည်ထောင်ချိန်ကတည်းကပင် ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့်သည် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ အချိန်ကာလ၏ တိုက်စားမှုများ ရှိခဲ့သော်လည်း ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့်ပေါ်တွင် ခြစ်ရာများစွာ ကျန်ရစ်ခဲ့ခြင်း မရှိပေ။

ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့်သည် ပေဟန်အင်မော်တယ် မြို့တော်တွင် လူစောင့်ကြည့် အများဆုံး နေရာတစ်ခုလည်း ဖြစ်၏။

အကြောင်းရင်းမှာ လူငယ်ပါရမီရှင် များစွာသည် နေ့စဥ်နေ့တိုင်း ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့်သို့ လာရောက်ကာ ယှဥ်ပြိုင်ကြသောကြောင့်ပင်။

မြောက်ပိုင်း‌အေးစက်သော အင်‌မော်တယ်နန်းတော်မှ လူငယ်ပါရမီရှင် တပည့်များသည်လည်း ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်တွင် မကြာခဏ ယှဥ်ပြိုင်တတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ တိုက်ခိုက်ခြင်း ဆိုသည်မှာ ခွန်အားကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်၏။

လူငယ်ပါရမီရှင် များစွာသည် သူတို့၏ ကျင့်ကြံမှုတွင် အတားအဆီးများနှင့် ကြုံတွေ့ရသောအခါ ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့် ဆီသို့ လာရောက်၍ အနယ်နယ် အရပ်ရပ်မှ လူငယ်ပါရမီရှင်များကို စိန်ခေါ်ပြီး တိုက်ပွဲအတွင်းကနေ အဆင့် ထိုးဖောက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေတတ်ကြသည်။

ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့် ဆီသို့ ကျန်းချန် ရောက်ရှိလာသောအခါတွင် ပြိုင်ပွဲစင်မြင့်၏ ပတ်ပတ်လည်၌ လူများဖြင့် ပြည့်နှက်နေခဲ့သည်။

စင်မြင့်ပေါ်တွင်မူ ကောင်းကင်အင်‌မော်တယ် ပထမအဆင့် လူငယ်ပါရမီရှင်နှစ်ဦးသည် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

လက်ကိုင်ရိုး အရှည်တပ် အင်‌မော်တယ်ပုဆိန်ကို ကိုင်ဆောင်ထားသည့် သန်မာထွားကျိုင်း‌သော လူငယ်တစ်ဦးသည် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ပြီး ဆန့်ကျင်ဘက်မှ ပိန်ပါးပါးလူငယ်ကို သေလုနီးပါး ဖိနှိပ်ထားခဲ့သည်။

နှစ်ဦးသား တိုက်ကွက်ပေါင်း သုံးဆယ်ခန့် ယှဥ်ပြိုင်ပြီးနောက်တွင် ပိန်ပါးပါး လူငယ်သည် အဆုံးသတ်၌ ရှုံးနိမ့်သွားခဲ့၏။

“ဝိုချင်း ရှုံးနိမ့်သွားခဲ့ပြီ.. ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့်မှာ သုံးပွဲဆက်တိုက် အနိုင်ရခါနီးမှ နှမြောစရာပဲ”

ပိန်ပါးပါးလူငယ် ရှုံးနိမ့်သွားသည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများ၏ မျက်နှာထက်တွင် နှမြောတသ အမူအရာများ ဖြစ်ပေါ်လာကြသည်။

“ဘာမှ နှမြောနေစရာမရှိဘူး.. ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့်မှာ နှစ်ပွဲဆက်တိုက် အနိုင်ရတဲ့သူတွေ အများကြီး ရှိပေမဲ့ သုံးပွဲဆက်တိုက် အနိုင်ရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ”

ပေဟန်အင်‌မော်တယ် ပြိုင်ပွဲစင်မြင့် အကြောင်း ကောင်းစွာနားလည်ထားသည့် လူတချို့က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

ယေဘုယျအားဖြင့် လူငယ်ပါရမီရှင် တစ်ဦးသည် နှစ်ပွဲဆက်တိုက် အနိုင်ရရှိပြီးနောက်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ပါရမီရှင် တပည့်များ၏ တားဆီးခြင်းကို မလွဲမသွေ ခံရလေ့ ရှိသည်။

ဥပမာအားဖြင့် ပိန်ပါးပါးလူငယ်ကို အနိုင်ယူသွားသည့် သန်မာထွားကျိုင်းသော လူငယ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ တပည့်တစ်ဦး ဖြစ်၏။

မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နန်းတော်မှ ပါရမီရှင်တပည့်များသည် တိုက်ခိုက်ရေးစွမ်းရည် အလွန်တရာ မြင့်မားကြပြီး အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းကြသည်။

ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နန်းတော်မှ ပါရမီရှင် တပည့်များကို အနိုင်ယူပြီး သုံးပွဲဆက်တိုက် အနိုင်ရရှိရန်မှာ ထင်သလောက် မလွယ်ကူပေ။

အခန်း(၂၈၀၁)ပြီး၏။

All Chapters