← Chapters

အခန်း ၂၈၀၈

Vol. 221 Ch. 2808

အခန်း ၂၈၀၈

Vol. 221 Ch. 2808

အခန်း(၂၈၀၈)

ပိုင်မင်ချွမ်က အေးစက်စက် ပြောလိုက်သည်။

“ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေစရာ ဘာအကြောင်းမှ မရှိဘူး.. ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားစမ်း”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်၍ ပိုင်မင်ချွမ်၏ အဆင့်အတန်းသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် လူတစ်ဦး၏အောက် လူတစ်သောင်း၏ အထက်တွင် ရှိသည်ဟု ဆိုနိုင်၏။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် တစ်ခုလုံးတွင် သူ၏ အလိုဆန္ဒကို ဆန့်ကျင်ဝံ့သူမှာ မရှိသလောက်ပင်။

ပိုင်မင်ချွမ်က ကျန်းချန် ပေါ်ထွက်လာခြင်းကြောင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ သွားရမည့် လူစာရင်းကနေ ရှင်းကျန့်ကို ချန်လှပ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ယင်းက ရှင်းကျန့် အတွက် လက်ခံရန် ခက်ခဲသည်မှာ မှန်သော်လည်း သူ၏ ဆုံးဖြတ်ချက်ကိုမူ မေးခွန်းထုတ်ခွင့်ပြုမည် မဟုတ်ပေ။

ရှင်းကျန့်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက ထူးချွန်သောပါရမီရှင် ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် အဆင့်အတန်း မြင့်မားသော်လည်း ပိုင်မင်ချွမ်ကို စိန်မခေါ်ဝံ့ပေ။

အဆုံးသတ်တွင် ရှင်းကျန့်သည် ကျန်းချန်ကို ဒေါသတကြီး ကြည့်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ဘဲ မကျေမနပ်အမူအရာဖြင့် လှည့်ထွက်သွားခဲ့သည်။

“ကျန်းချန် ငါ မင်းကို တောင်းပန်ပါတယ်.. ရှင်းကျန့်ရဲ့ ကိစ္စက ငါ့ရဲ့စီစဥ်မှု လိုအပ်သွားတဲ့ အတွက် မင်းအတွက် အနှောင့်အယှက် ဖြစ်သွားရတာပါ”

ရှင်းကျန့် ထွက်ခွာသွားပြီးနောက်တွင် ပိုင်မင်ချွမ်သည် ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး စီနီယာ.. ဒါက လူ့သဘာဝပါပဲ”

ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

အကယ်၍ သူသာ ရှင်းကျန့်၏ နေရာတွင် ဆိုလျှင်လည်း မူလက သူ ပိုင်ဆိုင်ထားသော အခွင့်အရေးကို လုယူခံလိုက်ရလျှင် ဤကဲ့သို့ပင် ဒေါသထွက်မည်မှာ သေချာသည် မဟုတ်ပါလော။

“စိတ်မပူပါနဲ့...ဘယ်သူမှ မင်းကို ထပ်ပြီး လာနှောင့်ယှက်တော့မှာ မဟုတ်ဘူး”

ထိုစကားကို ပြောပြီးနောက်တွင် ပိုင်မင်ချွမ်၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

ယင်းနောက်တွင်မူ ကျန်းချန်သည် တည်းခိုခန်း အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

နောက်ထပ် ရက်အနည်းငယ် အတွင်း မည်သည့်ဖြစ်ရပ်မှ ထပ်မံ မဖြစ်ပွားတော့၍ ကျန်းချန်သည် တည်းခိုခန်း အတွင်း အေးချမ်းစွာဖြင့် အချိန်များကို ကုန်ဆုံးစေခဲ့သည်။

မသိလိုက် မသိဘာသာဖြင့်ပင် လဝက်ခန့် အချိန်သည် ကုန်ဆုံးသွားခဲ့၏။

ကျန်းချန်က ပိုင်မင်ချွမ်နှင့် ချိန်းဆိုထားသည့် အတိုင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာခဲ့ရာ ပိုင်မင်ချွမ်သည် ပါရမီရှင် လူငယ်လေးဦးကို ဦးဆောင်ကာ သူ့ကို စောင့်ဆိုင်းနေသည်အား တွေ့လိုက်ရသည်။

ကျန်းချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ပါရမီရှင် လေးဦးကို အကဲခတ်လိုက်ရာ အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။

သူ့ရှေ့မှ ပါရမီရှင် လေးဦး၏ ခွန်အားသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို လာရောက် ပြဿနာရှာခဲ့သည့် ရှင်းကျန့်ထက်ပင် ပို၍ သန်မာနေခဲ့သည်။

အထူးသဖြင့် ဆီးနှင်း ကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုလေးဦး၏ ခေါင်းဆောင်ဖြစ်ဟန်တူသော ခန့်ညားသည့် လူငယ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများ ရှိနေခဲ့၏။

ကျန်းချန် ပင်လျှင် ထိုလူငယ်ထံမှ အန္တရာယ်ရှိသော အရှိန်အဝါကို ခံစားမိခဲ့သည်။

ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အင်မော်တယ်ဘုရင် အဆင့် အင်အားစုများမှ ထိပ်တန်း ပါရမီရှင်များကို လျှော့တွက်၍ မရသည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလား။

ကျန်းချန်က ထိုလေးဦးကို ကြည့်နေစဥ်မှာပင် ထိုပါရမီရှင်လေးဦး၏ အကြည့်သည်လည်း ကျန်းချန် ဆီသို့ ကျရောက်လာခဲ့သည်။

ကျန်းချန်သည် လွန်ခဲ့သော လဝက်ခန့်က ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်တွင် သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး လန်ရှင်းဟွေးကိုပင် အနိုင်ယူခဲ့သည်။

ထို့အပြင် စင်မြင့်ပေါ်တွင် သူပြသခဲ့သော ခွန်အားနှင့်ပါရမီသည် အလွန်တရာပင် အစွမ်းထက်လွန်းနေခဲ့၏။

ဤကဲ့သို့သော ပါရမီရှင်မျိူးကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ထိပ်တန်း ပါရမီရှင်များ အာရုံစိုက်နေသည်မှာ မဆန်းပေ။

အထူးသဖြင့် မြွေမျက်လုံး ကဲ့သို့ အေးစက်သော မျက်ဝန်းများရှိသည့် လူငယ်တစ်ဦး၏ မျက်ဝန်းထဲတွင် ကျန်းချန်ကို ကြည့်နေရင်း အေးစက်စက် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

ထိုမြွေမျက်လုံးနှင့် လူငယ်၏ အကြည့်က မသိသာလိုက်သော်လည်း ကျန်းချန်၏ ထက်မြက်သော အာရုံခံနိုင်စွမ်းကနေ လွတ်မြောက်သွားခြင်း မရှိပေ။

ထိုမြွေမျက်လုံးနှင့် လူငယ်သည် သူ့အပေါ်တွင် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားနေခဲ့၏။

“ကျန်းချန် မင်းရောက်လာပြီလား.. အချိန်မစောတော့ဘူးဆိုတော့ ငါတို့ ထွက်ခွာကြစို့”

ထိုစကားကို ပြောပြီးနောက်တွင် ပိုင်မင်ချွမ်က သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကြိုးကြာငှက် တစ်ကောင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထံကနေ ပိုင်မင်ချွမ်၏ ရှေ့သို့ ချက်ချင်းဆိုသလို ပျံသန်းရောက်ရှိလာခဲ့သည်။

ထိုကြိုးကြာငှက်၏ အရှိန်အဝါသည် အလွန်ပင် အစွမ်းထက်ပြီး သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် စက္ကန့်ပိုင်း အတွင်း အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု ထင်ရ၏။

“ထွက်ခွာကြစို့”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ပိုင်မင်ချွမ်သည် ကျန်းချန် အပါအဝင် လူငယ်ပါရမီရှင် ငါးဦးစလုံးကို ခေါ်ဆောင်ကာ ကြိုးကြာငှက်၏ ကိုယ်ပေါ်သို့ တက်လိုက်သည်။

ထို့နောက်တွင် ကြိုးကြာငှက်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ တောင်ဘက်အရပ် ဆီသို့ ပျံသန်းသွားခဲ့သည်။

လမ်းခရီးတွင် ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ သွားရသည့် ရည်ရွယ်ချက်ကို ပိုင်မင်ချွမ် ထံမှ သိရှိခွင့်ရခဲ့သည်။

အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေရှိ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာဦးအင်မော်တယ် ရေကန်တစ်ခု ရှိသည်။

ထို‌‌ရေကန်မှ ‌ရေထဲတွင် အလွန်တရာ ဆန်းကြယ်သည့် စွမ်းအားများ ကိန်းအောင်းနေခဲ့၏။

မည်သူမဆို ထိုရေကန်မှ ဆန်းကြယ်သောရေ၏ ဆေးကြောမှုကို ခံယူပြီးသည်နှင့် ကြီးမားသော အခွင့်အလမ်းများကို ရရှိမည် ဖြစ်ပြီး ခွန်အား အဆမတန် တိုးတက်လာလိမ့်မည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင် အဆင့် အင်အားစု တစ်ခုသည် ထိုကမ္ဘာဦးအင်မော်တယ်‌ ရေကန်ကို ကျူးကျော်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ဖူးသည်။

အဆုံးသတ်တွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် နှင်းမြူအင်မော်တယ်နယ်မြေရှိ အခြားသော အင်မော်တယ်ဘုရင် အဆင့်အင်အားစု တစ်စု ထံမှ အကူအညီကို တောင်းခံခဲ့ရသည်။

အင်မော်တယ်ဘုရင် အဆင့် အင်အားစုနှစ်ခု၏ အကူအညီဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် သန်မာသော ရန်သူကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။

ထိုအကြောင်းကြောင့်ပင် ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်သည့် အချိန်တိုင်းတွင် အင်မော်တယ်ဘုရင် အဆင့် အင်အားစုနှစ်စုသည် ကမ္ဘာဦးရေကန် အတွင်းသို့ ဝင်ရောက်နိုင်မည့် နေရာအတွက် ယှဥ်ပြိုင်ရန် ပါရမီရှင်လူငယ် အချို့ကို စေလွှတ်ခွင့် ရရှိကြခြင်း ဖြစ်သည်။

ဤအကြောင်းများကို သိရှိပြီးနောက်တွင် ကျန်းချန်သည် ရှင်းကျန့်က သူ့အပေါ်တွင် အဘယ်ကြောင့် ဒေါသအိုး ပေါက်ကွဲနေမှန်း အဆုံးသတ်၌ နားလည်သွားခဲ့သည်။

သူက အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ သွားရမည့် ခရီးစဥ်တွင် ရှင်းကျန့်၏ နေရာကို အစားထိုးဝင်ရောက်ခဲ့ခြင်းသည် ရှန်းကျန့်ထံမှ ကမ္ဘာဦးအင်မော်တယ်ရေကန် ထဲသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးကို လုယူလိုက်သလို ဖြစ်နေသောကြောင့်ပင်။

သို့ရာတွင် ပိုင်မင်ချွမ် အနေဖြင့် အဘယ်ကြောင့် သူ့ကို ဤကဲ့သို့ ကြီးကျယ်သည့် အခွင့်အရေးမျိုးအား တွေဝေခြင်းမရှိ ပေးအပ်ခဲ့မှန်း ကျန်းချန် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

“ရှင်းကျန့်ရဲ့ ပါရမီနဲ့ခွန်အားက မနိမ့်ဘူး ဆိုပေမဲ့ ကမ္ဘာဦးအင်မော်တယ် ရေကန်ရဲ့ နေရာအတွက် ယှဥ်ပြိုင်ဖို့ကတော့ လုံးဝ မဖြစ်နိုင်သလောက်ပဲ.. သူ့ကို ခေါ်သွားလို့လည်း ဘာမှ သိပ်ထူးမှာ မဟုတ်ဘူး”

ပိုင်မင်ချွမ်က ကျန်းချန်၏ အတွေးများကို ထွင်းဖောက်မြင်နေရသကဲ့သို့ ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“သူ့ထက် မင်းကို ခေါ်သွားတာက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အတွက် ပိုပြီးတော့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ ငါ့ရဲ့စိတ်ထဲမှာ ခံစားမိနေတယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်လက် မတွေးတော့ပေ။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ရှိ ကမ္ဘာဦးအင်မော်တယ် ရေကန်သည် အင်မော်တယ်ဘုရင် အဆင့် အင်အားစုများကပင် အထူးအလေးထားရသည် ဖြစ်၍ အတော်လေးထူးခြားမည်မှာ သေချာ၏။

ယခု သူက ဤအခွင့်အရေးကို ရရှိထားပြီဖြစ်ရာ ထိုနေရာသို့ သွားရောက်ရန်အတွက် ငြင်းဆိုစရာ အကြောင်းပြချက်မရှိပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် အလွန်တရာပင် ကျယ်ပြော၏။

ကျန်းချန်တို့ လူစုသည် ပေဟန်အင်မော်တယ်မြို့တော်ကနေ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တောင်ဘက် အစွန်ဆုံးရှိ ပြည်နယ် ဆီသို့ ရောက်ရှိရန် လဝက်ခန့် အချိန်ယူခဲ့ရသည်။

ဤလဝက်အတွင်း ကျန်းချန်သည် အပတ်တကုတ် ကြိုးစား ကျင့်ကြံနေခဲ့၏။

သို့သော်လည်း ကျန်းချန်သည် အချိန်မျှော်စင်ကို အပြင်သို့ ထုတ်မသုံးခဲ့ပေ။

အချိန်မျှော်စင် ကဲ့သို့ ရတနာမျိုးသည် တလော့အင်မော်တယ်အဆင့် ကျင့်ကြံသူကိုပင် တပ်မက်စေမည်မှာ သေချာ၏။

အကယ်၍ သူသာ အချိန်မျှော်စင်ကို ထုတ်ဖော်လိုက်လျှင် ပိုင်မင်ချွမ် သည်လည်း သူ့ကို သတ်ဖြတ်၍ အချိန်မျှော်စင်ကို လုယူလိုသော စိတ်ကူးမျိုး ရှိလာနိုင်ပေသည်။

သူ၏ လက်ရှိခွန်အားသည် တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ယှဥ်ပြိုင်နိုင်ရန် များစွာ လိုအပ်နေသေး၏။

သူက အချိန်မျှော်စင်ကို အသုံးမပြုခဲ့သော်လည်း အမည်မဲ့အင်မော်တယ် နှင်းရည် တစ်စက်ကို သောက်သုံးခဲ့ပြီး ဥာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

အမည်မဲ့အင်မော်တယ် နှင်းရည် တစ်စက်သည် ကျန်းချန်ကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အစောပိုင်းကနေ အလယ်အလတ် အဆင့်အထိ အောင်မြင်စွာ ရောက်ရှိသွားစေခဲ့သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့် အမျှ အမည်မဲ့အင်မော်တယ် နန်းတော်၏ ဥာဏ်အလင်းပွင့်စေမှုသည် ပထမတစ်ကြိမ်က ကဲ့သို့ သိသာထင်ရှားခြင်း သိပ်မရှိတော့ပေ။

ပြီးခဲ့သည့် တစ်ကြိမ်ကဆိုလျှင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ဖြင့် ခြေလှမ်းတစ်ဝက်ကောင်းကင်အင်မော်တယ် အဆင့်ကနေ ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။

သူ၏ ခွန်အားက မည်မျှအထိ တိုးတက်သွားမှန်း မသိနိုင်လောက်သည် အထိ ဖြစ်ခဲ့သည်။

ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်သည် သူ့ကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အစောပိုင်းကနေ အလယ်အလတ်အဆင့်သို့သာ ရောက်ရှိစေနိုင်တော့သည်။

အကယ်၍ သူ့အနေဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အလယ်အလတ်ကနေ နှောင်းပိုင်းအဆင့်အထိ ထိုးဖောက်လိုခဲ့လျှင် အမည်မဲ့အင်မော်တယ် နှင်းရည် အနည်းဆုံး နှစ်စက်ခန့် လိုအပ်လိမ့်မည် ဖြစ်သည်။

ကောင်းကင်အင်မော်တယ် အထွတ်အထိပ် အဆင့်နှင့် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်သို့ ရောက်ရှိရန်အတွက်မူ ပို၍ပင် လိုအပ်မည်မှာ သေချာ၏။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တောင်ဘက်အစွန်ဆုံး ပြည်နယ် ဆီသို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်တို့လူစုသည် နောက်ထပ် ရက်အနည်းငယ် ထပ်မံ အချိန်ယူခဲ့ရသည်။

အဆုံးသတ်တွင် သူတို့သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တောင်ဘက်အစွန်ဆုံး ဆီသို့ ရောက်ရှိလာခဲ့ကြ၏။

ပိုင်မင်ချွမ်က အင်မော်တယ်နယ်မြေ တံတိုင်းကို သူ၏ စွမ်းအားဖြင့် တိုက်ရိုက်ဆိုသလို ချိုးဖျက်လိုက်ပြီး ကျန်းချန်တို့ကို အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေ ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

အခန်း(၂၈၀၈)ပြီး၏။

All Chapters