← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) ရတနာဂိုဒေါင်တစ်ခုကို ထပ်မံသိမ်းပိုက်ခြင်း

"ဒီလမ်းမြှောင်အောက်မှာ နောက်ထပ် လမ်းမြှောင်တစ်ခု ရှိနေသေးတာပဲ..."

ကျောက်လင်သည် ဓားပြရှစ်ယောက်၏ စကားဝိုင်းကို ချောင်းမြောင်းနားထောင်ရင်း သွေးဓားဂူ၏ ရတနာဂိုဒေါင် တည်နေရာကို သိရှိသွားခဲ့၏။ ထိုလမ်းမြှောင်၏ အဆုံးတွင် နောက်ထပ်လမ်းမြှောင်တစ်ခုဆီသို့ ဦးတည်ထားသည့် လျှို့ဝှက်တံခါးတစ်ခု ရှိနေသည်။

ကျောက်လင်သည် ဓားပြရှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ကျောက်လမ်းမြှောင်အတိုင်း ဆက်လက်ပြေးဝင်ခဲ့ရာ မကြာမီမှာပင် လမ်းဆုံးသို့ ရောက်ရှိသွားတော့၏။ သူသည် မိမိ၏ စိတ်စွမ်းအားကို အသုံးပြု၍ စူးစမ်းလိုက်ရာ ဤနေရာတွင် တပ်ဆင်ထားသည့် လျှို့ဝှက်တံခါးနှင့် အစီအရင်ယန္တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

"ဒီဓားပြရှစ်ယောက်က ငါ့ကို တကယ်ပဲ လှည့်စားခဲ့တာပဲ... သူတို့က ထောင်ချောက်ဆင်ပြီး ငါ့ကို လုပ်ကြံချင်နေတာ..."

ကျောက်လင်က တည်ငြိမ်စွာ ရေရွတ်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် စိတ်စွမ်းအားအမြုတေကြောင့်သာ ကျောက်သားထုအတွင်း၌ ရှိနေသော လျှို့ဝှက်ယန္တရားများကို အာရုံခံသိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒီလျှို့ဝှက်တံခါးကို ဖွင့်ဖို့ သီးသန့်နည်းလမ်းရှိတယ်... စမ်းတဝါးဝါးနဲ့ လျှောက်ကိုင်ရင် ထောင်ချောက်က ပွင့်သွားလိမ့်မယ်..."

"ငါ့ရဲ့ နည်းလမ်းကတော့ ပိုပြီး ရိုးရှင်းပါတယ်... လမ်းမြှောင်အသစ်တစ်ခုသာ ထပ်တူးလိုက်ရုံပဲ..."

ကျောက်လင်က ပြုံးလိုက်ရင်း ဘေးမှ ကျောက်နံရံကို အသာအယာ ထိတွေ့လိုက်၏။ ထိုအခါ တစ်ကုဗမီတာခန့်ရှိသော ကျောက်သားထုကြီးက ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ကျောက်သားထု ကုဗမီတာ နှစ်ဆယ်ခန့်ကို တူးဖော်ပြီးနောက်တွင်မူ ကျောက်လင်သည် နောက်ထပ် လမ်းမြှောင်တစ်ခုဆီသို့ သေချာပေါက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ကျောက်လင်သည် စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းခဲ့သော ကုဗမီတာ နှစ်ဆယ်ခန့်ရှိသည့် ကျောက်တုံးကြီးများကို ပြန်ထုတ်ကာ ထိုလမ်းကြောင်းကို သေသေချာချာ ပြန်လည်ပိတ်ဆို့ထားလိုက်၏။ အနည်းဆုံးတော့ အခြားလူများ ဤလမ်းမြှောင်၏ အဆုံးသို့ ရောက်လာသည့်အခါ သေသေချာချာ မရှာဖွေပါက ဤလမ်းကြောင်းကို ရှာတွေ့ရန် အလွန်ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

ကျောက်လင်သည် နောက်ဆုံးလမ်းမြှောင်အတိုင်း လျှောက်လှမ်းလာရင်း သူ၏ စိတ်စွမ်းအားဖြင့် စဉ်ဆက်မပြတ် စူးစမ်းနေခဲ့ရာ မကြာမီမှာပင် စတုရန်းမီတာ ဆယ်ဂဏန်းခန့်ကျယ်ဝန်းသည့် ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုသို့ ရောက်ရှိလာ၏။ ထို့နောက် သူ၏ စိတ်စွမ်းအားက ကျောက်သားထုကို ထိုးဖောက်ဝင်ရောက်သွားပြီး ၎င်း၏နောက်ကွယ်တွင် သေတ္တာမျိုးစုံနှင့် ဆန်အိတ်များဖြင့် ပြည့်နှက်နေသည့် ပိုမိုကျယ်ဝန်းသော နေရာတစ်ခု ရှိနေကြောင်း အာရုံခံမိလိုက်သည်။

"ရှာတွေ့ပြီ..."

ကျောက်လင်က ဝမ်းသာအားရ ရေရွတ်လိုက်၏။ သူသည် နောက်ဆုံးတွင် သွေးဓားဂူ၏ ရတနာဂိုဒေါင်ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ချက်ချင်းပင် ကျောက်လင်သည် စိတ်စွမ်းအားကို အသုံးပြု၍ လျှို့ဝှက်ယန္တရားကို ထပ်မံအာရုံခံလိုက်ရာ နောက်ထပ် ထောင်ချောက်တစ်ခုကို ရှာတွေ့ပြန်သည်။ ထိုကျောက်တံခါးတွင် ထောင်ချောက်တစ်ခုကို ဆင်ထားပြီး သီးသန့်နည်းလမ်းနှင့် အစီအစဉ်အတိုင်း ဖွင့်လှစ်ခြင်း မပြုပါက အသက်အန္တရာယ်ပြုနိုင်သည့် ထောင်ချောက် ပွင့်ထွက်လာမည် ဖြစ်သည်။

"ဒီသွေးဓားဂူထဲမှာ မိုဟစ်ဂိုဏ်းသားတစ်ယောက်ယောက် ရှိနေတာလားမသိဘူး... နေရာအနှံ့မှာ ထောင်ချောက်တွေ ဆင်ထားတာပဲ..."

ကျောက်လင်၏ ရင်ထဲတွင် ဤကဲ့သို့ သံသယစိတ်များ မသိမသာ ဖြစ်ပေါ်လာရသည်။ သို့သော်လည်း ဤလျှို့ဝှက်ယန္တရားများက မည်မျှပင် ဆန်းပြားနေပါစေဦးတော့ ကျောက်လင်အတွက်မူ အရာမထင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်လင်အနေဖြင့် ထိုကျောက်တံခါးမှ ဖြတ်သန်းသွားရန် မလိုခြင်းကြောင့်ဖြစ်သည်။

ထိုအခိုက်တွင် ကျောက်လင်သည် အပေါ်ဘက်ရှိ လမ်းမြှောင်အတွင်း၌ လူသားတို့၏ အငွေ့အသက်များ လှုပ်ရှားနေသည်ကို အာရုံခံမိလိုက်၏။

"ချီလင်အကယ်ဒမီက နည်းပြတွေလည်း ပထမအဆင့် လမ်းမြှောင်ထဲကို ဝင်လာကြပြီနဲ့ တူတယ်..."

"ဒါပေါ့... ဒီရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတွေသာ သေသေချာချာ စုံစမ်းစစ်ဆေးမယ်ဆိုရင် ဂူခန်းတွေထဲမှာရှိတဲ့ လျှို့ဝှက်တံခါးတွေကို သေချာပေါက် ရှာတွေ့နိုင်မှာပဲ..."

ကျောက်လင်က တည်ငြိမ်သော လေသံဖြင့် ရေရွတ်လိုက်၏။

မလိုလားအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန်အတွက် ကျောက်လင်သည် ချက်ချင်းပင် ကျောက်နံရံကို ထိတွေ့လိုက်သည်။ တစ်ကုဗမီတာခန့်ရှိသော ကျောက်သားထုကြီး ကွယ်ပျောက်သွား၏။ ကျောက်လင်သည် ကျောက်သားထု ဆယ်ကုဗမီတာခန့်ကို တစ်ဟုန်ထိုး တူးဖော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို တူးဖော်ထားသော လမ်းကြောင်းထဲသို့ သွင်းကာ စနစ်နေရာလွတ်ထဲ၌ သိမ်းဆည်းထားသော ကျောက်သားထုများကို ပြန်ထုတ်၍ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့လိုက်တော့သည်။

ခဏမျှ ကြာပြီးနောက်တွင်မူ ကျောက်လင်သည် ရတနာဂိုဒေါင်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"သေတ္တာ အလုံးနှစ်ဆယ်..."

"ဆန်အိတ် အလုံးသုံးဆယ်..."

"ဒီသွေးဓားဂူမှာ စုဆောင်းထားတာတွေ တော်တော်လေး များတာပဲ..."

ရတနာဂိုဒေါင်အတွင်းရှိ စုဆောင်းမှုများကို မြင်လိုက်ရသောအခါ ကျောက်လင်က စိတ်လှုပ်ရှားစွာဖြင့် ကြိတ်၍ ရေရွတ်လိုက်မိသည်။

အချိန်ဆွဲမနေတော့ဘဲ ကျောက်လင်သည် ချက်ချင်းပင် အပြေးအလွှား သွားရောက်ကာ သေတ္တာများနှင့် ဆန်အိတ်အားလုံးကို စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်တော့၏။ ချီလင်အကယ်ဒမီမှ နည်းပြငါးယောက်က မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ရာ ကျောက်လင်အနေဖြင့် ၎င်းတို့၏ အရိပ်အယောင်ကို မတွေ့စေချင်ပေ။ ထို့ကြောင့် သူက သေတ္တာထဲရှိ ရတနာများကို တစ်ချက်မျှပင် မကြည့်တော့ဘဲ အရင်ဆုံး သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

"ငါတို့ လာခဲ့တဲ့ လမ်းအတိုင်းပဲ ပြန်လှည့်သွားရမလား..."

ကျောက်လင်က ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သော ရတနာဂိုဒေါင်ကို ကြည့်ရင်း ပြုံး၍ ရေရွတ်လိုက်၏။

လာခဲ့သည့် လမ်းအတိုင်း ပြန်သွားရန်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ အကယ်၍သာ ထိုနည်းပြငါးယောက်နှင့် ဆုံတွေ့သွားခဲ့လျှင် ရှင်းပြရန် လုံးဝ နည်းလမ်းမရှိတော့ပေ။ ထို့ကြောင့် ကျောက်လင်သည် ကျောက်နံရံကို ဆက်လက်ထိတွေ့ကာ ကျောက်သားထုများကို သိမ်းဆည်းရင်း လမ်းကြောင်းအသစ်တစ်ခုကို ဖောက်လုပ်လိုက်တော့သည်။

သေချာပေါက်ပင် ကျောက်လင်သည် တူးဖော်ထားသော ကျောက်တုံးများကို ပြန်ထုတ်၍ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထားခဲ့ရာ အခြားလူများ ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသွားစေသည်။

ပထမလမ်းမြှောင်၏ အဆုံး၌…

ချီလင်အကယ်ဒမီမှ နည်းပြငါးယောက်သည် တပြိုင်နက်တည်း အပြေးအလွှား ရောက်ရှိလာကြ၏။

"ရှာတွေ့ပြီ... ဒါက လမ်းမြှောင်ရဲ့ အဆုံးပဲ..."

"ရတနာဂိုဒေါင်က ငါတို့ရဲ့ အနောက်ဘက်မှာ ရှိနေရမယ်..."

စီထူယန့်လုံက မီးတုတ်ကို ကိုင်ဆောင်ထားရင်း ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်၏။

ထိုအခိုက်တွင် စီထူယန့်လုံသည် ကျောက်နံရံပေါ်၌ ထွက်ပေါ်နေသော ပန်းကန်လုံးပုံသဏ္ဍာန် အဖွင့်အပိတ်တစ်ခုကို မြင်လိုက်ရသဖြင့် ဘာမျှ ထပ်မစဉ်းစားတော့ဘဲ သူ၏ ညာလက်ဖြင့် ထိုပန်းကန်လုံးကို လှမ်းကိုင်ကာ အားပြင်းပြင်းဖြင့် လှည့်လိုက်တော့သည်။

ဤကဲ့သို့ ဖွင့်လှစ်သည့် နည်းလမ်းက သေချာပေါက် မှားယွင်းနေပေသည်။

ထိုအခါ လျှို့ဝှက်ယန္တရားသည် ချက်ချင်းပင် ပွင့်ထွက်သွားတော့၏။ ရုတ်တရက်ဆိုသလို ဘေးပတ်ပတ်လည်ရှိ ကျောက်နံရံများမှ အပေါက် တစ်ဆယ့်ခြောက်ပေါက် ပေါ်ထွက်လာပြီး အပေါက်တစ်ခုစီမှ မီးတောက်များ ဝုန်းခနဲ ပန်းထွက်လာခဲ့သည်။

လမ်းမြှောင်က သိပ်မကျယ်လှသဖြင့် ပြင်းထန်သော မီးတောက်များ၏ အပူရှိန်က တစ်နေရာလုံးသို့ ပြည့်နှက်သွားတော့၏။

"အတွင်းထဲမှာ ထောင်ချောက်ရှိတယ်..."

"ဒီမီးတောက်ရဲ့ စွမ်းအားက အဆင့်အတန်း အရမ်းမြင့်တယ်... ငွေရောင်ရိုးတွင်းခြင်ဆီအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုရင် တောင့်ခံနိုင်မှာ မဟုတ်ဘူး..."

ကြောက်မက်ဖွယ် မီးတောက်များနှင့် ရင်ဆိုင်ရသောအခါ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ နည်းပြငါးယောက်သည် မိမိတို့၏ လက်နက်များကို ဝှေ့ယမ်းလိုက်ကြပြီး ပြင်းထန်သော လေလှိုင်းများကို ဖန်တီးကာ ၎င်းတို့၏ ခန္ဓာကိုယ်ကို ကာကွယ်လိုက်ကြ၏။ ပြင်းထန်သော မီးတောက်များ ရှိနေသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

မီးတောက်များသည် တစ်မိနစ်ခန့်ကြာအောင် တောက်လောင်နေခဲ့သည်။ ထို့နောက်တွင်မူ မီးတောက်၏ စွမ်းအင်များ ခန်းခြောက်သွားတော့၏။ လူငါးယောက်သည် မိမိတို့၏ လက်နက်များကို ဝှေ့ယမ်းကာ ထိုနေရာအတွင်းရှိ အပူရှိန်များကို မောင်းထုတ်လိုက်ကြသည်။

"ဒီသွေးဓားဂူရဲ့ လျှို့ဝှက်ယန္တရားတွေက တကယ့်ကို အထင်ကြီးစရာပဲ..."

"အကယ်၍ ငါတို့ငါးယောက်လုံးသာ ငွေရောင်ရိုးတွင်းခြင်ဆီအဆင့်မှာရှိနေရင် ဒီနေရာမှာတင် သေဆုံးသွားလောက်ပြီ..."

ယွမ်ကော်ကော်က တည်ငြိမ်စွာ ရေရွတ်လိုက်၏။

စီထူယန့်လုံက သူ၏ ဒေါသကို နှိပ်ကွပ်လိုက်ရင်း ပန်းကန်လုံး၏ အနားသတ်ကို ထပ်မံဖိနှိပ်ကာ အကြိမ်အနည်းငယ် ထပ်မံလှည့်လိုက်ရာ နောက်ဆုံးတွင် ကျောက်တံခါးသည် တကျိကျိ မြည်ဟီးသံနှင့်အတူ လုံးဝ ပွင့်ဟသွားတော့သည်။

"အောက်ထဲမှာ နောက်ထပ် လမ်းမြှောင်တစ်ခု ရှိနေသေးတာကို ငါ လုံးဝ မျှော်လင့်မထားမိဘူး..."

စီထူယန့်လုံက အေးစက်စွာ ပြုံးလိုက်၏။

ထို့နောက် စီထူယန့်လုံသည် ဘာမျှ နောက်တွန့်မနေတော့ဘဲ ဒုတိယလမ်းမြှောင်ထဲသို့ ဇွတ်တိုးဝင်သွားတော့သည်။ ယွမ်ကော်ကော်နှင့် အခြားလူသုံးယောက်ကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွားကြ၏။

မကြာမီမှာပင် လူငါးယောက်သည် ဟာလာဟင်းလင်း နေရာသို့ ရောက်ရှိလာကြပြီး ၎င်းတို့အားလုံးသည် သိသာထင်ရှားလှသော ဒစ်ပြားပုံသဏ္ဍာန် လက်ကိုင်ပါရှိသည့် ကျောက်တံခါးတစ်ခုကို မြင်လိုက်ကြရသည်။

"ဒါက သွေးဓားဂူရဲ့ ရတနာဂိုဒေါင် ဖြစ်ရမယ်..."

စီထူယန့်လုံက ထိုကျောက်တံခါးကို မြင်လိုက်ရသောအခါ အလွန် ဝမ်းသာသွားခဲ့၏။ စွမ်းအားကြီးမားလှသော စီထူယန့်လုံသည် ချက်ချင်းပင် ကျောက်တံခါးဆီသို့ ပြေးသွားကာ ဒစ်ပြားပေါ်သို့ လက်တင်၍ ပြင်းထန်စွာ ဆွဲဖွင့်လိုက်တော့သည်။

ဤကဲ့သို့ တံခါးကို တိုက်ရိုက်ဆွဲဖွင့်လိုက်သည့် နည်းလမ်းက ထောင်ချောက်ကို တိုက်ရိုက် ပွင့်သွားစေခဲ့၏။

ကျောက်နံရံ၏ ဝဲယာနှစ်ဖက်မှ အပေါက်တစ်ခုစီ ပေါ်ထွက်လာပြီး ထိုအပေါက်နှစ်ခုထဲမှ မွှေးပျံ့သော အနံ့အသက်တစ်ခု လွင့်ပျံလာခဲ့သည်။ နည်းပြငါးယောက်လုံးသည် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြပြီး မိမိတို့၏ မြင့်မားသော ကျင့်ကြံမှုအဆင့်အတန်းအပေါ် ယုံကြည်မှု လွန်ကဲနေကြသဖြင့် ဤထောင်ချောက်များကို အနည်းငယ်မျှပင် မမှုကြပေ။

ထိုမွှေးပျံ့သောအနံ့က ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော်လည်း ငါးယောက်လုံးက အာရုံမစိုက်မိကြချေ။

စွမ်းအားကြီးမားသော စီထူယန့်လုံသည် ကျောက်တုံးကို ဖယ်ရှားလိုက်ပြီး ရတနာဂိုဒေါင်ထဲသို့ ချက်ချင်း တိုးဝင်သွားခဲ့၏။

"ငါ နောက်ဆုံးတော့ သွေးဓားဂူရဲ့ ရတနာဂိုဒေါင်ကို ရှာတွေ့ပြီ... ဒီရတနာတွေ အားလုံးက ငါ့အပိုင်ပဲ..."

စီထူယန့်လုံက မိမိ၏ ပိုင်ဆိုင်မှုကို ကြေညာရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဒါတွေအားလုံးက ခင်ဗျားတစ်ယောက်တည်းအပိုင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ ယွမ်ကော်ကော်ကတော့ လုံးဝ သဘောမတူနိုင်ဘူး..."

ယွမ်ကော်ကော်က လှောင်ပြုံးပြုံးရင်း နောက်မှ လိုက်ဝင်လာခဲ့၏။ အခြားနည်းပြသုံးယောက်ကလည်း တိုးဝင်လာကြသည်။ ၎င်းတို့သည် ဘာမှမပြောနိုင်ကြတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို ကြည့်ရင်း မှင်တက်သွားကြတော့၏။

ထိုအခိုက်တွင် စီထူယန့်လုံသည်လည်း ဤနေရာအတွင်း၌ မည်သည့်ပစ္စည်းမှ မရှိဘဲ လုံးဝ အလွတ်ကြီး ဖြစ်နေသည်ကို မြင်လိုက်ရသည်။

"မဖြစ်နိုင်တာ... မဖြစ်နိုင်တာ..."

"သွေးဓားဂူရဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်က ဒီက ရတနာတွေကို ကြိုတင်ရွှေ့ပြောင်းသွားကြတာလား..."

စီထူယန့်လုံက ဒေါသတကြီး အော်ဟစ်လိုက်၏။

အတိအကျပင် ထိုအခိုက်အတန့်၌ နည်းပြငါးယောက်လုံးသည် မိမိတို့၏ ခန္ဓာကိုယ်များ ပူလောင်လာသည်ကို ခံစားလိုက်ရသည်။ လူငါးယောက် ခုနက စုပ်ယူမိလိုက်သော မွှေးပျံ့သောအနံ့မှာ အမှန်စင်စစ် ကာမအားတိုးဆေးပင် ဖြစ်နေတော့၏။

"မကောင်းတော့ဘူး..."

ယွမ်ကော်ကော်သည် ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။ သူက မိမိကိုယ်မိမိ သတိရှိနေဆဲ အခိုက်အတန့်ကို အမိအရအသုံးချကာ ကျားသစ်တစ်ကောင်ကဲ့သို့ ထိုနေရာမှ လွတ်မြောက်အောင် အတင်းရုန်းထွက် ပြေးသွားတော့၏။

"ငါတို့အားလုံး ဆေးမိသွားပြီ..."

စီထူယန့်လုံကလည်း ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို သတိပြုမိသွားသဖြင့် အော်ဟစ်လိုက်ရင်း ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ကျန်ရှိနေသော နည်းပြသုံးယောက်မှာမူ သတိလွတ်နေကြပြီ ဖြစ်ရာ ၎င်းတို့သည် တပြိုင်နက်တည်း ရှေ့သို့ တိုးဝင်လာကြပြီး စီထူယန့်လုံကို အတင်းအဓမ္မ ဝိုင်းဝန်းဖက်တွယ်ထားကြတော့၏။

All Chapters