အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) အရှုပ်တော်ပုံကို အပြင်မပေါက်စေရ
ကျောက်ဟယ်ရွှမ်းသည် ယွီရွှေစခန်းမှ စစ်သည်တော်များကို ဦးဆောင်၍ ကျောက်ဂူအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ စစ်သည်တော်များသည် နေရာအနှံ့သို့ ပိုက်စိပ်တိုက် ရှာဖွေကြ၏။
"တပ်ရင်းမှူး... ဒီနေရာမှာ လျှို့ဝှက်တံခါးတစ်ခု ရှိနေပြီး နောက်ကွယ်မှာ လမ်းမြှောင်တစ်ခု ရှိနေတယ်..."
အတန်ကြာသော် စစ်သည်တော်တစ်ဦးက အပြေးအလွှား လာရောက်သတင်းပို့သည်။ ကျောက်ဟယ်ရွှမ်းသည် ချက်ချင်းပင် အပြေးသွားကြည့်ရာ ထိုလျှို့ဝှက်တံခါးနှင့် ဂူဝတွင် စီထူယန့်လုံ ချန်ထားခဲ့သော လျှို့ဝှက်အမှတ်အသားကို ရှာဖွေတွေ့ရှိလိုက်၏။
"အားလုံး ဝင်ကြစို့..."
စီထူယန့်လုံ လမ်းမြှောင်အတွင်းသို့ ဝင်ရောက်သွားကြောင်း ကျောက်ဟယ်ရွှမ်း ချက်ချင်း ရိပ်မိလိုက်သည်။ သေချာပေါက်ပင် သူသည်လည်း ဝင်ရောက်လိုသည် ဖြစ်ရာ ကျောက်ဟယ်ရွှမ်းက ရှေ့ဆုံးမှ ဦးဆောင်၍ လမ်းမြှောင်အတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားတော့၏။ စစ်သည်တော် ရာဂဏန်းကလည်း ကျောက်ဟယ်ရွှမ်း၏ နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
၎င်းတို့သည် ပထမလမ်းမြှောင်မှတစ်ဆင့် ဒုတိယလမ်းမြှောင်သို့ ဖြတ်သန်းပြီးနောက် မကြာမီမှာပင် ရတနာဂိုဒေါင်သို့ ရောက်ရှိသွားကြ၏။
"အား..."
အဘယ်သို့သော အခြေအနေပါနည်း။
ယွီရွှေစခန်းမှ စစ်သည်တော်များသည် ရတနာဂိုဒေါင်အတွင်းသို့ ပြေးဝင်လာကြပြီး မီးတုတ်အလင်းရောင်ဖြင့် အတွင်းဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံး မျက်နှာများ ရဲတက်သွားကြတော့သည်။
ကြမ်းပြင်ပေါ်တွင် စီထူယန့်လုံနှင့် အခြားနည်းပြသုံးဦးမှာ ဗလာကျင်းနေကြပြီး ကြီးပြင်းပြီးသား အမျိုးသားကြီး လေးဦးသည် တစ်ဦးနှင့်တစ်ဦး ဖက်တွယ်လုံးထွေးနေကြရာ ဖော်ပြရန်ပင် ခက်ခဲလှသော မြင်ကွင်းမျိုး ဖြစ်နေတော့၏။
"ချီလင်အကယ်ဒမီက နည်းပြတွေက တကယ်ပဲ ပျော်ပျော်ပါးပါး နေတတ်ကြတာပဲ..."
"ယောကျာ်းတစ်ယောက်က မိန်းမအများကြီးနဲ့ တပြိုင်နက်တည်း အတူနေတာကို ငါ နားလည်နိုင်သေးတယ်... ဒါပေမဲ့ အခုက ဘာသဘောလဲ..."
"ဒါက ချီလင်အကယ်ဒမီရဲ့ အထူးလေ့ကျင့်ရေးနည်းလမ်းများလား..."
"ဒီလိုနည်းနဲ့ ရွှေခန္ဓာနယ်ပယ်ကို ဖောက်ထွက်ရတာလား..."
နောက်မှ လိုက်ပါလာသော စစ်သည်တော်များသည် တစ်ယောက်တစ်ပေါက်ဖြင့် စတင်ဝေဖန် အငြင်းပွားနေကြတော့သည်။
စစ်သည်တော်များ၏ စကားကို ကြားလိုက်ရသောအခါ ကျောက်ဟယ်ရွှမ်းသည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့၏။ ဤအရာသည် ချီလင်အကယ်ဒမီအတွက် အလွန်တရာ ကြီးမားလှသော အရှုပ်တော်ပုံနှင့် အမည်းစက်ကြီးပင် ဖြစ်သည်။
"အားလုံး နားထောင်စမ်း..."
"ဒီအကြောင်းကို ဘယ်သူမဆို အပြင်ကို ပေါက်ကြားအောင် ပြောခဲ့ရင် မင်းတို့ဟာ ချီလင်အကယ်ဒမီရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်..."
"ဒီသတင်းကို ဘယ်သူပဲ ပေါက်ကြားပေါက်ကြား... ချီလင်အကယ်ဒမီက မင်းတို့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးကို အမြစ်ပြတ် သတ်ပစ်လိမ့်မယ်..."
"အခု ချက်ချင်း ဒီနေရာကနေ ထွက်သွားကြစို့..."
ကျောက်ဟယ်ရွှမ်းက ချက်ချင်းပင် သတိပေးစကား ပြောကြားလိုက်၏။ ဤနေရာတွင် စစ်သည်တော် ရာဂဏန်းမျှ ရှိနေသည်။ ကျောက်ဟယ်ရွှမ်းအနေဖြင့် ၎င်းတို့အားလုံးကို သတ်ပစ်ရန် သတ္တိမရှိသဖြင့် ဤကဲ့သို့ ပြင်းထန်စွာ သတိပေးလိုက်ရုံသာ တတ်နိုင်ပေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ စစ်သည်တော်များက ကိစ္စရပ်၏ ကြီးလေးမှုကို ရိပ်မိသွားကြသဖြင့် ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့၏။
မှန်ပေသည်။ တစ်ခုတည်းသော တရားဝင် ကျင့်ကြံရေးကျောင်းတော် ဖြစ်သည့် ချီလင်အကယ်ဒမီသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို အလေးအမြတ်ဆုံး ထားကြသည်။ အကယ်၍ ဤကဲ့သို့ ရှက်ဖွယ်လိလိ ဖြစ်ရပ်မျိုး အပြင်သို့ ပြန့်နှံ့သွားပါက ချီလင်အကယ်ဒမီသည် ယွီရွှေခရိုင်တစ်ခုလုံးတွင် လှောင်ပြောင်စရာ ဖြစ်သွားလိမ့်မည် ဖြစ်ရာ ၎င်းတို့အနေဖြင့် ဘယ်လိုမှ လက်ခံနိုင်မည် မဟုတ်ပေ။ သေချာပေါက်ပင် ကောလာဟလ ဖြန့်ဝေသူ မည်သူမဆို ချီလင်အကယ်ဒမီ၏ ကလဲ့စားချေမှုကို ခံရမည်ဖြစ်ပြီး မိသားစုတစ်ခုလုံး အသတ်ခံရရန်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိနေသည်။
ကျောက်ဟယ်ရွှမ်းသည် စစ်သည်တော်များကို ဦးဆောင်၍ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့၏။
တစ်ချိန်တည်းမှာပင် ရတနာဂိုဒေါင်အတွင်း၌ စီထူယန့်လုံ အပါအဝင် နည်းပြလေးဦးက နောက်ဆုံးတွင် သတိပြန်လည်လာကြသည်။
"အား..."
စီထူယန့်လုံသည် ခွန်အားကြီးမားသော နဂါးတစ်ကောင်ကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏အသံက ရတနာဂိုဒေါင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားတော့၏။ အခြားနည်းပြသုံးဦးလည်း လန့်နိုးလာကြသည်။
"အား..."
ထိုသုံးဦးမှာ ထိတ်လန့်တကြားဖြင့် အော်ဟစ်ကြတော့၏။
အမျိုးသားလေးဦးလုံး ကာမအားတိုးဆေး မိခဲ့ကြသဖြင့် ပြင်းထန်လှသော တိုက်ပွဲကြီး ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင်မူ ၎င်းတို့သည် ကျန်ရှိနေသော သုံးဦးကို ဒေါသတကြီး သတ်ပစ်ချင်စိတ်များသာ ပြင်းထန်နေတော့၏။
လွန်ခဲ့သော ဖြစ်ရပ်များက ပြန်လည်တွေးတောရန် အလွန်ပင် နာကျင်စရာ ကောင်းလှပေသည်။
၎င်းတို့လေးဦးသည် အဝတ်အစားများကို အလန့်တကြား အပြေးအလွှား ဝတ်ဆင်လိုက်ကြပြီး ပျာပျာသလဲ ထွက်ပြေးသွားကြတော့၏။
အားလုံးက ဂူဝသို့ ပြန်လည်ရောက်ရှိလာကြသည်။
စီထူယန့်လုံနှင့် နည်းပြများ ဂူဝသို့ ရောက်ရှိလာသည့်အခါ စစ်သည်တော်အများအပြားက ၎င်းတို့အား အလွန်ထူးဆန်းပြ အီလည်လည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်ကို တွေ့ရှိလိုက်ရ၏။ ကျောက်ဟယ်ရွှမ်းပင်လျှင် စီထူယန့်လုံ၏ မျက်လုံးများကို တည့်တည့်မကြည့်ဝံ့ချေ။
ချက်ချင်းဆိုသလိုပင် စီထူယန့်လုံသည် အခြေအနေကို သဘောပေါက်သွားခဲ့သည်။
*ငါတို့ အရှက်ခွဲခံလိုက်ရပြီ…*
နည်းပြလေးဦးလုံး၏ စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားကြတော့၏။ ၎င်းတို့၏ အရင်က မြင့်မြတ်လှသော၊ အရှိန်အဝါကြီးမားလှသော ပုံရိပ်များသည် လုံးဝ ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိလုနီးပြီ ဖြစ်သဖြင့် ကျောက်ဟယ်ရွှမ်းသည် ဤကျောက်ဂူအတွင်း၌ ညအိပ်ညနေ မနေနိုင်ကြောင်း သိရှိထား၏။ ထို့ကြောင့် ကျောက်ဟယ်ရွှမ်းက အော်ဟစ်လိုက်သည်။
"စစ်သည်တော်များ အားလုံး နားထောင်စမ်း... အခု ချက်ချင်း စခန်းကို ပြန်မယ်..."
ယွီရွှေစခန်းမှ စစ်သည်တော်များသည် သွေးဓားဂူအတွင်း၌ ငွေပြားတစ်ပြားမျှ မတွေ့ရှိခဲ့ရသလို ထွက်ပြေးသွားသော ဓားပြများကိုလည်း မဖမ်းဆီးနိုင်ခဲ့သဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လည်ဆုတ်ခွာခဲ့ကြရတော့၏။
ထိုအခိုက်တွင် စီထူယန့်လုံက ကျောက်ဟယ်ရွှမ်း၏ ဘေးသို့ လျှောက်လှမ်းလာခဲ့သည်။
"ငါတို့ ဒီနေ့ ဓားပြစခန်း သုံးခုကို တိုက်ခိုက်ခဲ့တယ်... ဝံပုလွေတောင်ထွတ်နဲ့ သွေးဓားဂူရဲ့ ရတနာဂိုဒေါင်တွေက ဟာလာဟင်းလင်းဖြစ်နေပြီး ဝိညာဉ်ဆေးပင် တစ်ပုလင်းမျှပင် မတွေ့ခဲ့ရဘူး..."
"မင်းတို့ စခန်းကို အရင်ပြန်နှင့်ကြ... ငါ သွေးကင်းမြီးကောက်တောင်တန်းဆီကို တိုက်ရိုက်သွားမယ်... အဲ့ဒီက ရတနာဂိုဒေါင်ပါ ကြိုတင်ရွှေ့ပြောင်းခံထားရမယ်လို့ ငါ လုံးဝ မယုံကြည်နိုင်ဘူး..."
စီထူယန့်လုံသည် ယခုအချိန်တွင် ဒေါသအိုး ပေါက်ကွဲနေပြီဖြစ်ရာ စခန်းသို့ တည်ငြိမ်စွာ ပြန်လည်သွားရောက်နိုင်ခြင်း မရှိတော့ပေ။ သွေးကင်းမြီးကောက်တောင်တန်းတွင် သောင်းကျန်းပစ်လိုက်ခြင်းဖြင့်သာ စီထူယန့်လုံ၏ ရင်ထဲမှ ပြင်းထန်သော ဒေါသမီးကို ငြှိမ်းသတ်နိုင်မည် ဖြစ်သည်။
"ဆရာ... သေသေချာချာ သတိထားပါဦး..."
ကျောက်ဟယ်ရွှမ်းက အနည်းငယ် စိုးရိမ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် စီထူယန့်လုံသည်တစ်ဦးတည်း သွားရောက်ခြင်းကြောင့် ဖြစ်၏။ အကယ်၍ ဝံပုလွေတောင်ထွတ်၊ သွေးဓားဂူနှင့် သွေးကင်းမြီးကောက်တောင်တန်းတို့မှ ရွှေခန္ဓာနယ်ပယ် ဂိုဏ်းခေါင်းဆောင် ခြောက်ဦးလုံး ထိုနေရာ၌ ရှိနေပါက သူတစ်ဦးတည်းဖြင့် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ ခြောက်ဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။
"ဟွန်း... မင်းက ချီလင်အကယ်ဒမီရဲ့ နည်းပြချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အလကားလို့ ထင်နေတာလား..."
"ငါက တစ်ယောက်တည်း လှုပ်ရှားတာ... လာချင်သလိုလာ သွားချင်သလိုသွားတာပဲ... အဲ့ဒီရွှေခန္ဓာနယ်ပယ် ဓားပြတွေက ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး..."
စီထူယန့်လုံက တည်ငြိမ်စွာ ပြောဆိုလိုက်ပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားတော့၏။
ကျောက်လင်သည် ရတနာဂိုဒေါင်မှ ထွက်ခွာလာပြီးနောက် ဂူဝသို့ ပြန်လည်ရောက်ရှိလာကာ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ထိုအခိုက်တွင် ယွမ်ကော်ကော်သည် မျက်နှာတစ်ခုလုံး နီမြန်းနေလျက် ဂူဝသို့ အပြေးအလွှား ရောက်ရှိလာ၏။ သူသည် ငရဲကဲ့သို့သော ဒုက္ခဝေဒနာကို ဖြတ်သန်းခဲ့ရပုံမျိုး ဖြစ်နေပြီး တစ်ကိုယ်လုံး နုံးချည့်နေခဲ့သည်။
"နည်းပြယွမ်... ခင်ဗျား ဘာဖြစ်တာလဲ..."
ကျောက်လင်က အံ့သြသွားဟန်ဖြင့် လှမ်းမေးလိုက်၏။
ကျောက်လင်အနေဖြင့် ရတနာဂိုဒေါင်တံခါးဝတွင် လျှို့ဝှက်ယန္တရား ရှိနေကြောင်း သိရှိသော်လည်း ၎င်းအတွင်း၌ မည်ကဲ့သို့သော တိုက်ခိုက်မှုမျိုး ပါဝင်နေသည်ကို မသိရှိခဲ့သလို ယွမ်ကော်ကော်လည်း ဆေးမိသွားခဲ့ကြောင်းကို အမှန်တကယ်ပင် မသိရှိခဲ့ပေ။
ယွမ်ကော်ကော်သည် ဂူအတွင်းရှိ ရေကန်စိမ်းဆီသို့ တစ်ဦးတည်း ပြေးဝင်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရေထဲသို့ နှစ်မြှုပ်ထားလိုက်ခြင်းဖြင့်သာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကာမမီးတောက်များကို နောက်ဆုံးတွင် ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ကျောက်လင်... ငါ အခု အားအင်ကုန်ခမ်းနေတယ်... မင်း ငါ့ကို တောင်အောက်အထိ ကျောပိုးပြီး ခေါ်သွားပေးလို့ ရမလား..."
ယွမ်ကော်ကော်သည် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ သူသည် ထိုကာမဆန္ဒများကို အောင်မြင်စွာ တောင့်ခံနိုင်ခဲ့သော်လည်း ခန္ဓာကိုယ်ကမူ အကြီးအကျယ် ထိခိုက်ခံစားခဲ့ရ၏။ သူသည် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ ဖြစ်နေလင့်ကစား အားအင်အားလုံး လုံးဝ ခန်းခြောက်သွားခဲ့ရပေသည်။
"ပြဿနာမရှိပါဘူး..."
ကျောက်လင်က ပြုံး၍ ပြန်လည်ဖြေကြားလိုက်၏။ ယွမ်ကော်ကော်သည် စီထူယန့်လုံ၏ ဖိအားပေး နှောင့်ယှက်မှုများကို ကျောက်လင်အတွက် အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ဖူးသဖြင့် ကျောက်လင်အနေဖြင့် သူ့အပေါ် ကောင်းမွန်သော အထင်အမြင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျောက်လင်သည် ယွမ်ကော်ကော်ကို သူ၏ ကျောပေါ်၌ ပိုးချီထားလိုက်ပြီး တောင်အောက်သို့ လျှောက်လှမ်းလာခဲ့တော့၏။
ကျောက်လင်၏ လင်းယုန်မျက်လုံးဖြင့် ကြည့်ရှုလိုက်ရာ စီထူယန့်လုံသည် တောင်ခြေသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် ချက်ချင်းပင် မြင်းတစ်ကောင်ပေါ်သို့ တက်စီးကာ တစ်ဦးတည်း ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဟင်... စီထူယန့်လုံက ထွက်သွားပြီလား..."
ကျောက်လင်က တိုးညင်းစွာ ရေရွတ်လိုက်၏။
"သူ သွေးကင်းမြီးကောက်တောင်တန်းဘက်ကို ဦးတည်သွားတာဖြစ်ရမယ်..."
"ငါ နားလည်ပြီ... စီထူယန့်လုံက ဓားပြစခန်း
နှစ်ခုကို နှိမ်နင်းခဲ့ပေမဲ့ ဝိညာဉ်ဆေးရည် တစ်ပုလင်းမျှပင် မရရှိခဲ့ဘူး... သူက အရမ်း ဒေါသထွက်နေတာကြောင့် သွေးကင်းမြီးကောက်တောင်တန်းရဲ့ ရတနာဂိုဒေါင်ကို တစ်ယောက်တည်း သွားရောက် လုယက်ချင်နေတာပဲ..."
ယွမ်ကော်ကော်သည် စီထူယန့်လုံ၏ စရိုက်ကို ကောင်းစွာ နားလည်ထားသဖြင့် သူ၏ အစီအစဉ်ကို ချက်ချင်း ခန့်မှန်းမိလိုက်ခြင်း ဖြစ်သည်။
မရည်ရွယ်ဘဲ ပြောလိုက်သော စကားဖြစ်သော်လည်း နားထောင်သူအဖို့မူ ရင်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကျောက်လင်အနေဖြင့် စီထူယန့်လုံက သွေးကင်းမြီးကောက်တောင်တန်း၏ ရတနာဂိုဒေါင်ကို သွားရောက်သိမ်းပိုက်မည့် အခြေအနေကို သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
မကြာမီမှာပင် ကျောက်လင်သည် ယွမ်ကော်ကော်ကို တောင်အောက်သို့ ပိုးချီခေါ်ဆောင်လာခဲ့ပြီး မြင်းပေါ်သို့ တင်ပေးလိုက်၏။
“ကောင်လေး ကျောက်လင်... ငါ တစ်ညလောက် အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ..."
"နောက်ဆိုရင် ငါ မင်းကို ကာကွယ်ပေးမယ်..."
ယွမ်ကော်ကော်က ကျောက်လင်ကို သဘောကျစွာ ကြည့်ရှုရင်း ပြုံး၍ ပြောဆိုလိုက်သည်။
"ကောင်းပါပြီ... ကျွန်တော် အစ်ကိုကြီးယွမ်ရဲ့ ကာကွယ်ပေးမှုကို စောင့်မျှော်နေပါ့မယ်..."
ကျောက်လင်ကလည်း ပြုံး၍ ပြန်လည်ဖြေကြားလိုက်၏။ ထို့နောက်တွင်မူ လူအုပ်စုကြီးသည် မြင်းများကို စီးနင်းလျက် ထွက်ခွာသွားကြတော့သည်။
လမ်းခုလတ်သို့ ရောက်ရှိသည့်အခါ ကျောက်လင်က ရုတ်တရက် သူ၏ မြင်းကို ရပ်တန့်လိုက်၏။
"ကျောက်လင်... ဘာဖြစ်လို့လဲ..."
သူ့ဘေးတွင် ရှိနေသော ယောင်ဟွဲ့သောက်က မေးခွန်းထုတ်လာခဲ့သည်။
"မိုးလုံးဝမမှောင်ခင် ဘေးနားက တောအုပ်ထဲမှာ တောလိုက်ပြီး သားကောင်တစ်ကောင်လောက် ရှာဖွေချင်လို့ပါ... ဒါမှ ဒီည စခန်းချတဲ့အခါ အားလုံး ကင်စားလို့ ရမှာ..."
"ကောင်းပြီ... ခင်ဗျားတို့ စခန်းကို အရင်ပြန်နှင့်ကြပါ... ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်..."
ကျောက်လင်က ပြန်လည်ဖြေကြားလိုက်၏။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဖြစ်ကြသဖြင့် စစ်ရပ်စဲထားသည့် ကာလအတွင်း၌ မိမိတို့ဘာသာ ရိက္ခာရှာဖွေခြင်းနှင့် တောင်ပေါ်၌ အမဲလိုက်ခြင်းကို ခွင့်ပြုထားပေသည်။
"ကောင်းပြီ... ငါတို့ စခန်းကို အရင်ပြန်ပြီး မင်းကို စောင့်နေမယ်..."
ယောင်ဟွဲ့သောက်နှင့် အခြားလူခြောက်ယောက်မှာ ကျောက်လင်၏ ခွန်အားက ကြီးမားလှပြီး သားရဲများကို အမဲလိုက်နိုင်စွမ်း ရှိကြောင်း သိရှိထားကြသဖြင့် သူ့ကို ထပ်မံ၍ မတားဆီးကြတော့ပေ။
ကျောက်လင်သည် ချက်ချင်းပင် သူ၏ မြင်းကို ဇက်ကြိုးလှည့်ကာ တောအုပ်အတွင်းသို့ စီးနင်းဝင်ရောက်သွားခဲ့ပြီး ပင်မတပ်ဖွဲ့ကြီး၏ အနောက်တွင် ကျန်ရစ်ခဲ့တော့၏။