မီးတောင် (၁)
Vol. 59 Ch. 1007
“အာရုဏ်ဦးမြို့တော်မှာတုန်းက အထူးအဆင့်တွေ အဲ့ဒီလောက် အများကြီးမရှိပါဘူး”
နန်ကျင်းသည်လည်း ရထားတွဲပေါ်မှ ဆင်းကာ စောင့်ကြည့်ရေးခန်းမဆီသို့ ဦးတည်လိုက်ရင်း ရေရွတ်လိုက်သည်၊၊
“သန္ဓေပြောင်းမွန်းစတားကြီးတွေက တစ်ကောင်ပြီးတစ်ကောင်ပေါ်လာနေတာ တစ်ကောင်ချင်းစီကလည်း ရင်ဆိုင်ရခက်ခဲလွန်းတယ်။ ဒါပေမဲ့ ဒီပင်လယ်ပြင်မှာတော့ ဖျော်ဖြေပွဲတစ်ခုလိုပဲ နေရာအနှံ့မှာ ပြည့်နှက်နေတာပဲ”
“ဖျော်ဖြေပွဲ ဟုတ်လား...”
ချီလီသည် ကူကယ်ရာမဲ့စွာ ရယ်မောရင်း လှည့်ကြည့်လိုက်သည်၊၊
“ငါတို့ ကပ္ပတိန်ကော ဘယ်ရောက်နေလဲ။ အခြေအနေတွေ ဒီလောက်တောင် ပြင်းထန်နေတာကို သူ တကယ်ပဲ လာမကြည့်ချင်တာ သေချာလား”
“ဒီလိုရလဒ်မျိုး ဖြစ်လာမယ်ဆိုတာ သူ သိထားပြီးသားပါ” ကီကီက စောင့်ကြည့်ရေးမျက်နှာပြင်ကို ကြည့်ရင်း ပြောသည်၊၊
“အခု ကျွန်မတို့က စွမ်းအင်ထုတ်လွှတ်မှုကို ပိုမြှင့်တင်ဖို့ပဲ ကြိုးစားနေတယ်။ ဒီပင်လယ်ပြင်ဆီကို သတ္တဝါတွေ ပိုပြီး ဆွဲဆောင်နိုင်မလားလို့လေ။ ဖိအားတွေကို တကယ်တမ်း မလျှော့ချနိုင်ရင်တောင် ဘယ်သူသိနိုင်မလဲ။ သမုဒ္ဒရာနတ်ဘုရားကြီးက ဒီလောက်များပြားတဲ့ သတ္တဝါတွေ စုပြုံနေတာကို မြင်ရင် ဆာလောင်လာပြီး လှုပ်ရှားလာနိုင်တာပဲ...”
ကီကီ၏ စကားကြောင့် စောင့်ကြည့်ရေးခန်းမအတွင်းရှိ လူတိုင်းကျောချမ်းသွားကြသည်။ ထိုမျှလောက် ကြီးမားလှသော သန္ဓေပြောင်းမွန်းစတားကြီးများကို အစာအဖြစ် သတ်မှတ်ခြင်းက အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းသော အတွေးပင် ဖြစ်သည်။
ထိုစဉ် ရိုင်ယန်က သက်ပြင်းတစ်ချက်ချကာ ဗန်နက်ဆာကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ဗန်နက်ဆာ… Neptune ရဲ့ ရွှေ့ပြောင်းတဲ့ လုပ်ငန်းစဉ်ကို သွားစစ်ဆေးလိုက်ပါ။ လောလောဆယ် မလိုအပ်တဲ့အရာတွေကို စွန့်ပစ်ခဲ့…. တစ်ယောက်မှ ကျန်မခဲ့စေနဲ့။ အချိန်မကြာစေနဲ့”
“ကောင်းပါပြီ”
ဗန်နက်ဆာက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် အပြင်သို့ ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် လင်းရှန်သည် စင်္ကြံလမ်းအတိုင်း လျင်မြန်စွာ လျှောက်လှမ်းလာပြီး စခန်း၏ ရေနက်ဆိပ်ကမ်း အောက်ထပ်ဆီသို့ လှေကားအတိုင်း ဆင်းလာခဲ့သည်။ သူ အတွင်းသို့ ဝင်လိုက်သည်နှင့် သမုဒ္ဒရာ၏ လေထုက ဆီးကြိုနေပြီး ရေနက်ဆိပ်ကမ်းရှိ ကြီးမားလှသော ရေနက်ပိုင်းများသည် လှိုင်းကြက်ခွပ်ငယ်များဖြင့် အဆက်မပြတ်လှုပ်ခတ်နေသည်။ အတွင်း၌ ဆိုက်ကပ်ထားသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကြီးသည် အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
၎င်းသည် ပင်လယ်ရေအောက် ငလျင်ကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း လင်းရှန် သိရှိထားသည်။ ရေငုပ်သင်္ဘော၏ ရေနက်ဆိပ်ကမ်းသည် ကျွန်းအောက်ရှိ ချောက်ကမ်းပါးများနှင့် တိုက်ရိုက်ဆက်သွယ်နေပြီး အောက်ခြေတွင် မည်မျှများပြားသော ရေနက်ပိုင်း ထူးဆန်းသောသတ္တဝါများရှိနေမည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် ယခုအချိန်တွင် သူသည် ထိုအရာများကို ဂရုစိုက်ရန် စိတ်ကူးမရှိဘဲ ရေငုပ်သင်္ဘောပေါ်သို့ ခုန်တက်ကာ ရေလုံတံခါးမှတစ်ဆင့် အတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
ရေငုပ်သင်္ဘော၏ အတွင်းပိုင်းသည် ထင်ထားသည်ထက် ပို၍ကျယ်ဝန်းပေသည်။ ၎င်းသည် လူပေါင်း ၄၅၀ ခန့် ဆံ့သော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကြီးဖြစ်သည့်အပြင် အစွမ်းထက်သော မဟာဗျူဟာမြောက်လက်နက်များနှင့် ပြည့်စုံစွာ တပ်ဆင်ထားသည်။ သို့သော် လင်းရှန်သည် လက်နက်များကို လာရောက်ရှာဖွေခြင်းမဟုတ်ဘဲ ရေငုပ်သင်္ဘော၏ ထိန်းချုပ်ခန်းဆီသို့ တိုက်ရိုက်ဦးတည်လိုက်ပြီးနောက် ကွန်ပျူတာတစ်လုံးနှင့် ချိတ်ဆက်ကာ စတင်ရှာဖွေလိုက်သည်။
ကီကီသည် ဤနေရာရှိ အချက်အလက်များကို အကုန်အစင် စကင်ဖတ်ပြီးဖြစ်၍ လင်းရှန်အနေဖြင့် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် သူက လက်မလျှော့ဘဲ ပတ်ဝန်းကျင်ရှိ စက်ပစ္စည်းများကို စကင်ဖတ်ရန် ယန္တရားနှလုံးသားကို စတင် အသုံးပြုလိုက်သည်။
တင်းကျန်းရီသည် လင်းရှန်၏ နောက်သို့ လိုက်ပါလာပြီး လင်းရှန် အသည်းအသန်ရှာဖွေနေသည်ကို မြင်သောအခါ ဘာမှမပြောဘဲ ဘေးတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။
လင်းရှန်သည် ရှာဖွေမှု ကျရှုံးပြီးနောက် သူ့နောက်သို့ လိုက်လာသော တင်းကျန်းရီကို လှည့်ကြည့်လိုက်သည်၊၊
“ဒါရိုက်တာတင်း ဘာလို့လိုက်လာတာလဲ”
“ရှင် ဘာရှာနေတာလဲ” တင်းကျန်းရီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။
လင်းရှန် သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ ပြောလိုက်သည်၊၊
“ငါ အရင်က ဖောင်ဒေးရှင်းထဲက လူတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်ကတစ်ဆင့် ချိတ်ဆက်မိတုန်းက ရေငုပ်သင်္ဘောထဲနဲ့ ရေနက်ပိုင်းမြင်ကွင်းတစ်ခုကို မြင်ခဲ့ရတယ်။ အဲ့ဒီတုန်းကတော့ ရေငုပ်သင်္ဘောရဲ့ အတွင်းပိုင်းပဲလို့ ထင်ခဲ့တာ… ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်ရင် ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းနေတဲ့ မြင့်မြတ်မြို့တော်က လူတွေက ဒီနေရာကို ရောက်လာပြီး အလွယ်တကူ ပြန်ထွက်သွားနိုင်တာဟာ ဖောင်ဒေးရှင်းကိုယ်တိုင်မှာ စိတ်ချရတဲ့ လွှဲပြောင်းရေးအစီအစဉ်တစ်ခုခုရှိနေလို့ ဖြစ်နိုင်တယ်”
“အရန်လွှဲပြောင်းရေး လမ်းကြောင်းလား”
တင်းကျန်းရီက အကြံပြုသလို ပြောလိုက်သည်။
လင်းရှန် ခေါင်းညိတ်ပြသည်၊၊ “ဟုတ်တယ်”
“သူတို့ကတော့ ဒီလိုအချက်အလက်မျိုးကို ရှင့်အတွက် ထားခဲ့မှာ မဟုတ်ဘူး” တင်းကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ ဒါကို တွေးထားပြီးသားပါ”
လင်းရှန်က သက်ပြင်းအရှည်ကြီး ချလိုက်ရင်း “အရင်က နန်ကျင်းနဲ့ ကီကီတို့ ဒီမှာရှာဖွေခဲ့ကြပေမဲ့ အဲ့ဒီတုန်းက ငါတို့က ဒီလောက်အရေးကြီးတဲ့ အခြေအနေကို မသိသေးဘူး။ တစ်ခုခုကျန်ရစ်ခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်။ သူတို့ဆီမှာ ရေနက်ပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေရှိနေမှာသေချာတယ်။ ဒါမှမဟုတ်ရင် သွေးဆောင်ဖြားယောင်းတော်ပီဒိုတွေကိုပဲ အားကိုးပြီး သူတို့ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး”
“တော်ပီဒိုတွေများလား”
လင်းရှန်က ဝေခွဲမရဖြစ်သွားကာ မေးလိုက်သည်။
တင်းကျန်းရီက သူမ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း “ဖောင်ဒေးရှင်းလို ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတစ်ခုအတွက်တော့ လုပ်ငန်းစဉ်အစီအစဉ်ဟာ အတွေ့အကြုံ ဒါမှမဟုတ် ရုတ်တရက် တုံ့ပြန်မှုတွေအပေါ်မှာပဲ အခြေခံမှာမဟုတ်တာ သေချာတယ်။ တကယ်လို့ ဒါဟာ ရွှေ့ပြောင်းရေးအစီအစဉ်ဆိုရင် တိကျတဲ့ လုပ်ဆောင်ချက်ဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေမှာပဲ။ ကျွန်မတို့က တော်ပီဒိုတွေ ပစ်လွှတ်တယ်ပဲ ထားဦး၊၊ ဒါဟာ ကျပန်းစမ်းသပ်မှုအပေါ်မှာပဲ လုံးလုံးလျားလျားအမှီပြုနေမှာ မဟုတ်ဘူးမလား”
တင်းကျန်းရီ၏ စကားကို ကြားရသောအခါ လင်းရှန် ခဏမျှ တောင့်တင်းသွားပြီး မသိစိတ်က ထပ်မေးရန် ပြင်လိုက်သော်လည်း တင်းကျန်းရီက သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်ကို သတိပြုမိသွားသဖြင့် မျက်မှောင်ကြုတ်ကာ အကြောင်းအရာကို နားလည်သွားတော့သည်။
“တော်တယ်”
လင်းရှန်၏ မျက်မှောင်များ ပြေလျော့သွားပြီးနောက် ရှေ့ရှိ ရေလုံတံခါးကို ဖွင့်ရန် ယန္တရားနှလုံးသားကို ချက်ချင်းပင် စတင်အသုံးပြုလိုက်ကာ တော်ပီဒိုခန်းဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
ထိုစဉ် သူ၌ ဆန်းကြယ်သော အတွေးတစ်ခု ပေါ်လာသဖြင့် ၎င်းကို အတည်ပြုရန် စိတ်အားထက်သန်နေ၏။
မကြာမီ လင်းရှန်သည် တော်ပီဒိုခန်းသို့ ရောက်ရှိသွားသည်။ စီတန်းသိပ်သည်းနေသော ကြီးမားလှသည့် တော်ပီဒိုပစ်လွှတ်ပြွန် ဒါဇင်ပေါင်းများစွာကို ကြည့်ရင်း သူသည် တော်ပီဒိုပြွန်အားလုံး၏ အချက်အလက်များကို ရယူရန် ယန္တရားစွမ်းအားကို တိုက်ရိုက်အသုံးပြုကာ ထိန်းချုပ်ခုံကို ဖွင့်လိုက်သည်။ ထို့နောက် အနီးဆုံးတစ်ခုဆီသို့ ချဉ်းကပ်ကာ အချက်အလက်များ ထုတ်ယူရန် လက်ကိုင်တာမီနယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
တီ တီ။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် လင်းရှန်သည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီးသွားခဲ့သည်။ ထိုအချိန်တွင် မျက်နှာပြင်ပေါ်၌ ဆန်းကြယ်သော အချက်အလက်တစ်ခု လင်းခနဲ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွား၏။
“တကယ်ပဲ”
ဤဆန်းကြယ်သော အချက်အလက်များသည် အခြားမဟုတ်ဘဲ သွေးဆောင်ဖြားယောင်းတော်ပီဒိုများအတွက် ကြိုတင်သတ်မှတ်ထားသော ပစ်လွှတ်မှုဆိုင်ရာ ကန့်သတ်ချက်များပင် ဖြစ်သည်။ ပစ်လွှတ်မည့် ကိုဩဒိနိတ်တစ်ခုချင်းစီကို ကြိုတင်သတ်မှတ်ထားခြင်းက ရေငုပ်သင်္ဘော၏ လှုပ်ရှားမှုလမ်းကြောင်းသည် ပုံသေ သို့မဟုတ် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ကြောင်း ညွှန်ပြနေပြီး ပင်လယ်ကြမ်းပြင်၌ စွန့်စားရဲရုံသက်သက် မဟုတ်သည်မှာ သေချာသည်။
ဤရှာဖွေတွေ့ရှိမှုက လင်းရှန်၏ အတွေးကို ရုတ်တရက် ပွင့်သွားစေသည်။ သူသည် ယခင်က မြင့်မြတ်မြို့တော်မှ လူများ ပင်လယ်ကျောက်ဆောင်ကျွန်းအတွင်းသို့ အဝင်အထွက်ပြုလုပ်နေကြခြင်းအပေါ် သံသယဝင်ခဲ့ပြီး သူတို့အားလုံးသည် အမှန်တကယ်ပင် ပြန်လမ်းမရှိသော လက်မှတ်ကို ကိုင်ဆောင်ကာ မွန်းစတားဒီရေ၏ ဗဟိုချက်ထဲသို့ စွန့်စားဝင်ရောက်ရဲသည့် အသေခံတပ်ဖွဲ့များလားဟု တွေးခဲ့ဖူးသည်။
သို့သော် ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်ပေ။ မြင့်မြတ်မြို့တော်က လူများသည် ကျွန်းအတွင်းသို့ မည်သို့ဝင်ရမည်ကို သိရှိရုံသာမက ကျွန်းမှ မည်သို့ပြန်ထွက်ရမည်ကိုလည်း ရှင်းလင်းစွာ သိရှိထားကြသည်။ ၎င်းသည် ယူနီဂါ-၁ ကမ်းလွန်စခန်း၌ စောင့်ကြည့်စစ်ဆေးထားသော ဖောင်ဒေးရှင်း၏ စမ်းသပ်ချက် အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။
“သွေးဆောင်ဖြားယောင်း တော်ပီဒိုအားလုံးမှာ ပစ်လွှတ်မှုအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားတယ်။ ဒါက သူတို့ဟာ ထွက်ပေါက်တစ်ခုချင်းစီနဲ့ မွန်းစတားကြီးတွေရဲ့ နယ်မြေရေပြင်အကြောင်းကို အတော်ကောင်းကောင်းနားလည်ထားကြတယ်ဆိုတာ ပြနေတာပဲ။ အနည်းဆုံးတော့ သူတို့ဆီမှာ ဒီပင်လယ်ပြင်ရဲ့ ရေနက်ပိုင်းဆိုင်ရာအချက်အလက်တွေ အကုန်ရှိနေလို့ ဘယ်လိုထွက်ရမလဲဆိုတာ သိတာပဲ။ ဒါဟာ ငါတို့အတွက် အခွင့်အရေးဖြစ်လာနိုင်တယ်”
တင်းကျန်းရီက လင်းရှန်၏ နောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေရင်း “ကျွန်မတို့ ဒါကို အတည်ပြုနိုင်ခဲ့ရင်တောင် ပြဿနာနှစ်ခုရှိနေသေးတယ်”
“ပထမအချက်က ဒီလမ်းကြောင်းကို ဘယ်လိုအတည်ပြုမလဲ။ အကယ်၍ ကျွန်မတို့က ဒီပုံသေကိုဩဒိနိတ်တွေအပေါ်မှာပဲ အခြေခံပြီးတွက်ချက်မယ်ဆိုရင် ရလဒ်က အများကြီးလွဲချော်သွားနိုင်တယ်။ အခု ပင်လယ်ကျောက်ဆောင်ကျွန်းပင်လယ်ပြင်မှာ သက်ရှိသိပ်သည်းဆက ဒီလောက် မြင့်မားနေတာ… ပင်လယ်ထဲကို စူးစမ်းဆင်ခြင်မှုမရှိဘဲ စွန့်စားထွက်ခွာမယ်ဆိုရင် ရှင်သန်နိုင်ခြေက သုညနီးပါးပဲ ရှိလိမ့်မယ်”
“ဒုတိယအချက်က ဒါဟာ ရေငုပ်သင်္ဘောရဲ့ လှုပ်ရှားမှုလမ်းကြောင်းဖြစ်နေတာပဲ။ ကျွန်မတို့က ရထားယာဥ်တန်းဖြစ်ပြီး လင်းယုန်ပင်လယ်အုပ်စုကတော့ ရေပြင်ပေါ်သွား စစ်ရေယာဉ်စုဖြစ်တယ်။ ကျွန်မတို့ရဲ့ ယာဉ်တန်းတွေက ဒါကို မလုပ်ဆောင်နိုင်တာ ထင်ရှားတယ်”