← Chapters

မီးတောင် (၃)

Vol. 59 Ch. 1009

မီးတောင် (၃)

Vol. 59 Ch. 1009

ထိန်းချုပ်ခန်းအတွင်းရှိ ကီကီ၊ ရိုင်ယန်၊ မိုနီကာနှင့် အခြားလူများ သက်ပြင်းချနိုင်ရုံရှိသေးချိန်တွင် အပေါ်ထပ်မှ ပြင်းထန်သော ပေါက်ကွဲသံများသည် နားကွဲမတတ် ပိုမိုကျယ်လောင်လာသည်။

“ဒါ ပထမဆုံးပေါက်ကွဲမှုဖြစ်ရမယ်။ ဒါပေမဲ့ အပြင်းထန်ဆုံးတော့ မဟုတ်သေးဘူး။ ဒါတောင် ငါတို့မှာ အချိန်သိပ်မရှိတော့ဘူးထင်တယ်”

မိုနီကာက မျက်စိရှေ့ရှိ ဖုန်မှုန့်များကို လက်ဖြင့် ယမ်းခါပစ်ရင်း မျက်နှာပြင်ပေါ်တွင် ပြသနေသော ဘူမိအပူစွမ်းအင်သုံး စက်ပစ္စည်း၏ အကြွင်းအကျန်များကို ကြည့်ကာ ချော်ရည်လွှာများသည် စခန်းလမ်းကြောင်းအဝဆီသို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်ကို သတိပြုမိသွားသည်။ ၎င်းသည် အနန္တရထား ဆိုက်ကပ်ထားသော နေရာနှင့် မဝေးလှသဖြင့် သူမက ဆက်ပြောလိုက်သည်။

“နောက်တစ်ကြိမ်ဆိုရင် ဘူမိအပူစွမ်းအင်တွင်းက ချော်ရည်တွေ စခန်းထဲအထိ စီးဝင်လာနိုင်တယ်”

“ငါတို့ ဘာလုပ်နိုင်မှာလဲ”

ထိုစကားကြောင့် လင်းယုန်အဖွဲ့မှ လူအချို့ ချက်ချင်းပင် ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

“ဒီမှာပဲ ဆက်နေပြီး ငါတို့က အသေခံရမှာလား”

“ဟုတ်တယ်၊၊ သင်္ဘောပေါ်မှာ ရှိနေတာကမှ ပိုကောင်းဦးမယ်။ ဖြစ်နိုင်ရင် ငါတို့ ထွက်ပြေးလို့ရတာပေါ့”

ထိတ်လန့်မှုများကြားတွင် အမျိုးသားနှင့် အမျိုးသမီးအဖွဲ့ဝင်အချို့က စတင်ဆွေးနွေးငြင်းခုံလာကြသည်။

ဗန်နက်ဆာ၏ စွမ်းအားဝတ်စုံအောက်ရှိ သူမ၏ မျက်နှာသည် မျက်မှောင်ကြုတ်လျက် တင်းမာနေသည်။ ကျွန်းအောက်ရှိ ရေငုပ်သင်္ဘောစခန်းသည် အတော်အသင့်ဘေးကင်းသော ခိုလှုံနေရာတစ်ခုဟု ထင်ရသော်လည်း ဘူမိအပူစွမ်းအင်တွင်းက သူတို့၏ ဘေးနားတင်ရှိနေခြင်းဖြစ်သည်။ အစပိုင်းတွင် သူတို့သည် စွမ်းအင်ထုတ်လွှတ်မှုအစီအစဉ်ပြီးဆုံးသွားပါက လမ်းညွှန်စက်ပစ္စည်းကို တည်ငြိမ်အောင်ပြုလုပ်နိုင်မည်ဖြစ်၍ မီးတောင်ပေါက်ကွဲမှုကို ခဏတာ စိတ်ပူစရာမလိုဟု ယုံကြည်ခဲ့ကြသည်။

သို့သော် ယခုကြည့်ရသည်မှာ သူတို့သည် အဆိုးရွားဆုံးလမ်းကြောင်းကို ရွေးချယ်မိခဲ့ပုံရသည်။ လူတိုင်း ဤနေရာတွင် ပိတ်မိနေပြီး အကယ်၍ ဘူမိအပူစွမ်းအင်တွင်းသာ အပြည့်ဝပေါက်ကွဲသွားပါက လူအားလုံး ပြာကျသွားပေလိမ့်မည်။

“ငါတို့ ဘာလုပ်သင့်လဲ”

ဗန်နက်ဆာက ရိုင်ယန်ကို မေးလိုက်သည်။

ရိုင်ယန်က ခေါင်းယမ်းပြကာ လူတိုင်း၏ စိတ်လှုပ်ရှားမှုများကို အရင်တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ဗန်နက်ဆာကို ပြောလိုက်သည်။

“အပေါ်ထပ်က အကျဉ်းထောင်တိုက်ခိုက်ခံနေရပြီ။ သန္ဓေပြောင်းမွန်းစတားတွေ ကျူးကျော်ဝင်ရောက်လာတာလည်း ဖြစ်နိုင်တယ်။ ငါတို့အားလုံး အတူပူးပေါင်းပြီး အချင်းချင်းကူညီရမယ်။ အရေးကြီးဆုံးပြဿနာတွေကို အရင်တည်ငြိမ်အောင် လုပ်ရမယ်”

ထိုစကားကြောင့် ဗန်နက်ဆာက ခေါင်းညိတ်ပြကာ ရိုင်ယန်နှင့်အတူ ချက်ချင်းလှုပ်ရှားလိုက်သည်။

ထိုအချိန်တွင် လူတိုင်းသည် လေထုထဲ၌ အလွန်အမင်းမွန်းကြပ်မှုကို ခံစားလိုက်ရသည်။ ချန်ဆီရွှမ်၊ ချီလီနှင့် မိုနီကာတို့အဖွဲ့သည် အနန္တရထားဘက်မှတစ်ဆင့် အပေါ်ထပ်ဆီသို့ အလျင်အမြန် တက်သွားကြပြီး ကီကီကမူ အခြားလူများကို ဦးဆောင်ကာ ဘူမိအပူစွမ်းအင်တွင်း၏ လမ်းကြောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူတို့ လမ်းကြောင်းထဲမှ ထွက်လိုက်သည်နှင့် ပူပြင်းလှသော အပူရှိန်များနှင့် ကန့်ဓာတ်နံ့ပြင်းပြင်းတို့က ဆီးကြိုလိုက်သဖြင့် လူတိုင်း ဦးခေါင်းများကိုက်ခဲသွားကြသည်။

သုံးပုံတစ်ပုံခန့် နစ်မြုပ်နေသော ဘူမိအပူပေးစနစ်ကိရိယာကို ကြည့်ရင်း ကီကီ၏ မျက်နှာမှာ လေးလံထိုင်းမှိုင်းနေသည်။ ယခုအချိန်တွင် ပျံ့လွင့်နေသော ရေနွေးငွေ့ လမ်းကြောင်းကို ခေတ္တပိတ်ဆို့ရန် စိတ်စွမ်းအင်ကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့။

“လင်းရှန်… လမ်းညွှန်ကိရိယာက တောင့်မခံနိုင်တော့ဘူး ရှင်ဘယ်မှာလဲ”

ကီကီက သူမ၏ နားကြပ်ထဲသို့ လှမ်းမေးလိုက်သည်။

“ငါ့ကိုစောင့်ဦး”

ဝုန်း ဝုန်း၊၊

အပေါ်ထပ်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံရသည်။ အပြင်ဘက်ရှိ ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုးတိုင်းကိရိယာမှ သတ္တဝါအမြောက်အမြားချဉ်းကပ်လာနေသည်ကို ကီကီက စောင့်ကြည့်ရေးမျက်နှာပြင်တွင် မြင်လိုက်ရသောကြောင့် ဖြစ်သည်။

“ဒီမှာ ယိုစိမ့်မှုတစ်ခုရှိနေရမယ်… ကျွန်မတို့ဆီမှာ အမှတ်အသားမရှိပေမဲ့ မွန်းစတားတွေအများကြီး ဒီဘက်ကိုဆွဲဆောင်ခံနေရတယ်”

“လောလောဆယ် အဲ့ဒီကိရိယာကို ဂရုမစိုက်နဲ့ဦး”

ထိုအချိန်တွင် လင်းရှန်သည် တင်းကျန်းရီနှင့်အတူ အပြေးအလွှားရောက်ရှိလာပြီး ကီကီကို ပြောလိုက်သည်။

“လမ်းကြောင်းကို အတူတူပိတ်ဆို့ရအောင်… ငါတို့ လူအားလုံးကို အောက်ဆုံးထပ်ကို ရွှေ့မယ်”

လင်းရှန် စကားပြောပြီးနောက် ကီကီသည် လက်ထဲရှိ စောင့်ကြည့်ရေး တာမီနယ်ကို ကြည့်ကာ ဆွံ့အလျက် လှုပ်ရှားမှုမရှိဘဲ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

“လင်း... လင်းရှန်”

“ဘာဖြစ်လို့လဲ”

“ကြည့်လိုက်ဦး”

ကီကီ၏ မျက်နှာအမူအရာမှာ အလွန်ရှုပ်ထွေးနေပြီး မျက်နှာပြင်ကို ကြည့်ရန် သူ့ကို အချက်ပြလိုက်သည်။

“မီးတောင်ပေါက်ကွဲတာ မဟုတ်ဘူးလား”

လင်းရှန်သည် အနည်းငယ် ဇဝေဇဝါဖြစ်လျက် ခန်းမထဲသို့ လျှောက်ဝင်လာပြီး စောင့်ကြည့်ရေးမျက်နှာပြင်ရှေ့သို့ ရောက်လာခဲ့သည်။ သို့သော် သူ မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိသည့် ခဏ၌ သူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

မျက်နှာပြင်ပေါ်တွင် စွမ်းအင်ထုတ်လွှတ်အပေါက်မှ ချော်ရည်များ ပန်းထွက်နေပြီး ပင်လယ်ရေကို ဖိသိပ်ကာ ပင်လယ်ပြင်အောက်ခြေကို နီရဲသော စီးဆင်းမှုများဖြင့် ဖုံးလွှမ်းနေသည်။ ပြင်းထန်သော လှိုင်းများ လိမ့်တက်နေပြီး လွင့်စင်နေသော အပူရှိန်များကြားတွင် နီရဲသော အလင်းတန်းက ပင်လယ်အောက်ခြေတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

ထို့ကြောင့် လင်းရှန်သည် ပုံမှန်မဟုတ်သော အရာတစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။

အနိမ့်အမြင့် မညီသော အပေါက်ဝရှေ့တွင် ချော်ရည်များသည် ကောင်းကင်မြစ်တံခါးပွင့်လာသကဲ့သို့ စီးဆင်းနေပြီး ခြွင်းချက်မရှိဘဲ ရဲရဲနီနေသော မြစ်ရှည်ကြီးတစ်ခု ဖြစ်သင့်သည်။ သို့သော် ဤချော်ရည်မြစ်သည် မလှမ်းမကမ်းတွင် နှစ်ခြမ်းကွဲနေခဲ့သည်။

ချော်ရည်များသည် မြစ်လယ်တွင် ကျောက်ဆောင်များရှိသကဲ့သို့ လမ်းကြောင်းနှစ်ခုအဖြစ် ခွဲထွက်သွားပြီး အလယ်ဗဟိုတွင် ပင်လယ်ရေများ လုံးဝစင်ကြယ်သွားကာ ဆူပွက်နေသော ရေနွေးငွေ့များသာလိမ့်တက်နေသည်။ အပူရှိန်ကြောင့် တွန့်လိမ်နေသော လေဟာနယ်အောက်တွင် အမည်းစက်တစ်ခုက လှုပ်ရှားမှုမရှိဘဲ ရှိနေခဲ့သည်။

ထိုအမည်းစက်မှာ အလွန်သေးငယ်သဖြင့် ပထမတစ်ချက်ကြည့်ရုံဖြင့် သတိလက်လွတ်ဖြစ်သွားနိုင်သည်။ သို့သော် ချဲ့ထားသော အခြားမျက်နှာပြင်တစ်ခုပေါ်တွင်မူ ၎င်းက အထူးပင် ရှင်းလင်းနေသည်။

ထိုအရာက လူတစ်ယောက်နှင့် တူနေသည်၊၊

တြိဂံပုံသဏ္ဌာန် ဦးခေါင်းရှိသော လူသားတစ်ပိုင်း သတ္တဝါတစ်ကောင်။

၎င်းသည် ပင်လယ်ရေထဲတွင် လွင့်မျောနေပြီး တစ်ကိုယ်လုံးကို ငွေရောင်ပူဖောင်းတစ်ခုဖြင့် ရစ်ပတ်ထားရာ ရုပ်တုတစ်ခုကဲ့သို့ ရှိနေသည်။

“ဒါ… ဒါက…”

“အဲဒီမိစ္ဆာကောင်ပဲ”

လင်းရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုသတ္တဝါကို ချက်ချင်းပင် မှတ်မိသွား၏။ ၎င်းသည် တာ့ကူးရေနက်ဆိပ်ကမ်း၌ ဆန်းကြယ်စွာ ပေါ်လာဖူးပြီး သမုဒ္ဒရာနတ်ဘုရားကြီးပေါ်လာပြီးနောက် လင်းရှန်နှင့် ကီကီတို့၏ အနီးမှ ဖြတ်ပြေးသွားခဲ့သည့် သတ္တဝါနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။

နောက်တစ်ကြိမ်သေချာကြည့်လိုက်ရာ အပေါက်ဝမှ ပေါက်ကွဲထွက်လာမှုသည် နီရဲရုံသာမက အမည်းရောင် အစင်းကြောင်းများလည်းပါရှိနေသည်။

သူတို့ ချဲ့ကြည့်လိုက်ရာ ထိုအရာများသည်လည်း လူများ ဖြစ်နေကြသည်။

၎င်းတို့သည် ရွှံ့နွံထဲတွင် ပိတ်မိနေသော ပုရွက်ဆိတ်များကဲ့သို့ ထူထပ်သိပ်သည်းစွာ တိုးဝှေ့နေပြီး ချော်ရည်များအတွင်း၌ လိမ့်ပါလာကြသည်။ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် မတ်တတ်ရပ်ရန် ရုန်းကန်နေကြသဖြင့် ပျက်စီးနေသော ခန္ဓာကိုယ်များကို တစ်ခုပြီးတစ်ခုတွေ့လိုက်ရသည်။

“ဒါတွေက ဘယ်လိုမိစ္ဆာကောင်တွေလဲ”

တစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

ဤထူးဆန်းသော မြင်ကွင်းသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် လုံးဝကျော်လွန်နေခဲ့သည်။ ပင်လယ်အောက်ခြေတွင် တိတ်ဆိတ်စွာ ထိုင်နေသော ထူးဆန်းသည့် သတ္တဝါကို ထားဦးတော့… ချော်ရည်များ ဝန်းရံထားသည့်တိုင် ထိုပျက်စီးနေသော အလောင်းကောင်များသည် ထိခိုက်ဒဏ်ရာမရဘဲ မတ်တတ်ရပ်နေနိုင်ကြသည်။

ပေါက်ကွဲမှုက ဤမိစ္ဆာကောင်များကို တစ်ပြိုင်နက်တည်း မှုတ်ထုတ်လိုက်သဖြင့် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ထိုအချိန်တွင် ပင်လယ်အောက်ခြေက လှုပ်ရှားလာခဲ့သည်။

တင်းကျပ်နေသော ကြိုးတစ်ချောင်း ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ တည်ငြိမ်နေသော ပင်လယ်ပြင်ထဲတွင် ပြင်းထန်သော တုန်ခါမှုတစ်ခု မြည်ဟည်းသွားသည်။ ၎င်းနှင့်အတူ စူးရှသော အော်သံနှင့် ညည်းညူသံတစ်ခုက အမှောင်ထုထဲတွင် ထူးဆန်းစွာ ထွက်ပေါ်လာသည်။

၎င်းတို့သည် ဆယ်ရက်ခန့် ငတ်မွတ်နေသော သားရဲများကဲ့သို့ အပေါက်ဝဆီသို့ အစွမ်းကုန်ပြေးဝင်လာကြသည်။ ရေဒါပေါ်တွင်မူ ၎င်းတို့ ပြေးလွှားနေစဉ်အတွင်း သိပ်သည်းဆများပြားလှသော အနီရောင်အစက်များက ထပ်နေပြီး နောက်ဆုံးတွင် အမည်းရောင်နီးပါး စက်ဝိုင်းတစ်ခုအသွင်ဖြင့် အပေါက်ဝဆီသို့ စုပြုံရောက်ရှိလာကြသည်။

သန္ဓေပြောင်းမွန်းစတားများ၏ သောင်းကျန်းမှုကြောင့် ပင်လယ်ရေများ လှုပ်ရှားသွားပြီး ပူဖောင်းများနှင့် ရွှံ့နွံများက စောင့်ကြည့်ရေးမြင်ကွင်းကို ဖုံးကွယ်သွားစေခဲ့သည်။ သို့သော် မွန်းစတားများ အလယ်ဗဟိုသို့ ပြေးဝင်သွားချိန်နှင့် နောက်ဆုံးစောင့်ကြည့်ရေးမျက်နှာပြင်ဖုံးကွယ်လုနီးပါးအချိန်တွင် တိတ်ဆိတ်စွာ ထိုင်နေသော ထိုပုံရိပ်က လှုပ်ရှားလာခဲ့သည်။

၎င်း၏ ဦးခေါင်းက စက်ရုပ်ကဲ့သို့ လှည့်စောင်းသွားပြီး ထိုမှုန်ဝါးဝါးမျက်လုံးများသည် ရုတ်တရက် စောင့်ကြည့်ရေးမျက်နှာပြင်ဆီသို့ တည့်တည့် စိုက်ကြည့်လာခဲ့သည်။

ထိုအကြည့်က လေဟာနယ်ကို ဖောက်ထွင်းပြီး စောင့်ကြည့်ရေးခန်းမရှိ လူများကို တိုက်ရိုက်ကြည့်ရှုနေသကဲ့သို့ပင်။

လင်းရှန် မျက်နှာပြင်ကို စောင့်ကြည့်နေရာမှ အကြည့်ချင်းဆုံမိသည့် ခဏ၌ သူ၏ အတွေးများ တောင့်တင်းသွားပြီး ထိတ်လန့်ဖွယ်ရာဖြစ်တည်မှုတစ်ခုခု၏ ဖမ်းစားခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ဦးရေပြားများ စိမ့်တက်သွားကာ ရေခဲတိုက်ထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။

သူ့ကို ပို၍ လန့်ဖျပ်သွားစေသည်မှာ ယခုအချိန်တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော သူ့မျက်လုံးထဲမှ အချိန်ရေတွက်မှုသည် ရုတ်တရက် မြန်ဆန်လာခြင်းပင် ဖြစ်သည်။

“ရွှေ့ကြ”

လင်းရှန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း လှည့်၍ လူတိုင်းကို တိုက်တွန်းလိုက်သည်။ အချိန်ဆွဲနေ၍ မရတော့။

သူတို့ရှေ့တွင် ဤမိစ္ဆာကောင်များက ဘာလဲဆိုသည်ကို မည်သူမျှ မသိကြချေ။ သို့သော် အကြည့်ချင်း ဆုံမိလိုက်ခြင်းက သူ့ကို အလိုလျောက်သတိထားမိစေခဲ့သည်။ သူ၏ နှလုံးသားထဲတွင်ပင် ကြောက်မက်ဖွယ်ရာသံသယတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဤမိစ္ဆာကောင်များသည် အသိဉာဏ်ရှိနေခြင်းလည်းဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် ဖောင်ဒေးရှင်း၏ မှတ်တမ်းများကို ရုတ်တရက် သတိရမိသွားသည်။

မွန်းစတားများကို အမဲလိုက်ခြင်း။

မွန်းစတားများကို အမဲလိုက်ရန် ဖောင်ဒေးရှင်းတွင် ဘယ်လိုစွမ်းဆောင်ရည်မျိုးရှိနေလို့လဲ။

သမုဒ္ဒရာနတ်ဘုရားကို ထားဦးတော့ အထူးအဆင့်မွန်းစတားများသည်ပင် လူသားတို့၏ ခုခံနိုင်စွမ်းထက် လုံးဝကျော်လွန်နေသည်။

သူတို့က မွန်းစတားများကို ဆွဲဆောင်ရန် စွမ်းအင်ပေါက်ကို ဖွင့်လှစ်ခြင်းဖြစ်သော်လည်း ယခု သူတို့၏ လက်ရှိအခြေအနေက သေကြောင်းကြံစည်နေခြင်းသာဖြစ်သည်။

သို့သော် ယခုမူ သူ နားလည်သွားခဲ့ပြီ။

၎င်းမှာ ဖောင်ဒေးရှင်းက မွန်းစတားများကို အမဲလိုက်နေခြင်းမဟုတ်ဘဲ အောက်ခြေရှိ မွန်းစတားများထက် ပိုမိုထူးဆန်းသော သတ္တဝါများကို ရှာဖွေနေခြင်းသာ၊၊

ရေငုပ်သင်္ဘော၏ ဘေးလွတ်ရာရွှေ့ပြောင်းမည့် ကိုဩဒိနိတ်သတိပေးချက်ကို ပြန်လည်အမှတ်ရသွားသည်၊၊ ၎င်းကို အသိမပေးပါနှင့်…

၎င်းသည် သမုဒ္ဒရာနတ်ဘုရားကို ဆိုလိုခြင်းမဟုတ်ဘဲ ထို “လူ” ကို ဆိုလိုခြင်း ဖြစ်နိုင်သည်။

သူတို့ကို ရှာဖွေတွေ့ရှိသွားလားဆိုသည်ကို လင်းရှန် မသိသော်လည်း ယခုအခါတွင် ထူးဆန်းသော ဖြစ်ရပ်အမျိုးမျိုးက ဝန်းရံနေသဖြင့် ချက်ချင်း ထွက်ခွာရပေမည်၊၊

All Chapters