← Chapters

ကျင်းယွမ်ဝဲဂယက်လမ်းကြောင်း (၁)

Vol. 59 Ch. 1010

ကျင်းယွမ်ဝဲဂယက်လမ်းကြောင်း (၁)

Vol. 59 Ch. 1010

ထိုတြိဂံပုံခေါင်းနှင့် သတ္တဝါ၏ အကြည့်က သူတို့ဘက်လှည့်လာစဥ် ၎င်း၏ နောက်တွင် ဧရာမဘီးကြီးတစ်ခုအလား မျက်လုံးကြီးတစ်လုံးက ပွင့်လာသည်၊၊

မြင်ကွင်းတစ်ခုတည်းဖြင့်တင် ဖန်သားပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ထိုမွန်းစတားကြီး၏ မျက်လုံးကြီးထံမှ ဖိအားကို လင်းရှန်နှင့် ကီကီတို့ သိသိသာသာခံစားလိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကီကီတစ်ယောက် အသက်ပင် မရှူရဲတော့ပေ။ ထိုဧရာမ မျက်သူငယ်အိမ်ကြီးသည် စောင့်ကြည့်ရေးစနစ်၏ စွမ်းအင်ထွက်ပေါက်ဆီသို့ တိုက်ရိုက်ဦးတည်နေသလိုလို သို့မဟုတ် ထိုတြိဂံခေါင်းနှင့် လူသားပုံစံသတ္တဝါ၏ အရိပ်သဏ္ဌာန်ကို စိုက်ကြည့်နေသလိုမျိုး ခံစားရစေသည်။

သို့သော် ထိုမြင်ကွင်းသည် စက္ကန့်ဝက်ခန့်သာ ကြာမြင့်လိုက်ပြီး စောင့်ကြည့်ရေးမျက်နှာပြင်သည် လုံးဝရပ်တန့်သွားကာ လိုင်းပြတ်တောက်သွားခဲ့သည်။

ယခုအချိန်တွင် ကီကီ၏ လက်ကိုင်ဖုန်းမျက်နှာပြင်ပေါ်၌ မှိန်ဖျော့နေသော ပင်လယ်ပြမီးအိမ်ကဲ့သို့ မျက်လုံးကြီးတစ်ခုသာကျန်ရှိနေတော့ပြီး ထိုရုပ်ပုံတစ်ခုတည်းကပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။

လင်းရှန်နှင့် ကီကီတို့အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့ပတ်ဝန်းကျင်မှ တုန်ခါမှုများနှင့် အထက်လမ်းကြောင်းမှ တိုက်ပွဲသံများမှာလည်း တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားခဲ့သည်။

နားကြပ်ထဲမှ ချန်ဆီရွှမ်၏ အသံထွက်ပေါ်လာသည်။

“လင်းရှန်… အပေါ်က ဓာတ်ခွဲခန်းနဲ့ လူနေဆောင်တွေဆီ သွားတဲ့ လမ်းကြောင်းတွေ အတော်များများ ပြိုကျကုန်ပြီ။ ငါတို့ မွန်းစတားတစ်ကောင်ကို ရှင်းလင်းပြီး အမှတ်အသားကို ယာယီဖိနှိမ်ထားနိုင်ခဲ့ပေမဲ့... ဒီကနေ ထွက်လို့မရတော့ဘူး”

အခြေစိုက်စခန်း၏ အထက်ပိုင်းရှိ အဆောက်အအုံများစွာမှာ ပျက်စီးနေပြီး လမ်းကြောင်းများထဲတွင် ဖုန်မှုန့်များလွင့်ပျံနေကာ တစ်ဝက်တစ်ပျက် တွဲလောင်းကျနေသော မီးဆိုင်းများမှ လျှပ်စစ်မီးပွားများ ထွက်ပေါ်နေသည်။ အောက်ခြေစခန်းသို့သွားရာ အဓိကလမ်းကြောင်းကို အမည်းရောင်မြူများ ဖုံးလွှမ်းနေသော သန္ဓေပြောင်းမွန်းစတားများ၏ အလောင်းများက ပိတ်ဆို့နေသည်။ ချန်ဆီရွှမ်နှင့် ချီလီတို့သည် လမ်းကြောင်းကို လာရောက်ပိတ်ဆို့သော အဖွဲ့ဝင်များနှင့်အတူ ထိုလမ်းကြောင်းကို အသက်ရှူရန်ပင် မေ့လျော့လျက် စိုက်ကြည့်နေကြသည်။

ရှုချင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်၊၊

“အဲဒီအမည်းရောင်ပိုးကောင်က ပြန်ဆုတ်သွားပြီ၊၊ ငါတို့ လိုက်ဖမ်းသင့်လား”

“ဒီကောင်က မရိုးရှင်းဘူး၊၊ ရေလွှဲလမ်းကြောင်းထဲမှာ ပုန်းနေတာက ငါတို့အတွက် သေချာပေါက်ခြိမ်းခြောက်မှုတစ်ခုပဲ”

ချီလီက ခေါင်းခါလိုက်ပြီး စစ်မြေပြင်ကို တည်ကြည်စွာ ကြည့်ရင်း ပြန်ပြောသည်၊၊

“လိုက်လို့မဖြစ်ဘူး… အခုလို အခြေအနေမှာ အာရုံမခံမိအောင် နေဖို့တောင် ခက်ခဲနေတယ်၊၊ အဲဒီသတ္တဝါတွေကို သွားပြီး မဆွသင့်ဘူး။ တကယ်လို့ ငါတို့ နောက်တစ်ကြိမ် ထပ်ပြီး အမှတ်အသားလုပ်ခံရရင် လုံးဝခုခံနိုင်မှာ မဟုတ်တော့ဘူး”

“ဆောရီး”

ထိုအချိန်တွင် ပင်လယ်လင်းယုန်အုပ်စုမှ ရိုင်ယန်က ရှေ့သို့ တက်လာပြီး သန္ဓေပြောင်းမွန်းစတား၏ အစိတ်အပိုင်းတစ်ခုကို ကန်ထုတ်လိုက်ကာ ချန်ဆီရွှမ်နှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလာသည်၊၊

“ငါတို့ သလင်းကျောကိစွမ်းအင်ကို အသက်သွင်းလို့မရဘူး… ဒါက ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီးကျဆင်းသွားစေတယ်”

မိုနီကာက တည်ငြိမ်စွာဖြင့် ဆက်ပြောသည်၊၊

“အသက်သွင်းနိုင်လည်း အဓိပ္ပာယ်မရှိပါဘူး... အခု ငါတို့ရဲ့ ပြဿနာက တိုက်ခိုက်ရေးစွမ်းအားမဟုတ်ဘူး၊ ဘယ်လိုပုန်းရမလဲဆိုတာပဲ”

“မှန်တယ်”

ချန်ဆီရွှမ်က ခေါင်းညိတ်ပြီး နောက်ဆက်တွဲကိစ္စများကို ရှင်းလင်းရန် ပြင်ဆင်လိုက်ကာ ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် လင်းရှန်ကို နောက်တစ်ကြိမ် လှမ်းမေးလိုက်သည်။

“လင်းရှန်… ရှင်တို့ဘက်မှာရော အခြေအနေဘယ်လိုလဲ”

လင်းရှန်၏ အသံက ထွက်ပေါ်လာသည်။

“လောလောဆယ်တော့ ဘာပြဿနာမှ မရှိသေးဘူး။ ဆရာမချန် လူတွေကို စုစည်းပြီး အပေါ်လမ်းကြောင်းတွေကို ပိတ်ဆို့လိုက်ပါ၊ ပြီးရင် အားလုံးကို အောက်ထပ်ကို ပြောင်းရွှေ့ပေးပါ”

“ကောင်းပြီ”

လင်းရှန် ချန်ဆီရွှမ်နှင့် စကားပြောပြီးနောက် ဗိုအိုလာကို ချက်ချင်း ပြန်လည်ဆက်သွယ်လိုက်သည်။

[ကင်းထောက်ဒရုန်းတွေရဲ့ အချက်အလက်တွေအရ သန္ဓေပြောင်းမွန်းစတားအမြောက်အမြားက ကျွန်းရဲ့ ရေဒါနယ်ပယ်ထဲကို ဝင်ရောက်လာတာကို တွေ့ရပါတယ်]

အထက်ရှိ ပင်လယ်ကျောက်ဆောင်အကျဉ်းထောင်တွင် အမည်ဖော်ပြ၍မရနိုင်သော သန္ဓေပြောင်းမွန်းစတားများစွာသည် ရှာဖွေမှုများ ပြုလုပ်နေကြပြီး ပျံသန်းနေသော ဒရုန်းအမြောက်အမြားက ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်တွင် တိုက်ခိုက်မှုများကို ရပ်တန့်ထားသည်။ ဗိုင်အိုလာသည် ပျက်စီးနေသော နံရံတစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းလျက် ကောင်းကင်ရှိ ဒရုန်းများကို အသုံးပြုကာ ကျွန်း၏ အရပ်မျက်နှာအနှံ့ကို စကင်ဖတ်နေသည်။

မမှောင်သေးသော်လည်း ကျွန်းတစ်ခုလုံးမှာ ကမ္ဘာပျက်ကပ်ကျရောက်နေသကဲ့သို့ ခံစားရစေသည်။ မုန်တိုင်းတိမ်တိုက်များသည် လေးလံညစ်ညမ်းနေပြီး ကျွန်းကို တင်းကျပ်စွာ အုပ်မိုးထားသည်။ နေရောင်ခြည်သည် ဧရာမ သတ္တဝါကြီးတစ်ကောင်၏ ဝါးမျိုခြင်းကိုခံလိုက်ရသည့်နှယ် အလင်းအနည်းငယ်မျှပင် မကျန်ရှိတော့ဘဲ အောက်ခြေရှိ ပင်လယ်ပြင်သည် မွှေနှောက်ထားသော မင်အိုးကဲ့သို့ မည်းမှောင်နေပြီး လှိုင်းတံပိုးကြီးများက ရိုက်ခတ်နေသည်။

သည်းထန်စွာရွာသွန်းနေသော မိုးရေထဲတွင် ပင်လယ်ပြင်ဆီမှ ရေပြင်ကို ထိုးခွဲထွက်ကာ ရေတွက်၍မရသော အမည်းရောင်အရိပ်ဆိုးကြီးများ ပေါ်ထွက်လာသည်။ အကျိအချွဲများဖြင့် ဖုံးလွှမ်းနေသော ဧရာမ လက်တံကြီးများ၊ အဆစ်များကြားတွင် ဆက်တိုက်ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသော မျက်လုံးသူငယ်အိမ်မရှိသည့် ဖောင်းပွနေသော မျက်လုံးကြီးများ၊ စုပ်ခွက်များနှင့် အစွယ်များ ပြည့်နှက်နေသည့် လှုပ်ရှားနေသော ဧရာမ ရေဘဝဲလက်တံကြီးများမှာ ပင်လယ်နက်ထဲမှ စုဝေးရောက်ရှိလာသည့် ကလီစာများပမာ ဖြစ်နေသည်။

လူသားတို့ စိတ်ကူး၍ပင်မရသော ဤသန္ဓေပြောင်းမွန်းစတားများသည် ပင်လယ်နက်ပိုင်းရေသတ္တဝါများ၏ ထူးခြားချက်များကို ပေါင်းစပ်ဖန်တီးထားသကဲ့သို့ သန္ဓေပြောင်းလဲနေကြသည်။

ယခုအချိန်တွင် ကျွန်းတစ်ခုလုံးတုန်ခါနေပြီး ကမ်းခြေများသည် ဧရာမ သတ္တဝါကြီးများကြောင့် နစ်မြုပ်ကာ ညှီဟောင်သော ရွှံ့နွံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ကျွန်းပေါ်ရှိ သစ်တောများနှင့် တောင်တန်းများမှာလည်း ပြိုလဲပျက်စီးကုန်ပြီး ဒရုန်းမြင်ကွင်းတွင် မိုးရေလိုက်ကာနောက်ကွယ်မှ အရပ်မျက်နှာပေါင်းစုံမှ ချဥ်းကပ်လာသော ဧရာမ အမည်းရောင်အရိပ်ကြီးများကိုသာ ဝိုးတဝါးမြင်တွေ့နေရသည်။

“ဗိုင်အိုလာ”

[ကျွန်မ ရှိပါတယ်]

“မြေအောက်ကို လုံးဝဆုတ်ခွာလာခဲ့… ခုခံမှုကို စွန့်လွှတ်လိုက်တော့”

[ဗိုင်အိုလာ နားလည်ပါပြီ]

လမ်းကြောင်းထဲတွင် လင်းရှန်သည် စွမ်းအင်ထွက်ပေါက်နှင့် အကျဉ်းထောင်မှ မြင်ကွင်းများကိုလည်းကောင်း၊ ချန်ဆီရွှမ်တို့ဘက်မှ တိုက်ပွဲများကိုလည်းကောင်း စောင့်ကြည့်ရင်း အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် သမုဒ္ဒရာနတ်ဘုရားကြီးပေါ်လာပြီဖြစ်ကြောင်း သုံးသပ်လိုက်သည်။ ပတ်ဝန်းကျင် ပင်လယ်ပြင်ရှိ သတ္တဝါဆန်းများသည် မုန်တိုင်းထဲတွင် ပုံမှန်မဟုတ်ဘဲလှုပ်ရှားနေကြခြင်းက အခြေအနေ၏ အရေးကြီးပုံကို ပိုမိုထင်ရှားစေသည်။

ဖြစ်နိုင်သည်မှာ အမဲလိုက်ပွဲက စတင်တော့မည်ဖြစ်သည်။

ဤအခြေအနေမျိုးတွင် ခုခံမှုအားလုံးသည် အဓိပ္ပာယ်မရှိတော့ဘဲ သူတို့လုပ်နိုင်သည်မှာ ဤမြေအောက် ရေငုပ်သင်္ဘောအခြေစိုက်စခန်းခိုလှုံနေရာ၌ တင်းမာသောစိတ်အခြေနေဖြင့် စောင့်ဆိုင်းနေရန်သာရှိတော့သည်။

မြေအောက်အခြေစိုက်စခန်း၏ အလယ်ပိုင်းအဆင့်တွင် ပင်လယ်လင်းယုန်အုပ်စုနှင့် အနန္တရထားအဖွဲ့မှ အဖွဲ့ဝင် ၆၀၀ ကျော် စုဝေးနေကြပြီး အများစုမှာ ပင်လယ်လင်းယုန်အုပ်စုမှ ဖြစ်ကြသည်။

ရုံးခန်းနေရာအမျိုးမျိုးနှင့် နဂိုနားနေဆောင်များတွင် လူများ ပြည့်နှက်နေပြီး ပင်လယ်လင်းယုန်အုပ်စုမှ အက်ဇ်လန် ဦးဆောင်သော ယန္တရားအဖွဲ့က သယ်ယူပို့ဆောင်ပေးထားသည့် ရိက္ခာများနှင့် ကိရိယာအမြောက်အမြားမှာလည်း ဓာတ်ခွဲခန်းတိုင်းနီးပါးတွင် ပြည့်လျှံနေသည်။

မြေအောက်ခန်းတစ်ခုလုံးတွင် ပြင်းထန်သော အသက်ရှူသံများဖြင့် ပြည့်နှက်နေသည်။ ဤပင်လယ်အုပ်စုဝင်များသည် သာမန်လွတ်မြောက်လာသူများထက် ပိုစနစ်ကျကြသည်။ သူတို့သည် လက်နက်ကိုင်၊ ထောက်ပံ့ရေး၊ ဆေးဘက်ဆိုင်ရာ၊ အင်ဂျင်နီယာနှင့် သတင်းအချက်အလက်၊ ကင်းထောက်အဖွဲ့ဟူ၍ ရှင်းလင်းစွာ ခွဲခြားထားပြီး လူဦးရေများပြားသော်လည်း စနစ်တကျရှိနေကာ ရိုင်ယန်၏ ညွှန်ကြားမှုအောက်တွင် မည်သည့် ရုန်းရင်းဆန်ခတ်မှုမျှ ဖြစ်ပွားခြင်းမရှိပေ။

စောင့်ကြည့်ရေးခန်းမတွင် အနန္တရထားအဖွဲ့ဝင်များနှင့် ပင်လယ်လင်းယုန်အုပ်စုမှ ရိုင်ယန်၊ ဗန်နက်ဆာ၊ ဂေဒီနှင့် အဲရစ်ကာအပါအဝင် အဓိကအဖွဲ့ဝင်များသည် ဗျူဟာများကို ဆွေးနွေးနေကြသည်။ အစီအစဉ်အားလုံး ပျက်စီးသွားခဲ့ပြီဖြစ်ရာ လက်ရှိအခြေအနေမှာ အားလုံးအတွက် အခြားဆုတ်ခွာစရာလမ်းကြောင်းမရှိတော့သည့်ပမာဖြစ်နေတော့သည်။

“သတင်းကောင်းကတော့ ကျွန်းရဲ့ စွမ်းအင်ထုတ်လွှတ်မှုကြောင့်လားတော့ မသိဘူး၊၊ အဲဒီနတ်ဆိုးနတ်ဘုရားကြီး ပြန်ပေါ်လာပြီ”

လင်းရှန်က ကွန်ပျူတာရိုက်နေသော ကီကီ၏ နောက်တွင် လက်ပိုက်ရပ်လျက် ရိုင်ယန်ကို ကြည့်ကာ မေးလိုက်သည်။

“ရိုင်ယန်… မင်း ဖောင်ဒေးရှင်းမှာ တာဝန်ထမ်းဆောင်စဉ်တုန်းက ‘အမဲလိုက်ပွဲ’ ဘယ်နှစ်ကြိမ် ကြုံဖူးလဲ”

“သုံးကြိမ်”

ရိုင်ယန်က သူ၏ နေကာမျက်မှန်ကို အနည်းငယ် ပင့်တင်လိုက်ရင်း “အချိန်နဲ့ လုပ်ငန်းစဉ်ကို ငါတို့ ထိန်းချုပ်လို့မရဘူး။ ငါသိတာကတော့ ဒီလိုအခြေအနေမျိုး တစ်ကြိမ်နဲ့တစ်ကြိမ်ကြား သက်တမ်းက ရက်ပေါင်း ၂၀ ကနေ ၄၀ လောက် ကြာတတ်တယ်။ ပြီးတော့ အမဲလိုက်ပွဲစတာနဲ့ လုံခြုံရေးအတွက် အခြေစိုက်စခန်းက ၁၂ နာရီကြာအောင် ရေဒီယိုအချက်ပြလိုင်းတွေ အကုန်ပိတ်ထားရတယ်”

“၁၂ နာရီတောင်လား” မိုနီကာက ထိုအချိန်တွင် ဝင်မေးသည်။

“ဒီအတောအတွင်း ဘာမှစောင့်ကြည့်လို့ မရဘူးလား”

ရိုင်ယန်က ခေါင်းခါပြသည်၊၊

“စောင့်ကြည့်ဖို့ နည်းလမ်းမရှိဘူး၊၊ အခုလိုမျိုး စောင့်ကြည့်ရေးကိရိယာတွေအကုန် ပျက်ကျသွားပြီး အများစုလည်း ပျက်စီးသွားလိမ့်မယ်။ အမဲလိုက်ပွဲပြီးတိုင်း အင်ဂျင်နီယာဌာနကို ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဖို့ ငါတို့ စီစဉ်ရတယ်”

“ဒါဆို သတင်းဆိုးကတော့ နောက်ဘာဖြစ်လာမလဲဆိုတာ ငါတို့ မသိရတာပဲ” လင်းရှန်က ပြောလိုက်သည်။

ထို့နောက် သူက ဗိုင်အိုလာဘက်သို့ လှည့်လိုက်သည်၊၊

“ဗိုင်အိုလာ… မင်း တွက်ချက်ပြီးပြီလား”

[တွက်ချက်မှု ပြီးပါပြီ။ လက်ရှိအခြေအနေတွေကို ထည့်သွင်းစဉ်းစားရင် ပဏာမခန့်မှန်းခြေ အောင်မြင်နိုင်ခြေက ၁၃.၆၇ ရာခိုင်နှုန်း ရှိပါတယ်]

All Chapters