ရေနက်ပိုင်းငုတ်လျှိုးခြင်း (၁)
Vol. 59 Ch. 1012
“အတွေးကောင်းတစ်ခုလိုပဲ။ ငါ ဒီအစီအစဉ်မျိုး မကြုံဖူးပေမဲ့ ဖောင်ဒေးရှင်းမှာ တကယ်ပဲ အရေးပေါ် ရွှေ့ပြောင်းဖို့ အရန်အစီအစဉ်ရှိခဲ့ပါတယ်”
ရိုင်ယန်က နောက်ဆုံးတွင် စကားစလာသည်။
“ဒီလိုအရှိန်ပြင်းတဲ့ ရေစီးကြောင်းဆိုတာ ရေအောက်ဥမင်လိုမျိုးပဲ။ ဒီလောက်အနက်ကို ကြည့်ရင် ငါတို့ အမြန်မောင်းထွက်သွားလို့ရမယ်။ ငါ မမှားဘူးဆိုရင် ဒီလိုအရှိန်ပြင်းတဲ့ ရေစီးကြောင်းထဲမှာ သန္ဓေပြောင်းမွန်းစတားတွေတော့ နည်းလိမ့်မယ် မဟုတ်လား”
“နည်းတာမဟုတ်ဘူး၊၊ လုံးဝမရှိတာ” လင်းရှန်က ပြောလိုက်သည်။
“လုံးဝမရှိဘူး ဟုတ်လား”
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အားလုံးက ဇဝေဇဝါဖြစ်သွားကြသည်။
လင်းရှန်က တည်ငြိမ်စွာ ဆက်ပြောသည်၊၊
“တိတိကျကျပြောရရင် လုံးဝမရှိတာတော့ မဟုတ်ဘူး၊၊ တစ်ကောင်ပဲ ရှိတယ်”
ထို့နောက် သူက ရိုင်ယန်ကို ကြည့်ကာ မေးလိုက်သည်၊၊
“ရိုင်ယန်… ဂါလန်မီးတောင်က ငြိမ်သက်နေရာကနေ ဘယ်လိုပြန်ပေါက်ကွဲလာလဲဆိုတာ မင်းမေ့သွားပြီလား”
ထိုစကားကို ကြားသောအခါ ရိုင်ယန်၏ မျက်ခုံးများ ပြင်းထန်စွာ တွန့်ချိုးသွားပြီး အခြားသူများလည်း ချက်ချင်း သဘောပေါက်သွားကြတော့သည်။
“လင်းရှန်၊၊ ရှင်ပြောချင်တာက...” ချန်ဆီရွှမ်က ချက်ချင်း မေးလိုက်သည်။
လင်းရှန်က ပြတ်သားစွာဖြင့် ပြောလိုက်သည်။
“မှန်တယ်။ ဒီချောက်ကမ်းပါး တွင်းနက်ကြီးက သမုဒ္ဒရာနတ်ဘုရားကြီးရဲ့ နယ်မြေပဲ”
…
ပင်လယ်ကျောက်ဆောင်ကျွန်း၏ ရေပြင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးကြီးများ ထကြွနေပြီး ကောင်းကင်ယံမှာလည်း ပြင်းထန်သော မုန်တိုင်းဒဏ်ကြောင့် မှောင်အတိကျနေသည်။ မွန်းလွဲပိုင်း ၁၆ နာရီ ၁၂ မိနစ်အချိန်တွင် ကျွန်းမြေအောက် ရေငုပ်သင်္ဘောအခြေစိုက်စခန်း၏ စောင့်ကြည့်ရေးခန်းမအတွင်းရှိ လေထုမှာ သေလောက်အောင်ငြိမ်သက်လေးလံနေသည်။
မည်သူမျှ စကားမပြောကြပေ။ အနန္တရထားအဖွဲ့မှ လူများသည် ထိတ်လန့်နေရာမှ အလျင်အမြန် ပြန်လည်တည်ငြိမ်သွားကြသည်။ သူတို့သည် သေလုမျောပါးအခြေအနေမျိုးကို မကြာခဏ ရင်ဆိုင်ခဲ့ဖူးသဖြင့် လင်းရှန်၏ ရူးသွပ်လှသော အစီအစဉ်ကို မအံ့သြကြတော့သည့်အပြင် လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းတွင် ဤအစီအစဉ်တစ်ခုတည်းကသာ လွတ်မြောက်ရာလမ်းဖြစ်ကြောင်း နားလည်ထားကြသည်။
ပင်လယ်လင်းယုန်အုပ်စုဘက်တွင်မူ လူတိုင်း၏မျက်နှာတွင် တည်ကြည်လေးနက်သောအမူအရာများ ရှိနေသည်။ ဂေဒီက တိတ်ဆိတ်မှုကို ဖြိုခွဲ၍ စကားစလိုက်သည်။
“ဒါဆိုရင် ကပ္ပတိန်... နင့်ရဲ့အစီအစဉ်က ငါတို့အားလုံး အဲဒီနျူကလီးယားရေငုပ်သင်္ဘောကို စီးပြီး ‘ကျင်းယွမ်ဝဲဂယက်ရေစီးကြောင်း’ ကနေတစ်ဆင့် ထွက်ပြေးဖို့ပေါ့ ဟုတ်လား”
လင်းရှန်က ပြန်ဖြေသည်။
“ရထားလမ်းကြောင်း၊ ပင်လယ်ရေပြင်နဲ့ ကောင်းကင်လမ်းကြောင်း အားလုံးက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ကျွန်းပေါ်မှာ ပုန်းအောင်းပြီး ခိုလှုံတာကလွဲရင် ဒီလောက်များပြားတဲ့ သန္ဓေပြောင်းမွန်းစတားတွေကို ဝါးမျိုဖို့ ရောက်နေတဲ့နေရာကနေ ထွက်ပြေးဖို့ တခြားနည်းလမ်းမရှိဘူး။ ဒါပေမဲ့ အခု ဂါလန်မီးတောင် မတည်ငြိမ်မှုကြောင့် မီးတောင်ရဲ့ ဘူမိအပူတွင်းတွေက ချိန်ကိုက်ဗုံးတွေ ဖြစ်နေပြီ။ ပုန်းနေဖို့ဆိုတာ အကောင်းဆုံးရွေးချယ်မှု မဟုတ်တော့ဘူး။ ဒါကို မင်းတို့လည်း နားလည်မှာပါ”
ရိုင်ယန်က အလွန်လေးနက်သောအမူယာဖြင့် ခေါင်းညိတ်သည်၊၊
“မင်း ဒီအစီအစဉ်ကို စဉ်းစားမိတာက ကျွန်းရဲ့ စွမ်းအင်ထုတ်လွှတ်မှုကြောင့် သမုဒ္ဒရာနတ်ဘုရားကြီးရဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ခဲ့လို့ပဲ… ပြီးတော့ အခု ငါတို့အတွက် ပင်လယ်အောက်ခြေတောင်တန်း ချောက်ကမ်းပါးကို ဖြတ်ကျော်ဖို့ အခွင့်အရေးရသွားလို့မလား”
“ဟုတ်တယ်”
“ကောင်းပြီ” ရိုင်ယန်က သူ၏နေကာမျက်မှန်ကို ချက်ချင်းအောက်ချလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ငါ ဒီအစီအစဉ်ကို သဘောတူတယ်”
“ရိုင်ယန်”
ထိုအချိန်တွင် အဲရစ်ကာက အလျင်အမြန် ဝင်ပြောသည်။
“ငါတို့ ရေယာဉ်စုနဲ့ Neptune သင်္ဘောကြီးကို စွန့်လွှတ်လိုက်ရင်တောင် အဲဒီရေငုပ်သင်္ဘောက ဒီလောက်လူအများကြီးကို မတင်ဆောင်နိုင်ဘူး။ ဒါမှမဟုတ် ငါတို့က လက်နက်တွေနဲ့ ရိက္ခာအားလုံးကိုပါ စွန့်လွှတ်ရမှာလား”
“ဟုတ်တယ်”
ဗန်နက်ဆာက အချက်အလက်အချို့ကို ထုတ်ကြည့်ရင်း ပြောလိုက်သည်၊၊
“ငါ အခုလေးတင်စစ်ဆေးပြီးပြီ။ အောက်မှာရှိတဲ့ တွင်းနက်အဆင့်ရှိတဲ့ ပိုင်ဖုန်း-၀၉ မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောက လူအယောက် ၄၀၀ ပဲ ဆံ့တယ်။ ငါတို့ဆီမှာ လူ ၅၀၀ နီးပါးရှိတဲ့အပြင် လေးလံတဲ့ စွမ်းအားဝတ်စုံတွေလည်း ရှိသေးတယ်။ တကယ်လို့ အားလုံးတက်စီးရင် အတော်လေး ဝန်ပိလိမ့်မယ်။ ငါတို့ အောင်အောင်မြင်မြင်လွတ်မြောက်သွားရင်တောင် ရိက္ခာမရှိဘဲ ဒီလောက်လူအများကြီးက ပစိဖိတ်သမုဒ္ဒရာထဲမှာ ဘယ်လောက်ကြာကြာအသက်ရှင်နိုင်မှာလဲ”
ယန္တရားပြုပြင်ရေးပိုင်းမှ အက်ဇ်လန်ကလည်း ရိုင်ယန်ကို လှမ်းပြောသည်။
“စောစောက ပြောခဲ့သလိုပဲ ဒီစူပါဝဲဂယက်က ရေစီးနှုန်း တစ်စက္ကန့်ကို ၄၀ စင်တီမီတာထက် ကျော်လွန်နေပြီး ရေအနက်က မီတာ ၁၀၀၀ ထက် ကျော်လွန်နေတယ်။ ဒီအခြေအနေက ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်တည်ဆောက်မှု ပစ္စည်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုပဲ။ မြင့်မြတ်မြို့တော်ကလူတွေ ဒီလမ်းကြောင်းကို အရင်က ဖြတ်သန်းဖူးတယ်ဆိုပေမဲ့ ဂါလန်မီးတောင်က အဆက်မပြတ်ပေါက်ကွဲနေတာကြောင့် ရေအပူချိန်နဲ့ မီးတောင်ပြာတွေက ပြဿနာဖြစ်လာလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဧရာမမီးတောင်ကျောက်တုံးတွေ ဒါမှမဟုတ် ပြင်းထန်တဲ့ ဝဲဂယက်တွေနဲ့သာ တိုက်မိရင် ရေဖိအားနဲ့ ရေစီးကြောင်းကြောင့် ရေငုပ်သင်္ဘောက အလွယ်တကူကြေမွသွားနိုင်တယ်၊၊ ဒါတောင် သန္ဓေပြောင်းမွန်းစတားတွေကို ထည့်မပြောရသေးဘူး”
လူတိုင်း၏ စကားများကို ကြားသောအခါ ရိုင်ယန်က တိတ်ဆိတ်ရန် လက်မြှောက်ပြလိုက်ပြီး ပခုံးတွန့်လျက် ပြောသည်။
“သေချာတာပေါ့၊၊ ငါ ဒီပြဿနာတွေကို သိပါတယ်။ ဒါပေမဲ့ လင်းပြောတဲ့ အစီအစဉ်ကလွဲရင် တခြားပိုကောင်းတဲ့ အစီအစဉ်ရှိတဲ့လူရှိလား”
ရိုင်ယန်က အချိန်ကို ကြည့်လိုက်သည်။
“အခု ၁၆ နာရီ မိနစ် ၂၀ ရှိပြီ။ ဒီမှာ ပုန်းနေရင် ညက အရင်ရောက်မလား ဒါမှမဟုတ် မီးတောင်ပေါက်ကွဲမှုက အရင်လာမလားဆိုတာတောင် ငါတို့မသိဘူး။ အသက်ရှင်ဖို့အတွက် ငါတို့ အကြီးအကျယ်လောင်းကြေးထပ်ရလိမ့်မယ် မဟုတ်လား”
ပင်လယ်လင်းယုန်အုပ်စု၏ အဓိကအဖွဲ့ဝင်များအားလုံး တိတ်ဆိတ်သွားကြသည်။ ထို့နောက် ရိုင်ယန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊
“လင်း... ငါ့ဆီမှာ အတွေ့အကြုံရှိတဲ့ အကောင်းဆုံး ရေငုပ်သင်္ဘောယန္တရားအဖွဲ့ရှိတယ်၊၊ ဒါက အောင်မြင်နိုင်ခြေကို အနည်းငယ်မြှင့်တင်ပေးနိုင်မလား”
“ဖြစ်နိုင်ပါတယ်” လင်းရှန်က ပြန်ဖြေလိုက်သည်။
“လင်းရှန်” ထိုအချိန်တွင် ချန်ဆီရွှမ်ကလည်း ဝင်ပြောသည်။
“တကယ်လို့ ကျွန်မတို့အားလုံး ရေငုပ်သင်္ဘောနဲ့ ရွှေ့ပြောင်းရင် အနန္တရထားက ဘယ်လိုလုပ်မလဲ”
လင်းရှန်က ချန်ဆီရွှမ်ကို ကြည့်လိုက်သည်။
“ငါတို့အားလုံး ရေငုပ်သင်္ဘောနဲ့ သွားမယ်လို့ ငါမပြောခဲ့ပါဘူး...”
“ဟင်” ချန်ဆီရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်သွားသည်၊၊
“ဒါဆို ငါတို့က...”
“ငါတို့က ရထားကို မောင်းပြီး ပင်လယ်ထဲ ဆင်းကြမယ်”
လင်းရှန်က တိုက်ရိုက်ပြောလိုက်သည်။
ထိုစကားကြောင့် ပင်လယ်လင်းယုန်အုပ်စုသာမက အနန္တရထားအဖွဲ့မှ လူများပါ အံ့အားသင့်သွားကြသည်။
“ဘာ... နင်က ရထားကြီးကို မောင်းပြီး ပင်လယ်နက်ထဲဆင်းမလို့ဟုတ်လား” ဗန်နက်ဆာက မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါက သေကြောင်းကြံတာပဲ” အဲရစ်ကာက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ရထားကြီးက ဘယ်လိုလုပ်ပြီး ပင်လယ်ထဲ...”
တစ်ချိန်တည်းတွင် အနန္တရထားအဖွဲ့မှ လူများသည် အနန္တရထားတွင် ရေနက်ပိုင်းငုတ်ကိရိယာများ ပြင်ဆင်ထားကြောင်း သိကြသော်လည်း ဤမျှနက်ရှိုင်းလှသော ပင်လယ်နက်မှ လွတ်မြောက်ရန်အတွက် လင်းရှန်က ဤလေးလံသော ရထားကြီးကို ပင်လယ်ထဲမောင်းရန် ပြင်ဆင်နေလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
မိုနီကာက လက်ပိုက်လျက် အနည်းငယ် ရှုပ်ထွေးနေသည်၊၊
“ရှင်က ကောင်းကင်အမိုးခုံးရထားကို သုံးမယ်လို့ ကျွန်မထင်နေတာ”
လင်းရှန်က ခေါင်းခါပြရင်း ခါးသီးစွာ ပြုံးလိုက်သည်၊၊
“ငါလည်း သုံးချင်တာပေါ့၊ ဒါပေမဲ့ လက်ရှိအခြေအနေအရ သုံးလို့မရဘူး ထင်တယ်”
“ဘာလို့လဲ” ရှားရှားက အံ့သြသွားသည်၊၊
“အဲဒီအာကာသသင်္ဘောကြီး ရှိနေတာတောင် ညီမတို့က သုံးလို့မရဘူးလား”
“ငတုံးမလေး” ကီကီက လင်းရှန်၏ အနားသို့ လေထဲတွင် ဝဲပျံလာပြီး ရှားရှားကို ပြောလိုက်သည်။
“နင်ပြောတဲ့ အာကာသသင်္ဘောကြီးက ဘာလို့ သုံးလို့မရလဲ ခန့်မှန်းကြည့်ပါလား”
ထိုစကားကို ကြားသောအခါ ရှုချင်းနှင့် အခြားသူများသည် ပတ်ဝန်းကျင်ကို အကဲခတ်ရန် အထက်သို့ ချက်ချင်းမော့ကြည့်လိုက်ကြသည်။ အခြေအနေကိုသဘောပေါက်သွားသော ချီလီက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ရေနက်ဆိပ်ကမ်းရဲ့ နေရာလွတ်နဲ့ ရေအောက်လမ်းကြောင်းတွေက ကျဉ်းလွန်းလို့ ကောင်းကင်အမိုးခုံးရထားက ဖြတ်သွားလို့မရတာလား”
လင်းရှန်က ခေါင်းညိတ်ပြပြီး အထက်သို့ မော့ကြည့်လိုက်သည်၊၊
“မှန်တယ်၊ အပြင်ဘက်ကို ရောက်နေရင်တော့ရနိုင်ပေမဲ့ အခုက အပြင်ထွက်ဖို့ မဖြစ်နိုင်တော့ဘူး”
ရေနက်ဆိပ်ကမ်း၏ ရေအောက်လမ်းကြောင်းများကို မူလစစ်တပ်အခြေစိုက်စခန်းက ရေငုပ်သင်္ဘောများအတွက်သာ သီးသန့်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်အမိုးခုံးအဆင့်ကဲ့သို့ လွင့်မျောနိုင်သော ဧရာမ ယန္တရားကြီးများမှာမူ ဖြတ်သန်းသွား၍ မရနိုင်ပေ။ ဤနေရာတွင် ကြယ်နက်ပန်းပဲဖိုထဲမှ ဧရာမအရာကြီးကို ထုတ်ယူရန်ပင် ခက်ခဲနေသည်ဖြစ်ရာ ၎င်းပေါ်သို့ လူများတက်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ နည်းပညာအရပြောရလျှင် နည်းလမ်းတစ်ခုတော့ရှိလေသည်။ ထိုနည်းလမ်းမှာ လူတိုင်းစွမ်းအားဝတ်စုံများကို ဝတ်ဆင်ပြီး ရေနက်ပိုင်းထဲသို့ အရင်ဆင်းရန်ဖြစ်ပြီး… လင်းရှန်က ပင်လယ်ရေထဲတွင် ကောင်းကင်အမိုးခုံးရထားကို ထုတ်ယူပြီးမှ လူများလိုက်တက်ရန် ဖြစ်သည်။ သို့သော် ဤအစီအစဉ်က ရူးသွပ်လွန်းလှသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက ပြုပြင်မွမ်းမံထားသော အနန္တရထားကို တိုက်ရိုက်အသုံးပြုခြင်းက ပို၍ရှင်းလင်းလွယ်ကူသည်။
ထို့အပြင် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ကောင်းကင်အမိုးခုံးရထား၏ လက်နက်စနစ်တိုက်သင်္ဘောမှာ မပြီးစီးသေးပေ။ ဤမပြီးစီးသေးသော အာကာသသင်္ဘောသည် အနန္တရထားလောက် ယုံကြည်စိတ်ချရမှုမရှိပေ။
သူတို့အချင်းချင်း ရထားကြီးဖြင့် ပင်လယ်ထဲဆင်းမည့် အစီအစဉ်ကို အလေးအနက်ဆွေးနွေးနေကြစဉ် ပင်လယ်လင်းယုန်အုပ်စုဝင်များသည် အချင်းချင်း ဆွံ့အစွာဖြင့် ကြည့်နေကြလေသည်။