← Chapters

အခန်း ၄၁၂

Vol. 42 Ch. 412

အခန်း ၄၁၂

Vol. 42 Ch. 412

အခန်း(၄၁၂) ယင်-ယန် ပြောင်းပြန်လှန်ခြင်း

ရွှေဗုဒ္ဓပင်လယ်။

ကျယ်ပြောလှသော သမုဒ္ဒရာပြင်ကျယ်ကြီး၏ အလယ်တွင် ရွှေကြာပန်းတစ်ပွင့် ပွင့်လန်းနေ၏။

၎င်း၏ အရွယ်အစားမှာ ပေတစ်ရာခန့် ကျယ်ဝန်းပြီး အရွက်များက လေဟာနယ်အတွင်း တည်ရှိနေသကဲ့သို့ အစစ်အမှန်နှင့် စိတ်ကူးယဉ် အကြား တဖျပ်ဖျပ် လင်းလက်နေသည်။

၎င်း၏ အလယ်ဗဟိုတွင် နေရောင်အောက်၌ မှန်တစ်ချပ်ကဲ့သို့ တောက်ပနေသော ကြည်လင်သည့် ရေကန်တစ်ခု ရှိသော်လည်း ၎င်းတွင် ထင်ဟပ်နေသည်မှာ ကောင်းကင်ယံ မဟုတ်။ ရွှေရောင်နှင့် သွေးနီရောင်များဖြင့် ခြယ်မှုန်းထားသော ကမ္ဘာငယ်လေးတစ်ခုသာ။

သုမေရု ဗုဒ္ဓနယ်မြေပင်။ ကြာပန်းအတွင်းမှ မွေးဖွားလာသော ဤကမ္ဘာငယ်လေးသည် အခြားမဟုတ်၊ ဖန်ကျင်း မြင့်မြတ်နယ်မြေပင် ဖြစ်သည်။

"ငါ မင်းတို့ကို ပြောခဲ့သားပဲ။ တစ်နေ့ကျရင် ငါတို့ မြင့်မြတ်နယ်မြေကို ဝင်စီးမယ်လို့။"

ချန်ဟွိုက်အန်က ဖန်ကျင်း မြင့်မြတ်နယ်မြေ၏ သုမေရုဗုဒ္ဓနယ်မြေကို မျက်နှာမူကာ သမုဒ္ဒရာရေပြင်ပေါ်တွင် လက်နောက်ပစ်လျက် ရပ်နေသည်။ သူ၏အနောက်တွင် ဓားကျောင်းတော်နှင့် ကျန့်ဝူ မြင့်မြတ်နယ်မြေတို့မှ တပည့်များ စုရုံးရောက်ရှိနေကြသည်။

"ဘိုးဘေးကြီး။ ကျွန်တော်တို့က ယောင်ချီ မြင့်မြတ်နယ်မြေကို သွားတိုက်မှာ မဟုတ်ဘူးလား"

စုချီနျန်က ဝင်ပြောလိုက်သည်။

"ယွန်စုရှင်းကို အရင် သွားကယ်ရမှာ မဟုတ်ဘူးလား"

ချန်ဟွိုက်အန်က သူ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။ "မင်းက စကားများလွန်းတယ်။"

စုချီနျန်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ လင်းရှီးတောင်ကြား၏ တောင်ကြားသခင်မက သူ့ကို အရှင်လတ်လတ် ဝါးစားတော့မည့်အလား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက စကားတစ်ခွန်းမှ မပြောသော်လည်း သူ၏ မျက်နှာပေါ်တွင် "ငါ့သမီးကို အရင်ကယ်" ဆိုသော စကားလုံးများကို ထွင်းထုထားသကဲ့သို့ပင်။

"အခုလောလောဆယ် ငါတို့ရဲ့ ဦးစားပေးက ဖန်ကျင်း မြင့်မြတ်နယ်မြေရဲ့ ပထမဆုံး အကာအကွယ်ကို ဖောက်ထွက်ဖို့ပဲ"

ချန်ဟွိုက်အန်၏ အကြည့်က ရွှေကြာပန်းပေါ်တွင် ရပ်တန့်သွားပြီး သူ၏အမူအရာက လေးနက်နေသည်။ ထူးဆန်းသည်မှာ သူတို့အရှေ့တွင် ရှိနေသောအရာက တံလျှပ်တစ်ခုမျှသာ ဖြစ်နေသကဲ့သို့ ၎င်း၏ တိကျသော တည်နေရာကို သူ အာရုံမခံနိုင်ပေ။

"ဒီသုမေရုနယ်မြေက (၁၂)ဆင့် ရွှေကြာပန်းပေါ်မှာ တည်ရှိပြီး ဆရာတော် ဖန်ယဲ့က ဝိညာဉ်ရတနာတစ်ခုအဖြစ် သန့်စင်ထားတာပဲ။"

ကျန်းယိပိုင်က ချန်ဟွိုက်အန်၏ ဘေးတွင် ပေါ်လာသည်။ သူက ဝိညာဉ်အကြွင်းအကျန် တစ်ခုသာ ဖြစ်သော်လည်း ယခင်ကထက် အများကြီး ပိုကြည့်ကောင်းနေသည်။

"ဒီရတနာက တော်တော်လေးကို ထူးခြားတယ်။ သူက တိုက်ခိုက်ဖို့အတွက် ဖန်တီးထားတာ မဟုတ်ဘဲ၊ ပုန်းကွယ်တာနဲ့ ကာကွယ်ရေးမှာ ထူးချွန်တယ်။ အခု ငါတို့ မြင်နေရတာက တကယ့် ရွှေကြာပန်း အစစ် မဟုတ်ဘူး။ သူ့ရဲ့ ပုံရိပ်ယောင် သက်သက်ပဲ။"

"အစ်ကိုကြီး။ ဒါကို ဖျက်ဆီးဖို့ နည်းလမ်းရှိလား။"

ချန်ဟွိုက်အန်က ကောင်းကင်နက္ခတ်တွက်ချက်မှုကို အသုံးပြုရန် ပြင်နေသော်လည်း ကျန်းယိပိုင်၏ စကားများကြောင့် ရပ်တန့်သွား၏။

အဘိုးကြီးကျန်းက ဆရာတော် ဖန်ယဲ့နှင့် နှစ်တစ်ထောင်ကျော်ကြာ ထိပ်တိုက်ရင်ဆိုင်ခဲ့သူ ဖြစ်သည်။

(၁၂)ဆင့် ရွှေကြာပန်း သုမေရုနယ်မြေကို ဖြိုခွဲမည့် နည်းလမ်း သူ့တွင် ရှိကောင်း ရှိနေနိုင်သည်။

ကျန်းယိပိုင်က မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ရာ သူ၏ နှုတ်ခမ်းတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာ၏။

"ငါက ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့ ရည်ရွယ်ချက် တစ်ခါမှ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အမြဲတမ်းတော့ ကြိုတင်ပြီး ပြင်ဆင်ထားရတာပေါ့။ ဟိုးအရင်တုန်းက (၁၂)ဆင့် ရွှေကြာပန်း သုမေရုနယ်မြေကို ဘယ်လို ဖြိုခွဲရမလဲဆိုတာ ငါ လေ့လာခဲ့ဖူးတယ်။ ဖန်ကျင်း မြင့်မြတ်နယ်မြေကို ငါ လာလည်တဲ့ အချိန်တွေမှာ တိတ်တဆိတ် သုတေသန လုပ်နေခဲ့တယ်ဆိုတာကို ဆရာတော် ဖန်ယဲ့ မသိခဲ့ဘူး။ ညီလေးချန်၊ ရွှေကြာပန်းက ကြောက်စရာ ကောင်းလောက်အောင် ခိုင်မာတယ်။ မြင်ရပေမဲ့ ထိတွေ့လို့မရဘူး။ အဲဒါကို ဖောက်ထွက်ဖို့အတွက် အစစ်အမှန်ရော စိတ်ကူးယဉ်ကိုပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရမယ်။ မင်း သိမှာ မဟုတ်ပါဘူး။ ကျန့်ဝူက ငါ့ရဲ့ ယင်-ယန် ဓားအသိက အဲဒီအရာကို အထူးပြုထားတာ။ ဒီနေ့ မင်းကို သူတော်စင်အဆင့် အခင်းအကျင်းတစ်ခု ငါ သင်ပေးမယ်။"

ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွားသည်။

အစ်ကိုကြီးဆီမှာ တကယ် ပညာတွေ ရှိနေတာပဲ။

သူက စိတ်အားထက်သန်စွာဖြင့် သေချာ နားထောင်လိုက်သည်။

ကျန်းယိပိုင်က ချန်ဟွိုက်အန်၏ မျက်ခုံးဆီသို့ လက်ကို မြှောက်လိုက်ပြီး မျက်လုံးမှေးလိုက်သည်။

"ဒီအခင်းအကျင်းက နာမည် မရှိသေးဘူး။ အဲဒါက ပိတ်လှောင်ရေး အခင်းအကျင်းပဲ။ အီနှစ်ပါးပါကွက အခင်းအကျင်းကနေ ဆင်းသက်လာတာ။ ယင်-ယန်၊ စိတ်ကူးယဉ်နဲ့ အစစ်အမှန် ပြောင်းလဲမှုတွေကို ကိုယ်စားပြုတယ်။ အစစ်အမှန် အရာတွေကို လေဟာနယ်ထဲကို ဆွဲသွင်းနိုင်သလို ပုံရိပ်ယောင်တွေကိုလည်း လက်တွေ့ကမ္ဘာထဲကို ဆွဲထုတ်နိုင်တယ်။ ပစ်မှတ်က ရုပ်ပိုင်းဆိုင်ရာ ပုံစံတစ်ခုခုနဲ့ တည်ရှိနေသရွေ့ပေါ့။"

ကျန်းယိပိုင် သေချာစွာ စတင် ရှင်းပြလိုက်သည်နှင့်အမျှ သတင်းအချက်အလက်များက ချန်ဟွိုက်အန်၏ စိတ်ထဲသို့ ရေစီးကြောင်းတစ်ခုကဲ့သို့ ဝင်ရောက်လာသည်။

သူ၏ မူလတာအိုခန္ဓာကြောင့် ချန်ဟွိုက်အန်က အခင်းအကျင်း၏ အခြေခံ သဘောတရားများကို လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့သည်။

၎င်းက တကယ့်ကို ပါးနပ်လှသည်။ (၁၂)ဆင့် ရွှေကြာပန်း သုမေရုနယ်မြေကို ပြီးပြည့်စုံစွာ တန်ပြန်နိုင်သော အရာဖြစ်သည်။

လွယ်လွယ်ပြောရလျှင် ဤအခင်းအကျင်းကို အသုံးပြုခြင်းက တီဗွီကြော်ငြာထဲမှ ပစ္စည်းတစ်ခုကို မိမိ၏ အရှေ့ တည့်တည့်တွင် အစစ်အမှန်အဖြစ် ဖော်ဆောင်လိုက်သကဲ့သို့ပင်။

ယခုလောလောဆယ်တွင် ကြာပန်းက ထိတွေ့မရ၊ တိုက်ခိုက်မရသော ပုံရိပ်ယောင်တစ်ခု အနေဖြင့် ရှိနေသည်။

ကျန်းယိပိုင်၏ အခင်းအကျင်းဖြင့် ၎င်းကို လက်တွေ့လောကထဲသို့ ဆွဲထုတ်နိုင်မည် ဖြစ်သည်။

အသက်အနည်းငယ် ရှူပြီးနောက် ချန်ဟွိုက်အန် မျက်လုံးဖွင့်လိုက်သည်။

သူ၏ မျက်ဆန်များမှာ ယခုအခါ တစ်ခုက ရွှေရောင်၊ တစ်ခုက မီးခိုးရောင် တလက်လက် တောက်ပနေပြီး ယင်-ယန် ချီစွမ်းအင်များဖြင့် လည်ပတ်နေ၏။ ၎င်းကို ကြည့်ခြင်းအားဖြင့် ချန်ဟွိုက်အန်က အခင်းအကျင်းကို အပြည့်အဝ တတ်မြောက်သွားပြီ ဖြစ်ကြောင်း ကျန်းယိပိုင် သိလိုက်သည်။ မူလတာအို ခန္ဓာကိုယ်က မည်မျှ အဓိပ္ပာယ်မရှိလောက်အောင် စွမ်းကြောင်း သူ သိထားသော်လည်း အံ့ဩမဆုံး ဖြစ်နေဆဲပင်။

"ညီလေးချန်... ငါတို့တွေ ခေတ်တစ်ခေတ်တည်းမှာ အတူတူ ကျင့်ကြံခဲ့တာ မဟုတ်လို့ ငါ ကံကောင်းသွားတယ်။ မဟုတ်ရင် ကျန့်ဝူ မြင့်မြတ်နယ်မြေ ဆိုတာ ရှိမှာ မဟုတ်ဘူး။ ယောင်ချီနဲ့ ဖန်ကျင်း မြင့်မြတ်နယ်မြေတို့က မင်းရဲ့ အနင်းခံတွေ ဖြစ်နေလိမ့်မယ်။ ထားလိုက်ပါတော့။ မင်းက နှစ်တစ်ထောင်တောင် မပြည့်ခင်မှာ အင်မော်တယ် တစ်ပါး ဖြစ်နေလောက်ပြီ။"

"အစ်ကိုကြီး မြှောက်ပင့်လွန်းနေပါပြီ။"

ချန်ဟွိုက်အန်က နှိမ့်ချစွာဖြင့် လက်ကိုယှက်လိုက်သည်။

"အစ်ကိုကြီးဆီကနေ ကျွန်တော် သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်။"

ကျန်းယိပိုင်က ပြုံးလိုက်ပြီး ကြေးခွံနက်ဓားထဲသို့ ပြန်ဝင်သွားသည်။

ချန်ဟွိုက်အန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်ကွက်များကို စတင် ဖော်လိုက်သည်။

သူ၏ စစ်မှန်သော အနှစ်သာရများ အပြင်သို့ ပေါက်ကွဲထွက်လာပြီး သူ၏ ခြေအောက်တွင် ယင်-ယန် ငါးပုံစံ တစ်ခု လည်ပတ်လာကာ အဆက်မပြတ် ကြီးထွားလာသော အီနှစ်ပါးပါကွ အခင်းအကျင်းကြီး ဖြစ်ပေါ်လာသည်။

ကြီးမားလှသော အင်အားတစ်ခုက တွန်းထုတ်လိုက်သကဲ့သို့ သူ၏ ပတ်ဝန်းကျင်ရှိ လှိုင်းတံပိုးများ ကွဲဟသွားပြီး သမုဒ္ဒရာ ကြမ်းပြင်မှ တွင်းချိုင့်များနှင့် သဲများကို ပေါ်လွင်စေသည်။

ငါးများက ထိတ်လန့်တကြားဖြင့် ရေအောက်တွင် ရမ်းကားစွာ ကူးခတ်နေကြသော်လည်း၊ ကျယ်ပြန့်လာနေသော လှိုင်းလုံးများကို မကျော်လွန်နိုင်ကြပေ။

မကြာမီတွင် ချန်ဟွိုက်အန်နှင့် တပည့်များ၏ ပတ်လည်တွင် မတ်စောက်သော ကျောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ကျန်းတစ်ထောင်ခန့် မြင့်မားသော စက်ဝိုင်းပုံ ပင်လယ်ရေတံတိုင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ခြေအောက်တွင်မူ တူညီသော အချင်းရှိသည့် ဧရာမပါကွ အခင်းအကျင်းကြီး တစ်ခုက ဖြည်းညင်းစွာ လည်ပတ်နေသည်။

ရေများ ဖယ်ရှားခံလိုက်ရသော်လည်း (၁၂)ဆင့် ရွှေကြာပန်းမှာမူ လေထဲတွင် တွဲလောင်းကျနေဆဲပင်။

ရေအောက်ရောက်နေပုံရသော ၎င်း၏ အမြစ်စနစ်မှာ သမုဒ္ဒရာ ကြမ်းပြင်နှင့် တကယ်တမ်း ဆက်သွယ်နေခြင်း မဟုတ်ဘဲ အမြစ်များက လေဟာနယ်ထဲသို့ တွဲလောင်းကျနေပြီး ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေသည်။

ဧရာမ အခင်းအကျင်းကြီးနှင့် ယှဉ်လိုက်လျှင် ကြာပန်းလေးမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့သာ ထင်ရ၏။

သို့တိုင်အောင် ၎င်းအပေါ်သို့ ကျရောက်နေသော ဖိအားများအားလုံး ရှိနေသော်လည်း ကြာပန်းက လေထဲတွင် အတားအဆီးမရှိ မည်သည့်သက်ရောက်မှုမှ မရှိဘဲ ပွင့်လန်းနေဆဲ ဖြစ်သည်။

...

တစ်ချိန်တည်းမှာပင်၊ ဖန်ကျင်း မြင့်မြတ်နယ်မြေ အတွင်းရှိ အကြီးအကဲများနှင့် တပည့်များမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

အပြင်ဘက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူတို့ မြင်တွေ့နိုင်သည်။

"ယောင်ချီ မြင့်မြတ်နယ်မြေကို စစ်ကူတောင်းဖို့ တပည့်တွေကို လွှတ်ထားပြီးပါပြီ။ ဆရာတော် မကြာခင် ပြန်ရောက်လာပါလိမ့်မယ်။ ထိတ်လန့်နေစရာ မလိုပါဘူး။"

ဆရာတော် ဖန်ယဲ့ မရှိချိန်တွင် တာဝန်ခံမှာ ကျောင်းထိုင်ဆရာတော် ဆရာတော် ဖန်ကွမ်း ဖြစ်သည်။

"ကျောင်းထိုင်ဆရာတော်၊ ဓားကျောင်းတော် ဘိုးဘေးကြီးက လွယ်တဲ့သူ မဟုတ်ဘူး။ သတင်းတွေအရ သူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်ကိုတောင် ရောက်နေပြီတဲ့။ သူသာ အထဲဝင်လာနိုင်ရင် ကျွန်တော်တို့ သွားပြီပဲ။"

"အဟက်။ သူက အထဲ ဝင်နိုင်မယ်လို့ ထင်နေတာလား။"

ဆရာတော် ဖန်ကွမ်းက (၁၂)ဆင့် ရွှေကြာပန်း သုမေရုနယ်မြေက မည်မျှ ကြောက်စရာကောင်းကြောင်းကို သိထားသည်။

ဓားကျောင်းတော် ဘိုးဘေးကြီးကို အသာထား၊ ယွိယောင်သည်ပင် ဆရာတော် ဖန်ယဲ့၏ ခွင့်ပြုချက်မရှိဘဲ အထဲကို ဝင်မရပေ။

နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်က ဘာများ လုပ်နိုင်မှာလဲ။

သူက သုမေရုနယ်မြေ အပြင်ဘက်တွင် အခင်းအကျင်း တည်ဆောက်နေသော ချန်ဟွိုက်အန်ကို ကြည့်ကာ နှာမှုတ်လိုက်သည်။

"လှည့်ကွက်တွေ သက်သက်ပါပဲ။"

...

ရွှေဗုဒ္ဓပင်လယ်။

ချန်ဟွိုက်အန်၏ စစ်မှန်သော အနှစ်သာရများ ဆူပွက်လာပြီး သူ၏ အနက်ရောင်ဝတ်ရုံက လေပြင်းထဲတွင် ပြင်းထန်စွာ တဖျပ်ဖျပ် လွင့်ခါနေသည်။

အခင်းအကျင်း၏ စွမ်းအင်များက (၁၂)ဆင့် ရွှေကြာပန်းကို သော့ခတ်လိုက်ချိန် ကမ္ဘာကြီးက တောင်ကြီးများ ကွဲအက်သွားသည့်အလား အသံကြီးဖြင့် တအိအိ မြည်ဟည်းသွားသည်။

ဤအခင်းအးကျင်းပုံသည် ပုံရိပ်ယောင်မှ အစစ်အမှန်သို၊ အစစ်အမှန်မှ ပုံရိပ်ယောင်သို့ ပြောင်းလဲခြင်းအပေါ် အခြေခံထားသည်။

ပုံရိပ်ယောင်ကို အစစ်အမှန် ဖြစ်စေရန် အစားထိုးအနေဖြင့် အစစ်အမှန် တစ်ခုခုကို ပုံရိပ်ယောင်အဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်သည်။

ပေတစ်ထောင်ခန့် ကျယ်ဝန်းသော အခင်းအကျင်းအတွင်းရှိ ပင်လယ်ရေ၊ သမုဒ္ဒရာကြမ်းပြင်နှင့် လေထဲတွင် အေးခဲနေသော ငါးနှင့် ပုစွန်များပင်လျှင် အားလုံးက ပူဇော်သက္ကာယများ ဖြစ်ကြသည်။

ချန်ဟွိုက်အန်က သူ၏ အကြည့်ကို ရွှေကြာပန်းပေါ်တွင် ရပ်တန့်ထားလိုက်သည်။

သူ၏ ညာလက်ကို ခပ်လျော့လျော့ ဆုပ်ကိုင်ကာ ဆန့်ထုတ်လိုက်၏။

သူက သုမေရုနယ်မြေကို အတိအကျ ပစ်မှတ်မထားနိုင်သေးသော်လည်း ညာလက်ကို ဖြည်းညင်းစွာ ရွှေ့လိုက်သောအခါ ကြာပန်းသည် ပါကွ အခင်းအကျင်း၏ ယင်အစွန်းဘက်သို့ ရွေ့လျားသွားသည်။

ထို့နောက် သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။

ပင်လယ်ရေ၊ သဲ၊ ငါး၊ ပုစွန်နှင့် သန္တာကျောက်တန်းများက အားကောင်းသော စွမ်းအားတစ်ခုအောက်တွင် ယန်အစွန်းဘက်သို့ စီးဆင်းသွားကြသည်။

အသက်သုံးရှူစာ အကြာတွင်

ယင် ငါးပုံစံ၏ အထက်တွင် (၁၂)ဆင့် ရွှေကြာပန်း တစ်ခုသာ ကျန်ရစ်တော့သည်။

ယန် ငါးပုံစံ၏ အထက်တွင်မူ အဆုံးအစမရှိသော ပင်လယ်ပြင်ကျယ်ကြီး ရှိနေ၏။

ထိုအခိုက်အတန့်တွင် အချင်းအကျင်း၏ အဟုန်က အထွတ်အထိပ်ကို ရောက်ရှိသွားသည်။

ကြေးခွံနက်ဓားထဲတွင်တော့ ကျန်းယိပိုင်၏နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေ၏။

ချန်ဟွိုက်အန်က ဒီသူတော်စင်အဆင့် အခင်းအကျင်းကို ခုနကပဲ သင်ယူခဲ့တာ။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့အထိ ကျွမ်းကျင်သွားခဲ့ပြီ။

ဒီလို ပါရမီမျိုးက... ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေနိုင်လောက်တယ်။

"ငါ နှစ်တွေအများကြီး အချိန်ယူ ဖန်တီးခဲ့ရတဲ့ အခင်းအကျင်းက တစ်နေ့ကျ တကယ် အသုံးဝင်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ဆရာတော် ဖန်ယဲ့။ ငါ့ကို နောက်ကျော ဓားနဲ့ထိုးတုန်းက ဒီအခိုက်အတန့်မျိုးကို မင်း စိတ်ကူးယဉ်ခဲ့ဖူးရဲ့လား။"

ကျန်းယိပိုင်က မျက်လုံးမှေးလိုက်ပြီး တစ်ခုခုကို ဆုပ်ကိုင်တော့မည့်အလား လက်များကို ဆန့်ထုတ်၍ ထားလိုက်သည်။

ရွှေဗုဒ္ဓပင်လယ် အထက်တွင် ချန်ဟွိုက်အန်၏ ဘယ်လက်နှင့် ညာလက်တို့ ယှက်နွှယ်သွားကြသည်။ ထို့နောက် သူ၏ မျက်ဆန်များအတွင်းရှိ ယင်နှင့်ယန် စွမ်းအင်များ ပြောင်းပြန်လည်ပတ်သွားကြ၏။

ထို့နောက် သူတို့နှစ်ဦး စကားပြောလိုက်ကြသည်။ တစ်ခုက ဓားထဲမှ ရှေးကျပြီး လေးနက်သော အသံဖြစ်ကာ၊ နောက်တစ်ခုက ကမ္ဘာကြီးကို ပဲ့တင်ထပ်စေသော နုပျိုပြီး အစွမ်းထက်သည့် အသံမျိုးပင်။

"ယင်-ယန် ပြောင်းပြန်လှန်ခြင်း…"

...

All Chapters