← Chapters

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း(၄၁၆) ရင်းနှီးသလို ခံစားချက်

"နှစ်သုံးထောင်သက်တမ်းရှိ ရွှေဗောဓိ။ တော်တော်လေး ရှားပါးတဲ့ ပစ္စည်းပဲ။"

ချန်ဟွိုက်အန်က မြေပြင်ပေါ်မှ ပင်စည်ကို ကောက်ယူလိုက်သည်။

ဖန်ကွမ်း သေဆုံးသွားပြီးနောက် ထိုစုစည်းနေသော အနှစ်သာရလေးသာ ကျန်ရစ်ခဲ့၏။ သူ၏ ကြေးခွံနက်ဓားက အဘိုးကြီးကျန်းအတွက် သက်သောင့်သက်သာရှိသော နေထိုင်စရာ နေရာတစ်ခု ပေးစွမ်းနိုင်မည့် ပြီးပြည့်စုံသော ကုန်ကြမ်းဖြစ်လာလိမ့်မည်။

ဖန်ကွမ်းက သူတို့၏ လမ်းကြောင်းကို မပိတ်ဆို့တော့သည့်အတွက် ဖန်ကျင်း မြင့်မြတ်နယ်မြေက သူတို့ရှေ့ လုံးဝ ပွင့်ဟနေပြီ ဖြစ်သည်။

"လီကျစ်ဖျင်။ အားလုံးကို အထဲအရင် ခေါ်သွားလိုက်။"

လီကျစ်ဖျင်ကို ညွှန်ကြားချက်များ ပေးပြီးနောက် ချန်ဟွိုက်အန်က လီချင်းရန်ကို အနက်ရောင် နဂါးအကြေးခွံ တစ်ခု ကမ်းပေးလိုက်သည်။ "ချင်းရန်၊ ဒါက နဂါးကိုးကောင် မြင့်မြတ်ရထားလှည်းကြီးရဲ့ ထိန်းချုပ်မှု အာဏာပဲ။ အခု မင်းကို ငါ အပ်နှင်းလိုက်ပြီ။ လီကျစ်ဖျင်နဲ့ ကျန်းမုန့်ချူးတို့ အုပ်စုနောက်ကို လိုက်သွား။ မှတ်ထားနော်။ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့။ မစဉ်းမစားနဲ့ ဘာမှမလုပ်နဲ့။ အန္တရာယ်တစ်ခုခု ပေါ်လာရင် ငါ့ကို ချက်ချင်း လှမ်းခေါ်။"

လီချင်းရန်က အကြေးခွံကို လက်ခံယူလိုက်ချိန် နဂါးကိုးကောင် မြင့်မြတ်ရထားလှည်းကြီး၏ အနက်ရောင် နဂါးကိုးကောင်နှင့် အချိတ်အဆက်ကို ချက်ချင်း ခံစားလိုက်ရသည်။ ယခု သူက သူတို့ကို စိတ်ကြိုက် အမိန့်ပေးနိုင်ပြီ ဖြစ်သည်။

"ဒါပေမဲ့ ဆရာ..." လီချင်းရန်က အကြေးခွံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း မေးသည်။ "ဆရာက ကျွန်မတို့နဲ့အတူ မလိုက်ဘူးလား။"

"မလိုက်ဘူး။" ချန်ဟွိုက်အန်က ခေါင်းခါလိုက်သည်။ "ငါ လူတစ်ယောက်ကို စောင့်ရမယ်။"

"ဘယ်သူ့ကိုလဲ။"

"ဆရာတော် ဖန်ယဲ့ကို။"

ချန်ဟွိုက်အန်က (၁၂)ဆင့် ရွှေကြာပန်း၏ ဝင်ပေါက်ဆီသို့ ငေးကြည့်လိုက်ပြီး သူ၏လေသံက နိမ့်ကျကာ အေးစက်နေသည်။ "(၁၂)ဆင့် ရွှေကြာပန်း အဖောက်ခံလိုက်ရပြီဆိုတော့ ဆရာတော် ဖန်ယဲ့က အဲဒါကို သေချာပေါက် အာရုံခံမိပြီးတော့ အရှိန်အပြည့်နဲ့ ပြန်လာလိမ့်မယ်။ ငါနဲ့ သူနဲ့ကြားက တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး..."

"မှတ်ထား။ မင်းတို့ရဲ့ အဓိက ရည်ရွယ်ချက်က ယွန်စုရှင်းကို ကယ်တင်ဖို့ပဲ။ အဲဒီတော့မှ ဖန်ကျင်း မြင့်မြတ်နယ်မြေရဲ့ အင်အားကို အားနည်းအောင် လုပ်ဖို့ အာရုံစိုက်ရမယ်။ မြင့်မြတ်နယ်မြေ တစ်ခုလုံးက ဖန်ယဲ့ရဲ့ သဘောတရားတွေကြောင့် ပျက်စီးနေပြီ။ ဘုန်းကြီးကောင်း တစ်ပါးမှ မကျန်တော့ဘူး။ သနားညှာတာမှု မပြနဲ့။"

လီချင်းရန် နားလည်ပေသည်။ ရောက်ရှိနေသူများထဲ ဆရာတော် ဖန်ယဲ့ကို သူ၏ဆရာ တစ်ယောက်တည်းသာ တားဆီးနိုင်မည် ဖြစ်သည်။

သူ တစ်ယောက်တည်းကသာ ကယ်ဆယ်ရေးအတွက် လိုအပ်သောအချိန်ကို ရအောင် ယူပေးနိုင်ပေမည်။

လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့ကဲ့သို့သော ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ရှိ အင်အားကြီးသူများတွင် ဖန်ကျင်း မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အကြီးအကဲများဟူသော ပြိုင်ဘက်များ ရှိကြသည်။

ထို့ကြောင့် သူက "ဆရာ၊ မသွားသင့်ဘူး" သို့မဟုတ် "ဒါက အရမ်း အန္တရာယ်များတယ်" ဟူသော စိုးရိမ်ပူပန်မှုများကို ထုတ်မပြောခဲ့။ ထိုအစား သူက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။

"ဆရာ စိတ်ပူစရာ မလိုပါဘူး။ ချင်းရန် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။"

"ပြီးတော့ ဆရာ မှတ်ထားပါ။ ဆရာ့မှာ ကျွန်မတို့ အားလုံး ရှိနေသေးတယ်။ ကျွန်မတို့လို တပည့်တွေ ရှိနေသေးတယ်။ ပြီးတော့ အားလုံးထက် ဆရာက အသန်မာဆုံးပဲ။"

မဟာတက်လှမ်းခြင်း ကနဦးအဆင့်နှင့် ဒုတိယမြောက်အတိဒုက္ခ။

ထို့အပြင် ဆရာတော် ဖန်ယဲ့တွင် ဝိညာဉ်ရတနာ တစ်ခုထက်မက သေချာပေါက် ရှိနေလိမ့်မည်။

အခြေအနေက သူ့အတွက် မသာမယာ ဖြစ်နေကြောင်း ချန်ဟွိုက်အန် ကောင်းကောင်း သိသည်။

သို့သော် လီချင်းရန်၏ စကားများက သူ၏ သွေးကြောများအတွင်းသို့ ခွန်အားသစ်များ စီးဆင်းသွားစေ၏။

"သွားတော့။"

သူက ဓားကိုကိုင်လျက် သူတို့ကို ကျောခိုင်းလိုက်ပြီး အဖွဲ့တစ်ခုလုံး၏ နောက်ဘက်တွင် အစောင့်အကြပ်အဖြစ် ရပ်နေလိုက်သည်။

လူတစ်ယောက်တည်း ဖြစ်သော်လည်း သူ၏ ဆူပွက်နေသော ဓားအသိက ထိုးဖောက်မရသော တံတိုင်းကြီး တစ်ခုကို ဖန်တီးထားသည်။ သူ့ဘက်သားများအတွက် စိတ်အေးရစေသလို မိမိဂိုဏ်းကို ကူညီရန် ပြန်လာမည် ဆိုလျှင် ဤကာကွယ်ရေးကို အရင် ဖောက်ထွက်ရမည်ဟု ဖန်ယဲ့ကို သတိပေးနေသကဲ့သို့ပင်။

လီချင်းရန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆရာဖြစ်သူ၏ ပြတ်သားသော ကျောပြင်ကို ကြည့်ကာ သူ့ကိုယ်သူ စိတ်ကို ခိုင်မာအောင် လုပ်လိုက်သည်။ နဂါးကိုးကောင် မြင့်မြတ်ရထားလှည်းကြီးကို ထိန်းချုပ်ကာ ဖန်ကျင်း မြင့်မြတ်နယ်မြေ အတွင်းသို့ သူ ဝင်ရောက်သွားတော့သည်။

ဆရာဖြစ်သူက ဆရာတော် ဖန်ယဲ့ကို ရင်ဆိုင်နေချိန်...

သူတို့ကလည်း ဖန်ကျင်း မြင့်မြတ်နယ်မြေကို စစ်ခင်းကြမည် ဖြစ်သည်။

ခွဲခွာနေရသော်လည်း သူတို့၏ ဝိညာဉ်များက တစ်သားတည်း တိုက်ပွဲဝင်နေကြပေမည်။

"ဆရာ... ဘေးကင်းအောင် နေနော်။"

...

...

နဂါးကိုးကောင် မြင့်မြတ်ရထားလှည်းကြီး ဝင်ရောက်သွားပြီး မကြာခင်မှာပင်…

သုမေရု နယ်မြေတစ်ခုလုံး ရုတ်တရက် တုန်ခါသွား၏။

ဤသည်မှာ မြင့်မြတ်နယ်မြေ အတွင်းရှိ တိုက်ပွဲများကြောင့် မဟုတ်ကြောင်း ချန်ဟွိုက်အန် သိသည်။ အမြင့်ဆုံး ဝိညာဉ်ရတနာ တစ်ခုအနေဖြင့် (၁၂)ဆင့် ရွှေကြာပန်း၏ အတွင်းပိုင်း နေရာလွတ်က ဤမျှ အလွယ်တကူ မတည်မငြိမ် ဖြစ်သွားမည် မဟုတ်ပေ။

အဝေးက မိုးကုတ်စက်ဝိုင်းဆီမှ ဗုဒ္ဓဓမ္မတေး ရွတ်ဆိုသံများ ပဲ့တင်ထပ်လာသည်။

သူသိလိုက်သည် (၁၂)ဆင့် ရွှေကြာပန်း၏ သခင် ရောက်လာပြီ ဖြစ်သည်။

အသိဉာဏ်ရှိသော ရတနာများက အသိအာရုံ ပိုင်ဆိုင်ကြသည်။

ဒီတုန်ခါမှုတွေက ရွှေကြာပန်းရဲ့ ဒေါသပဲ။ သခင်ဖြစ်သူ မရှိချိန်မှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်ရဲ့ ဖောက်ထွင်းတာကို ခံလိုက်ရလို့ မခံမရပ်နိုင်ဖြစ်နေတဲ့ ဒေါသတွေပဲ။

"ညီလေး၊ ဖန်ယဲ့က မဟာတက်လှမ်းခြင်း ဒုတိယမြောက်အတိဒုက္ခအဆင့်မှာ ရှိနေတာ၊"

ကျန်းယိပိုင်က ချန်ဟွိုက်အန်၏ ဘေးတွင် ရုပ်လုံးပေါ်လာပြီး သူ၏အမူအရာက လေးနက်နေသည်။ "မင်းရဲ့ ဓားသိုင်းပညာက ဒီခေတ်မှာ ပြိုင်ဘက်ကင်းတယ်ဆိုတာကို ငါ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျင့်စဉ်အဆင့် ကွာဟချက်ကိုတော့ ကျော်လွှားလို့ မရနိုင်ဘူး။ အချိန်ဆွဲဖို့ကိုပဲ အာရုံစိုက်။ သတိလက်လွတ် မတိုက်ခိုက်နဲ့။"

"အဲဒီဘုန်းကြီးက သင်္ကန်းဝတ်ထားပေမဲ့ သတ်ဖြတ်တဲ့ နေရာမှာတော့ ထူးချွန်တယ်။ အင်အားမမျှတဲ့အခါ ထိုးစစ်ဆင်တာက ဘေးဒုက္ခကို ဖိတ်ခေါ်သလိုပဲ။ ခုခံကာကွယ်ပြီး သူ့ရဲ့ ခွန်အားကို လမ်းကြောင်းပြောင်းပစ်တာက ပိုကောင်းမယ်။"

ချန်ဟွိုက်အန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူက ထိုမျှလောက် မောက်မာသူ မဟုတ်။

တိုက်ပွဲများတွင် ဓားကျင့်ကြံသူများက အသာစီးရတတ်သော်လည်း ဖန်ယဲ့ကို ရင်ဆိုင်ရာတွင် ဓားတာအို တစ်ခုတည်းက မဟာတက်လှမ်းခြင်းအဆင့် ကွာဟချက်ကို ပေါင်းကူးပေးနိုင်မည်ဟု သူ လုံးဝ မယုံကြည်ခဲ့ပေ။

မဟာတက်လှမ်းခြင်း ဒုတိယမြောက်အတိဒုက္ခအဆင့် ဆိုသည်မှာ ကောင်းကင်ဘုံအတိဒုက္ခ နှစ်ခုကို ဖြတ်သန်း ကျော်လွှားထားသူ ဖြစ်သည်။

မဟာတက်လှမ်းခြင်းအဆင့်မှ တက်လှမ်းရန် နောက်ဆုံး အတိဒုက္ခကြီး မတိုင်မီ အသေးစား အတိဒုက္ခသုံးခုကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။ အသေးစား အတိဒုက္ခတိုင်းက ကျင့်ကြံသူတစ်ဦး၏ ဒန်တျန်၊ အသိအာရုံနှင့် ရုပ်ခန္ဓာကို အဆပေါင်းများစွာ သန့်စင်ပေးသည်။ ထို့ကြောင့် အတိဒုက္ခ မရှိသေးသူက အတိဒုက္ခတစ်ခုကို အနိုင်မယူနိုင်သလို အတိဒုက္ခတစ်ခုကလည်း နှစ်ခုကို အနိုင်မယူနိုင်ပေ။ ကွာဟချက်တိုင်းက အရည်အသွေးပိုင်းဆိုင်ရာ ခြားနားမှုကို ကိုယ်စားပြု၏။

ကျန်းယိပိုင်က ရုတ်တရက် မေးလိုက်သည်။ "ဒါနဲ့ ညီလေးချန်။ မင်းက မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်နေတယ်ဆိုတာ ငါ သိတယ်၊။ ဒါပေမဲ့ မင်း အသေးစား အတိဒုက္ခ ဘယ်နှစ်ခုကို ဖြတ်ကျော်ထားပြီးပြီလဲ"

ခေတ္တရပ်သွားပြီးနောက် ချန်ဟွိုက်အန်က ဖြေလိုက်သည်။ "တစ်ခုမှ မရှိသေးဘူး။"

"အာ..." ကျန်းယိပိုင်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း အတင်းအကျပ် ရယ်မောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ငါတို့ အကောင်းဆုံး ကြိုးစားကြတာပေါ့။ မနိုင်ရင် အချိန်ဆွဲမယ်။ အချိန်ဆွဲလို့မရဘူးဆိုရင် ထွက်ပြေးမယ်၊ ထွက်ပြေးလို့မရရင်... အင်း၊ သေရတာလည်း သိပ်မဆိုးပါဘူးလေ။"

ချန်ဟွိုက်အန် - "..."

တကယ်ပါပဲ...

ဒီလိုမျိုး နှစ်သိမ့်ပေးတတ်တဲ့ စွမ်းရည်မျိုးနဲ့ဆိုတော့ ကျန်းယိပိုင် တာအိုလက်တွဲဖော် မရှိတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။

...

"ခိုးကြောင်ခိုးဝှက် ဓားကျောင်းတော် ကြွက်စုတ်။ ဒီဘုန်းကြီးရဲ့ (၁၂)ဆင့် ရွှေကြာပန်းကို မင်းက ဘယ်လိုများ ဖျက်ဆီးရဲတာလဲ။"

ချဉ်းကပ်လာသော ဗုဒ္ဓဓမ္မတေးရွတ်ဆိုသံများက ရုတ်တရက် ဟိန်းသံအဖြစ် ပေါက်ကွဲထွက်လာပြီး တစ်ချိန်က ငြိမ်းချမ်းခဲ့သော ဓမ္မတေးများကို ရူးသွပ်စရာကောင်းသော ဆူညံသံအဖြစ် တွန့်လိမ်သွားစေကာ ကြမ်းတမ်းသော လှုံ့ဆော်မှုများကို ဖြစ်ပေါ်စေသည်။

ရွှေရောင်အလင်းတန်းတစ်ခုက မိုးကုတ်စက်ဝိုင်းကို ဖြတ်ပြေးလာ၏။

မရောက်လာခင်မှာတင် ပူလောင်လှသော အပူချိန်က ပတ်ဝန်းကျင်ကို လွှမ်းခြုံလာသည်။

အဓိကပွဲကြီး ရောက်လာပြီဖြစ်ကြောင်းကို ချန်ဟွိုက်အန် သိလိုက်သည်။

"ဆရာတော် ဖန်ယဲ့။ ကျုံးကျိုးလျှို့ဝှက်နယ်မြေမှာ ငါ့ရဲ့ ဓားကျောင်းတော် တပည့်တွေကို ညှဉ်းပန်းနှိပ်စက်ဖို့ မင်းက ယွိယောင်နဲ့ ပူးပေါင်းကြံစည်ခဲ့တယ်။ အခု မင်းက မင်းရဲ့ မြင့်မြတ်နယ်မြေထဲမှာ တခြားဂိုဏ်းတွေက တပည့်တွေကို အကျဉ်းချထားသေးတယ်။ ငါတို့ အကြွေးတွေ အားလုံး ရှင်းရမယ့် အချိန်ရောက်ပြီ။"

ကျင့်စဉ်အဆင့်တွင် အရေးနိမ့်နေသော်လည်း စိတ်ဓာတ်ပိုင်းတွင်တော့ လုံးဝ မရှုံးနိမ့်ပေ။

ချန်ဟွိုက်အန်က နောက်ဆုတ်မည့်အစား ဓားကိုမြှောက်ပြီး ရှေ့ကို ပြေးဝင်သွားသည်။

သူ၏ခြေလှမ်းများက ခြောက်သွေ့နေသော သစ်ကိုင်းများကို ကျိုးကြေသွားစေပြီး အနက်ရောင်ဝတ်ရုံက ပြင်းထန်စွာ တဖျပ်ဖျပ် လွင့်ခါနေသည်။

သူက ဓားသွားကို ထက်မြက်စွာ စောင်းလိုက်ပြီး ဖန်ယဲ့၏ မျက်နှာဆီသို့ တည့်မတ်စွာ ထိုးစိုက်လိုက်သည်။

ဒီဘုန်းကြီးက သတ်ဖြတ်တဲ့နေရာ ထူးချွန်တယ်လို့ ကျန်းယိပိုင် ပြောထားမှတော့ အဲဒီ ဂုဏ်ယူဝင့်ကြွားမှုတွေကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ရမှာပေါ့။

ဖန်ယဲ့က အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ရုပ်တုတစ်ခုလို ရွှေရောင်လွှမ်းနေပြီး မျက်နှာက ဒေါသတကြီးဖြင့် ဝရဇိန်မျက်နှာအဖြစ် တွန့်လိမ်နေသည်။ သူ၏ ညာလက်က အလွန်ပူပင် လောင်နေသော ဝရဇိန်လက်နက်ကို ဝှေ့ယမ်းကာာ ချန်ဟွိုက်အန်၏ ဦးခေါင်းခွံဆီသို့ တည့်တည့် ဝင်လာသည်။

သူ၏ ရတနာ ဖောက်ထွင်းခံရမှုအတွက် ဒေါသထွက်နေ၍ သူက စကားပြောရန် စိတ်မရှည်တော့ပေ။ ထိုဟင်းလင်းပြင်ပေါင်းစည်းခြင်းနဝမအဆင့် ပိုးကောင်လေးကို ချေမှုန်းပစ်ရန်သာ ရည်ရွယ်ထားသည်။

ဓားနှင့် ဝရဇိန်လက်နက်တို့ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ရိုက်ခတ်သွား၏။

စစ်မှန်သော အနှစ်သာရလှိုင်းများ အပြင်သို့ ပျံ့နှံ့သွားရာ သုမေရုနယ်မြေ၏ ကမ္ဘာငယ်လေးများကို မုန်တိုင်းထဲမှ ကျူပင်များကဲ့သို့ တုန်လှုပ်သွားစေသည်။

ဖန်ယဲ့၏ မျက်ဆန်များ ရုတ်တရက် ကျဉ်းမြောင်းသွား၏။

ဟင်းလင်းပြင်ပေါင်စည်းခြင်း နဝမအဆင့်က ဒီရိုက်ချက်ကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။

ချန်ဟွိုက်အန်၏ ဖြူရော်နေသော မျက်နှာကို စိုက်ကြည့်ရင်း သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"မင်း…မင်း ဘယ်တုန်းက မဟာတက်လှမ်းခြင်းအဆင့်ကို ဖောက်ထွက်သွားတာလဲ။"

ချန်ဟွိုက်အန်၏ အကြည့်က ဖန်ယဲ့အပေါ်တွင်သာ ရပ်တန့်နေဆဲ ဖြစ်သည်။

တိတိကျကျ ပြောရလျှင် ဘုန်းကြီး၏ လက်ထဲမှ ဝရဇိန်လက်နက် အပေါ်တွင်ပင်။

ထိုတိုက်ခိုက်မှုမှ ရှင်သန်နိုင်ခဲ့ခြင်းမှာ ကြေးခွံနက်ဓားနှင့် ကျန်းယိပိုင်၏ အကူအညီကြောင့် အများကြီး ပါသည်။

သို့သော် ထိုအရာက အရေးမကြီးပေ။

အရေးကြီးတာက... ဒီဝရဇိန်လက်နက်ကြီးကို ဘာလို့ ဒီလောက်တောင် ရင်းနှီးနေသလို ခံစားရတာလဲ ဆိုတာပဲ။

အဲဒါကို အရင်က တစ်နေရာရာမှာ မြင်ဖူးခဲ့တာများလား။

...

All Chapters