← Chapters

အခန်း ၄၂၀

Vol. 42 Ch. 420

အခန်း ၄၂၀

Vol. 42 Ch. 420

အခန်း(၄၂၀) တစ်ခုခုတော့ လွဲနေပြီ။ တကယ့်ကို အကြီးအကျယ် လွဲနေတာ

"မင်းအမေကိုပဲ အော်မီတော်ဖော် သွားလုပ်။ မင်း ရူးနေပြီလား။" ဆရာတော် ဖန်ယဲ့ခမျာ ငိုမတတ်ပင် ဖြစ်နေ၏။

သုမေရုနယ်မြေ၏ အထက်တွင် ကောင်းကင်တာအို၏ မိုးကြိုးမျက်လုံးက လူးလွန့်နေသော မိုးကြိုးတိမ်တိုက်များနှင့်အတူ သူ၏ (၁၂)ဆင့် ရွှေကြာပန်းကို ဖောက်ထွင်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

ငါ့ရဲ့ (၁၂)ဆင့် ရွှေကြာပန်းက ဘယ်သူမဆို အလွယ်တကူ ကျူးကျော်ဝင်ရောက်လို့ရတဲ့ စျေးပေါတဲ့ အပေါစား ပစ္စည်းများ မှတ်နေလို့လား။

"ဒီအတိဒုက္ခက အခု ရှောင်လွှဲလို့ မရတော့ဘူး။ ဒါပေမဲ့ အတိဒုက္ခကို ဆင့်ခေါ်တဲ့ ဓားကျောင်းတော် ဘိုးဘေးကြီးက ဒီအမျက်ဒေါသရဲ့ ၈၀%ကို ခံရမှာပဲ။" ဆရာတော် ဖန်ယဲ့က သူ၏ ဝိညာဉ်ရတနာအောက်တွင် ကျုံ့ကျုံ့လေး ပုန်းအောင်းရင်း အခြေအနေကို သုံးသပ်ရန် စိတ်ကို အတင်းအကျပ် တည်ငြိမ်စေလိုက်သည်။

ဓားကျောင်းတော် ဘိုးဘေးကြီးက ကောင်းကင်ဘုံအတိဒုက္ခကို တမင်တကာ ရန်စခဲ့ပြီး ကောင်းကင်ဘုံ၏ အာဏာကိုပင် စိန်ခေါ်ခဲ့သည်။ ဤသည်မှာ သာမန် အသေးစား အတိဒုက္ခတစ်ခု လုံးဝ မဖြစ်နိုင်ပေ။ ဒုတိယ သို့မဟုတ် တတိယအဆင့် ကောင်းကင်ဘုံ အပြစ်ပေးမှုပင် ဖြစ်နိုင်ချေရှိသည်။

ဒုတိယအဆင့်သာ ဆိုလျှင် သူ ခံနိုင်ရည် ရှိနိုင်သည်။ သူ၏ ပိုးချည်သင်္ကန်းသာ ရှိနေသေးလျှင် သိပ်ကောင်းမည်။ မဟာတက်လှမ်းခြင်းအဆင့်၏ ဒုတိယမြောက် အသေးစား အတိဒုက္ခကို ဖြတ်ကျော်ရာတွင် အဆိုပါသင်္ကန်းကို သူ အားကိုးခဲ့ရသည်။ ဤအရာက တတိယအဆင့် ကပ်ဘေးဖြစ်နေလျှင်ပင် အများစုက ဓားကျောင်းတော် ဘိုးဘေးကြီးကိုသာ ပစ်မှတ်ထားမည်ဖြစ်ရာ ကြွင်းကျန်ရစ်သော မိုးကြိုးရိုက်ချက်များက သူ့အတွက် သေလောက်အောင် အန္တရာယ် မဖြစ်နိုင်ပေ။

မျှော်လင့်ချက် ရှိနေသေးသည်။ ဓားကျောင်းတော် ဘိုးဘေးကြီးသာ အတိဒုက္ခကြောင့် သေဆုံးသွားပါက အတိဒုက္ခသည်လည်း အလိုလို ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက အောင်ပွဲခံသူအဖြစ် ကျန်ရစ်မည်သာ ဖြစ်သည်။

ဤသို့ သုံးသပ်ပြီးနောက် ဆရာတော် ဖန်ယဲ့က နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

"ကျွတ်ကျွတ်။ ငါ့ဘာသာ အလကားနေရင်း လန့်နေတာပဲ။"

သူ၏မျက်လုံးတွင် အဆိပ်ပြင်းသော အရောင်များ တောက်ပသွားပြီး မုန်တိုင်း၏ ဗဟိုချက်ရှိ ဓားကျောင်းတော် ဘိုးဘေးကြီးကို စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ကောင်းကင်ဘုံအတိဒုက္ခကို ရန်စတယ် ဟုတ်လား။ အတူတူ သေကြမယ် ဟုတ်လား။ တော်တော်လေး အတွေ့အကြုံနုနယ်တာပဲ။ မင်း မိုးကြိုးဒဏ် ဘယ်နှစ်ချက်လောက် ခံနိုင်မလဲဆိုတာ ဒီဘုန်းကြီး ကြည့်နေမယ်။"

...

"ညီလေး၊ ငါတို့တော့ သွားပြီ။" ကျန်းယိပိုင်က ခါးသီးစွာ သက်ပြင်းချလိုက်သည်။ "သေချာ မရှင်းပြခဲ့တဲ့ ငါ့အမှားပါ။ ကောင်းကင်ဘုံအတိဒုက္ခကို ဆင့်ခေါ်တယ်ဆိုတာ ကောင်းကင်ဘုံရဲ့ဖင်ကို တုတ်နဲ့သွားထိုးဖို့ မဟုတ်ဘူးကွ။ ညင်ညင်သာသာလေး ဖိတ်ခေါ်ရတာ။ ဒါပေမဲ့ မင်းက... ဟူး…"

"အခုတော့ ငါတို့ ဇာတ်သိမ်းပြီ။ ကောင်းကင်တာအိုက အစော်ကားခံလိုက်ရလို့ ဒေါသထွက်သွားပြီ။ လာမယ့် ကပ်ဘေးက သာမန် ပထမအဆင့် အတိဒုက္ခ သေးသေးလေးတော့ လုံးဝ မဟုတ်တော့ဘူး။"

ကျန်းယိပိုင်၏ ထိတ်လန့်တကြား စကားများကြားမှ ချန်ဟွိုက်အန်ကတော့ လုံးဝ တည်ငြိမ်နေဆဲပင်။

"အစ်ကိုကြီး၊ ကျွန်တော်က ကောင်းကင်တာအိုကို တမင်သက်သက် ဒေါသထွက်အောင် လုပ်ခဲ့တာလို့ ပြောရင်ကော။"

"ကျင့်ကြံသူတွေဖြစ်တဲ့ ကျွန်တော်တို့က သဘာဝတရားကို ဆန့်ကျင်ပြီးတော့ ကောင်းကင်နဲ့မြေကြီးဆီက အရင်းအမြစ်တွေကို ခိုးယူကြတယ်၊ အဲဒါကို ကောင်းကင်တာအိုက ခွင့်မလွှတ်ဘူးလို့ အစ်ကိုကြီး ကျွန်တော့်ကို ပြောဖူးတယ်လေ။ ဒါကြောင့်မို့လို့ပဲ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေဆီကို ကပ်ဘေးတွေ စေလွှတ်တာ။ ကောင်းကင်ဘုံရဲ့ အသိအမှတ်ပြုမှုကို ရလောက်အောင် သူတို့ မသန်မာမချင်းပေါ့။ ဟုတ်တယ်မလား။"

"ဟုတ်တယ်လေ..." ကျန်းယိပိုင် မျက်တောင်ခတ်လိုက်သည်။ "ဒါပေမဲ့ အဲဒါက အခု မင်းလုပ်နေတာတွေနဲ့ ဘာဆိုင်လို့လဲ။"

"ဆိုင်တာပေါ့။" ချန်ဟွိုက်အန်က ပြုံးလိုက်သည်။ "ဒါဆိုရင် အသေးစား အတိဒုက္ခတွေက မဟာတက်လှမ်းခြင်း အဆင့်အောက်က ကျင့်ကြံသူတွေကို တိုက်ခိုက်မှာ မဟုတ်ဘူးပေါ့။ ဟုတ်လား။"

"အင်း... သီအိုရီအရတော့ ဟုတ်တယ်။" ကျန်းယိပိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းကို ပြန်ခါလိုက်သည်။ "ညီလေး။ မင်းက ကျင့်စဉ်အဆင့်ကို ဖိနှိပ်ထားပြီး စနစ်ကို လှည့်စားဖို့ စဉ်းစားနေတာလား။ မဖြစ်နိုင်ဘူး။ ဘယ်လိုမျိုး ကျင့်စဉ်ဖိနှိပ်တဲ့ နည်းလမ်းကမှ ကောင်းကင်တာအိုကို မလှည့်စားနိုင်ဘူး။ ကျင့်ကြံသူပေါင်း မြောက်မြားစွာက သူတို့ရဲ့ ကျင့်စဉ်ကို ဖိနှိပ်တာအပါအဝင် အတိဒုက္ခတွေကို ရှောင်လွှဲဖို့ နည်းလမ်းစုံနဲ့ ကြိုးစားခဲ့ကြပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ဘူး။"

စကားမဆုံးခင်မှာပင် ကျန်းယိပိုင် အေးခဲသွား၏။

အကြောင်းမှာ ချန်ဟွိုက်အန်၏ ကျင့်စဉ်က မဟာတက်လှမ်းခြင်းအဆင့်မှ ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်အထိ ရုတ်တရက် ထိုးကျသွားသောကြောင့်ပင်။

ထို့ပြင် ဤသည်မှာ အပေါ်ယံ ဟန်ဆောင်ထားခြင်း မဟုတ်ပေ။ ချန်ဟွိုက်အန်သည် အမြဲပင် ဟင်းလင်းပြင် ပေါင်းစည်းခြင်း နဝမအဆင့်တွင်သာ ရှိနေခဲ့သည်ဟု... အမှန်တကယ်ကို ခံစားရစေသည်။ အစောပိုင်းက မဟာတက်လှမ်းခြင်းအဆင့် စွမ်းအားဆိုသည်မှာ ဆေးလုံးများကြောင့် ယာယီ မြင့်တက်လာခြင်းဖြစ်ပြီး ယခု အာနိသင် ကုန်သွား၍ သူ၏ အစစ်အမှန်အဆင့် ပေါ်လာသကဲ့သို့ ဖြစ်နေသည်။

"ညီလေး၊ မင်း..." ကျန်းယိပိုင် မှင်သက်သွားသည်။

ချန်ဟွိုက်အန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးဖြီးလိုက်သည်။ "အစီအစဉ်အတိုင်းပါပဲ၊ အားလုံးက အစီအစဉ် အတိုင်းပါပဲ။ ဟားဟားဟား..."

သူ၏ကိုယ်ပွားစွမ်းအားက မည်သည့် "ပက်ကေ့ချ်"ကို အသက်သွင်းထားကြောင်း ဆိုသည့်အပေါ်တွင် လုံးဝ မူတည်နေသည်။ သူ၏ "မဟာတက်လှမ်းခြင်းပက်ကေ့ချ်" ကို ပယ်ဖျက်လိုက်ခြင်းဖြင့် သူ၏ကိုယ်ပွားသည် ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။ ၎င်းမှာ အဆင့်ကျဆင်းသွားခြင်း မဟုတ်ဘဲ သူ၏ အစစ်အမှန် အခြေခံ စွမ်းအားပင်။

ချန်ဟွိုက်အန်၏ အဆင့်သည် ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်တွင် တည်ငြိမ်သွားသည်နှင့်အမျှ အထက်တွင် စုရုံးနေသော မိုးကြိုးတိမ်တိုက်များသည် သိသိသာသာ တုံ့ဆိုင်းသွားကြသည်။

ကောင်းကင်တာအို၏ အသိအာရုံက ချန်ဟွိုက်အန်ကို အကြိမ်ကြိမ် စကင်ဖတ်စစ်ဆေးကာ သူ၏ အစစ်အမှန် ကျင့်စဉ်အဆင့်ကို အတည်ပြုနေပုံရသည်။ အချိန်အတော်ကြာ စစ်ဆေးပြီးနောက် ဘာအဖြေမှ မရသောအခါ နီရွှေရောင် မိုးကြိုးမျက်လုံးသည် ဇဝေဇဝါဖြင့် ဟိုဟိုဒီဒီ လိုက်လံ ကြည့်ရှုတော့သည်။

၎င်း၏ ကနဦး ပြတ်သားမှုက တုံ့ဆိုင်းမှုအဖြစ် အရည်ပျော်သွားသည်။ တိမ်ကင်းစင်လာသော မိုးကြိုးတိမ်တိုက် များထဲတွင် မြင်သာသော ဇဝေဇဝါဖြစ်မှုများကိုပင် မြင်တွေ့နိုင်လုနီးပါး ဖြစ်သည်။

ပျောက်သွားပြီ။

၎င်း မှတ်ထားသော ပစ်မှတ် ပျောက်ကွယ်သွားပြီ။

အခု ဘာလုပ်ရမလဲ။ အင်း၊ ဘာပဲဖြစ်ဖြစ် ရောက်နေပြီ ဆိုတော့လည်း... နောက်ထပ် ပစ်မှတ်တစ်ခု ရှာလိုက်တာပဲ ကောင်းပါတယ်။

မိုးကြိုးမျက်လုံးက မဟာတက်လှမ်းခြင်းအဆင့်တွင် ရှိနေသော ဆရာတော် ဖန်ယဲ့အပေါ်သို့ ရပ်တန့်သွားပြီး ရပ်ဆိုင်းထားသော ကောင်းကင်ဘုံ၏ အမျက်ဒေါသများ တစ်ဖန် ပြန်လည် စုရုံးလာတော့သည်။

...

ချန်ဟွိုက်အန်က ကောင်းကင်တာအို၏ ဖိနှိပ်ထားသော အကြည့်များ ရုတ်တရက် လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ သူ ကြိုတွက်ထားသည့်အတိုင်း အတိအကျပင်။

ကောင်းကင်တာအိုသည် ညှာတာမှုကင်းမဲ့ပြီး ကျင့်ကြံသူများကို လောက၏ အရင်းအမြစ်များ ခိုးယူနေသော "ပိုးမွှားများ"အဖြစ် ရှုမြင်သည့် ကိုယ်တိုင်စစ်ဆေးရေး ပရိုဂရမ်တစ်ခုကဲ့သို့ အလုပ်လုပ်သည်။

ပိုးမွှားများက မဟာတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်တာအိုသည် ၎င်းတို့ကို မှတ်သားထားမည်ဖြစ်ပြီး သူတို့၏ လုပ်ရပ်များအပေါ် မူတည်၍ စိတ်ကြိုက် "ချေမှုန်းရေး ပရိုဂရမ်များ" ရေးဆွဲမည်ဖြစ်သည်။ လောကအတွက် အကျိုးပြုခဲ့သော ပိုးမွှားများမှာ ပေါ့ပါးသော အပြစ်ပေးမှုများကို ခံရမည်ဖြစ်သည်။ ဤသည်မှာ ကောင်းမှုကုသိုလ်က အတိဒုက္ခများကို အဘယ်ကြောင့် အားနည်းသွားစေသလဲ ဆိုသည့် အကြောင်းရင်းပင်။ ဆန့်ကျင်ဘက်အားဖြင့်၊ သဘာဝတရား၏ အစီအစဉ်ကို ဖျက်ဆီးသော မိစ္ဆာကျင့်ကြံသူများမှာမူ အမြင့်ဆုံး ချေမှုန်းရေး ပရိုဂရမ်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ငါက ကောင်းကင်တာအိုရဲ့ ဖင်ကို တုတ်နဲ့ထုးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက မဟာတက်လှမ်းခြင်းအဆင့် ချန်ဟွိုက်အန် လုပ်ခဲ့တာလေ။

အဲဒါက ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့် ချန်ဟွိုက်အန်နဲ့ ဘာဆိုင်လို့လဲ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကောင်းကင်တာအို၏ အာရုံစိုက်မှုကို ခံရလောက်အောင် သူက မကြီးထွားသေးပေ။ ထို့ကြောင့် ချေမှုန်းရေး ပရိုဂရမ်က သူ့ကို လျစ်လျူရှုထားလိုက်ခြင်းပင်။

ဒါပေမဲ့ ဆရာတော် ဖန်ယဲ့ကတော့... နောက်တစ်ပိုင်းပေါ့။

...

ရွှေဗုဒ္ဓပင်လယ် အထက်ရှိ မိုးကြိုးတိမ်တိုက်များသည် ပြင်းထန်စွာ လည်ပတ်နေပြီး ရွှေရောင် မိုးကြိုးမျက်လုံးကို ဗဟိုပြုကာ အမည်းရောင် ဝဲကတော့ကြီး တစ်ခုအဖြစ် ပုံဖော်လာသည်။ အမည်းရောင် တိမ်တိုက်များအတွင်း မိုးကြိုးများ တလက်လက် လင်းလက်နေပြီး အစပိုင်းတွင် ရှေးဟောင်း သားရဲကြီးတစ်ကောင် အသက်ရှူ နေသကဲ့သို့ မြည်ဟည်းနေကာ နောက်ပိုင်းတွင် တောင်များကိုပင် ပြိုကွဲစေနိုင်သော ဟိန်းဟောက်သံများ အဖြစ်သို့ ပြောင်းလဲသွားသည်။

"တစ်ခုခုတော့ လွဲနေပြီ။ ဒါ တကယ့်ကို အကြီးအကျယ် လွဲမှားနေတာပဲ။"

ဆရာတော် ဖန်ယဲ့က ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူ၏ မှေးမှိန်နေသော အိုမင်းသည့် မျက်လုံးများတွင် မုန်တိုင်းတိမ်တိုက်များ ထင်ဟပ်နေပြီ လက်ဆုပ်ထဲရှိ စိပ်ပုတီးများမှာ တုန်ခါနေသည်။ အသေးစား အတိဒုက္ခ နှစ်ခုကို ရှင်သန်ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုက ပစ်မှတ်ထားလာသည့်အခါ မည်သို့ ခံစားရကြောင်း သူ အတိအကျ သိထားသည်။

ပြီးတော့ အခု ဓားကျောင်းတော် ဘိုးဘေးကြီးကို တိုက်ခိုက်မယ့်အစား ငါ့ဆီကို လာနေတယ် ဟုတ်လား။

ထွက်ပြေးဖို့က မဖြစ်နိုင်တော့ဘူး။ ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ဒေါသထွက်နေတဲ့ ဒီကပ်ဘေးကို ထိပ်တိုက် ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်။

ဝုန်း…

ပထမဆုံး ကောင်းကင်ဘုံ မိုးကြိုးစက်ကွင်း ကျဆင်းလာပြီးနောက်တွင် ရွှေဗုဒ္ဓပင်လယ်ကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။ ဤသည်မှာ အလင်းနှင့် အပူသက်သက် မဟုတ်ဘဲ သဘာဝတရား ဥပဒေသ၏ တရားစီရင်မှုကို သယ်ဆောင်ထားသော စစ်မှန်သည့် ဖျက်ဆီးခြင်း စွမ်းအားပင်။

မိုးကြိုးက ဆရာတော် ဖန်ယဲ့ကို ဝန်းရံထားသော သုံးပေပတ်လည် ဗုဒ္ဓအလင်းတန်းကို ဝင်တိုက်လိုက်ရာ၊ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တုန်ခါမှုလှိုင်းများက မိုင်ပေါင်းများစွာအထိ ရိုက်ခတ်သွားသည်။

ဝုန်း။ ဝုန်း။ ဝုန်း….

ဒုတိယနှင့် တတိယ ပစ်ချက်များက ချက်ချင်း ဆက်တိုက် ကျဆင်းလာပြီး တစ်ချက်စီသည် ယခင်တစ်ချက်ထက် အဆဆယ်ဆ ပိုမို အစွမ်းထက်လှသည်။ ဤကောင်းကင်ဘုံ၏ အမျက်ဒေါသအောက်တွင် ကျောက်တန်းများမှာ အမှုန့်အဖြစ် ကြေမွသွားပြီး ပင်လယ်ရေများမှာ မြူခိုးများအဖြစ် အငွေ့ပျံသွားကြ၏။

ဆရာတော် ဖန်ယဲ့၏ စစ်မှန်သောအနှစ်သာရများမှာ ကုန်ခမ်းလုနီးပါး ဖြစ်သွားသဖြင့် ဝိညာဉ်ကိရိယာများနှင့် ရတနာများကို အသုံးပြု၍ အသည်းအသန် ကာကွယ်ရတော့သည်။

သတ္တမမြောက် ပစ်ချက်တွင် သူ၏ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ ဝရဇိန်လက်နက်မှာ မှေးမှိန်သွားပြီး စတင် ပြိုကွဲလာခဲ့သည်။

နဝမမြောက် ပစ်ချက်တွင် ကာကွယ်ရေး လက်နက်များ အားလုံး အလင်းရောင် ကင်းမဲ့သွားကြပြီး ၎င်းတို့၏ ဝိညာဉ်များ ပြင်းထန်စွာ ထိခိုက်သွားကြသည်။

မီးလောင်ကျွမ်းပြီး သွေးများ ထွက်နေသော ဆရာတော် ဖန်ယဲ့က ပျက်စီးနေသော မျက်နှာကို ကောင်းကင်ယံသို့ မော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ကောင်းကင်ဘုံစုတ်။ ဓားကျောင်းတော် ဘိုးဘေးကြီးကို မတိုက်ဘဲ ဘာလို့ ဒီဘုန်းကြီးကို လာတိုက်ရတာလဲ။"

"တရားမျှတမှုက ဘယ်မှာလဲ။"

"သောက်ကျိုးနည်း။ ကဲ၊ ငါ့ကို သေအောင်သာ ပစ်သတ်လိုက်တော့။"

သို့သော် မိုးကြိုးတိမ်တိုက်များက ပြယ်လွင့်သွားမည့် အရိပ်အယောင် မပြပေ။

ဝုန်း…

ဒွါဒသမမြောက် ကောင်းကင်ဘုံ မိုးကြိုးစက်ကွင်းက နတ်ဘုရားတစ်ပါး ပစ်လွှတ်လိုက်သော လှံတစ်စင်းကဲ့သို့ ကျဆင်းလာပြီး ဆရာတော် ဖန်ယဲ့၏ ရင်ဘတ်ကို တည့်မတ်စွာ ဖောက်ထွင်းသွားသည်။

ကမ္ဘာကြီး တုန်လှုပ်သွားသော အခိုက်အတန့်လေး တစ်ခုတွင် တည်ရှိမှု အားလုံးထံမှ အရောင်များ ကင်းမဲ့သွား၏။ ကပ်ဘေးဆိုက်နေသော မိုးကြိုးများကြားတွင် တောက်ပနေသော ဗုဒ္ဓရုပ်ပွားတော်တစ်ခု၏ အရိပ်အယောင်က တစ်ခဏမျှ ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။

ဤနောက်ဆုံး ပစ်ချက် ကျရောက်သွားသည်နှင့်အမျှ မိုးကြိုးတိမ်တိုက်များက ဒေါသကုန်ခမ်းသွားသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ တစ်ချိန်က ဆရာတော် ဖန်ယဲ့ ရပ်ခဲ့သော နေရာတွင် မီးလောင်ကျွမ်း နေသော မြေပြင်၊ အပိုင်းပိုင်း ကွဲကြေနေသော လက်နက်များနှင့် အခိုးအငွေ့များသာ ကျန်ရစ်ခဲ့တော့သည်။

...

All Chapters