အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) အသားလေး နည်းနည်းလောက်တောင် စားခွင့်မရှိဘူးလား
"ပုလဲလေး... အချိန်ကျလုနီးပြီ..."
ချွေ့ကျွယ်က သူ၏ ပါးကို ပွတ်သပ်ရင်း အော်ပြောလိုက်သည်။
ယွင်ဟွား၏ အပြုံးများ ပျောက်ကွယ်သွားပြီးနောက် ယွင်ကျန်းရှန်၏ ရင်ခွင်ထဲသို့ ရုတ်တရက် တိုးဝင်သွားကာ အသံတုန်တုန်ယင်ယင်နှင့် မျက်လုံးများ တဖြည်းဖြည်း နီရဲလာလေသည်။
"အဘိုး... ဟွားဟွား အဘိုးကို လွမ်းနေတော့မှာပဲ..."
"ဝါး... ငါ့အိမ်စာတွေကို ကူလုပ်ပေးမယ့် တစ္ဆေတွေ မရှိတော့ဘူးပေါ့..."
ယွင်ကျန်းရှန်သည် ဝမ်းနည်းပူဆွေးမှုကြောင့် ဝဲတက်လာသော မျက်ရည်များကို ချက်ချင်းပင် ပြန်သိမ်းလိုက်၏။
ဟူး...
ထိုသောက်ကလေးမ... သူမက သူ၏ အချိန်များကို အလကားဖြစ်အောင် လုပ်လိုက်သည်ပဲ။
ချွေ့ကျွယ်သည် ယွင်မိသားစု ဘိုးဘေးများဆီသို့ လျှောက်သွားကာ စုရုံးနေသော တစ္ဆေများကို ကြည့်လိုက်ပြီး မျက်ရည်ဝဲလျက် လေးလံသော စိတ်နှလုံးဖြင့် ယင်ဝိညာဉ်ပုလဲကို ထုတ်ကာ ဝှေ့ယမ်းလိုက်လေသည်။
သူတို့သည် လက်ကို လှန်ကာ လက်သင်္ကေတများ ပြုလုပ်လိုက်ရာ မှောင်မိုက်သော အလင်းတန်းများသည် သူတို့၏ နဖူးများဆီသို့ စီးဆင်းသွား၏။
ဤသည်က တစ္ဆေသံတမန်တစ်ဦးအဖြစ် သူ၏ မူလအသွင်ကို ရှင်းလင်းစွာ ဖော်ပြနေခြင်းပင် ဖြစ်သည်။
ချွေ့ကျွယ်သည် သူ၏ သနားစရာကောင်းသော အိတ်လေးကို ငုံ့ကြည့်လိုက်ရာ နောက်ဆုံးကျန်ရစ်သော ယင်ဝိညာဉ်ပုလဲလေးတစ်လုံးတည်းသာ အထီးကျန်စွာ ရှိနေလေသည်။
သူ၏ ရင်ထဲတွင် တဒုန်းဒုန်း ခုန်နေပြီး "ငါ့ကို နာကျင်အောင် သတ်နေတာပဲ..." ဟု တွေးလိုက်မိသည်။
ယွင်ဟွားသည် သူမ၏ ဘိုးဘေးများ၏ နဖူးပေါ်ရှိ စာသားများကိုကြည့်ကာ အနည်းငယ် စိတ်သက်သာရာရသွား၏။
သူမက ချွေ့ကျွယ်၏ လက်ကို ဆွဲကိုင်ကာ ဘေးသို့ ခေါ်သွားပြီး ပြောလိုက်သည်။
"ကျွယ်ကျွယ်လေး... သူတို့က ငါ့ရဲ့ ဘိုးဘေးတွေဆိုတာ နင်သိတယ်မလား... ငရဲပြည်ကို ရောက်တဲ့အခါ သူတို့အတွက် နောက်ပေါက်ကနေ ဖွင့်ပေးဖို့ မှတ်ထားဦးနော်..."
"အရမ်းအန္တရာယ်များတဲ့ တာဝန်တွေ သူတို့ကို မပေးနဲ့... ဝမ်းနည်းခြင်းတောင်ဝှေးအပြင် ပိုပြီး စွမ်းအားကြီးတဲ့ မှော်လက်နက်တွေနဲ့ အကာအကွယ်ရတနာတွေကို သူတို့အတွက် ပြင်ဆင်ပေးရမယ်..."
"ဒါနဲ့... အစပိုင်းမှာ ဝေ့ကျန်နဲ့ ကျုံးခွေ့တို့ကို တာဝန်တွေ ဦးဆောင်ခိုင်းလိုက်... ငါတို့ရဲ့ ဘိုးဘေးတွေကို ထိခိုက်ခံလို့ မဖြစ်ဘူး... မဟုတ်ရင် ငါတို့ ပြန်လာတဲ့အခါ နင့်ကို ရှင်းဖို့ ငါ့ရဲ့ ခင်ပွန်းလေးကို ခိုင်းလိုက်မယ်..."
ယွင်ဟွားက ခြိမ်းခြောက်လိုက်ပြီးနောက် စကားစကို ပြောင်းကာ အခြားမေးခွန်းတစ်ခုကို မေးလိုက်၏။
"ကျွယ်ကျွယ်လေး... ငရဲပြည်က ဘုရင်ဆယ်ပါးနဲ့ ယှဉ်ရင် ငါ့ရဲ့ ရှောင်ယွမ်ယွမ်က ဘယ်သူက ရာထူးပိုကြီးလဲ..."
ချွေ့ကျွယ်က ရယ်မောလိုက်ပြီး ယွင်ဟွားကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ယွင်ဟွားသည် ချက်ချင်း နားလည်သွားပြီး ပြီးပြည့်စုံသော ကိုယ်နေဟန်ထားဖြင့် ရပ်လိုက်ကာ ချက်ချင်းပင် လေသံပြောင်းသွား၏။
"ပြောင်း... ယမမင်းနဲ့ တခြားလူတွေကို ငါ့ရဲ့ ဘိုးဘေးတွေကို ခေါ်သွားဖို့ ပြောင်းပေး..."
အကယ်၍ သင့်တွင် အစွမ်းထက်သော နောက်ခံရှိနေလျက်နှင့် သူ့ကို အားမကိုးလျှင် ရှောင်ယွမ်ယွမ်၏ ကြီးမြတ်သော အဆင့်အတန်းကို ဖြုန်းတီးရာ ကျမည်မဟုတ်ပါလား။
တရားသူကြီး ချွေ့ကျွယ် : ......မင်း ပျော်နေသရွေ့ ပြီးတာပါပဲလေ…
သူတို့သည် ယမမင်းနှင့် အခြားသူများကို အမိန့်ပေးနိုင်ရုံသာမက တစ္ဆေဧကရာဇ်ငါးပါးနှင့် လော်ဖုန်း၏ ကောင်းကင်ဘုံ ခြောက်ခုကိုလည်း အမိန့်ပေးနိုင်လေသည်။
ဤအချိန်တွင် မိုးကုတ်စက်ဝိုင်း၌ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာ၏။
ကနဦး တုန်လှုပ်ခြင်းမှ ပြိုလဲသွားခြင်းအထိ၊ ယခုအခါ လက်လွှတ်လိုက်ပြီး အစွမ်းထက်သူတစ်ဦးအား မျက်နှာလိုမျက်နှာရ ပြုလုပ်ချင်စိတ်အထိ ချွေ့ကျွယ်၏ ခံစားချက်များက သူ၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသည်။
"ပုလဲလေး... စိတ်မပူပါနဲ့... ငါ လောင်ချွေ့က ဒီသတင်းကို သေချာပေါက် ပြောပြပေးပါ့မယ်..."
"ကြည့်ပါဦး... ငါတို့အရင်က ဆုံဖူးတယ်လေ... ပြီးတော့ မင်းရဲ့ ဘိုးဘေးတွေကို ငရဲပြည်မှာ ရာထူးရအောင်တောင် ငါ ကူညီပေးခဲ့သေးတယ်... အခုကစပြီး ငါတို့ မောင်နှမတွေဖြစ်သွားကြရင် ဘယ်လိုလဲ..."
"မင်းက ငါ့ရဲ့ အစ်မဟွား... ငါက မင်းရဲ့ မောင်လေးပေါ့... ငရဲပြည်မှာ တစ်ခုခုဖြစ်ရင် ငါ မင်းကို အသိပေးမယ်လေ... ဘယ်လိုလဲ..."
ယွင်ဟွားသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ ကြည့်လိုက်ပြီး သူမ၏ ပါးစပ်လေးသည် ရုတ်တရက် ဟဟလေး ဖြစ်သွား၏။
"ကောင်းပြီလေ..."
"အစ်မဟွားက နင့်ကို ငါ့ရဲ့ မောင်လေးချွေ့အဖြစ်ပဲ သတ်မှတ်လိုက်မယ်..."
"အစ်မဟွား..."
ဖြူမည်း သေမင်းတမန်များ : ……
ချွေ့ကျွယ်သည် ငရဲတံခါးကို ဖွင့်လိုက်ပြီး အသစ်ခန့်အပ်လိုက်သော တစ္ဆေသံတမန်များကို ငရဲပြည်သို့ စိတ်လှုပ်ရှားစွာဖြင့် ဦးဆောင်ခေါ်သွားလေသည်။
"အမတ်ချွေ့... ဟိုလူယုတ်မာ... ဟူး... အစ်မကြီးဟွား ပြောတဲ့အတိုင်း တကယ် လုပ်တော့မလို့လား... တစ္ဆေဧကရာဇ်ငါးပါးက လွင့်စင်သွားအောင် လုပ်ပစ်မှာကို မကြောက်ဘူးလား..."
သေမင်းတမန်အဖြူသည် ချွေ့ကျွယ်၏ ရက်စက်သော အကြည့်ကို မြင်လိုက်ရသောအခါ စကားကို ချက်ချင်း ပြောင်းလိုက်သည်။
ချွေ့ကျွယ်က နှာခေါင်းရှုံ့လိုက်၏။
"မင်းတို့နှစ်ယောက်က အောက်ခြေမှာပဲ လုပ်စားနိုင်တာ မဆန်းပါဘူး... မင်းတို့ရဲ့ အမြင်က အရမ်းကျဉ်းမြောင်းနေတုန်းပဲ..."
သူက လက်အင်္ကျီကို ခါလိုက်ပြီး ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်သွားလေသည်။ သူသည် တစ္ဆေဧကရာဇ်ငါးပါးကို ရင်ဆိုင်ပြီး ယမမင်းကိုပါ တစ်ချိန်တည်းမှာ လှည့်စားတော့မည် ဖြစ်သည်။
သူ့ကိုလည်း စမ်းကြည့်ခိုင်းလိုက်ဦးမယ်... ကြောက်လန့်တကြား ဖြစ်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ သိရအောင်ပေါ့။
“ဟီးဟီးဟီး…”
ချွေ့ကျွယ် ထွက်သွားခြင်းက လူတိုင်းကို သက်ပြင်းကြီးချကာ စိတ်အေးသက်သာ ဖြစ်သွားစေသည်။
"ဟွားအာ..."
"ညီမလေး..."
"ကောင်မလေး..."
နန်ကုန်းယွမ်သည် သူ၏ အနာဂတ်ဇနီးလေးအနီးသို့ တိုးကပ်သွားချင်သော်လည်း တစ်စုံတစ်ယောက်က သူ၏ ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်သဖြင့် ဆန့်ကျင်ဘက်သို့ လျှောတိုက်သွားကာ သူမနှင့် တဖြည်းဖြည်း ဝေးကွာသွားပြီး သူ၏ မျက်နှာအမူအရာမှာ ပို၍ မှိုင်းညို့လာလေသည်။
သူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
"သူမက ငါ့ဟာ... ငါ သူမရဲ့ လက်ကို တစ်ခါပဲ ကိုင်ရသေးတယ်..."
နန်ကုန်းယွမ်သည် လည်ချောင်းကွဲမတတ် အော်ဟစ်နေသော်လည်း ယွင်ဟွားက မကြားနိုင်ပေ။ သူမသည် ဂရုစိုက်မှုများ ပြသနေကြသော လူများအလယ်တွင် ဝိုင်းရံခံထားရပြီး သူတို့က သူမ၏ လက်ကလေးကို ကိုင်ကာ မြို့ထဲသို့ လျှောက်သွားကြလေသည်။
နန်ကုန်းယွမ်ထံမှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာ၏။ အနာဂတ်တွင် လူများစွာကို သတိထားရမည် ဖြစ်ကြောင်း သူ သိလိုက်သည်။
မည်သို့မည်ပုံ နန်ကုန်းယွမ်ဘေးသို့ ရောက်လာမှန်းမသိသော အိမ်ရှေ့စံက ထွက်ခွာသွားသော လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ပေ။
"ညီတော်... မင်းက ကိုယ့်မိန်းမကိုတောင် အနိုင်မယူနိုင်ဘူးဆိုတော့ နည်းနည်းတော့ အသုံးမကျဘူးပဲ..."
နန်ကုန်းယွမ်က သူ့ကို အေးစက်စက် ကြည့်လိုက်၏။
"ခင်ဗျားလည်း ကိုယ့်မိန်းမနဲ့ ကလေးနှစ်ယောက်ကိုတောင် သေချာ မစောင့်ရှောက်နိုင်တာပဲ... ခင်ဗျားလည်း သိပ်မစွမ်းပါဘူး..."
"ဒါနဲ့... မနက်ဖြန်ကျရင် မင်းသားအိမ်တော်နဲ့ ယွင်အိမ်တော်မှာ ခြံဝင်းငယ်လေးတစ်ခု ပြင်ဆင်ဖို့ လူလွှတ်လိုက်မယ်... ဒါမှမရီးတော်က တူနဲ့ တူမတွေကို အဲ့နေရာမှာ အမြဲတမ်းနေဖို့ ခေါ်လာလို့ရမှာ... ဘာပဲဖြစ်ဖြစ် ရှောင်ဟွားက သူတို့ကို သဘောကျတယ်လေ..."
"မင်း ဘယ်လိုရဲတာလဲ..."
အိမ်ရှေ့စံက ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများက သူ့ကို ဝါးမျိုတော့မည့်အလား ဖြစ်နေ၏။
"ခင်ဗျား ကျွန်တော့်ကို အော်တယ်ပေါ့... ခင်ဗျား ကျွန်တော့်ကို ဘယ်လိုရဲပြီး အော်တာလဲ..."
နန်ကုန်းယွမ်သည် ကြောက်လန့်တကြားဖြင့် သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး ယွင်ဟွားနောက်သို့ ဘီးတပ်ကုလားထိုင်ကို တွန်းကာ ပြေးလိုက်ရင်း အော်ခေါ်လိုက်သည်။
"ဟွားအာလေး..."
"အိမ်ရှေ့စံက ကိုယ့်ကို အနိုင်ကျင့်တယ်... ခင်ပွန်းအတွက် တရားမျှတမှု ရှာပေးရမယ်... ဒါမှမဟုတ် သူ့ကို အရင် မြေမြှုပ်လိုက်ရင် ကောင်းမလား..."
အိမ်ရှေ့စံမှာ သွေးတစ်ပွက် အန်လုနီးပါး ဖြစ်သွားသည်။
"ထွက်သွားစမ်း... ပါးစပ်ပိတ်ထား... ပါးစပ်ပိတ်ထား..."
ယွင်ဟွားသည် နောက်ဆုံးတွင် သူမ၏ ရှောင်ယွမ်ယွမ်၏ အသံကို ကြားလိုက်ရပြီး လူအုပ်ထဲမှ ချက်ချင်း တိုးထွက်လာခဲ့သည်။
"ရှောင်ယွမ်ယွမ်... ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ... ဘယ်သူက အနိုင်ကျင့်တာလဲ..."
ရှောင်ယွမ်ယွမ်၏ အနည်းငယ် ထိခိုက်နာကျင်နေသော အမူအရာနှင့် နောက်မှ လိုက်လာသော အိမ်ရှေ့စံကို ကြည့်ကာ ယွင်ဟွား၏ ရင်ထဲတွင် ဒေါသမီးတောက်ငယ်လေးတစ်ခု ရုတ်တရက် လောင်ကျွမ်းသွား၏။
"ငါ့ရဲ့ ခင်ပွန်းလေးကို ဘယ်လိုရဲပြီး အနိုင်ကျင့်ရတာလဲ... သတိထား... မဟုတ်ရင် နောင်တရပြီး နောက်ထပ် မိန်းမမရဘဲ နေလိမ့်မယ်..."
"ငါ့ရဲ့ ချစ်ခင်ပွန်းလေး..."
"ငါ့ရဲ့ ဇနီးလေးက ငါ့ကို ခင်ပွန်းလေးလို့ ခေါ်တယ်ပေါ့..."
နန်ကုန်းယွမ်၏ မျက်နှာတွင် အရူးတစ်ယောက်လို အပြုံးတစ်ခု ပေါ်လာရာ လူတိုင်းက သူ့ကို ဆက်မကြည့်ရက်တော့သဖြင့် ခေါင်းများကို တစ်ဖက်သို့ လှည့်သွားကြလေသည်။
သူတို့က ဤအရူးကို မသိဘူးဟု ပြောကြ၏။
အတင်းအဖျင်း နားထောင်ချင်သော အမူအရာကို မြင်လိုက်ရသောအခါ အိမ်ရှေ့စံက ချက်ချင်းပင် အမူအကျင့်ပြောင်းကာ မျက်နှာချိုသွေးကာ ပြောလိုက်သည်။
"ငါ ကျိန်ရဲပါတယ်... ငါ သူ့ကို လုံးဝ အနိုင်မကျင့်ပါဘူး..."
သူ့ကို သတ္တိဆယ်ဆလောက် ပေးလျှင်တောင်မှ အခုချိန်မှာ နောက်ထပ် စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
ထိုအခါ ယွင်ဟွားက နှာခေါင်းရှုံ့လိုက်ပြီး ရှောင်ယွမ်ယွမ်၏ ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်၏။
"ရှောင်ယွမ်ယွမ်... ငါ ပြောမယ်... အခု နင်က ငါ့ဟာပဲ... တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်ရင် ငါ့ကို ပြော... သူတို့ရဲ့ မိဘတွေတောင် မှတ်မိမှာမဟုတ်တဲ့အထိ ငါ အရိုက်ခံရအောင် လုပ်ပေးမယ်..."
"နင်က လိုက်နာရမယ့် စည်းကမ်းသုံးချက်နဲ့ ကိုယ်ကျင့်တရားလေးပါးအပြင် ယောကျာ်းကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကိုလည်း လိုက်နာရမယ်... မကြည့်သင့်တဲ့အရာတွေကို မကြည့်ရဘူး... ပြီးတော့ နင့်အဖေလို ပိုက်ဆံတွေကို ဖွက်မထားရဘူး... ငါ နင့်ကို လစဉ် မုန့်ဖိုး ပေးမယ်..."
"ကောင်းပါပြီ..."
နန်ကုန်းယွမ်က အလိုလိုက်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ရှောင်ယွမ်ယွမ်က ရှောင်ဟွား စကားကို နားထောင်ပါ့မယ်... မင်းက လူသတ်ရင် ငါက မီးရှို့ပေးမယ်... မင်းက ကြက်ကို လိုက်ဖမ်းဆိုရင် ငါ ဘယ်တော့မှ ခွေးကို လိုက်ဖမ်းမှာ မဟုတ်ဘူး..."
သူ၏ အသံတွင် ဖော်ပြ၍မရသော ဆွဲဆောင်မှုတစ်ခု ပါဝင်နေသဖြင့် ယွင်ဟွား၏ နားရွက်လေးများ ထုံကျင်သွားစေသည်။
"နင် လမ်းမှန်ပေါ် ရောက်နေပြီပဲ..."
ယွင်ဟွားက လက်လှမ်းကာ နန်ကုန်းယွမ်၏ ချောမောသော မျက်နှာကို ကိုင်တွယ်လိုက်၏။
"ထိရတာ ကောင်းတယ်... ငါ သဘောကျတယ်..."
အရင်က သူမသည် သူ့ကို တကယ် ကိုင်တွယ်ချင်ခဲ့သော်လည်း သူက သူမ၏ ညီလေးဖြစ်နေသဖြင့် ထိန်းချုပ်ထားခဲ့ရသည်။ ယခုမူ သူမက သူ့ကို ကြိုက်သလို ကိုင်တွယ်နိုင်ပြီဖြစ်ပြီး သူ၏ ဗိုက်ကြွက်သား ရှစ်ကွက်ကလည်း သူမကို စောင့်ကြိုနေလေသည်။
"ဟီးဟီးဟီး...ရှလွတ်..."
သေခြင်းရှင်ခြင်းစာအုပ်က မျက်လုံးလှန်လိုက်၏။
"ပန်းကလေး... နင်က မိန်းကလေးနော်... အဲ့လောက် နှာဘူးမကျဘဲ နေလို့မရဘူးလား... နင်က လူဆိုးမလေးတစ်ယောက်လို ပြုမူနေတာပဲ..."
"အဲ့ဒါက မတူဘူးလေ... ရှောင်ယွမ်ယွမ်က ငါ့ခင်ပွန်းပဲ... ဒါကြောင့် သူ့ခန္ဓာကိုယ်ကို စိတ်ဝင်စားတာက လုံးဝ ပုံမှန်ပဲလေ... ဒါ့အပြင် ငါက ဘာမှမသိတဲ့ ကလေးလေးမှ မဟုတ်တာ... ငါ ရှောင်ကြဉ်လာခဲ့တာ နှစ်ရာချီနေပြီ... ငါ အသားလေး နည်းနည်းလောက်တောင် မစားရတော့ဘူးလား..."
လူတိုင်း : ......