အခန်း (၈၉၆-၈၉၈)
Vol. 64 Ch. 896-898
အခန်း (၈၉၆) ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား…
လီကျင်းဇယ် ထွက်ခွာသွားပြီးနောက် လီလော့ ချက်ချင်းပင် ကျင့်ကြံမှုကို စတင်လိုက်သည်။
ပထမငါးရက်တွင် သူသည် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို မလေ့ကျင့်သေးဘဲ၊ အဘိုးပေးထားသော မြို့စားအဆင့် ကျင့်စဉ်အတုဒါဇင်ပေါင်းများစွာကိုသာ အာရုံစိုက် ကျင့်ကြံခဲ့သည်။
၎င်းတို့ကို ကျွမ်းကျင်လာသည့်နှုန်းမှာ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခဲ့သည်။
ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား အခြေအနေတွင် လီလော့ ကျင့်ကြံသမျှ အရာအားလုံးမှာ အလိုလို အဆင်ပြေချောမွေ့နေတော့သည်။ ကျင့်ကြံစဉ်အတွင်း အမြဲပေါ်ပေါက်လေ့ရှိသော အခက်အခဲနှင့် စိန်ခေါ်မှုမှန်သမျှမှာ သူ အာရုံစိုက်လိုက်သည်နှင့် တပြိုင်နက် အလွယ်တကူ ပြေလည်သွားကြသည်။ သေချာသည်မှာ၊ မြို့စားအဆင့် ကျင့်စဉ်အတုများက အစစ်အမှန် မြို့စားအဆင့် ကျင့်စဉ်များလောက် မရှုပ်ထွေးသောကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ အကယ်၍ သူ ကျင့်ကြံနေသည်မှာ အစစ်အမှန် မြို့စားအဆင့် ကျင့်စဉ်တစ်ခုသာ ဖြစ်ပါက ဤမျှ မြန်ဆန်ပြီး ချောမွေ့နေမည်မဟုတ်ပေ။
ထို့အပြင် လီကျင်းဇယ် ရွေးချယ်ပေးထားသော ကျင့်စဉ်အတုများမှာ သူ့ရဲ့ ပဲ့တင်ထပ်သံများနှင့် အလွန်ကိုက်ညီနေသဖြင့် သင်ယူရသည့် ဖြစ်စဉ်မှာ သဘာဝကျကျပင် ပို၍ လွယ်ကူနေသည်။
ဉာဏ်အလင်းပွင့် ကန်၏ နှလုံးသားမှာ တကယ်ကို အစွမ်းထက်လွန်းလှသည်။ ၎င်းရှိနေပါက သာမန်နားလည်နိုင်စွမ်းရှိသော ကျင့်ကြံသူတစ်ဦးပင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာနိုင်သည်။ လီလော့မှာမူ သာမန်မဟုတ်ဘဲ ကျင့်စဉ်များကို နားလည်သဘောပေါက်ရာတွင် ပြိုင်ဘက်ကင်းလောက်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
ဤအချက်နှစ်ခု ပေါင်းစပ်လိုက်သောအခါ ရလဒ်မှာ မှင်သက်စရာ ကောင်းလှတော့သည်။
ထို့ကြောင့် ပုံမှန်ဆိုလျှင် တစ်နှစ်ခန့် ကြာမြင့်မည့် အရာကို လီလော့က ငါးရက်အတွင်း အောင်မြင်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် မြို့စားအဆင့် ကျင့်စဉ် အတုအားလုံးကို အခြေခံအားဖြင့် နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ သူသည် ၎င်းတို့ကို ထပ်မံ၍ အဆင့်မြှင့်တင်ရန် မကြိုးစားတော့ဘဲ၊ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ပြန်ထိန်းကာ အရေးကြီးဆုံး တာဝန်ကို စတင်အာရုံစိုက်လိုက်သည်။
အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ……
၎င်းမှာ လီလော့ ကျင့်ကြံခဲ့သမျှတွင် အခက်ခဲဆုံးသော မြို့စားအဆင့် ကျင့်စဉ် ဖြစ်လာပေလိမ့်မည်။ သာလွန်မြို့စားအဆင့်ကျင့်စဉ်တပိုင်း ဆိုသည်မှာ ကျယ်ပြောနက်ရှိုင်းလှသော အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးများတွင်ပင် တွေ့ရခဲသော အရာဖြစ်သည်။
လီလော့ ဤကျင့်စဉ်ကို လေ့ကျင့်နေကြောင်း အပြင်လူများ သိသွားပါက မြို့စားပေါင်းများစွာမှာ မနာလိုမှုကြောင့် မျက်လုံးများ နီရဲသွားကြမည်မှာ သေချာသည်။ လေ့ကျင့်ရန် သတ်မှတ်ချက်များက အလွန်ပင် ခက်ခဲသော်လည်း ၎င်း၏ ဆွဲဆောင်မှုမှာမူ အဆုံးအစမရှိပေ။
အကယ်၍ ၎င်းကိုသာ အောင်မြင်စွာ ကျင့်ကြံနိုင်ပါက အခြားသော ရွယ်တူများ၏ အထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်မည်ဖြစ်သည်။
ထို့အပြင် တစ်နေ့တွင် ၎င်းကို အစစ်အမှန် သာလွန်မြို့စားအဆင့် ကျင့်စဉ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါက သူသည် ဘုရင်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လေးစားထိုက်သည့် သာလွန်မြို့စားတစ်ဦး ဖြစ်လာပေလိမ့်မည်။
လီလော့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး ကြည်လင်မှုကို ပြန်လည်ရရှိလာသည်။ တစ်ချိန်တည်းမှာပင် နက်နဲလှသော ရှေးဟောင်းသတင်းအချက်အလက်များ သူ့ စိတ်ထဲသို့ စီးဝင်လာပြီး ဓားအစီအရင်ကို မည်သို့ကျင့်ကြံရမည်ကို လမ်းပြပေးနေသည်။
သူ ရရှိထားသော စကြဝဠာဓားဆန္ဒမှာ ပထမအဆင့်မျှသာ ဖြစ်သည်။ ဒုတိယအဆင့်က ပို၍ အရေးကြီးသည်။၎င်းမှာ နဂါးစွယ်ဓားများ၏ ကနဉီးပုံစံများကို စုစည်းရယူခြင်း ဖြစ်သည်။
နဂါးစွယ်ဓားများဖြင့် ဓားအစီအရင်ကို တည်ဆောက်နိုင်မှသာ ဤကျင့်စဉ်ကို ပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် အခက်အခဲများစွာ ရှိနေခဲ့သည်။ အဆင့်တစ်ခုချင်းစီမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် လီလော့မှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
ထို့အပြင် ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား အကူအညီ ရှိနေသဖြင့် သူ စိတ်မပျက်ခဲ့ပေ။အတွေးတချက်နှင့် စကြဝဠာဓားဆန္ဒ အမျှင်များသ အသက်ဝင်လာပြီး စိတ်ဖြင့် ၎င်းတို့ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ထိုအခါ ရေတွက်၍မရနိုင်သော ဓားဆန္ဒအမျှင်များ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားပြီး ရှုပ်ထွေးကာ ကျပန်းဖြစ်နေသော ပတ်လမ်းများအတိုင်း ရွေ့လျားနေသဖြင့် ဖမ်းဆုပ်ရန် ခက်ခဲလှသည်။
ဓားအစီအရင်ကို စုစည်းတည်ဆောက်ရန်မှာ မလွယ်ကူပေ။ ပထမဆုံးသော ဓားဆန္ဒအမျှင်မှာ မိနစ်အနည်းငယ်မျှသာ တည်မြဲခဲ့ပြီး သူ အမှားတစ်ခု လုပ်မိသည်နှင့် ချက်ချင်းပင် ပြိုလဲပျက်စီးသွားတော့သည်။
သို့သော် ကျရှုံးမှုက လီလော့ကို နောက်မဆုတ်စေခဲ့ပေ။ သူသည် ဒုတိယမြောက် ဓားဆန္ဒအမျှင်ကို ထပ်မံထိန်းချုပ်ကာ တာဝန်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
သူ့တွင် စကြဝဠာဓားဆန္ဒ အမျှင်အမြောက်အမြား စုဆောင်းထားသော်လည်း ဤမျှလောက် မြန်ဆန်သော ကုန်ဆုံးနှုန်းကို သူပင်လျှင် ခံနိုင်ရည်မရှိတော့ပေ။
ထို့ကြောင့် လီလော့က စိတ်အခြေအနေကို ပြန်လည်ထိန်းညှိကာ အစွန်းကုန် အာရုံစိုက်သည့် အခြေအနေသို့ ပြန်လည်ဝင်ရောက်လိုက်သည်။ အာရုံငါးပါးလုံးကို ပိတ်ဆို့ထားလိုက်ပြီး ရှုပ်ထွေးလှသော ဓားအစီအရင်ကိုသာ အာရုံစိုက်ကာ ၎င်းကို တိုးတက်လာစေရန်နှင့် စုစည်းမိလာစေရန် အစွမ်းကုန် ကြိုးစားတော့သည်။
အချိန်များ တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့ပြီး ငါးရက်တာမှာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့ပြန်ပြီ။
ရေတွက်၍မရနိုင်သော ကျရှုံးမှုများပြီးနောက် ရှုပ်ထွေးလှသော ဓားအစီအရင်၏ အလွန်အခြေခံကျသော ပုံစံမှာ တဖြည်းဖြည်း ပြည့်စုံလာခဲ့သည်။ ဓားအစီအရင်၏ တည်ရှိမှုကြောင့် ဓားများ၏ ကြည်လင်သန့်စင်သော ပဲ့တင်ထပ်သံကိုပင် ကြားနေရသည်။ ဓားစွမ်းအင်ကို အသက်သွင်းလိုက်သည်နှင့် ၎င်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများမှာ လီလော့ကိုယ်တိုင်ပင် ထိတ်လန့်သွားစေသည်။
"ကိုးဆယ်ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီထင်တယ်..."
လီလော့က ရှုပ်ထွေးသော ဓားအစီအရင်ကို လေးနက်စွာ အကဲခတ်လိုက်သည်။ ပြီးခဲ့သည့် ငါးရက်လုံးလုံး မနားတမ်း ကြိုးစားခဲ့မှုကြောင့် နောက်တစ်ဆင့်ကို ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ပြီးခဲ့သည့် ရက်များအတွင်း မရပ်မနား ကျရှုံးမှုများကြောင့် အနည်းငယ် စိတ်ဓာတ်ကျခဲ့ရသည်။ ဤမြို့စားအဆင့် ကျင့်စဉ်၏ ခက်ခဲမှုမှာ သူ ထင်ထားသည်ထက် များစွာ သာလွန်လွန်းလှသည်။ ဉာဏ်အလင်းပွင့် ကန်၏နှလုံးသား အကူအညီသာ မရှိပါက လဝက်ခန့် ကြိုးစားကျင့်ကြံလျှင်တောင် ဤအဆင့်သို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။
ဓားအစီအရင်ကို စုစည်းတည်ဆောက်ရာတွင် မတူညီသော ပဲ့တင်ထပ်သံစွမ်းအင်များကို ပေါင်းစပ်ရန်လည်း လိုအပ်သည်။ မည်သို့ပင်ဆိုစေ၊ ကျင့်စဉ်၏ အမည်အရ ၎င်းကို လိုအပ်ကြောင်း လီလော့ နားလည်ထားပြီးသား ဖြစ်သည်။ သို့သော် ကျင့်ကြံနေစဉ်အတွင်းမှသာ ထိုသို့ ပေါင်းစပ်နိုင်ခြင်း မရှိပါက ဤကျင့်စဉ်ကို လုပ်ဆောင်ရန် လုံးဝ မဖြစ်နိုင်ကြောင်း နောက်ဆုံးတော့ သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့်ပင် ၎င်းမှာ လီလော့ ယနေ့အထိ ကျင့်ကြံခဲ့သမျှတွင် အခက်ခဲဆုံးသော မြို့စားအဆင့် ကျင့်စဉ် ဖြစ်နေခြင်းဖြစ်သည်။
"ဒါကြောင့်လည်း အဘိုးက ငါ့ကို ဒီကို ခေါ်လာတာကိုး…အဘိုးက ဒါတွေအားလုံး ဖြစ်လာမယ်ဆိုတာကို ကြိုသိနေပုံရတယ်"
လီလော့ သက်ပြင်းချလိုက်မိသည်။ ယခုမှသာ သူသည် သာလွန်အဆင့်မြို့စားအဆင့်ကျင့်စဉ်တပ်ိုင်းများဘဘာကြောင့် ဤမျှ ကျော်ကြားရသည်ကို အပြည့်အဝ နားလည်သွားတော့သည်။
ထို့နောက်တွင် အတွေးတချက်နှင့် စကြဝဠာဓားဆန္ဒ အမျှင် သုံးမျှင် ထွက်ပေါ်လာပြီး အစီအရင်အတွင်းသို့ ဝင်ရောက်ကာ နောက်ဆုံးအဆင့်ကို စတင်လိုက်တော့သည်။
ဤသည်မှာ အရေးကြီးသလို ခက်ခဲသော အဆင့်လည်း ဖြစ်သည်။
ဓားဆန္ဒများကို အစီအရင်တစ်ခုလုံးတွင် လက်တံများကဲ့သို့ ဖြန့်ကြက်ထားရမည်ဖြစ်ပြီး၊ ၎င်းတို့ကို ကြိုတင်တည်ဆောက်ထားသော အချက်အချာနေရာအမျိုးမျိုးနှင့် ချိတ်ဆက်ရမည်ဖြစ်သည်။
ဤအရေးကြီးသော အချိန်တွင် လီလော့၏ စိတ်နှလုံးမှာ တုန်လှုပ်ခြင်းမရှိဘဲ ခိုင်မာနေခဲ့သည်။
ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား အကူအညီဖြင့် သူ့စိတ်မှာ ရေပြင်ကဲ့သို့ ကြည်လင်နေပြီး၊ ရေတွက်၍မရနိုင်သော ဓားဆန္ဒအမျှင်များက ကောင်းကင်ယံမှ ဖြတ်ပြေးသွားသော ကြယ်တံခွန်များကဲ့သို့ အစီအရင်အတွင်း ပျံဝဲနေကြသည်။ ရှုပ်ထွေးလှသော လှုပ်ရှားမှုများကြားတွင် အစဉ်လိုက် ဖြစ်နေသည့် အရိပ်အယောင်လေး တစ်ခု ရှိနေသည်။
ဓားဆန္ဒအမျှင်များမှာ တစ်မျှင်ပြီးတစ်မျှင် ၎င်းတို့၏ နေရာများတွင် အစားဝင်သွားကြပြီး အစီအရင်မှာလည်း တဖြည်းဖြည်း ပြည့်စုံလာသည်။
နောက်ဆုံးတွင် ဤအရေးကြီးသော အဆင့်၌ မည်သည့် မတော်တဆမှု သို့မဟုတ် အံ့အားသင့်စရာမှ ပေါ်မလာခဲ့ပေ။
လီလော့၏ တည်ငြိမ်သော ထိန်းချုပ်မှုအောက်တွင် အရာအားလုံးမှာ တစ်ခုနှင့်တစ်ခု ချောမွေ့စွာ ချိတ်ဆက်မိသွားပြီး အစီအရင် ပြီးမြောက်သွားတော့သည်။
ထိုအခိုက်အတန့်မှာပင် ရှုပ်ထွေးလှသော ဓားအစီအရင်မှာ ပဲ့တင်ထပ်လာပြီး၊ ဓားတစ်လက်၏ အခြေခံအဆီအနှစ်များ ပါဝင်နေသည့် ဓားဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ဓားဆန္ဒအမျှင်များက အဆက်မပြတ် တုန်ခါနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များကို ထုတ်လွှတ်နေသည်။ သို့သော် ထိုစွမ်းအင်အားလုံးမှာ ဓားအစီအရင်အတွင်း၌သာ ရှိနေပြီး အပြင်သို့ နည်းနည်းလေးမှ လွင့်စင်မသွားခဲ့ပေ။
လီလော့သည် ထိုအစီအရင်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရပြီး၊ ၎င်းအတွင်းသို့ ရောက်ရှိလာသည့် မည်သည့်စွမ်းအင်မဆို လွှမ်းမိုးနိုင်စွမ်းရှိသော ဓားဆန္ဒ၏ ဖျက်ဆီးခြင်းကို ချက်ချင်း ခံရမည်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
၎င်းနှင့်အတူ ဖြစ်လာနိုင်သည့် အခြေအနေများကို စဉ်းစားမိသောအခါ သူ အံ့အားသင့်သွားရသည်။ အကယ်၍ နောင်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ပြင်ပစွမ်းအင်တစ်ခုခု ဝင်ရောက်လာပြီး ၎င်းကို အလွယ်တကူ မဖြေရှင်းနိုင်ပါက၊ သူသည် ထိုစွမ်းအင်ကို ဓားအစီအရင်ထဲသို့ လမ်းကြောင်းပြောင်းပေးရုံဖြင့် ၎င်း၏ စွမ်းအားကို သုံးကာ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
သူသည် နဂါးစွယ်ဓားများကို မထည့်ရသေးသော်လည်း ဤအရာကပင် သူ့အတွက် ကာကွယ်မှုတစ်ခုအဖြစ် အသုံးဝင်နေပြီဖြစ်သည်။
သာလွန်အဆင့်မြို့စားအဆင့် ကျင့်စဉ်က တကယ်ကို အံ့သြစရာ ကောင်းတာပဲ"
လီလော့ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
မြေအောက်ကမ္ဘာမြစ်၏ မဟူရာတံခွန်မှာလည်း မြို့စားအဆင့် ကျင့်စဉ်တစ်ခုအနေဖြင့် အားမနည်းလှပေ။ ၎င်းသာ ပြီးပြည့်စုံသွားပါက ကံကြမ္မာအဆင့်မြို့စား ကျင့်စဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ၎င်းမှာ ကောင်းကင်ဧကရာဇ် အင်အားစုများပင် ထိပ်တန်းအဖြစ် သတ်မှတ်သော အရာဖြစ်သည်။ သို့သော် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါနှင့် နှိုင်းယှဉ်လိုက်ပါက နှစ်ခုကြားတွင် သိသာသော ကွာဟချက်တစ်ခု ရှိနေဆဲပင်။
“ဟင်း...”
လီလော့ မျက်လုံး ဖွင့်လိုက်ပြီး လောင်ကျွမ်းနေသော ကြာဖူးလေးကို လှမ်းကြည့်လိုက်သည်။ ၎င်းမှာ တစ်ဝက်ခန့်သာ ကျန်တော့ပြီး၊ ရွှေရောင်အလင်းတန်းလေးများ ပါဝင်နေသည့် အစိမ်းရောင် မီးခိုးငွေ့များကို ဆက်လက် ထုတ်လွှတ်နေသည်။ ထိုမီးခိုးငွေ့များက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားပြီး နှာခေါင်းထဲသို့ စိမ့်ဝင်နေသည်။
၎င်းတွင် လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြန်လည်ကောင်းမွန်စေသည့် ဂုဏ်သတ္တိများလည်း ရှိနေသည်။
ဓားအစီအရင်ကို စုစည်းတည်ဆောက်ရသည့် ဖြစ်စဉ်ကြောင့် လီလော့၏ စိတ်မှာ ပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း ထိုမှော်ဆန်သော မီးခိုးငွေ့များကြောင့် ပင်ပန်းမှုအားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
"အချိန် ငါးရက်လောက်ပဲ ကျန်တော့တယ်"
လီလော့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဉာဏ်အလင်းပွင့် ကန်၏ နှလုံးသား အခြေအနေကို အပြည့်အဝ အသုံးချပြီး ပထမဆုံးသော 'နဂါးစွယ်ဓား' ကို သန့်စင်ရမည်ဖြစ်သည်။
ယခု သူ ဆုံးဖြတ်ရမည်မှာ မည်သည့် ဓာတ်ကို အသုံးပြုမည်နည်း ဆိုသည်ပင်။
သူ့တွင် အဖြေ အဆင်သင့် ရှိနေပြီးသား ဖြစ်သည်။ သူသည် အသန်မာဆုံးသော ပဲ့တင်ထပ်သံကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ ထိုသို့ဆိုမှသာ အောင်မြင်နိုင်ခြေ ပို၍ မြင့်မားလိမ့်မည်။
မချိပြုံးလေး ပြုံးလိုက်ရင်း မျက်လုံးများကို နောက်တစ်ကြိမ် ပြန်မှိတ်လိုက်ပြန်သည်။
နောက်တစ်ဆင့်မှာမူ ရေနဂါးစွယ်ဓားပင် ဖြစ်သည်။ ၎င်းမှာ သူ ပထမဆုံး ရရှိခဲ့သော ပဲ့တင်ထပ်သံဖြစ်သလို သူ အကျွမ်းကျင်ဆုံးသော ဓာတ်သဘာဝလည်း ဖြစ်ပေသည်။
အခန်း (၈၉၇) ရေနဂါးစွယ်ဓား
စောစောက စိန်ခေါ်မှုများသော ဓားအစီအရင်ကို တည်ဆောက်ပြီးနောက်၊ ရေနဂါးစွယ်ဓားကို ပုံသွင်းခြင်းမှာ လီလော့ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုချောမွေ့ခဲ့သည်။
ဤအတွက် စကြဝဠာဓားဆန္ဒအမျှင် ငါးဆယ်ကို စုဆောင်းထားခဲ့သည်။ သို့သော်၊ ဓားအစီအရင်က ၎င်းတို့ထဲမှ တစ်ဝက်ကို အသုံးပြုခဲ့သဖြင့်
ကျန်ရှိနေသော တစ်ဝက်ကို ရေနဂါးစွယ်ဓား ပုံသွင်းရန်အတွက် အသုံးပြုခဲ့ရသည်။
ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား၏ အကူအညီ ရှိနေသော်လည်း၊ ပုံသွင်းရန် ကြိုးစားမှုများတွင် ကျရှုံးမှု အကြိမ်ကြိမ်နှင့် ကြုံတွေ့ခဲ့ရသေးသည်။ ကံကောင်းစွာဖြင့်၊ သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကျရှုံးမှုများမှ သင်ခန်းစာယူနိုင်ခဲ့သည်။
စကြဝဠာဓားဆန္ဒ ကုန်ခမ်းသွားခါနီးအချိန်လေးမှာပင်၊ ရေနဂါးစွယ်ဓား၏ ဖွဲ့စည်းပုံကို ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် ခန္ဓာကိုယ် အတွင်းပိုင်းကို အာရုံစိုက်လိုက်ရာ၊ တိတ်ဆိတ်စွာ ရပ်တည်နေသော အပြာရောင် ဓားရှည်တစ်လက်ကို မြင်တွေ့လိုက်ရသည်။
၎င်းပတ်လည်တွင် ရေလှိုင်းလေးများ လှည့်ပတ်နေပြီး၊ ဓား၏ လက်ကိုင်ရိုးမှာ နဂါးတစ်ကောင်၏ ပါးစပ်နှင့်တူကာ အပြာရောင် နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
ဓားကိုယ်ထည်မှာ လုံးဝ ဖြောင့်တန်းမနေဘဲ အနည်းငယ် ကွေးညွှတ်နေပြီး ဓားသွား၏ အစွန်းတစ်ဝိုက်တွင် အလွန်ထက်မြက်သော အပြာရောင်အလင်းတန်းများ စီးဆင်းကာ တောက်ပနေသည်။
ဤအရာသည် စကြဝဠာဓားဆန္ဒ အမျှင် ဒါဇင်ပေါင်းများစွာကို အသုံးပြု၍ လီလော့ ပုံသွင်းထားသော ရေနဂါးစွယ်ဓား ဖြစ်သည်။
၎င်းထဲသို့ နဂါးစွယ်အဆီအနှစ် တစ်စက် ထည့်လိုက်သည်နှင့်၊ပြီးပြည့်စုံသွားမည်ဖြစ်သည်။
လီလော့ ထပ်ပြီး မတုံ့ဆိုင်းနေတော့ပေ။ အတွေးတစ်ခုနှင့်အတူ၊ လေထဲတွင် နက်ရွှေရောင် တစ်စက် ပေါ်လာပြီး ဓားကိုယ်ထည်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။
ဝုန်း
ရုတ်တရက်၊ နက်ရွှေရောင်အရည်စက်မှ ရွှေရောင်အလင်းတန်း အမျှင်ပေါင်းများစွာ ဆန့်ထွက်လာပြီး၊ လေထဲတွင် နဂါးဟိန်းသံများ ပဲ့တင်ထပ်သွားလေသည်။ နောက်တစ်ခဏတွင်၊ ရွှေရောင်အလင်းတန်း အမျှင်များက အပြာရောင် ဓားကိုယ်ထည်ထဲသို့ စိမ့်ဝင်သွားပြီး၊ ရစ်ခွေကာ ခိုင်မာစွာ နေရာယူထားသော နဂါးသင်္ကေတများ ဆက်တိုက် ပေါ်ထွက်လာတော့သည်။
ယခုဆို ရေနဂါးစွယ်ဓားက နိုးထလာပြီး အသက်ဝင်လာသလိုပင်ထင်ရသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဓားအငွေ့အသက်တစ်ခု လေထဲသို့ ပေါက်ကွဲထွက်လာပြီး၊ လီလော့၏ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံနန်းတော်သုံးခုစလုံး ပြင်းထန်စွာ တုန်ခါသွားလေ၏။
ရေနဂါးစွယ်ဓားထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကြောင့် သူ အံ့အားသင့်သွားသည်။ စိတ်ဖြင့် ချက်ချင်း ရွှေ့လိုက်ရာ၊ ၎င်းသည် ဓားအစီအရင်၏ ထောင့်တစ်နေရာတွင် နေရာယူသွားသည်။
ရေနဂါးစွယ်ဓား နေရာတကျ ရှိသွားသောအခါ၊ ၎င်းထံမှ အဆုံးအစမရှိ ကြီးမားလှသော စွမ်းအားများ မြင့်တက်လာလေ၏။
ဓားဆန္ဒသည် ရိုက်ခတ်နေသော လှိုင်းလုံးများကဲ့သို့ ထကြွလာပြီး၊ ၎င်း၏ အငွေ့အသက်မှာ ဆက်တိုက် ထက်မြက်လာသည်။ထိုအချင်းအရာကို မြင်သောအခါ လီလော့ နောက်ဆုံးတော့ စိတ်အေးသွားနိုင်ခဲ့သည်။
အစီအရင်ထဲတွင် ဓားတစ်လက် ရှိသွားပြီဖြစ်ရာ၊ နောက်ဆုံးတော့ အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။
လက်ရှိတွင် အစီအရင်ထဲ၌ ဓားတစ်လက်သာ ရှိသေးပြီး ကျင့်စဉ်သစ်၏ အစစ်အမှန် စွမ်းအားကို ကိုယ်စားပြုရန် မလုံလောက်သေးသော်လည်း၊ ၎င်းတွင် မြေအောက်ကမ္ဘာမြစ်၏ မဟူရာနဂါးတံခွန်ထက် တိုက်ခိုက်ရေး စွမ်းအား ပိုမိုပါဝင်နေပြီဖြစ်ကြောင်း ခံစားသိရှိနိုင်နေပြီဖြစ်သည်။
ဤဓားဖြင့်ဆိုလျှင်၊ တူညီသော ကျင့်ကြံမှုအဆင့်ရှိ အခြားပြိုင်ဘက်များ အားလုံးကို သူ လွှမ်းမိုးနိုင်လိမ့်မည်။
ဤသို့သော ဝှက်ဖဲမျိုးကို ကိုင်ဆောင်ထားနိုင်ပြီဖြစ်ရာ၊ နောက်တစ်ကြိမ် သူတို့ ပြန်တွေ့သောအခါ ချင်ယီကို ဤမျှလောက် ကြောက်ရွံ့နေရန် လိုအပ်တော့မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
တစ်ခုတည်းသော နှမြောစရာမှာ စကြဝဠာဓားဆန္ဒ အားလုံး ကုန်ခမ်းသွားခြင်းပင်ဖြစ်သည်။ ထို့အပြင်၊ ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား အချိန်သည်လည်း နီးကပ်လာပြီဖြစ်သည်။ ဒုတိယမြောက် နဂါးစွယ်ဓားကို ပုံသွင်းရန် ဒုတိယမြောက် နဂါးစွယ်အဆီအနှစ် အစက်ကို အသုံးပြုရန် အခွင့်အရေး မရှိတော့ပေ။ မည်သို့ပင်ဆိုစေ၊ အလျင်စလို လုပ်ရန် မလိုအပ်ပေ။
ဓားအစီအရင် ပြီးစီးသွားပြီဖြစ်ရာ၊ အခက်ခဲဆုံး အပိုင်းကို သူ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ အနာဂတ်တွင်၊ အခြေခံကို တဖြည်းဖြည်း တည်ဆောက်သွားရန်သာ လိုအပ်ပြီး၊ အချိန်နှင့်အမျှ ဤကျင့်စဉ်၏ အစစ်အမှန် စွမ်းအားများ ပေါ်ထွက်လာလိမ့်မည်။
လီလော့က ကြာပန်းခုံပေါ်တွင် ထိုင်နေရင်း တည်ငြိမ်သော မျက်နှာထားဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဖုံးကွယ်၍မရနိုင်သော ပျော်ရွှင်မှု အမူအရာတစ်ခု ရှိနေသည်။
လက်ရှိအချိန်သည် တကယ်ကို အကျိုးအမြတ်များသော ကျင့်ကြံချိန်ကာလ တစ်ခုဖြစ်သည်။ သာလွန်မြို့စားအဆင့် ကျင့်စဉ်တပိုင်းဟု ခေါ်ဆိုသော အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို ကျင့်ကြံနိုင်ခဲ့ရုံသာမက၊ မြို့စားအဆင့် ကျင့်စဉ်အတု အနည်းငယ်ကိုလည်း ကျွမ်းကျင်ခဲ့သည်။
၎င်းက အနာဂတ် တိုက်ပွဲများအတွက် တိုက်ခိုက်ရေးစွမ်းရည်များစွာ ကျယ်ပြန့်သွားစေပြီး၊ သင့်လျော်စွာ အသုံးချနိုင်ပါက၊ မြို့စားအဆင့် ကျင့်စဉ်အတုများသည် မြို့စားအဆင့် ကျင့်စဉ်တစ်ခုကို အရှုံးပေးမည် မဟုတ်ကြောင်း ယုံကြည်သည်။
ထို့ကြောင့်၊ မကြာမီ ကျင်းပမည့် နဂါးခေါင်းဆောင်ပြိုင်ပွဲအတွက် သူ အများကြီး ပိုပြီး ယုံကြည်မှု ရှိလာခဲ့ပြီဖြစ်သည်။
လီလော့က ကြာဖူးလေး လောင်ကျွမ်းသွားသည်ကို ကြည့်ရင်း၊ ထွက်ခွာသွားရန် နှမြောတွန့်တိုသည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား အခြေအနေမှ သူ ထွက်ခွာလိုက်သည်နှင့်တပြိုင်နက် ပြင်ပမှ အနှောင့်အယှက်များအားလုံး စတင် ပြန်လည်ရောက်ရှိလာခဲ့သည်။
အချိန်တိုင်း အလွန် ကြည်လင်သော စိတ်အခြေနေရှိသည့် ခံစားချက်မှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။
"တကယ်ကို အံ့မခန်းအစွမ်းထက်တဲ့ ရတနာတစ်ခုပဲ" ဟု လီလော့က သက်ပြင်းချရင်း မှတ်ချက်ချလိုက်သည်။
ကောင်းကင်ကျောင်းတော်ကြာပန်းသည် ယခုအထိ သူ မြင်တွေ့ခဲ့ရသော အံ့မခန်း ရတနာများထဲမှ တစ်ခုဖြစ်သည်။ ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား အခြေအနေဖြင့် သာမန် ကျင့်ကြံသူတစ်ဦးပင် ချက်ချင်း ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်သည်။
ဤရတနာသာ မရှိခဲ့ပါက၊ သူသည် နှစ်ဝက်ခန့် ကျင့်ကြံပြီးနောက်တွင်တောင် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ ကျွမ်းကျင်နိုင်မည် မဟုတ်ပေ။
ပဲ့တင်ထပ်သံ ကျင့်စဉ်များအပေါ် သူ့ရဲ့ ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေးကို ယုံကြည်မှုရှိသော်လည်း၊ လိုအပ်မည့် အချိန်သည် ဆယ်ဆ သို့မဟုတ် ထိုထက်ပို၍ ကြာမြင့်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့်၊ အချိန်သည် လီလော့ အလဟဿ မဖြုန်းတီးနိုင်သော တစ်ခုတည်းသော အရာဖြစ်သည်။
ထို့ကြောင့်၊ ကောင်းကင်ကျောင်းတော်ကြာပန်းသည် မည်သည့် တိုက်ခိုက်ရေး စွမ်းအားမျှ မရှိသော်လည်း တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျင့်ကြံခြင်းအတွက် ဤမျှ ထူးခြားပြောင်မြောက်သော အကူအညီတစ်ခုနှင့်ဆိုလျှင်၊ ဘုရင်များအားလုံး ၎င်းကို အဘယ်ကြောင့် လုယက်တိုက်ခိုက်နေကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ဘာလဲ… အခု မင်း ငါ့ရတနာကို ခိုးဖို့ စိတ်ဝင်စားနေတာလား…"
လီလော့ ထိုအကြောင်းကို တွေးတောနေစဉ် အဝေးမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ သူ မော့ကြည့်လိုက်သောအခါ လေဟာနယ်တွင် လှိုင်းထယက်များ ပေါ်လာပြီး လီကျင်းဇယ် သူ့အရှေ့တွင် ပေါ်လာခဲ့သည်။
"ဟားဟား၊ ကျွန်တော့်အဘိုးက ဒီလိုရတနာမျိုးကို ရနိုင်လောက်အောင် တကယ်ကို အမြင်ကျယ်တယ်လို့ တွေးနေတာပါ"
လီလော့က အပြန်အလှန်အနေဖြင့် ရှက်ရွံ့သော အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ လီကျင်းဇယ် လီလော့ကို စိုက်ကြည့်လိုက်တော့ မြေးဖြစ်သူသည် ခန္ဓာကိုယ်အတွင်း၌ ဓားစွမ်းအင် ပုံစံတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြောင်း မြင်လိုက်ရသည်။ ၎င်းသည် ရပ်တန့်မသွားသော လှိုင်းလုံးတစ်ခုကဲ့သို့ အဆက်မပြတ် စီးဆင်းနေပြီး၊ လွှမ်းမိုးနိုင်ကာ စွမ်းအားကြီးမားလှသည်။
"မင်း အောင်မြင်ခဲ့တယ်ထင်တယ်. ပထမဆုံး ဖန်တီးခဲ့တာက ရေနဂါးစွယ်ဓားလို့ ငါ ယူဆတယ်…"
လီလော့က ခေါင်းညိတ်လိုက်ပြီးနောက် လက်ကို ဆန့်ထုတ်လိုက်သည်။ နောက်တစ်ခဏတွင် အပြာရောင် ဓားတစ်လက် ပေါ်လာသည်။ ၎င်းပတ်လည်ရှိ ဓားစွမ်းအင်က လေထုကို ထိုးဖောက်သွားသောအခါ၊ လေထုသည် အသံထက်မြန်သော ပေါက်ကွဲသံဖြင့် ကွဲအက်သွားသည်။
"မဆိုးဘူး" ဟု လီကျင်းဇယ်က အိုမင်းနေသော မျက်နှာပေါ်တွင် ကျေနပ်မှု အရိပ်အယောင်လေးတစ်ခုဖြင့် မှတ်ချက်ချလိုက်သည်။
"ငါတို့ရဲ့ ဘိုးဘေး အဲဒီမြို့စားအဆင့် ကျင့်စဉ်ကို ဖန်တီးခဲ့ပြီးကတည်းက မင်းကသာ အောင်မြင်စွာ ကျင့်ကြံနိုင်တဲ့ ပထမဆုံးလူပဲ…"
ဘယ့်ကြောင့်ဆိုသော် ဤကျင့်စဉ်တွင် တင်းကျပ်သော သတ်မှတ်ချက်များ အလွန်များပြားသောကြောင့် ဖြစ်သည်။ ထိုကျင့်စဉ် တကယ်ကို တောက်ပလာစေရန်အတွက် ပဲ့တင်ထပ်သံများစွာ ပိုင်ဆိုင်ထားသူ တစ်ဦး လိုအပ်သည်။ ထို့ကြောင့်၊ စင်ကြယ်သော နဝမအဆင့် ပဲ့တင်ထပ်သံတစ်ခု ရှိနေလျှင်တောင် ကိုက်ညီမှု မရှိသေးပေ။ သူတို့သာ အတင်းအကျပ် ကျင့်ကြံရန် ကြိုးစားမည်ဆိုပါက ဆုံးရှုံးမှုသာ ဖြစ်သွားပေလိမ့်မည်။
ပါရမီရှိသော အမြွှာပဲ့တင်ထပ်သံကျင့်ကြံသူတစ်ဦး ဖြစ်လျှင်တောင်မှ ဤကျင့်စဉ်နှင့် လုံးဝ ကိုက်ညီမှု ရှိချင်မှ ရှိလိမ့်မည်။ ၎င်းသည် ပင်မနှင့်အရံ ဓာတ်သဘာဝများ ပါဝင်သော ပဲ့တင်ထပ်သံသုံးခု ရှိသည့် လီလော့လို ရှားပါးမျိုးစေ့ရှိသူမျိူးအတွက်သာ အကျိုးရှိနိုင်သည်။
" ဘိုးဘေး ဖန်တီးခဲ့တဲ့ ဒီလျှို့ဝှက်ကျင့်စဉ်ကို အရှက်မရစေရဘူးလို့ ကျွန်တော် အာမခံပါတယ်"
"အင်း….နဂါးခေါင်းဆောင် ပြိုင်ပွဲအတွက် နောက်ထပ် ရက်အနည်းငယ်ပဲ လိုတော့တယ်…မင်း နဂါးခေါင်းဆောင် နေရာကို ရနိုင်ရင်၊ အမှတ်ကိုးခုနှလုံးသား ကြာပန်းကိုလည်း ငါတို့ ရနိုင်လောက်တယ်… ဒါပေမယ့် မင်း မရခဲ့ရင်တောင် ဒါကို ရဖို့ အခြားနည်းလမ်းတွေကို ငါ စဉ်းစားမှာပါ…”
သူသည် လီလော့အပေါ် ဖိအားများ မသက်ရောက်စေရန် ပေါ့ပါးသော လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ထိုအခါ လီလော့ စိတ်လှုပ်ရှားသွားသည်။ အမှတ်ကိုးခုနှလုံးသားကြာပန်းသာ အခြား ကလန်များ၏ လက်ထဲသို့ ကျရောက်သွားပါက၊ အထူးသဖြင့် နဂါးသွေးကလန်ဖြစ်ပါက၊ ၎င်းကို ပြန်လည်ရယူရန် လီကျင်းဇယ်အနေနှင့် တကယ်ကို ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရမည်ဖြစ်ကြောင်း သူ သိသည်။
အဘိုးတစ်ယောက်၏ မေတ္တာက တကယ်ကို အဆုံးအစမရှိ အရာအားလုံးကို လွှမ်းခြုံထားနိုင်ပေသည်။
လီလော့ သက်ပြင်းချလိုက်မိပြန်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ့အဖေသည် ထိုမျှလောက် အသုံးမကျသူ မဟုတ်ကြောင်း ခံစားလိုက်ရသည်။ သားဖြစ်သူနောင်ရေးကောင်းစားဖို့အတွက် အဖေသည် အတိတ်ကာလတွင် ဒုက္ခခံခဲ့ရသည်။
"စိတ်မပူပါနဲ့ အဘိုး. အခြား ကလန်ခေါင်းဆောင်တွေကို အဘိုးဆီကနေ အမြတ်ထုတ်ဖို့ အခွင့်အရေး မပေးပါဘူး…”
လီကျင်းဇယ် သူ့အပေါ် ဤမျှ ကြင်နာစွာ ဆက်ဆံပြီးနောက် သူ ပိုမို ကြိုးစားရန် လိုအပ်ကြောင်း လီလော့ ခံစားလိုက်ရသည်။
လီကျင်းဇယ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ….
"အခု မင်း ကျင့်ကြံမှု ပြီးပြီဆိုတော့၊ မနက်ဖြန် နွားသိုးကြီးပေါင်ပေါင်ကို ကုသဖို့ပြင်ဆင်ကြစို့… ငါ အရာအားလုံးကို ပြင်ဆင်ထားပြီးပြီ…"
ထိုစကားကို ကြားသောအခါ လီလော့၏ မျက်နှာထား လေးနက်သွားပြီး…
"ဉီးလေးပေါင် ရဲ့ ဒဏ်ရာက ကျွန်တော့် မိဘတွေကြောင့် ရခဲ့တာပါ.. အခု သူတို့ မရှိတော့ဘူးဆိုတော့၊ သူတို့ကိုယ်စား အဘိုးကို ကျွန်တော် ကျေးဇူးတင်ပါတယ်.. "
လီကျင်းဇယ်က နွေးထွေးစွာ ပြုံးလိုက်ပြီး ….
"ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့က မိသားစုတွေပဲ…သူတို့ ဆက်ဆံမယ့်အတိုင်း နွားသိုးကြီးပေါင်ပေါင်ကို ငါ ဆက်ဆံမှာပါ… ပြီးတော့ နဂါးခေါင်းဆောင် ပြိုင်ပွဲကလည်း နီးလာပြီဆိုတော့ တံခွန် လေးခုက ခေါင်းဆောင်တစ်ယောက် ရွေးချယ်ဖို့ အချိန်တန်ပြီ… ကျင်းထောင်က သဘောထားပျော့ပျောင်းပြီး တခြားသူတွေနဲ့ ယှဉ်ပြိုင်ရတာကို မကြိုက်ဘူး… ဖုန်းယီရဲ့ စွမ်းအားနဲ့ ရပ်တည်ချက်က နည်းနည်း လိုနေသေးတယ်…အရင်ကဆို တျန့်ဖုန်းရှန်းကသာ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လာမှာ… ဒါပေမဲ့ အခု မင်း ရောက်နေပြီဆိုတော့ ပြောရခက်သွားပြီ…"
"ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေနဲ့ လူမြင်ကွင်းမှာ ကိစ္စတွေကို ဆွေးနွေးတဲ့အခါ တံခွန် လေးခုအတွက် ခေါင်းဆောင်တစ်ယောက် လိုအပ်လိမ့်မယ်…"
လီလော့ကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ နဂါးစွယ်ကလန်၏ တံခွန်လေးခုတွင် ခေါင်းဆောင်တစ်ယောက် မရွေးချယ်နိုင်သေးသည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ အခြား ကလန် လေးခုကမူ ရွေးချယ်ပြီးဖြစ်နေကြသည်။
ဥပမာအားဖြင့် လီချင်းဖုန်းသည် နဂါးသွေးကလန်၏ တံခွန် လေးခုအတွက် ခေါင်းဆောင်ဖြစ်ရာ၊ အားလုံးက သူ့ အမိန့်များကို နားထောင်ကြမည်ဖြစ်သည်။
သို့ပေမယ့် နဂါးစွယ်ကလန်မှာတော့ လီဖုန်းယီက တျန့်ဖုန်းရှန်းကို အမြဲတမ်း ငြင်းခုံပြီး ဆန့်ကျင်လေ့ရှိသည်။ သူမရဲ့ ထူးခြားတဲ့ နောက်ခံကြောင့်၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို ခေါင်းကိုက်စရာတွေ အများကြီး ပေးခဲ့မည်မှာ သေချာသည်။
ဒီအခြေအနေက လီလော့ မပေါ်လာခင်အထိ အချိန်အတော်ကြာ ဖြစ်ခဲ့သည်။
တစ်နည်းအားဖြင့် ပြောရရင် လီကျင်းဇယ်က သူ့ကို တံခွန် လေးခုရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ ပြောနေခြင်းပင်။ ဤသည်က နဂါးစွယ်ကလန်မှာ သူရဲ့ ရပ်တည်ချက်ကို မြှင့်တင်ပေးပြီး၊ အနာဂတ်မှာ အစိမ်းရောင်နယ်သာခန်းမထဲ ဝင်ရောက်ဖို့ သူ့ကို ပြင်ဆင်ပေးလိမ့်မည်။
ဒီအတွက် လီလော့မှာ ဘာကန့်ကွက်စရာမှ မရှိပေ။ထို့အပြင် လီဖုန်းယီ နဲ့ လီကျင်းထောင်း တို့က လက်ရှိ တံခွန် လေးခုထဲမှာ သူ့ကို သေချာပေါက် ထောက်ခံကြပေလိမ့်မည်။ ကျန်ရှိနေတဲ့ တစ်ခုတည်းသော မေးခွန်းက တျန့်ဖုန်းရှန်းပင်…
သံသယဖြစ်စရာမလိုဘဲ သူလည်း အလွန်တရာ စွမ်းရည်ရှိတဲ့ ပါရမီရှင်တစ်ယောက်သာပင်။ အမှောင်နယ်မြေ ခရီးစဉ်အတွင်း လီလော့နဲ့ ပူးပေါင်းခဲ့ပေမယ့်၊ စကားသက်သက်နဲ့ သူ့ကို ယုံကြည်အောင် လုပ်ဖို့ လုံလောက်မည် မဟုတ်ပေ။
ဤအတိုင်းဆို…..
လီလော့က သူ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်နေသော အပြာရောင် ဓားဆန္ဒကို ကြည့်လိုက်မိသည်။
နဂါးခေါင်းဆောင် နေရာအတွက် မယှဉ်ပြိုင်မီ ဒီပြဿနာတွေကို သူ ဖြေရှင်းရပေဉီးမည်။
အခန်း (၈၉၈) - ရွေးချယ်စရာ နှစ်ခု
နောက်တစ်နေ့တွင် အပြည့်အဝ ပြန်လည်ကျန်းမာလာသော လီလော့က နဂါးစွယ်တောင်သို့ ပြန်သွားခဲ့သည်။
ထိုနေရာတွင် နွားသိုးကြီးပေါင်ပေါင်နှင့် သူ တွေ့ဆုံခဲ့သည်။ ပုံမှန်အားဖြင့် ကြမ်းတမ်းပြီး လေးနက်သော သတ်လတ်ပိုင်းအရွယ် အမျိုးသားကြီး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်လေးတစ်ခု ရှိနေသည်။ သူ့ဒဏ်ရာအကြောင်းကို တော်ရုံ ပြောဆိုလေ့မရှိသော်လည်း၊ ၎င်းသည် သူ့အတွက် နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်စရာ ရင်းမြစ်တစ်ခု ဖြစ်ခဲ့သည်။
အထူးသဖြင့် မူလကောင်းကင် နတ်ဘုရားတိုက်ကြီးသို့ သူ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ဤအချက်မှာ ပို၍ မှန်ကန်လာသည်။ သူ့ပြိုင်ဘက်များအားလုံး ဤအချိန်ကာလအတွင်း အံ့မခန်း တိုးတက်မှုများ ရှိခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ သူသည် အားနည်းသွားခဲ့သည်။
သံသယဖြစ်စရာမလိုဘဲ သူ့စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။
"ဉီးလေးပေါင်၊ ဒီနေ့ ပြီးရင် ဦးလေးရဲ့ ခွန်အားကို ပြန်ရတော့မယ်…မူလကောင်းကင် နတ်ဘုရားတိုက်ကြီးက နာမည်ကြီး နွားသိုးကြီးပေါင်ပေါင် ပြန်ရောက်လာတော့မယ် " ဟု လီလော့က ရယ်မောရင်း ပြောလိုက်သည်။
နွားသိုးကြီးပေါင်ပေါင်က ခါးသီးသော အပြုံးဖြင့် …
"ငါ့မှာ အဲဒီလို နာမည်ကြီးမှုမျိုး ဘယ်လိုလုပ် ရှိမှာလဲ…"
အတိတ်က ရှပြည်ထောင်စုတွင် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် မြို့စားများကို သူ အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း၊ မူလကောင်းကင်ကတော့ နတ်ဘုရားတိုက်ကြီးသည် ကွာခြားသည်။ ပါရမီရှင် အမျိုးမျိုးဖြင့် ပြည့်နှက်နေသဖြင့် မူလစွမ်းအားကို ပြန်လည်ရရှိသွားပါက ရပ်တည်ချက်ကို ထိန်းသိမ်းထားနိုင်ကောင်း ထိန်းသိမ်းထားနိုင်မည်ဖြစ်သော်လည်း၊ အစွမ်းထက်သူ တစ်ဦး ဖြစ်လာရန်မှာ အလှမ်းဝေးနေဆဲပင်။
"နှိမ့်ချနေဖို့ မလိုပါဘူး ဉီးလေးပေါင်ရာ… အလားအလာရှိတဲ့ ဘုရင်တစ်ပါးရဲ့ လက္ခဏာတွေကို ကျွန်တော် မြင်နိုင်ပါတယ်"
"မင်းရဲ့ ကောင်းမွန်တဲ့ စကားတွေ တကယ်ဖြစ်လာဖို့ မျှော်လင့်ရတာပေါ့"
နွားသိုးကြီးပေါင်ပေါင်က ရယ်မောကာ ပြန်ဖြေလိုက်သည်။ နောက်တစ်ခဏတွင် လီကျင်းဇယ် အဝေးမှ သူတို့ဆီသို့ လျှောက်လာနေသည်ကို သူ သတိပြုမိလိုက်သည်။ လေဟာနယ် တစ်ခဏမျှ တွန့်လိမ်သွားပြီးနောက် ခြေလှမ်းအနည်းငယ်အတွင်း လီကျင်းဇယ် သူတို့အရှေ့သို့ ရောက်ရှိလာခဲ့သည်။
"သွားကြစို့" ဟုဆိုကာ လီကျင်းဇယ်က ဘာမှထပ်မပြောတော့ဘဲ အခြား တောင်တက်လမ်းတစ်ခုမှ ဆင်းသွားလေသည်။
သူတို့နှစ်ဦးလည်း သူ့အနောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။
မိနစ်အနည်းငယ် အကြာတွင်၊ သူတို့သုံးဦး တောင်နံဘေးတွင် တည်ဆောက်ထားသော ကြီးမားလှသည့် ခန်းမကြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။ ခန်းမအတွင်းတွင် အရှည် မီတာတစ်ရာခန့်ရှိသော ဧရာမ မီးဖိုကြီးတစ်ခု ရှိနေသည်။ ၎င်းပေါ်တွင် ပဟေဠိဆန်သော ပုံစံမျိုးစုံကို ထွင်းထုထားသည်။ ၎င်းပတ်လည်ရှိ လောကသဘာဝစွမ်းအင်များက လှုံ့ဆော်ခံရပြီး ၎င်းအတွင်းသို့ အဆုံးအစမရှိ စီးဝင်နေ၏။
လီကျင်းဇယ်က မီးဖိုကြီးကို စိုက်ကြည့်ရင်း လက်နောက်ပစ်ကည ရပ်နေပြီး မေးလိုက်သည်။
"နွားသိုးကြီးပေါင်ပေါင်၊ မင်းရဲ့ မြို့စားရဲတိုက်တွေကို ပြုပြင်ဖို့ ငါ့မှာ နည်းလမ်းနှစ်ခု ရှိတယ်.. မင်း ဘယ်တစ်ခုကို ရွေးမလဲ…"
နွားသိုးကြီးပေါင်ပေါင်က သူ့ကို ထူးဆန်းစွာ ပြန်ကြည့်ရင်း…
"ဒီနည်းလမ်းနှစ်ခုက ဘာကွာခြားလဲ.."
"ပထမနည်းလမ်းက မင်းရဲ့ အခြေခံကို ပုံမှန်အတိုင်း ပြန်လည်တည်ဆောက်တာပဲ.. ဒါက အတော်လေး ဘေးကင်းတဲ့ နည်းလမ်းဖြစ်ပြီး အောင်မြင်နိုင်ခြေက ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိတယ်…. ဒါပေမဲ့၊ မကြာသေးမီ နှစ်တွေအတွင်းက မင်း မကျင့်ကြံခဲ့ရတဲ့အတွက်၊ အရာအားလုံး ပြီးဆုံးသွားတဲ့အခါ မင်းက တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်လောက်တော့ အားနည်းသွားလိမ့်မယ်…”
ထိုသို့ကြားသော်လည်း နွားသိုးကြီးပေါင်ပေါင်၏ အမူအရာ လုံးဝ မပြောင်းလဲသွားပေ။ ၎င်းမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ကြောင်း ထင်ရှားသည်။ သူသည် ယခင်က ဆဋ္ဌမအဆင့် မြို့စားတစ်ဦး ဖြစ်ခဲ့ရာ၊ တစ်ဆင့် သို့မဟုတ် နှစ်ဆင့် ကျဆင်းသွားပါက စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့် ဖြစ်လာမည်ဖြစ်သည်။ ၎င်းမှာ သူ့အတွက် လက်ခံနိုင်သော ရလဒ်တစ်ခုဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ မြို့စားရဲတိုက်များ ဖျက်ဆီးခံရပြီး အစစ်အမှန် စွမ်းအားမှာ ပထမအဆင့် မြို့စားတစ်ဦးအောက် ရောက်ရှိနေခြင်းထက် များစွာ ပိုကောင်းပါသည်။ ၎င်းမှာ သေးငယ်သော ပေးဆပ်မှုတစ်ခုသာ ဖြစ်ပုံရသည်။
"အဲဒီလိုဆိုရင် ဒုတိယနည်းလမ်းက ဘာများလဲ.. ကလန်ခေါင်းဆောင်.."
နွားသိုးကြီးပေါင်ပေါင်က ဆုံးဖြတ်ချက်ကို ချက်ချင်း မချသေးပေ။ လီကျင်းဇယ်၏ အဆင့်အတန်းအရ၊ ဒုတိယရွေးချယ်မှုတစ်ခုကို ကမ်းလှမ်းခြင်းက အလွန် ထူးခြားသည့် အရာတစ်ခုခု ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
"ဒုတိယနည်းလမ်းက အလွန်တရာ အန္တရာယ်များတယ်..အောင်မြင်နိုင်ခြေက ငါးဆယ်ရာခိုင်နှုန်းအောက်ပဲ… မင်းရဲ့ မြို့စားရဲတိုက်တွေကို လုံးဝ ဖျက်ဆီးပြီး အသစ်ပြန်တည်ဆောက်မှာ… မင်းရဲ့ မြို့စားရဲတိုက်တွေကို ငါ လုံးဝ ပြုပြင်ပေးမှာ မဟုတ်ဘူး… အဲဒီအစား လုံးဝ ဖျက်ဆီးပစ်ပြီး လျှို့ဝှက်ကျင့်စဉ်တစ်ခု သုံးပြီး ပြန်တည်ဆောက်မယ် အကယ်၍ အောင်မြင်ခဲ့ရင်၊ မင်းရဲ့ စွမ်းအားကို အပြည့်အဝကို ပြန်ရရုံသာမက၊ သတ္တမအဆင့် မြို့စားတစ်ဦးအဖြစ် အဆင့်တက်ဖို့ အခွင့်အရေးပါ ရရှိလိမ့်မယ်….”
ထိုစကားကြောင့် နွားသိုးကြီးပေါင်ပေါင် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ ဒုတိယရွေးချယ်မှုက တကယ်ကိုကောင်းလှသည်။ စွမ်းအား ကျဆင်းသွားမည် မဟုတ်ရုံသာမက၊ အဆင့်တစ်ခု တက်နိုင်မည်တဲ့လား။
တစ်ချိန်တည်းမှာပင် လီလော့က …
"အဘိုး၊ အကယ်၍ ဒုတိယနည်းလမ်းသာ ကျရှုံးခဲ့ရင်ရော ဘာဖြစ်မလဲ.."
"ဘာရလဒ် ရှိနိုင်ဦးမှာလဲ… သူ့ရဲ့ မူလ မြို့စားရဲတိုက်တွေ ပျောက်ကွယ်သွားမှာဖြစ်လို့၊ ငါတို့ ပြန်မတည်ဆောက်နိုင်ခဲ့ရင် သူရဲ့ အခြေခံကို ဆုံးရှုံးပြီး မြို့စားအဆင့်ကနေ ကျဆင်းသွားလိမ့်မယ်..ပြီးတော့ ဘယ်တော့မှ ထပ်ပြီး အဆင့်တက်ဖို့ မဖြစ်နိုင်တော့ဘူး…"
လီလော့ အသက်ရှူမှားသွားချေပြီ။ဤသည်က အနည်းငယ် ရက်စက်လွန်းပုံရသည်။ လူတစ်ယောက်၏ ကိုယ်ပိုင်အနာဂတ်နှင့် လောင်းကြေးအကုန်ထပ်ရသလိုပင်….
အောင်မြင်မှု၏ အသီးအပွင့်များက တကယ်ကို ဆွဲဆောင်မှုရှိသော်လည်း၊ ကျရှုံးမှုကတော့ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ဤသည်မှာ လောင်းကစားတစ်ခုပင် ဖြစ်သည်။
လီလော့ ထပ်မံ၍ မည်သည့်မှတ်ချက်မျှ မပေးနိုင်လောက်အောင် ကြီးမားလှသော လောင်းကြေးတစ်ခု ဖြစ်သည်။ထို့ကြောင့် နွားသိုးကြီးပေါင်ပေါင်ကိုသာ ကြည့်နေလိုက်သည်။
ဤအခိုက်အတန့်တွင်၊ နွားသိုးကြီးပေါင်ပေါင်၏ မျက်နှာထား လေးနက်သွားသည်။ ဤသည်မှာ သူ့ မျက်နှာပေါ်တွင် တုံ့ဆိုင်းမှု အရိပ်အယောင်များ ပထမဆုံးအကြိမ် ပေါ်လာခြင်းဖြစ်သည်။ ရှောင်လွှဲ၍မရနိုင်တော့ပေ။ မည်သို့ပင်ဆိုစေ၊ ပေးဆပ်ရမည့်အရာမှာ ကြီးမားလွန်းလှသည်။
ပထမရွေးချယ်မှုက ဘေးကင်းသည်။ စွမ်းအား ကျဆင်းသွားမည် ဖြစ်သော်လည်း မြို့စားရဲတိုက်များကို ပြုပြင်နိုင်ဖွယ်ရှိသည်။ သို့သော်လည်း သူသည် မြို့စားတစ်ဦး ဖြစ်နေဆဲပင် ဖြစ်မည်။ သူ့ဒဏ်ရာများက တကယ်ကို ဆိုးရွားပြီး၊ ကျင့်ကြံမှု နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ကြောင်းကိုလည်း သူ နားလည်ပါသည်။ ရွေးချယ်မှု အောင်မြင်ခဲ့လျှင်ပင်၊ ဆဋ္ဌမအဆင့် မြို့စားတစ်ဦး ပြန်ဖြစ်လာရန်မှာ သူ့အတွက် ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ရှေ့ဆက်တိုးတက်ရန် မဖြစ်နိုင်ပေ။
အခြားတစ်ဖက်တွင်မူ၊ ဒုတိယရွေးချယ်မှုက အလွန်တရာ အန္တရာယ်များသည်။ ကျရှုံးမှုအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာလည်း အလွန် ကြီးမားသည်။ သို့သော်လည်း၊ အောင်မြင်ခဲ့ပါက အခြေခံကို ပြန်လည်ရရှိရုံသာမက၊ ဆုံးရှုံးခဲ့ရသော နှစ်များအားလုံးအတွက် ပြန်လည်အစားထိုးရန် အခွင့်အရေးတစ်ခုပင် ရရှိလိမ့်မည်။
ဆဋ္ဌမအဆင့် မြို့စားတစ်ဦးအဖြသ်မှ သတ္တမအဆင့်သို့ တက်လှမ်းခြင်းမျှသာ ဖြစ်သော်လည်း၊ မြို့စားအများအပြားသည် အဆင့်တစ်ခုတွင် ထာဝရဟု ထင်ရလောက်အောင် ပိတ်မိနေနိုင်ကြောင်း သူ နားလည်ပါသည်။ မြို့စားတစ်ဦး အဆင့်တစ်ဆင့် တက်ရန်အတွက် အလွန်တရာ များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များ လိုအပ်သည်။
အနာဂတ်ကို ဆုံးဖြတ်နိုင်ရန် လီကျင်းဇယ်က ဤရွေးချယ်စရာ နှစ်ခုကို ပေးခဲ့ခြင်းဖြစ်ကြောင်း နွားသိုးကြီးပေါင်ပေါင် နားလည်သည်။ သူ ဤနေရာတွင် ဘေးကင်းစွာ နေချင်သလား သို့မဟုတ် အနာဂတ်တွင် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် အခွင့်အရေးတစ်ခုအတွက် လောင်းကြေးထပ်ချင်သလား။
တစ်ခဏတာမျှ ခန်းမကြီးတခုလုံး အလွန် တိတ်ဆိတ်သွားသည်။ လီလော့နှင့် လီကျင်းဇယ်တို့ ထပ်မံ၍ စကားမပြောကြတော့ပေ။ နွားသိုးကြီးပေါင်ပေါင်၏ ပြင်းထန်သော အသက်ရှူသံသာ ရှိတော့သည်။
သို့သော်လည်း၊ တိတ်ဆိတ်မှုမှာ ခဏတာသာ ကြာမြင့်ခဲ့သည်။ နွားသိုးကြီးပေါင်ပေါင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လီကျင်းဇယ်ကို ယဉ်ကျေးစွာ ပြန်ဖြေသည်။
"ကလန်ခေါင်းဆောင်၊ ဒုတိယရွေးချယ်မှုနဲ့ ရှေ့ဆက်ချင်ပါတယ်…"
ဤနေရာအရောက်တွင် လီလော့၏ အသက်ရှူသံများ ရပ်တန့်လုနီးပါး ဖြစ်သွားသည်။ သူ့ နှလုံးသား တုန်ယင်နေသော်လည်း၊ သူ သိပ်ပြီး မအံ့အားသင့်ခဲ့ပေ။ နွားသိုးကြီးပေါင်ပေါင်အပေါ် နားလည်ရသလောက်ဆိုလျှင် သူသည် ရန်လိုသူတစ်ဦးဖြစ်ပြီး သာမန်ဘဝမျိုးနှင့် ရှင်သန်မည့် လူစားမျိုး မဟုတ်ပေ။ အကယ်၍ အနာဂတ်တွင် တိုးတက်ရန် မျှော်လင့်ချက် မရှိတော့ပါက၊ နွားသိုးကြီးပေါင်ပေါင်ကဲ့သို့ လူတစ်ယောက်အတွက် သေခြင်းထက်ပင် ပိုဆိုးပေလိမ့်မည်။
ထို့ကြောင့်၊ ကျန်ရှိနေသော ဘဝတစ်လျှောက်လုံး စတုတ္ထအဆင့် မြို့စားတစ်ဦးအဖြစ် ရှင်သန်နေမည့်အစား သေချာပေါက် လောင်းကြေးထပ်ပေလိမ့်မည်။
"ဉီးလေးပေါင်..."
လီလော့ သက်ပြင်းချလိုက်မိသည်။ မိဘများ၏ သူငယ်ချင်းတစ်ဦးထံမှ မျှော်လင့်ထားသည့်အတိုင်း၊ နွားသိုးကြီးပေါင်ပေါင်တွင် ထူးခြားပြောင်မြောက်သော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိကြောင်း ထင်ရှားနေသည်။
အခြားတစ်ဖက်တွင်မူ၊ လီကျင်းဇယ်က နွားသိုးကြီးပေါင်ပေါင်ကို ကြည့်ရင်း လေးစားမှုဖြင့် ပြုံးနေခဲ့သည်။
"မင်းက သတ္တိရှိတဲ့ လူတစ်ယောက်ပဲ… ဒီရွေးချယ်စရာ နှစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်သူကမှ ဒီလို လောင်းကြေးထပ်ရဲမှာ မဟုတ်ဘူး…"
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်… ဒါပေမယ့်၊ ဒုတိယနည်းလမ်းက... သိပ်မလွယ်ဘူးမလား.."
နွားသိုးကြီးပေါင်ပေါင်သည် ဤလောကတွင် အရာများစွာကို မြင်တွေ့ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ ပထမနည်းလမ်းကို သူ ယခင်က သိရှိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း၊ လီကျင်းဇယ် ယခုလေးတင် မျှဝေလိုက်သော ဒုတိယနည်းလမ်းကို သူ တစ်ခါမှ မကြားဖူးပေ။ အန္တရာယ်များရုံသာမက၊ ဒုတိယနည်းလမ်း၏ အခက်အခဲမှာ ပထမနည်းလမ်းထက် အဆပေါင်းများစွာ ပိုကြီးမားမည်မှာ သေချာသည်။ တစ်နည်းအားဖြင့် ပြောရလျှင် လီကျင်းဇယ်က ဤဒုတိယရွေးချယ်မှုကို သူ့အား ကမ်းလှမ်းခဲ့ခြင်းမှာ ကြင်နာမှုကြောင့်ပင် ဖြစ်သည်။
"ဒုတိယနည်းလမ်းအတွက် ဘုရင်တစ်ပါးကိုယ်တိုင် ပါဝင်ကူညီဖို့ လိုအပ်တယ်.. ဒါ့အပြင်၊ လျှို့ဝှက်ရတနာ အများအပြားလည်း လိုအပ်တယ်…. ဒီမူလကောင်းကင် နတ်ဘုရားတိုက်ကြီးမှာ ဒါကို လုပ်နိုင်တဲ့ အင်အားစု သိပ်မရှိဘူး" ဟု လီကျင်းဇယ်က သူ့ကို ရိုးသားစွာ ပြောပြလိုက်သည်။
သူတို့နှစ်ဦးစလုံး ရွေးချယ်မှုအတွက် ပေးဆပ်ရမည့် တန်ဖိုးကို သိထားခြင်းက အကောင်းဆုံးဖြစ်သောကြောင့် မည်သည့် အသေးစိတ်အချက်အလက်ကိုမျှ သူ မဖုံးကွယ်ထားခဲ့ပေ။
ထို့အပြင်၊ လီလော့က နွားသိုးကြီးပေါင်ပေါင်ကို အစိမ်းရောင်နယ်သာတံခွန်တွင် နေစေချင်ကြောင်း သူ သိသည်။ ဤမျှ ကြီးမားလှသော ကျေးဇူးကြွေးနှင့်အတူ၊ နွားသိုးကြီးပေါင်ပေါင်သည် ဒဏ်ရာများ အပြည့်အဝ ပြန်လည်ကျန်းမာလာပြီးနောက်တွင်ပင် သေချာပေါက် ဆက်နေပေလိမ့်မည်။
နွားသိုးကြီးပေါင်ပေါင်က ခေါင်းညိတ်လိုက်ပြီးနောက် လီကျင်းဇယ်ကို နောက်တစ်ကြိမ် ယဉ်ကျေးစွာ ကျေးဇူးတင်ရန် အရိုအသေပြုလိုက်သည်။
"ဒါဆို စလိုက်ကြစို့.,"
လီကျင်းဇယ်က စကားများဖြင့် အချိန်ထပ်မဖြုန်းတော့ပေ။ ဧရာမ မီးဖိုကြီးကို ညွှန်ပြကာ ….
"မင်း အထဲဝင်သွားရုံပဲ…ကျန်တာ ငါဆက်လုပ်မယ်…."
နွားသိုးကြီးပေါင်ပေါင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ လီလော့ကို ပြုံးပြလိုက်ပြီးနောက် တဖက်လှည့်ကာ သေးငယ်သော အပေါက်တစ်ခုမှတစ်ဆင့် မီးဖိုကြီးထဲသို့ တည့်တည့် ပျံသန်းဝင်ရောက်သွားသည်။ ထို့နောက် မီးဖို၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ပေါင်ပေါင် နေရာယူပြီးသည်နှင့် လီကျင်းဇယ်က ပါးစပ်ကို အနည်းငယ် ဖွင့်လိုက်ရာ နက်ရွှေရောင် မီးပွားတစ်ခု ပျံထွက်လာပြီး မီးဖိုထဲသို့ တည့်တည့် ပျံသန်းသွားပြီးနောက် ကြီးထွားလာကာ ဒေါသတကြီး လောင်ကျွမ်းနေသော မီးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးဖိုကို ပြင်းထန်စွာ လောင်ကျွမ်းစေသည်။
တစ်ချိန်တည်းမှာပင် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ၊ သူ့ လက်ကောက်ဝတ်ရှိ အိတ်ဆောင် စက်လုံးထဲမှ အလင်းတန်း ရာပေါင်းများစွာ ပျံထွက်လာသည်။ ၎င်းတို့သည် လေထဲတွင် ဝဲပျံနေပြီး ကြီးမြတ်သော အငွေ့အသက်တစ်ခုစီဖြင့် တောက်ပစွာ လင်းလက်နေကြသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်၊ ဤအလင်းတန်းများ အားလုံးသည် အလွန်တရာ ရှားပါးသော ပစ္စည်းများဖြစ်ကြောင်း လီလော့ သိနိုင်ပေသည်။ နွားသိုးကြီးပေါင်ပေါင်၏ အခြေခံကို ပြုပြင်ပေးရန် လီကျင်းဇယ်က ကုန်ကျစရိတ်ကို လုံးဝ မနှမြောခဲ့ကြောင်း သိလိုက်ရသည်။
"ဒါက အချိန်အတော်ကြာလိမ့်မယ်… မင်း ဒီမှာစောင့်နေစရာ မလိုဘူး…လုပ်စရာရှိတာ သွားလုပ်လို့ရပါတယ်" ဟု လီကျင်းဇယ်က လီလော့ကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အဘိုး၊ ကျေးဇူးတင်ပါတယ်။"ဟုဆိုကာ လီလော့က မီးဖိုကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက်၊ ထိုနေရာမှ ထွက်ခွာခဲ့သည်။
ယခု နွားသိုးကြီးပေါင်ပေါင်၏ ကိစ္စ ပြေလည်သွားပြီဖြစ်ရာ၊ တံခွန် လေးခုဆီသို့ သွားရန် အချိန်ကျရောက်ပြီဖြစ်သည်။ နဂါးစွယ်ကလန်၏ တံခွန် လေးခု၏ ခေါင်းဆောင်ကို နဂါးခေါင်းဆောင် ပြိုင်ပွဲမတိုင်မီ ဆုံးဖြတ်ရမည်ဖြစ်သည်။