← Chapters

အခန်း (၅၄၉-၅၅၀)

Vol. 51 Ch. 549-550

အခန်း (၅၄၉-၅၅၀)

Vol. 51 Ch. 549-550

အပိုင်း (၅၄၉)

​အင်အားကြီးမားလှသော စွမ်းအင်လှိုင်းတစ်ခုသည် အရပ်ရှစ်မျက်နှာလုံးသို့ ရိုက်ခတ်သွားလေတော့သည်။

​ ဤအဆင့်တက်လှမ်းမှုမှာ အလွန်ပင် ပြင်းထန်လွန်းလှသဖြင့် လီပေါင်းထောင်ချီ ဝေးကွာသော နေရာရှိ သိုင်းပညာရှင်များပင် ခံစားမိကြပြီး အံ့အားသင့် ထိတ်လန့်သွားခဲ့ကြသည်။

​ “ဒါက အဆင့်တက်လှမ်းတဲ့ စွမ်းအင်လှိုင်းပဲ... ဘယ်သူကများ အဆင့်တက်နေတာလဲ၊ ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ”

​ “ဒီဖိအားအောက်မှာ ငါ အသက်တောင် ဝဝမရှူနိုင်တော့ဘူး၊

နတ်ဘုရားတစ်ပါးရဲ့ ရှေ့မှာ ရောက်နေသလိုပဲ”

​ “ဒါက ဘယ်လိုမှ ကောင်းကင်အဆင့် မဟုတ်နိုင်ဘူး၊ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ဒီလောက်အထိ အရှိန်အဝါမရှိနိုင်ဘူး။ မဟာကောင်းကင်အဆင့်တောင် ဖြစ်နိုင်ခြေ နည်းတယ်”

​ “ဒါဆိုရင်... မြင့်မြတ်ကောင်းကင်အဆင့်များလား”

​ လောကကြီး၏ ထိပ်တန်းအင်အားစု (၇) ခုမှ မဟာကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးများသည်လည်း ထိုစွမ်းအင်ကို ခံစားမိကြပြီး မျက်နှာများ တည်တံ့သွားကြသည်။

​ တာအိုဂိုဏ်းမှ မဟာကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးက သက်ပြင်းချရင်း - “အနှစ်သာရတွေ အများကြီးကို စုပ်ယူပြီးတဲ့နောက်မှာတော့ အဲဒီမိစ္ဆာက နောက်ဆုံးမှာ မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်သွားပြီပဲ။ ငါတို့ရဲ့ အစီအစဉ်က တစ်ဝက်အောင်မြင်သွားပြီလို့ ပြောလို့ရတယ်။ ကောင်းကင်နဲ့မြေပြင်ရဲ့ သားရဲကြီး (၄) ကောင်ကို ဆွဲဆောင်ပြီး သူ့ကို အမြစ်ပြတ်အောင် သတ်နိုင်မလားဆိုတာပဲ ကြည့်ရတော့မယ်”

​ “ဒါကလည်း ပြဿနာမရှိနိုင်ဘူး။ နှစ်ပေါင်းထောင်ချီအတွင်းမှာ ဘယ်မြင့်မြတ်ကောင်းကင်အဆင့်မှ ခြွင်းချက်မရှိခဲ့သလို အဲဒီမိစ္ဆာလည်း လွတ်မှာမဟုတ်ဘူး”

​ မိစ္ဆာဂိုဏ်းချုပ် လီထျန်းချန်းက သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ရယ်မောလိုက်သည် - “ဒါက အရုဏ်မတက်ခင် မှောင်မိုက်နေတဲ့ အချိန်ပဲလေ။ ငါတို့သာ သည်းခံနိုင်ရင် အလင်းရောင်က မကြာခင် လာတော့မှာပါ”

​ “ဒါပေမဲ့ ဒီဘုန်းကြီး နားမလည်တာတစ်ခုက...”

​ ဆရာတော်ကြီး လျောင်ချန်းက မျက်မှောင်ကြုတ်လျက် - “မြင့်မြတ်ကောင်းကင်အဆင့်ကို တက်လှမ်းတဲ့ အရှိန်အဝါက ဒီလောက်တောင် ကြီးမားရသလား။ ငါတို့ ရှေးလူကြီးတွေရဲ့ မှတ်တမ်းအရဆိုရင် မြင့်မြတ်ကောင်းကင်အဆင့်ကို တက်ရင်တောင် အရှိန်အဝါက လီတစ်ထောင်ပတ်လည်လောက်ပဲ သက်ရောက်မှု ရှိရမှာ။ ဒါ့အပြင် မြင့်မြတ်ကောင်းကင်အဆင့်ဆိုတာ အစွမ်းသတ္တိမှာ အပြစ်ပြောစရာမရှိတော့သလို အရှိန်အဝါကိုလည်း စိတ်ကြိုက် ထိန်းချုပ်နိုင်ကြတယ်။ သူသာ တခြားလူတွေကို မသိစေချင်ရင် ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး”

​ “ဒါကတော့... ပြောရခက်တာပဲ။ အဲဒီမိစ္ဆာက သူ့ရဲ့ အောင်မြင်မှုအပေါ် သာယာပြီး အရှိန်အဝါကို မထိန်းဘဲ လွှတ်ထုတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ”

​ “သူက မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်သွားတော့ လောကမှာ သူပဲ အတော်ဆုံးလို့ ထင်နေတာနေမှာပေါ့။ ဒါက သူ့ကိုယ်သူ သေတွင်းထဲ ပို့နေမှန်း သူမှမသိတာ၊ ဟားဟားဟား”

​ “ကောင်းတာပေါ့... သူ ပိုပြီး ထောင်လွှားလေလေ၊ ပိုပြီး မြန်မြန်သေလေလေပဲ”

​ “မိတ်ဆွေတို့ ပြောတာ တကယ်ကိုမှန်တယ်၊ ဟားဟား….”

​ အားလုံးက ဝိုင်းဝန်းရယ်မောလိုက်ကြသည်။

​ လင်းပိုင်ဖန် တစ်ယောက်သာ တိတ်တဆိတ် ပြုံးနေတော့သည်။ ဤအရာမှာ သူချထားသော ထောင်ချောက်ပင် ဖြစ်သည်။

​ ကောင်းကင်ဝါးမျိုမိစ္ဆာကျင့်စဉ်ဖြင့် အဆင့်တက်လှမ်းခြင်းမှာ ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုအရာကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပေ။

​ ဤကဲ့သို့သော လှုပ်ခတ်မှုသည် ကောင်းကင်နှင့်မြေပြင်၏ သားရဲကြီး (၄) ကောင်ကို ဆွဲထုတ်ရန် လုံလောက်ပေသည်။

​ အဝေးဆုံး အရှေ့ဘက် အရပ်တွင်၊ သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာရှိ အောက်ခြေမဲ့ ချောက်ကြီးတစ်ခုမှာ ရုတ်တရက် ပြိုကျသွားပြီး ထိုနေရာမှ ကြီးမားလှသော အဇူရာနဂါးကြီး တစ်ကောင် ထွက်ပေါ်လာသည်။

​ ၎င်းမှာ အလျား အတောင်တစ်သောင်းခန့် ရှည်လျားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်လက်နက်များကဲ့သို့ ခိုင်မာလှသော အပြာရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။

​ ပင်လယ်နက်အတွင်း ကြီးမားသော လှိုင်းလုံးကြီးများကို ဖန်တီးရင်း ၎င်း၏ နဂါးမျက်လုံးကြီးများကို ဖွင့်ကာ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

​ “... တစ်ယောက်ယောက်က မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်သွားပြန်ပြီလား”

​ အဝေးဆုံး အနောက်ဘက် အရပ်တွင်၊ လီသန်းပေါင်းများစွာ ကျယ်ပြောသော လူသူကင်းမဲ့သည့် တောင်တန်းတစ်ခု၏ ထိပ်တွင် တောင်တစ်လုံးခန့် ကြီးမားသော ကျားဖြူကြီး တစ်ကောင်မှာ အနားယူလျက်ရှိသည်။

​ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မြေသားများ၊ မြက်ပင်များနှင့် သစ်ပင်များပင် ပေါက်ရောက်နေသည်ကို ကြည့်ခြင်းဖြင့် ၎င်းမှာ ထိုနေရာတွင် ဆယ်စုနှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့ကြောင်း သိနိုင်သည်။

​ အနီးကပ် မကြည့်ပါက ကျားတစ်ကောင်နှင့်တူသော တောင်တစ်လုံးဟုသာ ထင်မှတ်ရပေလိမ့်မည်။

​ သို့သော် ထိုအချိန်တွင် ၎င်းက ခန္ဓာကိုယ်ကို ခါထုတ်လိုက်ရာ မြေသားများနှင့် သစ်ပင်များ အကုန်လွင့်စင်သွားတော့သည်။

​ ၎င်း၏ ကျားမျက်လုံးကြီးများက တည်ငြိမ်သော အကြည့်ဖြင့် အရှေ့ဘက်သို့ စိုက်ကြည့်ကာ - “ဒါက မြင့်မြတ်ကောင်းကင်အဆင့်ရဲ့ အရှိန်အဝါပဲ။ ခဏလေးအတွင်းမှာပဲ နောက်ထပ်တစ်ယောက်က အဆင့်တက်သွားပြန်ပြီ။ လူသားမျိုးနွယ်ဆိုတာ တကယ်ပဲ ကောင်းကင်ရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့ မျိုးစိတ်ပဲ”

​ အရှိန်အဝါကို သေချာစွာ ခံစားကြည့်ပြီးနောက် ၎င်းက သက်ပြင်းချလိုက်သည် - “အဆင့်တက်ပြီးတာနဲ့ တခြားလူတွေ မသိမှာ ကြောက်နေသလိုပဲ၊ တကယ့်ကို ထောင်လွှားလွန်းတာပဲ”

​ အဝေးဆုံး တောင်ဘက်အရပ်တွင်မူ ကြီးမားလှသော မီးတောင်ကြီးတစ်ခု ရှိသည်။

​ ထိုအချိန်တွင် မီးတောင်မှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ချော်ရည်များနှင့် မီးခိုးအမည်းရောင်များ ထွက်ပေါ်လာကာ ထိုအထဲမှ မီးလျှံများ ဝန်းရံထားသော ကြီးမားသည့် ဖီးနစ်ငှက်ကြီး တစ်ကောင် ပျံသန်းလာသည်။

​ ၎င်း၏ အတောင်ပံများမှာ အတောင်ရာပေါင်းများစွာ ကျယ်ပြန့်လှသည်။ အတောင်ပံကို တစ်ချက်မျှ ခတ်လိုက်ရုံဖြင့် မီးလျှံများသည် အတောင်တစ်သောင်းခန့်အထိ ပျံ့နှံ့သွားပြီး အင်မတန် ကြောက်စရာကောင်းလှသည်။

​ ၎င်း၏ အသံမှာ အမျိုးသမီးတစ်ယောက်ကဲ့သို့ ကြည်လင်သော်လည်း လေသံမှာမူ အေးစက်လှသည်။

​ “မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်တဲ့သူ မှန်သမျှ သေရမယ်”

​ အဝေးဆုံး မြောက်ဘက်အရပ်တွင်မူ ကြီးမားလှသော ရေခဲတောင်ကြီးတစ်ခု ရှိသည်။

​ ထိုရေခဲတောင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အထဲမှ ကြီးမားလှသော လိပ်နက်ကြီးတစ်ကောင် ထွက်ပေါ်လာကာ တောင်ဘက်သို့ ကြည့်ရင်း သက်ပြင်းချလိုက်သည်။

​ “ပြန်လှုပ်ရှားရမယ့် အချိန်ရောက်ပြန်ပြီ။ လူသားတွေကတော့ အေးအေးဆေးဆေး နေခွင့်မပေးဘူးပဲ”

​ ယခုအချိန်တွင် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာမူ သူသည် ဖော်ပြ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသော သားရဲကြီးများ၏ အာရုံစိုက်မှုကို ခံနေရမှန်း မသိသေးပေ။

​ သူသည် အဆင့်တက်သွားသည့်အတွက် ဝမ်းသာမဆုံးဖြစ်နေပြီး - “ဒါက မြင့်မြတ်ကောင်းကင်အဆင့်ရဲ့ ခွန်အားလား။ တကယ်ကို အစွမ်းထက်တာပဲ၊ ငါက နတ်ဘုရားတစ်ပါး ဖြစ်သွားသလိုပဲ။ အခုဆိုရင် မဟာကောင်းကင်အဆင့် တစ်ယောက်ကို သတ်ဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သလိုပဲ လွယ်ကူသွားပြီ”

​ “ဒီလောကကြီးက ငါ့ရဲ့ လက်အောက်ကို ရောက်လာရတော့မယ်။ ဗုဒ္ဓဂိုဏ်း၊ တာအိုဂိုဏ်း... ပြီးတော့ မဟာရှအင်ပါယာ၊ ငါ့ရဲ့ စီရင်ချက်ကို ခံယူဖို့ ပြင်ထားကြတော့။ နတ်ဘုရားကို ဆန့်ကျင်တဲ့သူ မှန်သမျှ သေရမယ်….!!!”

​ “ဟားဟားဟားဟား…..”

​ “ဟမ်..?”

​ ထိုအချိန်မှာပင် သူသည် အင်မတန် ပြင်းထန်လှသော ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရသည်။

​ ထိုဆွဲအားမှာ အလွန်ကြီးမားလွန်းသဖြင့် သူသည် မည်သို့မျှ မခုခံနိုင်ဘဲ ဆွဲခေါ်ခြင်း ခံလိုက်ရတော့သည်။

​ အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ သူသည် လူသူမသိသော သမုဒ္ဒရာတစ်ခုပေါ်သို့ ကျဆင်းသွားသည်။

​ ဤပင်လယ်မှာ အတိုင်းအဆမရှိ ကျယ်ပြောလှပြီး ကောင်းကင်မှာလည်း တိမ်တစ်လုံးမျှ မရှိဘဲ ပင်လယ်နှင့် ကောင်းကင် တစ်သားတည်းဖြစ်နေသော အပြာရောင် လွင်ပြင်ကြီးကဲ့သို့ပင်။

​ ခေါင်းဆောင်ကြီးမှာ အလွန်အမင်း ထိတ်လန့်သွားလေသည်။

တစ်စုံတစ်ယောက်က သူ့ကို သူ၏ဆန္ဒမပါဘဲ ဤနေရာအထိ ဆွဲခေါ်လာနိုင်သည်ဆိုလျှင်...

​ ဒါကို ဘယ်သူလုပ်နိုင်မှာလဲ။ မြေကမ္ဘာအင်မော်တယ်များလား။

​ ထိုအချိန်တွင် အရှေ့ဘက်ပင်လယ်မှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး အဇူရာနဂါးကြီးတစ်ကောင် ထွက်ပေါ်လာကာ သူ့ကို စိုက်ကြည့်နေလေသည်။

​ အနောက်ဘက်တွင်မူ ကျားဖြူကြီးတစ်ကောင်မှာလည်း ပင်လယ်ရေပြင်ပေါ်တွင် လမ်းလျှောက်လျက် သူ့ဆီသို့ လာနေသည်ကို မြင်လိုက်ရသည်။

​ တောင်ဘက်မှလည်း ငှက်အော်သံကြီးတစ်ခုနှင့်အတူ မီးလျှံငှက်ကြီးတစ်ကောင်က ပျံသန်းလာသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ပင်လယ်ရေများမှာ ဆူပွက်သွားပြီး ပင်လယ်သတ္တဝါများမှာ သေဆုံးကာ ရေပေါ်သို့ ပေါ်လာကြသည်။

​ မြောက်ဘက်မှမူ လိပ်ကြီးတစ်ကောင်က ဖြည်းညှင်းစွာ ကူးခတ်လာသည်။

​ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤသားရဲကြီး (၄) ကောင်မှာ ခေါင်းဆောင်ကြီး၏ ရှေ့သို့ ရောက်ရှိလာပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။

​ ခေါင်းဆောင်ကြီးမှာ အလွန်အမင်း ကြောက်ရွံ့သွားတော့သည်။ ဤသတ္တဝါ တစ်ကောင်ချင်းစီမှာ အတိုင်းအဆမရှိ အစွမ်းထက်နေကြသည်ကို ခံစားမိသောကြောင့် ဖြစ်သည်။

​ ယခု သူ၏ မြင့်မြတ်ကောင်းကင်အဆင့် ခွန်အားနှင့်ပင် သေဘေးကို ခံစားနေရလေတော့သည်။ တစ်နည်းအားဖြင့် ဤသားရဲကြီးများမှာ သူ့ထက်ပင် ပို၍ အစွမ်းထက်နေကြသည်။

​ ထို့အပြင် ထိုသားရဲကြီး (၄) ကောင်လုံးမှာ သူ့အပေါ် ရန်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။

​ “မင်းတို့က ဘာသတ္တဝါတွေလဲ၊ ဘာကို လိုချင်နေကြတာလဲ” ဟု ခေါင်းဆောင်ကြီးက တုန်လှုပ်နေသော အသံကို ထိန်းကာ အော်ဟစ်မေးမြန်းလိုက်သည်။

​ အဇူရာနဂါးက သူ့ကို အေးစက်စွာ ကြည့်ရင်း - “ငါတို့က ကောင်းကင်နဲ့မြေပြင်ရဲ့ မြင့်မြတ်တဲ့ သားရဲကြီးလေးကောင် ဖြစ်တဲ့ အဇူရာနဂါး၊ ကျားဖြူ၊ ဖီးနစ် နဲ့ လိပ်နက် တို့ပဲ။ ငါတို့က သဘာဝတရားကနေ မွေးဖွားလာပြီး ဒီလောကကြီးကို စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ မြင့်မြတ်တဲ့ သားရဲတွေပဲ”

​ ခေါင်းဆောင်ကြီး၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားတော့သည်။ ဤသတ္တဝါကြီးများမှာ ဒဏ္ဍာရီလာ သားရဲကြီးများ ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ၎င်းတို့သာ လောကမှာ အမြဲရှိနေခဲ့လျှင် သူ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။

​ အဇူရာနဂါးက ဆက်လက်၍ - “မင်းက လောကကြီးရဲ့ အနှစ်သာရတွေကို အလွန်အကျွံ စုပ်ယူခဲ့တဲ့အတွက် လောကကြီးရဲ့ ဟန်ချက်ညီမှုကို ပျက်ပြားစေခဲ့ပြီ။ ကောင်းကင်နဲ့ မြေပြင်က မင်းကို လက်မခံနိုင်တော့ဘူး။ သိထားပါ... သဘာဝတရားက လူသားတွေကို ဘာမှပြန်မတောင်းဘဲ ပြုစုပျိုးထောင်ပေးခဲ့ပေမဲ့ အခုကတော့ မင်းရဲ့ အကြွေးကို ပြန်ဆပ်ရမယ့် အချိန်ပဲ။ မင်းရဲ့ စွမ်းအားတွေနဲ့ စုပ်ယူထားတဲ့ အနှစ်သာရတွေကို ပြန်စွန့်လွှတ်မယ်ဆိုရင် မင်းရဲ့ အသက်ကို ငါတို့ ချမ်းသာပေးမယ်”

​ ခေါင်းဆောင်ကြီးက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည် - “ရယ်စရာပဲ။ ငါ့မှာရှိတဲ့ အရာအားလုံးက ငါကိုယ်တိုင် ကျင့်ကြံပြီး ရလာတာ။ ကောင်းကင်နဲ့ မြေပြင်နဲ့လည်း ဘာမှမဆိုင်သလို မင်းတို့နဲ့လည်း မဆိုင်ဘူး။ ငါ့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ မင်းတို့မှာ ဘာအခွင့်အရေး ရှိလို့လဲ”

​ ကျားဖြူက လှောင်ပြုံးပြုံးကာ - “မင်းက ဒီလောကမှာ မွေးဖွားလာတာ၊ မင်းမှာရှိတဲ့ အရာအားလုံးက လောကကြီးကနေ ရလာတာပဲ။ ဥပမာ - မင်းကျင့်ကြံဖို့ စုပ်ယူခဲ့တဲ့ ဝိညာဉ်စွမ်းအားတွေက ကောင်းကင်နဲ့ မြေပြင်က လာတာပဲ။ မင်းသောက်ခဲ့တဲ့ ဆေးတွေ၊ မင်းကိုင်ခဲ့တဲ့ လက်နက်တွေ... အားလုံးက လောကကြီးရဲ့ လက်ဆောင်တွေပဲ။ ဒီလက်ဆောင်တွေသာ မရှိရင် မင်းက ဒီအဆင့်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး”

​ “ဒါတွေက မင်းတို့ရဲ့ အယူအဆတွေ သက်သက်ပဲ၊ ဘာသက်သေမှ မရှိဘူး”

​ ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်ကာ - “အမှန်အတိုင်း ပြောရရင် ငါက မင်းတို့စကားကိုလည်း မယုံသလို မင်းတို့ရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း မယုံဘူး။ ငါ့ကို လာပြီး လိမ်ဖို့ မကြိုးစားနဲ့”

​ စိတ်မရှည်တော့သော ဖီးနစ်က - “အဇူရာနဂါး၊ ကျားဖြူ... သူနဲ့ စကားတွေ အများကြီး ပြောမနေကြနဲ့တော့။ သူ့ထဲမှာရှိတဲ့ အနှစ်သာရတွေက တခြားလူတွေဆီကနေ စုပ်ယူထားတဲ့အတွက် အင်မတန် ရှုပ်ထွေးနေတယ်။ ဒီလိုလူမျိုးက အရမ်း အန္တရာယ်များတယ်။ သူ နောက်ထပ် အင်အားမကြီးလာခင် အခုပဲ ရှင်းပစ်ရမယ်”

​ “ဖီးနစ် ပြောတာ မှန်တယ်။ ဒီလူကို ချမ်းသာမပေးသင့်ဘူး” ဟု လိပ်နက်က ခေါင်းညိတ်ထောက်ခံလိုက်သည်။

​ သားရဲကြီး (၄) ကောင်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး - “သတ်….”

​ ၎င်းတို့က တစ်ပြိုင်နက်တည်း အစွမ်းကုန် တိုက်ခိုက်လိုက်ရာ ခေါင်းဆောင်ကြီးမှာ ပြန်လည် ခုခံရန်ပင် အခွင့်အရေး မရတော့ပေ။

​ သူသည် ယခုမှ မြင့်မြတ်ကောင်းကင်အဆင့် ဖြစ်လာသူမို့ သူ၏ ခွန်အားမှာ လက်ရှိခေတ်တွင် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သော်လည်း ဤသားရဲကြီးလေးကောင်၏ ရှေ့တွင်မူ အရေးမပါလှပေ။

​ ပထမတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာပင် သူသည် ဒဏ်ရာရရှိပြီး သွေးထွက်သံယို ဖြစ်သွားတော့သည်။

​ ဆယ်ကွက်ပင် မပြည့်သေးသော တိုက်ခိုက်မှုများအတွင်း သူ၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်သွားတော့သည်။ ကြောက်ရွံ့မှုများကြောင့် သူသည် ထွက်ပြေးရန် ကြိုးစားသော်လည်း သားရဲကြီးများက သူ၏ စိတ်ကို သိနေသကဲ့သို့ အရပ်မျက်နှာ အသီးသီးမှ ပိတ်ဆို့ထားကြသည်။

​ နောက်ထပ် သုံးကွက်ခန့် တိုက်ခိုက်ပြီးနောက် ခေါင်းဆောင်ကြီးမှာ အဇူရာနဂါး၏ အမြီးဖြင့် ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီး အသက်ပျောက်သွားတော့သည်။

​ သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပြီး ပင်လယ်ရေပြင်ပေါ်တွင် တိတ်ဆိတ်စွာ မျောပါသွားတော့သည်။

​ ကျားဖြူက ၎င်း၏ ခေါင်းကို ကုတ်ရင်း အထင်အမြင်သေးစွာ ပြောလိုက်သည် - “ဒီမြင့်မြတ်ကောင်းကင်အဆင့်က တော်တော်လေး အားနည်းတာပဲ။ အရင်က လူတွေဆိုရင် အနည်းဆုံး အကွက် ၃၀ လောက် ခံနိုင်သေးတယ်၊ သူကတော့ ၁၀ ကွက်ကျော်လေးတင်ပဲ”

​ “သူက ကိုယ်တိုင် ကျင့်ကြံတာမဟုတ်ဘဲ အနှစ်သာရတွေကို စုပ်ယူပြီး အင်အားကြီးလာတာလေ၊ ဒါကြောင့် အားနည်းတာ သဘာဝပါပဲ။ ဒါပေမဲ့ နောက်ထပ် နှစ်တစ်ရာလောက်သာ အချိန်ပေးလိုက်ရင် သူက ငါတို့အတွက် အန္တရာယ် ဖြစ်လာနိုင်တယ်” ဟု ဖီးနစ်က သတိပေးသလို ပြောလိုက်သည်။

​ “ဒါကြောင့် သူ့ကို စောစောစီးစီး သတ်လိုက်တာ အကောင်းဆုံးပဲ”

​ လိပ်နက်က သမ်းဝေရင်း - “အခုတော့ အားလုံး ပြီးသွားပြီဆိုတော့ ငါ ပြန်ပြီး အိပ်တော့မယ်”

​ ထိုအချိန်တွင် အဇူရာနဂါးက မျက်မှောင်ကြုတ်လျက် တစ်နေရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

​ “ဘာဖြစ်လို့လဲ” ဟု ဖီးနစ်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။

​ “ခုနက တစ်စုံတစ်ယောက်က ငါတို့ကို စောင့်ကြည့်နေသလို ခံစားလိုက်ရလို့...”

​ “တကယ်လား” ကျားဖြူ၊ ဖီးနစ် နှင့် လိပ်နက် တို့က အာရုံခံကြည့်သော်လည်း ဘာမှ မတွေ့ရှိကြပေ။

​ “အဇူရာနဂါး... မင်း အထင်မှားတာတော့ မဟုတ်ဘူးမလား”

​ “ဖြစ်နိုင်ပါတယ်”

​ အဇူရာနဂါးက မျက်မှောင်ကြုတ်ထားသည်ကို လျှော့လိုက်ရင်း - “ဒီကျယ်ပြောလှတဲ့ လောကကြီးမှာ ငါတို့အဆင့်ရှိတဲ့ သူတွေပဲ ငါတို့ရဲ့ တည်ရှိမှုကို အာရုံခံနိုင်တာ။ လက်ရှိမှာတော့ ဒီမိစ္ဆာကလွဲရင် တခြား မြင့်မြတ်ကောင်းကင်အဆင့်အသစ် မွေးဖွားလာတာကို ငါတို့ အာရုံမရသေးဘူး”

​ “ဘာမှ မထူးခြားရင်လည်း လူစုခွဲကြတာပေါ့” မြင့်မြတ်သော သားရဲကြီးများမှာ မိမိတို့ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြတော့သည်။

အပိုင်း (၅၅၀)

​“ကောင်းကင်နဲ့မြေပြင်ရဲ့ မြင့်မြတ်တဲ့ သားရဲကြီးတွေဆိုတဲ့အတိုင်း တကယ်ကို ကြောက်ဖို့ကောင်းတာပဲ” ဟု လင်းပိုင်ဖန်မှာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

​ ခုနက သူသည် အလွန်ပင် ဂရုတစိုက်နှင့် ခိုးကြည့်ခဲ့ခြင်း ဖြစ်သော်လည်း အဇူရာနဂါး၏ သိစိတ်မှ လွတ်အောင် မရှောင်နိုင်ခဲ့ပေ။ အကယ်၍ သူသာ အကြည့်ကို အချိန်မီ ပြန်မရုပ်သိမ်းခဲ့ပါက သူ၏တည်ရှိမှုကို ရိပ်မိသွားနိုင်ချေ ရှိသည်။

​ ခဏတာမျှသာ ကြည့်လိုက်ရခြင်း ဖြစ်သော်လည်း သားရဲကြီး (၄) ကောင်၏ အခြေအနေကို သူ အကြမ်းဖျင်း သိလိုက်ရပြီ ဖြစ်သည်။

​ “သူတို့အားလုံးက မဟာကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ် ခွန်အားတွေ ရှိနေကြတာပဲ။ ဒါပေမဲ့ မွေးရာပါ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် သူတို့ရဲ့ အစွမ်းက မဟာကောင်းကင်အဆင့်ထက်တောင်မှ သာလွန်နေတယ်။ တစ်နည်းပြောရရင် မြေကမ္ဘာအင်မော်တယ် အဆင့်ကို တစ်လှမ်းပဲ လိုတော့တဲ့ သားရဲတွေပဲ”

​ “ဒါ့အပြင် သူတို့က ကောင်းကင်နဲ့ မြေပြင်ရဲ့ စွမ်းအားတွေကို စိတ်ကြိုက် ထိန်းချုပ်နိုင်ကြတယ်လို့ ကြားဖူးတယ်။ ဒါကြောင့် သူတို့ရဲ့ စစ်မှန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်က မြေကမ္ဘာအင်မော်တယ်နဲ့ အနီးစပ်ဆုံး တူနေတာပဲ”

​ “ဒါပေမဲ့ သူတို့က အဲဒီအဆင့်ကိုတော့ လုံးဝ ရောက်မနေသေးဘူး။ မဟုတ်ရင် ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီးကို သတ်ဖို့ ဒီလောက်အထိ အပင်ပန်းခံနေမှာ မဟုတ်ဘူး။ သားရဲကြီး လေးကောင်လုံး ဝိုင်းတိုက်စရာတောင် မလိုဘဲ တစ်ကောင်တည်းနဲ့တင် တစ်ကွက်တည်းနဲ့ အပြတ်ရှင်းနိုင်ရမှာ”

​ ဤသို့ ကောက်ချက်ကို ချပြီးနောက်တွင်မှ လင်းပိုင်ဖန် အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။

​ လက်ရှိ သူ၏ အစွမ်းနှင့်ဆိုလျှင် သားရဲကြီး တစ်ကောင်ချင်းစီကို ယှဉ်နိုင်ရန် ခဲယဉ်းသေးသော်လည်း သူတို့ကြားမှ ကွာဟချက်မှာ ထင်သလောက် မကြီးမားလှပေ။ သူတို့အားလုံးမှာ နယ်ပယ်တစ်ခုတည်းတွင် ရှိနေကြခြင်း ဖြစ်သည်။ ကွာခြားချက်မှာ သားရဲကြီးများက ထိုနယ်ပယ်၏ ထိပ်ဆုံးတွင် ရောက်နေပြီး သူကမူ အလယ်အလတ် သို့မဟုတ် အောက်ခြေအဆင့်တွင် ရှိနေခြင်းသာ ဖြစ်သည်။

​ ၎င်းတို့တွင် သာလွန်သော မွေးရာပါ စွမ်းရည်များနှင့် သဘာဝတရားကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။ သို့သော် လင်းပိုင်ဖန်တွင်မူ 'အင်ပါယာ မြေပုံ' ရှိနေသည်။ သူ၏ နယ်မြေအတွင်း၌ သူသည်လည်း ထိုစွမ်းအားများကို ထိန်းချုပ်နိုင်ပြီး သူတို့ကို ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

​ ထို့ကြောင့် သူသာ မဟာကောင်းကင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားပါက သားရဲကြီး (၄) ကောင်ကို ရင်ဆိုင်ရလျှင်ပင် ရှုံးနိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ တစ်ဆင့်တက်ပြီး မြေကမ္ဘာအင်မော်တယ် အဆင့်သို့ ရောက်သွားခဲ့လျှင်မူ အခြေအနေက ချက်ချင်း ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် ဤသားရဲကြီး (၄) ကောင်ကို အရှင်ထားမလား၊ အသေသတ်မလား ဆိုသည်မှာ သူ၏ ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်တော့မည်။

​ “ဒါကြောင့် အခုလောလောဆယ် အရေးကြီးဆုံးက မဟာရှအင်ပါယာကို ဆက်ပြီး တိုးတက်အောင် လုပ်ဖို့နဲ့ နိုင်ငံတော်ရဲ့ အင်အားကို မြှင့်တင်ဖို့ပဲ။ နိုင်ငံတော် အင်အားကြီးလာရင် ကျန်တဲ့အရာတွေအားလုံးက အလိုလို ဖြစ်လာလိမ့်မယ်”

​ ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီး အဆင့်တက်ပြီးနောက် တစ်ပတ်ခန့် ကြာသွားခဲ့ပြီ ဖြစ်သည်။

​ ထိုတစ်ပတ်အတွင်း သူသည် လုံးဝ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး မည်သည့်သတင်းမျှ ထွက်မလာခဲ့ပေ။ သို့သော် လူတိုင်းမှာ ကြောက်ရွံ့နေကြဆဲ ဖြစ်ပြီး အပြင်သို့ပင် မထွက်ရဲကြပေ။

​ နောက်ထပ် လဝက်ခန့်အထိ မည်သည့်သတင်းမျှ ထပ်မကြားရဘဲ တာအိုဂိုဏ်း၊ ဗုဒ္ဓဂိုဏ်းနှင့် အခြားအင်အားစုများအပေါ် မည်သည့် လက်တုံ့ပြန်မှုမျှ မရှိတော့သည့် အခါတွင်မှ ထိုမိစ္ဆာကြီးမှာ ကောင်းကင်နှင့်မြေပြင်၏ မြင့်မြတ်သော သားရဲကြီး (၄) ကောင်၏ လက်ချက်ဖြင့် ဇာတ်သိမ်းသွားပြီဟု လူတိုင်းက စတင် ယုံကြည်လာကြတော့သည်။

​ မဟုတ်ပါက သူ၏ အာဃာတကြီးသော စရိုက်အရ မဟာရှအင်ပါယာသို့ ဒေါသတကြီး ချီတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

​ “နောက်ဆုံးတော့ ဒီဘေးဒုက္ခကြီး ပြီးဆုံးသွားပြီပေါ့”

​ “သူ ပေါ်လာကတည်းက ငါလည်း ကောင်းကောင်း အိပ်မပျော်ခဲ့ရဘူး၊ အဲဒီမိစ္ဆာကြီး ငါ့ကို လာသတ်မလားဆိုပြီး အမြဲ စိုးရိမ်နေခဲ့ရတာ”

​ “တော်သေးတာပေါ့... လူယုတ်မာက သူ့ထက်သာတဲ့သူနဲ့ တွေ့ပြီး ဇာတ်သိမ်းသွားရတာပဲ”

​ “ကြည့်ရတာ ကောင်းကင်နဲ့မြေပြင်ရဲ့ သားရဲကြီး လေးကောင် ရှိနေတာကလည်း မဆိုးပါဘူး”

​ လူတိုင်းက သက်ပြင်းချရင်း မိမိတို့အိမ်သို့ ပြန်ကာ မိသားစုဝင်များနှင့်အတူ စိတ်အေးလက်အေး နေနိုင်ကြပြီ ဖြစ်သည်။ သို့သော် ဤကိစ္စမှာ ထိုမျှနှင့် ပြီးဆုံးသွားခြင်း မရှိပေ။

​ ထိုမိစ္ဆာကြီး သေဆုံးသွားသော်လည်း သူချန်ထားခဲ့သော ပျက်စီးမှုများကို ပြန်လည် ပြုပြင်ရန် လိုအပ်နေသေးသည်။

​ ဗုဒ္ဓဂိုဏ်း၊ တာအိုဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့၏ ဌာနချုပ်များမှာ ပျက်စီးသွားခဲ့သဖြင့် ပြန်လည် တည်ဆောက်ရန် အင်မတန် အားစိုက်ထုတ်ရမည် ဖြစ်သည်။ ထိပ်တန်းအင်ပါယာကြီး (၄) ခုမှာ အဆိုးရွားဆုံး ခံစားခဲ့ရပြီး မြို့တော်များ ပျက်စီးသွားကာ နိုင်ငံ၏ ယန္တရားများမှာ တစ်လကျော်ကြာအောင် ရပ်တန့်သွားခဲ့ရသည်။

​ ရရှိလိုက်သော ထိခိုက်မှုမှာ ကြီးမားလွန်းသဖြင့် ယခင်အတိုင်း ပြန်ဖြစ်ရန် အနည်းဆုံး ၃ နှစ်မှ ၄ နှစ်အထိ အချိန်ယူရပေလိမ့်မည် ဖြစ်သည်။

​ အခြား ဂိုဏ်းဂဏများနှင့် နိုင်ငံများမှာလည်း အနည်းနှင့်အများ ထိခိုက်မှုများ ရှိခဲ့ကြသည်။

​ ဤဘေးဒုက္ခအတွင်း၌ မဟာရှအင်ပါယာ တစ်ခုတည်းသာ ထူးခြားစွာဖြင့် ဘာမှမဖြစ်ဘဲ ကျန်ရစ်ခဲ့သည်။ ထို့အပြင် ၎င်းတို့က ဤအကျပ်အတည်းကို အခွင့်အရေးအဖြစ် ပြောင်းလဲလိုက်ပြီး နိုင်ငံတော်အင်အားကို သိသိသာသာ မြှင့်တင်နိုင်ခဲ့ကာ အခြားထိပ်တန်း အင်ပါယာ ၄ ခုကို ကျော်တက်၍ ကမ္ဘာ့နံပါတ် (၁) အင်ပါယာအဖြစ် နာမည်ကျော်ကြားလာခဲ့သည်။

​ ကမ္ဘာ့နံပါတ် (၁) အင်ပါယာကို တည်ထောင်ခဲ့သူ ဧကရာဇ်အဖြစ် လင်းပိုင်ဖန်၏ အမည်မှာလည်း တစ်လောကလုံးတွင် ကျော်ကြားသွားပြီး လူအများ၏ ကြည်ညိုမှုကိုပါ ရရှိခဲ့သည်။

​ “ငတုံး ဧကရာဇ်လေး... လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ က 'ကောင်းကင်ခန်'တောင် ရှင့်ရဲ့ အောင်မြင်မှုတွေကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”

​ ယောင်ယောင်က သူမ၏ ပါးလေးကို လက်တစ်ဖက်နှင့် ထောက်ရင်း အားကျသော အကြည့်ဖြင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ တုန်းက ထူးချွန်ထက်မြက်လှတဲ့ 'ကောင်းကင်ခန်’က နယ်မြေတွေကို သိမ်းပိုက်ဖို့ ကိုယ်တိုင် စစ်ချီခဲ့ရတယ်။ ဒါပေမဲ့ ကမ္ဘာ့နံပါတ် (၁) အင်ပါယာကြီးကို တည်ထောင်နိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာ။ ရှင်က... ရှင်ကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ အင်အားအကြီးဆုံး အင်ပါယာကို တည်ထောင်နိုင်ခဲ့တာပဲ။ ရှင်က သူ့ထက် အများကြီး ပိုတော်တယ်”

​ လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် “ဒါပေါ့…”

​ “ရှင်ကတော့ တကယ်ကို မနှိမ့်ချတတ်ဘူးပဲနော်” ယောင်ယောင်က အံ့သြသလို ရေရွတ်လိုက်သည်။

​ လင်းပိုင်ဖန်က ယုံကြည်မှုအပြည့်နှင့် ပြန်ပြောလိုက်သည် - “စကားပုံတစ်ခု ရှိတယ်လေ... 'စာပေမှာ နံပါတ် (၁) မရှိပေမဲ့၊ သိုင်းပညာမှာတော့ နံပါတ် (၂) မရှိဘူး' တဲ့။ ငါတို့အားလုံးက ဧကရာဇ်တွေပဲ၊ ငါက ဘာလို့ သူ့ကို အရှုံးပေးရမှာလဲ။ တကယ်လို့ ငါတို့သာ ခေတ်တစ်ခုတည်းမှာ မွေးခဲ့မယ်ဆိုရင် ဘယ်သူနိုင်မလဲ ဆိုတာ ပြောဖို့ခက်လိမ့်မယ်”

​ ယောင်ယောင်က လင်းပိုင်ဖန်၏ မောက်မာနေမှုကို မကြည့်ရက်ဘဲ ပြန်လည် စိန်ခေါ်လိုက်သည် - “ကောင်းကင်ခန်က အဲဒီခေတ်က အင်အားကြီးတဲ့ ဧကရာဇ် တစ်ဦးတင် မဟုတ်ဘူး၊ သူက နံပါတ် (၁) သိုင်းပညာရှင်လည်း ဖြစ်ခဲ့တာ။ ရှင်က ဘယ်လိုလုပ် သူ့ကို ကျော်ဖြတ်နိုင်မှာလဲ”

​ လင်းပိုင်ဖန်က နှာခေါင်းရှုံ့လိုက်ရင်း - “အင်အားကြီးရုံနဲ့တင် အထင်ကြီးစရာ ကောင်းနေမယ်ဆိုရင် သူက ဘာလို့ သူများလက်ချက်နဲ့ သေသွားရတာလဲ”

​ “အဲဒါလည်း ဟုတ်တာပဲ၊ ကောင်းကင်ခန်က သူရဲ့ အင်ပါယာကြီး တည်ထောင်ဖို့ ကြိုးစားရင်း လူအများကြီးကို ရန်စခဲ့မိတယ်။ နောက်ဆုံးမှာတော့ အဲဒီရန်ငြိုးတွေက သူ့ဆီ ပြန်ရောက်လာပြီး နိုင်ငံတော်ကြီးကလည်း ချက်ချင်း ပြိုလဲသွားခဲ့ရတယ်။ အခု ရှင်လည်း လူအများကြီးကို ရန်စထားတာပဲ။ သူလုပ်ခဲ့တဲ့ အမှားမျိုးကိုတော့ ထပ်မလုပ်မိစေနဲ့ဦး” ဟု ယောင်ယောင်က သတိပေးလိုက်သည်။

​ “စိတ်မပူပါနဲ့၊ ငါက သူ့လို မဟုတ်ဘူး” လင်းပိုင်ဖန်က ပြုံးရင်း ပြောလိုက်သည်။

​ “ဘာက ကွာခြားလို့လဲ”

​ လင်းပိုင်ဖန်က ပြုံးလျက် - “အဲဒီ ကောင်းကင်ခန်က အရမ်း ရက်စက်လွန်းတယ်။ 'ငါ့နောက်လိုက်ရင် ကြီးပွားမယ်၊ ငါ့ကိုဆန့်ကျင်ရင် သေရမယ်' ဆိုတဲ့ လမ်းစဉ်ကို ကျင့်သုံးခဲ့လို့ သူက လက်စားချေတာ ခံခဲ့ရတာ။ ငါကတော့ မတူဘူး... ငါက ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူ၊ ငြိမ်းချမ်းစွာ တိုးတက်တဲ့ လမ်းစဉ်ကို သွားနေတာ။ မဟာရှအင်ပါယာရဲ့ တိုးတက်မှုက လူအများစုအတွက် အကျိုးရှိစေတယ်။ လူတွေ ပိုပြီး အကျိုးခံစားရလေလေ၊ သူတို့က ငါ့ရဲ့ အုပ်ချုပ်မှုကို ပိုပြီး ထောက်ခံလေလေပဲ။ ဒါဆိုရင် နိုင်ငံကလည်း ပိုပြီး တည်ငြိမ်လာလိမ့်မယ်”

​ ယောင်ယောင်က လင်းပိုင်ဖန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ရင်း - “ရှင်က…. ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူ ဟုတ်လား၊ အခုနှစ်တွေအတွင်း ရှင်လုပ်ခဲ့တာတွေကိုလည်း ပြန်ကြည့်လိုက်ဦး။ တချို့ကိစ္စတွေမှာ ရှင်က ကောင်းကင်ခန်ထက်တောင် ပိုပြီး ရက်စက်သေးတယ်။ ကျွန်မကတော့ အဲဒါတွေကို ထောက်ပြဖို့တောင် ရွံတယ်”

​ လင်းပိုင်ဖန်က အလေးအနက် ပြန်ပြောလိုက်သည် - “ဒါပေမဲ့ ငါက တကယ်ကို ငြိမ်းချမ်းရေး မြတ်နိုးတဲ့သူပါ”

​ (တကယ်လို့ မင်းက ငါ့စကားကို နားမထောင်ရင်တော့... မင်းကို 'ငြိမ်းချမ်းစွာ' နဲ့ပဲ ရှင်းပစ်ရလိမ့်မယ်)

​ ယောင်ယောင်နှင့် စကားစမြည်ပြောပြီးနောက် လင်းပိုင်ဖန်က စာကြည့်ဆောင်သို့ ထွက်လာခဲ့သည်။ ဟီရှန်း၊ ချောင်ချောင်နှင့် အခြားဝန်ကြီးများမှာ စောင့်ဆိုင်းနေကြသည်မှာ ကြာပြီ ဖြစ်သည်။

​ “အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ”

​ “ဝန်ကြီးတို့... ထကြပါ” လင်းပိုင်ဖန်က ရာဇပလ္လင်ပေါ်တွင် ထိုင်ရင်း ပြောလိုက်သည်။

​ သူက ပထမဆုံး ဟီရှန်းကို ကြည့်ကာ မေးလိုက်သည် - “ဝန်ကြီး ဟီရှန်း... နွေဦး စိုက်ပျိုးမှု အခြေအနေ ဘယ်လိုရှိလဲ”

​ “အစီရင်ခံပါတယ် အရှင်မင်းကြီး” ဟီရှန်းက ရိုသေစွာဖြင့် - “စိုက်ပျိုးရေး လုပ်ငန်းတွေက ချောမွေ့စွာ တိုးတက်နေပါတယ်။ စပါးမျိုးစေ့တွေ အားလုံးကိုလည်း ကြဲပက်ပြီးပါပြီ။ စုစုပေါင်း ဧရိယာ စတုရန်းလီပေါင်း (၈) သန်းလောက် ရှိပါတယ်။ ဒီနှစ်မှာလည်း သေချာပေါက် အထွက်နှုန်းကောင်းဦးမှာပါ”

​ “ငါကိုယ်တော်လည်း အဲဒီလိုပဲ ထင်တယ်။ တခြားနိုင်ငံတွေရဲ့ စိုက်ပျိုးရေး အခြေအနေကရော ဘယ်လိုရှိလဲ။ အမှန်အတိုင်းပဲ ပြောပါ၊ ဘာမှ ဖုံးကွယ်မထားနဲ့”

​ “အစီရင်ခံပါတယ် အရှင်မင်းကြီး... အရင်က မိစ္ဆာကြီးကြောင့် ပျက်စီးမှုတွေ ရှိခဲ့တဲ့အတွက် တခြားနိုင်ငံတွေရဲ့ အစိုးရယန္တရားတွေက ရပ်တန့်ခဲ့ရပါတယ်။ အခုမှသာ သူတို့က စိုက်ပျိုးရေးအတွက် ပြန်ပြီး စီစဉ်နေကြတာပါ။ ဒါကြောင့် ပုံမှန်ထက် လဝက်လောက် နောက်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ စိုက်နေတဲ့ စပါးမျိုးစေ့တွေက ကျွန်တော်မျိုးတို့ မဟာရှအင်ပါယာက လာတာပါ၊ ဒါတွေက အထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ ရိတ်သိမ်းမှုက...”

​ ဟီရှန်းက လင်းပိုင်ဖန်ကို စိုးရိမ်တကြီး ကြည့်ရင်း - “အရင်နှစ်တွေထက် ပိုကောင်းလာနိုင်ပါတယ် အရှင်မင်းကြီး”

​ သို့သော် လင်းပိုင်ဖန်မှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ မျက်ခုံးများ ပင့်တက်သွားကာ ပြုံးယောင်သန်းလျက် ရှိသည်။

​ သူ ချထားသော ထောင်ချောက်မှာ မကြာခင် ပေါက်ကွဲတော့မည် မဟုတ်ပါလား။

​ “ဝန်ကြီး... နိဂုံးချုပ်ပြောဖို့က စောပါသေးတယ်။ လာမယ့် တစ်လ၊ နှစ်လအတွင်းမှာ ငါတို့ကို အံ့သြစရာတွေ စောင့်ကြိုနေလိမ့်မယ်လို့ ငါကိုယ်တော် ခံစားနေရတယ်”

​ ဟီရှန်းမှာ သေချာ နားမလည်သော်လည်း “မှန်လှပါ အရှင်မင်းကြီး” ဟုသာ ပြန်လျှောက်တင်လိုက်သည်။

​ “ဝန်ကြီး ချောင်ချောင်... လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ ပြင်ဆင်မှုကရော ဘယ်လိုရှိလဲ”

​ ချောင်ချောင်က ရှေ့သို့ တစ်လှမ်းတိုးကာ - “အစီရင်ခံပါတယ် အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း ကျွန်တော်မျိုးတို့ရဲ့ လက်နက်တိုက်က အချိန်ပိုတွေ ဆင်းပြီး လက်နက်အမျိုးမျိုးကို ထုတ်လုပ်နေပါတယ်။ လက်ရှိမှာတော့ လက်နက်တိုက်ထဲမှာ လက်နက်စုံလင်စွာနဲ့ အပြည့်အစုံ ရှိနေပါပြီ”

​ လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ရင်း - “ကောင်းတယ်... ဆက်ပြီး ထုတ်လုပ်ထား၊ များလေ ကောင်းလေလေပဲ”

​ ချောင်ချောင်မှာ အနည်းငယ် အံ့သြသွားပြီး - “အရှင်မင်းကြီး... ဘာဖြစ်လို့ပါလဲခင်ဗျာ။ ကျွန်တော်မျိုးတို့ရဲ့ လက်နက်တိုက်ထဲမှာ လူပေါင်း ၁၀ သန်းလောက်ကို တပ်ဆင်ပေးနိုင်တဲ့ လက်နက်တွေ ရှိနေပါပြီ။ ထပ်ပြီး ထည့်စရာတောင် နေရာမရှိတော့ပါဘူး”

​ လင်းပိုင်ဖန်က ရယ်မောလိုက်ရင်း - “ဒါကတော့ ငါတို့ရဲ့ နယ်မြေတွေကို ဆက်ပြီး ချဲ့ထွင်ဖို့ပေါ့။ လက်နက် လုံလုံလောက်လောက် မရှိဘဲ ဘယ်လိုလုပ်မလဲ”

​ အခြား အရာရှိများမှာလည်း အလွန် ထိတ်လန့်သွားပြီး - “နယ်မြေတွေကို ဆက်ပြီး ချဲ့ထွင်မယ် ဟုတ်လား…”

​ လက်ရှိတွင် သူတို့၏ မဟာရှအင်ပါယာ၏ နယ်မြေမှာ စတုရန်းလီပေါင်း (၂၅) သန်းအထိ ရှိနေပြီး ကမ္ဘာ့အကြီးဆုံး အင်ပါယာကြီး ၄ ခုနှင့် တန်းတူ ဖြစ်နေပြီဖြစ်သည်။ ထိုအင်ပါယာကြီးများသည် ဤမျှ ကျယ်ပြောသော နယ်မြေကို ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့ကြခြင်း ဖြစ်သည်။

​ သူတို့က နယ်မြေကို ထပ်ပြီး မချဲ့နိုင်တော့လို့လား….

​ မဟုတ်ပေ…..

​ သူတို့တွင် ခိုင်မာသော နိုင်ငံတော်အင်အားနှင့် အင်အားကြီးသော စစ်တပ်များ ရှိသဖြင့် အလိုရှိလျှင် နယ်မြေထပ်ချဲ့နိုင်သည်။ သို့သော် နယ်မြေကို သိမ်းပိုက်ရန်မှာ လွယ်ကူသော်လည်း ထိန်းသိမ်းရန်မှာ အင်မတန် ခက်ခဲလှသည်။

​ ဤမျှ ကျယ်ပြောလှသော နယ်မြေကြီးကို စီမံခန့်ခွဲရန် ကုန်ကျစရိတ်မှာ အင်မတန် မြင့်မားလှသည်။ ဥပမာ - နယ်မြေအသစ်ကို ရရှိလျှင် သက်ဆိုင်ရာ အစိုးရရုံးများနှင့် ဒေသခံ စစ်တပ်ကို တည်ထောင်ရမည်။ အနည်းဆုံး လူပေါင်း ထောင်ချီကို လစာပေးပြီး ကျွေးမွေးထားရမည် ဖြစ်သည်။ အကယ်၍ နိုင်ငံတော်က ဤကုန်ကျစရိတ်ကို မတတ်နိုင်ပါက ထိုနယ်မြေမှာ မကြာခင် ပြန်လည် ဆုံးရှုံးသွားပေလိမ့်မည် ဖြစ်သည်။

​ ထို့ကြောင့် ထိပ်တန်း အင်ပါယာ ၄ ခုမှာ သူတို့၏ လက်ရှိ နယ်မြေအခြေအနေကိုသာ ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။ သူတို့က နယ်မြေကို မချဲ့ချင်တာ မဟုတ်ဘဲ၊ ချဲ့ဖို့ မတတ်နိုင်ခြင်းသာ ဖြစ်သည်။

​ အားလုံးက ဤအကြောင်းပြချက်ကို လင်းပိုင်ဖန်အား ရှင်းပြကြလေသည်။

​ လင်းပိုင်ဖန်ကလည်း နယ်မြေချဲ့ထွင်ခြင်းသည် စီမံခန့်ခွဲမှု ကုန်ကျစရိတ်ကို တိုးစေမည်ကို သိသည်။ သို့သော် သူ၏ စွမ်းအား တိုးတက်မှုမှာ ထိုကုန်ကျစရိတ်ထက် ပို၍ မြန်ဆန်ပေလိမ့်မည်။ နယ်မြေချဲ့ထွင်ခြင်းမှာ သူ၏ ခွန်အားကို တိုးစေမည့် အမြန်ဆုံးနည်းလမ်း ဖြစ်သဖြင့် သူကတော့ လက်လွှတ်မည် မဟုတ်ပေ။

​ သူ၏ ခွန်အားသာ တိုးတက်လာလျှင် ပြဿနာများစွာကို သူ ဖြေရှင်းနိုင်ပေလိမ့်မည် ဖြစ်သည်။ ထို့အပြင် လက်ရှိတွင် နိုင်ငံအသီးသီးမှာ ပရမ်းပတာ ဖြစ်နေပြီး သူတို့၏ အင်အားများလည်း ဆုတ်ယုတ်နေချိန်တွင် နယ်မြေမချဲ့လျှင် မည်သည့်အချိန်မှာ ချဲ့ရတော့မည်နည်း။

​ “ဝန်ကြီးတို့... ထပ်ပြီး ဆွေးနွေးနေစရာ မလိုတော့ဘူး။ ငါကိုယ်တော်ရဲ့ ဆုံးဖြတ်ချက်က ခိုင်မာပြီးသားပဲ။ အားလုံး ပြန်သွားပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြတော့။ ဒီနှစ်ကုန်မှာ ငါတို့ရဲ့ နယ်မြေကို စတုရန်းလီပေါင်း သန်း ၃၀ အထိ ချဲ့ထွင်ဖို့ ရည်မှန်းထားတယ်”

​ လင်းပိုင်ဖန်က မြင့်မြတ်လှသော အရှိန်အဝါနှင့် အာဏာစက် အပြည့်ဖြင့် ကြေညာလိုက်သည်။

​ “မှန်လှပါ အရှင်မင်းကြီး” လူတိုင်းက တစ်ပြိုင်နက်တည်း ပြန်လည် ထူးလိုက်ကြသည်။

​ အရာရှိများ ထွက်ခွာသွားပြီးနောက် သူတို့သည် လိုအပ်သော အစီအစဉ်များကို ချက်ချင်းပင် စတင် ဆောင်ရွက်ကြတော့သည်။

All Chapters