← Chapters

ရှန်ယွဲ့နှင့် ဝမ့်ယင်းဂိုဏ်း

Vol. 32 Ch. 319

ရှန်ယွဲ့နှင့် ဝမ့်ယင်းဂိုဏ်း

Vol. 32 Ch. 319

“သားတစ်ယောက်တည်းပဲ ရှိတာလား... တကယ်ကို နှမြောစရာကောင်းတယ်...”

လီချင်းချိုးက တကိုယ်တည်းကြားရုံ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ကျာမင်၏ သားဖြစ်သူမှာ ငယ်ရွယ်လွန်းသေးသဖြင့် ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးရာ၊ စနစ်မျက်နှာပြင်ထက်မှ ကိုယ်ပိုင်အချက်အလက်များကို လီချင်းချိုးအနေဖြင့် မြင်တွေ့နိုင်ခြင်း မရှိသေးချေ။

သူ မမြင်တွေ့နိုင်သေးသည့်တိုင်အောင်၊ ကျာမင်၌ သားသမီးမျိုးဆက်များ ပိုမိုများပြားလာလေလေ၊ မသေမျိုးဧကရာဇ်၏ဘိုးဘေး ဟူသော ကံကြမ္မာသည် အောက်သို့ လက်ဆင့်ကမ်းလာနိုင်ခြေ ပိုမိုများပြားလေလေဖြစ်မည်ဟု ခံစားနေရသည်။

လီချင်းချိုးသည် ထိုမသေမျိုးဧကရာဇ်၏ဘိုးဘေးအပေါ် များစွာ မျှော်လင့်မိနေသည်။မသေမျိုးဧကရာဇ်ဟု အခေါ်ခံရမည့်သူဆိုလျှင် သေချာပေါက် သာမန်လူတစ်ခုထက် များစွာ လွန်ကဲ၍ ထူးခြားလှပေလိမ့်မည်။

သို့သော်လည်း အလောတကြီးမရှိလှဘဲ၊ ဤမသေမျိုးဧကရာဇ်၏ဘိုးဘေးကို ချင်းရှောင်ဂိုဏ်းအတွက် မျှော်လင့်ချက်တစ်ခုအဖြစ် တည်ရှိနေစေရုံမျှဖြင့် လုံလောက်နေပြီဖြစ်သည်။

“ဘာဖြစ်လို့ နှမြောစရာကောင်းတာလဲ..”

ချူကျင်းက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။သူသည် လီချင်းချိုး၏ ဘေး၌ အမြဲတမ်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သော်လည်း၊ လီချင်းချိုး၏ စစ်မှန်သော ရည်ရွယ်ချက်များကို ဘယ်သောအခါမှ အပြည့်အဝ ဖောက်ထွင်းမြင်နိုင်ခြင်း မရှိခဲ့ဖူးချေ။

လီချင်းချိုး အထူးတလည် အာရုံစိုက်နေသော လူအများစုမှာ သူ စဉ်းစား၍မရနိုင်လောက်အောင်ပင် ဆန်းကြယ်လှသည်။

ဂိုဏ်းချုပ်၏ မျက်စိထဲတွင်မူ ထိုတောက်ပလှသော ပါရမီရှင်များက ဆွဲဆောင်နိုင်ခြင်းမရှိကြဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အဆင့်နိမ့်တပည့်ငယ်များကိုသာ မကြာခဏ ပိုမို၍ သတိရနေတတ်သည်မဟုတ်ပါလား။

သို့သော်လည်း ထိုအဆင့်နိမ့်တပည့်ငယ်များက အမြဲတမ်း တဖြည်းဖြည်းနှင့် တောက်ပလာတတ်ကြသဖြင့်၊ ချူကျင်းကို ဝေခွဲမရ ဖြစ်စေခဲ့သည်။

နောက်ဆုံးတွင် ဤအရာများက လီချင်းချိုး၏ သာမန်လူတို့ စဉ်းစား၍မရနိုင်လောက်အောင် ထူးခြားလှသော လူရွေးချယ်မှုအမြင်ကြောင့်သာ ဖြစ်ရမည်ဟု ယုံကြည်ထားလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သူ သေချာပေါက် သိရှိထားသည့် အချက်တစ်ခုမှာ၊ လီချင်းချိုးက ဘယ်သောအခါမှ လူမှား၍ ရွေးချယ်လိမ့်မည်မဟုတ်ဟူသောအချက် ဖြစ်ပြီး၊ အနည်းဆုံးတော့ ယခုအချိန်အထိ မှားယွင်းခဲ့ခြင်း အလျှင်းမရှိခဲ့ဖူးရာ၊ ထို့ကြောင့်ပင် လီချင်းချိုး၏ ဆုံးဖြတ်ချက်အားလုံးကို ယုံကြည်ရန် လိုလားနေခြင်း ဖြစ်ပေသည်။

“ဘာမှမဟုတ်ပါဘူး... ဒါနဲ့... ကျာမိသားစုကိုတော့ ဆက်ပြီးတော့ပဲ စောင့်ကြည့်ခိုင်းထားလိုက်ပါ... သူတို့ကို အထူးတလည် ကူညီပေးနေဖို့ မလိုပါဘူး၊ ဘယ်သူမှ သူတို့ကို လာပြီး အနိုင်ကျင့်တာမျိုး မရှိစေရင် ရပါပြီ...”

သူသည် မိမိ၏ တပည့်များလို အရွယ်ရောက်ကြီးပြင်းပြီးသား ပါရမီရှင်များအပေါ် အထူးတလည် အာရုံစိုက်နေတော့မည်မဟုတ်ပေ။ လက်ရှိ ချင်းရှောင်ဂိုဏ်းက ချမှတ်ထားသော စနစ်များအောက်တွင်မူ၊ ကျော်ကြားလှသော ပါရမီရှင်များက သူကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ပြောဆိုနေစရာမလိုဘဲ ပိုမိုများပြားလှသော အရင်းအမြစ်များကို သေချာပေါက် ရရှိကြမည် ဖြစ်သည်။

ထို့ကြောင့်၊ သူသည် အပြင်၌ အစွမ်းမပြရသေးသော ပါရမီရှင်များကိုသာ ပိုမို၍ ဂရုစိုက်နေခြင်း ဖြစ်၏။

သူတို့သည် သေချာပေါက် ပါရမီရှင်များ ဖြစ်နေရန် မလိုအပ်ဘဲ၊ တစ်စုံတစ်ခုသော ထူးခြားသည့် စွမ်းရည်များ ရှိနေကြမည်ဆိုပါက လီချင်းချိုးအနေဖြင့် လျှို့ဝှက်စွာဖြင့် ကြိုတင်၍ စီစဉ်ပေးလေ့ရှိစမြဲပင်။

လက်ရှိ ချင်းရှောင်ဂိုဏ်းသည် ကိုးပြည်ထောင်နယ်မြေ တစ်ခွင်လုံးသို့ တံခါးဖွင့်လှစ်ထားခဲ့ပြီဖြစ်ရာ၊ ပါရမီရှင်များ ထွက်ပေါ်လာခဲ့ကြမည့် အခွင့်အရေးမှာလည်း ပိုမို၍ များပြားလာခဲ့ပြီ ဖြစ်သည်။ တပည့်ရွေးချယ်ပွဲကို ဖြတ်ကျော်နိုင်ကြသော တပည့်များသည် အနည်းဆုံးတော့ တစ်စုံတစ်ခုသော ထူးခြားလှသည့် စရိုက်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်မဟုတ်ပါလား။

ပြည်နယ်တစ်ခုမှ ပါရမီရှင်တစ်ဦးပင်လျှင် လောကကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိပေသည်။ လူတိုင်းတွင် ကိုယ်ပိုင်ထူးခြားလှသော ခွန်အားများ ရှိကြစမြဲဖြစ်သော်လည်း၊ လူအများစုကတော့ မိမိတို့၏ ထူးခြားလှသော စွမ်းရည်များကို ရှာဖွေနိုင်ခြင်း မရှိကြချေ။ တတာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ပိုင်ဆိုင်ထားသော လီချင်းချိုးမှာမူ၊ ကောင်းကင်မျက်လုံးကို ပိုင်ဆိုင်ထားသလို ရှိနေခဲ့ပြီး၊ သူကိုယ်တိုင်လည်း ဤသို့သော ပါရမီရှင်များကို လိုက်လံရှာဖွေရသည့် ခံစားချက်ကို များစွာ သဘောကျနေမိသည်။

“ကောင်းပါပြီ...”

ချူကျင်းက ဤသို့သော ကိစ္စရပ်များကို အမြဲတမ်း ကိုင်တွယ်ပေးခဲ့ဖူးသူ ဖြစ်သဖြင့် အခုလိုညွှန်ကြားချက်မျိုးကို အခက်အခဲတစ်ခုဟု မထင်မှတ်ထားခဲ့ချေ။

ဟုန်း……

ဝေးကွာလှသော နေရာမှ မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်ရာ၊ တစ်စုံတစ်ယောက် အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်နေခြင်း ဖြစ်ရမည်။

၎င်းမှာ လီချင်းချိုး၏ ပဉ္စမမြောက် ဂျူနီယာညီလေး ဝူမန်အာပင် ဖြစ်သော်လည်း လီချင်းချိုးကတော့ တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံမျှဖြင့် စိုးရိမ်ပူပန်ခြင်း အလျှင်းမရှိခဲ့ချေ။

ဝူမန်အာ၏ ကျင့်ကြံမှုအရှိန်မှာ မနှေးလှသော်လည်း၊ ဂိုဏ်းအတွင်းရှိ ထိပ်တန်းပါရမီရှင်များလောက်တော့ မြန်ဆန်ခြင်း မရှိဘဲ၊ လမ်းခရီးတစ်လျှောက်လုံးတွင် တည်ငြိမ်စွာဖြင့်သာ ချီတက်လာခဲ့ခြင်း ဖြစ်သည်။

ဝူမန်အာ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် လီတုန်းယွဲ့ကို ပိုမို၍အဆင့် မြင့်မားလာစေရန်အတွက် သေချာပေါက် ကူညီပေးရမည်။

သူသည် အသက်ကြီးလာသည်နှင့်အမျှ၊ စိတ်အာရုံအချို့ကို ဂျူနီယာညီငယ်၊ ညီမငယ်များအပေါ်သို့ စတင်၍ ပို့ထားခဲ့ပြီ ဖြစ်သည်။ဤသည်ကလည်း နောင်အနာဂတ်တွင် ရင်ထဲ၌ နောင်တအချို့ ရှိမနေခဲ့ချင်သောကြောင့်ပင်။

ချူကျင်း ခံစားချက်ပါပါဖြင့် သက်ပြင်းချလိုက်မိသည်။

“ဂိုဏ်းထဲမှာ ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ ကျင့်ကြံသူတွေ ပိုပြီးတော့ များလာခဲ့ပြီပဲ... ကျွန်တော်ကတော့ အနောက်ဘက်အရပ်ဆီကို သွားပြီး နယ်မြေချဲ့ထွင်လို့ ရပြီ ထင်တယ်... မိုးပြာနဂါးနယ်မြေက ကျွန်တော်တို့နဲ့အလွန် ဝေးကွာလှသလို၊ တောင်ဘက်ကို သွားရင်လည်း ဇီယန်ကျွန်းနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ အရမ်းလွယ်ကူတယ်... ဒါကြောင့်၊ အနောက်ဘက်အရပ်ကို နယ်မြေချဲ့ထွင်ခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်လိမ့်မယ်... ဒါ့အပြင် အနောက်ဘက် အန္တရာယ်နယ်မြေထဲမှာ တောင်တန်းကြီးတွေ အဆက်မပြတ် ရှိနေတာကြောင့်၊ သေချာပေါက် တစ္ဆေမြို့တော်လို ရတနာတွေနဲ့ ရှေးဟောင်းအမွေအနှစ် နန်းတော်တွေ အများကြီး ပုန်းကွယ်နေမှာ သေချာပါတယ်၊ ...”

လီချင်းချိုးက ခေါင်းညိတ်ပြလိုက်ပြီး…

“နောက်ထပ် နှစ်နှစ်လောက် ထပ်စောင့်ကြတာပေါ့... အဲဒီအခါကျမှပဲ တပည့်တွေကို အနောက်ဘက်နယ်စပ်ဆီ သွားပြီး နယ်မြေချဲ့ထွင်ခိုင်းတော့မယ်...”

အမြဲတမ်း ပုန်းကွယ်နေခြင်းက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းလာနိုင်မည်မဟုတ်ပေ။ အနောက်ဘက် ဖြစ်စေ၊ တောင်ဘက် ဖြစ်စေ၊ ချင်းရှောင်ဂိုဏ်းအနေဖြင့် ထိုခြေလှမ်းကို စတင်ရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။

“နှစ်နှစ်တောင်လား...”

ချူကျင်း ဝေခွဲမရ ဖြစ်သွားမိသည်။ ဂိုဏ်းချုပ်အနေဖြင့် ဓမ္မညီလာခံ ပြီးဆုံးသွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှသာ အစီအစဉ်များကို တဖြည်းဖြည်း ကိုင်တွယ်လိုခြင်းများလား။

သူသည် လီချင်းချိုး၏ ကျင့်ကြံမှုအခြေအနေကို သိရှိခြင်းမရှိသလို၊ ကျန်းကျောက်ရှား၊ ကျန်းယွီချန်းနှင့် အခြားသူများသည်လည်း ၎င်းကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုကြလိမ့်မည်မဟုတ်ပေ။

သူတို့နှစ်ဦး အတန်ကြာအောင် ဆက်လက်စကားပြောဆိုခဲ့ကြပြီးနောက်မှသာ၊ လမ်းခွဲ၍ ထွက်ခွာသွားခဲ့ကြတော့သည်။

လီချင်းချိုးမှာ ယခုအခါ ကောင်းကင်နေမင်းနယ်ပယ်သို့ တတ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိရန်သာ လိုလားနေတော့သည်၊ ထိုနယ်ပယ်အဆင့်သို့ ရောက်ရှိမှသာ ပိုမိုများပြားလှသော အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အစစ်အမှန် ယုံကြည်မှု ရှိလာပေလိမ့်မည်။

ကျယ်ပြောလှသော လောကတခွင်ရှိ ကောင်းကင်ယံ၌ မိုးနှင်းများ သည်းထန်စွာ ကျဆင်းနေခဲ့သည်…

ကြီးမားလှသော တောင်ကြီးတစ်လုံး၏ အောက်၌၊ မိုးနှင်းများ ဖုံးလွှမ်းနေသော သစ်တောအတွင်းမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ လျှောက်လှမ်းလာနေ၏။

၎င်းမှာ ရှန်ယွဲ့ပင် ဖြစ်သည်။ သူ့ရဲ့ ဝတ်စားဆင်ယင်မှုမှာ လွန်ခဲ့သော လအနည်းငယ်ကနှင့် မတူညီတော့ဘဲ၊ ဝတ်စုံဖြူပေါ်တွင် ဝတ်ဆင်ထားသော ဝတ်စုံနက်နှင့် ခမောက်တစ်ခုကို ဆောင်းထားဆဲဖြစ်သော်လည်း၊ ဝတ်ရုံထက်၌မူ စုတ်ပြဲရာများပိုများနေပြီဖြစ်သည်။

သူသည် ခေါင်းကို မော့လျက် ရှေ့ဆီသို့ လှမ်း၍ ကြည့်ရှုလိုက်သည်။ ရှေ့မှောက်၌ အဆုံးမရှိလှသော မိုးနှင်းလွင်ပြင်ကြီးကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်၊ သူ့မျက်နှာထက်၌ အပြုံးတစ်ခု နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့လေသည်။

“နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီပဲ... တစ်နှစ်နီးပါး ကြာသွားခဲ့တာကိုး...”

ရှန်ယွဲ့ တိုးညှင်းစွာ ရေရွတ်မိလိုက်သည်။ သူသည် လေပြင်းများနှင့် မိုးဒဏ်ပေါင်းစုံကို ဖြတ်သန်းခဲ့ရသော်လည်း အနောက်ဘက် အန္တရာယ်နယ်မြေအတွင်းမှ ထွက်ခွာနိုင်ရန်အတွက် ဤမျှအထိ အချိန်ကြာမြင့်ခဲ့ရခြင်းက ထိုနယ်မြေသ မည်မျှအထိ ကျယ်ဝန်းလှကြောင်း သက်သေပြနေခြင်းပင်။

သူသည် ချင်းရှောင်တောင်မှ အနောက်ဘက်နယ်စပ်သို့ ရောက်ရှိရန်အတွက် နှစ်ရက်မျှသာ အချိန်ယူခဲ့ရသော်လည်း အနောက်ဘက် အန္တရာယ်နယ်မြေအတွင်းသို့ ခြေချခဲ့သည့် အချိန်မှစ၍၊ ဓားပျံစီးနင်းပျံသန်းခြင်းပညာကို စိတ်ကြိုက်အသုံးပြုခွင့်မရတော့ဘဲ၊ အချိန်မရွေး တိုက်ပွဲဝင်နိုင်ရန်အတွက် မူလချီစွမ်းအင်များကို အမြဲတမ်း ထိန်းသိမ်းထားခဲ့ရသည်။

လမ်းခရီးအတွေ့အကြုံများမှာ သူ ကြိုတင်တွက်ချက်ထားခဲ့သည့်အတိုင်းပင် ဖြစ်ရာ၊ မိစ္ဆာများ၊ တစ္ဆေသရဲများနှင့် သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာခဲ့ကြသလို၊ မတူညီသော ဇာစ်မြစ်များမှ ကျင့်ကြံသူအချို့နှင့်လည်း ကြုံတွေ့ခဲ့ရဖူးသည်။

သူသည် ဒဏ်ရာများ ရရှိခဲ့ဖူးသလို အဆိပ်မိခြင်းများကိုလည်း ကြုံတွေ့ခဲ့ရဖူးသော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုအရာအားလုံးကို ကြံ့ကြံ့ခံလျက် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်းမှ အတွေ့အကြုံများကို ပြန်လည်အောက်မေ့မိသည့်တိုင်အောင်၊ ရှန်ယွဲ့အနေဖြင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်းမရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ယင်ကျင်းရှင်းနှင့် ဆုံတွေ့ရမည့် အခြေအနေကိုသာ ပိုမို၍ မျှော်လင့်တောင့်တနေမိသည်။

တောင်တန်းများနှင့် မြစ်ချောင်းပေါင်းများစွာ ဝေးကွာလှသည့်တိုင်အောင်၊ ဂိုဏ်းချုပ်ကိုယ်တိုင်က ဤယင်ကျင်းရှင်းအား လိုက်လံရှာဖွေခိုင်းခဲ့သည်ဆိုပါက၊ ထိုသူ၏ မွေးရာပါ ပါရမီမှာ မည်မျှအထိ အစွမ်းထက်လှမည်နည်း။

လွန်ခဲ့သော တစ်နှစ်တာအတွင်း ရှန်ယွဲ့အတွက် အကျိုးအမြတ်မရှိဘဲ မနေခဲ့ပေ။ ဓားဆန္ဒ စဉ်ဆက်မပြတ် ပိုမို၍ သန်မာလာခဲ့ပြီဖြစ်သလို ကိုယ်ပိုင်ဓားတာအိုအပေါ်၌လည်း သိမြင်နားလည်မှုအချို့ကို ရရှိခဲ့ဖူးပြီ ဖြစ်သည်။

ဓားနတ်ဘုရားတစ်ဦးအနေဖြင့်၊ သူ့ရင်ထဲ၌ ကိုယ်ပိုင်မာန်မာနများ ရှိစမြဲပင်။ ဂိုဏ်းအတွင်းရှိ မျိုးဆက်သစ်ပါရမီရှင်များ ထွက်ပေါ်လာမှုများကို ရင်ဆိုင်ရသည့်အခါတွင်၊ ဖိအားများကိုခံစားရသည်။သို့သော် ထိုဖိအားများကို တိုက်ခိုက်ရေးစိတ်ဆန္ဒများအဖြစ်သို့သာ အမြဲတမ်း ပြောင်းလဲပစ်ခဲ့သည်။

ရှန်ယွဲ့က ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ လမ်းကြောင်းကို စစ်ဆေးလိုက်ပြီးနောက် ရှေ့ဆီသို့ ဆက်လက်၍ ခရီးနှင်ခဲ့တော့သည်။

မိုးနှင်းထုကို နင်းခြေလျက် သူ ချန်ထားရစ်ခဲ့သော ခြေရာများမှာ ထွက်သက်ဝင်သက် ဆယ်ကြိမ်မပြည့်မီ အချိန်အတွင်းမှာပင် မိုးနှင်းများဖြင့် ပြန်လည်၍ ဖုံးလွှမ်းသွားလေသည်။ သူ့ ရှေ့မှောက်တွင် အဆုံးမရှိလှသော မိုးနှင်းလွင်ပြင်ကြီး ရှိနေခဲ့ပြီး အနောက်ဘက်တွင် ကြီးမားလှသော တောင်တန်းကြီးများက ကောင်းကင်ယံမှ အကာအကွယ်နံရံကြီးများအလား ဖိအားများဖြင့် ပြည့်နှက်လျက် မိုးနှင်းမြူထူများကြားတွင် ရပ်တည်နေကြသည်မဟုတ်ပါလား။

ရှန်ယွဲ့၏ ပုံရိပ်မှာ ကမ္ဘာသစ်တစ်ခုဆီသို့ လျှောက်လှမ်းသွားနေသလို ရှိနေခဲ့ပြီး လေပြင်းများနှင့် မိုးနှင်းများသည်လည်း သူ့ရဲ့ ပုံရိပ်ကို ဖိနှိပ်ထားနိုင်ခြင်း အလျှင်းမရှိခဲ့ပေ။

သူသည် ရှေ့ဆီသို့သာ ဆက်လက်၍ ချီတက်နေခဲ့သည်။

တစ်နာရီခန့် အချိန်ကုန်လွန်သွားခဲ့ပြီးနောက်တွင် ကောင်းကင်ယံမှ နေရောင်ခြည်များ ဖြာကျလာခဲ့လေပြီ။

သူ့ရှေ့မှောက်၌ ရေခဲအိုင်ကြီးတစ်ခု ရှိနေကြောင်း မြင်တွေ့လိုက်ရသလို၊ ထိုရေခဲအိုင်၏ ဘေးတွင်လည်း သစ်ပင်တန်းကြီးတစ်ခု ရှိနေသည်။

ထိုသစ်ပင်ကြီးများ၏ အပေါ်၌ ပုံရိပ်အချို့ ထိုင်နေကြပြီး၊ ထင်ရှားသည်မှာ သူတို့သည် ဤနေရာ၌ ကာလကြာမြင့်စွာကတည်းက ကြိုတင်၍ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်ရမည်။

ရှန်ယွဲ့ ထိုအခြေအနေကြောင့် ထိတ်လန့်သွားခြင်းမရှိဘဲ သူတို့ထံသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့လေသည်။

“ငါတို့ ဝမ့်ယင်းဂိုဏ်းရဲ့ တပည့်တွေကို သတ်ရဲတယ် ဟုတ်လား... မင်း ဘယ်လိုမျိုး အဆုံးသတ်နဲ့ ကြုံရမလဲဆိုတာ မင်းသိလား...”

ဝေးကွာလှသော နေရာမှ အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုစကားကို ကြားရသော်လည်း ရှန်ယွဲ့က ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။

ယခင်က မိစ္ဆာသားရဲများကို အသုံးပြု၍ မိမိအား လာရောက်တိုက်ခိုက်ခဲ့သော ကျင့်ကြံသူမှာ ဝမ့်ယင်းဂိုဏ်းမှ ဖြစ်ကြောင်း သိရသည်။ ထိုသူ မကွယ်လွန်မီအချိန်ကလည်း ဝမ့်ယင်းဂိုဏ်း၏ အမည်ဖြင့် လာရောက်ခြိမ်းခြောက်ခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် သူသည် ထိုအရာများကို ဂရုစိုက်မည့်သူ မဟုတ်ချေ။

တစ်ဖက်လူက မိမိတို့၏ အင်အားစုအမည်ကို ထုတ်ဖော်ပြောဆိုခဲ့သည့် အခိုက်အတန့်ကတည်းက၊ ရှန်ယွဲ့အနေဖြင့် နောင်တွင် ပြဿနာရပ်များစွာ သေချာပေါက် ကြုံတွေ့ရမည်ဖြစ်ကြောင်း ကြိုတင်၍ သိရှိထားပြီး ဖြစ်သည်။

ပြဿနာရှိလာလျှင်လည်း ရှင်းလိုက်ရုံပင်…

သိုင်းလောကအတွင်းသို့ စတင်ခြေချခဲ့သည့် အချိန်မှစ၍၊ ရှန်ယွဲ့ အကြောက်ရွံ့ဆုံးသော အရာမှာ ရန်ငြိုးရန်စများသာ ဖြစ်သည်။

သူ့မျက်စိထဲတွင် ကျင့်ကြံရေးလောကသည် သိုင်းလောကနှင့် မည်သို့မျှ ကွဲပြားခြင်းမရှိဘဲ၊ ခွန်အားပိုင်းတွင်သာ ပိုမို၍ သန်မာလာခြင်း ဖြစ်သည်ဟု ယူဆထား၏။

ရှန်ယွဲ့ ကြောက်ရွံ့ခြင်းမရှိဘဲ ချဉ်းကပ်လာဆဲဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ သစ်ပင်ပေါ်၌ စောင့်ဆိုင်းနေကြသော ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့ကြသည်။

သူတို့တွေ ကိုယ်ပိုင်မှော်ပစ္စည်းများကို ထုတ်ယူလိုက်ကြပြီးနောက် ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများသည် နေရောင်ခြည်အောက်၌ ရှိနေကြပြီး၊ ရှန်ယွဲ့မှာမူ တိမ်တိုက်များနှင့် မြူထူများ၏ အောက်၌ ရှိနေဆဲဖြစ်ရာ တစ်ဖက်က တောက်ပလှပြီး၊ အခြားတစ်ဖက်က မှောင်မိုက်နေခဲ့သဖြင့်၊ ကောင်းမှုနှင့် မကောင်းမှုတို့ ထိပ်တိုက်ရင်ဆိုင်တော့မည့်အလားပင်။

……………….

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းတော့မည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ချင်းရှောင်ဂိုဏ်းသည်လည်း နှစ်စဉ်ကျင်းပမြဲဖြစ်သော ပွဲတော်များကြောင့် ထပ်မံ၍ စည်ကားသိုက်မြိုက်လာခဲ့ရပြီး တပည့်များစွာမှာလည်း ဂိုဏ်းသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာခဲ့ကြသဖြင့်၊ တောင်ထွတ်တစ်ခုချင်းစီတိုင်းတွင် အလွန်ပင် စည်ကားနေသည်။

လီချင်းချိုးသည်လည်း ကျင့်ကြံခြင်းကို ခေတ္တမျှ ရပ်တန့်ထားခဲ့ပြီး ဂိုဏ်းအတွင်း၌ လှည့်လည်သွားလာလျက် ခန်းမအသီးသီးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ချင်းရှောင်တောင်ပေါ်၌ ခြံဝင်းငယ်များ ပိုမို၍ များပြားလာခဲ့ပြီဖြစ်သလို အဆောက်အအုံများကိုလည်း ပိုမို၍ မြင့်မားစွာ တည်ဆောက်ထားခဲ့ကြပြီ ဖြစ်ရာ၊ လီချင်းချိုးအနေဖြင့် မည်သည့်ခန်းမ သို့မဟုတ် မည်သည့်ဌာနသို့မဆို သွားရောက်သည့်အခါတိုင်း နာရီအနည်းငယ်မျှ ကြာမြင့်အောင် နေထိုင်ရစမြဲပင်။

ကောင်းကင်ဘုံမဟာအစီအရင် ရှိနေခြင်းကြောင့် တပည့်များ၏ ရင်ထဲ၌ ဘေးကင်းလုံခြုံမှုဆိုင်ရာ ခံစားချက်များစွာ ပိုမို၍ မြင့်မားလာခဲ့ရသလို၊ ပွဲတော်ကာလအတွင်း၌လည်း ပိုမို၍ စိတ်လက်ပေါ့ပါးနေခဲ့ကြသဖြင့် နေရာတိုင်း၌ ရယ်မောသံများနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လီချင်းချိုးကတော့ ကောင်းကင်ဘုံမဟာအစီအရင်ကို စောင့်ကြပ်ရန်နှင့် ဂိုဏ်းအတွင်း ကင်းလှည့်ရန်အတွက် တပည့်များကို ယခုထက် ပိုမို၍ စေလွှတ်ရမည်ဟု ခံစားနေရဆဲပင်။ သူတို့အနေဖြင့် အစီအစဉ်ကြီးတစ်ခုတည်းအပေါ်၌သာ လုံးဝ ပုံအော၍ အားကိုးနေ၍ မရနိုင်ပေ။

ရက်အနည်းငယ် ကြာပြီးနောက် ….

ကျုးတောက်ခန်းမ၏ ရှေ့မှောက်ရှိ မဟာခေါင်းလောင်းကြီး ထူးခြားစွာ မြည်ဟိန်းလာခဲ့လေသည်။ ထိုက်ခွန်းတောင်တန်းအတွင်းရှိ အတွင်းစည်းတပည့်များအားလုံး မိမိတို့၏ ချင်းရှောင်အမိန့်ပြားအတွင်းမှ မူလချီစွမ်းအင်များ လှုပ်ခါလာခြင်းကို ခံစားလိုက်ရသဖြင့် ၎င်းတို့ကို ချက်ချင်းပင် ထုတ်ယူ၍ ကြည့်ရှုလိုက်ကြသည်။

“နောက်ထပ် တစ်နာရီအတွင်း... အတွင်းစည်းတပည့်များအားလုံး ဆွေးနွေးတိုင်ပင်ရန်အတွက် နက်နဲသော နှလုံးသား နန်းတော်တွင် အလျင်အမြန် စုဝေးကြရမယ်...”

နက်နဲသော နှလုံးသား နန်းတော်ကြီးမှာ ချင်းရှောင်ဂိုဏ်းအတွင်း တည်ဆောက်ထားခဲ့သော အကြီးမားဆုံးသော နန်းတော်ကြီး ဖြစ်ပြီး ဂိုဏ်း၏ အရေးကြီးလှသော ကိစ္စရပ်များ ရှိလာသည့် အခိုက်အတန့်မျိုး၌သာ ဤနန်းတော်ကြီးအတွင်း၌ စုဝေးဆွေးနွေးလေ့ရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းအတွင်းရှိ အတွင်းစည်းတပည့်များသည် အထင်သေးဝံ့ခြင်းမရှိကြဘဲ မိမိတို့ လက်ရှိလုပ်ဆောင်နေသော ကိစ္စရပ်များကို ဘေးဖယ်ထားခဲ့ကြပြီး ချင်းရှောင်တောင်ဆီသို့ အလျင်အမြန်ပင် ဦးတည်၍ ချီတက်လာခဲ့ကြလေတော့သည်။

လမ်းခရီးတစ်လျှောက်တွင်လည်း အတွင်းစည်းတပည့်များက ဤကိစ္စမှာ မည်သည့်အကြောင်းအရာ ဖြစ်နိုင်သနည်းဟူသောအချက်ကို အချင်းချင်း တီးတိုး၍ ဆွေးနွေးနေခဲ့ကြသည်။

လူအများစုက ၎င်းမှာ စစ်မှန်သော သခင်ဆယ်ဦး၏ ရာထူးနေရာကိစ္စ ဖြစ်ရမည်ဟု ကြိုတင်၍ တွက်ချက်မိထားကြပြီး ဖြစ်သည်။

အချိန်ကာလအရဆိုလျှင်လည်း ဆယ်နှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဂိုဏ်းချုပ်အနေဖြင့် စစ်မှန်သော သခင်ကြီး ဆယ်ဦး၏ ရာထူးနေရာများကို အတည်ပြု ဆုံးဖြတ်တော့မည်။

နက်နဲသော နှလုံးသား နန်းတော်ကြီးမှာ လင်းရှောင်ဝင်း၏ အောက်ဘက်၌ တည်ရှိခြင်း ဖြစ်၏၊ ဤနန်းတော်ကြီးမှာ ခမ်းနားထည်ဝါလှပြီး၊ တောင်ခြေမှနေ၍ မော့ကြည့်လိုက်မည်ဆိုပါက ထိုနန်းတော်ကြီး၏ အနားသတ်များကိုပင် အထင်အရှား မြင်တွေ့နိုင်ပေသည်။

အတွင်းစည်းတပည့်များ တစ်ဦးပြီးတစ်ဦး ဝင်လာခဲ့ကြပြီး အားလုံးမှာ နန်းတော်ကြီးအတွင်းမှ ဆန်းကြယ်လှသော မြင်ကွင်းများကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ကြရသည်။

နန်းတော်ကြီးအတွင်းရှိ တိုင်လုံးကြီးများမှာ ယခင်ကထက် များစွာ ပိုမို၍ ကြီးမားကျယ်ပြန့်လာခဲ့ပြီး အထက်နှင့်အောက်ခြေများမှာ ရွှေရောင်များဖြင့် တောက်ပနေသလို၊ တိုင်လုံးကိုယ်ထည်များကိုမူ ထူးခြားလှသော အနီရောင်ဆေးများဖြင့် ဆေးခြယ်ထားသည်။ မြေပြင်ထက်၌ ထူးခြားလှသော ကျောက်ရိုင်း အလွှာတစ်ခုကို ခင်းကျင်းထားခဲ့သဖြင့် ၎င်းက တပည့်များ၏ ပုံရိပ်များကို ပြန်လည်၍ ထင်ဟပ်စေနိုင်ရာ၊ သူတို့အား ရေကန်ကြီးတစ်ခု၏ အပေါ်၌ လျှောက်လှမ်းနေရသလို ခံစားချက်မျိုး ဖြစ်ပေါ်စေခဲ့သည်။

၎င်းပြင် အမိုးမျက်နှာကြက်ထက်၌ ဧရာမ ဝိညာဉ်ကျောက်တုံးကြီးများကို ချိတ်ဆွဲထားသဖြင့် ၎င်းမှာ နေမင်းကြီးများစွာအလား ပြင်းထန်လှသော အလင်းတန်းများကို ထုတ်လွှတ်ပေးနေ၏။

တပည့်များအားလုံး အသစ်ပြန်လည်ပြင်ဆင်ထားသော နက်နဲသော နှလုံးသား နန်းတော်ကြီး ကြောင့် မှင်တက်သွားကြသည်။ ဤကဲ့သို့သော နန်းတော်ကြီးအတွင်း၌ လျှောက်လှမ်းနေရခြင်းက၊ သူတို့အား ဂိုဏ်း၏ ကြီးမားလှသော အခြေခံအုတ်မြစ်များနှင့် အရှိန်အဝါများကို ပိုမို၍ အထင်အရှား ခံစားမိစေခဲ့သည်။

ဤနန်းတော်ကြီးက အလွန်ပင် ကျယ်ဝန်းလှသဖြင့် တပည့်များအား သိုင်းပညာလေ့ကျင့်ရေးကွင်းကြီးတစ်ခုပေါ်၌ လျှောက်လှမ်းနေရသလို ခံရစေသည်။

ဝင်ရောက်လာခဲ့ကြသော တပည့်တိုင်း မျက်လုံးများ ပြူးကျယ်သွားကြရစမြဲပင်။

ဟူယန်သည်လည်း ထိုသို့ပင် ဖြစ်၏၊ သူသည် ကောင်းကင်လက်မှုပညာခန်းမမှ ဤနက်နဲသော နှလုံးသား နန်းတော်ကြီး ကို ပြန်လည်၍ ပြင်ဆင်နေခဲ့ကြောင်း ကြိုတင်သိရှိထားသော်လည်း ဤမျှအထိ ခမ်းနားထည်ဝါစွာ ပြင်ဆင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။

သူသည် မသေမျိုးတို့၏ ကောင်းကင်ဘုံအတွင်းသို့ ခြေချလိုက်ရသလို ခံစားချက်မျိုး အမှန်တကယ်ပင် ဖြစ်ပေါ်နေသည်။

ကျန်းယွီချွန်း၊ ကျူးယန်၊ ချိုင်ယွင်ရှန်း နှင့် အခြားသော ခန်းမသခင်များအုပ်စုမှာ လှေကားထစ်များ အပေါ်၌ ရပ်နေကြပြီး ဝေးကွာလှသော နေရာမှ လာနေကြသော တပည့်များကို ငေးမောကြည့်ရှုနေခဲ့ကြသည်။ တပည့်များ၏ တုံ့ပြန်မှု အမူအရာများက သူတို့ကို များစွာ ကျေနပ်သွားစေခဲ့သည်။

ချင်းရှောင်ဘိုးဘေးက လှေကားထစ်များ၏ အောက်၌ ရပ်လျက် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်ပြီးနောက် ခံစားချက်ပါပါဖြင့် သက်ပြင်းချလိုက်မိသည်။

“ငါကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ချင်းရှောင်ဂိုဏ်း အခုလို အခြေအနေမျိုးအထိ ဖြစ်လာလိမ့်မယ်လို့ ငါ တကယ်ကို မထင်မှတ်ထားခဲ့မိဘူး... ငါ ကိုယ်တိုင်တောင် အခု အိပ်မက်မက်နေတာလားလို့ သံသယဝင်မိတယ်...”

သူ့ ဘေး၌ ရှိနေသော ကျန်းယွီက ပြုံးလိုက်ရင်း …

“အဘိုး တည်ထောင်ခဲ့တာ မှန်ပေမဲ့၊ ဒါတွေအားလုံးက အဘိုးနဲ့ ဘာမှမဆိုင်ပါဘူး... ဒါတွေအားလုံးက ဂိုဏ်းချုပ်ရဲ့ စွမ်းဆောင်မှုတွေချည်းပါပဲ...”

“ မင်း ငါ့ကို လာပြီး သတိပေးနေဖို့ လိုလို့လား...”

ချင်းရှောင်ဘ်ိုးဘေးက ကျန်းယွီကို မျက်စောင်းခဲလိုက်ပြီး မကျေမနပ်ဖြင့် ကြိမ်းမောင်းလိုက်လေသည်။

ဝေထျန်းရှုံးမှာ ဘေးတစ်ဖက်၌ ရပ်လျက် တည်ငြိမ်နေခဲ့၏၊ ဤကဲ့သို့သော နက်နဲသော နှလုံးသား နန်းတော်ကြီးမှာ သူ့အတွက် အထူးအဆန်းမဟုတ်ခဲ့ပေ။ ၎င်းမှာ ရှန်ယွမ်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက များစွာ လိုအပ်ချက်များ ရှိနေသေးသည်။

သို့သော်လည်း၊ နောက်ဆုံးတွင်မူ ကျင့်ကြံရေးဂိုဏ်းတစ်ခု၏ အသွင်အပြင်နှင့် အနည်းငယ် တူညီလာခဲ့ပြီ ဖြစ်သည်။

သူသည် အရေးကြီးလှသော ကိစ္စရပ်များကို အမြဲတမ်း လင်းရှောင်ဝင်းအတွင်း၌သာ ထိုင်၍ ဆွေးနွေးလေ့ရှိသည့် အချက်အပေါ် ရင်ထဲ၌ မကျေမနပ်မှုအချို့ ရှိနေခဲ့သည်။ သေချာသည်မှာ ဤစကားလုံးများကို လီချင်းချိုး၏ ရှေ့မှောက်၌မူ ထုတ်ဖော်မပြောရဲခဲ့ချေ။

ယန်ကျွယ်တိန်သည်လည်း တရဟော ဝင်ရောက်လာကြသော တပည့်များကို ကြည့်ရှုရင်း ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ပြည့်နှက်နေခဲ့သည်။

ဤလူများမှာ အတွင်းစည်းတပည့်များသာ ရှိသေးသည်သော်လည်းအရေအတွက် ဤမျှအထိ များပြားလှပေသည်။

သူ ချင်းရှောင်ဂိုဏ်းသို့ စတင်ဝင်ရောက်ခဲ့စဉ်က အဆောက်အအုံ အနည်းငယ်သာ ရှိခဲ့ဖူးပြီး တပည့်အရေအတွက်မှာလည်း အလွန်ပင် သနားစဖွယ်ကောင်းလောက်အောင် နည်းပါးခဲ့ဖူးသည်ကို ပြန်လည်တွေးတောမိသွားခြင်း ဖြစ်၏။

သူသည် ချင်းရှောင်ဂိုဏ်းနှင့်အတူ လမ်းခရီးတစ်ခုလုံးကို လျှောက်လှမ်းခဲ့သူ ဖြစ်သော်လည်း အတိတ်ကို ပြန်လည်၍ လှည့်ကြည့်လိုက်သည့် အခါတွင်မူ၊ ၎င်းမှာ အိပ်မက်တစ်ခုအလား ထင်ရစမြဲပင်။

သူသည် လီချင်းချိုး တောင်ထွတ်ခုနစ်ခုမဟာမိတ်အဖွဲ့မှ သိုင်းပညာရှင်များကို လိုက်လံသုတ်သင်ခဲ့သလို ထိုအဖွဲ့အတွင်းသို့ တစ်ကိုယ်တည်း သတ်ဖြတ်ဝင်ရောက်ခဲ့သည့် ထိုညဉ့်နက်ပိုင်းအချိန်ကို ဘယ်သောအခါမှ မေ့ဖျောက်၍ မရနိုင်ချေ။ ထိုစဉ်က လူငယ်လေးတစ်ဦးအပေါ်၌ ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့ ထိတ်လန့်စိတ်များ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။

ယခုအခါတွင်မူ သူ့အား ကြောက်ရွံ့ ထိတ်လန့်စိတ်များ ဖြစ်ပေါ်စေခဲ့ဖူးသော ထိုလူငယ်လေးသည် လောကကြီးတစ်ခုလုံးကို ငြိမ်းချမ်းမှုများ ဆောင်ကြဉ်းပေးခဲ့ပြီဖြစ်သလို၊ မရေမတွက်နိုင်သော ပြည်သူများအတွက်ပါ ကျင့်ကြံခြင်းလမ်းစဉ်၏ မျှော်လင့်ချက်များကို ယူဆောင်ပေးနိုင်ခဲ့လေပြီ

All Chapters