← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂)

ကျွန်တော်တို့ အားလုံး နေ့လည်စာ စားဖို့ ဂျပန်စားသောက်ဆိုင် တစ်ခုထဲကို ဝင်ခဲ့ကြတယ်။

ဘယ်လို ထိုင်ရမလဲလို့ ခဏလောက် စဉ်းစားနေတုန်းမှာပဲ ကံကောင်းထောက်မစွာနဲ့ တက်ဂယူ က ကျွန်တော့် ဘေးနားမှာ အတင်း ဝင်ထိုင်လိုက်တယ်။ ဒါကြောင့် အယ်လီ နဲ့ ရှင်ယူရီ တို့က ဘေးချင်းယှဉ်လျက် ထိုင်ဖြစ်သွားကြပါတယ်။

သူတို့ နှစ်ယောက်လုံးကို တစ်နေရာထဲမှာ အတူတူ တွေ့လိုက်ရတော့ သူတို့ရဲ့ ဆွဲဆောင်မှုတွေက သိသိသာသာကို ကွဲပြားပြီး ပေါ်လွင်နေတယ်။

အယ်လီ က ဆံပင်ညိုတိုတိုလေးနဲ့ ယောက်ျားလေးဆန်တဲ့ ပုံစံမျိုး ရှိပြီး ရှင်ယူရီ ကတော့ ရွှေဝါရောင် ဆံပင်ရှည်ကို မြင်းမြီးပုံစံ စည်းထားပြီး ချစ်စရာကောင်းတဲ့ အငွေ့အသက်တွေ ထွက်နေတာပါ။

ပတ်ဝန်းကျင် အငွေ့အသက်ကတော့ တစ်ခုခု လိုနေသလိုလိုနဲ့ နည်းနည်းတော့ အနေခက်စရာကြီးပါ။

စားစရာတွေ မှာပြီးတာနဲ့ ကျွန်တော် ခပ်တည်တည်ပဲ မတ်တပ်ထရပ်လိုက်တယ်။

"ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"

သန့်စင်ခန်းထဲမှာ လက်ဆေးနေရင်းနဲ့ အရေးကြီးတဲ့ အချက်တစ်ခုကို သတိထားမိသွားတယ်။

ငါက မသိမသာနဲ့ သူတို့ နှစ်ယောက်ကြားထဲမှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲ ပိတ်မိနေတာလား။ အခု ဘာဆက်လုပ်ရပါ့မလဲ။

အဲဒီလို တွေးနေတုန်းမှာပဲ နောက်ကနေ အသံတစ်သံ ကြားလိုက်ရတယ်။

"ဒါကြောင့် မြန်မြန် ဆုံးဖြတ်ပြီး ဖွင့်ပြောလိုက်တော့"

"ဟမ်"

မှန်ထဲကို လှမ်းကြည့်လိုက်တော့ တက်ဂယူ က ကျွန်တော့် နောက်မှာ ရပ်နေတာပါ။

"မဖွင့်ပြောနိုင်ရအောင် မင်းမှာ ဘာကိစ္စ ရှိနေလို့လဲ"

သူ့ရဲ့ မေးခွန်းကို ကျွန်တော်က ကာကွယ်တဲ့ အနေနဲ့ ပြန်ပြောလိုက်တယ်။

"တကယ်တော့ ငါက အခုလောလောဆယ် ဘယ်သူနဲ့မှ တွဲဖို့ အခြေအနေ မပေးသေးဘူး။ အလုပ်တွေက အရမ်းများနေတာလေ"

ကျွန်တော့် လက်ထဲမှာ လုပ်စရာ အလုပ်တွေက ပုံနေတာပါ။ ဘာတစ်ခုမှလည်း မပြတ်သေးဘူး။ အလုပ်တွေက အပုံလိုက်ကြီး ရှိနေပြီး အွန်ဆောင်း ရော၊ ပတ်ဆီဟျွန်း နဲ့ ပတ်သက်တဲ့ ပြဿနာတွေကပါ ဖြေရှင်းဖို့ လမ်းစမမြင်သေးပါဘူး။

ဒီလို အခြေအနေမျိုးမှာ ငါက တကယ်ကြီး အချစ်ရေးကို သေချာ အာရုံစိုက်နိုင်ပါ့မလား။

တက်ဂယူ က လက်ချောင်းတွေကို လှုပ်ယမ်းပြီး ပြောတယ်။

" ဆင်ခြေတွေပေးမနေစမ်းနဲ့။ တခြားအတွဲတွေက ဘာလုပ်စရာမှ မရှိလို့ လျှောက်တွဲနေကြတယ် ထင်လို့လား"

"ဟုတ်တော့ဟုတ်ပါတယ်"

တကယ်တော့ ဒီကမ္ဘာမှာ ဘယ်သူကမှ အလုပ်မအားပဲ နေမှာမဟုတ်ဘူးလေ။

"ဘယ်သူ့ကိုမှ မနာကျင်စေတဲ့ အချစ်ရေးဆိုတာ မရှိဘူး။ မင်းရဲ့ နှလုံးသားနောက်ကိုပဲ လိုက်စမ်းပါ"

"အဲဒါက ဟုတ်ပါတယ်။ ဒါပေမဲ့လည်း..."

ကျွန်တော် ခေါင်းညိတ်လိုက်ပြီးမှ တွန့်ဆုတ်သွားတယ်။

နေပါဦး။ ငါက ဘာလို့ တစ်ခါမှ ရည်းစားမထားဖူးတဲ့ လူတစ်ယောက်ဆီကနေ အချစ်ရေး အကြံဉာဏ်တွေ တောင်းနေရတာလဲ။

"မင်းက အချစ်ရေးအကြောင်း ဘာသိလို့လဲ"

တက်ဂယူ က ကျွန်တော့် ပုခုံးကို ပုတ်ပြီး ပြောတယ်။

"မင်းက ငါ့ကို အချစ် simulation ဂိမ်းတွေ အများကြီး မဆော့ဖူးဘူးလို့ ထင်နေတာလား"

"......"

ဒီကောင်က အချစ်အကြောင်းကို ဂိမ်းတွေထဲကနေ သင်ယူခဲ့တာကိုး။

ဒါနဲ့ သူ ဒီမှာ ရောက်နေတယ်ဆိုတော့ ဟိုဘက်မှာ အယ်လီ နဲ့ ရှင်ယူရီပဲ ကျန်ခဲ့တာပေါ့။ သူတို့ နှစ်ယောက်ထဲ ရှိနေတာကို တွေးပြီး နည်းနည်း စိတ်ပူမိသွားတယ်။

သူတို့ အချင်းချင်း အနေရခက်နေရင် ဘယ်လိုလုပ်မလဲ။

ကျွန်တော် အမြန်ပဲ ထိုင်ခုံဘက်ကို ပြန်သွားလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ထင်ထားတာနဲ့ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ နှစ်ယောက်က ရင်းရင်းနှီးနှီး စကားပြောနေကြတာပါ။

"ဒါဆို ဟောင်ကောင်မှာ အလုပ်လုပ်ပြီးမှ ကိုရီးယားကို လာခဲ့တာပေါ့နော်"

"ဟုတ်တယ်။ ကိုရီးယား ရုံးခွဲကို တည်ထောင်တော့ ဂျက်စီကာ နောက်ကို လိုက်လာခဲ့တာ"

"ဝိုး… ကျွန်မလည်း ဟောင်ကောင်မှာ အလုပ်လုပ်ဖို့ အိမ်မက်မက်ခဲ့ဖူးတယ်။ ဟောင်ကောင်က အာရှရဲ့ ငွေကြေးအချက်အချာ နေရာ မဟုတ်လား"

"ဟောင်ကောင်ကို ရောက်ဖူးလား"

"မိဘတွေနဲ့ အတူတူ အကြိမ်အနည်းငယ်လောက် ရောက်ဖူးပါတယ်"

အယ်လီ က ကျွန်တော့်ဘက် လှည့်ပြီး ပြောတယ်။

"ဘာလို့ ဒီလောက် ကြာနေရတာလဲ။ မြန်မြန်လာစားတော့"

"ဪ… အေးပါ"

ထမင်းစားနေတဲ့ အတောအတွင်း လေထုကတော့ ပျော်စရာကောင်းနေပါတယ်။ ရှင်ယူရီ က Golden Gate နဲ့ ပတ်သက်ပြီး အမျိုးမျိုး မေးမြန်းနေတဲ့အပြင် အယ်လီ ကလည်း သေသေချာချာ ပြန်ဖြေပေးရှာတယ်။

အစ်မဟျွန်းဂျူး အကြောင်း စကားစပ်မိတော့ ရှင်ယူရီ က သူ့ရဲ့ အံ့သြမှုကို မဖုံးကွယ်နိုင်တော့ဘူး။

"ပထမဆုံး အမျိုးသမီး ရုံးခွဲမန်နေဂျာ ဖြစ်တာက တကယ်ကို အားကျစရာပဲ"

တက်ဂယူ က ဝင်ပြောတယ်။

"ငါ့အစ်မက တကယ် တော်တာလေ"

"ကျွန်မကော အဲဒီလို ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ"

"တစ်ရက်ကို နာရီ ၂၀ လောက်နဲ့ ဆယ်နှစ်လောက် အလုပ်လုပ်ရင်တော့ အဲဒီနေရာကို ရောက်နိုင်တာပေါ့"

"......"

ကျွန်တော်တို့ စားသောက်ပြီးတော့ အပြင်ဘက်ကို ထွက်ခဲ့ကြတယ်။

အယ်လီ က ပြောတယ်။

"ကော်ဖီ သွားသောက်ကြရအောင်"

"သွားမလား"

အဲဒီအချိန်မှာပဲ ကျွန်တော့် ဖုန်းမြည်လာတယ်။ ဆက်တဲ့လူက ဥက္ကဌ လင်ဂျင်ယုံ ဖြစ်နေပါတယ်။

[အလုပ်အားလား။ အတူတူ သောက်ရအောင်]

သူ့ရဲ့ အသံအရတော့ ဒီတိုင်း ပေါ့ပေါ့ပါးပါး သောက်ဖို့ ဖိတ်တာမျိုး မဟုတ်မှန်း သိသာပါတယ်။ တစ်ခုခု ဆွေးနွေးစရာ ရှိလို့ ဖြစ်ပါလိမ့်မယ်။

"ဟုတ်ကဲ့။ နားလည်ပါပြီ"

[ငါ လိပ်စာ ပို့လိုက်မယ်]

ဖုန်းချလိုက်ပြီး အယ်လီ့ဘက် လှည့်ကာ ပြောလိုက်တယ်။

"စိတ်မရှိနဲ့ဟာ။ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ ငါ သွားရတော့မယ်"

အယ်လီ က ပြုံးပြီး ခေါင်းညိတ်ပြတယ်။

"ရပါတယ်၊ သွားပါ။ ကော်ဖီကတော့ ငါတို့ပဲ အတူတူ သောက်လိုက်တော့မယ်"

ဥက္ကဌလင်ဂျင်ယုံ ချိန်းထားတဲ့ နေရာကို ရောက်တော့ အတွင်းရေးမှူးက ကားပါကင်နားမှာ စောင့်နေတယ်။

"ဥက္ကဌက မြေအောက် ဒုတိယထပ်မှာ ရှိနေပါတယ်"

"ဟုတ်ကဲ့၊ နားလည်ပါပြီ"

သူ့ကို ကားသော့ အပ်ခဲ့ပြီး ဓာတ်လှေကားနဲ့ ဆင်းခဲ့လိုက်တယ်။ မှိန်ပျပျ မီးရောင်ရှိတဲ့ ကျယ်ဝန်းတဲ့ ဘားတစ်ခုထဲမှာ လူတစ်ယောက်က တစ်ယောက်ထဲ ထိုင်ပြီး အရက်သောက်နေပါတယ်။

ကျွန်တော် အနားကို ချဉ်းကပ်သွားတော့ ဥက္ကဌ လင်ဂျင်ယုံ က ခေါင်းလှည့်ကြည့်လာတယ်။

"မင်္ဂလာပါ။ စီနီယာ"

"လာပေးလို့ ကျေးဇူးပါပဲ။ ဂျူနီယာလေး"

"ဘာကိစ္စ ရှိလို့လဲ ခေါ်တာလဲ"

"ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ တစ်ယောက်ထဲ သောက်ရတာ ပျင်းလို့ပါ"

ဘားထဲမှာ ဥက္ကဌ လင် ကလွဲလို့ တခြား ဘယ်သူမှ မရှိဘူး။ အရက်ထည့်ပေးသူတွေ၊ ဝန်ထမ်းတွေ ဒါမှမဟုတ် လက်ထောက်တွေကိုပါ လုံးဝ မတွေ့ရဘူး။

စားပွဲပေါ်မှာတော့ အရက်တစ်ပုလင်းနဲ့ ဖန်ခွက်နှစ်ခွက် ရှိနေတယ်။

"တစ်ယောက်ထဲ သောက်နေတာ ကြာပြီလား"

"ငါ့ညီက အခုတင်ပဲ ထွက်သွားတာ"

"စီနီယာရဲ့ညီဆိုတော့... မစ္စတာ လင်ဆိုယုံ လား"

"အင်း၊ ဟုတ်တယ်"

သူတို့ ဘာလို့ တွေ့ကြလဲဆိုတာ ကျွန်တော် အကြမ်းဖျင်း ခန့်မှန်းလို့ ရပါတယ်။ သူ့အစ်ကိုကို အံတုဖို့ ကြိုးစားခဲ့တဲ့ သူ့ရဲ့ မိုက်မဲမှုအတွက် တောင်းပန်ပြီး သက်ညှာပေးဖို့ လာတောင်းပန်တာ ဖြစ်ပါလိမ့်မယ်။

"ဒါဆို ဘာဆက်ဖြစ်လဲ"

ဥက္ကဌ လင် က အရက်ကို တစ်ငုံသောက်ပြီး ပြောတယ်။

"အစ်ကိုတစ်ယောက် အနေနဲ့တော့ ငါ လက်ခံလိုက်ပါတယ်။ ငါ့ညီက ခဏတာ မှားသွားတာကို ငါ နားလည်ပေးရမှာပေါ့"

"ဒါဆို အုပ်စုရဲ့ ဥက္ကဌ အနေနဲ့ကော"

ကျွန်တော့် မေးခွန်းကို သူက အဓိပ္ပာယ်ပါပါနဲ့ ပြုံးရုံပဲ ပြုံးပြတယ်။

"ဥက္ကဌ ရာထူးဆိုတာ အထီးကျန်စရာ ကောင်းတဲ့ နေရာတစ်ခုပဲ"

ဥက္ကဌ လင် က ကျွန်တော့်ကို လက်ညှိုးထိုးပြတယ်။

"မင်းအတွက်ကော အတူတူပဲ မဟုတ်ဘူးလား"

"ကျွန်တော့်မှာ တက်ဂယူ ရှိတာပဲလေ"

"ကောင်းတာပေါ့။ အတူတူ သောက်ပေးမယ့် လူရှိတာက စိတ်သက်သာရာ ရစေတာပေါ့"

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်"

သူ့ရဲ့ စကားသံထဲမှာ တကယ်ကြီး အားကျနေတာကို ကျွန်တော် ခံစားမိလိုက်တယ်။

"စီနီယာက အရက်သောက်ရတာ ဝါသနာပါလား"

"အရက်က သောက်တော့ သောက်နိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မသောက်ဘူး"

ဥက္ကဌ လင်ဂျင်ယုံ က သူ့ရဲ့ ဖန်ခွက်ကို ကျွန်တော့်ဘက် ကမ်းပေးပြီး အရက်ငှဲ့ပေးတယ်။

"စကော့တလန် စကားပုံတစ်ခု ရှိတယ်။ ကမ္ဘာပေါ်မှာ မကောင်းတဲ့ ဝီစကီဆိုတာ မရှိဘူး။ ကောင်းတဲ့ ဝီစကီနဲ့ ပိုကောင်းတဲ့ ဝီစကီပဲ ရှိတာတဲ့"

"အတော်ကောင်းတဲ့ စကားပုံပဲနော်"

"ဒါပေမဲ့ ဘယ်လောက်ပဲ ကောင်းတဲ့ ဝီစကီ ဖြစ်ပါစေ ကိုယ်နဲ့ စိတ်မတူ ကိုယ်မတူတဲ့ လူနဲ့ အတူတူ သောက်ရရင်တော့ ဈေးပေါတဲ့ ဗော့ဒကာ ထက်တောင် ပိုဆိုးသလို ခံစားရတတ်တယ်"

ကျွန်တော်တို့ ဘေးချင်းယှဉ်ထိုင်ပြီး သောက်နေခဲ့ကြတယ်။ မြည်းစရာ အမြည်းလည်း ဘာမှမရှိဘူး။ သူက မဝယ်နိုင်လို့တော့ မဟုတ်ပါဘူး။ အရက်သောက်ရင် အမြည်းမစားတတ်တဲ့ လူမျိုး ဖြစ်လို့ ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အခုလေးတင် ထမင်းစားလာတာမလို့ ဗိုက်ပြည့်နေပြီလေ။

ဥက္ကဌ လင် က အဓိက အကြောင်းအရာကို စကားစလာတယ်။

"သမ္မတ ပတ်ဆီဟျွန်း ကတော့ သူ့ရဲ့ ဓားကို သေချာ ထုတ်လိုက်တဲ့ ပုံပဲ"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"စီနီယာ ပြောပုံအရဆိုရင် အဲဒီဓားက ကျွန်တော့်ဆီ ဦးတည်နေတဲ့ ပုံပဲနော်"

သူက လွတ်နေပြီဖြစ်တဲ့ ဖန်ခွက်ကို လက်ချောင်းနဲ့ လှည့်နေရင်း ပြောတယ်။

"တကယ်လို့ ရိုနယ် သာ ဝါရှင်တန်ကို ထိန်းချုပ်နိုင်ခဲ့ရင် ပတ်ဆီဟျွန်းက အသက်ရှူအောင့်ပြီး ငြိမ်နေလောက်မှာ။ ဒါပေမဲ့ အခုတော့ ရိုနယ် ကိုယ်တိုင်လည်း သူ့ကိစ္စတွေနဲ့ သူ အလုပ်ရှုပ်နေရတာလေ"

မဲအပြတ်အသတ် သုံးသန်းကျော်လောက်နဲ့ ရှုံးနေခဲ့တာတောင် ရိုနယ်က အိမ်ဖြူတော်ကို ရအောင် ယူနိုင်ခဲ့ပေမယ့် လွှတ်တော်ကိုတော့ မထိန်းချုပ်နိုင်ခဲ့ဘူး။ အောက်လွှတ်တော်ရော အထက်လွှတ်တော်ကိုပါ ဒီမိုကရက်တစ် ပါတီကပဲ ခိုင်ခိုင်မာမာ ရရှိထားတာပါ။

အများပြည်သူရဲ့ ထောက်ခံမှုသာ သူ့ဘက်မှာ ရှိနေရင် တစ်မျိုးပေါ့၊ ဒါပေမဲ့ လောလောဆယ် ရိုနယ် ရဲ့ ထောက်ခံမှုနှုန်းက ရီပတ်ဘလစ်ကန် ပါတီထက်တောင် နိမ့်ကျနေပါတယ်။

ပါတီတိုင်းမှာတော့ အဓိက အုပ်စုနဲ့ အစွန်းထွက် အုပ်စုဆိုပြီး ရှိကြတာပဲ။

ဒီမိုကရက်တစ် ပါတီမှာ မျိုးဆက်နဲ့ချီပြီး သစ္စာရှိခဲ့တဲ့ နိုင်ငံရေး မျိုးရိုးက ဆင်းသက်လာတဲ့ ဒိုင်ယန် ကတော့ သဘာဝကျကျပဲ ပါတီရဲ့ အဓိကလူထဲ ပါဝင်တာပေါ့။

အခြားတစ်ဖက်မှာတော့ နိုင်ငံရေးလောကထဲကို အသစ်ဝင်လာတဲ့ ရိုနယ် က ရီပတ်ဘလစ်ကန် ပါတီထဲမှာတော့ လုံးဝ အပြင်လူတစ်ယောက် အဖြစ် သတ်မှတ်ခံထားရတာပါ။ သူ့ရဲ့ မူဝါဒတွေက ရီပတ်ဘလစ်ကန်တွေရဲ့ ရိုးရာ တန်ဖိုးထားမှုတွေနဲ့ သိသိသာသာ ကွဲလွဲနေပါတယ်။

ရိုနယ် ရဲ့ ပြင်းထန်တဲ့ မူဝါဒ တွန်းအားပေးမှုတွေအပေါ် ရီပတ်ဘလစ်ကန် ပါတီအတွင်းမှာတင် ကြီးမားတဲ့ ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပြောင်းလဲမှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲမှု၊ ကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ မက္ကဆီကို နယ်စပ် တံတိုင်း တည်ဆောက်ရေး အပါအဝင် သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေက အခက်အခဲ အများကြီးနဲ့ ရင်ဆိုင်နေရတာပါ။

မူဝါဒတွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ဆိုရင် မိမိပါတီ၊ လွှတ်တော်နဲ့ မီဒီယာတွေကို စဉ်ဆက်မပြတ် စည်းရုံးပြီး ညှိနှိုင်းရမှာပါ။

ဒါပေမဲ့ ရိုနယ် က ဘယ်သူ့ဆီကနေမှ ထောက်ပံ့မှု မတောင်းခံခဲ့ဘူး။ စည်းရုံးမယ့်အစား သူက အတိုက်အခံတွေကို ဆဲဆိုလှောင်ပြောင်တာမျိုးပဲ လုပ်ခဲ့လို့ ကန့်ကွက်မှုတွေက ပိုပြီး ပြင်းထန်လာခဲ့တာပေါ့။

လွှတ်တော်ကလည်း ရှုပ်ထွေးနေတယ်။ သူ့ရဲ့ ထောက်ခံမှုနှုန်းကလည်း ထိုးဆင်းသွားတယ်။ နောက်ဆုံး ပါတီရဲ့ စီနီယာ အဖွဲ့ဝင်တွေကပါ သူ့ကို ကျောခိုင်းသွားကြတယ်။ သူကတော့ တကယ့် အကြပ်အတည်း အခြေအနေထဲ ရောက်နေတာပါ။

"သမ္မတပက် ရဲ့ အားနည်းချက်က ဘာလို့ ထင်လဲ"

"PAS မဟုတ်ဘူးလား"

ဥက္ကဌ လင်ဂျင်ယုံ က ခေါင်းညိတ်ပြတယ်။

"အဲဒါက တကယ်ပဲ အရေးကြီးတဲ့ အချက်ပေါ့။ ဒါပေမဲ့ ဒါကို ဖွင့်ချလိုက်ရုံနဲ့ သမ္မတကို ဖြုတ်ချဖို့ လုံလောက်ပါ့မလား"

"......"

"ပါတီတွင်း အကြိုရွေးချယ်ပွဲအကြောင်း ပြောရအောင်။ ကိုရီးယား ပါတီရဲ့ အကြိုရွေးချယ်ပွဲမှာ အောင်မြင်သွားတာနဲ့ သမ္မတ ဖြစ်ဖို့ လမ်းစက အလိုအလျောက် ပွင့်သွားသလိုပဲလေ"

ကျွန်တော်လည်း သဘောတူတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

"အခြေအနေက အဲဒီလို ဖြစ်သွားတာပါပဲ"

သမ္မတ ရွေးကောက်ပွဲကတော့ အပြတ်အသတ် အောင်မြင်မှု ရခဲ့တာပေါ့။ ပတ်ဆီဟျွန်း က တိုက်ရိုက် ရွေးကောက်ပွဲ စနစ် ကျင့်သုံးပြီးနောက်ပိုင်း ပထမဆုံး မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ လူ ဖြစ်လာခဲ့တယ်။

"ရလဒ်အနေနဲ့ အကြိုရွေးချယ်ပွဲတုန်းက အပြိုင်အဆိုင်တွေက အရမ်း ပြင်းထန်ခဲ့တယ်။ PAS အကြောင်းကိုလည်း အဲဒီတုန်းက အတိုက်အခံ တစ်ယောက်က အရင်ဆုံး ဖွင့်ချခဲ့တာ"

ဒါ့အပြင် ကြီးမားတဲ့ ကော်ပိုရေးရှင်းတွေနဲ့ ပူးပေါင်းကြံစည်မှု၊ နာမည်လွှဲနဲ့ ပိုင်ဆိုင်မှုတွေ၊ လျှို့ဝှက် ရန်ပုံငွေတွေ၊ အလွဲသုံးစားမှုတွေ စတဲ့ ပြဿနာတွေ အများကြီး ရှိခဲ့တာပါ။ ပြဿနာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ဒီအရာတွေထဲက ဘာတစ်ခုမှ သူ သမ္မတ ဖြစ်လာဖို့အတွက် အဟန့်အတား မဖြစ်ခဲ့ဘူး။

"ပြည်သူတွေက ပတ်ဆီဟျွန်း ရဲ့ အကျင့်ပျက် ခြစားမှုတွေကို တကယ်ပဲ မသိခဲ့ကြတာလား။ ဒါမှမဟုတ် သိလျက်နဲ့ပဲ မျက်ကွယ်ပြုခဲ့ကြတာလား"

တရားစွဲဆိုရေး အဖွဲ့က သူ့မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပေမယ့် ပတ်ဆီဟျွန်း က လုံးဝ သန့်ရှင်းတယ်လို့ တကယ် ယုံကြည်တဲ့လူကတော့ အနည်းစုပဲ ရှိမှာပါ။

ဒီလို ဖြစ်နေတာတောင် ပြည်သူတွေက နောက်ဆုံးတော့ ပတ်ဆီဟျွန်း ကိုပဲ ရွေးချယ်ခဲ့ကြတယ်။

ရိုးသားပေမယ့် အရည်အချင်းမရှိတဲ့ ခေါင်းဆောင်ထက်စာရင် အားနည်းချက် နည်းနည်း ရှိပေမယ့် တော်တဲ့ ခေါင်းဆောင်ကိုပဲ ပိုသဘောကျကြလို့လား မသိဘူး။

"လူတွေက သူတို့ မြင်ချင်တာကိုပဲ မြင်ကြတာ။ PAS နဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုတွေကို ဖွင့်ချတာလည်း အတူတူပဲ"

ပေါ်ထွက်လာတဲ့ အရှုပ်တော်ပုံတွေက ရေတွက်လို့တောင် မရပါဘူး။ တချို့ဆိုရင် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ရဲ့ တရားမဝင် စောင့်ကြည့်မှုတွေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲထဲ ဝင်ရောက် စွက်ဖက်မှုတွေလိုမျိုး အစိုးရအဖွဲ့ကိုတောင် တုန်လှုပ်စေနိုင်တဲ့ ကိစ္စတွေ ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အမှုအများစုကတော့ စုံစမ်းစစ်ဆေးခြင်းတောင် မခံရဘဲ၊ စုံစမ်းစစ်ဆေးရင်တောင် ရလဒ်တွေက တစ်ဦးတစ်ယောက်ရဲ့ အပြုအမူ အမှားအဖြစ်နဲ့ပဲ အလွယ်တကူ ပယ်ချခံလိုက်ရတာ များပါတယ်။

"သမ္မတ ပတ်ဆီဟျွန်း ကတော့ ရန်ငြိုးကို ဘယ်တော့မှ မမေ့တတ်တဲ့ လူစားမျိုးပဲ။ သူ သမ္မတ ဖြစ်ပြီးတာနဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ မင်းလည်း သိမှာပါ"

ပြင်းထန်တဲ့ အကြိုရွေးချယ်ပွဲအပြီးမှာ ပတ်ဆီဟျွန်း က အတိုက်အခံတွေကို လက်ခံမယ့် ပုံစံမျိုး ပြသခဲ့တယ်။ သူ သမ္မတ ဖြစ်ဖို့အတွက် တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရဖို့ လိုအပ်ခဲ့တာကိုး။

ဒါပေမဲ့ ရွေးကောက်ခံရပြီးတာနဲ့ အဲဒီ အုပ်စုတွေက မလိုအပ်တော့ဘူးလေ။

အထွေထွေ ရွေးကောက်ပွဲက သမ္မတ ရွေးကောက်ပွဲအပြီး တစ်နှစ်တောင် မပြည့်ခင်မှာ ကျင်းပခဲ့တာပါ။ သမ္မတရော ပါတီရဲ့ ထောက်ခံမှုနှုန်းကပါ ထိုးတက်နေတဲ့ အချိန်မလို့ လွှတ်တော် အမတ်နေရာတွေအတွက် အမည်စာရင်း တင်သွင်းဖို့က လွယ်ကူခဲ့တယ်။

ဒီအတောအတွင်းမှာ ပတ်ဆီဟျွန်း က အတိုက်အခံ လွှတ်တော် အမတ်တွေကို အမည်စာရင်းကနေ ဖယ်ထုတ်ပြီး ရှင်းလင်းပစ်ခဲ့တယ်။ ပါတီရဲ့ စီနီယာ အဖွဲ့ဝင်တွေတောင် ချန်လှပ်တာ မခံခဲ့ရဘူး။ သူတို့ကို အမည်စာရင်း မသွင်းတာမျိုး ဒါမှမဟုတ် မဟာဗျူဟာမြောက် ရွေးချယ်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ ခက်ခဲတဲ့ မဲဆန္ဒနယ်တွေထဲကို အတင်း တွန်းပို့ခဲ့တာမျိုး လုပ်ခဲ့တယ်။ သူတို့အတွက်ကတော့ ပါတီကနေ ထွက်ပြီး တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်ဖို့ပဲ လမ်းရှိတော့တာလေ။

အဲဒီလုပ်ရပ်က ဘယ်လောက်အထိ ဆိုးရွားလဲဆိုရင် "အမည်စာရင်း သတ်ဖြတ်ပွဲ" ဆိုတဲ့ စကားလုံးတောင် ပေါ်လာခဲ့ရတဲ့အထိပဲ။

ဆန့်ကျင်ဘက် အနေနဲ့ သူ့ရဲ့ ထောက်ခံသူတွေကိုတော့ အဓိက နေရာတွေမှာ သေသေချာချာ ခန့်အပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကိုရီးယား ပြည်သူ့ပါတီကတော့ အခြေခံအားဖြင့် ပတ်ဆီဟျွန်း ရဲ့ ကိုယ်ပိုင်ပါတီလို ပုံစံမျိုး ဖြစ်သွားခဲ့တာပေါ့။

"အာဏာရလာပြီးတဲ့နောက် ပတ်ဆီဟျွန်း က အဓိက အလုပ် နှစ်ခုကိုပဲ အာရုံစိုက်ခဲ့တယ်"

တစ်ခုကတော့ ရဲတပ်ဖွဲ့၊ တရားစွဲဆိုရေး အဖွဲ့၊ အမျိုးသား ထောက်လှမ်းရေး အဖွဲ့နဲ့ အမျိုးသား အခွန်ဦးစီးဌာန ဆိုတဲ့ အဓိက စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်း လေးခုကို ထိန်းချုပ်တဲ့အလုပ်ပါ။ နောက်တစ်ခုကတော့ မီဒီယာတွေကို ထိန်းချုပ်တဲ့အလုပ်ပါ။

သူက နိုင်ငံပိုင် ရုပ်သံလွှင့် အဖွဲ့အစည်းတွေ အပါအဝင် အမျိုးသား ရုပ်သံလွှင့် လုပ်ငန်းတွေရဲ့ အကြီးအကဲ အားလုံးကို သူ့ရဲ့ လူတွေနဲ့ အစားထိုးခဲ့ပြီး ရုပ်သံလိုင်း ချထားပေးမှုတွေကို ထိန်းချုပ်ကာ ကွန်ဆာဗေးတစ် မီဒီယာတွေကို စီမံခန့်ခွဲခဲ့တယ်။

အစိုးရရဲ့ အမှားတွေကို ဝေဖန်ခဲ့ကြတဲ့ မီဒီယာတွေကတော့ အစိုးရ သက်တမ်း အစောပိုင်းမှာတင် အသံတိတ်သွားခဲ့ကြပြီး အစိုးရရဲ့ သစ္စာရှိ လက်ကိုင်တုတ်တွေ ဖြစ်လာခဲ့ကြတာပေါ့။

အင်တာနက် မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေ ပေါ်လာတာကြောင့် အချက်အလက် အားလုံးကို ဖုံးကွယ်ထားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဓိက မီဒီယာတွေကတော့ အသံတိတ်နေကြသလို ဒါမှမဟုတ် မတူညီတဲ့ အမြင်တွေကို ထုတ်ဖော်ပြီး လက်တွေ့အမှန်တရား အဖြစ်အပျက်တွေကို ပြန်လည် ပြင်ဆင်ရေးသားကာ အမှန်နဲ့ အမှားကြားက စည်းကို ဝေဝါးသွားအောင် လုပ်နိုင်ကြတယ်။

တရားစီရင်ရေးနဲ့ မီဒီယာတွေက သူတို့ရဲ့ အခန်းကဏ္ဍကို သေချာ မလုပ်ဆောင်နိုင်ကြတော့ဘဲ တရားမဝင် လုပ်ဆောင်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေနဲ့ အစိုးရရဲ့ အမှားတွေ အားလုံးက မြုပ်ကွယ်သွားခဲ့ရတယ်။ သမ္မတ ပတ်ဆီဟျွန်း ကတော့ သူ့ရဲ့ သက်တမ်း ကုန်ဆုံးခါနီးအထိ မြင့်မားတဲ့ ထောက်ခံမှုနှုန်းကို ထိန်းထားနိုင်ခဲ့တာပေါ့။

"အမေရိကန် သမ္မတ ရွေးကောက်ပွဲတုန်းက ကုမ္ပဏီ အများကြီးက ဒီမိုကရက်တွေဘက်က ရပ်တည်ခဲ့ကြပြီး တချို့ စီအီးအိုတွေက ရိုနယ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ကြတယ်။ CNN နဲ့ NBCတို့ကလည်း သူနဲ့ ပွင့်ပွင့်လင်းလင်း ငြင်းခုံခဲ့ကြတယ်။ တကယ်လို့ ကိုရီးယားမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ မီဒီယာတွေက အဲဒီလိုမျိုး လုပ်ရင် ဘာဖြစ်သွားမလဲ ထင်လဲ"

"အင်း။ သူတို့အတွက်တော့ ကောင်းမှာ မဟုတ်ဘူးပေါ့"

"ကိုရီးယားက အမေရိကန်နဲ့ မတူဘူး။ နိုင်ငံရေး အာဏာက ဈေးကွက်ကို ကစားနေတဲ့ အခြေအနေမျိုးမှာတော့ လုပ်ငန်းစုကြီးတွေတောင် နိုင်ငံရေးသမားတွေနဲ့ အဆင်မပြေရင် စီးပွားရေး လုပ်လို့ မရတော့ဘူး"

"အဲဒါက အားနည်းချက်တစ်ခု ဖြစ်နေတာ မဟုတ်ဘူးလား"

ဥက္ကဌ လင်ဂျင်ယုံ က ဒါကို ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်တယ်။

"မှန်ပါတယ်။ အဲဒါကြောင့်ပဲ လုပ်ငန်းစုကြီးတွေက နိုင်ငံရေး ရန်ပုံငွေ အကြောင်းပြချက်နဲ့ ငွေအမြောက်အမြား လှူဒါန်းခဲ့ကြတာပေါ့။ ပတ်ဆီဟျွန်း နဲ့ သူ့ရဲ့ လူယုံတွေကို သူတို့ ဘယ်လောက်အထိ ပေးခဲ့ကြလဲလို့ မင်း ထင်လဲ"

"လာဘ်ပေးလာဘ်ယူ လုပ်တာက ရာထူးကနေ ဖယ်ရှားဖို့ အကြောင်းပြချက် ဖြစ်မနေဘူးလား"

လင်ဂျင်ယုံ က ခပ်တိုးတိုး ရယ်လိုက်တယ်။

"လာဘ်ပေးတာကို လက်ခံတဲ့လူရော၊ လာဘ်ပေးတဲ့လူပါ နှစ်ယောက်လုံးမှာ အပြစ်ရှိကြတာပဲမလား"

"......"

ဒါကြောင့်မလို့လည်း ပါဝင်ပတ်သက်သူ အားလုံးက မဖြစ်မနေ အသံတိတ်နေကြရတာပေါ့လေ။

ဆိုဆောင်း အုပ်စု လည်း လုပ်ငန်းလောကမှာ ထိပ်ဆုံးက ဖြစ်နေတာမလို့ တော်တော်များများ ပေးခဲ့ရမှာ အသေအချာပါပဲ။

ကိုရီးယားမှာ သမ္မတက ဘယ်လောက်အထိ အကန့်အသတ်မရှိ အာဏာတွေ ရထားလဲဆိုတာကို ကျွန်တော် ရုတ်တရက် သတိပြုမိသွားတယ်။ စိတ်သက်သာရာ ရစရာ တစ်ခုထဲသော အချက်ကတော့ သက်တမ်းက ငါးနှစ်ပဲ ကန့်သတ်ထားတာပါ။

"နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့ ပြောင်းသွားမလား"

"ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုခု မဖြစ်ခဲ့ရင်တော့ သမ္မတ ပတ်ဆီဟျွန်း အမည်စာရင်း တင်သွင်းတဲ့ ဆက်ခံသူကပဲ နိုင်ဖို့ များတယ်"

ပတ်ဆီဟျွန်း ကတော့ အာဏာကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်တာ သေချာပါတယ်။ သူ အနားယူပြီးရင်တောင် ဆက်ပြီး သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားမှာပါ။

"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

ဥက္ကဌ လင်ဂျင်ယုံ က သူ့ရဲ့ မျက်မှန်ကို ပြင်လိုက်ရင်း စကားပြောလာတယ်။

"အစိုးရအဖွဲ့နဲ့ တိုက်ခိုက်လို့ ဘာမှ အကျိုးအမြတ် မရှိပါဘူး၊ ပြန်လည် သင့်မြတ်တာကပဲ ပညာရှိရာ ရောက်လိမ့်မယ်။ တကယ်လို့ လိုအပ်ရင် ငါ ကြားထဲကနေ ကူညီပေးလို့ရတယ်"

"ပြန်လည် သင့်မြတ်တာဟုတ်လား..."

တခြား လုပ်ငန်းစုကြီးတွေလိုပဲ ခေါင်းငုံ့ပြီး ပိုက်ဆံပေးလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာလား။

OTK Company က အမေရိကန်မှာ အခြေစိုက်တာမလို့ ပြဿနာ ဖြစ်လာရင် အဲဒီကိုပဲ အလွယ်တကူ ရွှေ့လိုက်လို့ ရတယ်။ ဒါပေမဲ့ K Company က ကိုရီးယား လုပ်ငန်းတစ်ခု ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေ အားလုံးကလည်း ကိုရီးယားမှာပဲ ရှိနေတာလေ။

ငါက ကိုရီးယားမှာ စီးပွားရေး လုပ်နေရုံနဲ့ လိုက်လျောပေးရမှာလား။

ခဏလောက် တွေးပြီးတဲ့နောက် ကျွန်တော် ခေါင်းခါလိုက်တယ်။

"ကျွန်တော် စိတ်မဝင်စားဘူး"

သူတို့က အရင်ဆုံး စပြီး လှုပ်ရှားခဲ့တာလေ။ အဲဒါကြောင့်ပဲ ကျွန်တော်လည်း အများကြီး ရင်ဆိုင်ခဲ့ရတယ်။ တက်ဂယူ တောင်မှ ဆိုးရွားတဲ့ အခြေအနေထဲ ရောက်ခဲ့ရသေးတာ။

"ဒီကိစ္စက ဒီအတိုင်းတော့ ပြီးသွားမှာ မဟုတ်ဘူး"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"အဲဒီလို ကြားရတာ ဝမ်းသာပါတယ်။ ကျွန်တော်လည်း ဒါကို ဒီအတိုင်း လက်လွှတ်ဖို့ စိတ်ကူးမရှိဘူး"

ကိုယ့်အပေါ် လုပ်ခဲ့တဲ့ အရာတွေအတွက် အဆပေါင်းများစွာ ပြန်ပြီး ပေးဆပ်စေရမယ်။

All Chapters