← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈)

ထိုမိစ္ဆာဆန်လှသော တစ္စေလက်သည်းသည် ရှောင်ရှန်း၏ ဆံပင်များကို ထိမိတော့မည့် အခိုက်အတန့်မှာပင် ၊

“ရှလွတ်... ရှလွတ်..”

ရှောင်ရှန်းတစ်ယောက် အိပ်မက်ထဲတွင် အကောင်းဆုံး အစားအစာများကို မြိန်ရယ်ယှက်ရယ် စားသောက်နေဟန်ရသည်။

သွားရည်များက သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာပြီး ခေါင်းအုံးပေါ်သို့ ကျရောက်သွားသည်။

ထိုအချိန်မှာပင် အနီရောင်ကြိုးဖြင့် ချည်နှောင်ထားသော ထိုအမည်းရောင် ကျောက်စိမ်းပြားလေးမှ နွေးထွေးသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အလွန် သန့်စင်လှသော စွမ်းအင်တစ်ခုသည် သူ၏ သွေးကြောများအတိုင်း ခန္ဓာကိုယ်တစ်ခုလုံးသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားခဲ့သည်။

သန့်စင်ပြီး မြင့်မြတ်သော အရှိန်အဝါတစ်ခုသည် ရှောင်ရှန်း၏ ခန္ဓာကိုယ်ထဲမှ အပြင်ဘက်သို့ ပြင်းထန်စွာ ဖြာထွက်လာခဲ့သည်။

ဤအရှိန်အဝါသည် သာမန်လူသားများအတွက် အန္တရာယ်မရှိသလို သက်ရှိအားလုံးကို မထိခိုက်စေနိုင်သော်လည်း ၊ သို့သော် “ဝိညာဉ်ရှာ တစ္စေလက်သည်း” ကဲ့သို့သော မိစ္ဆာအတတ်များအပေါ်တွင် နှိမ်နင်းနိုင်သော အရာ ဖြစ်နေခဲ့သည်။

“ဖူး”

ထိုအမည်းရောင်အငွေ့များ ရစ်ပတ်နေသော တစ္စေလက်သည်းသည် နေရောင်ခြည်ကြောင့် အရည်ပျော်ကျသွားသော နှင်းပွင့်များပမာ ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုရွှေအမြုတေအဆင့်ရှိ လုပ်ကြံသူမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။

လူတစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားပြီး နံရံကို ပြင်းထန်စွာ ဆောင့်မိသွားသည်။ သွေးများက လည်ချောင်းထဲထိ ရောက်ရှိလာခဲ့ရာ သူသည် ပြင်းထန်သော အတွင်းဒဏ်ရာ ရရှိသွားခဲ့သည်မှာ သေချာသည်။

သူ၏ မျက်နှာထက်တွင် အထင်သေးမှုများ လုံးဝမရှိတော့ဘဲ ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများသာ ကျန်ရှိတော့သည်။

‘ဒါ သူ့ကို ကာကွယ်ပေးထားတဲ့ တာအိုစည်းချက်တွေလား…’

‘ဒါ …ဒါက သာမန်လူသားတစ်ယောက်လား၊ ဒါက သူ့ရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းလို့ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိနေပြီပဲ…’

‘ သူ့ရဲ့ အရှိန်အဝါဟာ ကောင်းကင်နဲ့ မြေကြီးနဲ့ တစ်သားတည်းတောင် ဖြစ်နေပြီ ၊ သူဟာ ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်ထူးကြီးပဲ’

မိမိသည် ဤကဲ့သို့သော ပုဂ္ဂိုလ်ထူးကြီးကို လုပ်ကြံခဲ့မိလေသလော။

လုပ်ကြံသူမှာ ဒဏ်ရာရရှိသွားပြီး၊ သူ၏ အရှိန်အဝါများ ပေါက်ကြားသွားသည့် စက္ကန့်ပိုင်းမှာပင် ၊

နန်းတော်အတွင်း၌ အားကောင်းလှသည့် အရှိန်အဝါ နှစ်ခုသည် တစ်ချိန်တည်းမှာပင် လှုပ်ရှားလာကြသည်။

တော်ဝင်အစောင့်တပ်စခန်းတွင် ကျင့်ကြံအားထုတ်နေသော စစ်သေနာပတိချုပ် ချင်ချန်းသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး စူးရှသော အကြည့်များဖြင့် အရှေ့နန်းဆောင်ဘက်သို့ စိုက်ကြည့်လိုက်သည်။

“ အတင့်ရဲလှချည်လား ”

တစ်ချိန်တည်းမှာပင် ချန်ယွမ်နန်းဆောင်၏ အနက်ရှိုင်းဆုံး လျှို့ဝှက်အခန်းတစ်ခုအတွင်း၌၊

ဧကရာဇ်မင်း ရှောင်ယွမ်၏ နောက်တွင် အမြဲတမ်း ရပ်နေလေ့ရှိသော ထိုဝတ်ရုံနက်လူသည်လည်း ဖြည်းညင်းစွာ ခေါင်းမော့လာပြီး ၊ သူ၏ မျက်လုံးများသည် နန်းတော်တံတိုင်းများကို ထိုးဖောက်၍ ကြည့်ရှုနေဟန် ရသည်။

“အလွန်ကို သန့်စင်တဲ့ တာအိုစွမ်းအင်ပါ့လား”

လုပ်ကြံသူသည် ကြောက်ရွံ့သွားပြီး မိမိကိုယ်ကိုယ် အခြေအနေ မဟန်တော့ကြောင်း သိရှိလိုက်သည်။ ယခု ချက်ချင်း မထွက်ခွာပါက သူသည် သေချာပေါက် သေဆုံးရပေတော့မည်။

သူသည် နောက်ထပ် ဘာမျှမစဉ်းစားဝံ့တော့ဘဲ ဒဏ်ရာများကို အောင့်အည်းသည်းခံကာ အမည်းရောင်အငွေ့တစ်ခုအဖြစ် ပြောင်းလဲ၍ နန်းတော်ပြင်ပသို့ အသက်လုကာ ထွက်ပြေးသွားတော့သည်။

“ ဝှစ်”

ချင်ချန်း၏ ပုံရိပ်သည် အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ တခဏချင်းအတွင်းမှာပင် အရှေ့နန်းဆောင်၏ အိပ်ဆောင်သို့ ရောက်ရှိလာခဲ့သည်။

သူသည် တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ရာ အခန်းသည် ထူးဆန်းစွာဖြင့် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်။

လေထုထဲတွင် ခပ်ဖျော့ဖျော့ မိစ္ဆာအရှိန်အဝါအချို့ ကျန်ရှိနေသေးပြီး ခုတင်တိုင်ပေါ်တွင်လည်း မီးခိုးနက်များ ထွက်ပေါ်နေဆဲ ဖြစ်သည့် အပေါက်ငယ်လေးတစ်ခု ရှိနေသည်။

သို့သော် အဖြစ်အပျက်၏ အဓိက ဇာတ်မင်းသားကြီး သာရှမင်းဆက်၏ အိမ်ရှေ့စံမင်းသားမှာ စောင်ကို လိပ်ကာ ခွဖက်ထားပြီး ဂလော ဂလောဖြင့် အိပ်ကောင်းနေဆဲပင်။ သူသည် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို ဘာမျှ သိရှိပုံမရချေ။

ချင်ချန်းသည် နေရာတွင် ရပ်နေပြီး အလွန် အေးချမ်းစွာ အိပ်ပျော်နေသော မျက်နှာကို ကြည့်လိုက် ၊ ခုတင်တိုင်ပေါ်ရှိ ထိတ်လန့်ဖွယ်ရာ အပေါက်နက်ကို ပြန်ကြည့်လိုက်ဖြင့် သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် တစ်ခါမျှ မကြုံဖူးသေးသော တုန်လှုပ်ခြောက်ခြားမှုနှင့် ဝေခွဲမရမှုများက မျက်လုံးထဲတွင် အတိုင်းသား ရှိနေခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်းတွင် အရှေ့နန်းဆောင် အိပ်ဆောင်အတွင်းရှိ လေထုမှာ အတော်လေး ပြင်းထန်လေးနက်နေသည်။

ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်နှာမှာ အလွန် လေးနက်စွာဖြင့် ရှိနေပြီး ထိုင်ခုံတွင် ထိုင်နေသည်။

စစ်သေနာပတိချုပ် ချင်ချန်းသည် စစ်ဝတ်စုံအပြည့်ဖြင့် ရှိနေပြီး၊ ဓားရိုးကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ သွေးချောင်းစီးစေနိုင်သည့် သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။

စူးဝမ်ချင်သည် ရှောင်ရှန်း၏ ခုတင်ဘေးတွင် ဒူးထောက်ကာ ကြမ်းပြင်ပေါ်တွင် ကျန်ရစ်နေခဲ့သော အမည်းကွက်လေးကို သေသေချာချာ စစ်ဆေးနေသည်။

“ဒါ မှော်နက်ဂိုဏ်းရဲ့ ဝိညာဉ်ရှာ တစ္စေလက်သည်းပဲ”

စူးဝမ်ချင်သည် မတ်တပ်ရပ်လိုက်ပြီး၊ သူမ၏ မျက်နှာအမူအရာမှာ အတော်လေး တင်းမာလေးနက်နေခဲ့သည်။

“ ဒီအတတ်က အလွန်ကို ရက်စက်ယုတ်မာလွန်းတယ် အကယ်၍သာ…”

သူမသည် စကားကို ခဏမျှ ရပ်တန့်လိုက်ပြီး၊ သူမ၏ လှပသော မျက်ဝန်းထဲတွင် နက်ရှိုင်းလှသော ဝေခွဲမရမှုနှင့် တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။

“အကယ်၍သာ ဒီနေရာမှာ အလွန်အားကောင်းပြီး သန့်စင်မြင့်မြတ်တဲ့ အရှိန်အဝါတစ်ခု ကျန်ရှိမနေဘဲ အဲဒီအဆိပ်ငွေ့ကို အလုံးစုံ ချေဖျက်ပြီး မသန့်စင်နိုင်ခဲ့ရင် အကျိုးဆက်ကတော့….”

အကျိုးဆက်ကို ဆက်ပြောရန်ပင် မလိုတော့ချေ။

All Chapters