← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁) - တောအုပ်ထဲမှ ပူးပေါင်းကြံစည်မှု

သူရိယ တေဇာနိုင်ငံတော်

တိမ်စန္ဒာမြို့တော်

စိမ်းစိုနေသော တောင်ထွတ်များသည် ပတ်ဝန်းကျင်ရှိ ပတ်ပတ်လည် တိမ်တိုက်များအကြားတွင် ထင်ရှားစွာ ပေါ်ထွက်နေခဲ့သည်။ ထူထပ်သော သစ်ပင်ကြီးများသည် မြင့်မားသော တောင်စောင်းများ တစ်လျှောက် ဖုံးအုပ်ထားကာ လေအဝှေ့တွင် ယိမ်းထိုးနေကြသည်။ မိုးသောက် အာရုဏ်တက်ချိန်တွင် တောင်းတန်း သစ်ပင်များသည် ငြိမ်သက်အေးချမ်းကာ တိတ်ဆိတ်နေသကဲ့သို့ ထင်ရသည်။

သို့သော် ဝေးလံကာ လူသူကင်းမဲ့သော တော်နက်ကြီးထဲတွင် ရက်စက်ကြမ်းကြုတ်ကာ သွေးလွှမ်းနေသော မြင်ကွင်းတစ်ခု ခဏတာအတွင်း ပေါ်ပေါက်လာခဲ့သည်။ အကောင်းဆုံး သော နူးညံ့သည့် ပိုးသားဖြင့် ပြုလုပ်ထားသော အကျီအား ဝတ်ဆင်ထားသော ကောင်မလေး တစ်ယောက်အား သန်မာ ထွားကြိုင်းလှသော လူ နှစ်ယောက်က လက်နောက်ပြန်ချိုးကာ ဒူးထောက်သော အနေအထားဖြင့် ချုပ်ကိုင်ထားခဲ့သည်။ သူမ၏ ဦးခေါင်းသည် ငိုက်ကျနေခဲ့ပြီး သတိရရုံမျှသာ ရှိနေခဲ့ကာ သူမ၏ ရှုပ်ပွနေသော ဆံပင်များ သည် မျက်နှာပေါ်တွင် ဝဲကျနေခဲ့ကာ စီးကျလာသော သွေးများဖြင့် သူမ၏ မျက်နှာ တစ်ခုလုံး လျင်မြန်စွာ စိုရွဲသွားတော့သည်။ နီရဲနေသော သွေးများသည် သူမ၏ ဆံပင်များမှ စကာ မြေကြီဂပေါ်သို့ တစ်စက်ချင်း စီးကျနေခဲ့ပြီး မြေကြီးအတွင်း ဖြေးညှင်းစွာ စိမ့်ဝင်သွားခဲ့သည်။

ချည်းကပ်လာသော ခြေသံများ ကြားသောအခါ ဆိုးဆိုးရွားရွား အားနည်း​ေနေသော ကောင်မငယ်လေးသည် အံတင်းတင်းကြိတ်ကာ သူမ၏ ဦးခေါင်းအား မော့လိုက်ချိန်တွင် သူမ၏ သွေးလွှမ်းနေသော မျက်နှာ ပေါ်ထွက်လာခဲ့သည်။ ထိုမျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ကာ ဓားဖြင့် မျက်နှာ တစ်ခုလုံး မွှန်းထားသကဲ့သို့ ဟက်တက်ကွဲနေခဲ့ကာ သွေးသံတရဲရဲဖြင့် မျက်နှာ တစ်ခုလုံး ရှုပ်ပွနေခဲ့ကာ အလွန် ကြောက်မက် ထိတ်လန့်ဖွယ် မြင်ကွင်း တစ်ခုအား ဖော်ဆောင်နေခဲ့သည်။

“ရှင်ဘယ်သူလဲ ဘာလို့ ကျွန်မကို ဒုက္ခပေးချင်ရတာလဲ”

ထိုကောင်မလေး၏ အသံသည် အလွန်အမင်း အားနည်းနေခဲ့ကာ သူမ၏ လည်ချောင်းထဲမှ တိုးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ သူမသည် သွေးထွက်များသောကြောင့် သတိမမေ့အောင် အတင်းအကျပ် ခုခံနေခဲ့ကာ သူမ၏ မျက်နှာရှေ့တွင် ရှိသော ပါးလွှာသော ပိတ်သား ဖြင့် မျက်နှာအကာအား ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် လှပသော အလှပဂေး တစ်ဦးအား ကြည့်နေခဲ့သည်။

ထို မျက်နှာအကာ ဝတ်ဆင်ထားသော အမျိုးသမီးသည် မိုးသား တိမ်ယောင်ကဲ့သို့ အပြာနုရောင်အား ဝတ်ဆင်ထားကာ တင်ပါးပေါ်မှ မိုးသားပြာရောင် ပန်းပွှားများသည်လည်း တွဲကျနေခဲ့ကာ သူမ ခြေလှမ်းလိုက်တိုင်း ဝတ်စုံသည် လိုက်ဖက်ညီညီ လှပစွာဖြင့် ယိမ်းနွဲ့လှုပ်ရှားနေခဲ့သည်။

ထိုအမျိုးသမီး ၏ ခြေလှမ်းများသည် ဒူးထောက်ကာ ဖိချုပ်ထား ခံရသည့် ကောင်မလေး၏ အရှေ့တွင် ရပ်တန့်သွားခဲ့သည်။ ထိုအမျိုးသမီးသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ကောင်မလေးအား စိန်းစိန်းဝါးဝါး ကြည့်လိုက်ကာ သူမ၏ လှပသော မျက်ဝန်းများအား လခြမ်းသဏ္ဍာန် ပြုံးပြလိုက်ကာ ပြောလိုက်သည်။

“ငါက တန်ခိုးအာဏာ ကြီးမားတဲ့ စစ်သူကြီး ဖုန်းရှောင်ရဲ့ သမီး ဖုန်း အိမ်တော်ရဲ့ အနာဂတ် အမွေဆက်ခံသူ အမျိုးသားကာကွယ်ရေး စစ်ဦးစီးချုပ် စံအိမ်က အကြီးဆုံး သခင်မလေး ဖြစ်သလို နေရောင်ခြည်ဘုရင့်နိုင်ငံတော် ကောင်းကင်ဘုံသားတော် ရဲ့ တတိယမြောက် သားနဲ့ စေ့စပ်ထားတဲ့ သတိုးသမီးလောင်း ဖြစ်တဲ့ ဖုန်းချင်းကဲပဲ “

ရင်းနှီးသော အသံဖြင့် အရှေ့မှ အမျိုးသမီး ပြောလိုက်သော စကားအား ကြားလိုက်ချိန်တွင် ကောင်မလေး၏ မျက်လုံးများ အံ့အားသင့်သွားကာ ပြုးကျယ်သွားခဲ့သည်။

“နင် နင် တကယ်ပဲ ဘယ်သူလဲ ငါကမှ ဖုန်းချင်းကဲ ငါကမှ ဖုန်းချင်းကဲ အစစ် “

စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသောအခါ သူမ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့ကာ အားနည်းလှသော ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။ ဖြူသွယ်သော လက်ကလေးများဖြင့် မျက်နှာအကာအား ဆွဲယူလိုက်ရာ ပါးလွှာသော မျက်နှာအကာသည် ဖြေးညှင်းစွာ လျှောကျလာခဲ့သည်။ နူးညံ့သော ပုံစံဖြင့် ပြိုင်ဘက်ကင်းအောင် လှပသော မျက်နှာ တ်ခုသည် ပေါ်ထွက်လာခဲ့ကာ ကောင်မလေး၏ မျက်လုံးများသ် ပြူးကျယ်သွားခဲ့သည်။ သူမ၏ ရှေ့တွင် ရှိနေသော ရင်းနှီးလွန်းလှသော မျက်နှာအား မြင်လိုက်ရချိန်တွင် ကောင်မလေးသည် ချက်ချင်း ထိတ်လန့်သွား ကာ ပြောစရာ စကားလုံးများပင် မထွက်နိုင်တော့ချေ။

အပြစ်အနာအဆာ ကင်းစင်အောင် လှပသော မျက်နှာသည် အနည်းငယ် မော့လိုက်ကာ မြေပြင်ပေါ်မှ ထိတ်လန့်ကာ အံ့အားသင့်နေသော ကောင်မလေးအား တစ်ချက်ကြည့်လိုက်သည်။ သူမသ၏ အသံသည် မျှော်လင့်ချက်များ ဖြင့် ပြည့်နှက်နေခဲ့ကာ စိတ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်သော အသံဖြင့် ပြောလိုက်သည်။

“ဖုန်းချင်းကဲ ဒီနေ့က စပြီး နင်ပိုင်တဲ့ အမှတ်အသား နင်ပိုင်တဲ့ အဆင့်အတန်း ကုန်ကုန်ပြေရရင် နင်ပိုင်ဆိုင်ထားသမျှ အကုန် ငါယူလိုက်တော့မယ် နင့် အတွက်ကတော့…..”

သူမ၏ အသံသည် ခဏတာ ရပ်တန့်သွားပြီးနောက် ညင်သာစွာ ရီမောလျှက် ဆက်ပြောလိုက်သည်။

“နင်ကဉာဏ်ကောင်းတဲ့ သူပဲလေ ဘာဆက်ဖြစ်မလဲ နင် ခန့်မှန်းကြည့်ပါလား”

ကောင်မလေးသည် သူမ၏ ရှေ့မှ သူသည် မူလအသံဖြင့် ပြောနေသည်ကို ကြားလိုက်ရသောအခါ ဖုန်းချင်းကဲသည် ခဏတာ အေးခြထိတ်လန့်သွားကာ သူမသည် ရုတ်တရက် သူမ၏ ရှေ့မှ သူအား ထိတ်လန့်စွာ အာမေဋိတ်ပြုကာ ပြောလိုက်သည်။

“ရူ.....ရူယွမ်.... နင်…. နင်က စုရူယွမ်”

စုရူယွမ်သည် ဖုန်းချင်းကဲနှင့် အတူတကွ ကြီးပြင်းလာသော မိဘမဲ့ကလေး တစ်ယောက် ဖြစ်သည်။ ဖုန်းချင်းကဲသည် သူမအား လမ်းပေါ်မှ ကောက်ယူလာခဲ့ကာ အမျိုးသားကာကွယ်ရေး စ့အိမ်တော်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ကာ သူမ၏ အဖော်အဖြစ် ထားရှိခဲ့သည်။ ထိုကောင်မလေးသည် ဖုန်းချင်းကဲ၏ အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦး ဖြစ်လာခဲ့ကာ မိုးအောက်မြေပြင် တစ်ခုလုံးတွင် အရာအားလုံး ရင်ဖါင့်လို့ရသည့် ညီအစ်မတစ်ယောက်လို ခင်မင်ရသည့် သူငယ်ချင်း တစ်ယောက်ဖြစ်လာခဲ့သည်။

ထို့ကြောင့် ယခုလို သူမအား ပုံပျက်ပန်းပျက်ဖြစ်အောင် ဖျက်စီးကာ သူမ၏ အမှတ်အသား အဆင့်အတန်းအားလုံးအား ခိုးယူချင်သည့်သူမှာ စုရူယွမ် ဖြစ်နေလိမ့်မည်ဟု မည်သည့်အခါမှ မတွေးမိခဲ့ပေ။

“ဘာလို့လဲ ငါ နင့်အပေါ်ကို ကောင်းကောင်း ဆက်ဆံပေးခဲ့တာပဲ ဘာလို့ ငါ့ကို ဒီလို လုပ်ရတာလဲ “

ထိုသစ္စာဖောက်ခံရသော နာကျင်မှုသည် သူမ၏ နှလုံးသားအား ဓားနှင့် လှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ မျက်နှာ ပျက်စီးသွားကာ သူမ၏ အမှတ်အသားသည်လည်း ခိုးယူခံလိုက်ရကာ မည်သူမှ မသိခင် ပျောက်ကွယ်သွားရတော့မည်ကို တွေးမိလိုက်ချိန်တွင် သူမ၏ နှလုံးသားတစ်ခု အတွင်း အမုန်းမီးတောက်များ တောက်လောင်နေခဲ့ကာ ပေါက်ကွဲထွက်လာခဲ့သလို ခံစားလိုက်ရသည်။

“ဘာလို့လဲ ဟုတ်လား သေချာတာပေါ့ အရာအားလုံး နင် ပိုင်ဆိုင်ထားတာတွေကြောင့်ပေါ့ နင့်ကို အရမ်းချစ်ပြီး အလိုလိုက်လွန်းတဲ့ နင့်အဖိုးနဲ့ အဖေရယ် နင့်ကို ချစ်တဲ့ မာနကြီးတဲ့ နတ်ဘုရားသားတော် ပြီးတော့.....”

သူမသည် မျက်လုံးအား လခြမ်းသဏ္ဍာန် ဖြစ်အောင် ပြုံးလိုက်ကာ မြေပြင်ပေါ်တွင် ရှိနေသည့် ဖုန်းချင်းကဲ အား ကြည့်လိုက်ကာ ပြောလိုက်သည်။

“အဲ့အရာအားလုံး မကြာခင် ငါ့အပိုင်ဖြစ်လာတော့မယ် အဖိုးနဲ့ အဖေရဲ့ ပိုးမွေးသလို အလိုလိုက် ချစ်ခင်တာ ခံရတဲ့ သူ အကိုကြီး မူရုန်ရဲ့ နက်ရှိုင်းပြီး နူးညံ့တဲ့ အျစ်တွေအားလုံး ငါ့အပိုင် ဖြစ်လာတော့မယ်”

All Chapters