သူမသည် နယ်ပယ် အသီးသီးတွင် စွမ်းရည်ထက်မြက်သော ရူးနှမ်းသော ပါရမီရှင်များအား စုစည်းထားသော လျို့ဝှက်ဆန်းကျယ်စွာ ပုန်းကွယ်နေသော ဝိညာဉ်အဖွဲ့အစည်း၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ သူမ၏ အထူးကျွမ်းကျင်မှုသည် ဆေးပညာနှင့် အဆိပ်ပညာတွင် အလွန်ထူးချွန်ကာ လျို့ဝှက် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်သောကြောင့် ကမ္ဘာပေါ်ရှိ လူသားများ အမြင်တွင် သူမသည် ရူးသွပ်ကာ နတ်ဆိုးတစ်ပါး ကဲ့သို့ ရှုမြင်နေခဲ့ရသည်။ တစ်နေ့တွင် မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ကာ ငယ်ရွယ်ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ကောင်မလေး တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည် မွေးဖွားလာခဲ့သည်။ ဘာလဲ မျက်နှာ ဖျက်စီးခံရတယ် အထောက်အထား ဂုဏ်ပုဒ် ခိုးယူခံရတယ် ......မျှော်လင့်ချက်မဲ့နေတဲ့ မိသားစုဆီ ပြန်သွားရမည်။ သူမ၏ ဂုဏ်ပုဒ်ကိုလည်း စွန့်လွတ်နိုင်သည်။ မိသားစုကိုလည်း ကျောခိုင်းနိုင်သည်။ သို့သော် အရင်မူလပိုင်ရှင်ကို ထိခိုက် နာကျင်အောင် လုပ်ခဲ့သောသူကို အကယ်၍ သူတို့အား မတွေးနိုင်တောနိုင်သော နာကျင်မှုများကို ပြန်လည် မခံစားစေနိုင်ခဲ့လျှင် သူမ၏ နတ်ဆိုးဆန်သော ဂုဏ်သတင်းအား မည်ကဲ့သို့ ထိန်းထားနိုင်ပါတော့မည်နည်း။ အဆုံးမဲ့သော ဝရုန်းသုန်းကား အခြေအနေများဖြစ်ပေါ်လာကာ အရာရာကို လွှမ်းမိုးနိုင်စေရန် တိုက်ပွဲများ ဝင်ရန်လိုသည်။ နီရဲသော ဝတ်စုံကို ဝတ်ဆင်ထားကာ ဓားတစ်လက်ဖြင့် ကောင်းကင်ဘုံအား တုန်လှုပ်စေသော စွမ်းအားရှင်များအား မည်ကဲ့သို့ ရင်ဆိုင်ပြီး လောကအား တုန်လှုပ်စေမည်ကို ရှုစားလိုက်ကြပါ။ သူမ၏ အမည် ပင်လယ်ပြင်အား ဖြတ်သန်းကာ ကမ္ဘာကြီးအား အံ့အား တုန်လှုပ်စေခဲ့သည်။

