← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) - တစ်ယောက်ထဲ ဆေးပင်များ ရှာဖွေစုဆောင်းခြင်း

သူမ၏ လက်အတွင်းမှ ဆေးပင်၏ နောက်ဆုံး အရွက်အား ကိုက်လိုက်ပြီးနောက်တွင် ကျန်ခဲ့သော ပင်စည်များအား ဘေးသို့ လွှင့်ပစ်လိုက်သည်။ သစ်ပင်၏ ပင်စည်အောက်ခြေရှိ မြေကြီးတွင် ပေါက်နေသော သစ်မြစ်ဘယ်ရီပင်အား ဂရုတစိုက် တူးဖော်နေစဉ် သူမသည် ဆေးပင်ကိုသာ အာရုံစိုက်ထားသောကြောင့် သူမထံသို့ ဦးတည်ကာ တွားသွားလာနေခဲ့သော အဖြူနှင့် အနက် စပ်ထားသော အဆိပ်ပြင်းသည့် မြွေအား သတိမထားမိခဲ့ပေ။

မြွေသည် သူမနှင့် နီးကပ်လာသည်နှင့် အမျှ သူ၏ ရှည်လျားသော ခန္ဓာကိုယ်ပေါ်တွင် ခေါင်းထောင်လာခဲ့ကာ သူ၏ လျှာနှစ်ခွအား ထုတ်ကာ တဖြေးဖြေး ညင်သာစွာဖြင့် တွန်သံ ပေးလိုက်သည်။ ထိုအချိန်တွင် အဆိပ်ပြင်းသော ထိုမြွေသည် ဖုန်းကျို့၏ ခြေသလုံးအား ပေါက်ရန် ၎င်း၏ မေးရိုးအား ကျယ်ကျယ် ဖွင့်ကာ လှမ်း၍ ကိုက်လိုက်သည်။

ဖုန်းကျို့၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ကာ အေးစက်သော သတ်ဖြတ်ချင်သည့် အငွေ့အသက်များ လွှမ်းခြုံသွားခဲ့သည်။ သူမ၏ မျက်လုံးများသည်လည်း ရုတ်တရက် အေးစက်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

သူမ၏ ခန္ဓာကိုယ်အား လျှင်မြန်စွာ လှည့်ပတ်လိုက်ကာ လက်တစ်ဖက်က မြွေ၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက် ပြီးနောက် ကျန် လက်တစ်ဖက်က မြွေ၏ ခန္ဓာကိုယ် ခုနှစ်လက်မ နေရာတွင် ရှိသော သေကွင်းသေကွက်အား ဖမ်းဆူပ်လိုက်သည်။ သူမ၏ လက်ချောင်းများ တင်းကြပ်လာသည်နှင့် အမျှ ချောက်ကခနဲ မြည်သံဖြင့် ခုနှစ်လက်မနေရာရှိ သေကွင်းသေကွက်အား ဖမ်းဆုပ်ထားသာ လက်ချောင်းများသည် မြွေ၏ ခန္ဓာကိုယ် အတွင်းသို့ နက်နက်နဲနဲ ဝင်ရောက်သွားခဲ့သည်။

“ရှူး.....”

မြွေသည် ကျယ်လောင်စွာ တွန်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် တစ်ဆတ်ဆတ် တုန်သွားခဲ့ကာ မကြာမှီမှာပင် ပျော့ခွေသွားခဲ့သည်။

“အိုး.... ငွေရောင် ကွင်းစွပ်မြွေပါလား.....”

အချိန်ခဏတာအတွင်း အေးစက်သော အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့ကာ အရာရာ စိတ်ခြောက်ခြား ခဲ့သလိုမျိုး ဖြစ်သွားခဲ့သည်။ သူမသည် မြွေအား ကြည့်ကာ ရီမောလိုက်လျှက် သူမ၏ နဂိုမူလ ပုံစံ ဖြစ်သော ပျင်းရိပျင်းတွဲ နိုင်သည့် ပုံစံသို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။

“ငါ တောဝက်တွေကိုလည်း မမြင်မိဘူး ခပ်ဝဝ ယုန်ငယ်လေးလည်း မတွေဘူး ဒိအချိန်မှာ မင်းက ရှိနေတာဆိုတော့ ငါ့ရဲ့ ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ကိုဖြည့်ဖို့ အတွက် မင်းကို ကင်စားရတော့မယ် “

သို့သော် သူမ စကားပြောလိုက်ပြီဂနောက် သူမ၏ အမူအရာနှင့် အပြုံးများသည် အေးခဲသွားခဲ့တော့သည်။ သူမသည် အကြီးမားဆုံး ပြသာနာ တစ်ရပ်အား ရှာတွေ့သွားခဲ့သည်........ မီး မရှိဘူး......

ယခုလို စိုစွတ်ကာ စိုထိုင်းနေသော သစ်ပင်များ အောက်တွင် မီးမွှေးရသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။ သူမတွင် မီးခြစ်လည်း မပါလာခဲ့သလို မီးခတ်ကျောက် နှင့် မီးတိုင်လည်း ပါမလာခဲ့ပေ။ သူမသည်မြွေအား ကင်စားနိုင်တော့မည် မဟုတ်ပေ။

“ထားလိုက်တော့ ထားလိုက်တော့ ခဏလောက် ဆက်ပြီး သည်းခံလိုက်ဦး မီးမွှေးလို့ရမဲ နည်းလမ်းကို မစဉ်းစားခင် နည်းနည်း ခြောက်သွေ့တဲ့ နေရာ တစ်ခုကို အရင်ရှာတွေ့ဖို့လိုတယ် “

မြွေအား ဒီအတိုင်း လွှင့်ပစ်ရမည်အား နှမြောရင်း မြွေသေအား ကိုင်ထားလျှက် ဗလုံးဗထွေးဖြင့် တီးတိုး ပြောဆိုလိုက်သည်။ ထို့ကြောင့် သူမသည် အသားအား သန့်စင်ရန် ပြင်ဆင်ထားလိုက်သည်။

သူမသည် ဦးခေါင်းအား အရင် ဖြတ်လိုက်ကာ သည်းခြေအား မထုတ်ခင် အရေခွံခွာလိုက်သည်။ သူမသည် ဘာမှန်းမသိတော့သော အသားတုံးအား သစ်ပင်ပေါ်တွင် တန်းလန်း ချိတ်ဆွဲထားလိုက်ကာ သူမ၏ သွေးပေနေသော လက်များအား မြက်ပင်များဖြင့် သုတ်လိုက်သည်။ သူမသည် အနံ့ပြင်းသော အပင်တစ်ချို့ဖြင့် သူမ လက်မှ သွေးနံ့များ ပျောက်သွားအောင် ပွတ်တိုက်လိုက်ပြီးနောက် သူမ၏ ရှာဖွေမှုများအား ဆက်လုပ်တော့သည်။

ဒီလိုနဲ့ပဲ နေ့တစ်နေ့တွင် တောထဲ၌ စုတ်ပြတ်နေသာ အဝတ်အစားများနအား ဝတ်ဆင်ထားသော သူတောင်းစားငယ်လေး တစ်ယောက်သည် အန္တရာယ်များလှသော ထောင်ခြောက်ကိုးသွယ် တောအုပ်အတွင်းတွင် တစ်ယောက်တည်း လျှောက်သွားနေသည်အား မြင်နိုင်ပေလိမ့်မည် ဖြစ်သည်။ သူမသည် အရခွံနွှာထားသော မြွေအသေ တစ်ကောင်အား သစ်ကိုင်းတွင် ချိတ်ဆွဲလျှက် ထို သစ်ကိုင်းအား ပုခုံးပေါ်တင်ကာ ခုန်ဆွ ခုန်ဆွဖြင့် တစ်ယောက်ထဲ လျှောက်သွားနေခဲ့သည်။

တစ်နေ့တာလုံး သူမ၏ ခန္ဓာကိုယ်မှ အဆိပ်များအား ဖယ်ရှားရန် အတွက် သူမသည် ဆေးပင်များအား ရှာဖွေရင်း လှည့်လှည်သွားလာ နေခဲ့သည်။ သူမသည် မသိလိုက်ခင်မှာပဲ တောစွန်နားမှနေ၍ တောအတွင်းနက်နက်သို့ လျှောက်လာမိခဲ့ကာ နောက်ဆုံးတွင် သူမသည် လိုအပ်သော ဆေးပင်များအား မမှောင်ခင်မှာပင် အားလုံး ရှာဖွေတွေ့ရှိခဲ့သည်။

အလင်းရောင် နည်းနည်း ကျန်နေသေးသည်အား အခွင့်ကောင်းယူကာ သူမသည် သစ်ကိုင်းခြောက် တစ်ခုအား ရှာဖွေကာ ရှေးကျသော မီးမွှေးနည်းဖြင့် မီးမွှေးလိုက်သည်။ သို့သော် ပတ်ဝန်းကျင်မှ စိုထိုင်းနေသောကြောင့် မီးမွှေးလို့ မအောင်မြင်ခဲ့ပဲ မီးရရှိနိုင်ရန် နှစ်နာရီနီးပါး ကြာမြင့်အောင် မမောမပန်းနိုင် မီးမွှေးခဲ့ရသည်။ သူမ၏ ကြိုးပမ်းမှု ရလဒ်ကြောင့် လက်များတွင် ဆိုးဆိုးရွားရွား အရည်ကြည်ဖုများ ပေါ်လာခဲ့သော်လည်း မြွေသားကင်ကို သူမ၏ သွားများဖြင့် ကိုက်ချလိုက်ချိန်တွင် သူမ ပင်ပန်းထားသမျှ အရာအားလုံးသည် ထိုက်တန်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

အဆိပ်ဖြေရန် အတွက် လိုအပ်သော ဆေးပင်များ အားလုံးကိုလည်း ရှာတွေ့ခဲ့ကာ သူမ၏ အစာအိမ်အားလည်း ဖြည့်ပြီးသွားသောကြောင့် သူမ နေ့လည်တွင် ရှာတွေ့ထားခဲ့သော ဆေးပင်များအား ကြိတ်ချေလိုက်ကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လိမ်းကျံလိုက်သည်။ ထို့နောက် သူမသည် မီးငြိမ်းသတ်လိုက် တစ်ညတာ အေးအေးဆေးဆေး သက်တောင့်သက်သာ အနားယူနိုင်ရန် အတွက် သစ်ပင်အမြင့်ပေါ်သို့ တက်သွားလိုက်သည်။

ယခုလို နေရာမျိုးတွင် တစ်ယောက်တည်း ရှိနေသောကြောင့် သူမသည် မီးဆက်မွှေးထား၍ မဖြစ်နိုင်ပေ။ အကယ်၍ ထိုသို့ မငြိမ်းသတ်ခဲ့လျှင် သူမသည် တောရိုင်းသတ္တဝါများ၏ ပစ်မှတ် အလွယ်တကူ ဖြစ်သွားနိုင် သည့်အပြင် သူမသည်လည်း ထိုသတ္တဝါများဖြင့် ရင်ဆိုင်ရန် အတွက် ခွန်အားများ ပြည့်လျှံနေသည်လည်း မဟုတ်ပေ။ ထို့ကြောင့် သစ်ပင်မှ သစ်ကိုင်းများသည် အေးစက်နေသည့်အပြင် သူမား အနွေးဓာတ်ရစေရန် မီးမရှိသော်လည်း သူမသည် တွေဝေမှု မရှိပဲ သက်တောင့်သက်သာ ရှိခြင်းထက် ဘေးကင်းရေးကို ဦးစားပေး ရွေးချယ်ခဲ့သည်။

မျှော်လင်ထားသလိုပင် မှောင်လာသည်နှင့် တောအတွင်း၌ ဝံပုလွေအူသံများသည် ဆူညံကာ ပဲ့တင်ထပ်လျှက် သူမ၏ နားအတွင်းသို့ ရိုက်ခတ်လာခဲ့သည်။ ထိုအသံများသည် အမှောင်ထဲတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပျံလွင့်နေခဲ့ကာ လူများ၏ စိတ်အတွင်းသို့ ကြောက်ရွံစိတ်များ သွင်းသကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် ဖုန်းကျို့ အတွက်မူ ထို တောထဲမှ ကြောက်မက်ဖွယ် အူသံများသည် သူမအတွက် သားချော့တေး တစ်ပုဒ်ကဲ့သို့ မျက်လုံးများ မှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေခဲ့သည်။ သဘာဝအတိုင်း မလှမ်းမကန်းတွင် ရှိနေသော သစ်ပင်အမြင့်ကြီး တစ်ပင်မှ အရိပ်မည်းကြီး တစ်ခုသည်လည်း အလွန် အန္တရာယ်များလှသော တောထဲတွင် သူမ၏ လှုပ်ရှားမှုများအား ဂရုတစိုက် စောင့်ကြည့် လေ့လာနေသည်ကိုလည်း သူမ သတိမထားမိခဲ့ချေ။

All Chapters