Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) - စွမ်းရည်ထုတ်ပြခြင်း

"ဂါး "

သူမ၏ မေးခွန်းအား တုံ့ပြန်လိုက်သည်မှာ လင်းမိုဟန်၏ အသံမဟုတ်ချေ။ ရှေ့မျက်နှာစာဆီမှ ပထဝီ မြေပြင်တစ်ခွင် တုန်ဟီးသွားစေသည့် သားရဲကြီးများ၏ ဒေါသတကြီး ဟိန်းဟောက်သံကြီးသာ ဖြစ်ပေသည်။

ထိုအသံကြီး ဆိတ်သုဉ်းသွားသည်နှင့် တစ်ပြိုင်နက် သားရဲကောင်တို့သည် မြေပြင်အား ဆောင့်နင်းလျက် ၎င်းတို့ နှစ်ဦးရှိရာဆီသို့ အရှိန် အဟုန် ပြင်းစွာ ခုန်အုပ် ဝင်ရောက် လာကြလေတော့၏။ ထိုသားရဲကြီးများသည် ပါးစပ်များအား ဖြဲလျက် သွားရည်များ တများများ ယိုစီးကျနေခဲ့ကာ သွေးဆာနေသည့် ပုံစံများဖြင့် အစွယ်ကြီးများကို ဖြဲလျှက် ပြေးဝင်လာကြလေရာ မြင်တွေ့ရသူအဖို့ သည်းခြေခိုက်မတတ် တုန်လှုပ်ချောက်ခြားဖွယ်ရာ အတိပင် ဖြစ်ချေသည်။

"သစ်ပင်ပေါ်တက်တော့"

လင်းမိုဟန်သည် မျက်ဝန်းအစုံအား စူးရှစွာ ဝေ့ဝဲ ကြည့်ရှု လိုက်ပြီးနောက် လေးနက် တည်ကြည်သော အသံဖြင့် သတိပေး လိုက်လေသည်။

သစ်ပင်ထက်သို့ တက်ရောက်တိမ်းရှောင်ရန် ဟူသော ထိုသူ၏ သတိပေးသံအား ကြားသိလိုက်ရသော ခဏ၌ ဖုန်းကျို့၏ မျက်ဝန်းအစုံတွင် အပြုံးရိပ်တစ်ခု ယှက်သန်းသွားခဲ့လေ၏။ "ဒီဦးလးကြီးက သူတော်ကောင်းတစ်ဦး ပဲ" ဟူ၍ သူမ စိတ်အစဉ်၌ တွေးတောမိလိုက်လေသည်။

"ဦးလေးကြီး ရှင်လည်း ဂရုစိုက်နော်"

သူမသည် နှုတ်မှ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဘေးနားရှိ သစ်ပင်ကြီး တစ်ပင်ပေါ်သို့ မျောက် တစ်ကောင်အလား လျင်မြန်ပေါ့ပါးစွာ တွယ်တက်သွား လိုက်လေသည်။ ထို့နောက် သစ်ကိုင်းအား မှီတွယ်လျက် အောက်ခြေတွင် ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်ကို စီးမိုးကြည့်ရှုလိုက်၏။

အမှန်စင်စစ်အားဖြင့်သော် သူမသည် ဤလူကြီး၏ သိုင်း အစွမ်းသည် မည်မျှ နက်ရှိုင်းကြောင်းကို အကဲခတ်လို နေခြင်းသာ ဖြစ်ပေသည်။

သို့သော် သစ်ပင်ထက်သို့ ရောက်ရှိနေသော သူမ၏ မျက်ဝန်းထောင့်မှ တစ်စုံတစ်ခုကို ရိပ်ခနဲ မြင်တွေ့လိုက်ရချေသည်။ အနောက်ဘက်ရှိ သစ်ပင်ရိပ်များကြား၌ ပုန်းအောင်းနေသော လူငယ်တစ်ဦးသည် လက်တွင် လေးနှင့်မြားကို စွဲကိုင်လျက် အောက်ဘက်ရှိ လူကြီးအား လုပ်ကြံပစ်ခတ်ရန် ချိန်ရွယ်နေခြင်း ဖြစ်ပေသည်။ ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရသောခဏ၌ ဖုန်းကျို့၏ မျက်ဝန်းအစုံတွင် အေးစက်လှသော အငွေ့အသက်များ ဖြတ်သန်းသွားခဲ့လေ၏။

ထိုခဏ၌ပင် သူမ၏ စိတ်၌ အကြံဉာဏ်တစ်ခု လက်ခနဲ ပေါ်ပေါက်လာခဲ့သည်။ အောက်ခြေ၌ သားရဲကောင်တစ်ကောင်သည် သူမရှိရာ သစ်ပင်ကို ဝင်ဆောင့်ရန် ဟန်ပြင်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သစ်ကိုင်းကို ဖက်တွယ်ထားသည့် လက်များကို ဖြေလျှော့လိုက်ကာ သားရဲကောင် ဝင်ဆောင့်လိုက်သည့် အရှိန်နှင့်အတူ သစ်ပင်ထက်မှ လိမ့်ဆင်းပြုတ်ကျဟန် ဆောင်လိုက်လေသည်။

"အား"

သားရဲကောင် ဆယ်ကောင်ကျော်နှင့် ရင်ဆိုင် တိုက်ခိုက်နေရသည့် လင်းမိုဟန်သည် သူမ၏ အော်သံကြောင့် ဖြတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ သူ၏ မျက်နှာမှာ ချက်ချင်းပင် မည်းနက်သွားသည်။ 'ဒီကောင်မလေးကတော့ တကယ်ကို စိတ်မချရပါလား' ဟု တွေးလိုက်မိကာ လေပေါ်ပျံ၍ သူမကို လှမ်းဖမ်းရန် ပြင်လိုက်သော်လည်း သူမက သူ့အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်ကို မြင်လိုက်ရသည်။ ထိုအခါ သူသည် မျက်မှောင်အနည်းငယ် ကျုံ့သွားသော်လည်း ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားကာ သူ့ထံသို့ ပြေးဝင်လာသော သားရဲကောင်တစ်ကောင်အား ဓားဖြင့် ပိုင်းချလိုက်လေသည်။

ထိုအချိန်တွင် ဖုန်းကျို့သည် သစ်ပင်ပေါ်မှ ပြုတ်ကျ လာပြီးနောက် ချက်ချင်းပင် ထ၍ ပြေးလေတော့သည်။

"အမေရေ ကယ်ကြပါဦး"

သူမ၏ ခြေလှမ်းများနှင့် ကိုယ်ဖော့ပညာမှာ အလွန် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင် အနည်းငယ်မျှပင် မရှိသော်လည်း သားရဲကောင်များကြားထဲတွင် ဟိုပြေးဒီလွှား ရှောင်တိမ်းနေသည်မှာ တစ်ကောင်နှင့်မျှ ထိပ်တိုက် တိုးသည် ဟုမရှိပေ။ သူမသည် တစ်ပတ်ပြေးလိုက်ပြီးနောက် လင်းမိုဟန်၏ နောက်ကျောဘက်တွင် ဝင်ရောက်ပုန်းခိုခြင်း မပြုဘဲ သူမ လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်လှည့်ပြေးသွားလေသည်။